လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....
ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...
♥♥♥အချစ်စစ်ဆိုတာ သက်တမ်းရင့်တဲ့ဝိုင်တမျိုးလိုပါပဲ♥♥♥
အချစ်ကအသက်ကြီးလာတဲ့အခါ
ပူလောင်တဲ့အနမ်းတွေမရှိတော့ဘူး
နွေးထွေးတဲ့မေတ္တာနဲ့အနမ်းတွေပဲရှိတော့တယ်
အချစ်က အသက်ကြီးလာတဲ့အခါ သဝန်တိုခြင်းတွေမရှိတော့ဘူး
နွေးထွေးတဲ့ နားလည်မှုတရားတွေပဲရှိတော့တယ်
အချစ်က အသက်ကြီးလာတဲ့အခါ ရန်ဖြစ်ခြင်းတွေမရှိတော့ဘူး
တယောက်နဲ့တယောက် နွေးထွေးတဲ့ဖေးမခြင်းတွေပဲရှိတော့တယ်
အသက်ကြီးလာတဲ့အခါ
မျှော်လင့်ချက်တွေပါးလျကောင်းပါးလျလာနိုင်တယ်
ရင်ခုန်သံခုန်နှုန်းတွေ လျော့ကျကောင်းလျော့ကျလာနိုင်တယ်
ဒါပေမဲ့တကယ့်အချစ်ဆိုတာကတော့ လျော့ကျမသွားနိုင်ပါဘူး
တကယ်လို့အချစ်ဆိုတာ အချိန်နဲ့သာဆုံးဖြတ်တာဆိုရင်
အချိန်ကြာလေတကယ့်အချစ်ဟာ ပိုလေးနက်လာလေပါပဲ
အချစ်စစ်ဆိုတာ ဝိုင်လိုပဲလေ
သက်တမ်းရင့်လေ ပိုသောက်လို့ကောင်းလာလေပါပဲ..
သေဆုံးတော့မဲ့လူတယောက်ရဲ့ဘေးမှာလက်ကိုကိုင်ပြီး အားပေးနေမဲ့တစုံတယောက်ဟာတခြားလူမဟုတ်ပါဘူး
သင့်ကိုအရမ်းချစ်တဲ့ချစ်သူပါပဲ ။ ။
လောကမှာငွေရှိရင် ဘာမဆိုဖြစ်တယ်လို့ ထင်နေကြသူတွေအတွက်…
1. ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို ဝယ်လို့ရလိမ့်မယ်၊ စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။
2. ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို ဝယ်လို့ရလိမ့်မယ်၊ ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။
3. ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို ဝယ်နိုင်လိမ့်မယ်၊ မေတ္တာတရား (Love) ကို ဝယ်လို့မရဘူး။
4. ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကို ဝယ်လို့ရလိမ့်မယ်၊ ကျန်းမာခြင်း (Health) ကိုဝယ်လို့မရဘူး။
5. ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကိုဝယ်လို့ရလိမ့်မယ်၊ အသိပညာ (Knowledge) ကိုဝယ်လို့မရဘူး။
6. ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့ အဆောက်အဦး (House) ကိုဝယ်လို့ရလိမ့်မယ်၊ ကိုယ့်မြေ ကိုယ့်ရေနဲ့ ရှင်သန်ရာ ဘဝ အိမ် (Home) ကို ဝယ်လို့မရဘူး။
7. ပိုက်ဆံပေးပြီး အိပ်ယာ အကောင်းစားတွေ (Bed) ကို ဝယ်နိုင်လိမ့်မယ်၊ ချိုမြိန်စွာ အိပ်စက်ခြင်း (Sleep) ကိုဝယ်လို့မရဘူး။
လက်ထပ်လက်စွပ်ကိုဘာလို့လက်သူကြွယ်မှာဝတ်ရတာလဲ?
ကဲ…အားလုံး… လက်နှစ်ဖက်ကို ဘုရားရှိခိုးတဲ့ပုံစံကိုပြုလုပ် လိုက်ပါ...
  လက်ခလယ်ကိုခေါက်လိုက်ပြီး လက်ခလည်ကိုကြောချင်းထိအောင် ခေါက်ကွေးထားဖို့လိုမယ်နော်.. .
  ကျန်တဲ့လက်ချောင်းများက လက်ထိပ်ချင်းထိနေပါစေ။
  ဒီကစားနည်းကို မကစားခင်မှာ လက်ငါးချောင်းက ဘာကိုရည်ညွှန်းတယ်ဆိုတာကို ပြောပြပါမယ်။
  1.  လက်မထိပ်ကို ထိလိုက် ခွါလိုက်လုပ်ကြည့်ပါ...
       လက်မကိုခွါလို့ ရပါတယ်...
       လက်မဆိုတာ မိဘကိုဆိုလိုတာပါ...
       လူတိုင်းမှာ အိုနာသေရမယ်ဆိုတာရှိတယ်...
       ဒါကြောင့်    ခွါလို့ရတာပါ။
  2.  နောက်လက်မကိုပြန်ထိလိုက်ပြီး လက်ညှိုးကို ထိလိုက် ခွါလိုက်လုပ်ကြည့်ပါ...
       လက်ညှိုးကတော့ ညီအကိုမောင်နှမ ကိုဆိုလိုတာပါ...
       သူတို့တွေလည်း သူ့အိမ်ထောင်နဲ့ သူဖြစ်သွားရင် သင့်ကို ခွဲသွားမှာပဲ။
  3.  နောက်ပြီး လက်ခလယ်ကတော့ ကိုယ်ကိုတိုင်ပဲဖြစ်တယ်... ( ဒါကြောင့်ဘာမှလုပ်စရာမလိုပါဘူး )
  4.  နောက်လက်ညှိုးနဲ့လက်မတွေကိုပြန်ထိထားပြီး...
       လက်သန်းလေးကို ထပ်ခွါကြည့်ပါ...
       ဒါကတော့ သားသမီးတွေပါ...
       သူတို့လည်း ခွဲခွါကြမှာပါ။
  5.  ဒါဖြင့် နောက်ဆုံးလက်သူကြွယ်ကို ခွါကြည့်ပါ...
       ခွါလို့ရလား...
       ခွါလို့မရဘူးမဟုတ်လား...
       ဒါဟာ တစ်သက်တာထာဝရလက်တွဲဖော်ပဲဖြစ်တယ်...
       ဒါကြောင့် လက်ထပ်လက်စွပ်ကို လက်သကြွယ်မှာဝတ်ရခြင်းဖြစ်တယ်။
ဆေးပညာအရ အကြောတွေကအရမ်းကပ်နေလို့ ဆိုပြီး သူငယ်ချင်းတွေ ပြောကြတယ်။
ဒါပေမဲ့  ဒီလို လက်ထက်လက်စွပ်ကို လက်သူကြွယ်မှာ စွပ်ရတယ်ဆိုတာကိုကော ဆေးပညာကသတ်မှတ်ထားတာလား။ ဒါမှမဟုတ်တိုက်ဆိုင်လို့များလား။ ဘာပဲဖြစ်ဖြစ်ပါ….. အချစ်စစ်ဆိုတာ ခွဲလို့မရပါဘူး။
♥ MY LOVE ♥
အိုပယ်
      ငါအိုသွားသောအခါ 
       -   ငါအိုသွားသောအခါ ဟာ အရင်ကငါ မဟုတ်တော့ဘူး။ ငါ့ကို  နားလည်ပေးပါ။    
                  စိတ်ရှည်ရှည်ထား  ဆက်ဆံပေးပါ။
-      ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားတဲ့အခါ အင်္ကျီ ၊ လုံချည် ဖိုသီဖတ်သီဖြစ်နေတဲ့အခါ ငါ့ကိုမရွံပါနဲ့ ၊ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သသတိရပေးပါ။
-      အပ်ကြောင်းထပ်မက ဟြေဖူးတဲ့စကားတွေ ပြန်ဟြေမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ငယ်ငယ်တုန်းက အိပ်ယာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ၊ ငါးရာ့ငါးဆယ်နိပါတ်တော်တွေ ၊ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ပုံပြင်တွေကို မရိုးအောင်ဟြေရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။
-      မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကိုမြင်ယောင်ပေးပါ။
-      ခေတ်သစ်နည်းပညာတွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့။ ငယ်ငယ်တုန်းက ”ဘာကြောင့်လဲဆိုတဲ့” မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။
-      စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကို ကူတွဲပေးကြပါ။ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက် လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။
-      တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနှင့် နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုချိန်မှာ ငါ့ဘ၀နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။ ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကျု ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲ့ဒီအပြုံးတွေထဲမှာ မဆုံးတဲ့မေတ္တာတွေ တွေ့ရမှာပါ။
အရင်ကတော့ တစ်ခါတင်ထားပေးဖူးပါတယ်။ အခုက တော့ ဗီဒီယိုဖိုင်ပါ အပြည့်အစုံလေး တင်ထားပေးပါတယ်။ မိတ်ဆွေများအားလုံး အိုပယ် မဖြစ်မိအောင် ကြိုစားပြီး ပြုစုပေးနိုင်ကြပါစေ.....
စိတ်ဓာတ်ရင့်သူ
လူတိုင်းလူတိုင်းပင် မိမိစိတ်ဓာတ် အတော်ရင့်မာပြီဟု ထင်တတ်ကြလေသည်။ မိမိစိတ်ဓာတ်မည်မျှ ရင့်မာသည်ကို သေချာစွာ သိနိုင်ရန်အတွက် အောက်ပါ နည်းစနစ်များဖြင့် စစ်ဆေးကြည့်ပါလေ။
၁။ အဆွေသည် သူတပါးကို ကူညီထောက်ပံ့တတ်သလော။
၂။ လေးနက်သော အကြောင်းအရာများကို ဆွေးနွေးတတ်သလော။
၃။ ငွေကို အကျိုးရှိအောင် သုံးစွဲတတ်သလော။
၎။ အကျိုးရှိ့မည့် စိတ်ပျော်သော အလုပ်များကို လုပ်ကိုင်တတ်သလော။
၅။ တိုးတတ်ရေးအတွက် စာဖတ်ပါ၏လော။
၆။ အနာဂတ်အတွက် ငွေစုပါ၏လော။
၇။ အများကောင်းစားရေးအတွက် ထောက်ပံ့ ပါ၏လော။
၈။ မိမိ၏ အလုပ်ကိစ္စများကို မိမိကိုယ်တိုင် စီစဉ်ပါ၏လော။
၉။ သူတစ်ပါးအားရှိအောင် အားပေးတတ်ပါသလော။
၁၀။ အလုပ်လုပ်ရာ၌ ပင်ကိုယ်ဥာဏ် ကို သုံးပါ၏လော။
၁၁။ လူအများအတွက် အကျိုးရှိအောင် လုပ်နိုင်သည်ဟု စဉ်းစားပါ၏လော။
၁၂။ မိမိ၏အလုပ်များကို အစွမ်းကုန်လုပ်ကိုင်ပါ၏လော။
၁၃။ သူတစ်ပါး၏ အလုပ်အကိုင်များကို စီစဉ်လုပ်ကိုင်ပေးတတ်ပါသလော။
၁၄။ အများကောင်းစားရေးအတွက် ရှေ့ဆောင်လမ်းပြပြုလုပ်တတ်ပါသလော။
ထိုအချက် ၁၄-ချက်အနက် ၈-ချက်မျှစုံလျှင် စိတ်ဓာတ်အတော်ရင်မာပြီဟု ဆိုရပေမည်။
အောင်မြင်ရေးနည်း ၁၀၈ (တက္ကသိုလ် ဆုမြိုင်)
ဆင်ကပွဲ
တိရိစ္ဆာန်ဆိုပေမယ့်လည်း လူတွေလိုလုပ်နိုင်ပါတယ်။
ပိုက်ဆံတစ်ပြားမှ မကုန်တဲ့လက်ဆောင် (၈)မျိုး
လက်ဆောင်(၁) နားထောင်ခြင်းလက်ဆောင်
နားထောင်တယ်ဆိုတဲ့နေရာမှာ လေးလေးစားစားနားထောင်ရမယ်။ကြားဖြတ်ပြီး မပြောရဘူး။ တွေး ငေး စိတ်ကူးနေတာမဖြစ်ရဘူး ဘယ်လိုတုံပြန်ပြောမယ်ဆိုပြီး စိတ်ထဲမှာကြိုတင်စီစဉ်မနေရဘူး နားထောင်ပေးခြင်းသက်သက်ပဲ။
လက်ဆောင်(၂) မေတ္တာလက်ဆောင်
ပွေ့ဖက်တာ၊ အနမ်းကလေးတွေ၊ ကျောပြင်လေးကို ပုတ်ပေးတာ၊ လက်ကလေးကိုင်တာ၊ အဲဒီ အပြုအမူကလေးတွေက ကိုယ့်မိသားစုနဲ့ သူငယ်ချင်းတွေအတွက် ကိုယ့်အချစ်ကို ဖော်ပြပေးရာတာမို့ ရက်ရောစွာပေးပါ။
