လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

ထာဝရချစ်ခွင့်

ပြန်မပြောချင်ဘူး 
            သံယောဇဉ်ကို စိတ်နာလို့ ..........  

ဒါပေမယ့်ဗျာ
အတိတ်ဆိုတာ 
အရိပ်လိုရှိနေတော့လည်း 
မတွေးပဲ မနေနိုင် 
အဆွေးထဲ ခွေယိုင်လဲကျတဲ့ 
ရက်တွေ တွက်ရေကာချိုး
လက်တွေသာ ကျိုးသွားတယ်
လွမ်းရက်ရှည်ဆဲ
ကျွမ်းလျက်နေမြဲပါ ...........

  ညည်းတွားတဲ့ တေးသံတွေ 
စည်းခြားတဲ့ ဘ၀ကို နှစ်သိမ့်လို့ 
ဒီဘ၀မှာ ဆုံခွင့်မရှိရင်နေပါ 
ထာဝရချစ်နေခွင့်တော့ပြုပါ ........

*မသေခင် ဖြည့်ဆည်းရမည့် ဘ၀အရည်အသွေးများ*


မြတ်စွာဘုရားရှင်က “မသေခင် သုတ္တန်” လို့ အဓိပ္ပါယ်ရတဲ့ “ပုရောဘေဒ သုတ္တန်” မှာ မသေခင် ဖြည့်ဆည်းရမယ့် ဘ၀ အရည်အသွေး တွေကို တစ်စုတစ်ဝေးတည်း ဟောကြားထား ပါတယ်။ မြင့်မြတ်တဲ့ လူသားတိုင်းနဲ့ မြင့်မြတ်လိုတဲ့ လူသားတိုင်း မဖြည့်မဖြစ် ဖြည့်ဆည်းရမယ့် စိတ်ဓါတ် အရည်အသွေး၊ ဘ၀ အရည်အသွေးတွေ ဖြစ်လို့ အကျဉ်းဆုံး ချုပ်ပြီး ပြောပြချင်ပါတယ်။

မသေခင်မှာ တဏှာကင်းအောင် ကြိုးစားရပါမယ်။ လုံးဝ မကင်းတောင် နည်းနိုင်သမျှ နည်းရပါမယ်။ အစွန်းထွက်တဲ့ တဏှာမျိုး၊ လွန်ကဲ ဖောက်ပြန်တဲ့ တဏှာမျိုး လုံးဝမဖြစ်အောင် သတိနဲ့ ထိန်းသိမ်းနိုင်ရပါမယ်။

ပြီးဆုံးခဲ့တဲ့ အတိတ်အကြောင်း၊ ဖြစ်မလာသေးတဲ့ အနာဂတ် အကြောင်းတွေကို မလိုအပ်ဘဲ တွေးတောနေပြီး စိတ်ပင်ပန်း မနေသင့်ပါဘူး။ မသေခင် ကိုယ်တကယ်ပိုင်တဲ့ ပစ္စုပ္ပန် တစ်ခဏလေးမှာပဲ စိတ်ကို တည့်တည့် ချထားပြီး လုပ်သင့် လုပ်ထိုက်တာကို အကောင်းဆုံး ဖြစ်အောင် လုပ်ရပါမယ်။

ဘ၀ကောင်းကြောင်းတရားလေးပါး


 လူသားတွေဟာ တစ်ဖြည်းဖြည်း အိုခြင်းတရားဆီသို့ ဦးတည်သွား နေကြပါတယ်။ အိုတဲ့ဒုက္ခ၊ နာတဲ့ဒုက္ခ၊ သေတဲ့ဒုက္ခ၊ ဤ ဒုက္ခ သုံးပါး ကို ဘယ်သူမှ ရှောင်လွှဲလို့ မရနိုင်ပါဘူး။အိုတဲ့အခါ မျက်စိတွေမှုန် နားတွေလေး၊ အထိုင်အထခက်၊ အရေပြားတွေလည်းတွန့်၊အသား အရိုး အကြော၊ စတဲ့ ရုပ် ပိုင်းဆိုင်ရာ ၀တ္တုတွေ အကုန်ဆွေးမြေ့ ကုန်ကြပါတယ်။ ကံတရားဟာ နှစ်တစ်ရာခံအောင် ထောက်ပံ့မူ မပေးနိုင်ပါဘူး။ ဒါကြောင့် မိမိတို့ရဲ့ ရုပ်ခန္ဓာကိုယ်ကို မည်မျှ ကြံ့ခိုင်အောင် ၊ မိမိတို့ရဲ့ မည်သို့သော ကံမျိုးက အထောက် အပံ့ ပေးထားသလဲ ဆိုတာကို နေ့တိုင်း စိစစ်ဖို့လိုပါတယ်။
မိမိက အတိတ်ကံ အားနည်းတယ်လို. ထင်လျှင် ပစ္စုပ္ပန် ကံကောင်းအောင် များများလုပ် ရမှာ ဖြစ်ပါတယ်။ ကံတွေက မည်မျှပင် ကောင်းနေ စေကာမူ တစ်ခါတစ်လေ စိတ်ဓာတ်တွေ သိပ်ကျဆင်း နေလျှင်လည်း အိုမင်းလွယ်ပါတယ်။ ကံတွေ၊ စိတ်တွေ၊ သိပ်ကောင်း နေပေမယ့်လည်း အတွင်းက ဥတု ၊အပြင်က ဥတု၊ မညီညွတ် ရင်လည်း အိုမင်းလွယ်ပါတယ်။ ဥတု လည်းကောင်းတယ် ၊ကံလည်း ကောင်းတယ်၊ စိတ်ဓာတ် လည်းပဲ ရွှင်ရွှင်ပြပြတက်တက်ကြွကြွ အမြဲတမ်း ရှိပေမယ့် အဟာရဓတ် ညံ့ဖျင်းရင်လည်းပဲ အိုလွယ်ပါတယ်။ နာလွယ်ပါတယ် ။ သေလွယ်ပါတယ်။ဒါကြောင့် ကံ၊ စိတ်၊ ဥတု၊ အဟာရ ဓာတ်လေးပါး မညီညွတ်ပါက အိုလွယ်၊ နာလွယ်၊ သေလွယ် ပါတယ်။ ခန္ဓာရဲ့ အထောက် အပံ့ ဖြစ်တဲ့ ကံ၊ စိတ်၊ ဥတု၊ အဟာရ ထိုလေးပါး ညီညွတ်မျှတ နေမှသာ အသက်ရှည်ဘို့ အကြောင်းပင် ဖြစ်ပါတယ်။

လောကဓံကို အံတုခြင်း

တစ်ခါတစ်လေ
လူ့ ဘဝမှာ
မာယာတွေ
များသမို့ 
ငါ့...ရိုးသားမှုတွေ
အရေပျော် ချင်ချင်....

တစ်ခါတစ်လေ
လူ့ ဘဝမှာ
ပျော်စရာတွေ
များသမို့ 
ငါ့...ကြိုးစားချင်းတွေ
အရေပျော် ချင်ချင်...

တစ်ခါတစ်လေ
လူ့ ဘဝမှာ
နာစရာတွေ
များသမို့ 
ငါ့...သည်းခံခြင်းတွေ
အရေပျော် ချင်ချင်...

တစ်ခါတစ်လေ လည်း
မာယာတွေ ဝေ
ပျော်စရာတွေ ထွေ လို့ 
နာစရာတွေ များပေမယ့်လည်း
လောကဓံကို လှောင်ကာပြုံးလို့ 
ဟားတိုက်လိုက်ချင်ရဲ့ 
သနားလိုက်တာပေါ့ကွယ်.....

ချစ်သူ သို့တမ်းချင်း


ရင်ခုန်သံမပါပဲနဲ့တော. ငါမလွမ်းဘူး

လောင်းရဲတယ် ငါ့ဘ၀ကင်းဘတ်ပေါ်မှာ

စုတ်ချက်တွေ ကြမ်းတမ်းပေမယ့်

ငါဆွဲခဲ့သမျှ မင်းပုံတွေ ချည်းပဲ။



ငါ့ဦးနှောက်ကို သွန်ချကြည့်လိုက်ပါ

ဂီတ ကဗျာ အကြွေတစ်ချို့ကလွဲလို့

ကျန်တာ မင်းအကြောင်းစာမျက်နှာတွေပဲ

ငါနွမ်းပါးပေမယ့် အချစ်တစ်ခုတော. ခမ်းနားတယ်။



တယောတစ်လက်က ဘိုးတံကိုမျှော်နေသလိုမျိုး

အလွမ်းသံစဉ်တွေပဲ

ထွက်ပေါ်လာမှာ သိရက်နဲ့

ငါမင်းကိုမျှော်နေမိတယ်။



လွမ်းတယ် ချစ်သူရယ်

လွမ်းလို့လွမ်းတယ်ပြောဖို့လောက်တော.

ကိုယ်သတ္တိရှိပါတယ်။



မနေ့ကလည်းအလွမ်း

ဒီနေ့လည်း အလွမ်း

ဖန်တရာထေနေတဲ့ အလွမ်းတွေနဲ့

အိမ်မပြန်ချင်သေးဘူး။



အသည်းခွဲတဲ့လူနဲ့ အသည်းကွဲတဲ့လူ

အသည်းကွဲတဲ့ကိုယ်က မင်းကို

အသည်းခွဲတဲ့လူလို့ ခေါင်းစဉ်မတက်ရက်မှတော.



ချစ်သူရေ.....

အလွမ်းတွေသာခွေထား

ကိုယ်ကြိုးစင်တက်မယ်......

စိတ်ဆိုးဖို့အတွက်ပန်းအိုးစိုက် ခဲ့တာမဟုတ်ဘူးတဲ့..


