လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

why & How

                              WHY ? & HOW ?
                    
 ခေါင်းစဉ်လေးကတော့မေးခွန်းနှစ်ခုပါ။ ခေါင်းစဉ်လေးဖတ်ရုံနဲ့တော့ဘာအကြောင်းအရာကို ဟြေလဲဆိုတာသိမှာမဟုတ်ပါဘူး။ ဒီမေးခွန်းလေးနှစ်ခုကို မဟြေခင်မှာအဓိကအချက်ဖြစ်တဲ့အကြောင်းအရာတစ်ခုကို ဦးစွာရှင်းပြသွားမှာ ဖြစ်ပါတယ်။ကျွန်တော်တို့
အားလားလုံးဟာ ဤကမ္ဘာ့ပေါ်မှာအသိဉာဏ် အရှိဆုံးဖြစ်တဲ့ လူသားတွေဖြစ်ကြပါတယ်။ ဤကမ္ဘာ ပေါ်မှာရှိသောသက်ရှိတွေ
အများကြီးထဲမှ ကျွန်တော်တို့လူသားတွေက  အသိဉာဏ်အရှိဆုံးဖြစ်လို့ အားလုံးရဲ့ရှေ့မှာ၊ထိပ်ဆုံးမှာ ရှိနေရတာပေါ့။ ခန္ဓာကိုယ်
အရွယ်အစားကြီးမားတဲ့အလျှောက် ဦးနှောက်လည်းကြီးမားလာမှာပေါ့ မဟုတ်ဘူးလားဗျာ၊ ဦနှောက်ကြီးတိုင်းအသိဉာဏ် မြင့်မားမယ်ဆိုရင် ဆင်တွေ၊မြင်းတွေ၊အစစသောကြီးမားသော သတ္တ၀ါတွေက လူတွေကို ခိုင်းစေနေကြမှာပေါ့ ။စဉ်းစားချင့်ချိန်
တွေးခေါ်နိုင်နှုန်းကတော့ ဦးနှောက်အရွယ်အစားနဲ့ လုံးဝမဆိုင်ဘူးပါဘူး။ သက်ရှိများအားလုံးထဲမှာ ကျွန်တော်တို့လူသားတွေသာ
စဉ်းစားတွေးခေါ်နိုင်ခြင်းရှိတာပါ။ အဲ့တာကြောင့် ခန္ဓာကိုယ် အရွယ်အစားကြီးမားတဲ့ သတ္တ၀ါတွေကို ကျွန်တော်တို့လူသားတွေက
ခိုင်းစေနေရတာပေါ့။ ယခုလိုစဉ်းစားချင့်ချိန်တွေးခေါ်နိုင်တဲ့ဘ၀မှာ ဆက်လက်တွေးခေါ်နိုင်ရန် ဒီမေးခွန်းလေးနှစ်ခုကိုဖော်ပြလိုက်
ရခြင်းဖြစ်ပါသည်။ဒီမေးခွန်းလေးနှစ်ခုက တစ်ခုနှင့်တစ်ခုစပ်ဆက်နေပါသည်။
            ပထမမေးခွန်းလေးကတော့ WHY ? "Why are you be a human ?" သင်ဘာကြောင့်လူဖြစ်လာတာလဲ? အပေါ်ယံလေး
စဉ်းစားကြည့်မယ်ဆိုရင်တော့ ဒီမေးခွန်းလေးကဘာမှမဟုတ်သလိုပါပဲ။ သေသေချာချာ လေးလေးနက်နက် စဉ်းစားကြည့်မယ်
ဆိုရင်တော့ တော်တော်လေးအဓိပါယ် ရှိနေပါတယ်။ ဒီမေးခွန်းလေးကို စိတ်ထဲရှိတဲ့အတိုင်းဖြေကြည့်ကြပါဦ။လူ၁၀ယောက်ကို မေးရင် အဖြေက ၁၀မျိုးထွက်လာမှာပါ။ ဗုဒ္ဓဘာသာအယူအဆအရ ကံကံ၏အကျိုးကို ယုံကြည်တဲ့သူတွေအနေနဲ့ ဖြေမယ်ဆိုရင်
လူဖြစ်ဖို့ကံပါလာလို့ဖြေမယ်ဆိုရင်လည်း မှန်ပါတယ်။ ဟာသတစ်ခုအနေနဲ့ဖြေမယ်ဆိုရင်တော့ အမေမွေးလို့လူဖြစ်လာတာပေါ့။
အဲ့ဒီအဖြေတွေထက် အမှန်ကန်ဆုံးအဖြေကတော့ အရာ ၃ ခုကို ကောင်းကျိုးပြုဖို့လူဖြစ်လာတာပါ။