လက်ဆောင်(၃) ရယ်မောခြင်းလက်ဆောင်
ကာတွန်းကလေးတွေ ဆောင်းပါးကလေးတွေနဲ့ ရယ်စရာ ပုံပြင်လေးတွေ မျှဝေးပေးပါ။အဲဒီလက်ဆောင်ကလေးက ကိုယ် မင်းနဲ.အတူရယ်မောရတာကို နှစ်သက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
လက်ဆောင်(၄) ရေးထားတဲ့စာလက်ဆောင်
ရိုးရိုးကလေးလည်းဖြစ်နိုင်တယ်......."ကူညီပေးတဲ့အတွက် ကျေးဇူးပါ"ဆိုတာမျိုးလေ၊ ဒါမှမဟုတ် ကဗျာလေးတစ်ပုဒ်.....၊ ကိုယ့်လက်ရေးနဲ.ရေးထားတဲ့ စာတိုကလေးတစ်စောင်ဖြစ်ဖြစ် ဘ၀တစ်သက်စာ အမှတ်တရ ဖြစ်စေနိုင်ပါတယ်၊ ဘ၀ကိုတောင် ပြောင်းလဲစေနိုင်ပါတယ်တဲ့။
လက်ဆောင်(၅) ချီးမွမ်းစကားလက်ဆောင်
ဥပမာ...."အနီရောင်လေးနဲ့ လိုက်တယ်နော်" "မင်းအကောင်းဆုံး လုပ်ခဲ့တာပဲနော်" ဆိုတဲ့စကားလေးတွေက လူတစ်ယောက်အတွက် အဓိပ္ပာယ်ရှိတဲ့ နေ့တစ်နေ့ဖြစ်စေပါတယ်။
လက်ဆောင်(၆) တစ်ခုခုလုပ်ဆောင်ပေးလိုက်တဲ့လက်ဆောင်
နေ့တိုင်းကြင်နာမှုလေးတွေပေးပါ၊ တစ်ခုခုလုပ်ပေးပါ။
လက်ဆောင်(၇) ထီးထီးနေခွင့်လက်ဆောင်
တစ်ခါတရံ တစ်ယောက်တည်းနေရတာထက် ပိုကောင်းတာ ဘာမှမရှိဘူးမျိုး ကိုယ့်မှာလည်ရှိသလို တခြားသူတွေအတွက်လည်း အဲဒီ အခွင့်အရေးလက်ဆောင်ကို ပေးပေးပါ၊ ကိုယ့်ကြောင့် အနှောက်အယှက် မဖြစ်စေချင်တဲ့ စေတနာမျိုးပါ။
လက်ဆောင်(၈) ချိုသာရွှင်ပျတဲ့ အကျင့်စရိုက်လက်ဆောင်
အလွယ်ဆုံးနည်းလမ်းက တစ်ယောက်ယောက်ကို နူးညံ့ချိုသာတဲ့ စကားတစ်ခွန်းလောက် ပြောပေးပါ။ ဥပမာ......."ကျေးဇူးပါ" "သူငယ်ချင်း မင်္ဂလာပါ"ဆိုတာလေးတွေပါ။
♥ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ!♥
ညနေခင်းလေးတစ်ခု... လှပတဲ့ ဆည်းဆာနေရောင်က လောကတစ်ခွင်ကို ဖြန့်ကြက်ထားတယ်။ ရှည်လျှားတဲ့ လမ်းမထက်က စက်ဘီးလေး တစ်စီးပေါ်မှာ ကောင်လေးက ကောင်မလေးကို တင်နင်းထားတယ်။ "ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ! " ကောင်လေးခါးကို ပွေ့ဖက်ထားတဲ့ ကောင်မလေးက ကောင်လေးကျောကို မှီပြီး ခပ်တိုးတိုးလေး မေးတယ်။ ကောင်လေးရဲ့အဖြေက ကောင်မလေး စိတ်ကျေနပ်လောက်တဲ့ အမှတ်ပြည့်အဖြေ မဟုတ်မှန်း ကောင်မလေးသိနေခဲ့တယ်။ "ချစ်စရာ စကားလေးတွေနဲ့ ဖြေဖို့ အခွင့်အရေးပေးမယ်" ကောင်မလေးက ချွဲနွဲ့ပြီးပြောတော့ ကောင်လေးက စိတ်ပါလက်ပါ စဉ်းစားလိုက်တယ်။ မီးနီနေတုန်း ကောင်လေးက ကောင်မလေးကို လက်"တစ်"ချောင်းထောင်ပြပြီး အဖြေပေးလိုက်တယ်။ ကောင်မလေးက ဝမ်းသာအားရ "တစ်သက်လုံး! " လို့ ပြောတယ်။ ကောင်လေးရီလိုက်တယ်။ ကောင်မလေးရဲ့ အပြောမှန်သွားလို့ မဟုတ်ပါဘူး။ ကောင်မလေးဆီက အပျော်တွေ ကူးစက်သွားလို့ဖြစ်တယ်။ မီးစိမ်းတော့ ကောင်လေးက စက်ဘီးကိုဆက်နင်းပြီး ကောင်မလေးကို တိုးတိုးလေး ပြောတယ်။ "နင့်ကိုငါ ဒီလိုအဖြေမျိုးပေးမှာ မဟုတ်ဘူး။ ဒီလိုအဖြေမျိုးက လူတိုင်းဖြေတတ်တဲ့အတွက် မစစ်မှန်သလိုပဲ... ပြန်စဉ်းစားကြည့်ပါအုန်း" ကောင်လေးစကားကို ကောင်မလေးက ခေါင်းညိတ်ထောက်ခံရင်း "ဒီလိုဆိုရင် တစ်ရက်လား?" "ဟား..ဟား ငါတို့ချစ်တာတောင် နှစ်လကျော်နေပြီ။ တစ်ရက်၊ တစ်ပတ်၊ တစ်လဆိုတဲ့ အဖြေမျိုးက မဖြစ်နိုင်ဘူးလေ" ကောင်လေးအပြောမှာ ကောင်မလေးရောယောင် ရီရင်း " တခဏတော့ မဟုတ်ရပါဘူးနော်" လို့ အသံကျယ်ကြီးနဲ့ မေးတယ်။ ကောင်မလေးအပြောကြောင့် စက်ဘီးလဲမတတ် ကောင်လေးအော်ရီမိတယ်။ ကောင်မလေးရဲ့ ဒီလို ရွတ်နောက်နောက်အပြောနဲ့ ကြည်လင်တဲ့ ရယ်သံတွေကို ကောင်လေး အရမ်းချစ်ခဲ့တယ်။ ကောင်မလေးရဲ့လက်ကို ကောင်လေးတင်းတင်းလေး ဆုတ်ကိုင်ထားလိုက်တယ်။ "ဒီလိုဆိုရင် တစ်နှစ်လား?" ကောင်လေး ခေါင်းခါပြလိုက်တယ်။ "ဒီလိုဆိုရင် နှစ်တစ်ရာကွာ... ငါ့ကို နှစ်တစ်ရာချစ်ရင် ရပြီ" ကောင်မလေးက စိတ်မရှည်ဘဲ ပြောနေပေမယ့် မျက်နှာပေါ်မှာ အပျော်ရိပ်တွေ သမ်းနေခဲ့တယ်။ "နှစ်တစ်ရာ! မတိုလွန်းဘူးလားကွာ.. နှစ်တစ်ရာနဲ့ ငါနင့်ကို ချစ်လို့ မဝနိုင်ဘူး" ကောင်လေးရဲ့ စကားလက်နက်က ကောင်မလေးရဲ့နှလုံးသားထဲ စူးစူးနစ်နစ် ထိုးစိုက်သွားတယ်။ ကောင်မလေးရဲ့ တိုးညှင်းညှင်းရီသံက ကောင်လေးကို မီးနီဖြတ်မောင်းရဲတဲ့ အင်အားတွေ ပေးခဲ့တယ်။ "အဖြေကို သိချင်ပြီလား?" ကောင်လေး ဖြေချင်နေပြီ။ "ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ?" ကောင်မလေးလည်း အဖြေကို ကြားချင်နေပြီ။ ကောင်လေးက လက်တစ်ချောင်းထောင်ပြရင်း "နင်ငါ့ကို မချစ်တော့တဲ့ တစ်နေ့အထိ ငါချစ်နေမယ်" ကောင်လေးစကားကြောင့် ကောင်မလေး ငေးငိုင်သွားခဲ့ရတယ်။ နင်ငါ့ကို မချစ်တော့တဲ့ တစ်နေ့အထိ ငါချစ်နေမယ်! အဲဒီတစ်နေ့က ဘယ်လောက်ကြာနိုင်မလဲ? တိုနိုင်သလို ၊ ရှည်နိုင်တယ်။ ထာဝရ၊ တခဏလဲ ဖြစ်နိုင်ပေမယ့် တိကျတဲ့ အဖြေဖြစ်ခဲ့ပါတယ်။ 
ကိုရီးယားဟန် မြန်မာ့အသံ (ရယ်သောသူသည်အသက်ရှည်၏)
သံစဉ်အတိုအထွာစုစည်းမှု အပိုင်း(၁)
သံစဉ်အတိုအထွာစုစည်းမှု အပိုင်း(၂)
သံစဉ်အတိုအထွာစုစည်းမှု အပိုင်း(၃)
သတိရမိလိုက်တဲ့ကဗျာလေး
ချစ်သူ
မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ကဗျာလေးပါ(ကဗျာနာမည်တော့ မသိတော့ဘူး။ သိတဲ့သူများရှိရင်လည်းပြောပြပေးနော်)
မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကိုသတိရသည့်အခါ
တိမ် များကိုမြင်နေရပါသည်။
အလွန်ဝေးကွာသည့်အရပ်ကိုရောက်နေပါလျက်
ပင်လယ်ပြာကိုစဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကိုကြားယောင်နေတတ်
ပါသည်။
အခန်းကျဉ်းထဲမှာအိပ်နေပါလျက်
ဥယျာဉ်ထဲသို့စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကိုခံစားရရှိနေတတ်ပြန်သည်။
သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့) ချစ်သူသာဖြစ်ပါ၏။ ။ 
သိသင့်သောအချက်များ
၁။ ပုရွက်ဆိတ်တွေ တက်နေပါသလား။
ပုရွက်ဆိတ်တို့သည် သခွားသီးကို မုန်း၏။ ထို့အတွက် ပုရွက်ဆိတ်များလာလျှင် သူတို့လမ်းကြောင်းတွင် သခွားသီးခွံများ ပစ်ချထားလိုက်ပါလေ။ ၎င်းတို့သည် ကြိမ်ဆဲကာ အဝေးသို့ထွက်ပြေးသွားပါလိမ့်မည် (လို့ပြောပါသည်)။
၂။ အမှုန်အမှိုက်များ လုံးဝကင်းစင်သော ရေခဲတုံးကလေးများ အလိုရှိပါသလား။
ရေခဲသေတ္တာထဲ မထည့်မီ ရေကို အရင်ကြိုလိုက်ပါ (တဲ့)။ ဆိုလိုသည်မှာ ရေကျက်အေးကို ရေခဲတုံးလုပ်ပါ။
၃။ ကြည့်မှန်ကို လုံးဝ ကြည်လင်နေစေလိုပါသလား။
မှန်ကို အရက်ပျံဖြင့် ပွတ်ပေးပါ (တဲ့)။
၎။ အင်္ကျီမှာ ပီကေတွေပေလာလို့ ကလေးကို ရိုက်မလို့လား။
မရိုက်ပါနဲ့ဗျာ။ အဲဒီအင်္ကျီကို ရေခဲသေတ္တာထဲ တစ်နာရီလောက် ပစ်ထည့်ထားလိုက်ပါ။ အိုကေမှာ စိုပြေသွားပါလိမ့်မယ် (တဲ့)။
၅။ အစ်ကိုတို့ရဲ့ ရှပ်အင်္ကျီအဖြူလေးတွေကို ဖြူဖွေးတောက်ပြောင်သွားစေလိုပါသလား။
အင်္ကျီ ကို သံပုရာသီးခြမ်းနဲ့အတူ ရေပူထဲမှာ ၁၀ မိနစ်လောက် စိမ်ပါ။ (သူတို့ရေးတဲ့အတိုင်း ပြန်ရေးပြတာပါ။ ကျွန်တော်တစ်ခါမှတောင် မစမ်းဖူးပါဘူး။ အင်္ကျီကို သံပုရာသီးကဟာတွေ စွမ်းကုန်ရင် ကျွန်တော့်ကို မေတ္တာမပို့ဘဲ မူရင်းရေးတဲ့သူကိုပို့ပါလို့၊ အဟိ။ သြော်၊ စမ်းကြည့်ပြီး တကယ်ဟုတ်တယ် ဆိုရင်လဲ လက်တို့လိုက်ပါဦးနော်။)
၆။ သံပုရာသီးထဲက အရည်တွေကို အကုန်ညှစ်ထုတ်လိုပါသလား။
သံပုရာသီးတွေကို ရေနွေးနဲ့ တစ်နာရီကြာစိမ်ပြီးမှ ညှစ်ပါ (တဲ့)။
၇။ ဂေါ်ဖီထုပ်ကြော်ရင် အနံ့မနံအောင် -
ကြော်နေတုံး အိုးထဲကို ပေါင်မုံ့လေးတစ်ဖဲ့ ပစ်ထည့်လိုက်ပါ (တဲ့)။
၈။ ကြက်သွန်လှီးရင် မငိုရအောင် -
ပီကေ၀ါးပါ (လို့ပြောတာပဲ)။ (မှတ်ချက်။ စင်ကာပူတွင် ပီကေမ၀ါးရန် ဥပဒေဖြင့် တားမြစ်ထားပါ၏။)
၉။ အာလူးပြုတ်တာ အမြန်နူးချင်ရင် -
အားလူးတစ်ခြမ်း(တစ်လုံးလုံး မဟုတ်) ကို အခွံနွှာပြီးမှ ပြုတ်ပါ (တဲ့)။
၁၀။ ရှပ်အင်္ကျီမှာ မင်တွေစွန်းလာလို့ ယောက်ျား (ယောင်္ကျား လို့ မရေးလိုက်ပါနဲ့။ ဟိုယောင်ယောင် ဒီယောင်ယောင်၊ ယောင်ခြောက်ဆယ်တွေ ဖြစ်ကုန်ပါ့မယ်။) ကို ရန်မလုပ်ပါနဲ့။ အလွယ်လေးပါ။
မင် (“မှင်” မဟုတ်ပါ။) စွန်းသောနေရာကို သွားတိုက်ဆေးဖြင့် ကျကျနန ပွတ်ပေးပါ။ နောက်ပြီး သွားတိုက်ဆေး လုံးဝ ခြောက်သွားပြီ ဆိုမှ ပွတ်လျှော်ပါ (တဲ့)။
၁၁။ ကစွန်းဥပြုတ် အခွံနွှာရတာ ခက်နေပါသလား။
ပြုတ်ပြီးပြီးချင်း ရေအေးနဲ့ ချက်ခြင်း စိမ်ပါ (တဲ့)။
၁၂။ ကြွက်တွေလာလို့ စိတ်ညစ်နေပါသလား။
သူတို့လာမဲ့လမ်းမှာ ငြုပ်ကောင်းမှုံ့ ဖြူးထားပါ (တဲ့)။
(သတိတော့ထားပေါ့။ တော်ကြာ ကြွက်တွေအစား ကိုယ်အရင် နှာတွေ တဖြီးဖြီး ချေနေမှ ဟုတ်ပေ့ ဖြစ်နေဦးမယ်။)
သင်လေချာလေ….လေ့လာကြည်ဖို့ပါ
ဂဏာန်းပေါင်းစက်လေးယူပြီး စမ်းကြည့်လိုက်ကြနော်....
