လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

why & How

                              WHY ? & HOW ?
                    
 ခေါင်းစဉ်လေးကတော့မေးခွန်းနှစ်ခုပါ။ ခေါင်းစဉ်လေးဖတ်ရုံနဲ့တော့ဘာအကြောင်းအရာကို ဟြေလဲဆိုတာသိမှာမဟုတ်ပါဘူး။ ဒီမေးခွန်းလေးနှစ်ခုကို မဟြေခင်မှာအဓိကအချက်ဖြစ်တဲ့အကြောင်းအရာတစ်ခုကို ဦးစွာရှင်းပြသွားမှာ ဖြစ်ပါတယ်။ကျွန်တော်တို့
အားလားလုံးဟာ ဤကမ္ဘာ့ပေါ်မှာအသိဉာဏ် အရှိဆုံးဖြစ်တဲ့ လူသားတွေဖြစ်ကြပါတယ်။ ဤကမ္ဘာ ပေါ်မှာရှိသောသက်ရှိတွေ
အများကြီးထဲမှ ကျွန်တော်တို့လူသားတွေက  အသိဉာဏ်အရှိဆုံးဖြစ်လို့ အားလုံးရဲ့ရှေ့မှာ၊ထိပ်ဆုံးမှာ ရှိနေရတာပေါ့။ ခန္ဓာကိုယ်
အရွယ်အစားကြီးမားတဲ့အလျှောက် ဦးနှောက်လည်းကြီးမားလာမှာပေါ့ မဟုတ်ဘူးလားဗျာ၊ ဦနှောက်ကြီးတိုင်းအသိဉာဏ် မြင့်မားမယ်ဆိုရင် ဆင်တွေ၊မြင်းတွေ၊အစစသောကြီးမားသော သတ္တ၀ါတွေက လူတွေကို ခိုင်းစေနေကြမှာပေါ့ ။စဉ်းစားချင့်ချိန်
တွေးခေါ်နိုင်နှုန်းကတော့ ဦးနှောက်အရွယ်အစားနဲ့ လုံးဝမဆိုင်ဘူးပါဘူး။ သက်ရှိများအားလုံးထဲမှာ ကျွန်တော်တို့လူသားတွေသာ
စဉ်းစားတွေးခေါ်နိုင်ခြင်းရှိတာပါ။ အဲ့တာကြောင့် ခန္ဓာကိုယ် အရွယ်အစားကြီးမားတဲ့ သတ္တ၀ါတွေကို ကျွန်တော်တို့လူသားတွေက
ခိုင်းစေနေရတာပေါ့။ ယခုလိုစဉ်းစားချင့်ချိန်တွေးခေါ်နိုင်တဲ့ဘ၀မှာ ဆက်လက်တွေးခေါ်နိုင်ရန် ဒီမေးခွန်းလေးနှစ်ခုကိုဖော်ပြလိုက်
ရခြင်းဖြစ်ပါသည်။ဒီမေးခွန်းလေးနှစ်ခုက တစ်ခုနှင့်တစ်ခုစပ်ဆက်နေပါသည်။
            ပထမမေးခွန်းလေးကတော့ WHY ? "Why are you be a human ?" သင်ဘာကြောင့်လူဖြစ်လာတာလဲ? အပေါ်ယံလေး
စဉ်းစားကြည့်မယ်ဆိုရင်တော့ ဒီမေးခွန်းလေးကဘာမှမဟုတ်သလိုပါပဲ။ သေသေချာချာ လေးလေးနက်နက် စဉ်းစားကြည့်မယ်
ဆိုရင်တော့ တော်တော်လေးအဓိပါယ် ရှိနေပါတယ်။ ဒီမေးခွန်းလေးကို စိတ်ထဲရှိတဲ့အတိုင်းဖြေကြည့်ကြပါဦ။လူ၁၀ယောက်ကို မေးရင် အဖြေက ၁၀မျိုးထွက်လာမှာပါ။ ဗုဒ္ဓဘာသာအယူအဆအရ ကံကံ၏အကျိုးကို ယုံကြည်တဲ့သူတွေအနေနဲ့ ဖြေမယ်ဆိုရင်
လူဖြစ်ဖို့ကံပါလာလို့ဖြေမယ်ဆိုရင်လည်း မှန်ပါတယ်။ ဟာသတစ်ခုအနေနဲ့ဖြေမယ်ဆိုရင်တော့ အမေမွေးလို့လူဖြစ်လာတာပေါ့။
အဲ့ဒီအဖြေတွေထက် အမှန်ကန်ဆုံးအဖြေကတော့ အရာ ၃ ခုကို ကောင်းကျိုးပြုဖို့လူဖြစ်လာတာပါ။