  (၁) မိမိကိုယ်ကို ကောင်းကျိုးပြုရမယ်။
  (၂) မိမိ မိသားစု ဆွေမျိုးအသိုင်းအ၀ိုင်းကို ကောင်းကျိုးပြုရမယ်။
  (၃) မိမိ ရှင်သန်နေသော ကမ္ဘာလောကကြီးကို ကောင်းကျိုးပြုရမယ်။
               အဲ့ဒီအရာတွေကို လုပ်ဆောင်နိုင်မှလူဖြစ်မယ်လို့ခေါ်ဆိုထိုက်ပေမယ်လို့ကျွန်တော်ယူဆပါတယ်။ ဒါမှလည်းလူဖြစ်
ရကျိုး၊ အတွေးအခေါ်အသိဉာဏ်ရှိရကျိုးနပ်မှာပေါ့လေ။ ကျွန်တော်တို့ကို အသက်နဲ့ရင်းပြီးမွေးထုတ် ပေးခဲ့တဲ့မိခင်တွေအတွက်
လည်း မွေးရကျိုးနပ်မှာပေါ့ဗျာ။ အဲ့ဒီမှာ ပထမမေးခွန်းတစ်ခုကပြီးသွားပါပြီ။
                ဒုတိယမေးခွန်းကတော့ HOW ? "How do you do be a human ?" အပေါ်မှာဖော်ပြခဲ့သလိုပါပဲ လူဖြစ်တယ်ဆိုတာ
သိပြီးဖြစ်တဲ့အတွက် အဲ့ဒီလိုလူဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတာပါပဲ။ မိမိ မိသားစုအတွက် ၊ ကမ္ဘာလောကကြီးအတွက် ကောင်းကျိုးပြု ဖို့အတွက်ဆိုတာက ခက်ခဲမယ်လို့ထင်ရပါမယ်။ အမှန်ကတော့ လွယ်လွယ်လေးပါ ။ပုံမှန်အတိုင်းစဉ်းစားမယ်ဆိုရင်
တော့ခက်ခဲကောင်းခက်ခဲပါမယ်။ ဘယ်လောက်ထိလွယ်သလဲဆိုရင်တော့ နံပတ်(၁)အချက်ကိုလုပ်ဆောင်လိုက်တာနဲ့ ကျန်တဲ့ (၂)
(၃) ကတော့ အလိုလိုပြည့်သွားပြီဖြစ်ပါတယ်။ မိမိ ကိုယ်ကိုကောင်းကျိုးပြုအောင်လုပ်ဆောင်လိုက်တာနဲ့ မိမိ၏မိသားစု အသိုင်းအ၀ိုင်းလည်း မိမိကြောင့်အလိုလိုကောင်းသွားပါလိမ့်မယ်။ မိသားစုကောင်းလာသလို ဤမိသားစု နေထိုင်ရှင်သန်နေတဲ့ ကမ္ဘာလောကကြီးလည်း အလိုလိုကောင်းသွားပါလိမ့်မယ်။ ထို့ကြောင့်နံပတ်(၁) အချက်ဖြစ်တဲ့မိမိ ကိုယ်ကိုကောင်းအောင်ကျိုး
ပြုအောင်လုပ်ဆောင်ကြရပါလိမ့်မယ်။ မိမိကောင်းလျှင် မိမိနဲ့ ပတ်သတ်ဆက်နွယ်နေတဲ့ အရာအားလုံးကောင်းလာပါလိမ့်မယ်။
အဲ့ဒီလိုပဲ လူသားအားလုံးကောင်းလာကြရင် ဒီကမ္ဘာလောကကြီးလည်း နေရာတိုင်း အချိန်တိုင်း ကောင်းနေကြမှာပါ ။ဤဆောင်းပါးလေးကို စာပေဟောဟြေပွဲတစ်ခုမှ ပညာရှိတစ်ဦး၏အဆိုအမိန့်ကို ပြန်လည်ဖြည့်စွက်ရေးသားထားပါ။ထိုပညာရှိအား ရိုသေပူဇော် လိုသောအားဖြစ်ရေးသားထားခြင်းဖြစ်ပါတယ်။ ဒီကမ္ဘာလောကကြီးကောင်းဖို့အတွက် မိမိကိုယ်ကို ကောင်းအောင်ကြိုးစားနိုင်ကြပါစေလို့ဆုတောင်းမေတ္တာ ပို့အပ်လိုက်ပါတယ်။

                                                            

No comments: