လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

လက်ချောင်းလေးတွေပေါ်က လက်စွပ်များအဓိပ္ပါယ်


တစ်ချောင်းစီပေါ် ဝတ်ဆင်ထားတဲ့လက်စွပ်တွေမှာ မတူတဲ့အဓိပ္ပာယ်တွေရှိသတဲ့။ ပြောကြားချက်အရ ဘယ်ဖက်လက်သူကြွယ်မှာရှိတဲ့ သွေးကြောတစ်ချောင်းက နှလုံးသားနဲ့ဆက်သွယ်ထားတယ်။ ဒါကြောင့် မင်္ဂလာဆောင်တဲ့အခါ မင်္ဂလာဇနီးမောင်နှံက လက်ထပ်လက်စွပ်ကို ဘယ်ဖက်လက်သူကြွယ်မှာ ဝတ်ဆင်ပေးကြတယ်လို့ ဆိုပါတယ်။ အင်တာနက်ပေါ်မှာဖတ်ရတဲ့ လက်စွပ်ဝတ်ဆင်ပုံအကြောင်းကို ဘာသာပြန်မျှဝေလိုက်ပါတယ်။

လက်စွပ်ဝတ်ဆင်တဲ့ ဘယ်ဖက်လက်နဲ့ ညာဖက်လက်ရဲ့ အဓိပ္ပာယ်တွေက....

ညာဖက်လက်သန်း ---------- ချစ်သူ ရည်းစားမထားချင်ပါ
ညာဖက်လက်သူကြွယ် ------ ချစ်ကြိုက်နေတယ်။
ညာဖက်လက်ခလယ် ------- ပိုင်ရှင်ရှိတယ်
ညာဖက်လက်ညှိုး ---------- တစ်ကိုယ်ရေတစ်ကာယ

ဘယ်ဖက်လက်သန်း ------------ အိမ်ထောင်မပြုပါ
ဘယ်ဖက်လက်သူကြွယ် -------- လက်ထပ်ပြီး
ဘယ်ဖက်လက်ခလယ် --------- စေ့စပ်ထားတယ်
ဘယ်ဖက်လက်ညှိုး ------------ အိပ်ထောင်မပြုရသေးပါ

လက်စွပ်ဝတ်ဆင်တာကို ပြောစမတ်ရှိကြတယ်။ အနောက်နိုင်ငံတွေရဲ့ ဓလေ့ထုံးစံအရ ဘယ်ဖက်လက်က သင့်အတွက် ဘုရားသခင်ပေးတဲ့ ကံကောင်းခြင်းတဲ့။ ဒါကြောင့် လက်ထပ်လက်စွပ်ကို များသောအားဖြင့် ဘယ်ဖက်လက်မှာပဲ ဝတ်ဆင်ကြတယ်။

နိုင်ငံတကာမှာ ပိုခေတ်စားတဲ့ လက်စွပ်ဝတ်ဆင်နည်းက .....
လက်ညှိုး ---------- မင်္ဂလာဆောင်ချင်တယ်။ (မင်္ဂလာမဆောင်ရသေးပါ)
လက်ခလယ် ------- ချစ်ကြိုက်နေတယ်။
လက်သူကြွယ် ------ စေ့စပ်ထားတယ် ဒါမှမဟုတ် လက်ထပ်ပြီး
လက်သန်း ---------- တစ်ကိုယ်ရေတစ်ကာယ
ဘယ်လက်ချောင်းမှာပဲ ဝတ်ဆင်ဝတ်ဆင် အဓိပ္ပာယ်ဖော်ဆောင်လို့မရတဲ့ လက်စွပ်တစ်မျိုးရှိပါတယ်။ အဲဒီလက်စွပ်က ပန်းလက်စွပ်(ဖန်စီလက်စွပ်)ဖြစ်တယ်။ ဒီလိုလက်စွပ်မျိုးက အလှအပအတွက်ဝတ်ဆင်တဲ့ လက်စွပ်ဖြစ်တာကြောင့် ဘယ်လက်မှာပဲဝတ်ဝတ် ရပါတယ်။