  (၁) မိမိကိုယ်ကို ကောင်းကျိုးပြုရမယ်။
  (၂) မိမိ မိသားစု ဆွေမျိုးအသိုင်းအ၀ိုင်းကို ကောင်းကျိုးပြုရမယ်။
  (၃) မိမိ ရှင်သန်နေသော ကမ္ဘာလောကကြီးကို ကောင်းကျိုးပြုရမယ်။
               အဲ့ဒီအရာတွေကို လုပ်ဆောင်နိုင်မှလူဖြစ်မယ်လို့ခေါ်ဆိုထိုက်ပေမယ်လို့ကျွန်တော်ယူဆပါတယ်။ ဒါမှလည်းလူဖြစ်
ရကျိုး၊ အတွေးအခေါ်အသိဉာဏ်ရှိရကျိုးနပ်မှာပေါ့လေ။ ကျွန်တော်တို့ကို အသက်နဲ့ရင်းပြီးမွေးထုတ် ပေးခဲ့တဲ့မိခင်တွေအတွက်
လည်း မွေးရကျိုးနပ်မှာပေါ့ဗျာ။ အဲ့ဒီမှာ ပထမမေးခွန်းတစ်ခုကပြီးသွားပါပြီ။
                ဒုတိယမေးခွန်းကတော့ HOW ? "How do you do be a human ?" အပေါ်မှာဖော်ပြခဲ့သလိုပါပဲ လူဖြစ်တယ်ဆိုတာ
သိပြီးဖြစ်တဲ့အတွက် အဲ့ဒီလိုလူဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတာပါပဲ။ မိမိ မိသားစုအတွက် ၊ ကမ္ဘာလောကကြီးအတွက် ကောင်းကျိုးပြု ဖို့အတွက်ဆိုတာက ခက်ခဲမယ်လို့ထင်ရပါမယ်။ အမှန်ကတော့ လွယ်လွယ်လေးပါ ။ပုံမှန်အတိုင်းစဉ်းစားမယ်ဆိုရင်
တော့ခက်ခဲကောင်းခက်ခဲပါမယ်။ ဘယ်လောက်ထိလွယ်သလဲဆိုရင်တော့ နံပတ်(၁)အချက်ကိုလုပ်ဆောင်လိုက်တာနဲ့ ကျန်တဲ့ (၂)
(၃) ကတော့ အလိုလိုပြည့်သွားပြီဖြစ်ပါတယ်။ မိမိ ကိုယ်ကိုကောင်းကျိုးပြုအောင်လုပ်ဆောင်လိုက်တာနဲ့ မိမိ၏မိသားစု အသိုင်းအ၀ိုင်းလည်း မိမိကြောင့်အလိုလိုကောင်းသွားပါလိမ့်မယ်။ မိသားစုကောင်းလာသလို ဤမိသားစု နေထိုင်ရှင်သန်နေတဲ့ ကမ္ဘာလောကကြီးလည်း အလိုလိုကောင်းသွားပါလိမ့်မယ်။ ထို့ကြောင့်နံပတ်(၁) အချက်ဖြစ်တဲ့မိမိ ကိုယ်ကိုကောင်းအောင်ကျိုး
ပြုအောင်လုပ်ဆောင်ကြရပါလိမ့်မယ်။ မိမိကောင်းလျှင် မိမိနဲ့ ပတ်သတ်ဆက်နွယ်နေတဲ့ အရာအားလုံးကောင်းလာပါလိမ့်မယ်။
အဲ့ဒီလိုပဲ လူသားအားလုံးကောင်းလာကြရင် ဒီကမ္ဘာလောကကြီးလည်း နေရာတိုင်း အချိန်တိုင်း ကောင်းနေကြမှာပါ ။ဤဆောင်းပါးလေးကို စာပေဟောဟြေပွဲတစ်ခုမှ ပညာရှိတစ်ဦး၏အဆိုအမိန့်ကို ပြန်လည်ဖြည့်စွက်ရေးသားထားပါ။ထိုပညာရှိအား ရိုသေပူဇော် လိုသောအားဖြစ်ရေးသားထားခြင်းဖြစ်ပါတယ်။ ဒီကမ္ဘာလောကကြီးကောင်းဖို့အတွက် မိမိကိုယ်ကို ကောင်းအောင်ကြိုးစားနိုင်ကြပါစေလို့ဆုတောင်းမေတ္တာ ပို့အပ်လိုက်ပါတယ်။

