လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

♥♥♥အချစ်စစ်ဆိုတာ သက်တမ်းရင့်တဲ့ဝိုင်တမျိုးလိုပါပဲ♥♥♥


အချစ်ကအသက်ကြီးလာတဲ့အခါ
ပူလောင်တဲ့အနမ်းတွေမရှိတော့ဘူး
နွေးထွေးတဲ့မေတ္တာနဲ့အနမ်းတွေပဲရှိတော့တယ်

အချစ်က အသက်ကြီးလာတဲ့အခါ သဝန်တိုခြင်းတွေမရှိတော့ဘူး
နွေးထွေးတဲ့ နားလည်မှုတရားတွေပဲရှိတော့တယ်

အချစ်က အသက်ကြီးလာတဲ့အခါ ရန်ဖြစ်ခြင်းတွေမရှိတော့ဘူး
တယောက်နဲ့တယောက် နွေးထွေးတဲ့ဖေးမခြင်းတွေပဲရှိတော့တယ်

အသက်ကြီးလာတဲ့အခါ
မျှော်လင့်ချက်တွေပါးလျကောင်းပါးလျလာနိုင်တယ်
ရင်ခုန်သံခုန်နှုန်းတွေ လျော့ကျကောင်းလျော့ကျလာနိုင်တယ်
ဒါပေမဲ့တကယ့်အချစ်ဆိုတာကတော့ လျော့ကျမသွားနိုင်ပါဘူး

တကယ်လို့အချစ်ဆိုတာ အချိန်နဲ့သာဆုံးဖြတ်တာဆိုရင်
အချိန်ကြာလေတကယ့်အချစ်ဟာ ပိုလေးနက်လာလေပါပဲ

အချစ်စစ်ဆိုတာ ဝိုင်လိုပဲလေ
သက်တမ်းရင့်လေ ပိုသောက်လို့ကောင်းလာလေပါပဲ..

သေဆုံးတော့မဲ့လူတယောက်ရဲ့ဘေးမှာလက်ကိုကိုင်ပြီး အားပေးနေမဲ့တစုံတယောက်ဟာတခြားလူမဟုတ်ပါဘူး
သင့်ကိုအရမ်းချစ်တဲ့ချစ်သူပါပဲ ။ ။

လောကမှာငွေရှိရင် ဘာမဆိုဖြစ်တယ်လို့ ထင်နေကြသူတွေအတွက်…



1. ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို ဝယ်လို့ရလိမ့်မယ်၊ စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။

2. ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို ဝယ်လို့ရလိမ့်မယ်၊ ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။

3. ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို ဝယ်နိုင်လိမ့်မယ်၊ မေတ္တာတရား (Love) ကို ဝယ်လို့မရဘူး။

4. ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကို ဝယ်လို့ရလိမ့်မယ်၊ ကျန်းမာခြင်း (Health) ကိုဝယ်လို့မရဘူး။

5. ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကိုဝယ်လို့ရလိမ့်မယ်၊ အသိပညာ (Knowledge) ကိုဝယ်လို့မရဘူး။

6. ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့ အဆောက်အဦး (House) ကိုဝယ်လို့ရလိမ့်မယ်၊ ကိုယ့်မြေ ကိုယ့်ရေနဲ့ ရှင်သန်ရာ ဘဝ အိမ် (Home) ကို ဝယ်လို့မရဘူး။

7. ပိုက်ဆံပေးပြီး အိပ်ယာ အကောင်းစားတွေ (Bed) ကို ဝယ်နိုင်လိမ့်မယ်၊ ချိုမြိန်စွာ အိပ်စက်ခြင်း (Sleep) ကိုဝယ်လို့မရဘူး။