လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

အဝေးရောက်ချစ်သူနဲ့ အချစ်တွေမြဲဖို့


ငါနင့်ကိုချစ်တယ်....

ဘာကြောင့်လည်းလို့နင်မမေးပါနဲ့...

ငါ့အချစ်ကနင့်အတွက်ဆို...အကြောင်းပြချက်ကင်းပါတယ်။

ငါနင့်ကိုချစ်တယ်...

ဘယ်အချိန်ထိလည်းလို့နင်မမေးပါနဲ့...

ငါ့ချစ်ခြင်းထာဝစဉ်တည်မြဲ..နင့်နှလုံးသားထဲမြှပ်နှံထားတယ်။

ငါနင့်ကိုချစ်တယ်..

ဘယ်လောက်ထိချစ်လည်းနင်မမေးပါနဲ့

အနိုင်းမဲ့အချစ်တွေ...နင့်အတွက်ပြောပြလို့မတတ်အောင်ပါပဲ။

ငါနင့်ကိုချစ်တယ်

ငါ့ဝင်သက်ထွက်သက်တွေတိုင်းမှာ....နင့်ကိုချစ်တဲ့စိတ်တွေနဲ့လေ...

ဘာတွေပဲဖြစ်ဖြစ်...ငါနင့်ကိုအရမ်းချစ်တယ်။

ယုံကြည်ပါချစ်သူလေးရယ်.....ငါသိပ်ချစ်တာနင်တစ်ယောက်တည်းမို့လို့ပါ။

Good to know (သိထားဖို့ကောင်းတယ်)


Some of the good things that changes your life style and make you happy always..!! Try to Do these small small things and stay happy.
ကောင်းတဲ့အချက်ကလေးအချို့က သင့်လူမှုဘ၀အပြောင်းအလဲဖြစ်နိုင်တယ်။ ပြီးတော့ သင့်ကို ပျော်ရွှင်မှု အမြဲပေးတယ်။ သေးငယ်တဲ့အကြောင်းအရာတွေက နေပျော်ဖို့ဖြစ်လာ ကြိုးစားလုပ်ကြည့်စမ်းပါ။

Health:
ကျန်းမာရေး


1. Drink plenty of water.
၁။ ရေများများသောက်ပါ။

2. Eat breakfast like a king, lunch like a prince and dinner like a beggar.

၂။ နံနက်စာကို ဘုရင်လိုစားပါ။ နေ့လယ်စာကို မင်းသားလိုစားပါ။ ညစာကို သူတောင်းစားလိုစားပါ။
 

3. Eat more foods that grow on trees and plants and eat less food that is manufactured in plants.
၃။ အပင်က ရတဲ့ သဘာဝ သစ်သီးကို များများစားပါ။ အပင်ကထုတ်တဲ့ အစားအစာကို နည်းနည်းစားပါ။

4. Live with the 3 E's – Energy, Enthusiasm, and Empathy.
၎။ E သုံးလုံးကို ဆောင်ပါ။ Energy ထကြွလုံ့လရှိပါ။ Enthusiasm စိတ်အားထက်သန်မှုရှိပါ။ Empathy စာနာပါ။.
 

5. Make time to practice meditation, yoga, and prayer.
၅။ တရားထိုင်ဖို့၊ ယောဂကျင့်ဖို့၊ ဆုတောင်းဖို့ အချိန်ပေးပါ။

6. Play more games.

၆။ ကစားနည်းများကို ကစားပါ။
 

7. Sit in silence for at least 10 minutes each day.
၇။ တစ်ရက်ကို အနည်းဆုံး ၁၀ မိနစ်အနည်းဆုံး ငြိမ်သက်စွာထိုင်နေပါ။

8. Sleep for 7 hours.

၈။ (၇)နာရီ အိပ်ပါ။
 

9. Take a 10-30 minutes’ walk every day. And while you walk, smile.
၉။ နေ့စဉ်နေ့တိုင်း ၁၀ မိနစ်ကနေ ၃၀ မိနစ်ခန့် လမ်းလျှောက်ပါ။ သင်လမ်းလျှောက်နေစဉ် ပြုံးပါ။


Personality:

ကိုယ်ရည်ကိုယ်သွေး
 

1. Don't compare your life to others'. You have no idea what their journey is all about.
၁။ တစ်ခြားသူရဲ့ဘ၀နဲ့ သင့်ဘ၀ မနှိုင်းယှဉ်ပါနဲ့။ သင်ဟာ သူတို့သွားတဲ့ ခရီး အားလုံးအတွက် အတွေးအခေါ်မရနိုင်ပါဘူး။