3 x 37 = 111
6 x 37 = 222
9 x 37 = 333
12 x 37 = 444
15 x 37 = 555
18 x 37 = 666
21 x 37 = 777
24 x 37 = 888
27 x 37 = 999
Nice one:
111,111,111 x 111,111,111 = 12,345,678,987,654,321
Trapeze:
0x 9 + 1 = 1
1 x 9 + 2 = 11
12 x 9 + 3 = 111
123 x 9 + 4 = 1111
1234 x 9 + 5 = 11111
12345 x 9 + 6 = 111111
123456 x 9 + 7 = 1111111
1234567 x 9 + 8 = 11111111
12345678 x 9 + 9 = 111111111
123456789 x 9+10 = 1111111111
another Trapeze:
1 x 8 + 1 = 9
12 x 8 + 2 = 98
123 x 8 + 3 = 987
1234 x 8 + 4 = 9876
12345 x 8 + 5 = 98765
123456 x 8 + 6 = 987654
1234567 x 8 + 7 = 9876543
12345678 x 8 + 8 = 98765432
123456789 x 8 + 9 = 987654321
and another one:
0x 9 + 8 = 8
9 x 9 + 7 = 88
98 x 9 + 6 = 888
987 x 9 + 5 = 8888
9876 x 9 + 4 = 88888
98765 x 9 + 3 = 888888
987654 x 9 + 2 = 8888888
9876543 x 9 + 1 = 88888888
98765432 x 9 + 0 = 888888888
987654321 x 9 – 1 = 8888888888
9876543210 x 9 – 2 = 88888888888
မေလ်းထဲကရတာပါ.။မိတ်ဆွေအပေါင်းတို့လည်းသိရအောင်တင်ပေးလိုက်ပါတယ်
စာရိတ္တသတ္တိ မွေးမြူခြင်း (ဆရာအောင်းသင်း)
စာရိတ္တသတ္တိ (သို့မဟုတ်) စိတ်ဓါတ်သတ္တိကို မွေးမြူပျိုးထောင်ဖို့ ခက်တယ်လို့ ဗိုလ်ချုပ်ကြီးဆလင်းက ပြောခဲ့ဖူးပါတယ်။ ခက်ပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ အဲဒါကို တစ်ထစ်ချ ပြောနိုင်ပါတယ်။ ငါကိုယ်တိုင် သတိပြုမိတာလေးတွေကို ပြောပြချင်ပါတယ်။
ငါတို့ တိုင်းပြည်မှာတော့ဖြင့် အဲဒီစာရိတ္တသတ္တိကို အပေးနိုင်ဆုံးဟာ ဗုဒဘာသာလို့ပဲ ထင်မိပါတယ်။ ဒီလိုဆိုလိုက်တော့ တခြားဘာသာရေးတွေက မပေးနိုင်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ငါ့အနေနဲ့ တွေ့ရမြင်ရတာလောက်ကိုသာ ပြောပြတာပါ။
ကောင်းကင်ပြာ
သီချင်းနာမည်လေးက တော်တော်တိုက်ဆိုင်တယ်။ ကျွန်တော်အကြိုက်ဆုံး နာမည်လေး ဖြစ်နေပြီးတော့ နားထောင်လို့လည်းကောင်းပါတယ်။ ကောင်းကင်ဆိုတာက လူတိုင်းရဲ့ အရာတိုင်းရဲ့ အပေါ်မှာရှိတယ်။ အပြာဆိုတာကတော့ ငြိမ်းချမ်းတဲ့သဘောပါ့။ ကျွန်တော့်ရဲ့ ခံစားချက်လေးကိုပြောတာပါနော်......
တို့မေမေ
ကျွန်တော်တို့ မူလတန်းတုန်းက သင်ခဲ့ရတဲ့ကဗျာလေးပါ။ အခုချိန်ထိ နှုတ်ထဲမှာကော၊ ရင်ထဲမှာကောစွဲနေတုန်းပါပဲ။
                                          ကျွေးမွေးသုတ်သင်၊ သက်ဆုံးငင်
                                          ချစ်ခင်ရှာပေ၊ တို့မေမေ။
                                          ငယ်စဉ်ကာလ၊ စည်းကမ်းပြ
                                          ဆုံးမခဲ့ပေ၊ တို့မေမေ။
                                          အရွယ်ရောက်လာ၊ ကျောင်းအပ်ကာ
                                          ပညာပေးပေ၊ တို့မေမေ။
                                          ကျန်းမာဖို့ရေး၊ သင့်ရာကျွေး
                                          လေးစားအပ်ပေ၊ တို့မေမေ။
                                          ချစ်ခင်အပ်ပေ၊ တို့မေမေ။
အနှိုင်းမဲ့ အမေ
ကိုးလလွယ်  ဆယ်လဖွား
အသက်ကိုစတေး  မွေးဖွားပေးခဲ့တာ အမေ
ငယ်ရွယ်စဉ်  ပြုပြင်စဉ်ဆုံးမ
လမ်းမှန်ရောက်အောင်  ပို့ဆောင်ပေးခဲ့တာ  အမေ
အန္တရယ်တွေ  ဘယ်လိုကြုကြုံ
ရှေ့ဆုံးမှ  ဦးဆောင်ပေးခဲ့တာ  အမေ
အမေ.....အမေ....တို့အားလုံးအတွက်
အနှိုင်းမဲ့ အမေ....
သားရာက်ရာနေရာကနေ လက်ဆယ်ဖြာထိပ်မှာမိုးပြီး...ကန်တော့လိုက်ပါတယ်  အမေ....
အမေများနေ့ကို ဂုဏ်ပြုသောအားဖြင့်.....
ဘုရားရှင် လက်ထက်တွင် ထူးခြားသော ယောက်ျား (၁၁)ဦး နှင့် ယောက်ျားမြတ်တို့ သိသင့်သောအချက်များ
ဘုရားရှင် လက်ထက်တွင် ထူးခြားသော ယောက်ျား (၁၁)ဦး
၁။ တဖုဿ - ဘုရားရှင်ကို ရှေးဦးစွာ လှူဒါန်းရသူ။
၂။ ဘလ္လိက - ဘုရားရှင်ကို ရှေးဦးစွာ လှူဒါန်းရသူ။
၃။ အနာထပိဏ်သဌေး - အလှူအများဆုံးလှူသူ။
၎။ ဟတ္ထာဠာဝက - ဝတ္ထုပစ္စည်းဖြင့် ပရိသတ်အား ဆွဲဆောင်နိုင်သူ။
၅။ စိတ္တသူကြွယ် - အလွန်တရားဟောကောင်းသူ။
၆။ မဟာနမ်သာကီဝင်မင်း - အခါမပြတ်ပေးလှူတတ်သူ။
၇။ ဝေသာလီဥဂ္ဂသူကြွယ် - နှစ်သက်ဖွယ်ရာကို ပေးလှူတတ်သူ။
၈။ ဟတ္ထဂါမဥဂ္ဂသူကြွယ် - သံဃာတော်တို့အား လုပ်ကျွေးတတ်သူ။
၉။ စူဠပန် - ဘုရားကို အလွန်ကြည်ညိုသူ။
၁၀။ ဇီဝက - ရဟန်းတော်များအား အထူးကြည်ညိုသူ။
၁၁။ နကုလပိတာသူကြွယ်- ဘုရားနှင့်အလွန် ကျွမ်းဝင်သူ။
ယောက်ျားကောင်းတို့၏ အား(၅)ပါး
၁။ ကာယဗလ - ကိုယ်ခန္ဓာ တောင့်တင်းအင်အားကြီးမားခြင်း။
၂။ ဘောဂဗလ - ပစ္စည်းဥစ္စာ ရတနာရွှေငွေ ကြွယ်ဝခြင်း။
၃။ မိတ္တဗလ - ဆွေမျိုးကောင်း မိတ်ဆွေကောင်း ပေါများခြင်း။
၎။ ပညာဗလ - အမျိုးမျိုးသော အတတ်ကိုတတ်ခြင်း။
၅။ စာရိတ္တဗလ- ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း။
ယောက်ျားကာင်းတို့၏ ရှိအပ်သောဂုဏ်(၆)ပါး
၁။ ခမာဂုဏ် - သည်းခံခြင်း။
၂။ ဇာဂရီနဂုဏ် - နိုးကြားခြင်း။
၃။ ဥဋ္ဌာနဂုဏ် - လုံ့လဝီရိယရှိခြင်း။
၎။ သံဝိဘာဂဂုဏ် - ဝေဖန်ပိုင်းခြားတတ်ခြင်း။
၅။ ဒယာဂုဏ် - သနားကြင်နာတတ်ခြင်း။
၆။ ဣက္ခနဂုဏ် - အရာရာ၌ ဆင်ခြင်တတ်ခြင်း။
ယောက်ျားကောင်းတို့၏ ရှောင်ရှားအပ်သောအမှု(၅)ပါး
၁။ အလုပ်လုပ်ရာတွင် ထိုင်းမှိုင်းတွေဝေပြီး နှေးကွေးစွာလုပ်ခြင်း။
၂။ သတ္တိနည်းပါး၍ ကြောက်ရွံ့စိုးရိမ်တတ်ခြင်း။
၃။ အအိပ် အလွန်ကြူးစုံမက်ခြင်း။
၎။ သည်းခံစိတ်မရှိ၊ အလွန်ဒေါသကြီးခြင်း။
၅။ လုံ့လဝီရိယ အလွန်နည်းပါးခြင်း။
နောင်တစ်ချိန်မှာ ယောက်ျားကာင်း၊ ယောက်ျားမြတ်များ ပေါ်ထွက်ကြပါစေဗျာ။
မေတ္တာဖြင့်
အချစ်နဲ့ နားလည်မှု
သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က အချင်းချင်း စိတ်လက်ချမ်းသာစေတဲ့အချစ်ကို သယ်ဆောင်ပေးလာနိုင်သတဲ့။
သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က နောက်ဆုံးမှာ သင့်ကိုဆင်ခြေတွေးတောစရာ တစ်ခုပေးပါသတဲ့။ အဲဒီတွေးတောစရာက "လူ့ဘဝမှာ "နားလည်မှုရှိတာ"ဟာ "ချစ်တာ"ထက် ပိုအရေးပါတယ်" ဆိုတာပဲဖြစ်တယ်။
"သင့်ကိုနားလည်တဲ့သူ ချစ်ပါစေ"ဆိုတဲ့ သီချင်းဟောင်းတစ်ပုဒ်မှာ သီချင်းစာသားတစ်ခုက..... "ချစ်ကြိုက်တယ်ဆိုတာ တစ်ဘက်သားရဲ့ နေထိုင်မှုထဲဝင်ရုံတင်မဟုတ်ဘူး.. အချင်းချင်းရဲ့ဘဝထဲ ပိုဝင်နိုင်ရမယ်"လို့ ဆိုထားပါတယ်။ "အချစ်"ရဲ့ အမြင့်ဆုံးအဆင့်က "နားလည်မှု"ဖြစ်တယ်။
"နားလည်တာလား! ချစ်တာလား!"ဆိုတာကို လူတွေက ရွေးချယ်မှုပုစ္ဆာအဖြင့် သဘောထားပြီး လူအများက "ချစ်တယ်"ဆိုတာကို ရွေးချယ်တတ်ကြတယ်။ နားလည်တာထက် ချစ်ရတာဟာ လူကို ပိုကြည်နူးစေတယ်လို့ သူတို့ထင်ကြလို့ဖြစ်တယ်။
တကယ်တမ်းတော့ ဒီလိုမဟုတ်ခဲ့ပါဘူး...