ရှေးရောမ မှတ်တမ်းအရ လက်စွပ်ကို လက်မပေါ်ဝတ်ဆင်တာဟာ အောင်မြင်လိုစိတ်ပြင်းပြတယ်လို့ ဆိုပါတယ်။ လက်ညှိုးပေါ်ဝတ်ဆင်တာက လန်းဆန်းတက်ကြွပြီး ကိုယ်ပိုင်အတွေးအမြင်ပိုရှိသူလို့ ခံစားစေပါတယ်။ လက်စွပ်ဝတ်ဆင်ရအကောင်းဆုံး လက်ချောင်းက လက်ခလယ်ပါပဲ။ လွတ်လပ်ပေါ့ပါးဟန်၊ ဆွဲဆောင်နိုင်မှုဟန်ကို ပိုပေါ်လွင်စေပါတယ်။ သာမန်အားဖြင့် လက်သူကြွယ်မှာ ဝတ်ဆင်တဲ့လက်စွပ်က လက်ထပ်လက်စွပ်ဖြစ်တယ်။ လက်သူကြွယ်က ပိုသေးသွယ်တာကြောင့် ဘယ်လိုလက်စွပ်ပဲဝတ်ဝတ် သိမ်မွေ့လှပပါတယ်။ ဆန်းသစ်တဲ့ လက်စွပ်ဝတ်ဆင်နည်းကတော့ လက်သန်းမှာ ဝတ်ဆင်တာပဲဖြစ်တယ်။ လက်သန်းမှာ ရိုးရှင်းတဲ့လက်စွပ်လေးဝတ်ဆင်ထားရုံနဲ့တင် လက်က ချစ်စရာကောင်းနေတတ်ပါတယ်။ လက်သန်းမှာ လက်စွပ်ဝတ်ဆင်တာက "တစ်ယောက်တည်းပဲ နေချင်တယ်။ ချစ်သူမထားချင်သေးဘူး။ အချိန်ကုန်ခံပြီး ငါ့ကိုလိုက်မပိုးပန်းပါနဲ့" ဆိုတဲ့ အဓိပ္ပာယ်ကိုဆောင်ပါတယ်။
အဆန်းထွင်ထားတဲ့လက်စွပ်တွေကို ဝတ်ဆင်ချိန်မှာ ကိုယ်ပိုင်ဟန်ပိုပေါ်လွင်စေချင်ရင် လက်စွပ်နဲ့လိုက်ဖက်တဲ့၊ ပုံစံဆင်ပြီးရိုးရှင်းတဲ့ နောက်လက်စွပ်တစ်ကွင်းကို တခြားလက်တစ်ဖက်မှာ ဝတ်ဆင်နိုင်ပါတယ်။ တကယ်လို့ လက်စွပ်က လက်ပတ်နာရီနဲ့ လိုက်ဖက်ဝတ်ဆင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဥပမာ- သင်ဝတ်ဆင်တဲ့လက်စွပ်က ပန်းလက်စွပ်လေးဆိုရင် သားရေကြိုး ရွှေရောင်ဒိုင်ခွက်နာရီကို ဝတ်ဆင်နိုင်ပါတယ်။ တကယ်လို့ သင်မှာရွေးချယ်စရာ နာရီ၊ လက်စွပ်တွေ များများစားစားမရှိဘူးဆိုရင် လက်စွပ်နဲ့နာရီကို လက်တစ်ဖက်စီခွဲပြီး ဝတ်ဆင်နိုင်ပါတယ်။ မလိုက်ဖက်တဲ့အရာနှစ်ခုကို လက်တစ်ဖက်တည်းမှာပဲ မဝတ်ဆင်မိဖို့ပဲလိုပါတယ်။
လက်တစ်ဖက်တည်းမှာ လက်စွပ်နှစ်ကွင်း ဝတ်ဆင်ချင်တယ်ဆိုရင် အရောင်လေးတွေ လိုက်ဖက်ဖို့လိုပါတယ်။ လက်စွပ်တစ်ကွင်းက ဆန်းပြားတဲ့လက်စွပ်ဖြစ်နေရင် နောက်လက်စွပ်တစ်ကွင်းက ရိုးရှင်းနေရပါတယ်။ အကောင်းဆုံးက ဘေးချင်းကပ်နှစ်ချောင်းနှစ်ချောင်းမှာ ဝတ်ဆင်တာပါပဲ။ ဥပမာ-- လက်ခလယ်နဲ့လက်ညှိုး၊ လက်ခလယ်နဲ့လက်သူကြွယ်၊ လက်သူကြွယ်နဲ့လက်သန်း.... လက်စွပ်နှစ်ကွင်းကြားမှာ လက်ချောင်းတစ်ချောင်း ခြားနေတာမျိုး မဖြစ်ပါစေနဲ့။

