လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

ပြန်လည်ဆုံတွေ့ချိန်



အချိန်ကြာမြင့်စွာ ခွဲခွာနေရပြီး တစ်ဦးနဲ့တစ်ဦး ပြန်လည်ဆုံတွေ့ချိန်လေးမှာ အံ့အားသင့်စွာ ၀မ်းသာပီတိဖြစ်ပုံလေးတွေ..တကယ်ရင်ထဲကို ခံစားလို့ရပါတယ်ဗျာ..... ကိုယ်တိုင်ထပ်တူခံစားကြည့်ကြပါ.။

လူမှုဆိုင်ရာကျင့်ဝတ်များ

ကျွန်တော် အရင်တစ်ခေါက်ကတင်ထားပေးဖူးပါတယ်။ ရိုးရိုးစာပဲရေးပြီးတင်ခဲ့ပေးဖူးတာပါ. အခုလို့ ဓာတ်ပုံလုပ်ထားပေးလိုက်တော့ အလွယ်တကူ သိမ်းယူထားလို့ရပါတယ်...

 













IMEI နံပတ်


IMEI နံပတ်ဆိုတာ International Mobile Equipment Identity ကသတ်မှတ်ပေးထားတဲ့ သီးသန့်နံပတ်တွေဖြစ်ပါတယ်... ဒီနံပတ်တွေကို GSM, WCDMA နဲ့ iDEN ဖုန်းတွေ ဂြိုလ်တုဖုန်းတွေကို ခွဲခြားစိစစ်ဖို့အသုံးပြုပါတယ်... ဒီနံပတ်တွေကို ဘက်ထရီတပ်တဲ့နေရာထဲမှာ ကပ်ထားတာလည်း တွေ့ရလေ့ရှိပါတယ်....

သင့်ဖုန်းရဲ့ IMEI နံပတ်ကို သိချင်ရင်တော့ *#06# ကိုနှိပ်ပါ... IMEI နံပတ်ကို ဖော်ပြပေးပါလိမ့်မယ်...

IMEI နံပတ်တွေကို GSM ကွန်ရက်တွေမှာ သက်ဆိုင်ရာကိရိယာဟုတ်မဟုတ် ခွဲခြားစိစစ်ဖို့အသုံးပြုပါတယ်... အဲ့ဒီတိုင်းပြည်မှာရှိတဲ့ ကွန်ရက်ထဲမှာ ဖုန်းခိုးယူမှုကို ထိန်းချုပ်ဖို့လည်းအသုံးပြုပါတယ်... ဥပမာအားဖြင့် ဖုန်းတစ်လုံးအခိုးခံရပြီဆိုပါစို့.... ပိုင်ရှင်က သူ့ရဲ့ network provider ဆီကို ဆက်ပြီး သူ့ဖုန်းရဲ့ IMEI နံပတ်ကိုပြောပြမယ်... ပြီးတော့ အဲ့ဒီဖုန်းကို အသုံးမပြုနိုင်အောင်လုပ်လို့ရပါတယ်... ဒါဆိုရင် ဒီဖုန်းကို SIM ကဒ်ပြောင်းပြီးသုံးပေမဲ့လည်း သူ့ကွန်ရက်ထဲမှာ သုံးလို့မရတော့ပါဘူး... တစ်ခါတစ်လေမှာ တခြားကွန်ရက်တွေမှာလည်း အသုံးမပြုနိုင်ဘူးလို့ သိရပါတယ်....

ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော အလှူဒါန ခုနှစ်မျိုး



အခါတစ်ပါး၌ လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍
“အကျွန်ုပ်သည် မည်သည့် အရာကိုပဲ လုပ်လုပ် မအောင်မမြင် ဖြစ်နေပါသည်။ အဘယ့်ကြောင့် မအောင်မမြင် ဖြစ်ပါသနည်း” ဟု မေးလျှောက်သည်။
“အသင်သည် အလှူဒါနမပြုတတ်၍ ဖြစ်သည်” ဟု မြတ်စွာဘုရားက ဖြေကြားတော်မူသည်။
ငွေကြေးတစ်ပြား တစ်ချပ်မှ မရှိသော ဆင်းရဲသား အကျွန်ုပ်ဖို့ မည်ကဲ့သို့ အလှူဒါနပြုနိုင်ပါမည်နည်း။
 အသင်ဤသည်ကို မှတ်သားလော့။ တစ်ဦးတစ်ယောက်သောသူသည်ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော အလှူဒါန ခုနှစ်မျိုးရှိသည်။
ထိုခုနှစ်မျိုးမှာ ...
၁။ မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း - အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံခြင်း၊
၂။ နှတ်ဖြင့် အလှူဒါနပြုခြင်း - အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊
နွေးထွေးသောစကားများ၊ ပြောဆိုခြင်း။
၃။ စိတ်ဖြင့်အလှူဒါနပြုခြင်း - စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်း၊
၎။ အမြင်ဖြင့် အလှူဒါနပြုခြင်း - ကောင်းသောစေတနာ အမြင်ဖြင့် သူတပါးကိုကြည့်မြင်တတ်ခြင်း၊
၅။ ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း - ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကို ကူညီခြင်း။
၆။ နေရာထိုင်ခင်း အလှူဒါနပြုခြင်း - လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူ၊နှင့် ကလေးငယ်တို့အား မိမိ၏ထိုင်ခုံနေရာကို ထိုင်စေခြင်း။
၇။ နေအိမ်အလှူဒါနပြုခြင်း - မိမိ၏ အိမ်နေရာကိုသူတပါးတို့ အနားယူရန် ပေးကမ်းခြင်း။

မည်သူမဆို ဤအလှူဒါန
ခုနှစ်မျိုးသောကောင်းမှုကုသိုလ်ကို ပေးကမ်းလေ့ရှိသည့်အကျင့် ကောင်းရှိလျှင် အောင်မြင်ခြင်းသည် ထက်ကြပ်မကွာ လိုက်ပါလာမည်သာဖြစ်ပါသည်။

အရပ်နဲ့ ကိုယ်အလေးချိန် ရှိသင့်သည့်အတိုင်းအတာ

ကိုယ့်ရဲ့ အရပ်နဲ့ ကိုယ်အလေးချိန်ဘယ်လောက်ရှိနေပြီလဲ..over ဖြစ်နေပြီလား.. ကြည့်လိုက်ပါအုံး...

မိန်းကလေးများ သိထားသင့်သော အချက် (၁၀) ချက်



♥ရုပ်လှနေဖို့ မလိုပါဘူး
နှလုံးသားလှနေဖို့ပဲ လိုပါတယ်...။

♥ငွေကြေးချမ်းသာဖို့ မလိုပါဘူး
အကျင့်သိက္ခာ မဆင်းရဲဖို့ပဲလိုပါတယ်...။

♥ပညာတတ်ကြီး ဖြစ်ဖို့ မလိုပါဘူး
ပညာ မမဲ့ဖို့ပဲလိုပါတယ်...။


♥ချွေတာတတ်ဖို့ မလိုပါဘူး
သုံးစွဲတတ်ဖို့ပဲ လိုပါတယ်...။

♥လူတိုင်းကို ချစ်တတ်ဖို့မလိုပါဘူး
လူတိုင်းကို ကြင်နာတတ်ဖို့ပဲလိုပါတယ်...။

♥စကားပြော ကောင်းဖို့မလိုပါဘူး
စကားပြော တတ်ဖို့ပဲလိုပါတယ်...။

♥ခေတ်ဆန်လွန်း စရာမလိုပါဘူး..
ခေတ်နဲ့လိုက်လျော ညီထွေတတ်ဖို့ပဲ လိုပါတယ်...။

♥အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်ဖို့မလိုပါဘူး
ဘ၀ဖော်ကောင်း တစ်ယောက် ဖြစ်ဖို့လိုပါတယ်...။