2. Don't have negative thoughts or things you cannot control. Instead invest your energy in the positive present moment.
၂။ အပျက်သဘောကို မတွေးပါနဲ့။ သင်မလုပ်နိုင်တာကို မတွေးပါနဲ့။ အဲဒီအစား ဖြစ်နိုင်တဲ့ လက်ရှိအချိန်ကာလလေးကို သင့်စွမ်းအင်တွေကို ရင်းနှီးမြှုပ်နှံလိုက်ပါ။
 

3. Don't overdo. Keep your limits.
၃။ အပိုတွေ မလုပ်ပါနဲ့။ အကန့်အသတ်လေးနဲ့လုပ်ပါ။
 

4. Don't take yourself so seriously. No one else does.
၎။ သင့်ကိုယ်သင် အလွန်တည်ကြည်လေးနက် အောင်မလုပ်ပါနဲ့။ တစ်ယောက်မှ အဲဒီလိုလုပ်မယ့်သူ မရှိဘူး။

5. Don't waste your precious energy on gossip.
၅။ အတင်းအဖျင်းစကားတွေနဲ့ သင့်ရဲ့စွမ်းအင်ကို မဖြုန်းတီးပါနဲ့။
 

6. Dream more while you are awake.
၆။ နိုးလာတဲ့အခါ မျှော်လင့်ချက်ထားပါ။
 

7. Envy is a waste of time. You already have all you need.
၇။ မနာလိုမှုက အချိန်ကုန်စေတယ်။ သင့်လိုအပ်ချက်တွေ အဆင်သင့်ရှိနေတယ်။
 

8. Forget issues of the past. Don't remind your partner with his/her mistakes of the past. That will ruin your present happiness.
၈။ အတိတ်ကိုမေ့ထားပါ။ သင့်မိတ်ဆွေရဲ့အတိတ်ကအကြောင်းတွေကို ပြန်ပြီးသတိမပေးပါနဲ့။ ဒါတွေဟာ သင့်အနာဂတ်ပျော်ရွှင်မှုတွေကို ပျက်စီးစေလိမ့်မယ်။
 

9. Life is too short to waste time hating anyone. Don't hate others.
၉။ ဘ၀ဆိုတာ လူတစ်ယောက်ကို မုန်းပြီး အချိန်ဖြုန်းဖို့ တိုတောင်းလွန်းတယ်။ ဘယ်သူ့ကိုမှ မမုန်းနဲ့နော်။
 

10. Make peace with your past so it won't spoil the present.
၁၀။ ပြီးခဲ့တာတွေ ပြီးပါစေ။အနာဂတ်ကို ပျက်စီးအောင် မလုပ်ပါနဲ့။
 

11. No one is in charge of your happiness except you.
၁၁။ သင်မှတစ်ပါး သင်၏ပျော်ရွှင်မှုကို ဘယ်သူကမှ ပြောင်းလဲ မပေးနိုင်ပါဘူး။
 

12. Realize that life is a school and you are here to learn.
၁၂။ ဘ၀ဆိုတာ ကျောင်းလို သဘောပေါက်ပါ။ သင်က အဲဒီနေရာမှာ သင်ယူနေတာ။
 

13. Problems are simply part of the curriculum that appear and fade away like algebra class but the lessons you learn will last a lifetime.
၁၃။ ပြဿနာတွေဟာ သင်ရိုးညွှန်းတမ်းရဲ့ လွယ်ကူတဲ့ အစိတ်အပိုင်းလေးပါ။ အက္ခရာသင်္ချာဘာသာရပ် ဟာ အရောင်မှိန်ပြီး ပျောက်ကွယ်သွားပေမယ့် သင်ခန်းစာများကတော့ တစ်သက်တာရဲ့နောက်ဆုံးအချိန်အထိ သင်လေ့လာပါ။
 

14. Smile and laugh more.
၁၄။ များများ ပြုံး၊ များများရယ်ပါ။
 

15. You don't have to win every argument. Agree to disagree.
၁၅။ အငြင်းအခုံလုပ်နေရင် အနိုင်ရမှာမဟုတ်ပါဘူး။ သဘောထားကွဲလွဲမှုကို သဘောတူပါ။