မကြာခဏမြင်တွေ့နေရတဲ့ မပျော်ရွှင်တဲ့ ချစ်သူရည်းစားတွေ၊ လမ်းခွဲပြတ်စဲသွားကြတဲ့ ချစ်သူရည်းစားတွေဟာ အချင်းချင်း မချစ်ကြလို့မဟုတ်ဘူး။ အချင်းချင်း နားလည်မှုမပေးနိုင်ကြလို့ဖြစ်တယ်။ လူ့လောကထဲမှာ အချင်းချင်းနာကျင်အောင် ညှင်းပန်းနှိပ်စက်နေကြတဲ့ ယောက်ျားမိန်းမ၊ ချစ်သူစုံတွဲတွေဟာ မချစ်ကြလို့မဟုတ်ဘူး။ နားလည်မှု မရှိကြလို့ဖြစ်တယ်။
ချစ်သူဖြစ်ချိန်မှာ မိန်းကလေးတွေက ယောက်ျားလေးတွေကို နားလည်မှုပေးနိုင်တယ်လို့ သူတို့ကိုယ်သူတို့ ထင်ခဲ့ကြတယ်။ အသဲကွဲလမ်းခွဲချိန်ရောက်မှ အရင်ကနားလည်ခဲ့တဲ့ "နားလည်မှုတွေ"ဟာ "နားလည်မှုအလွဲ"တွေဆိုတာကို သူတို့သိကြရတယ်။
မိန်းကလေးတွေက နားလည်မှုမရှိဘူးလို့ ယောက်ျားလေးတွေက ထင်ကြတယ်။
မိန်းကလေးတွေက သူတို့ကိုယ်သူတို့ နားလည်မှုရှိတယ်လို့ ထင်ကြတယ်။
ယောက်ျားလေးတွေရဲ့စိတ်ကို မိန်းကလေးတွေ နားမလည်ကြဘူးလို့ ယောက်ျားလေးတွေက ထင်ကြတယ်။ ဒါဟာ မိန်းကလေးတွေရဲ့စိတ်ဒုက္ခကို ယောက်ျားလေးတွေ နားမလည်လို့လို့ မိန်းကလေးတွေက ထင်ကြတယ်။
ဒါကြောင့် နှစ်ယောက်ကမ္ဘာမှာ နားလည်မှုရှိဖို့က ချစ်ဖို့ထက် ပိုလုပ်နိုင်ဖို့ ခက်ခဲခဲ့တယ်။
သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က သင်လိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။
သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က သူလိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။
သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က တစ်ဝက်လုပ်ပြီး ဆတိုးခံစားတယ်၊ ချစ်ရတာလည်း သက်တောင့်သက်သာရှိပြီး စိတ်ချမ်းမြေ့စေတယ်၊ သင့်ကိုလည်း ပျော်ရွှင်မှုတွေ ခံစားစေတယ်။
သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က ဆတိုးလုပ်ပြီး တစ်ဝက်ပဲခံစားတယ်။ ချစ်ရတာလည်း စိတ်ပင်ပန်း၊ လူပင်ပန်းစေတယ်၊ သင့်ကိုလည်း ပျော်ရွှင်မှုမပေးနိုင်ဘူး။
သင့်ကိုနားလည်မှုပေးနိုင်တဲ့သူ သင့်ကိုချစ်ပါစေ...
ချစ်တယ်ဆိုတိုင်း နားလည်မှုပေးနိုင်သူ မဟုတ်ပါဘူး။
အချစ်ကို အညံ့ခံ၊ အရှုံးပေးလိုက်ရတဲ့ လူတွေအများကြီးပါ။ ဒါပေမဲ့ အဲဒီလိုအညံ့ခံပြီးနောက် နောက်ဆုံးမှာ သူတို့နားလည်သဘောပေါက်လိုက်တာက "နားလည်မှုမပေးနိုင်သူတစ်ယောက်ရဲ့ အချစ်ဟာ အချစ်နက်လေ နာကျင်ညှင်းပန်းမှုများလေ" ဆိုတာပဲဖြစ်တယ်။
သာကီဝင်သကျမင်းမျိုးများ ဘာကြောင့် မောင်နှမချင်း လက်ထပ်ကြသလဲ
သာကီဝင်သကျမင်းမျိုးများ ဘာကြောင့် မောင်နှမချင်း လက်ထပ်ကြသလဲဆိုတာကို လူတိုင်းသိချင်နေကြတဲ့မေးခွန်းလေးပါ။ 
အရှင်ဆန်နီနေမင်း ဆိုက်ကကူးယူလာတာပါ...။
အမေး။ ။ နန္ဒမင်းသားနဲ့ ဇနပဒကလျာဏီတို့ဟာ မိထွေးတော်ဂေါတမီကဖွားတဲ့ ဖအေတူ မအေတူ မောင်နှမရင်းလို့ ဖတ်ရပါတယ်။ အိန္ဒိယမှာ ၀မ်းကွဲများ ဖတူမိကွဲများ ရှေးကပေးစားတတ်ပေမယ့် မိခင်တူရင် ရှောင်ကြပါတယ်။ မြတ်စွာဘုရားရဲ့ ညီတော်နဲ့ နှမတော်မှာ မိတူဖတူချင်း ဘာပြုလို့ လက်ထပ်ပေးရတာလဲဘုရား။
ကဆုန်လပြည့် ဗုဒ္ဓနေ့
ဖွားမြင်၊ ပွင့်၊ စံ၊ ဗျာဒိတ်ခံ၊ မှတ်ရန်ကဆုန်လပြည့်ကြုံ။
 သီတဂူဆရာတော်အရှင်ဥာဏိဿရဟောကြားတော်မူသော ကဆုန်လပြည့်ဗုဒ္ဓနေ့ရှင်းတမ်းတရားတော်များ
ကဆုန်လပြည့်ဗုဒ္ဓနေ့ရှင်းတမ်း1
ကဆုန်လပြည့်ဗုဒ္ဓနေ့ရှင်းတမ်း2
ကဆုန်လပြည့်ဗုဒ္ဓနေ့ရှင်းတမ်3း
သင် ပျင်းတဲ့အခါ လုပ်စရာ (၁၀)ခု
သင်ပျင်းနေပါသလား။ အကယ်၍ သင် ပျင်းလည်းပျင်းနေတယ်၊ ဘာလုပ်ရမယ်မှန်းလည်းမသိဘူးဆို
ရင်တော့ ဒီ Top 10 List က သင့်အတွက်ပါပဲ။ ဟောဒီမှာ အချိန်တွေကို ကုန်လွန်သွားစေဖို့ အားလပ်ချိန်မှာ သင်လုပ်နိုင်တဲ့အရာတစ်ချို့။
၁။ အပြင်ထွက်ပါ- သင့်မှာ တခြားဘာမှလုပ်စရာမရှိဘူးဆိုရင်တော့ ပြင်ပလုပ်စရာလေးတစ်ခုခု လုပ်တာလောက်
ကောင်းတဲ့အရာ မရှိပါဘူး။ ဒါကြောင့် လမ်းလျှောက်ပါ။ ပြေးပါ။ သင် အနှစ်သက်ဆုံး ကော်ဖီဆိုင်ကို သွားးပါ။
မိတ်ဆွေတစ်ချို့နဲ့ တွေ့ဆုံပါ ၊ ဒါမှမဟုတ် သင့်စိတ်ထဲက အမှန်တကယ် ဆန္ဒရှိတဲ့ ဘယ်အရာကိုမဆို လုပ်ပါ။
၂။ ဂိမ်းကစားပါ။ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ chess ကစားတာပဲဖြစ်ဖြစ်  http://www.addictinggames.com/ မှာ အွန်လိုင်းဂိမ်းတစ်ခုခုကိုကစားတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သင်ကြိုက်တဲ့ ဂိမ်းအခွေတစ်ခွေကို
ကစားတာပဲဖြစ်ဖြစ်ပေါ့၊ဂိမ်းကစားခြင်းဟာ သင့်ကိုယ်သင် ခဏတာ ပျော်ရွှင်မှုရစေဖို့
နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။
၃။ အကြိုက်ဆုံး သီချင်းတွေကို ဖွင့်ပြီး လိုက်ဆိုပါ။ ကခုန်ပါ။ သီချင်းသံနဲ့အတူစီးမျောရင်း
သင့်ရဲ့အချိန်ကို ပျော်ရွှင်စွာ ခံစားပါ။
၎။ သူငယ်ချင်းတစ်ယောက်ယောက်ဆီကို ဖုန်းဆက်ပြီး သူတို့မှာ လုပ်စရာ ဘာအစီအစဉ်တွေရှိလဲလို့
မေးကြည့်ပါ။
၅။ ရုပ်ရှင်တစ်ကားလောက် ကြည့်ပါ။ ဘယ်ဇာတ်လမ်းကို ကြည့်ရမယ်ဆိုတာ မသိဘူးဆိုရင်တော့
ခွေငှားဆိုင်ကိုသွားပါ၊ ပြီးတော့ ဘာခွေတွေ အသစ်ထွက်သလဲဆိုတာ မေးကြည့်ပါ။
၆။ တီထွင်ဖန်တီးမှု တစ်ခုခု လုပ်ပါ- ပုံဆွဲပါ။ ဆေးခြယ်ပါ။ လက်မှုပစ္စည်းတစ်ခုခု လုပ်ပါ။
ဒါမှမဟုတ် အဲဒီသုံးမျိုးစလုံး လုပ်ပါ။ သင့်ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို တံခါးဖွင့်ပေးလိုက်ပါ။
၇။ ကဗျာတစ်ပုဒ် ၊ သီချင်းတစ်ပုဒ် ၊ ဒါမှမဟုတ် ဇာတ်လမ်းတစ်ပုဒ် ရေးပါ။ အဲဒီ သင့်ရဲ့ အနုပညာတွေကို
သိမ်းထားဖို့ နေရာမရှိဘူးဆိုရင်တော့ အခြားသူတွေနဲ့ မျှဝေပါ။ blog တစ်ခု ရေးပါ။
ဒါမှမဟုတ်DeviantArt စာမျက်နှာတစ်ခု ပြုလုပ်ပါ။
၈။ စာအုပ်ဖတ်ပါ။ ဖတ်စရာ စာအုပ်တစ်အုပ် မရှိဘူးလား။ ဒါဆို စာကြည့်တိုက်ကိုသွားပြီး စာအုပ်တစ်အုပ် ငှားပါ။
သင် ဘယ်လိုစာအုပ်မျိုးကို ကြိုက်တတ်တယ်ဆိုတာ မသေချာဘူးဆိုရင် စာကြည့်တိုက်မှူးကို
ဘာစာအုပ်ဖတ်ရမလဲဆိုတာ လမ်းညွှန်ခိုင်းပါ။ စာကြည့်တိုက်မှူးက သင့်ကို လိုလိုလားလား ကူညီမှာပါ။
၉။ လုပ်ချင်ရဲ့သားနဲ့ အချိန်မရလို့ မလုပ်ဖြစ်တဲ့အရာတစ်ခုခုကို လုပ်ပါ။ သင့်ရဲ့ အခန်းကို သန့်ရှင်းပါ။
စာအုပ်စင်ပေါ်က စာအုပ်တွေကို ပြန်စဉ်ပါ။ အ၀တ်လျှော်ပါ။ အမှိုက်တွေ ရှင်းချင်ရှင်းပါ။
ဒါမှမဟုတ် လုပ်စရာရှိတဲ့ အိမ်စာကို စောစောစီးစီးလုပ်ထားလိုက်ပါ။ ဒီလိုမှမဟုတ်ရင်တော့ သင့်ရဲ့
လုပ်စရာစာရင်းထဲက တခြားတစ်ခုခုကို လုပ်ပါ။
၁၀။ လုပ်အားပေးပါ။ သင့်မှာ အားလပ်ချိန်တွေလည်း တော်တော်များများရှိနေတယ် ပြီးတော့
ပျင်းလည်းပျင်းနေတယ်ဆိုရင် သင့်ပတ်ဝန်းကျင်မှာ သင်ပါဝင်လုပ်အားပေးနိုင်တဲ့ ကိစ္စတစ်ခုခု
ရှိသလားဆိုတာကြည့်ပါ။ သူတစ်ပါးကို ကူညီဖို့အတွက်ဆိုရင် အချိန်တိုင်းဟာ အချိန်ကောင်းတွေပါပဲ။
ပျော်ရွှင်ဖွယ် နေ့တစ်နေ့ဖြစ်ပါစေ။ ပျော်စရာကောင်းတဲ့ လုပ်စရာတစ်ခုခု အမြဲတမ်း ရှိနေတယ်ဆိုတာ သတိရပါ။
ကျေနပ်လိုက်ပါတော့နော်
အဝေရာနွံတောမှာ
 စေတနာအကျွံစောမိတဲ့သူတစ်ယောက်
စမ်းရေအတူသောက်ခွင့်မရသော်လည်း 
ပန်းကြွေအတူကောက်ချင်သူအတွက် 
အနမ်းနဲ့အလွမ်းတစ်လမ်းစီပဲလို့
 အယူသည်းပြီးအပူကဲနေသလား
 ကြမ်းခွင့်ရမ်းခွင့်နမ်းခွင့်မရရင်လဲ
 လွမ်းခွင့်လေးတော့ရသေးတယ်လေ
 နေတတ်ကျေနပ်လိုက်ပါတော့နော်။
ကျန်းမာရေးလျှို့ဝှက်ချက်များ
တရုတ်ရုပ်သံလိုင်းဖြစ်တဲ့CCTVက အသက်(၇၆)နှစ်ရှိပြီဖြစ်တဲ့ တရုတ်ကျန်းမာရေးပညာရှင် ပါမောက္ခWan Cheng Kuiနဲ့ အစီအစဉ်တစ်ခု တင်ဆက်သွားခဲ့တယ်။ အစီအစဉ်မှာ Wan Cheng Kuiက သူ့ရဲ့ကျန်းမာရေး၊ ပျော်ရွှင်ရေး၊ အသက်ရှည်ရေး လျှို့ဝှက်ချက်တွေကို ပြောသွားခဲ့တယ်။
