လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...
Showing posts with label အချစ်ရေး. Show all posts
Showing posts with label အချစ်ရေး. Show all posts

ချစ်သူနှစ်ဦးလမ်းခွဲရခြင်း (၁၀)မျိုး



ချစ်သူတွေဖြစ်ခဲ့တာ မမှားပါဘူး
နားလည်မှု့မရှိတာက မှားတာပါ..

သ၀န်တိုခဲ့တာတွေ မမှားဘူး
သံသယ တွေ ၀င်ခဲ့တာ မှားတာပါ..

ကျီစယ်ခဲ့တာတွေ မမှားဘူး
ပျက်ရယ်ပြုခဲ့တာတွေ မှားတာပါ..

စိတ်ကောက်ခဲ့တာတွေ မမှားပါဘူး
ပြန်မချော့နိုင်တဲ့ မာနတွေက မှားတာပါ..။

ပိတ်ပင်တားမြစ်တာက မမှားပါဘူး
ချုပ်ခြယ်ချည်နှောင်ထားတာက မှားတာပါ...။

အနေမနီးခြင်းက မမှားပါဘူး
နွေးထွေးမှု့ မရှိခြင်းက မှားတာပါ..။

အရမ်းချစ်ပြခဲ့တာက မမှားပါဘူး
တယောက်ထဲ အတွေးချော်တာက မှားတာပါ...

တစိမ်းတွေ ၀င်စွက်ဖက်တာ မမှားပါဘူး..
တစိမ်းစကားတွေ နားယောင်တာက မှားတာပါ...။

အတိတ်ကို ဂရုမစိုက်တာ မမှားပါဘူး
အနာဂတ်အတွက် ရည်ရွယ်ချက်မဲ့တာ မှားတာပါ..။

တခါတခါ ချစ်သူကိုဦးစားမပေးနိုင်တာ မမှားပါဘူး
ချစ်သူကို အလေးမထားသလိုနေတာက မှားခဲ့တာပါ...။

♥♥♥အချစ်စစ်ဆိုတာ သက်တမ်းရင့်တဲ့ဝိုင်တမျိုးလိုပါပဲ♥♥♥


အချစ်ကအသက်ကြီးလာတဲ့အခါ
ပူလောင်တဲ့အနမ်းတွေမရှိတော့ဘူး
နွေးထွေးတဲ့မေတ္တာနဲ့အနမ်းတွေပဲရှိတော့တယ်

အချစ်က အသက်ကြီးလာတဲ့အခါ သဝန်တိုခြင်းတွေမရှိတော့ဘူး
နွေးထွေးတဲ့ နားလည်မှုတရားတွေပဲရှိတော့တယ်

အချစ်က အသက်ကြီးလာတဲ့အခါ ရန်ဖြစ်ခြင်းတွေမရှိတော့ဘူး
တယောက်နဲ့တယောက် နွေးထွေးတဲ့ဖေးမခြင်းတွေပဲရှိတော့တယ်

အသက်ကြီးလာတဲ့အခါ
မျှော်လင့်ချက်တွေပါးလျကောင်းပါးလျလာနိုင်တယ်
ရင်ခုန်သံခုန်နှုန်းတွေ လျော့ကျကောင်းလျော့ကျလာနိုင်တယ်
ဒါပေမဲ့တကယ့်အချစ်ဆိုတာကတော့ လျော့ကျမသွားနိုင်ပါဘူး

တကယ်လို့အချစ်ဆိုတာ အချိန်နဲ့သာဆုံးဖြတ်တာဆိုရင်
အချိန်ကြာလေတကယ့်အချစ်ဟာ ပိုလေးနက်လာလေပါပဲ

အချစ်စစ်ဆိုတာ ဝိုင်လိုပဲလေ
သက်တမ်းရင့်လေ ပိုသောက်လို့ကောင်းလာလေပါပဲ..

သေဆုံးတော့မဲ့လူတယောက်ရဲ့ဘေးမှာလက်ကိုကိုင်ပြီး အားပေးနေမဲ့တစုံတယောက်ဟာတခြားလူမဟုတ်ပါဘူး
သင့်ကိုအရမ်းချစ်တဲ့ချစ်သူပါပဲ ။ ။

♥ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ!♥

ညနေခင်းလေးတစ်ခု... လှပတဲ့ ဆည်းဆာနေရောင်က လောကတစ်ခွင်ကို ဖြန့်ကြက်ထားတယ်။ ရှည်လျှားတဲ့ လမ်းမထက်က စက်ဘီးလေး တစ်စီးပေါ်မှာ ကောင်လေးက ကောင်မလေးကို တင်နင်းထားတယ်။ "ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ! " ကောင်လေးခါးကို ပွေ့ဖက်ထားတဲ့ ကောင်မလေးက ကောင်လေးကျောကို မှီပြီး ခပ်တိုးတိုးလေး မေးတယ်။ ကောင်လေးရဲ့အဖြေက ကောင်မလေး စိတ်ကျေနပ်လောက်တဲ့ အမှတ်ပြည့်အဖြေ မဟုတ်မှန်း ကောင်မလေးသိနေခဲ့တယ်။ "ချစ်စရာ စကားလေးတွေနဲ့ ဖြေဖို့ အခွင့်အရေးပေးမယ်" ကောင်မလေးက ချွဲနွဲ့ပြီးပြောတော့ ကောင်လေးက စိတ်ပါလက်ပါ စဉ်းစားလိုက်တယ်။ မီးနီနေတုန်း ကောင်လေးက ကောင်မလေးကို လက်"တစ်"ချောင်းထောင်ပြပြီး အဖြေပေးလိုက်တယ်။ ကောင်မလေးက ဝမ်းသာအားရ "တစ်သက်လုံး! " လို့ ပြောတယ်။ ကောင်လေးရီလိုက်တယ်။ ကောင်မလေးရဲ့ အပြောမှန်သွားလို့ မဟုတ်ပါဘူး။ ကောင်မလေးဆီက အပျော်တွေ ကူးစက်သွားလို့ဖြစ်တယ်။ မီးစိမ်းတော့ ကောင်လေးက စက်ဘီးကိုဆက်နင်းပြီး ကောင်မလေးကို တိုးတိုးလေး ပြောတယ်။ "နင့်ကိုငါ ဒီလိုအဖြေမျိုးပေးမှာ မဟုတ်ဘူး။ ဒီလိုအဖြေမျိုးက လူတိုင်းဖြေတတ်တဲ့အတွက် မစစ်မှန်သလိုပဲ... ပြန်စဉ်းစားကြည့်ပါအုန်း" ကောင်လေးစကားကို ကောင်မလေးက ခေါင်းညိတ်ထောက်ခံရင်း "ဒီလိုဆိုရင် တစ်ရက်လား?" "ဟား..ဟား ငါတို့ချစ်တာတောင် နှစ်လကျော်နေပြီ။ တစ်ရက်၊ တစ်ပတ်၊ တစ်လဆိုတဲ့ အဖြေမျိုးက မဖြစ်နိုင်ဘူးလေ" ကောင်လေးအပြောမှာ ကောင်မလေးရောယောင် ရီရင်း " တခဏတော့ မဟုတ်ရပါဘူးနော်" လို့ အသံကျယ်ကြီးနဲ့ မေးတယ်။ ကောင်မလေးအပြောကြောင့် စက်ဘီးလဲမတတ် ကောင်လေးအော်ရီမိတယ်။ ကောင်မလေးရဲ့ ဒီလို ရွတ်နောက်နောက်အပြောနဲ့ ကြည်လင်တဲ့ ရယ်သံတွေကို ကောင်လေး အရမ်းချစ်ခဲ့တယ်။ ကောင်မလေးရဲ့လက်ကို ကောင်လေးတင်းတင်းလေး ဆုတ်ကိုင်ထားလိုက်တယ်။ "ဒီလိုဆိုရင် တစ်နှစ်လား?" ကောင်လေး ခေါင်းခါပြလိုက်တယ်။ "ဒီလိုဆိုရင် နှစ်တစ်ရာကွာ... ငါ့ကို နှစ်တစ်ရာချစ်ရင် ရပြီ" ကောင်မလေးက စိတ်မရှည်ဘဲ ပြောနေပေမယ့် မျက်နှာပေါ်မှာ အပျော်ရိပ်တွေ သမ်းနေခဲ့တယ်။ "နှစ်တစ်ရာ! မတိုလွန်းဘူးလားကွာ.. နှစ်တစ်ရာနဲ့ ငါနင့်ကို ချစ်လို့ မဝနိုင်ဘူး" ကောင်လေးရဲ့ စကားလက်နက်က ကောင်မလေးရဲ့နှလုံးသားထဲ စူးစူးနစ်နစ် ထိုးစိုက်သွားတယ်။ ကောင်မလေးရဲ့ တိုးညှင်းညှင်းရီသံက ကောင်လေးကို မီးနီဖြတ်မောင်းရဲတဲ့ အင်အားတွေ ပေးခဲ့တယ်။ "အဖြေကို သိချင်ပြီလား?" ကောင်လေး ဖြေချင်နေပြီ။ "ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ?" ကောင်မလေးလည်း အဖြေကို ကြားချင်နေပြီ။ ကောင်လေးက လက်တစ်ချောင်းထောင်ပြရင်း "နင်ငါ့ကို မချစ်တော့တဲ့ တစ်နေ့အထိ ငါချစ်နေမယ်" ကောင်လေးစကားကြောင့် ကောင်မလေး ငေးငိုင်သွားခဲ့ရတယ်။ နင်ငါ့ကို မချစ်တော့တဲ့ တစ်နေ့အထိ ငါချစ်နေမယ်! အဲဒီတစ်နေ့က ဘယ်လောက်ကြာနိုင်မလဲ? တိုနိုင်သလို ၊ ရှည်နိုင်တယ်။ ထာဝရ၊ တခဏလဲ ဖြစ်နိုင်ပေမယ့် တိကျတဲ့ အဖြေဖြစ်ခဲ့ပါတယ်။ 

အချစ်နဲ့ နားလည်မှု



သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က အချင်းချင်း စိတ်လက်ချမ်းသာစေတဲ့အချစ်ကို သယ်ဆောင်ပေးလာနိုင်သတဲ့။

သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က နောက်ဆုံးမှာ သင့်ကိုဆင်ခြေတွေးတောစရာ တစ်ခုပေးပါသတဲ့။ အဲဒီတွေးတောစရာက "လူ့ဘဝမှာ "နားလည်မှုရှိတာ"ဟာ "ချစ်တာ"ထက် ပိုအရေးပါတယ်" ဆိုတာပဲဖြစ်တယ်။

"သင့်ကိုနားလည်တဲ့သူ ချစ်ပါစေ"ဆိုတဲ့ သီချင်းဟောင်းတစ်ပုဒ်မှာ သီချင်းစာသားတစ်ခုက..... "ချစ်ကြိုက်တယ်ဆိုတာ တစ်ဘက်သားရဲ့ နေထိုင်မှုထဲဝင်ရုံတင်မဟုတ်ဘူး.. အချင်းချင်းရဲ့ဘဝထဲ ပိုဝင်နိုင်ရမယ်"လို့ ဆိုထားပါတယ်။ "အချစ်"ရဲ့ အမြင့်ဆုံးအဆင့်က "နားလည်မှု"ဖြစ်တယ်။

"နားလည်တာလား! ချစ်တာလား!"ဆိုတာကို လူတွေက ရွေးချယ်မှုပုစ္ဆာအဖြင့် သဘောထားပြီး လူအများက "ချစ်တယ်"ဆိုတာကို ရွေးချယ်တတ်ကြတယ်။ နားလည်တာထက် ချစ်ရတာဟာ လူကို ပိုကြည်နူးစေတယ်လို့ သူတို့ထင်ကြလို့ဖြစ်တယ်။

တကယ်တမ်းတော့ ဒီလိုမဟုတ်ခဲ့ပါဘူး...
မကြာခဏမြင်တွေ့နေရတဲ့ မပျော်ရွှင်တဲ့ ချစ်သူရည်းစားတွေ၊ လမ်းခွဲပြတ်စဲသွားကြတဲ့ ချစ်သူရည်းစားတွေဟာ အချင်းချင်း မချစ်ကြလို့မဟုတ်ဘူး။ အချင်းချင်း နားလည်မှုမပေးနိုင်ကြလို့ဖြစ်တယ်။ လူ့လောကထဲမှာ အချင်းချင်းနာကျင်အောင် ညှင်းပန်းနှိပ်စက်နေကြတဲ့ ယောက်ျားမိန်းမ၊ ချစ်သူစုံတွဲတွေဟာ မချစ်ကြလို့မဟုတ်ဘူး။ နားလည်မှု မရှိကြလို့ဖြစ်တယ်။