တူညီတဲ့ အများပြောပုံတစ်ခုက----

လက်မမှာဝတ်ဆင်တာက "ပိုးပန်း"တယ်။ (တစ်ဘက်လူကို ပိုးပန်းဖို့ လှုပ်ရှားတယ်)
လက်ညှိုးမှာဝတ်ဆင်တာက "တောင်းဆို"တယ်။ (နှလုံးသားက အချစ်ကိုတောင့်တတယ်)
လက်ခလယ်မှာဝတ်ဆင်တာက "တည်"တယ်။ (ချစ်ကြိုက်နေတယ် ဒါမှမဟုတ် စေ့စပ်ထားတယ်)
လက်သူကြွယ်မှာဝတ်ဆင်တာက "နှောင်ဖွဲ့"တယ်။ (လက်ထပ်ပြီးကြောင်းပြောတယ်)
လက်သန်းမှာဝတ်ဆင်တာက "ခွာ"တယ်။ (တစ်ကိုယ်တည်းနေဖို့ ဆုံးဖြတ်တယ် ဒါမှမဟုတ် ကွာရှင်းထားတယ်) အနောက်နိုင်ငံမှာ လက်စွပ်မဝတ်ဆင်ထားရင် "ပိုင်ရှင်မရှိသေးပါဘူး..ပိုးပန်းနိုင်တယ်"ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။
ဝတ်ဆင်ထားတဲ့ လက်စွပ်ကိုကြည့်ပြီး လူတစ်ယောက်ရဲ့ အတွင်းစိတ်ကိုလည်း ခန့်မှန်းနိုင်ပါတယ်။ လက်စွပ်ဟာ တန်ဆာဆင်ပစ္စည်းသက်သက်တစ်ခု မဟုတ်ဘဲ သင်ကြိုက်နှစ်သက်တဲ့ လက်စွပ်၊ သင်ဝတ်ဆင်တဲ့ လက်ချောင်းပေါ်မူတည်ပြီး သင့်အတွင်းစိတ်ကိုလည်း လှစ်ဟပြနိုင်ပါတယ်။

အမျိုးသားအတွက် ပြောရရင်---

ငွေရောင်လက်စွပ်ဝတ်ဆင်သူက နူးညံ့သိမ်မွေ့တယ်၊ လူတိုင်းနဲ့ အလိုက်အထိုက်နေတတ်တယ်၊ ဝင်ဆံ့တယ်။

ရွှေရောင်လက်စွပ်ဝတ်ဆင်သူက အကျိုးအမြတ်ကို ပိုအလေးထားတယ်။ များသောအားဖြင့် ထက်မြက်တဲ့ စီးပွားရေးဦးနှောက်ရှိတယ်။

ကျောက်စိမ်းလက်စွပ်ဝတ်ဆင်သူက အရည်အချင်းကို ပိုအသားပေးတယ်။ အလုပ်လုပ်ရာမှာ စည်းစနစ်ကြီးတယ်။

အမျိုးသမီးအတွက် ပြောရရင် ---

ပန်းရောင်လက်စွပ် ဒါမှမဟုတ် သန္တာကျောက်လက်စွပ်ကို ဝတ်ဆင်သူက ခံစားမှုပြင်းထန်ပြီး ရိုမန်တစ်ဆန်သူဖြစ်တယ်။

ပတ္တမြားလက်စွပ် ဒါမှမဟုတ် အနီရောင်ဖရဲအူကျောက် (Tourmaline)လက်စွပ်ကို ဝတ်ဆင်သူက စိတ်အားထက်သန်မှုများတယ်။

နီလာလက်စွပ် ဒါမှမဟုတ် စိမ်းပြာရောင်ကျောက်လက်စွပ်ကို ဝတ်ဆင်သူက အေးတိအေးစက် ဘာသိဘာသာနေတတ်တယ်။

မြလက်စွပ် ဒါမှမဟုတ် အစိမ်းရောင်(Turquoise)ကျောက်လက်စွပ်ကို ဝတ်ဆင်သူက ခံစားချက် နုရွသိမ်မွေ့လွန်းပါတယ်။
Forward Mail

ကင်ဆာရောဂါကို ကာကွယ်နိုင်သော အစားအစာ(၁၃)မျိုး


(၁) ကြက်သွန်ဖြူ


ကြက်သွန်ဖြူမှာကင်ဆာရောဂါကိုကာကွယ်နိုင်တဲ့ ဓာတ်ပေါင်းတွေ များစွာပါဝင်နေပါတယ်။ အရေပြား၊ အူမကြီးနဲ့အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားမှုတွေကိုအဓိကကာကွယ်ပေးနိုင်ပါတယ်။