(၁) ကျန်းမာဖို့အတွက် သင့်ကိုယ်ပေါ်မှာ မူတည်တယ်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ သတ်မှတ်ချက်အရ လူတစ်ယောက်ရဲ့ အသက်ရှည်ရေးနဲ့ကျန်းမာရေးဟာ ၁၅%က မျိုးရိုးကြောင့်၊ ၁ဝ%က လူမှုပေါင်းသင်းရေးကြောင့်၊ ၈%က ရောဂါဘယကြောင့်၊ ၇%က ရာသီဥတုကြောင့်နဲ့ ၆ဝ%က ကိုယ့်ကိုယ်ပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။
လူအများသိပြီးကြတဲ့အတိုင်း မနက်စာကို ကောင်းကောင်းစား၊ နေ့လယ်စာကို ဝအောင်စား၊ ညစားကိုလျော့စားလို့ ဆိုကြပေမယ့် အခုခေတ်မှာတော့ ဆန့်ကျင်ဖက်ဖြစ်နေပါတယ်။ အခုခေတ်လူတွေက မနက်စာကို ဖြစ်သလိုစား၊ နေ့လည်စာကို ကြုံရာစား၊ ညစားကို အဝအပြဲစားကြတယ်။ ဒါဟာ ရောဂါရဲ့ရင်းမြစ်ဖြစ်တယ်။ မနက်စာဟာ အားဆေးနဲ့တူတယ်။ တစ်နေ့လုံးရဲ့အရေးပါတဲ့တစ်နပ်မို့ အာဟာရဖြစ်တာတွေ စားရပါတယ်။
မနက်ပိုင်းအာဟာရတွဲဖက်စာအဖြစ် ပဲနို့ရည်၊ ကွေကာအုပ်နဲ့ ပန်းသီးတွေကို တွဲစားနိုင်ပါတယ်။ အဓိကအစာမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးပါရပါမယ်။ အခုခေတ်လူတွေက့ ၂ဝ% မနက်စာ မစားကြသလို ၅ဝ%-၆ဝ% က မနက်စာ မစားတတ်ကြဘူး။ မနက်စားအာဟာရအတွက် နေ့လယ်၊ ညနေစာတွေနဲ့ ပြန်အစားထိုးလို့ မရနိုင်ပါဘူး။
(၂) လောကမှာ မကောင်းဆုံးအကျင့်က ဆေးလိပ်သောက်တာပဲ
လောကမှာ မကောင်းတဲ့အကျင့်(၅)ခုရှိတယ်။ ပထမတစ်ခုက ဆေးလိပ်သောက်တာပဲဖြစ်တယ်။ တစ်သက်လုံး ဆေးလိပ်သောက်သူဟာ နှစ်(၂ဝ)-(၂၅) စောသေကြတယ်။ ဆေးလိပ်တစ်ခါသောက်ရင် (၁၁)မိနစ် အသက်တိုတယ်။ ကျွန်တော်ဘာလို့ အရွယ်တင်နေသလဲ? ကျန်းမာနေသလဲဆိုတာ ကျွန်တော်တစ်သက်မှာ ဆေးလိပ်မသောက်ဖူးဘူး။ ကျွန်တော့်ရှေ့မှာ ဆေးလိပ်လာသောက်ရင် ဆောရီးပဲ တခြားနေရာမှာ သွားသောက်ပါ။ သင့်ကိုယ်သင် သေကြောင်းကြံလို့ရတယ်။ တခြားလူကိုတော့ သင်မသတ်ပါနဲ့။ မနက်ထလာတာနဲ့ ဆေးလိပ်သောက်တာ ပိုအန္တရာယ်ရှိတယ်။ ဆေးလိပ်သောက်သူတွေဟာ လေပြွန်နာ၊ အဆုတ်လေနာ၊ အဆုတ်အတွင်းနာ၊ အဆုတ်ကင်ဆာစတဲ့ရောဂါတွေကို ရနိုင်ပါတယ်။
(၃) အာဟာရများရင်လည်း အဆိပ်ဖြစ်တယ်
နေ့တစ်နေ့တာရဲ့ အစားအစာတွေကက အရွက်စိမ်း (၈)အောင်စ သို့မဟုတ် (၅ဝဝ)ဂရမ်၊ အသီး (၂)လုံး၊ ဟင်းရွက်ဆီ (၃)ဇွန်း၊ (၂၅)ဂရမ်ထက်မပိုရ။ ထမင်း(၄)အောင်စ သို့မဟုတ် ပေါက်စီအသားလွတ်(၄)လုံးနဲ့ ပရိုတင်းအပြည့်အဝပါတဲ့ အစားအစာတွေဖြစ်တယ်။
တစ်နေ့ကို ရေ(၈)ခွက်သောက်ရတယ်။ ရေက လူတွေရဲ့အသက်ပဲ။ ဒါပေမဲ့ အခုခေတ်လူတွေက ရေအသောက်နည်းကြတယ်။ ဆာမှ သောက်ကြတယ်။ တကယ်ဆို ဆာမှသောက်တာမဟုတ်ဘဲ အားတာနဲ့သောက်နေရမယ်။ ရေအစား ရေနွေးကြမ်းရော ရသလားမေးရင် မရဘူး။ ကော်ဖီ၊ အချိုရည်၊ ဘီယာနဲ့အစားထိုးရင်ရော ရသလားမေးရင် မရဘူး။ ရေနွေးကြမ်းသောက်မယ်ဆိုရင်လည်း အခါးခြောက်နည်းရမယ်။ သေချာမှတ်ထားပါ.... ရေက လူတွေရဲ့အသက်ပါ။
(၄) လူတွေက အို၊ နာသေတာမဟုတ်ဘူး၊ စိတ်ကြောင့်သေတာ
လူတွေ စိတ်မတိုဘဲနေနိုင်လား? လူဆိုတာ ခံစားချက်ရှိတဲ့သတ္တဝါတွေ။၊ ငိုမယ်၊ ရယ်မယ်၊ တိုမယ်၊ လွမ်းမယ်၊ ကြောက်မယ်၊ လန့်မယ်။ ပျော်ရင်ရယ်တယ်၊ မပျော်ရင် ငိုတယ်။ စိတ်တိုတဲ့အခါ နှစ်ခွန်းလောက်ဆဲလိုက်ရမှ ... ဒါဟာ လူတွေရဲ့ခံစားချက်ဖြစ်တယ်။ တကယ်လို့ ခံစားချက်တစ်မျိုးပဲရှိရင် ဒီလူ မကျန်းမာတော့ဘူး။
ခံစားချက်ပြည့်ဝတဲ့ လူတွေက ဘာလုပ်ချင်ရင် ဘာလုပ်ကြတယ်။ ဒါပေမဲ့ တစ်ခုမှတ်ထားရမှာက အလွန်အကျွံမဖြစ်ရဘူး။ အလွန်အကျွံဖြစ်ခဲ့ရင်လည်း အချိန်မကြာရဘူး။ ခံစားချက်ကို ခပ်မြန်မြန်လေး ပြန်ထိန်းညှိရမယ်။ ဒါမှ ကျန်းမာတယ်။
ဘုရင့်ကျမ်းစာမှာ ရှင်းရှင်းလင်းလင်းရေးထားပြီးသားပါ။ "စိတ်တိုရင် အသဲကိုထိတယ်၊ ပျော်ရင် နှလုံးကိုထိတယ်၊ စိုးရိမ်ကြောင့်ကြရင် အဆုတ်ကိုထိတယ်၊ လွမ်းဆွေးရင် သရက်ရွက်ထိတယ်၊ ကြောက်ရင် ကျောက်ကပ်ကိုထိတယ်၊ စိတ်ကြောင့်ရောဂါရတယ်"။ တကယ်တမ်းပြောရရင် လူအများက အိုသေ၊ နာသေတာမဟုတ်ဘူး။ စိတ်ကြောင့်သေကြတယ်။ အကြီးအကဲမလုပ်ရလို့ စိတ်ကြောင့်သေသွားတယ်၊ ဆရာမလုပ်ရလို့ စိတ်ကြောင့်သေသွားတယ်၊ ပိုက်ဆံရှာမရလို့ စိတ်ကြောင့်သေသွားတယ်။ လူအိုတချို့ ကိစ္စသေးသေးမွှားမွှားနဲ့ စိတ်ညစ်၊ စိတ်တိုပြီးသေသွားတယ်။ ဒီလိုလူမျိုးတွေ တော်တော်များများ ကျွန်တော်ကြုံဖူးတယ်။
ဒါကြောင့် ကျွန်တော်ပြောချင်ပါတယ်။ "စိတ်တိုဒေါသထွက်လို့ရတယ်။ ဒါပေမဲ့ ထွက်တတ်ရတယ်။ ခံစားချက်ရဲ့ဓားစာခံတော့ မလုပ်ရဘူး။ ခံစားချက်ရဲ့အရှင်သခင်ပဲလုပ်ရမယ်။ ခံစားချက်ကို မောင်းနှင်သူဖြစ်ရမယ်၊ ခံစားချက်ရဲ့ အမောင်းနှင်ခံရသူတော့ မဟုတ်နဲ့"
(၅) လမ်းလျှောက်တာဟာ အကောင်းဆုံးအားကစားပါ
ဘယ်အရာမဆို အတိုင်းအတာတစ်ခုတော့ရှိတယ်။ စားတာလည်း အတိုင်းအတာ၊ အိပ်တာလည်း အတိုင်းအတာ၊ အားကစားလုပ်တာလဲ အတိုင်းအတာရှိတယ်။ အားကစားမလုပ်ရင် မကောင်းသလို လွန်လွန်ကျွံကျွံလုပ်ရင်လည်း ရောဂါခုခံနိုင်အားကို ကျဆင်းစေတယ်။ နေ့တိုင်း နာရီဝက်က တစ်နာရီထိ အားကစားလုပ်နိုင်တယ်။ လုပ်တဲ့နည်းကလည်း ရိုးရှင်းတဲ့နည်းကို အသုံးပြုလို့ရတယ်။ နာရီဝက်လောက် လမ်းလျှောက်ရုံပါပဲ။ ရိုးရှင်းပြီး ငွေကုန်ကြေးကျစရာလည်း မလိုဘူး။ အကျိုးလည်း အရမ်းရှိတယ်။
ဒါပေမဲ့ လမ်းလျှောက်ရာမှာ သတိပြုရမယ့်အချက်တွေရှိတယ်။ လူငယ်တွေက မြန်မြန်လျှောက်ရတယ်။ တစ်မိနစ်ကို ခြေလှမ်း(၁၃ဝ)ထိ၊ နှလုံးခုန်နှုန်း တစ်မိနစ်ကို (၁၂ဝ)ကြိမ်ထိ ခပ်မြန်မြန်လေးလျှောက်ရတယ်။ ဒါမှ နှလုံးကို လေ့ကျင့်ပေးရာရောက်တယ်။ တစ်မိနစ်ကို ခြေလှမ်း(၁၃ဝ)၊ နှလုံးခုန်နှုန်း(၁၂ဝ) ရောက်ဖို့က ခဏလေးနဲ့တော့ လုပ်လို့မရဘူး။ ခြေလှမ်းမှန်မှန် မြန်မြန်လှမ်းနိုင်မှရတယ်။ ဒါကို နှစ်ဝက်လောက် သင်လုပ်နိုင်ရင် သင့်နှလုံး၊ အဆုတ်ရဲ့အကျိုးကို ၃ဝ% က ၅ဝ%ထိ မြင့်တင်ပေးနိုင်ပါတယ်။
လူတစ်ယောက်ဟာ လူငယ်အရွယ်ကစ စံသတ်မှတ်ထားတဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားရမယ်။ ကျွန်တော်ဆိုရင် အသက်(၃ဝ)ကတည်းက ဒီခန္ဓာအလေးချိန်ပဲ။ ဝလာပြီဆိုတာနဲ့ အလေးချိန်လျော့ဖို့က ခက်သွားပြီ။ အဓိက,က ပါးစပ်ကိုထိန်းမယ်၊ ခြေများများလှုပ်ရှားမယ်။ လူတွေက ပါးစပ်ကသာပြောတယ်။ ခြေကတော့ မလှုပ်ဘူး။
(၆) အရက်အလွန်အကျွံ တစ်ခါမူးရင် အသဲရောင်ရောဂါဖြစ်ဖို့ နီးပြီ
ကမ္ဘာကထုတ်ပြန်တဲ့ မကျန်းမာတဲ့နေထိုင်မှု(၆)မျိုးထဲမှာ - (၁) ဆေးလိပ်သောက်တာ (၂) အရက်သောက်တာပါတယ်။ အရက်ကို အလွန်အကျွံသောက်တာဖြစ်တယ်။ အရက်ကို နည်းနည်းသောက်ရင် ကောင်းကျိုးရှိနိုင်သေးတယ်။ ဥပမာ-- နေ့တိုင်းအရက်ဖြူကို တစ်အောင်စသောက်မယ်၊ ဝိုင် အထူးသဖြင့် စပျစ်ဝိုင်နီကို ၂အောင်စသောက်မယ်၊ ဘီယာကို ၂၅ဝဂရမ် ဒါမှမဟုတ် ၅ဝဝဂရမ်လောက် သောက်နိုင်ပါတယ်။ အလွန်အကျွံသောက်တာက ခန္ဓာကိုယ်ကို ထိခိုက်စေတယ်။ အသဲ၊ ဦးနှောက်၊ နှလုံး စတဲ့ ကိုယ်အင်္ဂါတွေကို ထိခိုက်စေပါတယ်။
အရက်အလွန်အကျွံ တစ်ခါမူးရင် အသဲရောင်ရောဂါဖြစ်ဖို့ နီးပြီ။ ဒါကို မှတ်ထားပါ။ အရက်သောက်တာက အသဲကိုထိခိုက်စေတဲ့အပြင် မှတ်ဉာဏ်ကိုလည်း ကျဆင်းစေတယ်။ အရက်ကြောင့် ဦးနှောက်ဆဲလ်တွေ သေသွားလို့ဖြစ်တယ်။ တစ်နေ့ကို ၁အောင်စလောက်သောက်တာက လုံခြုံစိတ်ချရတဲ့ အနေအထားပါ။
(၇) မိသားစု မသင့်မြတ်ရင်လည်း ကျန်းမာရေးကို ထိခိုက်စေတယ်
လူတွေကိုရောဂါဖြစ်စေတဲ့နှုန်း ၇ဝ%က မိသားစုကလာတယ်လို့ တတ်ကျွမ်းသူအချို့က ဆိုပါတယ်။ ကင်ဆာရောဂါဖြစ်နှုန်း ၅ဝ%က မိသားစုကလို့ဆိုတယ်။ မိသားစုဟာ အရေးကြီးသလား မကြီးဘူးလား?