                                                            

ဘ၀အားမာန်

လေထန်တိုင်းတာပွင့်ကြွေပါမူ

ဘယ်မှာပန်းများကျန်မည်နည်း။

လှိုင်းပုတ်တိုင်းသာကမ်းပြိုပါမူ

ဘယ်မှာမြေကြီးကျန်မည်နည်း။

ကျရှုံးတိုင်သာငိုရပါမူ

ဘယ်မှာမျက်ရည်ကျန်မည်နည်း။

အမှောင်တဝက်လင်းတဝက်သည်

တရက်တခါကြုံမြဲသာတည့်။

အရှုံးတလှည့်နိုင်တလှည့်မှာ

မျက်လှည့်ပမာတွေ့မြဲသာတည့်။

ဘဝသည်ကားတိုက်ပွဲများပင်

လှုပ်ရှားရသောလူ့ရွာတောဝယ်

လင်းသောမှောင်သောအောင်သောရှုံးသော

မုန်းသောချစ်သောသစ်သောဟောင်းသော

ကောင်းသောဆိုးသောညှိုးသောလန်းသော

ကြမ်းသောနုသောပူသောအေးသော

စောကြောစိတ်ဖြာမနေသာပေ

လဲရာကထကျရာကတက်

ပျက်ရာကဆောက်ရှေ့သို့လျှောက်ရွေ့

ရောက်ရာဘဝအားမာန်ပြရင်း

ရန်းရကန်ရမည်တကား။။။။။။။။။။။။။(ကဗျာရေးသူအမည်မသိ)

ချစ်သူအတွက်

ကိုယ်ကမင်းရဲ့ နေမ၀င်အချစ်မဟုတ်ခဲ့ရင်တောင်

ဆည်းဆာချိန်လေးမှာ ရပ်တန့်နေပါရစေ

မင်းရဲ့ကောင်းကင်တစ်ခု မဖြစ်ခဲ့ရင်တောင်

မင်းကိုအရိပ်ပေးမယ့် တိမ်စိုင်းလေးတော့ဖြစ်ပါရစေ

မင်းဘ၀ရဲ့လမင်းကြီမဟုတ်ခဲ့ရင်တောင်

မင်းကိုလမ်းပြမယ့် ကြယ်တစ်ပွင့်တော့ဖြစ်ပါစေ

မင်းဘေး အချိန်တိုင်းနေခွင့်မရရင်တောင်

မင်းအနားက အရိပ်လေးတော့ဖြစ်ပါရစေ

မင်းအတွက် တောက်ပတဲ့အလင်း မဖြစ်ချင်နေပါ

မင်းအတွက်ဖရောင်းတိုင်လေးတော့ဖြစ်ပါရစေမင်းရဲ့အချစ်ဦးမဟုတ်ခဲ့ရင်တောင်

မင်းရဲအချစ်ဆုံးတော့ဖြစ်ပါရစေ

ချစ်သူ....မင်းကိုယ့်ကို

ချစ်ရင်ချစ်မယ် မုန်းရင်မုန်းမယ်

သနားရင်သနားမယ်

ရက်စက်ရင်ရက်စက်မယ်

မခန့်မှန်းနိုင်ပေမယ့်

ကိုယ်ကတော့

သစ္စာဆိုရဲပါတယ်

ကိုယ်မင်းကို သိပ်ချစ်တယ်

စံတင်လောက်တဲ့ချစ်ခြင်းလေးပါ....