(၂) အစိမ်းရင့်ရောင် အသီးအရွက်များ


အစိမ်းရင့်ရောင် အသီးအရွက်တွေမှာအင်တီအောက်ဆီးဒင့် ဖြစ်တဲ့ ကယ်ရိုတင်းနွိုက်တွေ များစွာပါဝင်ပါတယ်။ကင်ဆာကို ဖြစ်စေတဲ့ Free Radicals တွေရဲ့ အန္တရာယ်ကိုလျှော့ချပေးပါတယ်။

(၃) စပျစ်သီး


စပျစ်သီးနဲ့ စပျစ်ဝိုင်မှာအစွမ်းထက် အင်တီအောက်ဆီးဒင့် ဖြစ်တဲ့ ရက်စ်ဗာရထရောပါဝင်တာကြောင့် ဆဲလ်တွေပျက်စီးတာကိုကာကွယ် ပေးနိုင်ပါတယ်။

(၄) လက်ဖက်စိမ်းရည်

လက်ဖက်စိမ်းရည်မှာပါဝင်တဲ့ ဖလေဗိုနွိုက်ကအူမကြီး၊ အသည်း၊ ရင်သားနဲ့ ဆီးကျိတ်ကင်ဆာတွေ ဖြစ်ပွားတာကနေကာကွယ်နိုင်သလို ကင်ဆာရောဂါရဲ့ ဆဲလ်ပွားတာကိုလည်း နှေးကွေးစေနိုင်ပါတယ်။

(၅) ခရမ်းချဉ်သီး


ခရမ်းချဉ်သီးမှာပါဝင်တဲ့လိုင်ကိုပင်းဓာတ်ကရင်သားကင်ဆာ၊ဆီးကျိတ်ကင်ဆာ၊အဆုတ်ကင်ဆာနဲ့အစာအိမ်ကင်ဆာတွေကိုကာကွယ်ပေးနိုင်ပါတယ်။

(၆) ဖရဲသီး


ဖရဲသီးမှာကင်ဆာရောဂါကိုတွန်းလှန် ကာကွယ်ပေးနိုင်တဲ့ လိုင်ကိုပင်းဓာတ် များစွာပါဝင်နေပါတယ်။

(၇) ဘလူးဘယ်ရီသီး


ဘယ်ရီသီးအားလုံးမှာကင်ဆာကိုတိုက်ထုတ်နိုင်တဲ့ ဓာတ်ပေါင်းတွေ များစွာပါဝင်နေပါတယ်။ ကင်ဆာရောဂါ အားလုံးကိုကာကွယ်မှု ပေးနိုင်ပါတယ်။

(၈) မိကျောင်းကွမ်းဖတ်


မိကျောင်းကွမ်းဖတ်မှာပါဝင်တဲ့ လိုင်နန်ကအင်တီအောက်ဆီးဒင့် အာနိသင်ကိုပေးစွမ်းပြီး ခန္ဓာကိုယ်မှာကင်ဆာဖြစ်စေတဲ့ပြောင်းလဲမှုမှန်သမျှကိုဟန့်တားပေးပါတယ်။ဒါ့အပြင်အိုမီဂါအဆီကြွယ်ဝတာကြောင့်အူမကြီးကင်ဆာဖြစ်ပွားမှုကိုလည်းကာကွယ်ပေးနိုင်ပါတယ်။

(၉) ပန်းဂေါ်ဖီ မျိုးရင်းဝင်များ


ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီပွင့်၊ ဂေါ်ဖီထုပ်တွေမှာကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကိုလျှောချနိုင်တဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေ များစွာပါဝင်ပါတယ်။

(၁၀) ကောက်နှံတစ်ခုလုံး



ကောက်နှံတစ်ခုလုံးမှာကင်ဆာကိုတွန်းလှန်နိုင်တဲ့ အင်တီအောက်ဆီးဒင့်၊ အမျှင်ဓာတ်နဲ့ ဖိုက်တိုအီစထရိုဂျင်တွေပါဝင်ပါတယ်။

(၁၁) မုန်လာဥနီ


မုန်လာဥနီမှာဗီတာမင်အေဓာတ် များစွာပါဝင်ပြီး ခန္ဓာကိုယ် ခုခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။
သွေးဖြူဥတွေရဲ့လုပ်ငန်းဆောင်တာတွေကိုအားပေးတာကြောင့်ဗိုင်းရပ်စ်ပိုးတွေမကူးစက်နိုင်အောင်ဟန့်တားပေးပါတယ်။ မျက်စိကိုလည်းအားကောင်းစေပါတယ်။