ချစ်သူဖြစ်ချိန်မှာ မိန်းကလေးတွေက ယောက်ျားလေးတွေကို နားလည်မှုပေးနိုင်တယ်လို့ သူတို့ကိုယ်သူတို့ ထင်ခဲ့ကြတယ်။ အသဲကွဲလမ်းခွဲချိန်ရောက်မှ အရင်ကနားလည်ခဲ့တဲ့ "နားလည်မှုတွေ"ဟာ "နားလည်မှုအလွဲ"တွေဆိုတာကို သူတို့သိကြရတယ်။

မိန်းကလေးတွေက နားလည်မှုမရှိဘူးလို့ ယောက်ျားလေးတွေက ထင်ကြတယ်။
မိန်းကလေးတွေက သူတို့ကိုယ်သူတို့ နားလည်မှုရှိတယ်လို့ ထင်ကြတယ်။

ယောက်ျားလေးတွေရဲ့စိတ်ကို မိန်းကလေးတွေ နားမလည်ကြဘူးလို့ ယောက်ျားလေးတွေက ထင်ကြတယ်။ ဒါဟာ မိန်းကလေးတွေရဲ့စိတ်ဒုက္ခကို ယောက်ျားလေးတွေ နားမလည်လို့လို့ မိန်းကလေးတွေက ထင်ကြတယ်။

ဒါကြောင့် နှစ်ယောက်ကမ္ဘာမှာ နားလည်မှုရှိဖို့က ချစ်ဖို့ထက် ပိုလုပ်နိုင်ဖို့ ခက်ခဲခဲ့တယ်။
သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က သင်လိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။
သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က သူလိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။

သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က တစ်ဝက်လုပ်ပြီး ဆတိုးခံစားတယ်၊ ချစ်ရတာလည်း သက်တောင့်သက်သာရှိပြီး စိတ်ချမ်းမြေ့စေတယ်၊ သင့်ကိုလည်း ပျော်ရွှင်မှုတွေ ခံစားစေတယ်။

သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က ဆတိုးလုပ်ပြီး တစ်ဝက်ပဲခံစားတယ်။ ချစ်ရတာလည်း စိတ်ပင်ပန်း၊ လူပင်ပန်းစေတယ်၊ သင့်ကိုလည်း ပျော်ရွှင်မှုမပေးနိုင်ဘူး။

သင့်ကိုနားလည်မှုပေးနိုင်တဲ့သူ သင့်ကိုချစ်ပါစေ...
ချစ်တယ်ဆိုတိုင်း နားလည်မှုပေးနိုင်သူ မဟုတ်ပါဘူး။
အချစ်ကို အညံ့ခံ၊ အရှုံးပေးလိုက်ရတဲ့ လူတွေအများကြီးပါ။ ဒါပေမဲ့ အဲဒီလိုအညံ့ခံပြီးနောက် နောက်ဆုံးမှာ သူတို့နားလည်သဘောပေါက်လိုက်တာက "နားလည်မှုမပေးနိုင်သူတစ်ယောက်ရဲ့ အချစ်ဟာ အချစ်နက်လေ နာကျင်ညှင်းပန်းမှုများလေ" ဆိုတာပဲဖြစ်တယ်။

နားလည်မှု့ဆိုတာ



အချစ်တစ်ခု ၊ ဆက်ဆံရေး တစ်ခုမှာ နားလည်မှုတွေက အရေးကြီးဆုံးလို့
ပြောကြပေမယ့် ကြင်သူကို ဘယ်လို နားလည်ပေးရမလဲ …သူ့စိတ်ထဲမှာ
ဘာတွေရှိနေတယ် ဆိုတာကို ကိုယ်က ဘယ်လို သိနိုင်မှာလဲ ဆိုတဲ့ မေးခွန်းတွေ
မကြာခဏ ကြားနေရမှာပါပဲ။သူတစ်ပါးဟာ ကိုယ်မဟုတ်တဲ့အတွက် သူတစ်ပါးကို
အပြည့်အ၀ နားလည်ပေးဖို့ ၊ နားလည်နိုင်ဖို့ ဆိုတာရယ်၊ နားလည်ပေးနိုင်တယ်ပဲ
ထားဦးတော့ ကိုယ့်စိတ်ကရော ဘယ်လောက်ထိ သည်းခံနိုင်မှာလဲ ဆိုတာရယ်
တွေကရှိလာပြန်ပါတယ်။

မိန်းမသားတွေ နဲ့ ယောက်ျားတွေရဲ့  အတွင်းစိတ်မတူညီမှုတွေကြောင့်
တစ်ယောက်နဲ့ တစ်ယောက် နားမလည်နိုင်မှုတွေက ကြီးထွားလာပါတယ်။

မိန်းမသားတွေက ဘယ်လောက်ပဲ ပွင့်လင်းပါတယ် ဆိုဦးတော့ ဘယ်တော့မှ
တိုက်ရိုက် မပြောတတ်ပါဘူး။မျက်နှာစူပုပ်နေပြီး ရှောင်ဖယ်ဖယ် လုပ်နေတဲ့
မိန်းမတစ်ယောက်ကို သူ့ချစ်သူက “ဘာဖြစ်နေတာလ”ဲ လို့ မေးရင် “ဘာမှမဖြစ်ဘူး”
လို့ပဲ ပြန်ဖြေမှာပါပဲ။သည်းထန်စွာ ငိုကြွေးနေဦးတော့၊ ငိုရှိုက်နေတဲ့
ကြားကပဲ “အီး..ဟီး..ဟီး…ဘာမှ မဖြစ်ဘူး။ ဘာမှ မဖြစ်ပါဘူး ဆို” လို့
ပြန်ဖြေမှာပါပဲ။

ယောက်ျားတစ်ယောက်ကျတော့ အဲလို မဟုတ်ပြန်ပါဘူး။“ဘာဖြစ်နေတာလဲ။
ဘာပြဿနာရှိလဲ” လို့ ယောက်ျားတစ်ယောက်ကို သူ့ချစ်သူ အမျိုးသမီးက မေးရင်
“အေး…ပြဿနာကတော့ မင်း”ပဲ ဆိုပြီး တဲ့တိုး ပြန်ဖြေမှာပါ။

မိန်းမတွေကို သူ့စိတ်ထဲ ဘာတွေဖြစ်နေတယ်၊ ဘာတွေရှိနေတယ်ဆိုတာ အလွယ်တကူ
မသိနိုင်ပါဘူး။ဒါပေမယ့် မိန်းမတွေ အားလုံး တူညီတဲ့ လိုအင်ကတော့ သူတို့
ဝမ်းနည်း ငိုကြွေးရင် မှီတွယ်စရာ ပခုံးတစ်ဖက် ကို အလိုရှိတာပါပဲ။

မိန်းမတွေဟာ သူတို့စိတ်ထဲမှာ သူတို့ကိုယ် သူတို့ လုံခြုံမှုရှိတယ်။ ယောက်ျား
တစ်ယောက်ကြောင့် လုံခြုံမှုရတယ်လို့ စိတ်ထဲမှာ ခံစားရတယ်ဆိုရင် အဲဒီ
မိန်းမဟာ ဘ၀မှာ ပျော်ရွှင်ပြီး အောင်မြင်တဲ့ ဘ၀တစ်ခုကို
ပိုင်ဆိုင်နိုင်ပါတယ်။ ယောက်ျားတစ်ယောက်ကြောင့် မိန်းမတစ်ယောက်ရဲ
့စိတ်မှာ လုံခြုံမှုရတယ် ဆိုရင် ဒီအချစ်ဟာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ
မဟုတ်ပါဘူး။

ယောက်ျားတစ်ယောက်ကျတော့ သူ့စိတ်မှာ သူဟာ မိန်းမတစ်ယောက်ရဲ့ 
လိုအပ်ခြင်းကို ခံရတယ်လို့ ခံစားရရင် အဲဒီယောက်ျားဟာ ဘ၀မှာ ပျော်ရွှင်ပြီး
အောင်မြင်တဲ့ဘ၀ ကိုဦးဆောင်တဲ့ ယောက်ျားတစ်ယောက်ဖြစ်လာပါတယ်။

ယောက်ျားတွေ အချစ်သစ်ရှာကြတယ်ဆိုတာမှာ များသောအားဖြင့်က လက်ရှိချစ်သူက
မိမိကို အားကိုးခြင်းမရှိဘူး။ လက်ရှိချစ်သူ အမျိုးသမီးက သူ့
ခြေထောက်ပေါ်သူရပ်တည်နိုင်ပြီး ဘ၀မှာ ချစ်သူ အမျိုးသား မပါဘဲ
အောင်မြင်နိုင်တဲ့ အမျိုးသမီးဖြစ်နေတတ်တာမျိုးဆိုရင် ချစ်သူ အမျိုးသားက
အချစ်သစ်ရှာတတ်ပါတယ်။ အဲဒီ အချစ်သစ်ဟာ သူ့ကို အားကိုးတဲ့ ၊ အစစ အရာရာ
အမျိုးသားထက် နိမ့်ပါးသူ ဖြစ်တတ်ပါတယ်။ ဒါဟာလည်း ယောက်ျားတစ်ယောက်ရဲ
့စိတ်သဘာဝပါပဲ။ အချစ်စစ် ဆိုတာ ရင်ထဲမှာ ရှိကောင်းရှိနိုင်ပါတယ်။ဒါပေမယ့်
ယောက်ျား တစ်ယောက်ဟာ မိန်းမတစ်ယောက်ရဲ့  ဘ၀မှာ သူ့ကို မလိုအပ်ဘဲ
အောင်မြင်နိုင်တယ်လို့ ယူဆသွားရင် အဲဒီယောကျာ်းဟာ တခြားတစ်ယောက်ကို
ပြောင်းချစ်မှာ အသေအချာပါပဲ။

မိန်းမတစ်ယောက် အနေနဲ့ကျတော့လည်း သူမ ကို မြတ်နိုးစုံမက်တဲ့ ၊ သူ့စိတ်မှာ
အားကိုးရာလို့ ထင်မြင်နိုင်မယ့် ယောက်ျားတစ်ယောက်ကို သာအလိုရှိပါတယ်။
ရုပ်ဝထ္ထုပစ္စည်း ကြွယ်ဝချမ်းသာမှု နဲ့ မဆိုင်ဘဲ စိတ်ပိုင်းဆိုင်ရာ
လုံခြုံနွေးထွေးမှု ပေးနိုင်မယ့် ယောက်ျားတစ်ယောက်ကို
ဘ၀မှာလက်တွဲလိုပါတယ်။

မိန်းမတစ်ယောက်ကို စည်းစိမ် ဥစ္စာ ပြည့်စုံအောင် ထားပေးနိုင်တာနဲ့ အဲဒီ
မိန်းမကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ပေးနိုင်တယ်လို့ မဆိုနိုင်ပါဘူး။
မိန်းမတစ်ယောက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရှိဖို့ ဆိုတာက သူမ
တစ်ယောက်တည်းကိုသာ ချစ်သူအမျိုးသားက မြတ်နိုးတယ် ဆိုတာ သူမစိတ်မှာ
သိထားရင် လုံလောက်ပါပြီ။

ချစ်သူ အမျိုးသားရဲ့  ချစ်တယ် ဆိုတဲ့ စကားတစ်ခွန်းဟာ သူမ အတွက် ဘ၀မှာ
ခွန်အားပါပဲ။ဒါပေမယ့် အမျိုးသားတွေကကျတော့ ချစ်သူ အမျိုးသမီးကို ချစ်တယ်
ဆိုတာ ဘ၀မှာ တစ်ခါ ပြောပြီးရုံနဲ့ လုံလောက်ပြီ
ထင်တတ်ကြပါတယ်။မိန်းမတစ်ယောက်အတွက် ချစ်သူ အမျိုးသား
ရဲ့ သိပ်ချစ်တာပဲ ဆိုတဲ့ စကားတစ်ခွန်းဟာ နေ့စဉ်လိုအပ်ပါတယ်။ သူမရဲ
့ကြောက်ရွံ့  မှုတွေ၊ သူမရဲ့ 
ဝမ်းနည်းအားငယ်မှုတွေကို ချစ်သူအမျိုးသားကို ပြောပြဝေမျှ ပါတယ်။
သူမငိုချင်ရင် အချိန်မရွေး သူမ ငိုနိုင်ပါတယ်။