အိမ်မှာက "ရန်ပွဲအသေး နေ့တိုင်းရှိတယ်၊ ရန်ပွဲအကြီး တစ်ရက်ခြားရှိတယ်"ဆိုတာမျိုး မဖြစ်ပါစေနဲ့။ ရေသေအိုင်လိုလည်း မိသားစုအိုင်မဖြစ်စေနဲ့။ အငြင်းမပွား၊ စကားမပြောဘဲ လဝက်လောက်နေကြည့်ပါလား! ပျင်းရိခြောက်သွေ့ပြီး သေသွားနိုင်တယ်။
လင်မယားကွာရှင်းထားတဲ့လူ၊ အိမ်ထောင်ဖက်သေဆုံးသွားတဲ့လူတွေရဲ့ အသက်ဟာ ပိုတိုကြောင်း အစီအစဉ်မှာ ကျွန်တော်ကြည့်ခဲ့ရဖူးတယ်။ သိပ္ပံပညာမှာလည်း ဒါကိုအသိအမှတ်ပြုထားတယ်။ အထီးကျန်တာဟာ ဆင်းရဲတာထက် ပိုကြောက်ဖို့ကောင်းတယ်။ အချင်းချင်းချစ်ကြတဲ့ လင်မယားတွေက အသက်ပိုရှည်တယ်။ တစ်ယောက်ထဲ ထီးထီးနေသူတွေက အသက်ပိုတိုပြီး ရောဂါပိုများတယ်။ ဒီလိုဆိုရင် သင့်မြတ်တဲ့ မိသားစုတစ်စုဖြစ်အောင် ဘယ်လိုလုပ်မလဲ? ဒါလည်း ပညာသားပါပါတယ်။
သင့်မြတ်တဲ့မိသားစုဖြစ်ဖို့ (၁) အသက်ကြီးသူကို လေးစားပါ၊ (၂) ကလေးတွေကို ပြုပြင်ထိန်းကျောင်းပါ၊ (၃) ယောက္ခမ_ချွေးမကြားကဆက်ဆံရေးကို ကောင်းမွန်အောင်လုပ်ပါ၊ (၄) လင်မယားအချင်းချင်း ချစ်ခင်နှစ်သက်ပါ.. ဒါဟာ အရေးအကြီးဆုံးအချက်ဖြစ်တယ်။
လင်မယားအချင်းချင်း ချစ်ခင်နှစ်သက်ဖို့ အချက်(၈)ချက်ကို လုပ်နိုင်ရပါမယ်။ အချင်းချင်းလေးစားမှု၊ အချင်းချင်း ချစ်ခင်မှု၊ အချင်းချင်းယုံကြည်မှု၊ အချင်းချင်း ရိုင်းပင်းမှု၊ အချင်းချင်းနှစ်သိမ့်မှု၊ အချင်းချင်းအားပေးမှု၊ အချင်းချင်း အလျော့ပေးမှု၊ အချင်းချင်း ခွင့်လွှတ်မှုတွေဖြစ်တယ်။ လူတိုင်းမှာ အကျင့်စရိုက်ကိုယ်စီရှိကြပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုအမြဲ အသိပေးရပါတယ်။ ထားလိုက်တော့... သူ(သူမ) ဝမ်းသာပျော်ရွှင်ရင် ပြီးတာပါပဲ။
ကိုယ်ချစ်တဲ့လူကို ငယ်ရွယ်စဉ်အချိန်အခါမှာ ချစ်ရုံတင်မက၊ သူ(သူမ) အိုမင်းသွားတဲ့အခါလည်း ချစ်မယ်၊ သူ(သူမ) ကျန်းမာတဲ့အခါလည်း ချစ်မယ်၊ မကျန်းမာတဲ့အခါ ပိုချစ်မယ်၊ သူ(သူမ)ရဲ့ ကောင်းကွက်ကိုချစ်ရုံတင်မက ဆိုးကွက်ကိုလည်း ချစ်ရပါမယ်။ ဒါဟာ ကျွန်တော့်ရဲ့ သတိပေးစကားပါ။ သေချာမှတ်ထားပေးပါ။
(၈) ဦးနှောက်နဲ့ထမင်းစားပြီး ကျန်းမာရေးကိုထိန်းပါ
နေ့တိုင်းကျန်းမာတဲ့ဘဝကိုရဖို့ အချက်(၇)ချက်ကို လုပ်ရပါမယ်။
(၁) တစ်နေ့ထမင်းသုံးနပ် မှန်မှန်စားရပါမယ်
(၂) တစ်နေ့(၈)နာရီ မှန်မှန်အိပ်ရပါမယ်
(၃) တစ်နေ့ အားကစားနာရီဝက် မှန်မှန်လုပ်ရပါမယ်
(၄) စိတ်နှလုံးကျန်းမာဖို့ တစ်နေ့ နာရီဝက် ပြုံးရယ်ရပါမယ်
(၅) ဒါက ထူးခြားချက်ပါ။ နေ့တိုင်း အိမ်သာတက်ရပါမယ်။ လူတွေက အပေါ်ပေါက်အဝင်ခံပြီး အောက်ပေါက်က မထွက်ကြဘူး။ ဒါဟာ သဘာဝဖြစ်စဉ်ပါ။ အိမ်သာတက်ကိုတက်ရပါမယ်။
(၆)ကိုယ်ချစ်တဲ့လူနဲ့ ပေါင်းသင်းဆက်ဆံရေးသင့်မြတ်ရပါမယ်။ သူ(သူမ)နှစ်သက်တဲ့ စကားသုံးခွန်းကိုပြောပေးပါ။ ယောက္ခမနဲ့လည်း ဆက်ဆံရေးကောင်းမွန်ရပါမယ်။
(၇) အရက်၊ ဆေးလိပ် ဝေးဝေးရှောင်ရပါမယ်
ကျန်းမာဖို့ နေ့တစ်နေ့တာကစရပါတယ်။ နေ့တိုင်းကျန်းမာမှ တစ်သက်ကျန်းမာနိုင်မှာပါ။ "စားနိုင်သောက်နိုင်တိုင်း မကျန်းမာဘူး၊ စားတတ်သောက်တာမှ ကျန်းမာတယ်။ လျှောက်စားလျှောက်သောက်ရင် ပိုဆိုးတယ်"၊ "ဗိုက်နဲ့အစားစားတာ ပြည့်ဝဖို့၊ ပါးစပ်နဲ့အစားစားတာ အရသာခံဖို့၊ ဦးနှောက်နဲ့အစားစာတာ ကျန်းမာဖို့"၊ "မနက်စာ ဘုရင်လိုစားပါ၊ နေ့လယ်စာ မှူးမတ်လိုစားပါ၊ ညစာ သူတောင်းစားလိုစားပါ" ကျွန်တော့်ရဲ့ဒီစကားတွေကို မှတ်ထားပေးပါ။
(၉) ကန်စွန်းဥက ကမ္ဘာပေါ်မှာ အကောင်းဆုံးအစားအစာပါ
အသီးအရွက်စားနှုန်းက ၇ဝ%-၈ဝ% ရှိရပါမယ်။ အသားစားနှုန်းက ၂ဝ%- ၃ဝ%ရှိရပါမယ်။ ဒါကို မှတ်ထားပါ။ ဒါပေမဲ့ အခုခေတ်က ပြောင်းပြန်ဖြစ်နေတယ်။ ဒါကြောင့် ရောဂါပေါင်းစုံဖြစ်ကြရတယ်။ အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်ရောဂါ။ အသီးအရွက်တွေမစားလို့ မရပါဘူး။ အခုခေတ်ကလေးတွေက ဟင်းသီးဟင်းရွက်တွေ မစားကြဘူး။ အသီးစားတာလည်း နည်းသွားတယ်။ တစ်နေ့ကို အသီး ၃,၄မျိုး၊ အရွက် ၄,၅မျိုး စားရပါမယ်။ ဒါတွေဟာ ကင်ဆာကိုကာကွယ်သလို နှလုံးကိုလည်း ကာကွယ်ပါတယ်။ ဒါဟာ ၂၁ ရာစုရဲ့အာဟာရအစာတွေပါ။
ကန်စွန်းဥကတော့ အကောင်းဆုံးအစားအစာပေါ့။ အရင်ဂျပန်က ကင်ဆာရောဂါအဖြစ်ဆုံးနိုင်ငံပါ။ ကင်ဆာရောဂါဖြစ်နှုန်းကျအောင်ဆိုပြီး ဂျပန်လူမျိုးတွေက နည်းအမျိုးမျိုး တွေးတောခဲ့ကြတယ်။ ဒါပေမဲ့ အကျိုးမရှိခဲ့ဘူး။ နောက်တော့ သူတို့က အသီးအနှံအမျိုး(၂ဝ)နဲ့ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ကြတယ်။ အဲဒီအထဲမှာ ကန်စွန်းဥက အကောင်းဆုံးဆိုတာကို တွေ့လိုက်တယ်။ ကန်စွန်းဥအစိမ်း၊ အကျက်က ကင်ဆာကိုကာကွယ်ပေးတယ်၊ နှလုံးကိုကာကွယ်ပေးတယ်၊ သွေးကြောကို ပျော့ပြောင်းစေတယ်၊ ဝမ်းပျော့စေတယ်။
တကယ်လို့ ကျန်းမာရေးက ၁ ဆိုရင် ကျန်တဲ့အရာတွေအားလုံးက သုညပါ။
ကောင်းတဲ့ကျန်းမာရေးက ၁ ဆိုရင် ကျန်တဲ့အလုပ်အကိုင်၊ စီးပွားရေး... စတာတွေက သုညဖြစ်တယ်။ ကျန်းမာရေးကောင်းရင် ကျန်းမာရေး(၁)နောက်မှာ တခြားအရာ(သုည)တွေ လိုက်လာလိမ့်မယ်။ ဒီလိုဆိုရင် ၁ဝဝ, ၁ဝဝဝ, ၁ဝဝဝဝ တွေနဲ့ ဆတိုးဖြစ်လာမှာဖြစ်တယ်။ ကျန်းမာတဲ့ ၁ကိုပိုင်ဆိုင်ထားရင် တခြားအရာတွေ နောက်ကလိုက်လာပါတယ်။ ဒီလိုဆိုရင် ပျော်ရွှင်ကျန်းမာတဲ့ဘဝကို သင်ပိုင်ဆိုင်နိုင်ပါပြီ။ 
အံ့ဖွယ် ရုံးပတီသီး
မိန်းကလေးတစ်ယောက်ရဲ့ လက်ချောင်းလေးတွေလို ရှည်ရှည်သွယ်သွယ် ကလေးတွေမို့ အနောက်နိုင်ငံက လူတွေက Ladies’ finger လို့ ခေါ်တဲ့ ရုံးပတီသီးလေးတွေဟာ မြန်မာပြည်မှာတော့ သိပ်ကို လတ်လတ် ဆတ်ဆတ် စိမ်းစိမ်းစိုစိုနဲ့ ဈေးသက်သက်သာသာ ရနိုင်တဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါပဲ။
လူတစ်ယောက်ဟာ အနှစ်နှစ်ဆယ်ကျော် ဝမ်းချုပ်တဲ့ ရောဂါကို ခံစားခဲ့ရပြီး လတ်တလောမှာတော့ အစာအိမ် အချဉ်ပေါက်ပြီး လေချဉ်တွေတက်တက်နေတတ်ပါတယ်။ အဲဒီလို နှစ်ရှည်လများ ခံစားခဲ့ရပြီး ဘာနဲ့မှ မသက်သာခဲ့တာမို့ အလွယ်တကူ ပျောက်လိမ့်မယ်လို့လည်း ထင်မထားပါဘူး။
ဒါပေမယ့် ထူးဆန်းစွာပဲ ရုံးပတီသီးကြောင့် သူ့ရောဂါတွေ ပျောက်ခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်ကစပြီး ရုံးပတီသီး မှန်မှန်စားလိုက်တာ.. ဘာဆေးမှ မမှီဝဲရတော့ပါဘူးတဲ့။ ဝမ်းချုပ်တာ၊ အစာအိမ် အချဉ်ပေါက်ပြီး လေချဉ်တွေ တက်နေတာ ပျောက်သွားတဲ့အပြင် သွေးထဲက သကြားဓာတ်တွေလည်း ၁၃၅ ကနေ ၉၈ ထိ ကျဆင်း သွားခဲ့ပါတယ်။ ကိုလက်စထရော လယ်ဗယ်ကိုလည်း ထိန်းထားနိုင်လာပါတယ်။
လေ့လာသုတေသနပြုချက်တွေအရ ရုံးပတီသိးဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်တဲ့ အစုအပေါင်း တစ်ခုပါပဲတဲ့။ တစ်ဝက်လောက်က ပျော်ဝင်နိုင်တဲ့ အမျှင်တွေ နဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီ ပျော်ဝင်နိုင်တဲ့ အမျှင်တွေက ကိုလက်စထရောကိုကျစေပြီး နှလုံးရောဂါဖြစ်ဖို့ကိုလည်း နည်းပါးစေပါတယ်။ ကျန်တစ်ဝက်ကတော့ မပျော်ဝင်နိုင်တဲ့ အမျှင်နဲ့ ဖွဲ့စည်းထားပြီး သူတို့က အူသိမ်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် ကင်ဆာဖြစ်နိုင်ချေကိုလည်း လျော့ကျစေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာ မဖြစ်ဖို့ တားဆီးပေးပါတယ်။
ချက်ထားတဲ့ ရုံးပတီသီး ပန်းကန်တစ်ဝက်လောက်မှာ folic acid နဲ့ ဗီတာမင် B6 တွေက လိုအပ်တယ်လို့ ညွှန်းဆိုထားတဲ့ ပမာဏရဲ့ ၁၀% ပါဝင်ပါတယ်။ ဒါကြောင့် ရုံးပတီသီးဟာ ဗီတာမင် B6, folic acid နဲ့ အမျှင် ဓာတ်တွေ သိပ်ကြွယ်ဝတဲ့ အစားအစာလို့ ဆိုနိုင်ပါတယ်။
ရုံးပတီသီးမှာ ပါဝင်တဲ့ အာဟာရတန်ဖိုးများ
Dietary Fiber 2 gm
Protein 1.5 gm
Carbohydrate 5.8 gm
Vitamin A 460IU
Vitamin C 13 mg
Folic acid 36.5 microgram
Calcium 50 mg
Iron filtered 0.4 mg
Potassium 256 mg
Magnesium 46 mg
ဒါတွေက ဂဏန်းသတ်မှတ်ချက် တန်ဖိုးတွေသက်သက် ဖြစ်ပါတယ်။ လမ်းညွှန်ချက် အဖြစ်ပဲ သုံးပါ။ အကယ်၍ သင်က တကယ်လိုအပ်နေပြီး ဆေးပညာအရလည်း ကန့်သတ်နေထိုင် စားသုံးနေရတယ် ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးပါ။
ရုံးပတီသီးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေကတော့ ..