(၁၂) နနွင်း


ဟင်းထဲမှာ နနွင်းကိုလက်ဖက်ရည်ဇွန်းတစ်ဇွန်းစာလောက် ပါဝင်အောင် ထည့်ချက်စားပေးပါ။ စမ်းသပ်မှုတွေအရနနွင်းမှာကင်ဆာဖြစ်စေတာတွေကိုတွန်းလှန်နိုင်တဲ့ အာနိသင်ရှိနေပါတယ်။ နနွင်းမှာပါတဲ့ ကာကူမင်ဒြပ်ပေါင်းကရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ တခြားကင်ဆာရောဂါတွေရဲ့ ဖြစ်ပွားနှုန်းကို နှေးစေပါတယ်။

(၁၃) ငါး


ဆာဒင်းငါး၊ ပုစွန်ဆိတ်၊ ပင်လယ်ငါးတွေကနေဗီတာမင်ဒီဓာတ်ကိုရရှိနိုင်ပါတယ်။ ဗီတာမင်ဒီကကင်ဆာဆဲလ်
ကြီးထွားမှုနဲ့ ပျံ့နှံ့မှုကိုလျော့နည်းစေပါတယ်။ကယ်လ်ဖိုးနီးယားတက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာမှုအရနေရောင်ခြည်နဲ့ ထိတွေ့မှု နည်းတဲ့ အမျိုးသမီးတွေမှာကင်ဆာဆဲလ် ပျံ့နှံ့တာကိုတွေ့ရပါတယ်။နေရောင်ခြည်ဟာဗီတာမင်ဒီကိုရယူနိုင်တဲ့ အကောင်းဆုံးအရင်းအမြစ် ဖြစ်လို့ပါ။

သူငယ်ချင်းကောင်းများအတွက် အတွေးသစ်အမြင်သစ်

သူငယ်ချင်းရေ
ရောင်းအား မကောင်းတော့တဲ့
ဈေးကွက် တစ်ခုအတွက်တော့
စိတ်မလေနဲ့
Baiyoke အပေါ်က Bar မှာတောင်
လူမရှိတာ ကြာပြီဟ။

သူငယ်ချင်းရေ
ဒီနေ့ အရင်လို ဟင်းမစုံလို့
မစားချင် ဘူးမလုပ်နဲ့
ထမင်းရည် သောက်နေတဲ့ သူတွေ
ပိုပို များလာတာ မမေ့နဲ့ဟ။

သူငယ်ချင်းရေ
ရှိစုမဲ့စုတွေ ရောင်ခိုင်းပြီး
Abroad Study တော့ မလုပ်ပါနဲ့ကွာ
မင်းတတ်တဲ့ A B C D
ဟိုမှာ တတ်ချင် လွန်းလို့
မြေပေါ်မှာ အရေးကျင့်တဲ့
သူတွေရှိတယ် ဟ။

သူငယ်ချင်းရေ
ဒီအလုပ်က မမိုက်ပါဘူးကွာ
ပင်ပန်းလို့ စိတ်ပျက်ပ လို့တော့
ဂဂျီ ဂဂျောင် မလုပ်နဲ့
မင်းနောက်မှာ အဲဒါလိုချင်လို့
တန်းဆီနေတဲ့
အလုပ်လက်မဲ့တွေ
အများကြီးပဲ ဟ။

သူငယ်ချင်းရေ
မိဘ စကားတတွတ်တွတ်ကြားလို့
ကျဉ်းကျပ်တယ် မထင်နဲ့
မိဘမဲ့ ကလေးကျောင်း
တစ်ရက်လောက်သွားကြည့်
မေတ္တာ ငတ်တဲ့
မျက်ဝန်းဆိုတာ မြင်ဖူးအောင်လို့ဟ။

သူငယ်ချင်းရေ
မင်း Boyfriend , Girlfriend ( Wife, Husband )
ရဲ့ မေတ္တာစစ် ကို မစော်ကားမိစေနဲ့
မင်းအားကျတဲ့ အနောက်တိုင်း
ယဉ်ကျေးမှုမှာ
၂ ပွေတွဲ ၃ ပွေတွဲ
၁ ချီစား ၂ ချီစား
အရင် Fancy နောက် Fancy
အရင် Hubby နောက် Hubby
ရဲ့ ဇယားတချို့ရှိနေလေရဲ့ဟ။

သူငယ်ချင်းရေ
မင်းကို အမှန်အတိုင်းခင်းပြရင်
စကားလမ်း ကြမ်းချင်ကြမ်းမယ်
မင်းဘေးမှာ
ချို သကာပျားနဲ့
လိုရာစားမယ့်
ဂွင် တချို့ မ၀င်မိစေနဲ့ဟ။