စိတ်ဆိုးဖို့အတွက်ပန်းအိုးစိုက်ခဲ့တာမဟုတ်ဘူးတဲ့
ရှေ့ရက်က အိမ်ပြန်တဲ့ဘတ်စ်ကား ဂိတ်ခဏထိုးရပ်တာနဲ့
ခရီးသည်တွေတပြုံကြီးတိုးတက်လာခဲ
့တယ်။

ကျွန်မဘေးမှာလာရပ်တဲ့ ရုံးဆင်းစစုံတွဲတစ်တွဲက ကျွန်မအကြည့်ကို ဖမ်းစားထားခဲ့တယ်။

လူများတာကြောင့် ကောင်လေးက သူ့လက်မောင်းနဲ့ ကောင်မလေးလက်ကို မကြာခဏချိတ်နေခဲ့တယ်။

ပြီးတော့ အသံတိုးလေးနဲ့ "ပင်ပန်းခဲ့ပြီလား? ခဏနေကျရင် ဘာစားချင်လဲ?" လို့
မေးနေခဲ့တယ်။

ကောင်လေးအပြောကို ကောင်မလေးက စိတ်မရှည်သလိုနဲ့ "စိတ်ရှုပ်လိုက်တာ...
ဘာစားမယ်ဆိုတာ အရင်ဆုံးဖြတ်မထားဘူးလား! ခင့်ကိုပဲ အမြဲမေးနေတော့တာပဲ"လို့
ပြန်ဖြေတယ်။

ကောင်လေးက အပြစ်ရှိသူတစ်ယောက်လို ခေါင်းလေးငုံ့ပြီး ကျွန်မစိတ်ထဲမှာ
အစဉ်မှတ်မိနေစေမယ့် စကားတစ်ခွန်းကို ပြောခဲ့တယ်။

"ခင်ကို အမြဲမေးရတာက ခင်ကြိုက်တာကို မောင်လိုက်စားမလို့ပါ။ ပြီးတော့
ခင်ကျေနပ်သွားတဲ့အပြုံးကို မောင်မြင်ချင်လို့၊ နောက်ပြီး အလုပ်မှာ
အဆင်မပြေခဲ့တာတွေ ခင်ခဏမေ့ထားနိုင်ဖို့ပါ။ အလုပ်ထဲထိ ခင်ကိုလိုက်ကူညီဖို့
မောင်မစွမ်းနိုင်ခဲ့လို့ မောင် အခုလို ပြောမိတာပါ"

ကောင်လေးစကားကိုကြားတော့ ကောင်မလေးက ရှက်ရွံ့ရွံ့နဲ့ "ဆောရီး..." လို့
ပြန်တောင်းပန်တယ်။

"ကိစ္စမရှိပါဘူး.. ခင်စိတ်ချမ်းသာရင် တော်ပါပြီ" ဆိုပြီး ကောင်လေးက
ကောင်မလေးနဖူးကို ငုံ့နမ်းလိုက်တယ်။

ကျွန်မဆင်းမယ့် ကားဂိတ်ရောက်တော့ ကားပေါ်ကမဆင်းခင် သူတို့နှစ်ယောက်ကို
ကျွန်မပြန်လှည့်ကြည့်မိတယ်။

ကောင်လေးက သူချစ်တဲ့ကောင်မလေးကို ကာကွယ်စောင့်ရှောက်ထားတုန်းပဲ။

ဒီလိုမြင်ကွင်းသာ မတွေ့ခဲ့မိရင်၊ ဒီလိုစကားသာ မကြားခဲ့မိရင် ကျွန်မလည်း
ဒီနေ့အလုပ်မှာကြုံခဲ့တဲ့ရတဲ့ စိတ်ရှုပ်စရာတွေနဲ့ အိမ်ပြန်ရောက်ရင်
ကိုယ်ချစ်တဲ့သူကို မျက်နှာရှစ်ခေါက်ချိုးနဲ့ စူပုပ်ပြတော့မယ်။

ကိုယ့်ခံစားချက်ကိုသာသိပြီး ကိုယ်အလိုမကျတဲ့မျက်နှာကို ဘုမသိဘမသိ
ရင်ဆိုင်ရမယ့် တစ်ဘက်သားရဲ့ခံစားချက်ကို ကျွန်မလျစ်လျူရှူမိတော့မယ်။

ပြီးတော့ မရည်ရွယ်ဘဲ ကိုယ်နဲ့အရင်းနှီးလူကို စိတ်ထိခိုက်စေတော့မယ်။

ဒါကြောင့် အိမ်ထဲမဝင်ခင် "ဘတ်စ်ကားပေါ်က ကောင်မလေးလို
ကိုယ့်စိတ်ရှုပ်စရာတာတွေကို တစ်ဘက်သားအပေါ် စုပုံချရက်သလား?"လို့
ကျွန်မကိုယ်ကျွန်မ မေးမိတယ်။

အလုပ်မှာ အဆင်မပြေခဲ့တာတွေ၊ တစ်ခြားလူနဲ့ မကျေနပ်ခဲ့တာတွေကို
ကိုယ်ချစ်တဲ့သူတွေအပေါ် ပုံချပြီး ကျွန်မတို့ရဲ့ဆက်ဆံရေးကို
မဆိုးဝါးစေချင်ခဲ့ပါဘူး။

ဒီလို ကိုယ့်ခံစားချက်ကို ကိုယ်ဖမ်းချုပ်မထားနိုင်ချိန်မှ
ဒီလိုအမေးမျိုးကို ကျွန်မတို့ သတိရသင့်တယ်။

ဒါဟာလည်း စိတ်ရှုပ်စရာအခြေအနေမှာ အပြုံးတစ်ခုတိုးစေတဲ့ နည်းဖြစ်တယ်။

တစ်ခါက သစ်ခွပန်းတွေကို အရမ်းနှစ်သက်တဲ့ ဘုန်းကြီးတစ်ပါးရှိတယ်။

ဘုန်းကြီးဟာ ဘုရားတရားအားထုတ်ပြီး ပိုနေတဲ့အချိန်တွေကို ပန်းစိုက်တာနဲ့ပဲ
ကုန်လွန်စေခဲ့တယ်။

တစ်နေ့မှာ ဘုန်းကြီးက တစ်ခြားနေရပ်တစ်ခုကို သွားဖို့အကြောင်းပေါ်တယ်။

မသွားခင် ပန်းတွေကို သေချာစောင့်ရှောက်ဖို့ ကိုရင်တွေကို မှာခဲ့တယ်။

ကိုရင်တွေကလည်း ပန်းကိုသေချာစောင့်ရှောက်ခဲ့ပါတယ်။

ဒါပေမယ့်တစ်ရက်မှာ ကိုရင်တွေက ပန်းရေလောင်းရင်း သစ်ခွစင်ကို
မတော်တဆတိုက်မိခဲ့ကြတယ်။

သစ်ခွစင်ပြိုပြီး သစ်ခွအိုးတွေ ကွဲကြေခဲ့တယ်။

ဘုန်းကြီးနှစ်သက်တဲ့ သစ်ခွပန်းတွေ ကျိုးကြေခဲ့ရလို့ ကိုရင်တွေက
အရမ်းထိတ်လန့်ခဲ့တယ်။

ဘုန်းကြီးပြန်လာချိန် တောင်းပန်ပြီး အပြစ်ခံယူဖို့ သူတို့ဆုံးဖြတ်လိုက်ကြတယ်။

ဘုန်းကြီးပြန်ရောက်တဲ့အခါ ကိုရင်တွေက အကျိုးအကြောင်းပြောပြတယ်။

ဘုန်းကြီးက စိတ်မဆိုးတဲ့အပြင် "ဘုန်းဘုန်း သစ်ခွပန်းစိုက်တာက
ဘုရားကိုလှူဖို့ နောက်ပြီး  ဘုန်းကြီးကျောင်းဝန်းကျင်စိမ်းစိမ်းစိုစိုနဲ့
လှပဖို့ဖြစ်တယ်။

စိတ်ဆိုးဖို့ သစ်ခွစိုက်ခဲ့တာမဟုတ်ဘူး"  လို့ ဆိုတယ်။

ဘုန်းကြီးပြောတာအဓိပ္ပါယ်ရှိပါတယ်။

စိတ်ဆိုး၊ ဒေါသထွက်ဖို့ သစ်ခွပန်းစိုက်ခဲ့တာ မဟုတ်ပါဘူး။

ဘုန်းကြီးက သစ်ခွပန်းကြိုက်တယ်ဆိုတာ မှန်ပေမယ့် သူ့စိတ်ထဲမှာ
သစ်ခွဆိုတဲ့အစွဲကိုမထားဘူး။

ဒါကြောင့် သစ်ခွရှိတာနဲ့ သစ်ခွဆုံးရှုံးတာက သူစိတ်ကို ပျော်အောင်၊
ဒေါသထွက်အောင် မသက်ရောက်စေနိုင်ခဲ့ဘူး။

နေ့စဉ်လူ့ဘဝမှာ ကျွန်မတို့ရဲ့ လိုအင်တွေကများခဲ့တယ်။

ရယူတာနဲ့ ဆုံးရှုံးတာကို ကျွန်မတို့အရမ်း ဂရုစိုက်ခဲ့ကြတယ်။

ဒါကြောင့် ကျွန်မတို့ရဲ့ခံစားချက်က နိမ့်လိုက်မြင့်လိုက်နဲ့ ကျွန်မတို့
မပျော်ရွှင်ခဲ့ကြဘူး။

"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ တွေ့ဆုံခဲ့ကြတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ အလုပ်လုပ်နေတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ စာသင်နေတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ သူငယ်ချင်း မိတ်ဆွေထားတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ လင်နဲ့မယားအဖြစ် ကျွန်မတို့ ပေါင်းသင်းခဲ့တာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ ကလေးမွေးခဲ့ကြတာမဟုတ်ဘူး"

စိတ်တို၊ ဒေါသထွက်ချိန်မှာ ကျွန်မတို့ဒီလို တွေးတောနိုင်ခဲ့ကြရင်
ကျွန်မတို့ရဲ့စိတ်ညစ်စရာ ခံစားချက်တွေကို ကျွန်မတို့ တနည်းနည်းနဲ့
ဖြေသိမ့်နိုင်လိမ့်မယ်လို့ ......