♥အချစ်ကြီး ချစ်ဖို့မလိုပါဘူး
သဘောထားကြီးပြီး နားလည်မှု့ရှိဖို့ပဲလိုပါတယ်...။


♥နေရာတကာ အလျော့ပေးဖို့ မလိုပါဘူး
ကြည်ဖြူစွာ ခွင့်လွှတ်တတ်တဲ့ စိတ်ထားလေး ရှိဖို့ပဲ လိုပါတယ်.....။


Mg LwanWai 
Myawady News

မိမွေဖမွေထိန်းသိမ်းစို့လေ

အို သာကီဝင် မြန်ပြည်ခွင်၌

မွတ်ဆလင်ကုလား ချမ်းသာငြား၍

ငွေအားနဲ့ပေါက် လူမျိုးဖောက်ပြီး

မျိုးပျောက်သောခါ ရွာဦးမှာဝယ်

စေတီငယ်များ အုတ်ပုံလားသို့

ဝပ်တွားခယ ဘယ်သူကလျှင်

ဦးခိုက်ရှိခိုး တော့မည်နည်း။

အို ကွဲ့ နှမ ဆင်းရဲလှ၍

ဓနငွေကြေး ပုံ၍ပေးဟု

နောင်ရေးမမျှော် ကုလားခေါ်ရာ

သင်လိုက်ပါသော် ဖွားလာသည့်သား

သမီးများတို့ ဘုရားကိုမျှ

ဦးမချသာ သင်္က၀ါဖြင့်

ဘယ်မှာရှင်ပြု ခွင့်မပြု၍

မပြုရမှန် ဗြောစည်သံတို့

ဖန်ဖန်ကြားတိုင်း မျက်ရည်ဝိုင်းလိမ့်။။

အို ကွဲ့ မိခင် ခမဲ့သင်သည့်

ကျူရှင်ဖွင့်ထား ဘာသာခြားသို့

အိမ်များ၌လျှင် ပညာသင်တို့

ကိုယ့်ရင်မှာဖွား သ္မီးသားကို

ကျောင်းထားခဲ့ပါ များမကြာခင်

သင်ဦးတည်သည့် ချစ်ရှင်မြတ်စွာ

သာသနာကို စွန့်ခွါဖယ်ရှား ဆန့်ကျင်ငြားလိမ့်။။

အို ချစ်မိတ်ဆွေ ရှေ့ပဝေက

စိန္တေမြတ်စွာ သာသနာသည်

ဆရာအစဉ် ဒကာစဉ်ဆက်

လက်တွဲလျှက်ဖြင့် ထမ်းရွက်ခဲ့ငြား

ကျေးဇူးများကြောင့် တို့များလက်ထက်

ယခုထက်တိုင် တည်ရှိနိုင်ပါ့

မှန်လှစွာမို့ ဆရာမိဘ

အမွေရသည့် ဗုဒွမြတ်စွာ

သာသနာကို မကွာစဉ်ဆက်

သားမြေးဆက်၍ မပျက်ရှည်ကြာ

ပြည်မြန်မာမှ ကမ္ဘာတစ်ဝှမ်း ပြန့်ကာလွှမ်းအောင်

ကြိုးပမ်းအားထုတ် ကြပါစို့။

ပြည်ထောင်စုအင်္ဂါစဉ်


၁။    နိုင်ငံတော်သမ္မတ
၂။    ဒုတိယသမ္မတ (၁)
၃။    ဒုတိယသမ္မတ (၂)
၎။    ပြည်သူ့လွှတ်တော်ဥက္ကဌ
၅။    အမျိုးသားလွှတ်တော်ဥက္ကဌ
၆။    ပြည်ထောင်စုတရားသူကြီးချုပ်
၇။    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
၈။    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဌ
၉။    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ
၁၀။  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
၁၁။  ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌ
၁၂။  အမျိုးသားလွှတ်တော်ဒုတိယဥက္ကဌ
၁၃။  ပြည်ထောင်စုဝန်ကြီးများ
၁၄။  ပြည်ထောင်စုရှေ့နေချုပ်
၁၅။  ပြည်ထောင်စုစာရင်းစစ်ချုပ်
၁၆။  ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဌ
၁၇။  ၀န်ကြီးချုပ်များ
၁၈။  ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)
၁၉။  တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးများ
၂၀။  ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ


LIFE


လူ့ဘ၀ဆိုတာ အဆင့်(၆)ပဲရှိပါလား.... တိုတောင်းလွန်းပါတယ်။ဘယ်အဆင့်မှာမဆို ကြွေလွင့်သွားနိုင်ပါတယ်...
နောက်ဆုံးအဆင့်မှာ သင်ဘာမှမလုပ်နိုင်တော့ဘူးဆိုတာ မမေ့ပါနဲ့..... လုပ်နိုင်တဲ့အချိန်မှာ. ယူသွားနိုင်တာလေးတွေစုထားဖို့သတိထားကြပါ...(ရေဗူးနဲ့ဖိနပ် မပါရင်နွေခါမှသိမယ်..ဒါနနဲ့သီလမပါရင်သေခါမှသိမယ်.)။

ချစ်သူနှစ်ဦးလမ်းခွဲရခြင်း (၁၀)မျိုး



ချစ်သူတွေဖြစ်ခဲ့တာ မမှားပါဘူး
နားလည်မှု့မရှိတာက မှားတာပါ..

သ၀န်တိုခဲ့တာတွေ မမှားဘူး
သံသယ တွေ ၀င်ခဲ့တာ မှားတာပါ..

ကျီစယ်ခဲ့တာတွေ မမှားဘူး
ပျက်ရယ်ပြုခဲ့တာတွေ မှားတာပါ..

စိတ်ကောက်ခဲ့တာတွေ မမှားပါဘူး
ပြန်မချော့နိုင်တဲ့ မာနတွေက မှားတာပါ..။

ပိတ်ပင်တားမြစ်တာက မမှားပါဘူး
ချုပ်ခြယ်ချည်နှောင်ထားတာက မှားတာပါ...။

အနေမနီးခြင်းက မမှားပါဘူး
နွေးထွေးမှု့ မရှိခြင်းက မှားတာပါ..။

အရမ်းချစ်ပြခဲ့တာက မမှားပါဘူး
တယောက်ထဲ အတွေးချော်တာက မှားတာပါ...

တစိမ်းတွေ ၀င်စွက်ဖက်တာ မမှားပါဘူး..
တစိမ်းစကားတွေ နားယောင်တာက မှားတာပါ...။

အတိတ်ကို ဂရုမစိုက်တာ မမှားပါဘူး
အနာဂတ်အတွက် ရည်ရွယ်ချက်မဲ့တာ မှားတာပါ..။

တခါတခါ ချစ်သူကိုဦးစားမပေးနိုင်တာ မမှားပါဘူး
ချစ်သူကို အလေးမထားသလိုနေတာက မှားခဲ့တာပါ...။

ကိုယ့်ကိုယ်ကို အနိုင်ယူနည်း


၁။ မိမိရဲ့လောဘများကို ဒါနတရားဖြင့်အနိုင်ယူပါ။
၂။ မိမိတို့ရဲ့ ဒေါသများကို သီလတရားဖြင့်အနိုင်ယူပါ။
၃။ မိမိတို့ရဲ့ မောဟများကို ဝိပဿနာတရားဖြင့်အနိုင်ယူပါ။
၎။ မိမိတို့ရဲ့ သူတစ်ပါးအပေါ် ယှဉ်ပြိုင်လိုမှုများကို မေတ္တာတရားဖြင့်အနိုင်ယူပါ။
၅။ မိမိတို့ရဲ့ သူတစ်ပါးအပေါ် အနိုင်ယူလိုမှုများကို ကရုဏာတရားဖြင့်အနိုင်ယူပါ။
၆။ မိမိတို့ရဲ့ သူတစ်ပါးအပေါ် မနာလိုမှုများကို မုဒိတာတရားဖြင့် အနိုင်ယူပါ။
၇။ မိမိတို့ရဲ့ သူတစ်ပါးအပေါ် ရန်လိုမှုများကို ဥပေက္ခာတရားဖြင့်အနိုင်ယူပါ။
၈။ မိမိတို့ရဲ့ သူတစ်ပါးအပေါ် အပြစ်ပြောလိုမှုများကို ကိုယ်ချင်းစာတရားဖြင့် အနိုင်ယူပါ။
၉။ မိမိတို့ရဲ့ မနောကံအကုသိုလ်များကို ဝစီကံကုသိုလ်များဖြင့်အနိုင်ယူပါ။
၁၀။ မိမိတို့ရဲ့ နိမ့်ကျနေတဲ့စိတ်များကို မိမိကိုယ်တိုင် မြှင့်တင်ခြင်းဖြင့် အနိုင်ယူပါ။
( ချမ်းအေးဆရာတော် )
..........................
အရှင်ဝိစိတ္တသာရ ပြုစုထားသော “ တရားလက်ဆောင် ” စာအုပ်မှ ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