Society:
လူနေမှုစနစ်

1. Call your family often.

၁။ သင့်မိသားစုထံ မကြာခဏဖုန်းဆက်ပါ။
 

2. Each day give something good to others.
၂။ ကောင်းမှုတစ်ခု နေ့စဉ်ပြုပေးပါ။

3. Forgive everyone for everything.

၃။ အရာအရာတိုင်းအတွက် လူတိုင်းကို ဗွေမယူပါနဲ့။
 

4. Spend time with people over the age of 70 & under the age of 6.
၎။ အသက် ၇၀ ကျော်သူတွေ၊ အသက် ၆ နှစ်အောက် လူတွေနဲ့ အချိန်ကို ကုန်လွန်ပါစေ။
 

5. Try to make at least three people smile each day.
၅။ တစ်နေ့လျှင် လူသုံးယောက်ကို ပြုံးပြဖို့ ကြိုးစားပါ။

6. What other people think of you is none of your business.
၆။ သင့်စီးပွားရေးမရှိတဲ့အကြောင်း တခြားလူတွေ စဉ်းစားတာ ဘာဖြစ်ဖြစ်ပေါ့။
 

7. Your job won't take care of you when you are sick. Your friends will. Stay in touch.
၇။ သင့်အလုပ်က သင်ကျန်းမာရေးမကောင်းရင် စောင့်ရှောက်မှာမဟုတ်ဘူး။ သင့်မိတ်ဆွေတွေ စောင့်ရှောက်လိမ့်မယ်။ သူတို့နဲ့ ထိတွေ့ပေးပါ။

Life:

ဘဝ

1. Do the right thing!
 
၁။ ကောင်းတာကိုလုပ်ပါ။

2. Get rid of anything that isn't useful, beautiful or joyful.
၂။ အသုံးမ၀င်တာတွေ၊ အလှအပ နဲ့ အပျော်အပါး တွေကို ဖယ်ရှားပါ။

3. GOD heals everything.
၃။ ဘုရားသခင်က အားလုံးကို ငြိမ်းချမ်းစေတယ်။
 

4. However good or bad a situation is, it will change.
၎။ ဒါပေမယ့် အကောင်းနဲ့အဆိုးဆိုတာ အခြေအနေတစ်ခုမှာ အပြောင်းအလဲရှိနိုင်တယ်။


5. No matter how you feel, get up, dress up and show up.
၅။ ဘယ်လိုခံစားမှုမှ အကြောင်းမဟုတ်ပါဘူး။ ပြန်ထပါ။ ပြင်ဆင်ပါ။ ပြလိုက်စမ်းပါ။


6. The best is yet to come.
၆။ ယခုအချိန်က အကောင်းဆုံးဖြစ်တယ်။
 

7. When you awake alive in the morning, thank GOD for it.
၇။ နံနက်ချိန်ခါ သင်တက်ကြွစွာနိုးထလာရင် ဘုရားသခင်က ကျေးဇူးတင်တယ်။
 

8. Your Inner most is always happy. So, be happy.
၈။ သင့်အတွင်းစိတ် အမြဲပျော်ရွှင်နေတယ် ဆိုရင် ပျော်လာမှာပဲ။

မှတ်ချက်။   ။ မိတ်ဆွေတစ်ယောက်က အင်တာနက်ပေါ်ကတွေ့တဲ့ Good to know .. ကိုဆီလျော်အောင်ဘာသာပြန်ဆိုထားတာဖြစ်ပါသည်။ ဘာသာပြန်ဆိုမှုတွင် လိုအပ်ချက်များရှိပါက ဖြည့်စွက်ပေးပါရန် တောင်းပန်အပ်ပါသည်။

မြန်မာ့ဂုဏ်ရည်

တစ်ချိန်က သမိုင်းမှာမြန်မာဆိုတာ ဘာလဲသိရအောင်ဒီသီချင်းလေးနာထောင်ကြည့်လိုက်ပါခင်ဗျာ။

အတိတ်ကိုမမေ့စေဖို့


ပရဟိတသမားများ တိုးပွားကြစေချင်ပါသည်

ပရဟိတအလုပ်ဟူသည် သေးသိမ် သော အလုပ်မဟုတ်ပါဟု ရှေးဦးစွာ ဆိုချင်ပါသည်။

ပရဟိတအလုပ်သည် မည်ရွေ့မည်မျှပင် သေးငယ်စေကာမူ မြင့် မြတ်စင်ကြယ်ခြင်း အပြည့်အ၀ရှိသော၊