ဒီခေတ်မှာက
ဇွဲရှိဖို. ကြိုးစားဖို.
စိတ်ရှည်ဖို့တော့လိုတယ်
အဲ တချို့က အဲဒီလို ကြိုးစားရင်း
လက်ရှိနေရာရဲ့ တန်ဖိုးကို
မေ့သွားလေရဲ့။

နေရာတိုင်းမှာတော့
နေရာလိုက်တန်ဖိုး
ရှိနေ လေရဲ့။
ခေတ်သစ် ကြေးမုံမှာ
မြင်အောင်ကြည့်ပေါ့ ကွာ...။ ။

ရိုက်မှာပဲ(The Frying Pan)

တစ်ခုသော နံနက်ခင်းလေးမှာ ယောက်ျားဖြစ်သူက ငြိမ်သက်စွာ စာဖတ်ရင်း ထိုင်နေတယ်။ ကြည်နူးပျော်ရွှင်နေပုံရတယ်။ ဒီအချိန်မှာ သူ့မိန်းက နောက်ကနေ ခိုးကြည့်နေတယ်။ ပြီးတော့ သူ့ယောက်ျားရဲ့ခေါင်းကို လက်ကိုင်ပါတဲ့ ဒယ်အိုးကြီးနဲ့ ဖြန်းကနဲ အသံမြည်အောင် ရိုက်ချလိုက်တယ်။
ယောက်ျား။ ။ငါ့ကို ဘာကြောင့်ရိုက်ရတာလဲ။
မိန်းမ။ ။ ရှင့်လက်ထဲက မေရီလော နံမည်နဲ့ စာရေးထားတဲ့ စာရွက်အပိုင်းလေးမှာ ဘာတွေရေးထားတာလဲ ပြောစမ်းပါ။
ယောက်ျား။ ။အို…အချစ်ရယ်။ လွန်ခဲ့တဲ့ ၂ ပတ်က မြင်းပြိုင်ပွဲသွားတာ မှတ်မိသေးလား။ မေရီလော ဆိုတာက ငါလောင်းထားတဲ့ မြင်းရဲ့ နာမည်လေ။
မိန်းမက အားလုံး ကျေနပ်သွားတဲ့ပုံရတယ်။ တောင်းပန်ပြီး အိမ်အလုပ်တွေ လုပ်ဖို့ ထွက်သွားတယ်။
သုံးရက်လွန်မြောက်ပြီးနောက် သူ့ယောက်ျားက ကုလားထိုင်ပေါ်မှာ ထိုင်ပြီး စာဖတ်နေတဲ့ အခိုက်မှာ သူ့မိန်းမက လက်ကိုင်ပါတဲ့ ဒယ်အိုးကြီးနဲ့ ရိုက်ပြန်တယ်။
ယောက်ျား။ ။အခုဘာလို့ ငါ့ကို ရိုက်ရတာလဲကွ။
မိန်းမ။ ။ရှင့်မြင်းမက ဖုန်းဆက်လို့တော်ရေ….
The Frying Pan
A man was sitting quietly reading his paper one morning, peacefully enjoying himself, when his wife sneaks up behind him and whacks him on the back of his head with a huge frying pan.
Man: "What was that for?"
Wife: "What was that piece of paper in your pants pocket with the name Marylou written on it?"
Man: "Oh honey, remember two weeks ago when I went to the horse races? Marylou was the name of one of the horses I bet on."
The wife looked all satisfied, apologizes, and goes off to do work around the house.
Three days later he is once again sitting in his chair reading and she repeats the frying pan swatting.
Man: "What was that for this time?"
Wife: "Your horse phoned."
မှတ်ချက်။   ။ မိတ်ဆွေတစ်ယောက်က အင်တာနက်ပေါ်ကတွေ့တဲ့  The Frying Pan  .. ကိုဆီလျော်အောင်ဘာသာပြန်ဆိုထားတာဖြစ်ပါသည်။ ဘာသာပြန်ဆိုမှုတွင် လိုအပ်ချက်များရှိပါက ဖြည့်စွက်ပေးပါရန် တောင်းပန်အပ်ပါသည်။

ဓမ္မဒူတ အရှင်ဆေကိန္ဒ ၏ စာစုများ


၁။အခြေအနေက ပေးတဲ့ အသိကို အသုံးချနိုင်တဲ့ အသိဖြစ်အောင် ကြိုးစားပြောင်းလဲနိုင်ပါစေ။
၂။အရွယ်ချင်း မတူရင်... နေရာချင်း မတူရင်... အဖြစ်ချင်း မတူရင်... အသိချင်း မတူနိုင်ပါဘူး၊ ဒါလေးတော့ နားလည်သင့်တာပေါ့။