စိတ်ပျက်ချိန်မှာ ပြုံးလိုက်ပါ

ဘ၀မှာ စိတ်ပျက်ကြေကွဲချိန်မှာပြုံးပါ

လောကကြီးထဲမှာ ဖြစ်ပျက်နေသမျှကိစ္စအားလုံးက တစ်ခုကိုရရင် အခြားတစ်ခုကို
ဆုံးရှုံးရတာချည်းပဲ။ အချစ်က လူကိုပျော်ရွှင်မှုတွေပေးသလို ဝမ်းနည်းကြေကွဲမှုကိုလည်း
ပေးတယ်။ စည်းစိမ်ချမ်းသာခြင်းက လူကိုပျော်ရွှင်စေသလို စိတ်မချမ်းမြေ့မှုတွေကိုလည်း
ပေးတယ်။ အောင်မြင်ခြင်းက လူကိုဝမ်းသာဂုဏ်ယူစေသလို ရှုံးနိမ့်ခြင်းက
လူကိုဝမ်းနည်းစေတယ်။

မျှော်လင့်ထားတဲ့ အရာတစ်ခုခုကို ပိုင်ဆိုင်ရတာဟာ ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။ အလားတူ
ဆုံးရှုံးသွားခဲ့ရင် ပျော်ရွှင်ခဲ့တ့အဆအတိုင်း ပြန်ခံစားရလိမ့်မယ်။ ဥပမာ- ရယူပိုင်ဆိုင်တုန်းကဲ၈မှတ် ပျော်ရွှင်ခဲ့ရင် ဆုံးရှုံးသွားတဲ့အချိန်မှာလည်း ၈မှတ် ဝမ်းနည်းကြေကွဲလိမ့်မယ်။

နောက်ဆုံးရတဲ့ကိန်းက အတူတူပြဲ ဖစ်တယ်။
လူတချို့က ပစ္စည်းဥစ္စာကို ရယူပိုင်ဆိုင်နိုင်ခဲ့ပေမယ့် ကျန်းမာရေး၊ မိသားစု သို့မဟုတ်
အချစ်ရေးမှာ ဆုံးရှုံးသွားကြတယ်။ လူတချို့က စီးပွါးရေး၊ အောင်မြင်ရေးမှာ
၃မှတ်လျော့ခဲ့ပေမယ့် လူမှုရေး၊ ကျန်းမာရေးနဲ့ ကိုယ်ပိုင်လွတ်လပ်မှုမှာ ၃မှတ်တိုးလာခဲ့တယ်။
တချို့အရာတွေက မတရားဘူးလို့ထင်ရပေမယ့် သေချာချင့်ချိန်ကြည့်ရင်
တရားတာတွေချည်းပါပဲ။

တချို့က ငွေရှိရင် ပိုပျော်ရွှင်ရတယ်လို့ ထင်ကြတယ်။
ဆင်းရဲသားတစ်ဦးက ငွေရာကျော်လေးနဲ့ ပျော်ရွှင်မှုကိုရနိုင်တယ်။ အဲဒီဆင်းရဲသား
သူဌေးဖြစ်ပြီးနောက် တူညီတဲ့ပျော်ရွှင်မှုကို ငွေထောင်သောင်းသုံးမှ ဒါမှမဟုတ်ဲသိန်းရာကျော်သုံးမှ သူရနိုင်တော့မယ်။ အရသာပြင်းပြင်းကြိုက်လေ
အဲဒီပစ္စည်းတွေရဲ့အရသာက ညံ့လေလေဖြစ်တယ်။ ငွေကြေးများလေလေ
အဲဒီငွေတွေရဲ့တန်ဖိုးက သေးလေလေဖြစ်တယ်။ ဗိုက်အရမ်းဆာချိန်မှာ ပေါက်စီတစ်လုံးရဲ့
အရသာက အရမ်းချိုမြိန်ပါတယ်။ ဒါပေမယ့် ပေါက်စီငါးလုံးစားပြီးနောက် ပေါက်စီရဲ့
ချိုမြိန်တ့အရသာကို သင်ခံစားမိတော့မှာ မဟုတ်ဘူး။ဲ
ငွေများလေ သူခိုးဓါးပြရန်ကိုကြောက်လေ၊ အိမ်ကြီးလေ ထိန်းသိမ်းလှဲကျင်းရမှာကြောက်လေ၊
များများစားတဲ့လူက ဝမှာကြောက်တယ်။ ကောင်းကောင်းစားရတဲ့လူက
သေမှာကြောက်တယ်။ ဒါကြောင့် အခုခေတ် ချမ်းသာတဲ့လူတွေက ဟင်းသီးဟင်းရွက်၊
သစ်သီးဝလံတွေ စားကြတယ်။ ပဲ၊ ပြောင်း၊ ဂျုံတွေကို အဓိကထားစားကြတယ်။
အဲဒီအစားအစာတွေ အားလုံးက ဆင်းရဲတုန်းက စားခဲ့တဲ့အစာ ဒါမှမဟုတ် တိရစ္ဆာန်တွေကို
ကျွေးတဲ့အစာတွေ မဟုတ်ပါလား?

အားလုံးသိပြီဖြစ်တဲ့ ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။

မြေခွေးတစ်ကောင်ဟာ ခြံစည်းရိုးထဲက စပျစ်သီးကိုတွေ့တော့ အရမ်းစားချင်ခဲ့တယ်။
အပင်ထက်က စပျစ်သီးတွေရဲ့ ဆွဲဆောင်မှုကြောင့် မြေခွေးဟာ ခြံထဲဝင်ဖို့
ဝင်ပေါက်ကိုလိုက်ရှာခဲ့တယ်။ နောက်ဆုံး စည်းရိုးနားက ဝင်ပေါက်တစ်ခုကို သူတွေ့ခဲ့တယ်။
ဝင်ပေါက်ကသေးနေလို့ သူ့ခန္ဓာကိုယ်နဲ့ ဝင်မရခဲ့ဘူး။ ဒါနဲ့ မြေခွေးက
ဝင်ပေါက်သေးသေးလေးထဲ ဝင်ရဖို့ သူ့ခန္ဓာကိုယ် သေးငယ်သွားအောင်
စည်းရိုးအပြင်မှာ(၆)ရက်ကြာ အဆာငတ်ခံခဲ့တယ်။ နောက်ဆုံး မြေခွေးဟာ ခြံထဲဝင်နိုင်ခဲ့ပြီး
စပျစ်သီးတွေကို အားရပါးရ စားသုံးခဲ့တယ်။ စားပြီးမှ ပြည့်တင်းနေတဲ့ခန္ဓာနဲ့ ခြံအပြင်ထွက်ဖို့
မရမှန်းသိတော့ မြေခွေးဟာ (၆)ရက်ကြာ အဆာငတ်ခံပြန်တယ်။
ဒါကြောင့် နောက်ဆုံးရကိန်းက အတူတူပဲလို့ ပြောရခြင်းဖြစ်တယ်။

ချောင်းအထက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်တစ်ကောင်နဲ့ ချောင်းအောက်ပိုင်းမှာ
နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်က ဘာမှမခြားနားဘူး။ ရှဥ့်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ
ရေဘယ်လောက်ဆန့်မလဲ? ရေပိုသောက်တဲ့သူက ဗိုက်ကားပြီး သေရုံကလွဲလို့
ဘာဖြစ်နိုင်ဦးမလဲ?

လောကကြီးတစ်ခုလုံးကို ကိုယ်ပိုင်ဆိုင်ထားတယ်ဆိုရင်တောင် ကိုယ့်အတွက်က
တစ်နေ့ထမင်းသုံးနပ်နဲ့ ညအိပ်ရင် ကုတင်တစ်လုံးပါပဲ။ ကုတင်အလုံးတစ်ရာ
ပိုင်တယ်ဆိုရင်တောင် ညအိပ်ရင် ကုတင်တစ်လုံးပဲ သင်အိပ်နိုင်မယ်။ ဖိနပ်အရံတစ်ထောင်
ပိုင်ထားတယ်ဆိုရင်တောင် တစ်ကြိမ်မှာ ဖိနပ်တစ်ရံပဲ သင်စီးလို့ရမယ်။ ဟင်းအပွဲရာကျော်ကို
သင်မှာနိုင်တယ်ဆိုရင်တောင် သင်ဘယ်လောက်စားနိုင်မလဲ? အလွန်ဆုံး အစာအိမ်တစ်ခုပဲ
သင်ထည့်နိုင်မှာ မဟုတ်လား?