သူတော်ကောင်းဆန်သော အသွင်ကို ဆောင်တတ်၏။ ပရဟိတအလုပ်သည် လုပ်နိုင်စွမ်းရှိလာလေလေ

 လောက အတွက်၊ နောက်မိမိအတွက် အကျိုးများ လေလေပါပဲ။ သို့သော် ပရဟိတကို
 
အသုံးချခုတုံးလုပ်၍ ကိုယ်ချမ်းသာရေး၊ ကိုယ့်ဂုဏ်တောက်ပြောင်ရေးအတွက်သာ ကြည့်မည်ဆိုလျှင်ဖြင့်


ထိုသို့သော သူမျိုး သည် သာမန်အကုသိုလ်အလုပ်ကို လုပ် ကိုင်မိသူထက်ပို၍  

အပြစ်ကြီးလေးပါလိမ့်မည်။

ထို့အပြင်လည်း အချိန်တန်၍ ကိုယ့်လုပ်ရပ်ကို လူသိသွားခဲ့မည်ဆိုလျှင် ပတ်ဝန်းကျင်၌ 


ခေါင်းမဖော်ဝံ့စရာ ရှက် ဖွယ်ရာအထိဖြင့် လူတောသူတော မတိုး သည့်ဘ၀ကို နေ့ချင်းညချင်း 

ရောက်သွား နိုင်သေး၏။ ဤအချက်ကို ကားပရဟိတ သမားတိုင်း အထူးတလည် သတိထား 


သင့်ကြောင်း တင်ပြလိုပါသည်။

အချို့ကလည်း ပရဟိတသည် မည်သို့သော အလုပ်ကို ခေါ်ပါသနည်း ဟု 

မေးကောင်းမေးတတ်ကြပါလိမ့်မည်။ ကျွန်တော်ဉာဏ်မှီသမျှ ဆိုပါရစေ။ မိမိ ကိုယ်ကျိုးကို မငဲ့ဘဲ 

(တစ်နည်း) မိမိ အတွက် အကျိုးမရှိစေကာမူ အများ အတွက် အကျိုးရှိနိုင်မည်ဆိုပါက လုပ် 

ဆောင်တတ်သော သဘောရှိသည့် အလုပ်ကို ပရဟိတ အလုပ်ဟု ယူဆမိပါ သည်။ 

ပရဟိတအလုပ်ဟူသည်မှာ ယုတ် စွအဆုံး အများပြည်သူသုံးလမ်းမပေါ်မှာ အမှိုက်တစ်စတွေ့၍ 

အမြင်မတော်ဟု အသိစိတ်ဝင်ကာ ကောက်ယူပြီး အမှိုက် ပုံထဲသို့ ထည့်လိုက်ခြင်းသည်လည်း 

အကျိုးဝင်ပါလိမ့်မည်။ မျဉ်းကြားတွင် တုံချိတုံချိဖြင့် လမ်းကူးနေသော အဘွား အိုကို မြင်၍ 

တစ်ဖက်သို့ရောက်အောင် ဖေးမတွဲကူကာ ပို့ဆောင်ပေးခြင်းသည် လည်း 


ပရဟိတမည်ပါလိမ့်မည်။ပရိဟိတ အလုပ်သည် ကိုယ်ကျိုးအတွက်မဟုတ် အများအကျိုးအတွက် 

ဖြစ်သည်ကို ထပ် လောင်း၍ ဆိုပါရစေ။

ပရဟိတအလုပ်တွေ ရွေးချယ်စရာ တပုံတခေါင်းကြီးရှိ၏။ နာရေး၊ သာရေး၊ ပညာရေး၊ 

ငတ်မွတ်ခေါင်းပါးမှု လျော့ နည်းကျဆင်းရေးစသည်ဖြင့် အနည်း နည်းအဖုံဖုံ ရွေးမကုန်နိုင်ဖွယ်ရာ ရှိပေ 

သည်။ မိမိစိတ်သန်ရာ၊ မိမိဝါသနာပါရာ ကို ရွေးချယ်လိုက်ရုံပင်။ သို့သော် အချို့ သော သူများအတွက်မူ 