-ရုံးပတီသီးမှာ ပါဝင်တဲ့ အမျှင်တွေက သွေးထဲက သကြားဓာတ်ကို လျော့ကျစေပါတယ်။ သူက အူကနေ သကြားဓာတ် စုတ်ယူမှုကို ထိန်းထားပေးနိုင်တာမို့ပါ။
-ရုံးပတီသီးမှာ ပါဝင်တဲ့ အချွဲတွေက ကိုလက်စထရောကိုတင် တားဆီးပေးတာ မဟုတ်ပါဘူး။ အဆိပ်တွေ သယ်ဆောင်လာတဲ့ အက်စစ်တစ်မျိုးကိုလည်း အသည်းကနေ အမြောက်အများ စစ်ထုတ်နိုင်ဖို့ လည်းအားပေးပါတယ်။
တော်တော်များများသော ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေက ရောဂါတော်တော်များများဟာ အူကနေ စဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ ရုံးပတီသီးရဲ့ အမျှင်ဓာတ်က ဝမ်းချုပ်တာကို တားဆီးပေးတယ်။ အမျှင်အများစုက ဝမ်းချုပ်တာကို တားဆီးပေးတတ်ပေမယ့် ရုံးပတီသီးမှာပါဝင်တဲ့ အမျှင်ဓာတ်ကတော့ အဲဒီအတွက် အကောင်းဆုံးလို့ ဆိုပါတယ်။ အူကို အလုပ်လုပ်တာ ပုံမမှန်စေတဲ့၊ ထိခိုက်စေတတ်တဲ့ ကြမ်းတမ်းတဲ့ ဂျုံကြမ်းတွေလို မဟုတ်ပဲ ရုံးပတီသီးရဲ့ အမျှင်ဓာတ်က အူကို သက်သာမှု ပေးစေနိုင်ပါတယ်။
လူတော်တော်များများကတော့ ရုံးပတီသီးမှာ ပါဝင်တဲ့ အချွဲဓာတ်က အညစ်အကြေးကို ကောင်းမွန်စွာ စွန့်ပစ်စေဖို့ အထောက်အကူပြုတဲ့အတွက် သိပ်ပြီး မနှစ်သက်ချင်ကြပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ရုံးပတီသီးဟာ တော်တော်များများသော ကျန်းမာရေး ပြဿနာတွေကို ပြေလည်စေတဲ့ သက်သာစေတဲ့ တန်ဖိုးရှိတဲ့ ဟင်းသီး တစ်မျိုး ဆိုတာကတော့ ငြင်းလို့ မရပါဘူး။
သွေးထဲက ကိုလက်စထရောနဲ့ အဆိပ်တွေကို လျော့ကျ စေရုံမက သွေးလှည့်ပတ်မှုကိုလည်း ပုံမှန်ဖြစ်စေတဲ့အတွက် အင်မတန် ဆေးဖက်ဝင်တဲ့အပြင် (အများကြီး အလွန်အကျွံ စားသူတွေကလွဲရင်) ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။ အဆိပ်အတောက် လုံးဝကင်းစင်ပြီး ဆေးဖက်ဝင်တဲ့ ဟင်းသီး တစ်မျိုး ဖြစ်တဲ့အပြင် ဈေးသက်သက်သာသာနဲ့ လူတိုင်းလည်း စားသုံးနိုင်တဲ့အတွက် အဆင်ပြေပါတယ်။
ရုံးပတီသီးမှာ ပါဝင်တဲ့ ဓာတ်တွေနဲ့ အာဟာရ တန်ဖိုးတွေ လျော့ကျမသွားဖို့အတွက်က သူ့ကို တတ်နိုင်သမျှ အချိန်အနည်းဆုံးချက်ပြုရပါမယ်။ အစိမ်းစားတဲ့သူတွေရှိပေမယ့် ရေနွေးလေး ဖျောလိုက်တာ၊ ခဏလောက် ရေနွေးငွေ့နဲ့ ပေါင်းလိုက်တာမျိုးတွေ လုပ်စားနိုင်ပါတယ်။
 မှတ်ချက်။  ။http://www.kyaukme.com/2012/01/blog-post_28.html မှကူးယူဖော်ပြသည်။
အောင်မြင်သူနှင့်ရှုံးနိမ့်သူ
အောင်မြင်သူ                                      &                                               ရှုံးနှိမ့်သူ
  • အောင်မြင်သူဟာ စကားကို အလုပ်နဲ့ သက်သေပြတယ်။
  • ရှုံးနှိမ့်သူက သူရှုံးနှိမ့်မှုကို ဆင်ခြေဆင်လက်နဲ့ ကာကွယ်တယ်။
  • အောင်မြင်သူဟာ ဘ၀ကို တာဝန်ယူပြီးတည်ဆောက်တယ်။
  • ရှုံးနှိမ့်သူက မတည်နိုင်တဲ့ ကတိတွေကိုပဲ ပေးနေတက်တယ်။
  • အောင်မြင်သူက အပြစ်ပေးခံရမှာ မကြောက်ဘဲ စွန့်စားပြီးဆုကို ရအောင်ယူတယ်။
  • ရှုံးနှိမ့်သူက မတရားနည်းလမ်းတွေနဲ့ ပရိယာယ်တွေ သုံးပြီး ဆုနောက်ကို အရှက်နည်းစွာနဲ့ လိုက်တက်တယ်။
  • အောင်နိုင်သူဟာ လုပ်ဖော်ကိုင်ဘက်တွေ အတွက် ကူညီဆောင်ရွက်ပြီး မြင့်မားတဲ့အဆင့်အတန်းကို ရယူတယ်။
  • ရှုံးနှိမ့်သူဟာ အဆင့်အတန်းကို ကိုးကွယ်ပြီး နောက်ဆုံး အရှက်တကွဲ အကျိုးနည်းဖြစ်၇တယ်။
  • အောင်နိုင်သူဟာ အမှားတစ်စုံတစ်ရာ လုပ်မိရင် အမှားကို ၀န်ခံတယ်။
  • ရှုံးနှိမ့်သူ ဟာ ညည်းတွား ရင်း သူများကို အပြစ်လိုက်တင်တယ်။
  • အောင်နိုင်သူရဲ့ နှုတ်မှာ အမှန်တရားတွေ ပြည့်နေပေမယ့်
  • ရှုံးနှိမ့်သူရဲ့ နှုတ်ဖျားမှာ တော့ဆင်ခြေဆင်လက်တွေ ပြည့်နေတယ်။
  • အောင်နိုင်သူဟာ ဟုတ်တယ် မဟုတ်ဘူးလိုဘဲ ပြောတယ်။
  • ရှုံးနှိမ့်သူ က ဖြစ်ချင်ဖြစ်မယ် လိုပဲ ပြောတက်တယ်။
  • အောင်နိုင်သူဟာ ကလေးတစ်ဦးကို တောင်းပန်ဖို့ ၀န်မလေးဘူး။
  • ရှုံးနှိမ့်သူ ကတော့ လူကြီးသူမကို အရိုအသေ ပေးဖို့ ခက်နေတက်တယ်။
  • အောင်နိုင်သူဟာ ကျတယ်၊ ပြန်ထတယ်၊ ရှေ့ ကို မျက်နှာမူတယ်။
  • ရှုံးနှိမ့်သူက နောက်ပြန်လှည့်တော့တာဘဲ။
  • အောင်နိုင်သူအတွက် တစ်နေ့မှာ 25 နာရီရှိတယ်။
  • ရှုံးနှိမ့်သူ အတွက် 23 နာရီ ပဲရှိတယ်။
  • အောင်နိုင်သူ ဟာအလုပ်ကို ကြိုးစားလုပ်တယ် ပြီးမှ အနားယူတယ်။
  • ရှုးံနှိမ့်သူဟာ အလုပ်ကို အလျင်စလို လုပ်တယ်၊ ပြီးတော့ အချိန်တွေကို ဖြုန်းပစ်တယ်။
  • အောင်နိုင်သူဟာ အချိန်စီးနင်း မောင်းနှင်သူဖြစ်တယ်။
  • ရှုံးနှိမ့်သူ ဟာ အချိန်ရဲ့ မောင်းနှင်ခြင်းကို ခံရသူဖြစ်တယ်
  • အောင်နိုင်သူ ဟာ အရှုံးအတွက် စိုးရိမ်စိတ်မရှိဘူး။
  • ဒါပေမယ့် ရှုံးနှိမ့်သူက အောင်ပွဲကို မယုံရဲသူဖြစ်တယ်။
  • အောင်နိုင်သူဟာ အောင်ပွဲရဖို့ အတွက် အလုပ်လုပ်တယ်။
  • ရှုံးနှိမ့်သူ က အလုပ်မလုပ်ဘဲ အောင်ပွဲ ရချင်တယ်။
  • အောင် နိုင်သူဟာ တိမ်တွေကို ကျော်ပြီး နေကိုမြင်တယ်။
  • ရှုံးနှိမ့်သူ ဟာ တိမ်တွေ ထဲက မိုးသားတွေ ကိုပဲမြင်တယ်။
  • အောင်နိုင်သူဟာ လဲကျပြီး ပြန်ထရတဲ့ အရသာ ကို နှစ်ချိုက်တယ်။
  • ရှုံးနှိမ့်သူကလဲ ကျရခြင်းအတွက် ကံဆိုးလေဆွလို့ ညည်းညူတက်တယ်။
  • အောင်နိုင်သူ ဟာ နှင်းခဲတွေပေါ်မှာ လမ်းလျှောက်တယ်။
  • ရှုံးနှိမ့်သူက တော့ နှင်းခဲတွေ အ၇ည်ပျော်အောင် စောင့်နေတယ်။
  • အောင်နိုင်သူ ဟာ စင်မြင့်ပေါ် ရောက်နေတဲ့ အခါ ..