လူရယ်လို့ဖြစ်လာရင် လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။ လူ့လောကထဲ
ရောက်လာသူတွေအားလုံးမှာ ဥစ္စာ၊ ရာထူးတွေသာ အနိမ့်အမြင့်ဆိုပြီး
အဆင့်အတန်းခွဲထားကြမယ်။ ကျန်းမာရေးနဲ့ ပျော်ရွှင်ခြင်းကိုတော့ အနိမ့်အမြင့်ခွဲခြားလို့ရမှာမဟုတ်ဘူး။ ငွေရှိတဲ့လူရဲ့ ပျော်ရွှင်ခြင်းက ပိုရှုပ်ထွေးမယ်။ ဆင်းရဲတဲ့လူရဲ့ ပျော်ရွှင်ခြင်းက
ပိုရိုးရှင်းမယ်။ ဒီလောက်လေးပဲ ကွာခြားပါတယ်။ တစ်ပြိုင်တည်းမှာ ယောက်ျား ဒါမှမဟုတ်
မိန်းမ သုံးလေးယောက်ပိုင်ဆိုင်သူက တစ်ယောက်တည်းပိုင်ဆိုင်သူလောက် ရိုးရှင်းပျော်ရွှင်မှာ
မဟုတ်ပါဘူး။

သင်ပျော်ရွှင်ချိန်မှာ ဝမ်းနည်းခြင်းက တစ်နေရာမှာ ချောင်းမြောင်းနေလိမ့်မယ်။
ဝမ်းနည်းကြေကွဲခြင်းရဲ့နောက်မှာ ပျော်ရွှင်ခြင်းက ထပ်ကြပ်မခွါလိုက်လို့နေတယ်။
နောက်ဆုံးမှာ အရာရာတိုင်းက သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဒွန်တွဲနေတယ်ဆိုတာကို

သင်သတိပြုမိလိမ့်မယ်။ ပျော်ရွှင်တာ ဝမ်းနည်းတာ၊ ပိုင်ဆိုင်တာ ဆုံးရှုံးတာ၊ ကောင်းတာ
ဆိုးတာ၊ တိုးတာ လျှော့တာ နောက်ဆုံးရတဲ့ကိန်းက တူညီနေပါလိမ့်မယ်။
တချို့လူက အချိန်စောပြီး ရယူပိုင်ဆိုင်ရတယ်။ တချို့ကနောက်ကျမှ ရယူပိုင်ဆိုင်တယ်။
တချို့က အချိန်စောပြီး လက်လွှတ်ဆုံးရှုံးရတယ်။ တချို့က နောက်ကျမှ ဆုံးရှုံးတယ်။
ဒါပေမယ့် နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။ ရယူပိုင်ဆိုင်တုန်းက
ပျော်ရွှင်ခဲ့တဲ့ပျော်ရွှင်ခြင်းလောက် ဆုံးရှုံးချိန်မှာ ဝမ်းနည်းရမှာဖြစ်တယ်။ နောက်ဆုံး
သေဆုံးချိန်မှာ လူတိုင်း၊ အရာတိုင်းက တူညီသွားပါတယ်။ သေဆုံးခြင်းက အရာအားလုံးကို
တရားမျှမျှ ဆောင်ရွက်ပေးခဲ့ပါတယ်။ သေဆုံးခြင်းမှာ ဆင်းရဲ ချမ်းသာ ခွဲမထားပါဘူး။

ချမ်းသာတဲ့လူက သက်တောင့်သက်သာသေရပြီး ဆင်းရဲသူက နာကျင်ခံစားပြီး
သေမှာမဟုတ်ပါဘူး။

လူတချို့က (၁ဝ)မှတ်အပြည့်ရတယ်။ သူသေဆုံးထွက်ခွါချိန်မှာ (၁ဝ)မှတ်အပြည့်
ဆုံးရှုံးရမှာဖြစ်တယ်။ ဒါဟာ လုံးဝတရားပါတယ်။

လူတချို့က (၃)မှတ်ရတယ်။ တချို့က (၇)မှတ်ရတယ်။
(၃)မှတ်ရသူက (၃)မှတ်သောဥစ္စာကိုရပြီး (၇)မှတ်သောကျန်းမာပျော်ရွှင်မှုကိုရမယ်။
(၇)မှတ်ရသူက (၇)မှတ်သောဥစ္စာကိုရပြီး (၃)မှတ်သောကျန်းမာပျော်ရွှင်မှုကိုရမယ်။
တချို့က အရင်ရတယ်။ တချို့က နောက်ကျမှရတယ်။ တချို့က လုံးဝမရဘူး။

အရင်ရသူက အရင်ဆုံးရှုံးမယ်။ နောက်ကျရသူက နောက်မှဆုံးရှုံးမယ်။ လုံးဝမရသူက
ဆုံးရှုံးတော့မှာမဟုတ်ဘူး။ ဒါကြောင့် လူရယ်လို့ဖြစ်လာရင် ဘာအငြိုးအတေးမှ မထားနဲ့။
သူမှန်တယ်၊ ငါမှားတယ်၊ သူညံ့တယ်၊ ငါတော်တယ်နဲ့ တွယ်ကပ်တွက်ချက်မနေပါနဲ့။
လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။


အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
သူမိုက်ကို မမှီဝဲ မဆည်းကပ်ခြင်း ၊
ပညာရှိသူကိုမှီဝဲဆည်းကပ်ခြင်း ၊
ပူဇော်ထိုက်သူကို ပူဇော်ခြင်း ၊
ဤတရား သုံးပါးကမြတ်သောမင်္ဂလာပါ...........

အလွမ်းတွေနဲ့နေတတ်ခဲ့ပြီ.....

အလွမ်းအဆွေးတွေကြောင့်....
ကျွမ်းခဲ့ရငါ့အသည်းတွေ....
မကုန်ခမ်းနိုင်တဲ့မျက်ရည်တွေက...
မရွှင်သာ.နွမ်းလျနေတဲ့...
ငါ့..မျက်နှာပေါ်မှ....
..ရေပူစမ်းပမာ....
တသွင်သွင်စီးဆင်းလို့...
...ရင်တွင်းဝေဒနာ....
အသည်းဒဏ်ရာတွေက...
အချစ်ကိုလွမ်းစေခဲ့သလား....
..နွမ်းကြေနေတဲ့ငါ့အသည်းဟာလည်း....
ပန်းခရေတွေလိုပါပဲ....
လေအသင့်ကြွေလွင့်ကာ....
မြေပေါ်မှာခရတဲ့အဖြစ်ပါချစ်သူ....
ဝေဒနာအမြစ်တွယ်နေတဲ့ငါ....
ရင်နာစရာအလွမ်းတွေနဲ့....
.....အခုတော့....
နေတတ်ခဲ့ပြီချစ်သူရယ်......

အောင်မြင်ခြင်း(၃၃)ချက်


၁။ နေ့စဉ်၁၀မိနစ်မှ၃၀မိနစ်အထိလမ်းေ
လျှာက်ပါ။လမ်းလျှောက်နေစဉ်အတွင်
းသင့်မျက်နှာကို
    
အတတ်နိုင်ဆုံးပြုံးထားပါ။
၂။ ဘယ်လောက်ပင်အလုပ်ရှုပ်နေပါစေရရင်ရသလောက်နေ့စဉ်()နာရီပြည့်အောင်
အိပ်ပါ။
၃။ E သုံးလုံးနှင့်အညီနေပါ။ (1) Energy (2) Enthusiasm(3)Empathy
၎။ Game တွေကစားပေးပါ။
၅။ မနေ့ကထက်ဒီနေ့မှာစာများများပို
ဖတ်ပါ။
၆။ တရားထိုင်ခြင်း၊ယောဂကျင့်ခြင်းစတာတွေအတွက်နေ့စဉ်အချိန်ပေးလုပ်
ဆောင်ပါ။
၇။ နိုးနေတာထက်အိပ်မက်(စိတ်ကူး)မျာ
းများမက်(ယဉ်)ပါ။
၈။ အသားများများစားတာထက်အသီးအရွက်
များများစားပါ။
၉။ရေများများသောက်ပါ။
၁၀။ တစ်နေ့မှာအနည်းဆုံးလူသုံးယောက်ကိုနှစ်နှစ်ခြိုက်ခြိုက်ဖြစ်အော
င်ပြုံးပြပါ။
၁၁။ အတင်းပြောခြင်းနဲ့အချိန်တွေမဖြု
န်းမိပါစေနှင့်။
၁၂။ အတိတ်ကအမှားတွေကိုအစပြန်မဖော်ပါနှင့်။လက်ရှိအနေအထားကစလို့ပျော်
အောင်နေပစ်ပါ။
၁၃။ သင်မလုပ်နိုင်ဘဲနှင့်အဆိုးဘက်ကမမြင်ပါနှင့်။အကောင်းဘက်မှသင်
ကိုယ်တိုင်ဝင်ခံစားပေးပါ။
၁၄။ မနက်မှာဘုရင်လိုစား၊နေ့လည်မှာမင်းသားလေးလိုစား၊ညမှာသူဖုန်းစာ
းလိုစားပါ။
၁၅။လုပ်ငန်းခွင်ထဲမှာများများ
ရယ်ပြီးများများပြုံးပါ။
၁၆။ ဘ၀ဟာတိုတောင်းပါတယ်။အမုန်းတရားတွေနဲ့အချိန်မဖြုန်းပါနဲ့။မုန်းေ
နတာတွေရှိရင်ဆန့်ကျင်
    
ဘက်လုပ်ကြည့်ပါ။
၁၇။ အလုပ်တွေလုပ်တဲ့အခါအသည်းအသန်အပူတပြင်းမလုပ်ပါနဲ့။ခေါင်းအေးအေး
ထားပြီးအမှားကင်း
     
အောင်လုပ်ပါ။
၁၈။ အငြင်းအခုံတွေအတွက်တန်ဖိုးရှိတဲ့သင့်လေတွေမဖြုန်းပါနဲ့။နားလည်
မှုအတတ်နိုင်ဆုံးပေးလိုက်ပါ။
၁၉။အတိတ်ကအဖြစ်အပျက်တွေအတွက်ငြိမ်းချမ်းရေးယူလိုက်ပါ။လက်ရှိအြေ
ခအနေအတွက်အထောက်
     
အကူရလာပါလိမ့်မည်။
၂၀။ သင့်ဘ၀ကိုတခြားတစ်ယောက်နှင့်မနိ
ှုင်းယှဉ်ပါနှင့်။
၂၁။ သင့်ဘ၀ကိုပျော်ရွှင်အောင်လုပ်နိုင်တာသင့်အပြင်တခြားလူမရှိနိုင်
ပါဘူးဆိုတာသိပါ။
၂၂။ အရာရာတိုင်းအတွက်လူတိုင်းကိုခွ
င့်လွှတ်တဲ့စိတ်နဲ့မြင်ကြည့်ပါ။
၂၃။အခြားသူတွေသင့်ကိုဘယ်လိုထင်မြင်နေပါစေ။မဟုတ္ရင္သင္ခံစားမေ
နပါနဲ့။
၂၄။ ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေလိုအပ်တဲ့အချိန်တစ်ခုကိုစောင့်
ကြည့်ပါ။
၂၅။ အသုံးမ၀င်တော့တဲ့အရာတွေကိုဖယ်ရှားပစ်ပါ။လှလှပပနှင့်ပျော်ရွှင်ေ
အာင်နေပါ။
၂၆။ မနာလိုဝန်တိုခြင်းဆိုတာအချိန်ဖြုန်းတဲ့နည်းတစ်ခုပါ။အမှန်တော့
အရာအားလုံးကိုသင်ပိုင်ဆိုင်
     