ယောက်ျားတွေကျတော့ အဲလို မဟုတ်ပါဘူး။ လူသားတစ်ယောက်ဖြစ်တဲ့အတွက်
ဝမ်းနည်းအားငယ်မှု ၊ ကြောက်ရွံ့  မှု ၊ ထိတ်လန့်မှုတွေကိုလည်း အမျိုးသားများ
အနည်းနဲ့ အများ ဆိုသလို ခံစားရပေမယ့် ချစ်သူ အမျိုးသမီးကို ဝေမျှ
ပြောပြလေ့မရှိပါဘူး။ ငိုတယ်ဆိုတာ ယောကျာ်းအလုပ် မဟုတ်ဘူး။ ယောက်ျားတွေဟာ
ဘယ်တော့မှ မငိုဘူးဆိုတဲ့ တလွဲအတွေးနဲ့ သူတို့ဟာ ခံစားချက်တွေကို
ဝေမျှဖို့ အလွန် ကပ်စေးနှဲသူများ ဖြစ်တတ်ကြပါတယ်။ တကယ်လို့
ခံစားချက်တွေကို ဝေမျှ လိုက်ရင် ပြေလည်သွားမယ့် ဆက်ဆံရေးတစ်ခုမှာ
ယောက်ျားတွေရဲ့  အဲလို တလွဲမာနကြောင့် အက်ရာ ထင်ခဲ့ရတဲ့ ဆက်ဆံရေးတွေ၊
ပြိုပျက်ခဲ့ရတဲ့ ဆက်ဆံရေးတွေ အနည်းနဲ့ အများရှိပါတယ်။

ပညာတတ် ၊ ရာထူး နဲ့ မိန်းမတွေဟာ အချစ်ရေး၊ အိမ်ထောင်ရေးမှာ
မအောင်မြင်တတ်ဘူး။ ချစ်သူ ယောက်ျားရဲ့  စွန့်ပစ်ခြင်းကို ခံရတယ်ဆိုတဲ့
ကြားနေရတဲ့ လူမှုဆက်ဆံရေးနယ်ပယ်က စကားတွေက မှန်သင့်သလောက်တော့မှန်ပါတယ်။
တကယ်ပဲ အဲလိုဖြစ်နေတာတွေ ရာခိုင်နှုန်းမများလှပေမယ့် ရှိနေတာပါပဲ။တကယ်တန်း
မချစ်လို့ မဟုတ်ဘဲယောကျာ်း
တစ်ယောက် ရဲ့ တလွဲမာန နဲ့ မိန်းမတစ်ယောက်ရဲ့ 
မပွင့်လင်းမှုတွေကြောင့်ဆိုတာ အဓိကအချက်ဖြစ်ပါတယ်။

မိန်းမတစ်ယောက်အနေနဲ့ သူမရဲ့  စိတ်ကို လုံခြုံနွေးထွေးမယ့် ၊
သူမတစ်ယောက်ကို သာလျှင် မြတ်နိုးမယ့် ယောက်ျားတစ်ဦးကိုသာ
အလိုရှိပါတယ်။ယောက်ျားတစ်ယောက်ကတော့ သူ့ကို လိုအပ်မယ့် မိန်းမတစ်ယောက်ကို
သာအလိုရှိပါတယ်။

ရေရှည်ခိုင်မြဲတဲ့ အချစ်တစ်ခု ဖြစ်ဖို့ရာမှာတော့ ယောက်ျားတစ်ယောက်က
မိန်းမတစ်ယောက်ကို ချစ်ပြီဆိုရင် သူမ ကိုချစ်တဲ့အကြောင်း နေ့စဉ်
တစ်ခွန်းလောက်ပြောဖို့ လိုအပ်ပါတယ်။ ချက်ပြုတ်ကျွေးမွေးတဲ့
အစားအသောက်များကို ချီးမွမ်းပေးဖို့ ၊ ၀တ်တဲ့အ၀တ်နဲ့ လိုက်ဖက် လှပကြောင့်
ချီးမွမ်းစကားလေးတွေ ပြောဖို့ လိုအပ်လှသလို မိန်းမတစ်ယောက်ကျတော့
ချစ်သူအမျိုးသားဟာ သူမဘ၀အတွက် အရေးပါတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာ ၊
သူမဘ၀အတွက် ချစ်သူအမျိုးသား အမြဲလိုအပ်နေတယ်ဆိုတာ ၊ သူမ ဘယ်လောက် ယုံကြည်
အားကိုး တယ်ဆိုတာ အမျိုးသားကိုသိစေမယ်ဆိုရင် လှပအေးချမ်းတဲ့ အချစ်ဘဝ
တစ်ခု အစဉ်အမြဲ ဖြစ်နေမှာပါပဲ။
Forward Mail

တုံးအတဲ့မိန်းမ နဲ့ ထက်မြက်တဲ့မိန်းမ


တုံးအတဲ့မိန်းမက ယောက်ျားနဲ့အတိုက်အခံပြုတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို အားပေးကူညီတယ်။

တုံးအတဲ့မိန်းမက ယောက်ျားရဲ့ချွတ်ယွင်းချက်ကိုပဲ ထိုးဆွပြီး အမြဲစိတ်တိုတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့အားသာချက်ကိုပဲကြည့်ပြီး အမြဲပျော်ရွှင်တယ်။

တုံးအတဲ့မိန်းမက နေရာ၊ အခြေအနေမခွဲဘဲ ယောက်ျားနဲ့ငြင်းခုန်ရန်ဖြစ်တယ်၊ ယောက်ျားကို လူပုံအလယ်မှာ မျက်နှာသာမဲ့စေတယ်။
ထက်မြက်တဲ့မိန်းမက လူတွေကြားမှာ ယောက်ျားကိုမျက်နှာသာပေးတယ်။ ဆုံးမစရာ၊ ပြောစရာရှိရင် နှစ်ကိုယ်ကြားမှာပဲပြောတယ်။

တုံးအတဲ့မိန်းမက ယောက်ျားကို သိမ်ငယ်အောင်လုပ်တယ်။ ယောက်ျားကိုသိမ်ငယ်စေတာဟာ ကိုယ့်ကိုသိမ်ငယ်စေတယ်ဆိုတာကို သူမေ့နေလို့ဖြစ်တယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို တန်ဖိုးထားလေးစားတယ်။ ယောက်ျားကို လေးစားတာဟာ ကိုယ့်ကိုပိုပေါ်လွင်စေကြောင်း သူနားလည်လို့ဖြစ်တယ်။

တုံးအတဲ့မိန်းမက အတိတ်ဟောင်းကို ခဏခဏထုတ်ပြီး ယောက်ျားကို တဗျစ်တောက်တောက်ပြောတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားနဲ့အတူ လှပတဲ့အနာဂတ်ရောက်ဖို့ ဦးတည်တယ်။

တုံးအတဲ့မိန်းမက ယောက်ျားရဲ့အမှားကို မလွတ်တမ်းဆုပ်ကိုင်ပြီး ယောက်ျားအကြောင်းအကုန်သိသူလို့ ကိုယ့်ကိုယ်ကိုထင်တယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့အမှားကိုခွင့်လွှတ်ပြီး ယောက်ျားဆိုတာ ဘယ်တော့မှ မကြီးပြင်းတတ်တဲ့ကလေးလို့ဆိုတယ်။

တုံးအတဲ့မိန်းမက "နင် ထွက်သွား!" လို့ အော်ဟစ်တယ်။
ထက်မြက်တဲ့မိန်းမက "ငါ့အနားက မခွာနဲ့"လို့ဆိုတယ်။

တုံးအတဲ့မိန်းမက ယောက်ျားကို မြားတစ်စင်းလို တင်းတင်းဆွဲတယ်။ တင်းတင်းဆွဲလေ ဝေးဝေးကိုရောက်လေပါပဲ။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို လေတံခွန်လို လွှတ်တယ်။ လက်ထဲက ကြိုးကို စိတ်အေးလက်အေးကိုင်တယ်။

တုံးအတဲ့မိန်းမက ကိုယ်တော်၊ ကိုယ်တတ်ကြောင်းကို ပိုအရေးစိုက်တယ်။
ထက်မြက်တဲ့မိန်းမက ထောက်ပံ့၊ မှီခိုအားထားဖို့ကို ပိုနားလည်တယ်။
တုံးအတဲ့မိန်းမက ယောက်ျားအနား တဖဝါးမှမခွာ ထိန်းကျောင်းတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားအနား ခွာလိုက်၊ ကပ်လိုက်လုပ်တယ်။

တုံးအတဲ့မိန်းမက ချက်ပြုတ်လျှော်ဖွပ်တာကို သိပေမယ့် ကိုယ့်ကိုယ်ကို မပြုပြင်၊ မဖီးလိမ်းချင်ဘူး။
ထက်မြက်တဲ့မိန်းမက ချက်ပြုတ်လျှော်ဖွပ်တာကို သိသလို ကိုယ့်ကိုယ်ကိုလဲ ဖီးလိမ်းပြုပြင်ဖို့ မမေ့ဘူး။

တုံးအတဲ့မိန်းမက ယောက်ျားကို ဖိအားနဲ့ စိတ်ဖိစီးမှုတွေပေးတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို စိတ်အားထက်သန်မှုနဲ့ လှုပ်ရှားမှုကိုပေးတယ်။

တုံးအတဲ့မိန်းမက သူ့မျက်ရည်ကြားမှာ ယောက်ျားကိုကျရှုံးစေတယ်။
ထက်မြက်တဲ့မိန်းမက သူ့အရယ်အပြုံးကြားမှာ ယောက်ျားကိုအောင်မြင်စေတယ်။
                                                                         
                                                                                နိုင်နိုင်းစနေဘာသာပြန်သည်။
                                                                                                  FORWARD MAIL မှတဆင့်.......

ဘာကြောင့် ချစ်ခင်သူလိုအပ်ရတာလဲ



လူဆိုတာ တစ်ဦးတစ်ယောက်တည်း နေလို့မရပါဘူး။ မိသားစု၊ ဆွေမျိုး၊ အပေါင်းအသင်း၊ မိတ်ဆွေ၊ သူငယ်ချင်း စတဲ့ ကိုယ်ချစ်ခင်သူတွေနဲ့ ဘဝကို လျှောက်လှမ်း ဖြတ်သန်းကြရပါတယ်။ ချစ်ခင်သူတွေက သင့်ဘဝအတွက် မရှိမဖြစ်ကို လိုအပ်ပါတယ်။ သင့်ရဲ့ဝမ်းနည်းမှု၊ ပျော်ရွှင်မှုတွေကို မျှဝေခံစားဖို့၊ သင်အားငယ်ချိန်မှာ အားပေးဖို့၊ သင့်အောင်မြင်မှုကို မုဒိတာပွားပေးဖို့၊ သင်ရှုံးနိမ့်ချိန်မှာ ဖေးမကူညီပေးဖို့ သင့်အတွက် အရေးတကြီး လိုအပ်တာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ချစ်ခင်ရတဲ့သူပါ။

၁။ ယုံကြည်မှုရှိစေသူ

သင့်အလုပ်မှာ မတော်တဆ အလွဲအမှားတစ်ခုကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မဲ့သွားတာလား၊ အလုပ်ရှင်ဆူခံရလို့ စိတ်ပျက် အားငယ်သွားတာလား၊ ပတ်ဝန်းကျင်ကလူတွေ ထိုးနှက်မှုကြောင့် စိတ်ဓာတ် ကျနေတာလား။ ဒီအချိန်မှာ သင်လုပ်သင့်တဲ့အရာက အသက်ကို ဖြည်းဖြည်းချင်း အဆုံးထိ ရှူသွင်းပြီး သင်ချစ်ခင်သူဆီ ဖုန်းဆက်လိုက်ပါ။ အချိန်မရရင် ဖုန်းထဲကပဲ ရင်ဖွင့်လိုက်ပါ။ အချိန်ရခဲ့ရင်တော့ အေးအေးဆေးဆေး စကားပြောနိုင်မယ့် နေရာတစ်နေရာကို ချိန်းဆိုပြီး သင့်ရဲ့ စိတ်ပျက်အားငယ်မှုတွေကို ပြောဆို တိုင်ပင်လိုက်ပါ။ သင်ချစ်ခင်သူဆီက အားပေးစကားကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ပြန်လည် တည်ဆောက်နိုင်ပါလိမ့်မယ်။