၃။စိတ်တူ ကိုယ်တူ ဖြစ်နိုင်တဲ့ ထုံးစံမရှိပေမယ့် ဖြစ်အောင်တော့ နေကြရမှာပဲ။ အဲ့ဒါမှ အရည်အချင်း။
၎။မသင့်တော်တဲ့ နေရာကို ရောက်ခဲ့ရင်တောင်မှ သင့်တော်တဲ့ အကျင့်တွေ မဖျောက်ပစ်ပါနဲ့။

၅။မင်းလိုပါပဲ၊ သူတို့ပြောတာသာ အဟုတ်၊ သူတို့လုပ်တာသာ အမှန်၊ သူတို့ကြံတာသာ အကောင်း၊ ထင်နေကြတယ်။

၆။ပညာဆိုတာ ကောင်းပါတယ်။ ပညာရှိချင်တာလား? ပညာပြချင်တာလား? နည်းနည်းတော့ သတိထားပါဦး။

၇။ငယ်တုန်းက ထမင်းကို ၀ါးပြီး ခွံ့ခဲ့တာ ကောင်းပေမယ့် ကြီးလာတဲ့အခါ အံဖတ်တွေ ထင်တတ်တယ်။

၈။မြင့်မြတ်တဲ့သူတွေဟာ ပျာယာမခပ်ကြတော့ပါဘူး။ တစ်ချို့က ပျာယာခပ်နေရတာကို ကျေနပ်နေကြတယ်။

၉။အလိုက် မသိတတ်သူ တစ်ယောက်ကြောင့် ကိုယ်ပါ အလိုက်မသိတဲ့သူ အဖြစ်မခံပါနဲ့။

၁၀။ကဲ့ရဲ့စရာတွေ့ရင် ပါးစပ်ကို တတွတ်တွတ်နဲ့ အမြဲဖွင့်တတ်ပေမယ့် ချီးမွမ်းစရာကြုံရင် သော့ခတ်ပြီး အသေပိတ်ထားတတ်တယ်။

၁၁။မူရင်း ကောင်းမှ၊ မိတ္တူ ကောင်းမယ်။

၁၂။သူများတွေ ဖတ်ချင်သလို ဖတ်ကြပါစေ၊ ကိုယ်တိုင်ရေး အတ္တုပတ္တိက အမှန်အတိုင်း ကောင်းဖို့လိုတယ်။ သူတို့ အကြိုက် လိုက်ပြီးမရေးပါနဲ့။

၁၃။သနားစရာကို သနားတာ ကောင်းတဲ့အလုပ်ပါ၊ ဟန်ဆောင်တာကို မသိရင် လူညံ့ဖြစ်သွားပြီ။

၁၄။“အားလုံးကို သိပါတယ်” လို့ ပြောပေမယ့် မဟုတ်တာတွေကို အဟုတ်လို့ သိနေခဲ့ရင် အလကားပါပဲ။

၁၅။စုပြီး... ဆုံပြီး... ရှင်းလင်းကြတာက စုဆုံပြီး ငြင်းကြတာထက် အကျိုးကောင်းတွေ များပါတယ်။
၁၆။အလုပ်မှာ မပျော်ရင် မအောင်မြင်နိုင်ဘူး၊ ပျော်လွန်းရင်လည်း အလုပ် မဖြစ်တာတွေ ကြုံရလိမ့်မယ်။

၁၇။လေကြောင့် ပျံသန်းနိုင်တဲ့ငှက်ဟာ လေရှိမှန်း မသိကြသလို၊ ရေကြောင့် ကူးခပ်နိုင်တဲ့ငါးဟာ ရေရှိမှန်း မသိကြသလို၊ ဓမ္မ၊ အဓမ္မကြောင့် ကောင်းကောင်း ဆိုးဆိုး ဖြစ်နေတဲ့သတ္တ၀ါတွေဟာလည်း ဓမ္မ၊ အဓမ္မကို ရှိမှန်း မသိကြပါဘူး။

၁၈။သူတစ်ပါး လဲနေလို့ ထူပေးတာဟာ ကောင်းတဲ့စိတ်ပါ၊ ကိုယ် ချော်လဲနေတာကိုလည်း ရပ်နိုင်အောင် အရင်အားမွေးပါဦး။

၁၉။ကိုးစားနေကြတာ ကောင်းပါတယ်၊ ဒါပေမယ့် သူဌေးဖစ်ဖို့ပဲ မနေမနား ကြိုးစားကြတယ်၊ ချမ်းသာအောင် မလုပ်ကြဘူး။

၂၀။နင်- မမှတ်သေးဘူးလား?