ထားပြီးပြီဆိုတာသတိရပါ။
၂၇။ မကြာမီအကောင်းဆုံးတွေသင့်ထံရော
က်လာတော့မယ်ဆိုတာသိပါ။
၂၈။ ခံစားမှုတွေများလို့မပြိုလဲသွားပါနှင့်။အမြန်ထအမြန်ပြင်ဆင်ပြီး
လန်းဆန်းတက်ကြွစွာနဲ့နေပြပါ။
၂၉။ သင်မှန်တယ်ထင်တာတွေတွေးပြီးလုပ်
ပါ။
၃၀။ မကြာခနမိသားစုနှင့်ဝိုင်းဖွြဲ့
ပီးစကားပြောပါ။
၃၁။ သင့်ရဲ့အတွင်းစိတ်ကိုအမြဲပျော်
ရွှင်အောင်ထားပါ။
၃၂။အလုပ်ထဲအတိုင်းအတာတစ်ခုအထိပဲ
အနစ်မွန်းခံပါ။
၃၃။သင်သိသမျှပတ်ဝန်းကျင်ကိုမျှဝေပါ

အချစ်


မြူတွေ ဝေနေတဲ့ မနက်ခင်းမှာ
တိုက်ခက်လာတဲ့ လေပြေညှင်းရယ်
ငါရင်ကို အေးမြစေတယ်
ဆုံတွေ့မိခြင်း က ငါရဲ့
ဝင်သက်ထွက်သက် ကိုယောင်မှားစေခဲ့တယ်....
လှပတဲ့ မျက်ဝန်းအစုံနဲ့ နူးညံ့ တဲ့ မင်းအပြုံးအောက်မှာ
ငါ့နှလုံးသားလေး အသက်မဲ့ခဲ့ပြီ....
ချစ်မိတယ် ကောင်မလေးရယ်...

အရဲစွန့်လို့ ကျွံထွက်လာခဲ့မိတယ်.
ငါ့ရဲ့ချစ်ခြင်း ကို တုန်ပြန်မှု့လေး တစ်ခုခု
ပြန်ပေးချင်ရာသာ ပေးပါ....
မင်းပေးသမျှ အရာအားလုံးဟာ
ငါ့အတွက်တော့ လှပနေတာပါ....

နားလည်မှု့လို့ထင်ထားတယ်
နင်နဲ့ငါ ချစ်သူတဲ့ အများကသတ်မှတ်သလို
ငါတို့လဲ စိတ်ရင်းနဲ့ချစ်ကြမယ်...
ဖန်ပြာခွက် ထဲက ကျောက်စက်ရေလို
အေးမြတဲ့ နားလည်ချစ်ခြင်းတွေနဲ့ ချစ်ကြမယ်...
တောင်စွယ်နေကွယ်ရင်တောင်
မင်းကိုချစ်တဲ့ ငါ့ချစ်ခြင်း မကွယ်စေရပါဘူး.....

မင်းပြောခဲ့တဲ့စကား မင်းပေးခဲ့တဲ့ကတိတွေက
အမှတ်မထင် မင်းပြောခဲ့ပေမဲ့
ငါ့အတွက်တော့ အမှတ်တရတွေချည်းပါ....
ငါ့ရင်မှာ နင့်အတွက် ငါစိုက်ပျိုး ခဲ့မိတဲ့ ချစ်သစ်ပင်ကို
ငါကိုယ်တိုင် မငြိုးနွမ်းအောင်
စောင့်ကြည့်နေမှာပါ...
နင့်ကို ဂရုစိုက်ခြင်း များစွာက
နင့်အတွက် အပြစ်မြင်ခြင်း
နင့်အတွက်ဖြစ် ခဲ့မယ်ဆိုရင်
ငါဝမ်းနည်းခြင်းများစွာနဲ့
တောင်းပန်ပါတယ်ချစ်သူ....

ခုတော့ ငါသိခဲ့ပြီ
နင့်မချစ်ခဲ့ဖူးတဲ့ ငါမှာတော့
ငါချစ်တဲ့နင် စိတ်ခမ်းသာတာကိုပဲ
လိုလား တန်ဖိုးထားခဲ့သူပါ....
င့ါအတွက် နင့်ဘက်က အရမ်းချစ်တယ်
ဆိုတဲ့ စကား မကြားရချင်နေပါ....
မချစ်နိုင်တော့ဘူး ဆိုတာကို မပြောလိုက်ပါနဲ့နော်.
ငါ့မှာကြားနိုင်တဲ့ အင်အားမရှိခဲ့လို့ပါ....

ခုတော့......
ငါချစ်တဲ့နင် နင်မချစ်တဲ့ငါ့အတွက်
သံယောဇဉ် ဆူးမြားလေး တစ်ချောင်း ကိုတောင်
နင်က ရက်ရက်စက်စက် ဆွဲနုတ် ခဲ့ပြီ
ငါကျေနပ်ပါတယ်....
ငါ့ရင်မှာ နင်ဆွဲနုတ်လို့
ထင်ကျန်ရစ်တဲ့ အမာရွတ်ကို
ကျေနပ်စွာငုံ့ကြည့်ရင်း....
အသက်ဝိဥာဉ် ကုန်ဆုံးပါရစေချစ်သူ......

မိုးသက်သေ

ညိုမည်းရီမှောင် တိမ်တောင်တွေချယ်
လျပ်နွယ်ယှက်ပြေး မိုးသံပေးတော့
ဆွေးရော့တမင် ကြုံစေချင်လား
ထင်ယောင်မှားလျက် မိုးတစ်ရက်တွင်
ဟိုယခင်ခါ ကြင်နာလက်တွဲ
သူနဲ့နွှဲကာ မိုးထဲမှာပင်
ပျော်ရွှင်ကြည်နူး ချစ်ရည်လူးခဲ့ .......


အတိတ်ဟောင်းတွေး ရေးရေးမြင်လာ
အပြင်မှာမိုး ရွာသွန်းဖြိုးလျက်
ဆိုးချက်ကနာ ပျော်ရာမကြုံ
ဖော်မစုံကွဲ တစ်ကိုယ်တည်းသာ
မိုးထဲမှာငို မိုးရေစိုယှက်
မျက်ရည်စက်လို့ ဘယ်သူထင်မလဲ .........



ရင်ကွဲပက်လက် မမေ့ရက်ဘူး
ဆူးချက်ကနာ မနှုတ်ပါဘူး
ရှည်ကြာသမျှ အမှတ်ရစေ
မေ့မနေကြောင်း သူသိကောင်းဖို့သက်သေတည် ............

ပြန်ဆုံမယ့်တစ်နေ့

ချစ်သူရေ.....
ကိုယ့်ရင်ခွင်ရဲ့ အဝေးမှာ
မင်းတစ်ယောက် နွေးထွေးပါ့မလားဆိုတဲ့
စိတ္တဇနဲ့ ညညအိပ်လို့မရခဲ့တာ
ရောင်နီသန်းလို့ တစ်မိုးသောက်ခဲ့ပြန်ပြီနော်......

အပြီးမသတ်သေးတဲ့
ရည်မှန်းချက်တစ်ခုအတွက်
မင်းနဲ့ခွဲခွာနေရပေမယ့်
အသည်းတစ်နေရာမှာတော့ စူးနစ်စွာနဲ့
မင်းရဲ့ပုံရိပ်က အရိပ်ထင်နေတုန်းပါ....


တို့ နှစ်ယောက်........
ထုဆစ်ခဲ့ကြဖူးတဲ့ အနာဂတ်တွေ
ရည်မှန်းခဲ့ကြဖူးတဲ့ အိမ်မက်တွေ
တစ်ကယ်ဖြစ်လာစေဖို့ 
ကိုယ်စွန့်စားခဲ့ရတာ...
မင်းကိုပစ်ထားခဲ့တာ မဟုတ်ပါဘူး......

မင်းခိုဝင်မယ့် ကိုယ့်ရင်ခွင်မှာ
သောကဝေဒနာ မြူတစ်မူန်စာတောင်
မရှိစေချင်တာ ကိုယ့်ရင်ထဲကစေတနာပါ......
အိမ်မက်ဆိုးတွေနဲ့ ခေါက်ရိုးကျိုးနေတဲ့
ကိုယ့်ရဲ့ဘဝထဲ မင်းကိုမခေါ်ရက်လို့ 
အသည်းခိုက်လုမတတ်
မြိုသိပ်ထားတဲ့ အလွမ်းတွေနဲ့
မင်းနဲ့ဝေးရာမှာ ကိုယ်ကြိုးစားနေတာ
မင်းနားလည်ပေးနော်......

တစ်ခါတစ်ရံ.... အတိတ်ရဲ့အရိပ်ထဲ
စိတ်ရဲ့ခြေရာ ရောက်သွားတဲ့ခဏ
ပျော်ခဲ့ကြဖူးတဲ့ နေ့ရက်
ဖလှယ်ခဲ့ကြဖူးတဲ့ အနမ်း
လျှောက်ခဲ့ဖူးတဲ့ လမ်းတွေကိုပြန်တွေးမိတိုင်း
အဝေးတစ်နေရာက မင်းဆီကိုပြေးလာချင်ပေမယ့်
လောကနိယာမမှာ တစ်ထောင့်တစ်နေရာက
နေရာယူထားတဲ့ ဂုဏ်ဓနကြောင့်
တို့် နှစ်ယောက်မဆုံဖြစ်ကြတာ
ပြန်တမ်းတတိုင်း နာကျင်မိတယ်....