၂။ တိုင်ပင်ဖော်၊ တိုင်ပင်ဖက်

တစ်ခါတစ်ရံ တချို့နေရာတွေကို တစ်ယောက်တည်းသွားဖို့ အခက်အခဲ ရှိတဲ့အခါမျိုးမှာ သင့်ချစ်ခင်သူက သင့်အတွက် အဖော်မွန်ကောင်းတစ်ယောက် ဖြစ်စေမှာပါ။ ဈေးဝယ်ထွက်တဲ့အခါ သင်နဲ့အတူ သင့်ချစ်ခင်သူက တိုင်ပင်ဖော်၊ တိုင်ပင်ဖက်ကောင်း တစ်ယောက် ဖြစ်စေသလို၊ အခမ်းအနား တက်ရောက်ရတဲ့ အခါမျိုးမှာလည်း သင့်ကို မဝံ့မရဲမဖြစ်စေဘဲ လူတောတိုးရဲအောင် ခွန်အား ရှိစေပါလိမ့်မယ်။

၃။ စိတ်ဖြေပေးမယ့်သူ

နေ့စဉ်နဲ့အမျှ ကျင်လည်လှုပ်ရှားနေရတဲ့ လူမှုပတ်ဝန်းကျင်မှာ စိတ်ဖိစီးမှုတွေ အနည်းနဲ့အများဆိုသလို ရှိနေပါတယ်။ ဒါကို ဖြေဖျောက်ပေးမယ့်သူက သင့်ရဲ့ချစ်ခင်သူပါ။ စိတ်ဖိစီးမှုတွေ ကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုအတွက် ချစ်ခင်သူက မရှိမဖြစ်ပါ။

၎။ သစ္စာရှိစေသူ

သင်နဲ့ သင့်ချစ်ခင်သူတို့ရဲ့ ဆက်ဆံရေးတွေ ကြာရှည်လာတာနဲ့အမျှ တစ်ဦးနဲ့တစ်ဦး ခင်မင်မှုတွေ၊ သံယောဇဉ်တွေ တိုးပွားလာပါတယ်။ အချိန်ကာလတွေက သင်နဲ့ သင့်ချစ်ခင်သူကြား တီးတိုး တိုင်ပင်တာကစလို့ ကြီးကြီးမားမား လုပ်ငန်းကိစ္စတွေအထိ ပြောဆိုနိုင်ပြီး တစ်ဦးနဲ့တစ်ဦး သစ္စာရှိမှုကို တည်ဆောက် ယူနိုင်ပါလိမ့်မယ်။

၅။ တံခါးဖွင့်ပေးမယ့်သူ

သင်ဟာ ခေါင်းမာတဲ့သူတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင်တော့ တော်ရုံနဲ့ အတွေးအခေါ် ထင်မြင်ချက် အသစ်..အသစ်တွေကို လက်ခံချင်မှ လက်ခံပါလိမ့်မယ်။ ဒါပေမဲ့ သင့်ချစ်ခင်သူက ပြောပြတဲ့အခါ သင်လက်ခံကောင်း လက်ခံနိုင်ပါတယ်။ သင့်အတွေးအခေါ်တွေ ဆန်းသစ်စေဖို့ သင့်ကို တိုက်တွန်းပေးပါလိမ့်မယ်။ သင့်မျက်စိနဲ့ ဦးနှောက်ကို တံခါးဖွင့်ပေးမယ့်သူက သင့်ချစ်ခင်သူပါ။

အိမ်ထောင်ရေး (၃)မျိုး



အိမ်ထောင်ရေး (၃)မျိုးရှိတယ်။ပထမအိမ်ထောင်ရေး ----- ကိုယ်ချစ်တဲ့လူနဲ့ လက်ထပ်တာဖြစ်တယ်။
ဒုတိယအိမ်ထောင်ရေး ----- ကိုယ်ချစ်တဲ့လူရဲ့အကျင့်နဲ့ လက်ထပ်တာဖြစ်တယ်။
တတိယအိမ်ထောင်ရေး---- ကိုယ်ချစ်တဲ့လူရဲ့အကျင့်၊ သူ့ရဲ့ဘက်ဂရောင်း (ဆွေမျိုးသားခြင်း)နဲ့ လက်ထပ်တာဖြစ်တယ်။

ပထမအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက တည်မြဲတဲ့အဆင့်မှာရှိတယ်။
ဒုတိယအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက ပိုတည်မြဲတဲ့အဆင့်မှာရှိတယ်။
တတိယအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက ကွာရှင်းတဲ့လမ်းမမြင်ခဲ့ဘူး။

ဒီလောကကြီးမှာ ဆံဖြူသွားကျိုးတဲ့အထိ ချစ်နိုင်ကြတဲ့လူတွေဟာ အခြေခံအားဖြင့် ဘဝမှာ(၃)ကြိမ် လက်ထပ်ကြရတယ်။

ပထမတစ်ကြိမ်က စားသောက်ဆိုင်မှာ၊ ဆိုင်ကြီးကနားမှာ မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ ဆုမွန်ကောင်းတွေကြားမှာကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်တာဖြစ်တယ်။

ဒုတိယအကြိမ်က အိမ်မှာလက်ထပ်တာဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး သဟဇတဖြစ်အောင် တစ်ဘက်သားရဲ့အကျင့်နဲ့ လက်ထပ်တာဖြစ်တယ်။

တတိယအကြိမ်က အမျိုးတွေကြားမှာ လက်ထပ်တာဖြစ်တယ်။ တစ်ဘက်သားရဲ့ ဆွေမျိုးသားချင်းတွေနဲ့ သင့်မြတ်အောင် လက်ထပ်တာဖြစ်တယ်။

ဒုတိယအကြိမ်နဲ့ တတိယအကြိမ်လက်ထပ်တာက ပထမအကြိမ်နဲ့ လုံးဝကွဲပြားတယ်။ အဲဒီလက်ထပ်ပွဲတွေမှာ ခမ်းနားတဲ့ မင်္ဂလာအဆောင်အယောင်တွေမပါသလို၊သူငယ်ချင်းမိတ်ဆွေတွေရဲ့ဆုမွန်ကောင်းတွေမပါခဲ့ဘူး။ အခမ်းအနားမှာ နှစ်ဦးသားရဲ့ နားလည်မှုပဲရှိခဲ့တယ်။

တကယ်လက်ထပ်တယ်ဆိုတာက နောက်ဆုံးနှစ်ကြိမ်နဲ့ ပိုဆိုင်ပါတယ်။

အခုခေတ် လူအများရဲ့ အိမ်ထောင်ရေးက လက်ထပ်ပြီး နှစ်တိုတိုအတွင်းမှာ ကွာရှင်းကြတယ်။ ကွာရှင်းကြတဲ့အကြောင်းရင်းကို ဆန်းစစ်ကြည့်ရင်
 ကိုယ်လက်ထပ်ခဲ့တဲ့ ပထမအကြိမ်ကို ဒုတိယအကြိမ်ထိ အရောက်မတွန်းပို့နိုင်ခဲ့လို့ဖြစ်တယ်။

အားလုံးသိကြတဲ့အတိုင်း ရေနွေးဆူဆူက ပိုးမွှားတွေကို သတ်ပစ်နိုင်သလို အချိန်မြင့်တဲ့အချစ်ဒီဂရီက ချစ်သူရဲ့ အားနည်းချက်နဲ့ မပြည့်စုံမှုကိုမျက်ကွယ်ပြုနိုင်တယ်။

ချစ်နေတဲ့အချိန်မှာ မမြင်ခဲ့မိတဲ့ အားနည်းချက်၊ မပြည့်စုံမှုတွေက လက်ထပ်ထိမ်းမြားခြင်းဆိုတဲ့ မပူ၊ မအေးတဲ့ ရေထဲရောက်သွားတဲ့အခါအဲဒီအားနည်းချက်နဲ့ မပြည့်စုံမှုတွေက ပိုးမွှားတွေလို ပြန်ရှင်သန်လာတတ်တယ်။

ဒီလိုအချိန်မျိုးမှာ ဒုတိယအကြိမ်လက်ထပ်ခြင်းကို ကိုယ်ရွေးချယ်သင့်ပါတယ်။ သူ့အကျင့်နဲ့လက်ထပ်မယ်၊ သူရဲ့အားနည်းချက်နဲ့မပြည့်စုံခြင်းတွေကို နားလည်ခွင့်လွတ်ပေးမယ်၊ ဒီလိုမှမဟုတ်ရင် အိမ်ထောင်ရေးက အမြစ်ပါးသွားတဲ့သစ်ပင်လို တဖြေးဖြေးကျူံ့ဝင်ခြောက်ကပ်သွားနိုင်တယ်။

အရမ်းချစ်ပြီး ယူထားကြသူနှစ်ဦးက နှစ်တိုတိုလေးအတွင်းမှာ ကွာရှင်းကြတာဟာလည်း ဒုတိယအကြိမ် လက်ထပ်ခြင်းဆီအရောက်မသွားနိုင်ခဲ့လို့ဖြစ်တယ်။

ဒုတိယအကြိမ် လက်ထပ်ခြင်းထဲ ဝင်ရောက်နိုင်သူနှစ်ဦးက "ကွာရှင်းမယ်"ဆိုတဲ့စကားကို အပြောနည်းသွားတတ်တယ်။
သူတို့ရဲ့စိတ်ထဲမှာ တစ်ဘက်သားရဲ့ အကျင့်စရိုက်နဲ့မပြည့်စုံမှုတွေကို နားလည်လက်ခံထားလို့ဖြစ်တယ်။ တစ်ခါတလေတစ်ဘက်သားရဲ့ ဒီလိုမပြည့်စုံမှုက ကိုယ့်ကိုဂရုစိုက်မှုအသွင် ပြောင်းစေခဲ့လို့ဖြစ်တယ်။

ဒီလိုအချိန်မျိုးမှာ အိမ်ထောင်ရေးက ချိုမြိန်နွေးထွေးနေပြီး အချင်းချင်း နားလည်ခွင့်လွတ်ခြင်းတွေနဲ့ ပြည့်နေပါလိမ့်မယ်။

အိမ်ထောင်ရေးနွေးထွေးတာနဲ့ အိမ်ထောင်ရေးတည်မြဲပြီလို့ ယူဆလို့မရနိုင်သေးဘူး။ အိမ်ထောင်ရေးတည်မြဲဖို့ တတိယအကြိမ်လက်ထပ်ခြင်းကိုအရောက်တက်လှမ်းနိုင်ရဦးမယ်။ အဲတာက တစ်ဘက်သားရဲ့ ဆွေမျိုးသားချင်းနဲ့ လက်ထပ်တာပဲဖြစ်တယ်။

တစ်နည်းပြောရရင် သူ့အပေါ်ထားတဲ့ ကိုယ်ရဲ့ချစ်ခြင်းမေတ္တာတွေ သူ့မိဘ၊ သူ့ဆွေမျိုးသားချင်းဆီအရောက် ဖြန့်ကျက်နိုင်ဖို့ဖြစ်တယ်။ဒီလိုချစ်ခြင်းမေတ္တာမျိုးမှာ အိမ်ထောင်ရေးအတွက် အသိဥာဏ်တွေကိုပေးတယ်။

ကိုယ့်ရဲ့တစ်ခြမ်းကို ကိုယ်ပဲပိုင်ဆိုင်တာ မဟုတ်ပါဘူး။ သူ့ကို သူ့မိဘ၊ သူ့ဆွေမျိုးသားချင်းတွေလည်း ပိုင်ဆိုင်ပါတယ်။ ပြီးတော့သူ့ကိုယ်သူ ပိုင်ဆိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အိမ်ထောင်ရေးကတည်မြဲပြီး ခွဲချင်တယ်ဆိုရင်တောင် မလွယ်တကူ မခွဲနိုင်တော့ပါဘူး။

ချစ်ခြင်းလောကမှာ ယောက်ျားအများစုက အိမ်ထောင်ရေးဆိုတာ မိန်းမတစ်ယောက်ကို လက်ထပ်ယူလိုက်တာပဲလို့ ထင်မှတ်ကြတယ်။အဲဒီမိန်းကလေးရဲ့ လိုအင်နဲ့ သူ့ရဲ့နောက်ခံဘက်ဂရောင်းကို လျစ်လျူရှူထားတတ်ကြတယ်။

မိန်းကလေးအများစုကလည်း အိမ်ထောင်ရေးဆိုတာ ယောက်ျားတစ်ယောက်ကို လက်ထပ်တာလောက်ပဲသိခဲ့ပြီး အဲဒီယောက်ျားရဲ့အကျင့်၊စရိုက်နဲ့ သူ့ရဲ့နောက်ခံဘက်ဂရောင်း ဆွေမျိုးသားချင်းတွေနဲ့လည်း လက်ထပ်ရမယ်ဆိုတာကို မသိနားမလည်ခဲ့ဘူး။

ဒီလိုမသိနားမလည်ခြင်းကြောင့် အခုခေတ်မှာ အိမ်ထောင်ပြိုကွဲသူတွေ ပိုများလာတာကို တွေ့ကြရတယ်။

အသဲကွဲ

ဂရိ ဒဿနိကဗေဒ ပညာရှင် ဆိုကရေးတီးသည် မစားမသောက်ဘဲ မှိုင်တွေ ငေးမောနေသော လူငယ်တစ်ဦးကို မြင်သော် အဘယ်ကြောင့် ဤသို့ ခံစားနေရသနည်းဟု မေးလေ၏။

လူငယ်.....ကျွန်တော် အသဲကွဲနေပါတယ်။
ဆိုကရေးတီး....အော်...ဒါကဖြစ်
တတ်ပါတယ်။ အသဲကွဲလို့ နာကျင်တာ မခံစားရဘူးဆိုရင် ချစ်ခဲ့ရတာ အရသာ မရှိသလိုဘဲ။ ဒါပေမယ့်....လူလေးက ဘာဖြစ်လို့ ဒီအသဲကွဲတဲ့ ဝေဒနာကို ချစ်တာထက် ပိုနစ်ပြီး ခံစားနေရ သလဲ...?

လူငယ်....လက်ထဲရောက်လာတဲ့ စပျစ်သီးကို ပစ်လိုက်ရတယ်။ ဒီလိုခံစားရတဲ့ ဆုံးရှုံးမှု ဝေဒနာကို လူငယ် မဟုတ်တဲ့ ခင်ဗျားက ဘယ်နားလည်နိုင်မလဲ...
တီး....ပစ်လိုက်ရပြီဆိုလဲ ပစ်လိုက်ရပြီပေါ့။ ဘာလို့ရှေ့ဆက် မလျောက်ရတာလဲ... ဒီထက် ပိုချိုတဲ့ စပျစ်သီးတွေ အများကြီးပါ။

လူငယ်...ကျွန်တော် စောင့်မျှော်နေတာ။ သူလည်ပြန် လာမဲ့နေ့ကို ကျွန်တော် စောင့်နေတာပါ။
တီး....တကယ်လို့ ဒီလိုနေ့မျိုး လုံးဝ ရောက်မလာခဲ့ဘူးဆိုရင် တစ်ခြားတစ်ယောက် လက်ထဲ သူပါသွားတာကိုပဲ လူလေး ကြည့်နေရလိမ့်မယ်။

လူငယ်....ကျွန်တော့်ကို ကျွန်တော်အဆုံးစီရင်ပြီး သူ့ကိုချစ်တဲ့အကြောင်း သက်သေ ပြမှာပေါ့။
တီး.....ဒီလိုသာ သက်သေပြမယ်ဆိုရင် ကိုယ့်ချစ်တဲ့သူကိုလဲ ဆုံးရှုံးမယ်။ ကိုယ့်ကိုကိုယ် လည်း ဆုံးရှုံးမယ်။ နှစ်ဦးနှစ်ဖက်ရဲ့ ဆုံးရှုံးခြင်းကို လူလေး ခံစားရလိမ့်မယ်။

လူငယ်....ဒါဆို သူ့ဘ၀ ပျက်စီးအောင်လုပ်မယ်။ ကျွန်တော်မရတာကို သူတစ်ပါး လည်း မရစေချင်ဘူး။
တီး......ဒီလိုလုပ်ရပ်က သူနဲ့ ပိုဝေးစေမယ်။ လူလေးက သူနဲ့နီးချင်တာ မဟုတ်လား။

လူငယ်....ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ။ ကျွန်တော် သူ့ကို အရမ်းချစ်တယ်။
တီး.....တကယ် အရမ်းချစ်လား....?

လူငယ်....တကယ်။
တီး......ကိုယ့်ချစ်တဲ့သူကို ပျော်ရွှင်စေချင်တယ် မဟုတ်လား....?

လူငယ်.....ဒါပေါ့...ကိုယ့်ချစ် တဲ့သူကို ပျော်ရွှင်စေချင်တာပေါ့။
တီး.......တကယ်လို့...လူလေးကို ခွဲသွားတာက သူ့အတွက် ပျော်ရွှင်ခြင်းလို့ သူထင်ခဲ့ ရင်ကော...

လူငယ်.....မဖြစ်နိုင်တာ...ကျွန် တော်နဲ့နေမှ သူပျော်ရွှင်တယ်လို့ အရင်က သူပြော ခဲ့ဖူးတယ်။
တီး.....အဲတာက အရင်က...ပြီးခဲ့ပြီလေ။ ခုတော့ သူက ဒီလိုမထင်တော့ဘူးလေ။

လူငယ်....သဘောက ကျွန်တော့်ကို သူလိမ်ခဲ့တာပေါ့။
တီး.....ဒီသဘော မဟုတ်ဘူး။ လူလေးအပေါ် သူသစ္စာရှိခဲ့တယ်။ ချစ်တုန်းက လူလေးနဲ့ အတူနေခဲ့တယ်။ အခုမချစ်တော့ ခွဲသွားတယ်။ ဒီလောကမှာ ဒီထက်မြတ်တဲ့ သစ္စာ မရှိတော့ဘူး။ မချစ်တော့ဘဲနဲ့ သူဟာချစ်ချင် ဟန်ဆောင်ပြီး လူလေးနဲ့ အတူရှိနေမယ်၊ မင်္ဂလာဆောင်မယ်၊ သားသမီးတွေ မွေးမယ် ဒါကမှ တကယ့် လိမ်ညာတယ်လို့ ခေါ်တာ။

လူငယ်....သူ့ကို နစ်နစ်ကာကာ ချစ်ခဲ့တဲ့ ကျွန်တော့်ရဲ့ အချစ်တွေ အလာဟသ ဖြစ်ကုန်ပြီပေါ့။ ဘယ်သူ အလျော်ပေးနိုင်မလဲ...?
တီး.....မဟုတ်ဘူး...လူလေးရဲ့ အချစ်တွေ အလာဟသ မဖြစ်ခဲ့ပါဘူး။ အလျော် ဆိုတာ အချစ်မှာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူလေးရဲ့ အချစ်တွေ သူ့ကိုပေးဆပ်နေတဲ့ အချိန်မှာ သူကလဲ သူ့အချစ်ကို လူလေး အတွက် ပေးဆပ်နေတယ်။ သူ့ကို ပျော်ရွှင်စေခဲ့သလို လူလေးကိုလဲ သူက ပျော်ရွှင်စေခဲ့တယ်။

လူငယ်....ဒါပေမယ့်...အခု ကျွန်တော့်ကို သူက မချစ်တော့ဘူး။ ကျွန်တော်က သူ့ကို ချစ်နေသေးတယ်။ ဒါဟာ မတရားဘူး။
တီး.....ဟုတ်တယ် မတရားဘူး။ ဆိုလိုချင်တာက လူလေးချစ်တဲ့သူအတွက် မတရားဘူး။ သူ့ကိုချစ်တာဟာ လူလေးရဲ့ အခွင့်အရေး ဒါပေမယ့် သူပြန်ချစ်တာ မချစ်တာက သူ့အခွင့်အရေး၊ ကိုယ့်အခွင့်အရေးကိုပဲ မျှော်ကိုးပြီး သူတစ်ပါးရဲ့ လွတ်လပ်တဲ့ အခွင့်အရေးကို ကိုယ်က တားဆီးပိတ်ပင်မယ်။ ဒါမှ မတရားတာ ...ဘယ်လောက် ကိုယ်ချင်းစာစိတ် မရှိသလဲ...

လူငယ်....ခင်ဗျားပြောပုံနည်း အရဆိုရင် နောက်ဆုံးတော့ အရာအားလုံးဟာ ကျွန်တော့် အမှားတွေပေါ့။
တီး....ဟုတ်တယ်...စတာနဲ့ လူလေးမှားခဲ့ပြီ။ တကယ်လို့ ကိုယ်ကသူ့ကို ပျော်ရွှင်ခြင်းတွေ ပေးနိုင်ခဲ့ရင် ကိုယ့်ကို သူခွဲသွားမှာ မဟုတ်ဘူး။ ပျော်ရွှင်ခြင်းနဲ့ ကင်းကွာချင်တဲ့လူ မရှိဘူး...ဒါကိုတော့ မှတ်ထားပါ။

လူငယ်....ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ....? ကျွန်တော့်အသဲနှလုံး အချစ်တွေ အားလုံး ပုံပေးလိုက်တာတောင် သူက မလုံလောက်လို့လား..?သူဘာကြောင့် ကျွန်တော့်ကို ခွဲသွားရသလဲ....? ဒါဟာ ရက်စက်တယ်လို့ မထင်ဘူးလား...?
တီး.....ရက်စက်တယ်။ ဒီလို ရက်စက်တဲ့ လူတစ်ယောက်ရဲ့ စက်ကွင်းက လွတ်သွားတာကိုပဲ ပျော်ရွှင်ရမယ် မဟုတ်လား...? လူလေး

လူငယ်....ပျော်ရမယ်...? မဖြစ်နိုင်တာ.....ဘာပဲပြောပြော ကျွန်တော်ဟာ အစွန့်ပစ်ခံရသူ၊ ကိုယ့်ကိုကိုယ် ညံ့တယ်လို့ ခံစားမိတယ်ဗျာ။
တီး.....မဖြစ်နိုင်တာ...လူငယ်ေ တွရဲ့ စိတ်မှာ ကြီးမြတ်တာပဲ ရှိသင့်တယ်။ ညံ့တယ်ဆိုတာ မရှိသင့်ဘူး။ မှတ်ထားရမှာက စွန့်ပစ်ခံရတိုင်း မကောင်းလို့ မဟုတ်ဘူး။

လူငယ်....ဒါ ဘာအဓိပ္ပါယ်လဲ....?
တီး.....တစ်ခါက ဆိုင်တစ်ဆိုင်မှာ တန်ဖိုးကြီးတဲ့ ၀တ်စုံတစ်စုံကို ကျွန်တော် တွေ့ခဲ့တယ်။ လိုချင်တာလဲ အရမ်းပဲ။ ရောင်းတဲ့လူက ကျွန်တော့်ကို ယူမလား မယူဘူးလားတဲ့။ ကျွန်တော် ဘာပြန်ပြော လိုက်သလဲ သိလား...? အ၀တ်စက ညံ့လွန်းတယ် မယူဘူးလို့။ တကယ်တော့ ကျွန်တော့် အိတ်ကပ်ထဲမှာ ပိုက်ဆံမရှိလို့။ လူလေးက အဲဒီ အစွန့်ခံ ၀တ်စုံလိုပါပဲ။

လူငယ်....ခင်ဗျား တော်တော်နှစ်သိမ့်တတ်တာပဲ။ ဒါပေမယ့် နှမြောဖို့ကောင်းတာက ဒီအသဲကွဲတဲ့ ဝေဒနာထဲ ကနေ ကျွန်တော်ကို ခင်ဗျား ဆွဲမထုတ်နိုင်ခဲ့ဘူး။
တီး....ဟုတ်ပါတယ်။ ဆွဲထုတ်နိုင်တဲ့အစွမ်း မရှိခဲ့လို့ ကျွန်တော်ဝမ်းနည်းပါတယ်။ ဒါပေမယ့် အစွမ်းရှိတဲ့ လူတစ်ဦးနဲ့ မိတ်ဆက်ပေးပါရစေ။

လူငယ်.... ဘယ်သူလဲ....?
တီး.....အချိန်တဲ့။ အချိန်ဆိုတာ လူတွေရဲ့ အကြီးမားဆုံးသော လမ်းညွှန်ဆရာ...အသဲကွဲ ဝေဒနာကို အလူးအလှိမ့် ခံစားနေရတဲ့ လူတွေကို ကျွန်တော်မြင်ဖူးတယ်။ အချိန်က သူတို့ ခံစားရတာတွေကို ကုစားပေးလိုက်တယ်။ နောက်ပြီး လူတွေကို အသစ်တစ်ဖန် ရွေးချယ်စေခဲ့တယ်။ လူတွေက ကိုယ်နဲ့ ထိုက်တန် တဲ့ ရွေးချယ်မှုတွေမှာ ပျော်ရွှင်ခြင်းတွေကို ခံစားခဲ့ရတယ်။

လူငယ်.....ဒီလိုဖြစ်လာမယ့်နေ့ကို ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်ဘယ်က နေ ခြေလှမ်း စလှမ်း ရမလဲ...?
တီး....ကိုယ့်ကို စွန့်ပစ်ခဲ့တဲ့ လူကို အရင်ဆုံး ကျေးဇူးတင်ပါ။ တောင်းဆုပြုပါ။

လူငယ်....ဘာဖြစ်လို့လဲ....?
တီး.... သူက ကိုယ့်ကို သစ္စာတွေပေးခဲ့လို့ပဲ။ ကိုယ့်ကို အသစ်တစ်ဖန် ရွေးချယ်နိုင်တဲ့ အခွင့်အရေးကို သူက ပေးခဲ့လို့ပါပဲ။

If you love someone, let it be and set him/her free, if he/she comes back to you, it's meant to be.