ထမင်းစားပြီးရှောင်ကြဉ်ရမည့် အချက် ၇ ချက်

မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်ထမင်းစားနေကြသည်ဖြစ်ရာ ထမင်းစားပြီး
ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။
(၁) ဆေးလိပ်မသောက်ပါနှင့်။
ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမင်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက်
ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။

(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။
ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက
ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမင်းမစားမီ တစ်နာရီအလိုတွင်သာစားသုံးသင့်သည်။

(၃)လက်ဖက်ရည်မသောက်ပါနှင့်။
လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ်အစာချေရန်
အခက်ခဲဖြစ်စေသည်။

(၄) သင်၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။
ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း(တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ အူကိုခေါက်စေသည်။

(၅) ရေမချိုးပါနှင့်။
ထမင်းစားပြီးရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို တိုးပွားစေပြီး အစာအိမ်တစ်ဝိုက်တွင်မှု သွေးပမာဏလျော့ကျသွားသည့်အတွက်
ကျွနိုပ်တို့အစာအိမ်ရှိ အစာချေစနစ်ကို အားနည်းသွားစေသည်။

(၆) လမ်းမလျှောက်ပါနှင့်။
လူအများကပြောနေကြသည်မှာ ထမ်းစားပြီးလမ်းလျှောက်ခြင်းသည် ခြေလမ်းပေါင်းတစ်ရာလမ်းလျှောက်ခြင်းနှင့်ညီမျှပြီး အသက်(၉၉) နှစ်အထိ အသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို ကြားဖူးပါသည်။
တစ်ကယ်တော့ ထိုသို့ပြုလိုပ်ခြင်းကြောင့် အစာချေစနစ်သည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအဟာရများကို စုပ်ယူရန် အခက်ခဲဖြစ်သွားပါသည်။
ထို့ကြောင့်ထမင်းစားပြီးလမ်းမလျှောက်ပါနှင့်။

(၇) ချက်ချင်းမအိပ်ပါနှင့်
ထမင်းစားပြီး ချက်ချင်းအိပ်လိုက်ခြင်းကြောင့် ကျွန်ုပ်တို့စားသုံးလိုက်သောအစာများသည် ကောင်းစွာအစာမကျေနိုင်တော့ပေ။

အလွမ်း....

အလွမ်း.....
ငါလွမ်းတတ်နေပြီလား...
ဩော် ငါလွမ်းနေတာလား?
အင်းလေ ချစ်တတ်ခဲ့မှတော့ လွမ်းတတ်မှာပေါ့လေ...
အဲ့ဒီအလွမ်းအကြောင်းဟြေရမယ်ဆိုရင်
အလွမ်း၌သာခြေထောက်ပါရင်လေ
ငါ့ရင်မှာခြေရာတွေပြည့်နေပြီ.....
အလွမ်းဆိုတာ ချစ်ခြင်း၏ တိုင်းတာမှုတစ်ခုလို့ဆိုရင်ရမလား
အမေ ရေ သားလေ အရမ်းလွမ်းတယ်လို့ အော်လိုက်ချင်တယ်ဗျာ.....
အမေနဲ့ခွဲရတုန်းကထက်ပိုလွမ်းနေသလိုပဲ...
အမေ့ကိုမချစ်လို့မဟုတ်ပါဘူး အမေဟာအမေပါပဲ
ဒီလောကမှာ မိန်းမလို့သားသတ်မှတ်ထားတဲ့သူ
နှစ်ယောက်ထဲကတစ်ယောက်ကြောင့်ပေါ့ဗျာ.....
ငါ့အလွမ်းတွေကြောင့် သူလေးဒုက္ခမတွေ့ပါစေနဲ့ဗျာ......



နှင်းပွင့်တစ်ပွင့်ဘယ်လောက်လေးသလဲ?


ခိုတစ်ကောင်နဲ့ စာကလေးတစ်ကောင် စကားပြောနေကြတယ်။

ခို-"စာကလေးရေ... နှင်းတစ်ပွင့် ဘယ်လောက်လေးသလဲ? သိရင် ပြောပြပါလား?"ူ

 

စာကလေး-"အလေးချိန်မရှိတာထက် နည်းနည်းပိုလေးတယ်"

  ခို-"ဘယ်လို!  နားမလည်ဘူးဗျာ..."