ချွင်းချက်အနေ ဖြင့် လိုအပ်ချက်အရ လုပ်ရသည်လည်း ရှိပေလိမ့်မည်ထားတော့။ အဓိကမှာ မည်သို့ပင် 

လုပ်ကိုင်ရစေကာမူ စေတနာ ပိုင်းဖြတ်နိုင်ဖို့သာ အရေးကြီးသည်။ပရ ဟိတသည် 

လုပ်သင့်လုပ်ထိုက်သော အလုပ်ဟု ခံယူထားတတ်ဖို့လိုသည်။ အရေးကြီးဆုံးသော အချက်မှာ လူသား 

အချင်းချင်း၊ သတ္တ၀ါအချင်းချင်း၊လောက သားအချင်းချင်းအပေါ်တွင် မေတ္တာထား နိုင်ဖို့ဖြစ်၏။

ကျွန်တော်တို့ မြန်မာလူမျိုးများ သည် ရှေးပဝေသဏီကတည်းကပင် ပရ ဟိတအရာ၌ 

စိတ်အားထက်သန်တတ် ကြသူများဖြစ်၏။ ပရဟိတအလုပ်ကို မိရိုး ဖလာဓလေ့ထုံးစံတစ်ခုကဲ့သို့ 

လုပ်ကိုင်ခဲ့ ကြသော လူမျိုးများဖြစ်၏။ ထိုသို့ချစ် စရာကောင်းသော ဓလေ့ရှိသည့် လူမျိုး များကို 

ယနေ့ကမ္ဘာတွင် ရှာကြည့်ပါ။ မည်မျှရှိပါသနည်း။ ကျွန်တော်ထင်သည်။ ကမ္ဘာ၌ မြန်မာ့မြေထက် 

နွေးထွေးတတ် သော နိုင်ငံရှိအံ့မထင်။ မြန်မာလူမျိုးတို့ ၏ သွေးထဲ၌ ပရဟိတသည် စီးဝင်လှည့် 

ပတ်ပူးဝင်ချည်းကပ်လာခဲ့လောသလော ဟု ထင်မှတ်ဖွယ်ရာ ဖြစ်လောက်အောင် 

သာဓကများရှိနေသည်မှာ ငြင်းခုံဖွယ်ရာ မရှိ။

ဆရာကြီးဇော်ဂျီခံစားပြခဲ့သည်။ “နွေ ဦးကျက်သရေ” ရသစာတန်းထဲမှ မြန်မာ့ ဓလေ့တစ်ခုဖြစ်သော 

ရေချမ်းစင်အလှူ အလှကို ကြည့်ပါ။ နွေဦးကျက်သရေ စာတန်းထဲတွင် ဆရာကြီးက -““ထိုရေချမ်းစင်၌ 

လူတို့၏ စိတ်သစ် စိတ်နု စေတနာသစ်၊ စေတနာနုတို့လည်း ပေါက်နေကြလေပြီဟု တွေးမိခြင်းဖြစ် 

သည်””ဟူ၍လည်းကောင်း၊““ထိုအမူအရာမျိုးသည် နွေဦးကျက် သရေတစ်ခုဖြစ်လေသည်။ 

ထိုအမူအရာ မျိုးကို မြန်မာနိုင်ငံသားတို့၏ ရေချမ်းစင် ယဉ်ကျေးမှုဟုခေါ်ထိုက်လေသည်။ 

တဖန်လူထုအတွက် လူထုကပြုနိုင်သော အမူအရာမျိုးဖြစ်သဖြင့် လူထုယဉ်ကျေးမှု 

ဟူ၍လည်းဆိုနိုင်လေသည်””ဟူ၍လည်းကောင်း ဆရာကြီးသည် မြန်မာ့ဓလေ့ တစ်ခုဖြစ်သည့် 

ရေချမ်းစင် အလှူဒါနကိုသူမြင်တွေ့ရသည့်အတိုင်း သူခံစားရ သည့်အတိုင်း အများမြင်သာထင်သာရှိ 

လာစေရန်ခံစားတန်ဖိုးထားတတ်လာစေ ရန် ဖောကျူးရေးသားနိုင်စွမ်းခဲ့ပါသည်။

မြန်မာ့ဓလေ့ဖြစ်သည့် ရေချမ်းစင် အလှူလေးသည် သူ့နဂိုရ်အတိုင်းအတိုင်း လေးကပင် 

ကြည်နူးပီတိဖြစ်စရာ၊ သာဓု ခေါ်ချင်စရာ ကောင်းလှပြီဖြစ်၏။ ထိုမှ ထပ်၍ ဆရာကြီးဇော်ဂျီ၏ သရုပ်ဖော် 