အချစ်စစ်တို့ခိုင်မြဲခြင်းရဲ့ Foundation


လူငယ်တွေအတွက် ခိုင်မြဲတဲ့ အချစ်မျိုးရနိုင်မလား၊ ဘယ်လိုအချစ်က လက်တွဲမဖြုတ်မဲ့အချစ်မျိုးလည်း၊ ရေရှည်လက်တွဲဖို့ဘာတွေလိုမလဲဆိုတာလေးတွေရေးပေးထားတာပါ။ အချစ်နဲ့ အဆင်ပြေနေကြတဲ့သူငယ်ချင်းတွေကော၊ အချစ်ခါးခါးနဲ့ ကြုံနေရတဲ့သူငယ်ချင်းတွေအတွက်ကော၊ အချစ်ကို ရှာဖွေနေဆဲ အင်ဒီယာနာဂျုန်းလို သူငယ်ချင်းတွေအတွက်ကော ရည်ရွယ်ပြီး ဒီပို့စ်လေးကို ဘာသာပြန်လိုက်ပါတယ်။

ဒါအချစ်တဲ့လား …

ကိုယ်နဲ့စိတ်တူကိုယ်တူ လက်တွဲဖော်ကိုရှာရတာ အရမ်းခက်ပါတယ်။ တစ်ခါတစ်လေမှာ ရတာမလို၊ လိုတာမရ အချစ်ဘဝမျိုးလည်းကြုံရတတ်ပါတယ်။ တော်တော်များများချစ်ဇာတ်လမ်းတွေမှာ အပေါ်ယံ ကြည်နူးမှုတွေကြောင့်ပဲ အချစ်စစ်ဟုတ်မဟုတ်ကို မမြင်နိုင် မသိနိုင်ဖြစ်ရတတ်ပါသတဲ့။

အချစ်နှောင်ကြိုး မြဲဖို့ ဘာတွေလိုမလဲ …

အရေးကြီးဆုံးကတော့ တစ်ယောက်အပေါ်တစ်ယောက် ကောင်းဖို့ပါပဲ။ အဲလို မခံစားရဘူးလား။ ဒါဆိုရင်တော့ ဆန်းစစ်ကြည့်ဖို့လိုလာပါပြီ။ သင်နဲ့ သင့်ချစ်သူကြားမှာ ဒီအချက် ၇ချက်ရှိရဲ့လားလို့စဉ်းစားကြည့်ပါ။

၁။ ချစ်သူအချင်းချင်း လေးစားမှု (Mutual Respect)

ကိုယ်က တစ်ခုခုကို လုပ်ရတာ၊ ဒါမှမဟုတ် အနေကျုံ့တာ စသည်ဖြင့် ပြောပြတဲ့အခါ ကိုယ့်ချစ်သူက နားလည်ပေးပါသလား။ ချစ်သူနှစ်ယောက် တစ်ယောက်ကို တစ်ယောက်လေးစားချစ်ခင်တယ်ဆိုတာက နားလည်မှုအပြည့်နဲ့ တစ်ယောက်ရဲ့ အားနည်းချက်၊ မဖြစ်နိုင်တဲ့ကိစ္စတွေကို အတင်းအကျပ်မလုပ်ယူတဲ့ စိတ်ဓာတ်မျိုးဖြစ်ပါသတဲ့။


၂။ ယုံကြည်မှု (Trust)

ဥပမာ - ကိုယ့်ချစ်သူက ကိုယ်တခြား ကောင်လေး/ကောင်မလေး တွေနဲ့ စကားပြောတဲ့အခါတို့ ဘာတို့မှာ ကိုယ်ကသူ့အပေါ် သစ္စာရှိမှန်းသိရက်နဲ့ သဝန်တို အူတိုတတ်ပါသလား။ တစ်ခါတစ်ရံ သဝန်တိုတတ်တာက ပြဿနာမဟုတ်ပေမယ့် အဲလိုသဝန်တိုတတ်တဲ့ ကိုယ့်ချစ်သူက ဘယ်လိုတုန့်ပြန်သလဲဆိုတာကအရေးကြီးတာပါ။ ခိုင်မြဲတဲ့အချစ်မှာ ယုံကြည်မှုကအရေးကြီးပါတယ်။ ကိုယ့်အပေါ်ကို အမြဲ သဝန်တိုပြီး “ နင့်ကို ယုံလိုက်မယ် တောထဲမှာ ” ဆိုသလို မယုံကြည်တတ်တဲ့ ချစ်သူမျိုးရှိရင် အချစ်ရေးက မဖြောင့်ဖြူးနိုင်ပါဘူး။


၃။ ရိုးသားမှု (Honesty)

ရိုးသားမှုဆိုတာ ယုံကြည်မှုနဲ့ အမြဲဆက်စပ်နေပါတယ်။ ချစ်သူနှစ်ဦးမှာ တစ်ယောက်ယောက်က ရိုးသားမှုကို အလွဲသုံးစားလုပ်နေရင်တော့ ယုံကြည်မှုပျောက်လာတတ်တာ သဘာဝပါပဲ။ ဥပမာ ကိုယ့်ချစ်သူက စာလုပ်စရာရှိလို့ မတွေ့နိုင်ဘူးလို့ ကိုယ့်ကိုပြောပြီး ကိုယ့်နောက်ကွယ်မှာ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်တယ်ဆိုပါစို့။ နောက်တစ်ခါ သူက အဲလိုပြောလာရင် ကိုယ်က သူ့ကို ယုံကြည်နိုင်ပါဦးမလား။ ခိုင်မာတဲ့ အချစ်ဆိုတာ ရိုးသားမှုနဲ့ တည်ဆောက်ထားတာပါ။


၎။ အားပေးမှု (Support)

အားပေးတယ်ဆိုတာကလည်း စိတ်ဓာတ်ကျနေချိန်မှမဟုတ်ပါဘူး။ ကိုယ့်ချစ်သူက ကိုယ့်ဘေးမှာအမြဲတမ်းရပ်တည်ပြီး အေးတူပူအမျှ အားပေးနေမယ်ဆို အချစ်ကလည်း အမြဲခိုင်မာနေမှာအမှန်ပဲ။


၅။ မျှတမှု (Fairness/Equality)

ကိုယ့်ချစ်သူကို ကိုယ်ကပဲအမြဲပေးဆပ်နေရလား။ ဒါမှမဟုတ် ကိုယ်ကပဲ ကိုယ့်ချစ်သူကို အမြဲနိုင်နေသလား။ တကယ်တော့ ချစ်သူတွေ အများအားဖြင့် ရန်ဖြစ်တတ်တာက အတ္တတွေကိုရှေ့တန်းတင်ပြီး ကိုယ်ကပဲ နိုင်အောင် အလျော့မပေးကြလို့ပါ။ ဒီလို ချစ်တဲ့ချစ်ပုံပြင်တွေကကော ဖြောင့်ဖြူးနိုင်ပါ့မလား။ အာဏာလုရင်းကနေပဲ အမြဲစစ်တိုက်နေရမယ့် အချစ်မျိုးပဲ။ ဒါကြောင့် သူ့ဖက်ကိုယ့်ဖက် မျှမျှတတရှိဖို့ကအရေးကြီးပါတယ်။


၆။ ဟန်ဆောင်မှု ကင်းမဲ့ခြင်း (Separate Identities)

ကိုယ့်ချစ်သူနဲ့အတူတူရှိနေတဲ့အခါ သူ မကြိုက်မှာစိုးလို့ ကိုယ့်ရဲ့ အကျင့်တွေကို ဟန်ဆောင် ဖုံးကွယ်ထားရလား။ ကိုယ်နေတတ်သလို မနေရဘဲ သူ့အကြိုက်အမြဲလိုက်နေရတာ ပင်ပန်းပါတယ်။ ကိုယ့်လွတ်လပ်မှုနဲ့ကိုယ်ကြိုက်တာတွေကို မစွန့်လွှတ်ဘဲ နားလည်ပေးတတ်တဲ့ အချစ်စစ်မျိုးက ရေရှည်တည်တံ့ခိုင်မြဲမယ့် အချစ်မျိုးပါ။


၇။ လွယ်လွယ်ကူကူ ပြောဆိုဆက်ဆံနိုင်မှု (Good Communication)


တခါတရံ လူမျိုးကွဲ ဘာသာစကားမတူတဲ့သူတွေ ချစ်ကြိုးသွယ်တဲ့အခါ ပြဿနာမျိုးစုံတတ်တတ်ပါတယ်။ တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် နားလည်အောင် ရှင်းမပြနိုင်ဘဲ အရာရာကို အောင့်အီးမျိုသိပ်ထားတတ်ကြလို့ပါ။ တကယ်လို့သာ ပွင့်ပွင့်လင်းလင်းနဲ့ ရှင်းရှင်းလင်းလင်းသာ ပြောပြထားနိုင်မယ်ဆိုရင် နားလည်မှုလွဲမှာမဟုတ်ပါဘူး။ သူမကြားချင်တဲ့စကားဖြစ်မှာစိုးလို့မပြောဘဲ မျိုသိပ်ထားတာမျိုးက ခိုင်မြဲတဲ့အချစ်ဖြစ်မလာနိုင်စေပါဘူး

ဒီအချက် ၇ချက်က အချစ်စစ်တို့ခိုင်မြဲခြင်းရဲ့ Foundation တွေပါပဲ။ တကယ်တော့ ဘယ်သူမျှ အားလုံးကောင်းတယ် ပြည့်စုံတယ်ဆိုတာတော့မရှိပါဘူး။ ဒါပေမယ့်တတ်နိုင်သလောက် ကိုယ့်ချစ်သူအပေါ် ကောင်းနိုင်သလောက် ကောင်းအောင် စိတ်ထားတတ်ပြီး ချစ်တတ်မယ်ဆိုရင် ချစ်နှောင်ကြိုး ဘယ်အခါဖြတ်ဖြတ် မပြတ်နိုင်ပါ။

ကျွန်တော်စိတ်မကောင်းပါဘူးဗျာ (I’m sorry)



ခဲတံ ။ ။ “ကျွန်တော်စိတ်မကောင်းပါဘူးဗျာ ….”