စာကလေး- "ခင်ဗျားကို အဖြစ်အပျက်တစ်ခု ပြောပြမယ်။ တစ်ခါက သစ်ပင်ကြီးတစ်ပင်ပေါ်မှာ ကျွန်တော်နားနေတယ်။ အဲဒီတုန်းက နှင်းတွေကျနေတယ်။ တဖွဲဖွဲလေးပဲ မကြီးဘူး။ ကျွန်တော်လည်း နှင်းတွေကိုကြည့်ရင်း ဘာမှလုပ်စရာမရှိတာနဲ့ သစ်ကိုင်းတစ်ကိုင်းပေါ် ကျနေတဲ့နှင်းတွေကို ထိုင်ရေနေလိုက်တယ်။ တစ်ပွင့်... နှစ်ပွင့်.... နှင်းပွင့်ပေါင်း (၃၅၇၂၉၅၁)ပွင့်အထိ ဘာမှမထူးခြားခဲ့သေးဘူး။ ဒါပေမယ့် နှင်းပွင့်ပေါင်း (၃၅၇၂၉၅၂)ပွင့်မှာ သစ်ကိုင်းကြီး ရုတ်တရက်ကျိုးကျသွားတယ်"

တစ်ခါတလေမှာ မပြောပလောက်တဲ့ အာဃာတစိတ်နဲ့ အတွေးအခေါ်တချို့က နှင်းပွင့်နဲ့တူတယ်။ စစချင်းမှာ ဘာမှ မခံစားမိသလို ဘာမှမဖြစ်လောက်ဘူးလို့လည်း ထင်နိုင်တယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းစုပုံများပြားလာပြီး မကောင်းမှုမှာလည်း အလေးချိန်ရှိကြောင်း တစ်နေ့နေ့ တစ်ချိန်ချိန်ကျမှ သင်သတိထားမိလာပါလိမ့်မယ်.......

မှတ်ချက်။ ။http://www.99sanay.com/မှ ကြိုက်လွန်းလို့ကူးယူထားတာပါ

ထမင်းစားပြီးရှောင်ကြဉ်ရမည့် အချက် ၇ ချက်

မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်ထမ်းစားနေကြသည်ဖြစ်ရာ ထမင်းစားပြီး
ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။
(၁) ဆေးလိပ်မသောက်ပါနှင့်။
ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမင်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက်
ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။

(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။
ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက
ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမင်းမစားမီ တစ်နာရီအလိုတွင်သာစားသုံးသင့်သည်။

(၃)လက်ဖက်ရည်မသောက်ပါနှင့်။
လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ်အစာချေရန်
အခက်ခဲဖြစ်စေသည်။

(၄) သင်၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။
ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း(တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ အူကိုခေါက်စေသည်။

(၅) ရေမချိုးပါနှင့်။
ထမင်းစားပြီးရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို တိုးပွားစေပြီး အစာအိမ်တစ်ဝိုက်တွင်မှု သွေးပမာဏလျော့ကျသွားသည့်အတွက်
ကျွနိုပ်တို့အစာအိမ်ရှိ အစာချေစနစ်ကို အားနည်းသွားစေသည်။

(၆) လမ်းမလျှောက်ပါနှင့်။
လူအများကပြောနေကြသည်မှာ ထမင်းစားပြီးလမ်းလျှောက်ခြင်းသည် ခြေလမ်းပေါင်းတစ်ရာလမ်းလျှောက်ခြင်းနှင့်ညီမျှပြီး အသက်(၉၉) နှစ်အထိ အသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို ကြားဖူးပါသည်။
တစ်ကယ်တော့ ထိုသို့ပြုလိုပ်ခြင်းကြောင့် အစာချေစနစ်သည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအဟာရများကို စုပ်ယူရန် အခက်ခဲဖြစ်သွားပါသည်။
ထို့ကြောင့်ထမ်းစားပြီးလမ်းမလျှောက်ပါနှင့်။

(၇) ချက်ချင်းမအိပ်ပါနှင့်
ထမင်းစားပြီး ချက်ချင်းအိပ်လိုက်ခြင်းကြောင့် ကျွန်ုပ်တို့စားသုံးလိုက်သောအစာများသည် ကောင်းစွာအစာမကျေနိုင်တော့ပေ။

သိထားသင့်တယ်ထင်လို့ပါ....