ချစ်သူရယ်....
ကိုယ်ပုံဖော်ခဲ့တဲ့ အနာဂတ်ကို
ကိုယ့်လက်နဲ့ ရွှေချ
ရည်မှန်းခဲ့ကြတဲ့ တို့ နှစ်ယောက်အိမ်မက်
အပြီးသတ်လို့  မင်းဆီကိုယ်ပြန်လာတဲ့တစ်နေ့
“သစ္စာ”ပန်းကိုမင်းပန်ဆင်လို့ 
မာယာမသုံးပဲ ကိုယ့်ရင်ထဲကို
အလှဆုံးပြုံးပြနော်....

ချစ်လျှက်ပါချစ်သူ

ချစ်လျှက်နဲ့အဝေး
ရင်မှာဆွေးရအောင်
ရှောင်ဖယ်ကာအဝေး
ပြေးသွားပြီလားချစ်သူရယ်
ရက်တွေကြာငြောင်း
ရာင်္သီတွေပြောင်းလည်း
ရင်မှာပွင်.လန်း
တစ်ပွင်.ပန်းသာမို.
မမေ.နိုင်အောင်ချစ်လျှက်ပါချစ်သူ
ဒါပေမယ်.လည်း
မင်းကတော.အဝေး
ရှောင်ဖယ်ကာပြေးခဲ့ပြီမို.
ငါ.မှာတော...................လွမ်း
ရင်မှာနွမ်းလို.
မမုန်းနိုင်အောင်
ချစ်လျှက်ပါချစ်သူ
  သြော်..............
ချစ်လျှက်ပါချစ်သူရယ်.

လူ့ဘ၀လိုက်နာဖွယ်

၁။အသိတရားပေါ်မူတည်ပြီး လူ့ဘ၀အနိမ့်အမြင့်ဖြစ်လာတယ်။
၂။ရိုးသားမှု့သည် တန်ဖိုးကြီး၍ ရှားပါးသော အရာဖြစ်တယ်။
၃။လူတစ်ယောက်ရဲ့ အမြင့်ဆုံးတန်ဖိုးသည် ယုံကြည်စိတ်ချရမှု့ဖြစ်တယ်။
၎။ဂုဏ်သိက္ခာကိုတန်ဖိုးထားတဲ့သူဟာ ကိုယ်ပြောတဲ့စကားကိုတန်ဖိုးထားတယ်။
၅။အပြစ်ရှိ၍ လိပ်ပြာမသန့်ခြင်းဟာ စွပ်စွဲမည့်သူမလို။
၆။စိတ်ဓာတ်တည်ငြိမ်ရင့်ကျက်တာဟာ အသက်ကြီးတာငယ်တာနှင့်မဆိုင်။
၇။လိုချင်သောအရာတစ်ခုကိုရဖို့အတွက် ထိုက်တန်သောရင်းနှီးမှု့တစ်ခုတော့ ပေးဆပ်ရမယ်။
၈။အခတ်အခဲဆိုတာ မရှိခဲ့ရင် အရည်အချင်းဆိုတာ ထုတ်ဖေါ်ခွင့်ရှိမှာမဟုတ်။
၉။ဒုက္ခဆိုတာ နောင်တစ်ချိန်မှာ ဟာသဖြစ်သွားမှာပါ။
၁၀။လောကမှာတက်သိသူများပြီး သိတက်တဲ့သူရှားတယ်။
၁၁။တစ်ခါမကောင်းမိတာနဲ့ အခါတစ်ရာကောင်းခဲ့တာကို မမေ့ပါနဲ။
၁၂။နေရာတကာ ခွင့်လွတ်ခြင်းသည် လူမိုက်မှားကို မြေတောင်မြှောက်ပေးခြင်းနဲ့တူသည်။
၁၃။သည်းခံတက်သူရဲ့ ဒေါသကို သတိထားပါ။
၁၄။ပေးဆပ်ခြင်းတွေသိပ်များလျှင် ပေါက်ကွဲမှုတွေ ပြင်းထန်တက်တယ်။
၁၅။ကမ္ဘာမှာ စိတ်မချမ်းမြေ့ဆုံးက ပညာမဲ့ခြင်းပဲ။
၁၆။ကမ္ဘာမှာ အကျည်းတန်ဆုံးက တခြားလူရဲ့ဘ၀ကိုမနာလိုခြင်းပဲ။
၁၇။ကမ္ဘာမှာ ၀မ်းနည်းစရာအကောင်းဆုံးက မုသားစကားပြောဆိုချင်းပဲ။
၁၈။ကမ္ဘာမှာ အလှဆုံးတ၇ားက အရာရာကိုမေတ္တာတရားထားခြင်းပဲ။
၁၉။ကမ္ဘာမှာ အဖိုးအတန်ဆုံးက သူတစ်ပါးကိုအကျိုးဆောင်ပြီး တုန့်ပြန်ကျေးဇူး မတောင်းဆိုခြင်းပဲ။



(ဆရာတစ်ဦးရဲ့ ဆုံးမစာကို
ပြန်လည်ဝေငှပါသည်။)

ဘုရားစေတီအချို့ ရှေ့က မနုသီဟ ဖင်နှစ်ခွ အကြောင်းသိကောင်းစရာ

ယခု စာရေးသူ တင်ပြသွားမည့်စာသားလေးက (မနုသီဟ) လူနှင့်ခြင်္သေ့နှစ်ခွ အကြောင်းဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ရေးသားရခြင်းအကြောင်းက ဘုရားရှေ့ခြင်္သေ့အကြောင်းကိုရေးသား၍ ပို့တင်ပေးလိုက်သောအခါ pyae pho aung သည် (အရှင်ဘုရားကျေးဇူးတော်ကြီးမားလှပါတယ်ဘုရား ၊ မနုသီဟ အကြောင်းကိုလည်း သိလိုပါတယ်ဘုရား ) ဟု ရေးသားပြီး တင်ဘို့ လျောက်ထားလာတဲ့အတွက်ကြောင့်သော်လည်းကောင်း၊ ဗုဒ္ဓဘာသာ၏ သင်္ကေတများကို လွဲမှားပြီး သိကြမည် စိုးသောကြောင့်လည်းကောင်း၊ ဘာသာရေးကို မှန်မှန်ကန်ကန်သိပြီး မှတ်သားယူစေချင်သော စေတနာ ဆန္ဒကြောင့် သော်လည်းကောင်း စာရေးသူ မအားသည့်ကြားက ကြိုးစားရှာဖွေပြီး လက်လှမ်းမှီသ၍ တင်ပြရေးသားခြင်းဖြစ်ပါသည်။

ကျန်းမာသွယ်လျ လှလှပ

လူတိုင်းဟာ ကျန်းမာကြံ့ခိုင်ပြီး အချိုးအစားကျနတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုကြမယ် ထင်ပါတယ်နော်။ တကယ်လို့ သင်ရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ ရှိသင့်တာထက် များနေပြီဆိုရင် အလှအပအတွက်ရော၊ ကျန်းမာရေးအရပါ ၀ိတ် လျော့ဖို့ လိုနေပါပြီ။ ကျန်းမာရေး သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်မှာ ပိန်တဲ့သူတွေထက် ၀တဲ့လူတွေဟာ ရောဂါဖြစ်ဖို့ အခွင့်အလမ်း ပိုများပြီး ၀သူတွေမှာ ဖြစ်နိုင်တဲ့ရောဂါ အမျိုးအစားဟာလည်း ပိုမိုများပြားတာကို တွေ့ရတာကြောင့် ကျန်းမာရေးအတွက် ၀ခြင်းဟာ လုံးဝကိုမကောင်းဘူးလို့ ဆိုပါတယ်.. ဒါပေမဲ့ အလွန်အကျွံ ပိန်တာမျိုးကျတော့လည်း မဖြစ်သင့်ပါဘူးနော်.. ရှိသင့်တဲ့ ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ် အချိုးအစားကို စနစ်တကျ ထိန်းသိမ်းတာဟာ မိမိရဲ့ကျန်းမာရေးကို စောင့်ရှောက်ရာရောက်သလို လှချင်သူများအတွက်လည်း အ၀မတိုးစေဘဲ မိမိနှစ်သက်ရာ အ၀တ်အစားကို လှလှပပလေး ၀တ်ဆင်လို့ ရပါတယ်။

လူတစ်ယောက်ဟာ ၀လာပြီဆိုရင် အ၀တ်အစား ရွေးရခက်လာသလို ရှိပြီးသားအ၀တ်တွေလဲ မတော်တော့တာမျိုး၊ လက်ရှိခေတ်ဒီဇိုင်းနဲ့လည်း လိုက်ဖက်မှု မရှိတော့တာမျိုး ဖြစ်လာနိုင်ပါတယ်.. ခန္ဓာကိုယ်နဲ့ Fit ဖြစ်တဲ့ အ၀တ်အစားတွေဟာ ၀တဲ့သူနဲ့ ဘယ်လိုမှ ကြည့်မကောင်းတတ်ပါဘူး.. ဗိုက်ခေါက်က အဆီပြင်ကြီးကြောင့် ကြည့်ရခက်သလို ကြီးမားတုတ်ခိုင်တဲ့ လက်မောင်းတွေ၊ ခြေထောက်တွေကြောင့်လည်း အလှပျက်စေနိုင်ပါတယ်.. လှချင်လို့ တန်ဖိုးကြီးပေးဝယ်ထားပြီး ၀တ်ကာမှ အ၀တ်ကြောင့် အလှပျက်ရတာမျိုး ဖြစ်နိုင်ပါတယ်..  ဒီတော့ ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းခြင်းဟာ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ကောင်းမွန်တာမို့ လူတိုင်း မိမိရဲ့ ကိုယ်အလေးချိန် အချိုးအစားကို ထိန်းသိမ်းသင့်ကြပါတယ်နော်။

