ခဲတံ ။ ။ “ကျွန်တော်စိတ်မကောင်းပါဘူးဗျာ ….”
ခဲဖျက် ။ ။ “ဘာကိုစိတ်မကောင်းဖြစ်နေတာလဲ။ မင်းဘာမှ မမှားပါဘူးကွ။”
ခဲတံ ။ ။ “ကျွန်တော့်ကြောင့် ခင်ဗျားထိခိုက်ခံစား စေရတဲ့အတွက် စိတ်မကောင်းဖြစ်နေတာပါ။ ကျွန်တော်အမှား တစ်ခုလုပ်လိုက်တိုင်း ခင်ဗျားကလိုက်ပြီးဖျက်ပေးရတယ်လေ။ ကျွန်တော့ရဲ့ အမှားတွေကိုဖျက်ပေးတိုင်းမှာလဲ ခင်ဗျားတဖြည်းဖြည်း လုံးပါးပါးနေရတယ်လေ။”
ခဲဖျက် ။ ။ “အဲဒါကတော့ဟုတ်တာပေါ့။ ဒါပေမယ့် အဲလိုတော့ ငါမထင်မိပါဘူး။ မင်းသိတဲ့အတိုင်းပဲ ငါကအဲဒီလိုလိုက်ပြီး ဖျက်ပေးနေဖို့ပဲ ခဲဖျက်ဖြစ်နေတာကိုးကွ။ ငါ့ကို တစ်နေ့ကျရင် အခြားတစ်ခုနဲ့အစားထိုးမယ်ဆိုတာသိနေလဲပဲ၊ ဒီလိုလိုက်လုပ်ပေးနေရတာကိုပဲ ပျော်နေရတာပါကွာ။ ဒါကြောင့် သိပ်လဲစိတ်မကောင်းမဖြစ်ပါနဲ့။ မင်းဝမ်းနည်းနေတာကို ငါမတွေ့ချင်ပါဘူးကွာ။ :)”
ဒီလို ခဲဖျက်နဲ့ခဲတံ တို့ရဲ့ အပြန်အလှန်စကားပြောသံတွေကို ကျွန်တော်ကြားပြီးတော့ ပြင်းပြတဲ့စိတ်ခံစားမှုတစ်ခုကို ခံစားမိပါတယ်။ မိဘများဟာ ခဲဖျက်နဲ့အလားတူသလို၊ သားသမီးများဟာလဲ ခဲတံများလိုပါပဲ။ မိဘတွေဟာ သားသမီးများအတွက်အမြဲ အသင့်ရှိနေပြီး သူတို့ရဲ့အမှားတွေကို ပြင်ဆင်ပေးကြပါတယ်။ ဒီလိုနဲ့ အကြိမ်ကြိမ်ပြင်ဆင်ပေးရတဲ့အတွက် ထိခိုက်ခံစားရပြီး၊ တဖြည်းဖြည်းလုံးပါးပါး (တဖြည်းဖြည်း အိုမင်းလာပြီး နောက်ဆုံးတော့မှာကွယ်လွန်)သွားရပါတယ်။ တစ်နေ့မှာ သားသမီးများဟာ အခြားသူတစ်ဦး (ဇနီး/ခင်ပွန်း) နဲ့လက်တွဲသွားမှာသိနေပေမယ့်လဲ မိဘများကတော့ ဒီလိုလုပ်ဆောင်ပေးနေရတာကိုပဲဝမ်းမြောက်နေကြရပြီး သူတို့ရဲ့ တန်ဖိုးထားရတဲ့သူတွေ စိတ်ပူပန်ဝမ်းနည်းနေရမှာကိုလဲ ဘယ်တော့မှတွေ့ချင်မှာမဟုတ်ကြပါဘူး။
မိဘများအားလုံးကိုရည်စူးလျက် ………..
No comments:
Post a Comment