အသက်အရွယ် အရ

သူငယ်ချင်း နှစ်ယောက် ဆုံကြတဲ့ အချိန်မှာ ပထမ သူငယ်ချင်းက “အခုခေတ်
မိန်းကလေး တွေက အသက် အရွယ်ကို ခန့်မှန်းရ တော်တော် ခက်တယ်ကွ”လို့
ပြောလိုက်ပါတယ်။ အဲဒီ အခါမှာ ဒုတိယ သူငယ်ချင်းက“ဒါများကွာ အလွယ်လေးပါ။
သူတို့ကို ချီးမွမ်းကြည့်လိုက်တာနဲ့ ဘယ်အရွယ်လဲ ဆိုတာ ခွဲခြားလို့ ရတယ်။
နှစ်ဆယ်ဝန်းကျင် မိန်းကလေးသာ ဆိုရင် သေချာတာက ရှက်သွေးဖြာ သွားမယ်။
သုံးဆယ် ၀န်းကျင်ဆိုရင်တော့ မင်းက မဆိုးဘူးလို့ မှတ်ချက်ချမယ်။ အဲ
လေးဆယ်ဝန်းကျင် မိန်းမတစ်ယောက် ဖြစ်နေရင်တော့ မင်းသူ့ဆီက ဘာများ
လိုချင်နေတာပါလိမ့်လို့ သံသယ မျက်လုံးတွေနဲ့ ကြည့်လိမ့်မယ်”လို့
အတွေ့အကြုံ ကြွယ်ဝတဲ့ သူတစ်ယောက်လို ရှင်းပြပါတယ်။

မင်းမဟုတ်တဲ့ တခြားတစ်ယောက်

ကောင်လေးက သူမြတ်မြတ်နိုးနိုး ချစ်နေမိတဲ့ မမရဲ့ မျက်ဝန်းတွေကို
စူးစိုက်ကြည့်ရင်း “မမရယ် ကျွန်တော့် နှလုံးသားတွေ တစ်စစီကြွေ ကုန်ပါပြီ။
အဲဒီလိုဖြစ်အောင် မမ လုပ်ရက်တယ်ဗျာ။ ဘာလို့လဲ ဆိုရင် မနေ့က မမကို တခြား
ယောက်ျားတစ်ယောက်နဲ့ ကျွန်တော် တွေ့လိုက်ရတယ်လေ”လို့ ကြေကွဲ ဆို့နင့်စွာ
ပြောလိုက်ပါတယ်။ အဲဒီ အချိန်မှာ မမက ကောင်လေးအထင် မလွဲအောင် ကပျာကယာ
ဖြေရှင်းလိုက်ပုံက “အိုကွယ် ကလေးရယ်။ မင်းအထင် လွဲနေတာပါ။ အဲဒီလူက
မမခင်ပွန်းကွဲ့။ မမအတွက် မင်းမဟုတ်တဲ့ တခြားတစ်ယောက် ဆိုတာ လုံးဝ
မရှိပါဘူးကွယ်”တဲ့။

တိကျသူ

ကောင်မလေးက သူ့ချစ်သူ ကောင်လေးကို “မနေ့ညက ရှင့်နားမှာ ရှိနေတဲ့
ကောင်မလေးက ဘယ်သူလဲ”လို့ သံသယတွေ အပြည့်နဲ့ မေးလိုက်တဲ့ အခါ ကောင်လေးက
“ဘယ်အချိန်လောက်တုန်းက တွေ့လိုက်ရတဲ့ ကောင်မလေးလဲ ဆိုတာ အရင်
ပြောဦးမှပေါ့ကွ။ မင်းကလည်း တကယ်ပါပဲကွာ”လို့ ပြန်ပြောလိုက်ပါတယ်။

ဥာဏ်ကြီးရှင်

ကောင်လေး တစ်ယောက်က သူသဘော ကျနေတဲ့ ကောင်မလေး အနားကို ချဉ်းကပ်ပြီး “ဟေ့
မင်းကို ကြည့်ရတာ ဥာဏ်အမြော်အမြင် တော်တော်လေး ပြည့်စုံတဲ့ ပုံပဲကွ။
ကိုယ့်ကို လက်ထပ်ဖို့ စိတ်မ၀င်စားဘူးလား”လို့ စကားကမ်းလှမ်း
လိုက်တယ်ဆိုရင်ပဲ ကောင်မလေးက “တော်ပါရှင်၊ ကျွန်မက ရှင်ထင်ထားသလို
ဥာဏ်အမြော်အမြင် တော်တော်လေး ပြည့်စုံနေတာ မို့လို့ ရှင့်ကို လက်ထပ်ဖို့
ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”လို့ တစ်ခါတည်း ပြတ်ပြတ်သားသား
ငြင်းလိုက်ပါတယ်။