ထုတ်နိုင်စွမ်း ထက်မြက်မှုတို့နှစ်ပေါင်း စပ်မိလိုက်သောအခါတွင် ဖတ်ချင်စဖွယ် ဖြစ်ရုံသာမက 

ဖတ်ပြီးလျှင်လည်း မြန်မာ့ ဓလေ့အလှကို ရင်ထဲ၌ ထာဝရစွဲလန်း ခြင်း ဖြစ်ခဲ့ရပါ၏။

ကျွန်တော်တို့ လူမျိုးများအတွက် စာနာတတ်ခြင်း၊ ညှာတာတတ်ခြင်း၊ ဂရုဏာပွားတတ်ခြင်း၊ 

မေတ္တာထားတတ် ခြင်းအရာ၌ သင်ပြနေစရာမလို လမ်း ညွှန်ပေးနေဖို့ မလိုလောက်အောင်ပင် 

ကြွယ်ဝလှ၏။ ဤအရာတို့သည် ကျွန် တော်တို့၏ ထုံးစံ၊ ဓလေ့တစ်ခုပမာဖြစ်၍ နေချေပြီ။ 

သို့သော်လည်း ကျွန်တော်တို့ လမ်းမှားတတ်ကြသည်။ လမ်းလွဲတတ် ကြသည်။ ဤအရာကိုကား 



ဂရုစိုက်ဖို့ လိုလေပြီ။ တချို့အမှားသည် ဘ၀ကို မထိခိုက်သော်လည်း တချို့အမှားသည် ဘ၀ကို 

ထိခိုက်တတ်၏။ တချို့အမှား သည် လူမျိုးကို မထိခိုက်သော်လည်း တချို့အမှားသည် လူမျိုးကိုပါ 

ထိခိုက် တတ်၏။ စာနာ၊ ညှာတာတတ်သော် လည်း အားမနာသင့်သည့်အခါ၌ အား မနာတတ်ဖို့လို၏။ 

မေတ္တာ၊ ဂရုဏာ ထား တတ်သော်လည်း အလှူဒါနပြုသည့် အခါ၌ ဉာဏ်ယှဉ်တတ်ဖို့လို၏။

 ကျွန်တော်တို့သည် ရေများရာကို မိုးရွာချခဲ့ကြဖူးပြီ။ အားများရာကို အားကူ ခဲ့ကြဖူးပြီ။ ကြည့်ပါအဆွေ။ 

အားနည်းနေ သော ကျုံလှီနေသော သမိုင်းဝင်နေရာ တွေ၊ ချို့တဲ့နေသော အရပ်တွေ၊ခေါင်းပါး နေသော 

ဒေသတွေ၊ ပြောင်သလင်းခါ နေသော မြေလွတ်မြေရိုင်းတွေ၊ ထိုအရာ တွေက ကျွန်တော်တို့ကို 

ငံ့လင့်နေကြပြီ။ သူတို့ကို တစ်ဖန်ပြန်လည် ဂရုစိုက်သင့် ကြပြီ။ သူတို့သည် ကျွန်တော်တို့ ဂုဏ်ယူ 

ဝံ့ကြွားတတ်ကြသော နေရာဌာနများ တွင် မပါဝင်ခဲ့ကြ၊ လစ်ဟာ၍ ကျန်ခဲ့ရ သည်။ ကျွန်တော်တို့ 

အိပ်မက်တွေထဲ၌ အရာမ၀င်ဖြစ်ခဲ့ကြရသည်။ သူတို့ကို တစ်လှည့်ပြုစုယုယကြပါစို့။

ကျွန်တော်တို့လူမျိုး၊ ကျွန်တော်တို့ ဓလေ့တွင်ချစ်စရာကောင်းသော အချက် တစ်ခုကျန်ရှိနေသေး၏။ 

ထိုကားအခြား မဟုတ်။ အားနည်းသူကို ဖေးကူတတ် သော အလေ့အကျင့်ပင်ဖြစ်၏။ ဤ 

အလေ့အကျင့်သည် ကျွန်တော်တို့ ရင်ထဲ ၌ ပုန်းခိုနေဘိသည်လော။ ငုတ်လျှိုး ကွယ်ပျောက်လုပြီလော။ 