လူတစ်ယောက်မှာ စပြီးဝလာပြီးဆိုရင် ဗိုက်ခေါက်က အရင်ဆုံး ထွက်လာပါတယ်. မိမိဝမ်းဗိုက်ကို ဆွဲကြည့်ပါ။ အဆီပြင်က ထူနေပြီဆိုရင် သင် ၀နေပါပြီ။ သို့မဟုတ် ၀စပြုနေပါပြီ။ မိမိကိုယ်ကို ၀နေတယ်လို့ မသိသာ မထင်ရှားဘူးဆိုရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်အလေးချိန်၊ အရပ်အမြင့်နဲ့ တွက်ချက်ကြည့်ရင် ၀တယ် မ၀ဘူးဆိုတာ ဆုံးဖြတ်လို့ ရတဲ့နည်းလမ်း ရှိပါတယ်. ထိုနည်းကိုတော့ B.M.I (Body Mass Index) လို့ခေါ်ပါတယ်.. တွက်ရမဲ့ ပုံသေနည်းက BMI = [weight / (height x height)]  ဖြစ်ပါတယ်.. ဒါက ကိုယ်အလေးချိန်ကို ကီလိုဂရမ်နဲ့ အရပ်အမြင့်ကို မီတာဖြင့် တိုင်းတာသူများ တွက်တဲ့နည်းပါ။ ကျွန်မတို့ မြန်မာတွေက ကိုယ်အလေးချိန်ကို အများအားဖြင့် ပေါင်ချိန်နဲ့ အရပ်ကိုတော့ ပေ၊ လက်မ တို့ဖြင့် တိုင်းကြတာ များပါတယ်.. အလေးချိန်ကို ပေါင်နဲ့တိုင်းပြီး အရပ်အမြင့်ကို လက်မဖြင့် တိုင်းသူများကျတော့ BMI = [weight / (height x height)] x 703 ဆိုတဲ့ ပုံသေနည်းနဲ့ တွက်ချက်ရမှာ ဖြစ်ပါတယ်။

ဥပမာ လူတစ်ယောက်ဟာ အရပ် ၅ပေ ၂လက်မ ရှိပြီး ပေါင်ချိန် ၁၄၀ ရှိနေသူ ဖြစ်ခဲ့ရင် သူရဲ့ BMI ကို တွက်ချက်ကြည့်တဲ့အခါ BMI = [၁၄၀ပေါင် / (၆၂ လက်မ  x ၆၂လက်မ)] x ၇၀၃ လို့ တွက်ရမှာ ဖြစ်တာကြောင့် အဖြေက ၂၅.၆၀ ရပါတယ်.. ၂၅ထက် ကျော်နေပြီဆိုရင်တော့ သင့်အရပ်နဲ့ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ကျော်နေပြီ လို့ တွက်ဆလို့ ရပါတယ်..  ၁၉ကနေ ၂၅အောက်ရှိသူဟာ ပုံမှန်အလေးချိန်လို့ တွက်ဆရပြီး ၂၅ကနေ ၂၉.၉ အတွင်းကိုတော့ ၀နေသူလို့ သတ်မှတ်ပါတယ်.. ၃၀ထက်ကျော်နေရင်တော့ တော်တော်လေးကို ၀နေပါပြီ။ BMI ရလာဒ်များလေ ရောဂါ၊ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေ ပိုများလေလို့ ဆိုပါတယ်.. အ၀လွန်သူများမှာ သွေးတိုး၊ ဆီးချို၊ နှလုံး လေးဘက်နာ၊ သွေးကြောပိတ်၊ အသည်းအဆီဖုံး ၊ ကင်ဆာ စတဲ့ နာတာရှည်ရောဂါများ ဖြစ်ဖို့ ဖြစ်နိုင်ခြေ အလွန်များပါတယ်… BMI ကို (ဒီနေရာမှာ )  အလွယ်တကူ တွက်ချက်ကြည့်လို့ရပါတယ်..

ဗိုက်ခေါက်က အဆီပြင် မရှိမှ သွယ်လျကြော့ရှင်းတဲ့ ခန္ဓာကိုယ်ဖြစ်ပါလိမ့်မယ်..အဆီမရှိ ပြားချပ်တဲ့ ၀မ်းဗိုက်ကလေး ရဖို့နဲ့၊ မ၀အောင် ကိုယ်အလေးချိန်ကို ဘယ်လိုထိန်းသိမ်းကြမလဲ.. နည်းလမ်းတွေတော့ ရှိပါတယ်.. လုပ်ဖြစ်ဖို့သာ လိုတာပါ။ အလုပ်တစ်ခုဟာ မလုပ်ခင်မှာ စပြီးလုပ်ဖို့ ခက်ခဲတတ်ပေမဲ့ တကယ်တမ်း စိတ်ကို ဆုံးဖြတ်ပြီး လုပ်တဲ့အခါ လွယ်ကူသွားတာကို တွေ့ရမှာပါ။ ဒါပေမဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့ ပြင်းပြတဲ့ စိတ်ဆန္ဒ ရှိဖို့နဲ့ ဆုံးဖြတ်ချက်ချပြီးရင်လည်း ထိန်းသိမ်းဖို့  လိုပါတယ်.. ကိုယ်အလေးချိန် လျှော့တော့မယ်ဆိုရင် မရှိမဖြစ် ပစ္စည်းတစ်ခုက ပေါင်ချိန်စက် ဖြစ်ပါတယ်.. သို့မှသာ မိမိတိုးတက်မှုကို ကိုယ်တိုင်မြင်တွေ့ရပြီး အစားလျော့တာ၊ လေ့ကျင့်ခန်းလုပ်တာ ထိရောက်မှု ရှိမရှိ အခြေအနေကို မျက်ခြေမပြတ် သိရှိနိုင်မှာ ဖြစ်ပါတယ်.. ပြီးတော့လဲ ကိုယ်အလေးချိန် လျှော့တဲ့နေရာမှာ စစချင်း အလေးချိန်ထက် တဖြေးဖြေး လျော့နည်းလာတဲ့ မိမိရဲ့ ကိုယ်အလေးချိန်ကို သိနေ မြင်တွေ့နေမှသာ ဆက်ပြီးလုပ်ဖို့ အားကြိုးမာန်တက် စိတ်ပါမှာဖြစ်ပါတယ်.. ကိုယ်ခန္ဓာ အလေးချိန်ကို ထိန်းသိမ်းဖို့ နည်းလမ်းအချို့ကို ဖော်ပြရမယ်ဆိုရင်

၁. လမ်းလျှောက်ခြင်း၊ ရွရွပြေးခြင်း( Jogging) ကို တစ်ပတ်လျှင် ၃ကြိမ် တစ်ကြိမ်လျှင် မိနစ် ၃၀ အနည်းဆုံး ပြုလုပ်ပေးပါ။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် သင့် ခန္ဓာကိုယ်တွင်းရှိ အဆီများကို ချေဖျက်ပေး နိုင်ပါတယ်။ နေ့စဉ် လမ်းလျှောက်နိုင်လျှင် ပိုကောင်းပါတယ်။ ပုံမှန်အလုပ်သွား၊ အလုပ်ပြန် မြန်မြန် လမ်းလျောက်ပါ။ အထပ်မြင့် ရုံးသမားများ ဓာတ်လှေခါး သုံးခြင်းထက် ရိုးရိုးလှေခါးမှ တက်ခြင်း သည်လည်း လေ့ကျင့်ခန်းလုပ်ခြင်း ဖြစ်ပါတယ်။



၂. မနက်ခင်းတိုင်း အယ်လ်မွန်စေ့ လက်တစ်ဆုပ် ( ၆ စေ့ခန့်)  ကို စားသုံးပေးပါ။ အယ်လ်မွန်စေ့ဟာ ကျန်းမာရေးအတွက် အလွန် ကောင်းမွန်သော အစေ့ အဆံ တစ်မျိုးဖြစ်ပါတယ်.. ၄င်းမှာ ပါဝင်တဲ့ ပရိုတိန်းဟာ အဆီများကို ချေဖျက်ရာမှာ ကောင်းမွန်စေပါတယ်..မြန်မာပြည်တွင် အယ်လ်မွန်စေ့ ရရန် ခက်ခဲပါက  နေကြာစေ့ ဆားမပါပဲ လှော်တာ စားနိုင်ပါတယ်လို့ ဆိုပါတယ်...



၃. ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းကို တစ်ပတ်လျှင် အနည်းဆုံး ၃ကြိမ်ခန့် လုပ်နိုင်အောင် ကြိုးစားပါ။ မိမိဖာသာ မလုပ်တတ်ပါက လေ့ကျင့်ခန်း သရုပ်ပြ ဗီစီဒီခွေများ ၀ယ်ကာ အိမ်တွင် လုပ်ကြည့်ပါ။  ခန္ဓာကိုယ် တစ်ခုလုံး လှုပ်ရှားစေသော အလုပ်များကို များများ လုပ်ကိုင် ပေးပါ။ ဥပမာ (တံမြက်စည်းလှည်း၊ ကြမ်းတိုက်)


၎. အမျှင်ဓာတ်ပါသော အစားအစာ များများစားပါ။ ပေါင်မုန့်အဖြူ၊ ဂျုံနှင့်လုပ်သော ခေါက်ဆွဲ၊ အာလူး၊ ဆန်ဖြူတို့ကို များများစားခြင်းကို ဆင်ခြင်ပါ။ ဆန်ကြမ်း၊ ပေါင်မုန့်ကြမ်း၊ သစ်သီး၊ စိမ်းစိုသော အရွက်များနှင့် လတ်ဆတ်သော ဟင်းသီး ဟင်းရွက်များကို များများစားပါ။ မနက်စာကို များများ စားနိုင်ပါသည်။ သွေးတိုးသမားများ အုန်းနို့ကို ဆင်ခြင်ပါ။ နေ့လည်စာတွင် အဆီကိုလျော့စားပါ။ ဆီပြန်ဟင်းကို တစ်ပတ်လျင် ၃ကြိမ်သာ အများဆုံးသာ စားပါ။ ဟင်း၃ခွက်တွင် ၁ခွက်ကိုဆီမပါ အချိုမှုန့်မပါစေရန် ချက်ပါ။ ဆန်ကို အလျားရှည်သော (ဆန်ကြမ်း)စားပါ။ လက်ဖက်ရည် (ရေနွေးကြမ်းသောက်ပါ)။ နေ့လည်နှင့် ညနေစာကြား ရုံးပြန်ချိန်များတွင် ဝက်သားဒုတ်ထိုး၊ ကြာဆံကြော်၊ ကော်ပြန့်စိမ်း၊ ခေါက်ဆွဲကြော်၊ ဆီများသည့်အကြော်များ မကြာခဏ စားမည့်အစား ဆီနည်းသည့် အသုပ်များကို စားပါ။ လက်ဖက်သုပ်ကို အမြဲစားခြင်း၊ ဘီယာ အမြဲသောက်ခြင်းသည် ကျန်းမာရေးနှင့် မသင့်တော်ပါ။  


၅. ရိုးရိုး နွားနို့အစား အဆီထုတ်ထားသော နို့ကို သောက်သုံးပါ။ အဆီပါသောငါးကို တစ်ပတ်လျှင်တစ်ကြိမ်မျှ စားသုံးရန်နှင့် အချိုများသော အစားအစာနှင့် အဆီများသော (ဝက်ခေါက်ကြော်၊ အာလူးကြော်) စသော အစားအစာများ လျော့စားပါ။ ညစာကို အကင်များ၊ အကြော်အလှော်ဆိုင်များတွင် စားခြင်းထက် မိမိအိမ်တွင်သာ ကျန်းမာရေးနှင့် ညီညွှတ်သော ဟင်းလျာများကို ချက်ပြုတ် စားသောက်ပါ။ ညစာကို အသား၊ ပဲ၊ အာလူး အနည်းငယ်ကို စားနိုင်ပါတယ်.. ထမင်းကို ၀အောင် စားခြင်းထက် ထမင်းစားပြီးပါက သီးနံများဖြင့် အချိုတည်း၍ ဗိုက်ပြည့်စေခြင်းက ပို၍ ကောင်းမွန်စေပါတယ်။ ထန်းလျက်၊ ကြံသကာ အချိုတည်းနိုင်သော်လည်း  မလိုင်၊ ကိတ်မုန့်၊ ခရင်မ် စသည့် ဆိမ့်ပြီး အဆီများသော အရာများဖြင့် အချိုမတည်းသင့်ပါ။ ညစာစားပြီး အရက်သောက်ခြင်း မပြုသင့်ပါ။
၆. ၀မ်းဗိုက်မှ အဆီပြင်များ လျော့ပါးစေရန် အိပ် ထ မ တင် လေ့ကျင့်ခန်းကို တစ်ပတ် သုံးကြိမ် ကြိုးစားလုပ်ပါ။

၇.ရေများများ သောက်ပါ။ တစ်ရက်လျှင် ရေဖန်ခွက် ၆ခွက်မှ ၈ခွက်ထိ သောက်ပါ။ ရေများများသောက်ခြင်းသည် အစားများများစားခြင်းကို ကာကွယ်ပေးနိုင်သလို အစာချေခြင်းကိုလည်း အကျိုးသက်ရောက်မှု ရှိစေပါတယ်။



၈.ညအိပ်ရာဝင်ချိန် မတိုင်မှီ ၃နာရီအတွင်း အစားစား ခြင်းကို ရှောင်ကျဉ်ပါ။ မနေနိုင်လောက်အောင် ဆာလောင်ပါက ဟင်းသီးဟင်းရွက် အနည်းငယ်၊ သစ်သီး အနည်းငယ်ကိုသာ စားသောက်ပါ။ ညစာလျော့စားခြင်းသည် ခန္ဓာကိုယ် အလေးချိန် ထိန်းသိမ်းခြင်းအတွက် ကြီးမားသော အကျိုးကို ဖြစ်စေနိုင်ပါတယ်။ ညဉ့်နက်အောင် နေတတ်သူများ မအိပ်ခင် ဗိုက်ဆာတတ်လျှင် နွားနို့၊ ကွေကာအုပ်၊ သောက်နိုင်ပါတယ်။

၉.အလွန်ဆာသော အခါမှ တစ်ဝတစ်ပြဲ စားခြင်းထက် တစ်ခါစားလျှင် နည်းနည်းစီ အကြိမ်များများ စားသောအကျင့်ကို မွေးမြူပါ။ တစ်ကြိမ်တည်း အစားများများ စားခြင်းသည် အစာချေဖျက်ခြင်းကို ခက်ခဲစေနိုင်ပါတယ်။

၁၀.အစာစားနေစဉ် ခဏနား၍ အချိန်အနည်းငယ်ကြာမှာ ပြန် စားသောက်ခြင်းသည် အစားကို များများ စားမိစေခြင်းမှ ရှောင်ရှားရာ ရောက်သည်။ သင်၏ စားသောက်ခြင်းအလေ့အထကို ထိန်းသိမ်းခြင်းသည် သင်၏ ကိုယ်ခန္ဓာကို ဂရုစိုက် စောင့်ရှောက်ခြင်း ဖြစ်သလို ကျန်းမာရေးကို ဂရုစိုက်ခြင်းလည်း ဖြစ်ပါတယ်။




အထက်ပါအချက်တွေကို လုပ်ဆောင်ရာမှာ ပထမဦးဆုံးအနေနဲ့တော့ အခက်အခဲ တွေ့ကောင်းတွေ့နိုင်ပါလိမ့်မယ်.. သို့သော်လည်း ဖြေးဖြေးမှန်မှန် အောင်ပွဲခံဆိုသော ဆိုရိုးစကားနဲ့အညီ  အစလုပ်ဖြစ်အောင် ကြိုးစားကြည့်ပါ။ အစပိုင်းမှာ နာကျင်ပင်ပန်းမယ်.. ခက်ခဲမယ် သို့သော် ဇွဲမလျော့ဖို့ လိုပါတယ်.. လေ့ကျင့်ခန်းလုပ်ရာမှာလည်း တစ်ရက်ကို အကြိမ်အရေအတွက် နည်းနည်းနဲ့ စတင်ကြည့်ပါ။ လုပ်နိုင်လာပြီဆိုမှ အကြိမ်ရေ ထပ်တိုးပြီး လုပ်သွားပါ။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ခန္ဓာကိုယ် ကြံခိုင်သန်စွမ်းဖို့နဲ့ ၀ိတ်လျော့ဖို့အတွက် အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်.. အစား အသောက်လျော့ပေမဲ့ လေ့ကျင့်ခန်းနဲ့ တွဲမလုပ်ရင် ၀ိတ်ချတာ ကြာပါတယ်.. လေ့ကျင့်ခန်းဟာ အမြန်ဆုံး ၀ိတ်လျှော့စေတဲ့ နည်းဖြစ်ပါတယ်. အဆီပိုမရှိတဲ့ ၀မ်းဗိုက်ချပ်ချပ် ခါးသွယ်သွယ်လေးမှာ ၀တ်ချင်တဲ့အ၀တ်အစားလေးကို မိမိကိုယ်ကို ယုံကြည်မှု ရှိရှိ ၀တ်ဆင်ဖို့ရာမှာ နည်းနည်းတော့ အပင်ပန်းခံဖို့ လိုပါတယ်.. အပင်ပန်းခံပြီး အစားအသောက်လျော့၊ လေ့ကျင့်ခန်းလုပ်လိုက်လို့ ရရှိလာတဲ့ ရလဒ်ဟာ ဘယ်လောက် ကြည်နူးဖို့ ကောင်းတယ်ဆိုတာ ကိုယ်တွေ့ ခံစားကြည့်တဲ့အခါ သိသာပါလိမ့်မယ်..

အမျိုးသမီးတွေဟာ အသက်၃၀ကျော်လာရင် ၀ဖို့လွယ်ကူလာပါပြီ။ ဒါကြောင့် "တို့ကတော့ အသက်ကြီးပြီ လှဖို့မလိုတော့ဘူး" လို့ ဆင်ခြေမပေးဘဲ ၀ခြင်းဟာ ကျန်းမာရေးနဲ့ မညီညွတ် မသင့်တော်တာမို့ ၀ိတ်ချတာဟာ ကျန်းမာရေးကို ဂရုစိုက်တာ၊ ထိန်းသိမ်းစောင့်ရှောက်တာလို့ သိထားသင့်ပါတယ်. ၀ပြီးတဲ့ လူတစ်ယောက်ဟာ ၀ိတ် ချဖို့ အရမ်းကို ခက်ခဲပြီး ပင်ပန်းစွာနဲ့ အချိန်ကြာကြာ ချရပါတယ်.. များများဝလေ များများ ပင်ပန်းလေ ဖြစ်ပါတယ်. ဒါကြောင့် မိမိကိုယ်ကို စပြီး ၀နေပြီလို့ ထင်တဲ့အချိန်မှာ အမြန်ဆုံး သတိလေးထားပြီး ၀ိတ် ချဖို့ တိုက်တွန်းချင်ပါတယ်.. သိပ်ဝသွားချိန်မှ ချမယ်ဆိုရင် နောက်မကျပေမဲ့လည်း ခက်ခဲပြီး ပင်ပန်းလွန်းတာကြောင့် "မပိန်ချင်လည်း နေပါစေတော့ ဒီတိုင်းနေတော့မယ်" ဆိုတဲ့ လက်လျော့တဲ့ စိတ်မျိုး ဖြစ်သွားနိုင်ပါတယ်.. ဒါကြောင့်လည်း မ၀သေးတဲ့သူတွေက ဆက်ပြီး မ၀လာဖို့၊ မိမိရဲ့ ရှိရင်းစွဲ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်ဖို့အတွက် အစားအသောက် ဆင်ခြင်စားသောက်ပြီး၊ ၀ စ ပြုလာသူများက အစားလျော့စား၊ လေ့ကျင့်ခန်းများ ပြုလုပ်သွားကြဖို့ တိုက်တွန်း ပါရစေလားနော်။