စာကြမ်းပိုး

စာကြမ်းပိုး ကောင်လေးရဲ့ ချစ်သူ ကောင်မလေးက “မောင် ကျွန်မကို
စကားပြောဖို့ သတိရသေးရဲ့လား။ ဒီစာအုပ်ပုံတွေ ကြားမှာ နစ်နေတာနဲ့ ကျွန်မ
အသက် ရှိသေးတယ် ဆိုတာကို မေ့နေတယ် ထင်ပါရဲ့။ တစ်ခါတလေ ကျွန်မသာ
စာအုပ်တစ်အုပ် ဖြစ်သွားရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်သိလား။
အနည်းဆုံးတော့ မောင် ကျွန်မကို ဖတ်ကြည့်မှာပဲလေ”လို့ ညည်းတွား
ရေရွတ်လိုက်တယ်ဆိုရင်ပဲ စာကြမ်းပိုး ကောင်လေးက “အချစ်ရဲ့ စိတ်ကူးလေးက
မဆိုးဘူးလို့ ပြောရမယ်။ အချစ်သာ စာအုပ်တစ်အုပ် ဆိုရင် ပိုပြီး
စိတ်ဝင်စားစရာ ကောင်းတဲ့ စာအုပ်တွေနဲ့ စာကြည့်တိုက်မှာ နေ့တိုင်း
အလဲအလှယ် လုပ်ပြီး မောင်ဖတ်လို့ ရတာပေါ့”လို့ ပြန်ပြောလိုက်လေရဲ့။

လေးစားလောက်ပါတယ်

မိခင် ဖြစ်သူက “ငါ့သမီးရဲ့ ချစ်သူက ဘယ်လို လူစားမျိုးလဲကွယ်။ လေးစား
အားကိုးလောက်ရဲ့လား”လို့ မေးလိုက်တယ် ဆိုရင်ပဲ သမီးက မဆိုင်းမတွ
ဖြေလိုက်တာက “သိပ်သေချာတာပေါ့ မေမေရယ်။ သူ့အသက်က သုံးဆယ်၊ ဆေးလိပ်နဲ့
အရက်လည်း လုံးဝကင်းတယ်။ သူ့မှာ သိပ်တော်တဲ့ အိမ်ရှင်မ တစ်ယောက်ရယ်၊
သိပ်လိမ္မာတဲ့ ကလေး သုံးယောက်ရယ်လည်း ရှိသေးတယ်လေ”တဲ့။

အလွယ်ဆုံး နည်းလမ်း

ချိန်းထားတဲ့ နေရာကို နည်းနည်း နောက်ကျပြီးမှ ရောက်လာတဲ့ ချစ်သူ
ကောင်လေးက သူ့ကောင်မလေးကို “ကိုယ်အမုန်း ဆုံးက ဘာလဲသိလား။ ဘတ်စ်ကားပေါ်မှာ
နေရာလေး ရလို့ သက်သောင့်သက်သာ ထိုင်မယ်ကြံကာ ရှိသေး မိန်းကလေး တစ်ယောက်
ကိုယ့်ဘေးနားမှာ မတ်တတ် လာရပ်တာကိုပဲ”လို့ ပြောလိုက်တာမို့ ကောင်မလေးက
သူ့ချစ်သူကို စိတ်ဝင်တစားနဲ့“အဲဒီတော့ ”လို့ စကား ထောက်ပေးလိုက်တယ်။
ကောင်လေး ဆက်ပြောလိုက်တာက “အဲဒီ ကောင်မလေးကို မမြင်ရအောင် မျက်စိတွေ
မှိတ်ထားလိုက်တာပေါ့”တဲ့။

အပြစ်ဆိုတဲ့ ဆုလာဒ်လား....