ခဲဖျက် ။ ။ “ဘာကိုစိတ်မကောင်းဖြစ်နေတာလဲ။ မင်းဘာမှ မမှားပါဘူးကွ။”

ခဲတံ ။ ။ “ကျွန်တော့်ကြောင့် ခင်ဗျားထိခိုက်ခံစား စေရတဲ့အတွက် စိတ်မကောင်းဖြစ်နေတာပါ။ ကျွန်တော်အမှား တစ်ခုလုပ်လိုက်တိုင်း ခင်ဗျားကလိုက်ပြီးဖျက်ပေးရတယ်လေ။ ကျွန်တော့ရဲ့ အမှားတွေကိုဖျက်ပေးတိုင်းမှာလဲ ခင်ဗျားတဖြည်းဖြည်း လုံးပါးပါးနေရတယ်လေ။”

ခဲဖျက် ။ ။ “အဲဒါကတော့ဟုတ်တာပေါ့။ ဒါပေမယ့် အဲလိုတော့ ငါမထင်မိပါဘူး။ မင်းသိတဲ့အတိုင်းပဲ ငါကအဲဒီလိုလိုက်ပြီး ဖျက်ပေးနေဖို့ပဲ ခဲဖျက်ဖြစ်နေတာကိုးကွ။ ငါ့ကို တစ်နေ့ကျရင် အခြားတစ်ခုနဲ့အစားထိုးမယ်ဆိုတာသိနေလဲပဲ၊ ဒီလိုလိုက်လုပ်ပေးနေရတာကိုပဲ ပျော်နေရတာပါကွာ။ ဒါကြောင့် သိပ်လဲစိတ်မကောင်းမဖြစ်ပါနဲ့။ မင်းဝမ်းနည်းနေတာကို ငါမတွေ့ချင်ပါဘူးကွာ။ :)”

ဒီလို ခဲဖျက်နဲ့ခဲတံ တို့ရဲ့ အပြန်အလှန်စကားပြောသံတွေကို ကျွန်တော်ကြားပြီးတော့ ပြင်းပြတဲ့စိတ်ခံစားမှုတစ်ခုကို ခံစားမိပါတယ်။ မိဘများဟာ ခဲဖျက်နဲ့အလားတူသလို၊ သားသမီးများဟာလဲ ခဲတံများလိုပါပဲ။ မိဘတွေဟာ သားသမီးများအတွက်အမြဲ အသင့်ရှိနေပြီး သူတို့ရဲ့အမှားတွေကို ပြင်ဆင်ပေးကြပါတယ်။ ဒီလိုနဲ့ အကြိမ်ကြိမ်ပြင်ဆင်ပေးရတဲ့အတွက် ထိခိုက်ခံစားရပြီး၊ တဖြည်းဖြည်းလုံးပါးပါး (တဖြည်းဖြည်း အိုမင်းလာပြီး နောက်ဆုံးတော့မှာကွယ်လွန်)သွားရပါတယ်။ တစ်နေ့မှာ သားသမီးများဟာ အခြားသူတစ်ဦး (ဇနီး/ခင်ပွန်း) နဲ့လက်တွဲသွားမှာသိနေပေမယ့်လဲ မိဘများကတော့ ဒီလိုလုပ်ဆောင်ပေးနေရတာကိုပဲဝမ်းမြောက်နေကြရပြီး သူတို့ရဲ့ တန်ဖိုးထားရတဲ့သူတွေ စိတ်ပူပန်ဝမ်းနည်းနေရမှာကိုလဲ ဘယ်တော့မှတွေ့ချင်မှာမဟုတ်ကြပါဘူး။

မိဘများအားလုံးကိုရည်စူးလျက် ………..

တကယ့်အချစ်ဆိုတာ.....

(၁) တကယ့်အချစ်ဆိုတာ သည်းညည်းခံတာ မဟုတ်ဘူး။ လက်ခံတာဖြစ်တယ်။

တကယ့်အချစ်ဆိုတာ စိုးမိုးခြယ်လှယ်တာ မဟုတ်ဘူး။ အားပေးထောက်ခံတာဖြစ်တယ်။

တကယ့်အချစ်ဆိုတာ စီစစ်မေးမြန်းတာ မဟုတ်ဘူး။ နှစ်သိမ့်တာဖြစ်တယ်။



(၂) တကယ့်အချစ်ဆိုတာ ကျေးဇူးတင်တတ်ရသလို တောင်းပန်တတ်ရတယ်။

တကယ့်အချစ်ဆိုတာ ချစ်ခင်ကြင်နာတတ်ရသလို ခွင့်လွှတ်နားလည်တတ်ရတယ်။

တကယ့်အချစ်ဆိုတာ အမှားကိုပြင်တတ်ရသလို အမှားကိုလည်း ဝန်ခံရဲရတယ်။



(၃) တကယ့်အချစ်ဆိုတာ အချင်းချင်း စူးစိုက်ငေးမောနေတာ မဟုတ်ဘူး။ ဦးတည်ရာတစ်ခုတည်းကို နှစ်ယောက်အတူ ကြည့်တာဖြစ်တယ်။



(၄) တကယ့်အချစ်ဆိုတာ လှပ ပြီးပြည့်စုံတဲ့လူကို ရှာဖွေတာ မဟုတ်ဘူး။ ပြီးပြည့်စုံတဲ့အကြည့်နဲ့ မလှပ၊ မပြည့်စုံသူကို နှစ်သက်တတ်အောင် သင်ယူတာဖြစ်တယ်။



(၅) လက်ချင်းတွဲပြီဆိုတာနဲ့ လမ်းခွဲဖို့စကားကို အလွယ်တကူ မပြောတော့ပါနဲ့။



(၆) အချစ်ဆိုတာ လိုလိုလားလားပေးဆပ်ပြီး ချိုချိုခါးခါး အတူတကွ မျှဝေတာဖြစ်တယ်။



(၇) ဆုံးရှုံးသွားမှ တန်ဖိုးထားရကောင်းမှန်းသိတဲ့အထိ မစောင့်ပါနဲ့။

နာကျင်ထိခိုက်ပြီးမှ ခခယယ တောင်းပန်ရကောင်းမှန်းသိတဲ့အထိ မစောင့်ပါနဲ့။

တချို့အရာတွေက ဆုံးရှုံးသွားပြီးရင် ဘယ်တော့မှ အစားပြန်မရနိုင်တော့ပါဘူး။



(၈) အထီးကျန်ချိန်မှ အချစ်ကို ချစ်မိသွားတာမျိုး ဘယ်တော့မှ မဖြစ်ပါစေနဲ့။

အထီးကျန်လို့ချစ်တာ မဟုတ်ဘဲ အချစ်ကြောင့် အထီးကျန်တာကို မခံစားရတာပဲ ဖြစ်ပါစေ။



(၉) အချစ်က ထိခိုက်နာကျင်တာတွေအားလုံးကို ကုစားပျောက်ကင်းစေပါတယ်။



(၁ဝ) လူ့ဘဝတစ်သက်မှာ အရသာကင်း ပျင်းရိငြီးငွေ့တဲ့အချိန်၊ အခက်အခဲနဲ့ ကြုံတွေ့တဲ့အချိန်တွေ ရှိပါတယ်။ လူ့စိတ်အလိုမကျတဲ့ အခက်အခဲတွေကို ချိုးဖြတ်နိုင်တာ "အချစ်"ပါ။ အချစ်က လှပမှုတွေပေးသလို မျှော်လင့်ချက်ကိုလည်း ရှင်သန်စေပါတယ်။



(၁၁) အချစ်ရှိရင် အခက်အခဲဆိုတာ ဝန်တစ်ခု၊ ထမ်းပိုးတစ်ခု မဟုတ်တော့ပါဘူး။



(၁၂) လက်ရှိပိုင်ဆိုင်တဲ့အချစ်ကို တန်ဖိုးထားမြတ်နိုးတာဟာ ဟိုးဝေးဝေးက မရှိ၊ မဖြစ်သေးတာကို မျှော်မှန်းတမ်းတတာထက် ပိုအရာရောက်ပါတယ်

အချစ်နဲ့နားလည်မှု

သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က အချင်းချင်း စိတ်လက်ချမ်းသာစေတဲ့အချစ်ကို သယ်ဆောင်ပေးလာနိုင်သတဲ့။

သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က နောက်ဆုံးမှာ သင့်ကိုဆင်ခြေတွေးတောစရာ တစ်ခုပေးပါသတဲ့။ အဲဒီတွေးတောစရာက "လူ့ဘဝမှာ "နားလည်မှုရှိတာ"ဟာ "ချစ်တာ"ထက် ပိုအရေးပါတယ်" ဆိုတာပဲဖြစ်တယ်။

"သင့်ကိုနားလည်တဲ့သူ ချစ်ပါစေ"ဆိုတဲ့ သီချင်းဟောင်းတစ်ပုဒ်မှာ သီချင်းစာသားတစ်ခုက..... "ချစ်ကြိုက်တယ်ဆိုတာ တစ်ဘက်သားရဲ့ နေထိုင်မှုထဲဝင်ရုံတင်မဟုတ်ဘူး.. အချင်းချင်းရဲ့ဘဝထဲ ပိုဝင်နိုင်ရမယ်"လို့ ဆိုထားပါတယ်။ "အချစ်"ရဲ့ အမြင့်ဆုံးအဆင့်က "နားလည်မှု"ဖြစ်တယ်။

"နားလည်တာလား! ချစ်တာလား!"ဆိုတာကို လူတွေက ရွေးချယ်မှုပုစ္ဆာအဖြင့် သဘောထားပြီး လူအများက "ချစ်တယ်"ဆိုတာကို ရွေးချယ်တတ်ကြတယ်။ နားလည်တာထက် ချစ်ရတာဟာ လူကို ပိုကြည်နူးစေတယ်လို့ သူတို့ထင်ကြလို့ဖြစ်တယ်။

တကယ်တမ်းတော့ ဒီလိုမဟုတ်ခဲ့ပါဘူး...
မကြာခဏမြင်တွေ့နေရတဲ့ မပျော်ရွှင်တဲ့ ချစ်သူရည်းစားတွေ၊ လမ်းခွဲပြတ်စဲသွားကြတဲ့ ချစ်သူရည်းစားတွေဟာ အချင်းချင်း မချစ်ကြလို့မဟုတ်ဘူး။ အချင်းချင်း နားလည်မှုမပေးနိုင်ကြလို့ဖြစ်တယ်။ လူ့လောကထဲမှာ အချင်းချင်းနာကျင်အောင် ညှင်းပန်းနှိပ်စက်နေကြတဲ့ ယောက်ျားမိန်းမ၊ ချစ်သူစုံတွဲတွေဟာ မချစ်ကြလို့မဟုတ်ဘူး။ နားလည်မှု မရှိကြလို့ဖြစ်တယ်။

ချစ်သူဖြစ်ချိန်မှာ မိန်းကလေးတွေက ယောက်ျားလေးတွေကို နားလည်မှုပေးနိုင်တယ်လို့ သူတို့ကိုယ်သူတို့ ထင်ခဲ့ကြတယ်။ အသဲကွဲလမ်းခွဲချိန်ရောက်မှ အရင်ကနားလည်ခဲ့တဲ့ "နားလည်မှုတွေ"ဟာ "နားလည်မှုအလွဲ"တွေဆိုတာကို သူတို့သိကြရတယ်။

မိန်းကလေးတွေက နားလည်မှုမရှိဘူးလို့ ယောက်ျားလေးတွေက ထင်ကြတယ်။
မိန်းကလေးတွေက သူတို့ကိုယ်သူတို့ နားလည်မှုရှိတယ်လို့ ထင်ကြတယ်။

ယောက်ျားလေးတွေရဲ့စိတ်ကို မိန်းကလေးတွေ နားမလည်ကြဘူးလို့ ယောက်ျားလေးတွေက ထင်ကြတယ်။ ဒါဟာ မိန်းကလေးတွေရဲ့စိတ်ဒုက္ခကို ယောက်ျားလေးတွေ နားမလည်လို့လို့ မိန်းကလေးတွေက ထင်ကြတယ်။

ဒါကြောင့် နှစ်ယောက်ကမ္ဘာမှာ နားလည်မှုရှိဖို့က ချစ်ဖို့ထက် ပိုလုပ်နိုင်ဖို့ ခက်ခဲခဲ့တယ်။
သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က သင်လိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။
သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က သူလိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။

သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က တစ်ဝက်လုပ်ပြီး ဆတိုးခံစားတယ်၊ ချစ်ရတာလည်း
သက်တောင့်သက်သာရှိပြီး စိတ်ချမ်းမြေ့စေတယ်၊ သင့်ကိုလည်း ပျော်ရွှင်မှုတွေ ခံစားစေတယ်။

သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က ဆတိုးလုပ်ပြီး တစ်ဝက်ပဲခံစားတယ်။ ချစ်ရတာလည်း စိတ်ပင်ပန်း၊
လူပင်ပန်းစေတယ်၊ သင့်ကိုလည်း ပျော်ရွှင်မှုမပေးနိုင်ဘူး။

သင့်ကိုနားလည်မှုပေးနိုင်တဲ့သူ သင့်ကိုချစ်ပါစေ...
ချစ်တယ်ဆိုတိုင်း နားလည်မှုပေးနိုင်သူ မဟုတ်ပါဘူး။
အချစ်ကို အညံ့ခံ၊ အရှုံးပေးလိုက်ရတဲ့ လူတွေအများကြီးပါ။ ဒါပေမဲ့ အဲဒီလိုအညံ့ခံပြီးနောက် နောက်ဆုံးမှာ သူတို့နားလည်သဘောပေါက်လိုက်တာက "နားလည်မှုမပေးနိုင်သူတစ်ယောက်ရဲ့ အချစ်ဟာ အချစ်နက်လေ နာကျင်ညှင်းပန်းမှုများလေ" ဆိုတာပဲဖြစ်တယ်။ 
နိုင်းနိုင်းစနေ ဘာသာပြန်သည်။