  • ရှုံးနှိမ့်သူဟာ ပရိသာတ်ထဲမှာ ထိုင်စရာနေရာ ရှာဆဲဖြစ်တယ်။
  • အောင်နိုင်သူ ဟာ မိမိအမှား ကို ပြင်ဆင်ဖို့ သိမ်းထားတယ်။
  • ရှုံးနှိမ့်သူ ဟာ အောင်မြင်မှုကို အမှိုက်ပုံးထဲ လွှင်ပစ်တက်တယ်။
  • အောင်နိုင်သူ ဟာ လေလာတဲ့အချိန်မှာ ရွက်တင်တယ်။
  • ရှုံးနှိမ့်သူဟာ လေလာမှ ရွက်ချတက်တယ်။
  • အောင်နိုင်သူ ဟာ ငွေကြေးရဲ့ အရှင်သခင်ဖြစ်ပြီး
  • ရှုံးနှိမ့်သူဟာ ပိုက်ဆံရဲ့ ကျွန်ဖြစ်တယ်။
  • အောင်နိုင်သူဟာ စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ သိမ်းထားတယ်။
  • ရှုံးနှိမ့်သူဟာ စိတ်ကူးယဉ်ပြီး လောဘတက်နေတက်တယ်။
  • အောင်နိုင်သူ က နောက်တစ်ကြိမ် ကြိုးစားကြစို့လို့ ဆိုတယ်။
  • ရှုံးနှိမ့်သူ က ထူးတော့မှာ မဟုတ်ပါဘူးလို့ ဆိုတယ်။
  • အောင်နိုင်သူ ဟာ အပြစ်ရှိပေမယ့် အပြစ်ကို ရဲရဲ ၀ံ့ဝံ ရင်ဆိုင်တယ်။
  • ရှုံးနှိမ့်သူ ဟာ အပြစ်မရှိတဲ့ တိုင် သူရဲဘောကြောင်နေတယ်။
  • အောင်နိုင်သူဟာ ချွေးထွက်ရခြင်းအတွက် ယုံကြည့်မှုရှိ သလောက်
  • ရှုံးနှိမ့်သူ ဟာ ကံကောင်းမယ့် အချိန် ကို စောင့်နေတယ်။
  • အောင်နိုင်သူ ဟာ အာရုံကို နိုးထစေပြီး
  • ရှုံးနှိမ့်သူ ဟာ အာရုံလာပြီးမှ နိုးလာတယ်။
  • အောင်နိုင်သူဟာ ရှေ့ကို သွား၇င်းတွက် ချက်တယ်။
  • ရှုံးနှိမ့်သူဟာ ဘာမှ မလုပ်ခင် တွက်ချက်နေတယ်။
  • အောင်နိုင်သူဟာ သူများ ပြောစကားကို နားထောင်တယ်။
  • ရှုံးနှိမ့်သူ ဟာ သူပြောရမယ့် အလှည့်ကို စောင်နေတယ်။
  • အောင်နိုင်သူဟာ သိမ်မွေ့ပြီး ရိုးသားတယ်။
  • ရှုံးနှိမ့်သူဟာ တစ်ကိုယ်ကောင်းဆန်ပြီး လှည့်စားတက်တယ်။
  • အောင်နိုင်သူဟာ လမ်းများစွာကို ထွင်ပြီး စဉ်းစားတယ်
  • ရှုံးနှိမ့်သူဟာ တစ်လမ်းတည်းသွားတယ်။
  • အောင်နိုင်သူ ဟာ မိမိထက်သာသူထံမှ သင်ယူဖို့ စဉ်းစားတယ်။
  • ရှုံးနှိမ့်သူ ကတော့ ၀န်တိုမှုတွေနဲ့ ပြည့်နေတယ်။ သူထက်သာတဲ့သူရဲ့ ကိုယ်ကျပ် အကျီထဲက လစ်လာမယ့် အပေါက်ကလေး ကနေ ဓားနဲ့ ထိုးဖို့ ချောင်းနေတယ်။
  • အောင်နိုင်သူဟာ ကိုယ်ထက် နှိမ့်ကျတဲ့ သူနဲ့ တွေ့တဲ့ အခါ မှာ ၀မ်းမြောက်ဝမ်းသာ နဲ့ပေါင်းသင်းတယ်။
  • ရှုံးနှိမ့်သူ ဟာ မိမိထက် နှိမ့်ကျသူကို အနိုင်ကျင်စေခိုင်းတက်တယ်။
  • အောင်နိုင်သူဟာ အကောင်းဆုံး ဆောင်ရွက်ဖို့ အတွက် အလုပ်ကို လုပ်တယ်။
  • ရှုံးနှိမ့်သူဟာ ပထမဆုကို ရဖို့အတွက် အလုပ်လုပ်တယ်။
  • အောင်နိုင်သူဟာ နောက်ဆုံးမှပန်းဝင်ခဲ့ရင်တောင် တစ်စုံတစ်ရာပြီးမြောက်မှုကို ခံးစား၇တယ်။
  • ရှုံးနှိမ့်သူ ဟာ ပထမဆုံး ပန်းဝင်မှ သူအတွက် အဓိပ္ပါယ်ရှိတယ်။
  • အောင်နိုင်သူဟာ ပြေးနေရင် ပျော်နေသလောက်
  • ရှုံးနှိမ့်သူ ဟာ ပျော်မယ် မပျော်ဘူးဆိုတာပြေးပြီးမှ သိတယ်။
  • အောင်မြင်သူဟာ စကားကို အလုပ်နဲ့ သက်သေပြတယ်။
  • ရှုံးနှိမ့်သူက သူရှုံးနှိမ့်မှုကို ဆင်ခြေဆင်လက်နဲ့ ကာကွယ်တယ်။
  • အောင်မြင်သူဟာ ဘ၀ကို တာဝန်ယူပြီးတည်ဆောက်တယ်။
  • ရှုံးနှိမ့်သူက မတည်နိုင်တဲ့ ကတိတွေကိုပဲ ပေးနေတက်တယ်။
  • အောင်မြင်သူက အပြစ်ပေးခံရမှာ မကြောက်ဘဲ စွန့်စားပြီးဆုကို ရအောင်ယူတယ်။
  • ရှုံးနှိမ့်သူက မတရားနည်းလမ်းတွေနဲ့ ပရိယာယ်တွေ သုံးပြီး ဆုနောက်ကို အရှက်နည်းစွာနဲ့ လိုက်တက်တယ်။
  • အောင်နိုင်သူဟာ လုပ်ဖော်ကိုင်ဘက်တွေ အတွက် ကူညီဆောင်ရွက်ပြီး မြင့်မားတဲ့အဆင့်အတန်းကို ရယူတယ်။
  • ရှုံးနှိမ့်သူဟာ အဆင့်အတန်းကို ကိုးကွယ်ပြီး နောက်ဆုံး အရှက်တကွဲ အကျိုးနည်းဖြစ်၇တယ်။
  • အောင်နိုင်သူဟာ အမှားတစ်စုံတစ်ရာ လုပ်မိရင် အမှားကို ၀န်ခံတယ်။
  • ရှုံးနှိမ့်သူ ဟာ ညည်းတွား ရင်း သူများကို အပြစ်လိုက်တင်တယ်။
  • အောင်နိုင်သူရဲ့ နှုတ်မှာ အမှန်တရားတွေ ပြည့်နေပေမယ့်
  • ရှုံးနှိမ့်သူရဲ့ နှုတ်ဖျားမှာ တော့ဆင်ခြေဆင်လက်တွေ ပြည့်နေတယ်။
  • အောင်နိုင်သူဟာ ဟုတ်တယ် မဟုတ်ဘူးလိုဘဲ ပြောတယ်။
  • ရှုံးနှိမ့်သူ က ဖြစ်ချင်ဖြစ်မယ် လိုပဲ ပြောတက်တယ်။
  • အောင်နိုင်သူဟာ ကလေးတစ်ဦးကို တောင်းပန်ဖို့ ၀န်မလေးဘူး။
  • ရှုံးနှိမ့်သူ ကတော့ လူကြီးသူမကို အရိုအသေ ပေးဖို့ ခက်နေတက်တယ်။
  • အောင်နိုင်သူဟာ ကျတယ်၊ ပြန်ထတယ်၊ ရှေ့ ကို မျက်နှာမူတယ်။
  • ရှုံးနှိမ့်သူက နောက်ပြန်လှည့်တော့တာဘဲ။
  • အောင်နိုင်သူအတွက် တစ်နေ့မှာ 25 နာရီရှိတယ်။
  • ရှုံးနှိမ့်သူ အတွက် 23 နာရီ ပဲရှိတယ်။
  • အောင်နိုင်သူ ဟာအလုပ်ကို ကြိုးစားလုပ်တယ် ပြီးမှ အနားယူတယ်။
  • ရှုးံနှိမ့်သူဟာ အလုပ်ကို အလျင်စလို လုပ်တယ်၊ ပြီးတော့ အချိန်တွေကို ဖြုန်းပစ်တယ်။
  • အောင်နိုင်သူဟာ အချိန်စီးနင်း မောင်းနှင်သူဖြစ်တယ်။
  • ရှုံးနှိမ့်သူ ဟာ အချိန်ရဲ့ မောင်းနှင်ခြင်းကို ခံရသူဖြစ်တယ်။
  • အောင်နိုင်သူ ဟာ အရှုံးအတွက် စိုးရိမ်စိတ်မရှိဘူး။
  • ဒါပေမယ့် ရှုံးနှိမ့်သူက အောင်ပွဲကို မယုံရဲသူဖြစ်တယ်။
  • အောင်နိုင်သူဟာ အောင်ပွဲရဖို့ အတွက် အလုပ်လုပ်တယ်။
  • ရှုံးနှိမ့်သူ က အလုပ်မလုပ်ဘဲ အောင်ပွဲ ရချင်တယ်။
  • အောင် နိုင်သူဟာ တိမ်တွေကို ကျော်ပြီး နေကိုမြင်တယ်။
  • ရှုံးနှိမ့်သူ ဟာ တိမ်တွေ ထဲက မိုးသားတွေ ကိုပဲမြင်တယ်။
  • အောင်နိုင်သူဟာ လဲကျပြီး ပြန်ထရတဲ့ အရသာ ကို နှစ်ချိုက်တယ်။
  • ရှုံးနှိမ့်သူကလဲ ကျရခြင်းအတွက် ကံဆိုးလေဆွလို့ ညည်းညူတက်တယ်။
  • အောင်နိုင်သူ ဟာ နှင်းခဲတွေပေါ်မှာ လမ်းလျှောက်တယ်။
  • ရှုံးနှိမ့်သူက တော့ နှင်းခဲတွေ အ၇ည်ပျော်အောင် စောင့်နေတယ်။
  • အောင်နိုင်သူ ဟာ စင်မြင့်ပေါ် ရောက်နေတဲ့ အခါ ..
  • ရှုံးနှိမ့်သူဟာ ပရိသာတ်ထဲမှာ ထိုင်စရာနေရာ ရှာဆဲဖြစ်တယ်။
  • အောင်နိုင်သူ ဟာ မိမိအမှား ကို ပြင်ဆင်ဖို့ သိမ်းထားတယ်။
  • ရှုံးနှိမ့်သူ ဟာ အောင်မြင်မှုကို အမှိုက်ပုံးထဲ လွှင်ပစ်တက်တယ်။
  • အောင်နိုင်သူ ဟာ လေလာတဲ့အချိန်မှာ ရွက်တင်တယ်။
  • ရှုံးနှိမ့်သူဟာ လေလာမှ ရွက်ချတက်တယ်။
  • အောင်နိုင်သူ ဟာ ငွေကြေးရဲ့ အရှင်သခင်ဖြစ်ပြီး
  • ရှုံးနှိမ့်သူဟာ ပိုက်ဆံရဲ့ ကျွန်ဖြစ်တယ်။
  • အောင်နိုင်သူဟာ စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ သိမ်းထားတယ်။
  • ရှုံးနှိမ့်သူဟာ စိတ်ကူးယဉ်ပြီး လောဘတက်နေတက်တယ်။
  • အောင်နိုင်သူ က နောက်တစ်ကြိမ် ကြိုးစားကြစို့လို့ ဆိုတယ်။
  • ရှုံးနှိမ့်သူ က ထူးတော့မှာ မဟုတ်ပါဘူးလို့ ဆိုတယ်။
  • အောင်နိုင်သူ ဟာ အပြစ်ရှိပေမယ့် အပြစ်ကို ရဲရဲ ၀ံ့ဝံ ရင်ဆိုင်တယ်။
  • ရှုံးနှိမ့်သူ ဟာ အပြစ်မရှိတဲ့ တိုင် သူရဲဘောကြောင်နေတယ်။
  • အောင်နိုင်သူဟာ ချွေးထွက်ရခြင်းအတွက် ယုံကြည့်မှုရှိ သလောက်
  • ရှုံးနှိမ့်သူ ဟာ ကံကောင်းမယ့် အချိန် ကို စောင့်နေတယ်။
  • အောင်နိုင်သူ ဟာ အာရုံကို နိုးထစေပြီး
  • ရှုံးနှိမ့်သူ ဟာ အာရုံလာပြီးမှ နိုးလာတယ်။
  • အောင်နိုင်သူဟာ ရှေ့ကို သွား၇င်းတွက် ချက်တယ်။
  • ရှုံးနှိမ့်သူဟာ ဘာမှ မလုပ်ခင် တွက်ချက်နေတယ်။
  • အောင်နိုင်သူဟာ သူများ ပြောစကားကို နားထောင်တယ်။
  • ရှုံးနှိမ့်သူ ဟာ သူပြောရမယ့် အလှည့်ကို စောင်နေတယ်။
  • အောင်နိုင်သူဟာ သိမ်မွေ့ပြီး ရိုးသားတယ်။
  • ရှုံးနှိမ့်သူဟာ တစ်ကိုယ်ကောင်းဆန်ပြီး လှည့်စားတက်တယ်။
  • အောင်နိုင်သူဟာ လမ်းများစွာကို ထွင်ပြီး စဉ်းစားတယ်
  • ရှုံးနှိမ့်သူဟာ တစ်လမ်းတည်းသွားတယ်။
  • အောင်နိုင်သူ ဟာ မိမိထက်သာသူထံမှ သင်ယူဖို့ စဉ်းစားတယ်။
  • ရှုံးနှိမ့်သူ ကတော့ ၀န်တိုမှုတွေနဲ့ ပြည့်နေတယ်။ သူထက်သာတဲ့သူရဲ့ ကိုယ်ကျပ် အကျီထဲက လစ်လာမယ့် အပေါက်ကလေး ကနေ ဓားနဲ့ ထိုးဖို့ ချောင်းနေတယ်။
  • အောင်နိုင်သူဟာ ကိုယ်ထက် နှိမ့်ကျတဲ့ သူနဲ့ တွေ့တဲ့ အခါ မှာ ၀မ်းမြောက်ဝမ်းသာ နဲ့ပေါင်းသင်းတယ်။
  • ရှုံးနှိမ့်သူ ဟာ မိမိထက် နှိမ့်ကျသူကို အနိုင်ကျင်စေခိုင်းတက်တယ်။
  • အောင်နိုင်သူဟာ အကောင်းဆုံး ဆောင်ရွက်ဖို့ အတွက် အလုပ်ကို လုပ်တယ်။
  • ရှုံးနှိမ့်သူဟာ ပထမဆုကို ရဖို့အတွက် အလုပ်လုပ်တယ်။
  • အောင်နိုင်သူဟာ နောက်ဆုံးမှပန်းဝင်ခဲ့ရင်တောင် တစ်စုံတစ်ရာပြီးမြောက်မှုကို ခံးစား၇တယ်။
  • ရှုံးနှိမ့်သူ ဟာ ပထမဆုံး ပန်းဝင်မှ သူအတွက် အဓိပ္ပါယ်ရှိတယ်။
  • အောင်နိုင်သူဟာ ပြေးနေရင် ပျော်နေသလောက်
  • ရှုံးနှိမ့်သူ ဟာ ပျော်မယ် မပျော်ဘူးဆိုတာပြေးပြီးမှ သိတယ်။
စာကိုး။  ။ http://aungmyinoo.multiply.com/journal