အနွံတာခံမယ်ဆိုတဲ့ မိန်းခလေးရေ
ခဏလေးဂရုမစိုက်မိတာနဲ့
နောက်တစ်ယောက်ကို အဖြေပေးသတဲ့လားကွယ်။

ကိုယ့်ကိုအရွဲ့တိုက်တာပါတဲ့
အဖြေကချိုလှပေမယ့်
ကိုယ့်မှာနာကျင်မိုးမြေမဆုံး။

အခုပဲဖြတ်လိုက်မယ်တဲ့
မင်းတို့ခေတ်ရဲ့ စီးတဲ့အလျင်မှာ
ကိုယ်ကကျန်ခဲ့တာလား
အဲသလောက်လွယ်သလား ခလေးရယ်။

ချစ်သူ=ရန်သူတဲ့
ကိုယ်ကအဝေးကြီး လှမ်းကြည့်နေမိတာ
အနီးဆုံးကိုယ့်နံဘေးကနေ
အရှိုက်ကို အထိုးခံလိုက်ရတော့
ကိုယ့်မှာအသက်ရှူချိန်တောင် မရလိုက်ပါလားကွယ်။

ကိုယ့်ကို သည်းညဉ်းခံမယ်ဆိုတဲ့ မိန်းခလေးရေ
ကိုယ်မှားခဲ့တာ မှန်ပေမယ့်
အဲဒီ့အပြစ်ဒဏ် ကိုယ့်အတွက်ဆုလာဒ်လား......

ချစ်သူသိစေ

၁၅၀၀ကျော်တယ် ဇတ်ကားမှဖြတ်ယူထားတာပါ

အချစ်အတွက် ဘ၀ပန်းဥယျာဉ်

လာပါလို့ မခေါ်ရက်သလို့
ပြန်ပါလို့လဲ မနှင်ရက်ပါဘူး
ကို့ရဲ့ ဘ၀လေးဟာ
မင်းရှိ သာယာလှပနေခဲ့တာပါ
မင်းရှိရင် ကိုယ်မှာရှိတဲ့
အရာရာတိုင်းဟာ
သက်ဝင်လှုပ်ရှားနေတယ်
မင်းမရှိတော့ ကိုယ့်ရဲ့ဘ၀ဟာ
ခြောက်ကပ်ပြီး ညှိုးနွမ်းနေခဲ့တာပါ
တကယ်တော့ မင်းလေးကို
အရမ်းချစ်နေခဲ့တာ
ဒါကိုမင်းလေး သိမှာမဟုတ်ပါဘူး
ကိုယ့်ရဲ့ ဘ၀ထဲမှာ
မင်းလေး ပျော်သလောက်နေနိုင်ပါတယ်
ဒါပေမဲ့ မင်းလေးပျော်ရွင်တာကို
မြင်တွေ့နေရပေမဲ့
မင်းလေးနဲ့ ကိုယ့်ရဲ့ဘ၀ဟာ
ကွာခြားနေတယ်လေ
ဘာလို့လဲဆိုတော့
ကိုယ့်က.......ပန်းဥယျာဉ်တစ်ခုဖြစ်နေလို့လေ.....

ချစ်သူသိစေချင်တယ်...

ကိုယ်ကမင်းရဲ့ နေမ၀င်အချစ်မဟုတ်ခဲ့ရင်တောင်

ဆည်းဆာချိန်လေးမှာ ရပ်တန့်နေပါရစေ

မင်းရဲ့ကောင်းကင်တစ်ခု မဖြစ်ခဲ့ရင်တောင်

မင်းကိုအရိပ်ပေးမယ့် တိမ်စိုင်းလေးတော့ဖြစ်ပါရစေ

မင်းဘ၀ရဲ့လမင်းကြီမဟုတ်ခဲ့ရင်တောင်

မင်းကိုလမ်းပြမယ့် ကြယ်တစ်ပွင့်တော့ဖြစ်ပါစေ

မင်းဘေး အချိန်တိုင်းနေခွင့်မရရင်တောင်

မင်းအနားက အရိပ်လေးတော့ဖြစ်ပါရစေ

မင်းအတွက် တောက်ပတဲ့အလင်း မဖြစ်ချင်နေပါ

မင်းအတွက်ဖရောင်းတိုင်လေးတော့ဖြစ်ပါရစေမင်းရဲ့အချစ်ဦးမဟုတ်ခဲ့ရင်တောင်

မင်းရဲအချစ်ဆုံးတော့ဖြစ်ပါရစေ

ချစ်သူ....မင်းကိုယ့်ကို

ချစ်ရင်ချစ်မယ် မုန်းရင်မုန်းမယ်

သနားရင်သနားမယ်

ရက်စက်ရင်ရက်စက်မယ်

မခန့်မှန်းနိုင်ပေမယ့်

ကိုယ်ကတော့

သစ္စာဆိုရဲပါတယ်

ကိုယ်မင်းကို သိပ်ချစ်တယ်