နိုင်းနိုင်းစနေဘလော့မှ တဆင့်ကူးယူဖြန့်ဝေသည်။

အချစ် ဆိုသောအရာ

သင်ဟာ အသည်းတွေခဏခဏ ကွဲနေတဲ့လူလား ? ပျော်ရွှင်နေတဲ့အချစ်ရေးကို
ဒီထက်ပိုပြီးပျော်အောင် ဖန်တီးချင်လား?
အချစ်မှာကံကောင်းစေဖို့  မသိလိုက်တဲ့လျို့ ဝှက်တဲ့ အဆောင်လေးတွေ ရှိပါတယ် ။
ကဲလေ့လာကြည့်ကြမယ်နော် ။

နားလည်မှုအချစ်

လူတွေဟာ အချစ်နဲ့ တွေ့ ရင် အရည်ပျော်သွားတတ်ကြသလို ၊
စိုးရိမ်ပူပန်မှုတွေလည်းရှိလာတတ်ကြတယ် ။
အဲ့ဒါက အပြစ်တော့မဟုတ်ပါဘူး ။သဘာဝထဲက သဘာဝတစ်ခုပဲလေ ။
အဲ့ဒီတော့ အထူးသတိထားရမယ့် အချက်က လက်ရှိအချစ်မှာလိုက်လျောညီထွေဖြစ်အောင် နေဖို့ ပါပဲ။
caseတစ်ခုဖြစ်လာပြီဆိုရင် နှစ်ဦးနှစ်ဘက် မျှတွေးပေးပါ။
သင့်ရဲ့ စိုးရိမ်ပူပန်မှု ၊ သ၀န်တိုမှုတွေကြောင့် တစ်ဖက်သားအတွက် ကြောက်လန်
့စိုးရွံစရာတွေ မဖြစ်စေဖို့ ဂရုပြုသင့်ပါတယ်။
ပြီးတော့ နောက်တစ်ခုက သင်ကသူ့ ကိုချစ်ပါလျက်နဲ့ အေးစက်စက် အပြုအမူတွေ ၊
အပြောအဆိုတွေကြောင့်သိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦး လမ်းခွဲလိုက်ကြတယ်ဆိုတဲ့ အဖြစ်မျိုးတွေ
မကြုံရအောင် လူတစ်ယောက်ကို ချစ်မိပြီဆိုတာနဲ့ 
နားလည်မှု ဆိုတဲ့ အရာလေးပါ တစ်ပါတည်း မွေးဖွားပေးလိုက်မယ်ဆိုရင်တော့
ပိုပြီးပျော်ရွှင်နိုင်လိမ့်မယ်ထင်ပါတယ်နော်။



မျက်မြင်ကိုယ်တွေ့ မှယုံပါ

ချစ်သူနှစ်ဦးကြားမှာ ပြသနာတစ်ခုဖြစ်ပြီဆိုရင်
ကြားစကားတွေကိုဘယ်တော့မှမယုံမိပါစေနဲ့ ။
ကြားစကားတွေနဲ့ လည်း ချစ်သူကို စကားနာမထိုးမိပါစေနဲ့ နော် ။
သင်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မဟုတ်ဘဲနဲ့ ၁၀၀%မယုံမိပါစေနဲ့ ။
တစ်ကယ်လို့ အဲ့ဒီအဖြစ်တွေဟာ အမှန်တွေဖြစ်ခဲ့မယ်ဆိုရင် သင်ထံမကြာမီရောက်လာမှာပါ။
သင့်ဘက်ကသာ အစစ်အမှန်တွေပေးခဲ့မယ်ဆိုရင် စစ်မှန်တဲ့ အကြောင်းအရာတွေကို
ကံတရားက သင့်အတွက်ချန်ထားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဖြစ်မလာသေးတဲ့ ပြသနာတွေကို
တွေးပြီင်္းစိတ်ပူမနေပါနဲ့ ။ သင်ဟာနဂိုကတည်းက သံသယ များတတ်တယ်ဆိုရင်တော့ အစကတည်းက
သင်သိချင်တဲ့ အကြောင်းအရာတွေကို အားမနာစတမ်းမေးထားပါ ။ သူဘယ်အချိန် ဘယ်နေရာမှာ
ရှိနေမယ်ဆိုတာကို ဇယားချထားပါ ။ နှစ်ဦးနှစ်ဘက်မညာစတမ်း
ပွင့်ပွင့်လင်းလင်းစကားပြောထားပါ ။
ဒါကြောင့် အရေးမကြီး တဲ့စွပ်စွဲချက်တွေကို ရှောင်ရှားဖို့  အစကတည်းက
နှစ်ဦးကြားမှာ ပွင့်လင်းမှုတွေနဲ့ 
ပိတ်ပင်ထားပါ။



တိုက်ဆိုင်မှု တွေနဲ့ အချစ်အဓွန့် ရှည်ပါစေ

အချစ်ကို တွေ့ ရှိပြီးနောက် ကိုယ့်ဆီကထွက်မသွားစေဖို့ 
ချစ်သက်တမ်းတစ်လျှောက် အံ့သြမှုလေးတွေ ၊
တိုက်ဆိုင်မှုလေးတွေ နဲ့ ချစ်သက်တမ်းလေးဆွဲဆန့် ကြည့်ပါ ။သင့်အတွက် နေ
့စဉ်အလုပ်တွေ လုပ်နေရင်းနဲ့ တောင်
တိုက်ဆိုင်မှုလေးတွေ ရှိအောင် ဖန်တီးနိုင်ပါတယ်။ ဒီနေ့ သူဝတ်ထားတဲ့ အင်္ကျ
ီအရောင်နဲ့  သူဝတ်ထားတဲ့အင်္ကျီအရောင်လေးတွေကအစ
စားသောက်မှုလေးတွေ ၊အကြိုက်လေးတွေ အဆုံးနေ့ စဉ်စကားပြောတိုင်း
တိုက်ဆိုင်ကြည့်ပါ ။ သင်ဟာသူ့ ကို
တကယ်ချစ်ရင် အနေဝေးနေပေမဲ့  အနီးမှာရှိနေသလို ခံစားရပါလိမ့်မယ် ။ ဒါပြင်
သင်သိပ်ကြိုက်တဲ့ မင်းသား ၊ မင်းသမီး ၊
အစားအစာ ၊ ရုပ်ရှင် ၊ အရောင် စသည်ဖြင့် သူ့ ကိုပြောပြထားပါ ။ သူရဲ
့အကြိုက်လေးတွေကိုလည်း မေးပြီးမှတ်သားထားပါ ။
အံ့သြစေမယ့်အကြောင်းအရာလေးတွေကိုလည်းမှတ်သားထားပါ ။ တစ်ခါတစ်ရံ
တစ်ဘက်သား မမျော်လင့်တဲ့  နေရာမျိုးတွေဆီကနေ
အံ့သြစရာ အဖြစ်အပျက်တွေ နဲ့ စကားအဆန်လေးတွေကို ကြိုးစားပြီးဖန်တီးပြပါ ။
အချစ်ဆိုတဲ့ အရာက မြေပြင်လို ငြိမ်သက်နေတာထက် လှိုင်းကြပ်ခွပ်လေးတွေလို
လှုပ်ရှားမှုလေးတွေ ရှိနေမှ ပျော်ရွှင်စရာ
ကောင်းမှာပေါ့ ။ ဟုတ်ဘူးလား။



အလေ့အကျင့်လေးတွေနဲ့ ရှေ့ ဆက်ပါ

သင်တို့ နှစ်ယောက်ရဲ့ အချစ်တွေကို ဘယ်သူမှ့ အသိအမှတ် မပြုပေးရင်တောင်
သင်တို့ နှစ်ယောက်ကြားက အချစ်တွေ
ဘယ်တော့မှမပြယ်ပါစေနဲ့ ။ မဖြစ်နိုင်ဘူးဆိုရင်တောင် ယခုထိဆက်ချစ်နေသေးတဲ
့သင်တို့ နှစ်ယောက်ရဲ့ ရဲရင့်မှုတွေကို
ဂုဏ်ယူပေးပါ ။ဒီအလေ့အကျင့်လေးတွေကို သင်တစ်ယောက်တည်းမဟုတ်ဘဲ
နှစ်ယောက်စုံစုံညီညီနဲ့  အချစ်မှတ်တိုင်
နေ့ ရက်ကလေးတွေမှာ ကျင်းပပေးပါ ။ ဒီလိုအလေ့အကျင့်လေးတွေကို ဖန်တီးတဲ့အခါ
ပျော်ပျော်ရွင်ရွင် နက်နက်နဲနဲ
ဖန်တီးပြပါ ။ချစ်သက်သေတွေပြပြီးတဲ့ အခါ သင့်ရဲ့ လုပ်ဆောင်မှုအတွက်
အပြုံးတစ်ပွင့်နဲ့  ဂုဏ်ပြုတဲ့ အကျင့်ကို အမြဲ
ရယူပါ ။ ချစ်သူရဲ့ အပြုံးတစ်ပွင့်ဟာ ရှေ့ ဆက်ရမယ့် ချစ်သက်တမ်းအတွက်
အားအင်အသစ်တွေ နဲ့ နွေးထွေးမှုတွေကို
အပြည့်အ၀ပေးနိုင်တဲ့ စိတ်ခွန်အားပေး တဲ့ ဖန်တီးမှုလေးတစ်ခုပါ ။



လက်တွဲဖော်မှန်ပါစေ

သင်ရွေးချယ်တဲ့သူဟာ အချိန်တိုင်းသင့်ကို လိုအပ်နေတယ် ။ သင်အတွက်
ဘယ်အရာမဆို ပြောင်းလဲပစ်ဖို့ အဆင်သင့်ရှိသူလား ။
အချစ်ကံကောင်စေဖို့  ၊ အချစ်မှာပျော်ရွှင်ဖို့ အတွက်
အခြားလိုအပ်မှုပေါင်းများစွာကို ထည့်စဉ်းစားဖို့ တော့လိုအပ်ပါတယ် ။
လောကကြီးထဲမှာရှိတဲ့ လူသားတွေရဲ့ ဘ၀မှာ အရာတိုင်းကပြည့်စုံနေတယ်
ဆိုတာတော့မရှိပါဘူး ။
လိုအပ်ချက်တွေလည်း ရှိကောင်းရှိနိုင်ပါတယ် ။ဒါပေမဲ
့အချစ်စစ်သမားအတွက်တော့ အရာရာဖြည့်ယူမယ် ၊ နားလည်မှုတွေပေးမယ် ၊
ညှိနှိုင်းကြမယ် ဆိုတဲ့ ပန်းတိုင်ကိုမျှော်လင့်နိုင်ပါတယ် ။ဆင်ခြေတွေကို
အမြဲမပေးပါနဲ့  ။လက်ရှိအခြေအနေတွေကို ရိုးသားပါ ။
ကိုယ်ကလည်းအစစ်အမှန်ကို ရချင်တယ်ဆိုရင် သင်ကိုယ်တိုင်ကလည်း အစစ်အမှန်တွေ
ပေးမှဖြစ်မှာပေါ့ ။ဟုတ်ဘူးလား ။
သင့်စိတ်ထဲမှာ သူမှတစ်ပါး အခြားသူကို ပေးဆပ်ဖို့  ဘယ်တော့မှမစဉ်းစားပါနဲ့ ။ဒါကိုလည်း သူသိအောင်လုပ်ပါ ။
သင်တို့ နှစ်ဦင်္းကြားက စစ်မှန်မှုတွေကို ထုတ်ဖော်လေလေ ယုံကြည်မှုတွေ
ခိုင်မြဲလေလေ ဖြစ်လာပါလိမ့်မယ် ။



တောင်းပန်ချက် ။ ။
သူများရေးထားတာလေးတွေပါ ။
ချစ်သူတွေ မှတ်ထားသင့်တယ်ထင်လို့ တင်ပေး လိုက်တာပါ ။
ရေးထားသူကိုယ်တိုင် ဒီဘလော့ကိုဖတ်မိတယ်ဆိုရင်လည်း ခွင့်လွတ်ပေးဖို့
တောင်းပန်ပါတယ် ။
အများသိစေချင်တဲ့စေတနာနဲ့ ပါ ။