ထိုသို့ကားမဖြစ် တန်ရာ။ ကျွန်တော်တို့ဖော်လျှင် သူသည် ပေါ်လာရမည်။ ကျွန်တော်နှိုးလျှင် သူနိုး 

လာရမည်။ ထလော့ မြန်မာ … အို မြန်မာတို့၊ ပရဟိတသည် ဒို့အတွက် အဆန်းမဟုတ်။ ပရဟိတသည် 

ဒို့ဓလေ့ ဖြစ်၏။ ပရဟိတသည် ဒို့လူမျိုး၏ အမူ အကျင့်ဖြစ်၏။ ပရဟိတသည် ဒို့တိုင်း ပြည်၏ 

ယဉ်ကျေးမှုဖြစ်၏။ ဒို့ဓလေ့ကို ဒို့ချစ်ရမည်။ ဒို့အမူအကျင့်ကို ဒို့မြတ်နိုးရ မည်။ ဒို့ယဉ်ကျေးမှုကို 

ဒို့တန်ဖိုးထားရ မည်။ ဒို့မချစ်လျှင်၊ ဒို့မမြတ်နိုးလျှင်၊ ဒို့ တန်ဖိုးမထားလျှင် အဘယ်သူသည် 

ချစ်ခင်မြတ်နိုးတန်ဖိုးထားပါတော့အံ့နည်း။

ကင်ဆာရောဂါကာကွယ်သော အသီးအနှံ ၁၀ မျိုး


                                                         ၁။ ကညွတ်★   Asparagus

                                                                  ၂။ ခရမ်းချဉ်သီး ★ Tomato

&

                                                                ၃။  စပျစ်သီး ★ Grape

                                                                 ၄။  ပင်လယ်စာ★  Seafood


                                                           ၅။  ပန်းဂေါ်ဖီ★  Cauliflower



                                                            ၆။  လိမ္မော်သီး★  Orange

                                                               ၇။ဥနီသီး★ Carrot

                                                                ၈။  မြေပဲ★  Soybean

                                                     ၉။  ကန်စွန်းဥ  ★ Sweet potato

                                                             ၁၀။   မှို ★  Mushroom

မြန်မာ့စိတ်ဓါတ်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ အဓိပ္ပါယ်



၁။ နိုင်ငံတော်အလံတွင် အ၀ါရောင်၊ အစိမ်းရောင်နှင့် အနီရောင်အောက်ခံပါရှိခြင်းမှာ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုကာလက ထည်ဝါစွာ အသုံးပြုခဲ့သော သုံးရောင်ခြယ်အလံကို အလေးအမြတ်ပြုဖော်ညွှန်းခြင်းဖြစ်သည်။

၂။ အလံတော်၏အရောင်များနှင့် ကြယ်၏အဖြူရောင်တို့၏အဓိပ္ပာယ်မှာ အောက်ပါအတိုင်းဖြစ်သည်။

 (က) အ၀ါရောင်သည် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ဉာဏ်ပညာကြီးမားခြင်း၊ ပျော်ရွှင်ခြင်းနှင့် တိုင်းရင်းသားအားလုံး ချစ်ခင်ရင်းနှီးစွာ စည်းလုံးညီညွတ်မှုရှိခြင်း ဟူသော အဓိပ္ပာယ် ကို ဖော်ညွှန်းသည်။

(ခ) အစိမ်းရောင်သည် မြေဆီသြဇာကြွယ်ဝခြင်း၊ ညီညွတ်မျှတခြင်းနှင့် အေးချမ်းသာယာ၍ စိမ်းလန်းစိုပြည်သည့်နိုင်ငံဖြစ်ခြင်းဟူသော အဓိပ္ပာယ် ကို ဖော်ညွှန်းသည်။

(ဂ) အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်းဟူသော အဓိပ္ပာယ် ကို ဖော်ညွှန်းသည်။

(ဃ) ကြယ်၏အရောင်ဖြစ်သော အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ ကရုဏာတရားပြည့်ဝခြင်းနှင့် စွမ်းအင်နှင့်ပြည့်စုံခြင်း ဟူသော အဓိပ္ပာယ် ကို ဖော်ညွှန်းသည်။



ချစ်သူ ဇနီးမောင်နှံများအတွက် မင်္ဂလာလက်စွပ်လေးများ-၂