ကွက်လပ်ဖြည့် မေတ္တာ





(၁) ကိုယ့်အစာအိမ်က မလိုအပ်ပဲ ၀ယ်စားလိုက် နေကြာစေ့ တစ်ထုပ်ရဲ့ တန်ဘိုးဟာ ဆာလောင်နေတဲ့ ကလေးတစ်ယောက် အတွက်ဆိုရင် အသက်ကယ်တဲ့ နေ့လည်စာ တစ်နပ်လည်း ဖြစ်နိုင်ကောင်းပါရဲ့....

(၂) ကိုယ့်ဖိနပ်စင်မှာ နေရာမလပ်ရှိနေပါလျှက် ထပ်မံ ဖြည့်တင်းလိုက်တဲ့
ဒေါက်ဖိနပ်တစ်ရံရဲ့ တန်ဘိုးဟာ ဆူးစူးနေတဲ့ ခြေထောက်လေးပေါင်းများစွာ အတွက်တော့ အကာအကွယ် တခု ပေးနိုင်ကောင်းပါရဲ့...

(၃) ပြည့်နှက်နေတဲ့ ကိုယ့်အ၀တ်ဗီဒိုထဲကို ပိုပြီး ကျပ်သိပ်သွားအောင်
ဖြည့်ဆည်းလိုက်တဲ့ နိုင်ငံခြားဖြစ် အ၀တ်တစ်ထည်ရဲ့ တန်ဘိုးဟာ
ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ ကလေးတစ်ယောက် အတွက်တော့
နွေးထွေးမှုလေးတစ်ခု ပေးစွမ်းနိုင်ကောင်းပါရဲ့...

(၄) ကိုယ့်မိသားစု အတွက် ဘယ်လိုမှ ကောင်းကျိုး မပေးနိုင်ပဲ ဖြုန်းတီးပစ်လိုက်တဲ့ ဘီယာဗူးပေါင်းများစွာရဲ့ တန်ဖိုးဟာ မွတ်သိပ်နေတဲ့ ဘ၀ပေါင်းများစွာ အတွက်တော့ သန့်စင်တဲ့ ရေတစ်ကန် အဖြစ် ကျေးဇူးပြုနိုင်ကောင်းပါရဲ့...

(၅) ကိုယ့်အတွက် လူမြင်ကွင်းမှာ ကြွားဝါဖို့လောက်သာ အသုံးကျတဲ့ iPhone တစ်လုံးရဲ့ တန်ဖိုးဟာ အနာဂါတ်မဲ့ ကလေးတစ်ယောက် အတွက်တော့ ဘ၀အာမခံချက်ကို ပေးနိုင်တဲ့ ပညာရေး တစ်ခု အဖြစ်ဖြည့်ဆည်း
ပေးနိုင်ကောင်းပါရဲ့....

ကိုယ့်အတွက် မလိုအပ်တာလေးတွေကို လောကလိုအပ်ချက်လေးတွေ အဖြစ်
ပြောင်းလဲနိုင်ပါစေ...

မေတ္တာဖြင့်....
( အရှင်တေဇာနန္ဒ )
ရွှေဘုန်း (စေတနာပန်းခင်း) 3.11.2012 at ဇလွန်