Forward Mail

အသက်အရွယ်လိုက်မျှော်လင့်ချက်လေးတွေရှိကြတယ်

လူတွေဟာ
အသက်(၂၀)မှာ အချစ်ကို မျှော်လင့်ကြတယ်။
အသက်(၃၀)မှာ လက်ထပ်ဖို့ကို မျှော်လင့်ကြတယ်။
အသက်(၄၀)မှာ အောင်မြင်မှုကို မျှော်လင့်ကြတယ်။
အသက်(၅၀)မှာ ကြွယ်ဝဖို့ကို မျှော်လင့်ကြတယ်။
အသက်(၆၀)မှာ ပြည့်စုံဖို့ကို မျှော်လင့်ကြတယ်။
အသက်(၇၀)မှာ ကျန်းမာဖို့ကို မျှော်လင့်ကြတယ်။
အသက်(၈၀)မှာ အိပ်လိုက်ပြီးရင် ပြန်နိုးလာဖို့ကို မျှော်လင့်ကြတယ်။

ကလေးတစ်ယောက်ဆန္ဒ

အဖေတစ်ယောက်ဟာ သူ့ရဲ့တစ်နေကုန်လုပ်ရတဲ့ အလုပ်ကနေ ပင်ပန်းစွာနဲ့ နောက်ကျမှ အိမ်ကိုပြန်လာခဲ့တယ်။ သူ့ရဲ့ ၅ နှစ်အရွယ်သားလေးက အဖေ့ရဲ့ အိမ်အပြန်ကို တံခါးပေါက်ကနေ စောင့်နေတယ်။

သား - “ အဖေ... သားတစ်ခုလောက်မေးလို့ရမလား...”

အဖေ - “ ရတာပေါ့ .. သားရယ်.. ”

သား - “ အဖေ .. တစ်နာရီ အလုပ်လုပ်တာ ဘယ်လောက်ရလဲ ”

အဖေ - “ ဒါ.. သား အလုပ်မဟုတ်ပါဘူးကွာ...... ”

သား - “ ကျေးဇူးပြုပြီးတော့ .. သားကိုပြောပြပါ... အဖေ”

အဖေ - “ အဖေ တစ်နာရီ အလုပ်လုပ်တာ ဒေါ်လာ 20 ရတယ် သားရဲ့...”

သား - “ ဒါဆို .. အဖေ ..သားကို ဒေါ်လာ 10 ချေးပေး ”

အဲ့ဒီလို ပြောလိုက်တဲ့ အချိန်မှာပဲ အဖေဟာ စိတ်ဆိုးဆိုးနဲ့ သူ့ရဲ့သားကို အော်ပြီး အိပ်ယာဝင်ဖို့ ပြောလိုက်ပါတယ်။ ဒါနဲ့ သူ့ရဲ့သားဟာ မျက်နှာလေးညှိုးနွမ်းစွာနဲ့ သူ့ရဲ့ အခန်းလေးထဲဝင်သွားပြီး တံခါးပိတ်လိုက်ပါတယ်။ အချိန်အနည်းငယ်ကြာတဲ့အခါမှာ စိတ်အနည်းငယ်ပြေသွားတဲ့ အဖေဟာ သားရဲ့ အခန်းထဲကို ဝင်လာပြီး ..

အဖေ - “ အဖေ ကြမ်းတမ်းစွာဆက်ဆံမိတဲ့အတွက် .. ဝမ်းနည်းပါတယ်သားရယ်.... ရော့ .. ဒီမှာ သားအတွက် ဒေါ်လာ 10 .. ဒါနဲ့... ဒီပိုက်ဆံနဲ့ သား ဘာလုပ်မှာလဲ .”

သူ့ရဲ့ သားလေးဟာ ပျော်ရွှင်စွာနဲ့ သူ့အဖေကို ကျေးဇူးအများကြီးတင်ကြောင်း ပြောလိုက်ပါတယ် ။ အဲ့ဒီနောက်မှာတော့ ကောင်လေးဟာ သူ့ခေါင်းအုံးအောက်မှာ ဝှက်သိမ်းထားတဲ့ အကြွေစေ့ လေးတွေကို ထုတ် ရေတွက်လိုက်ပြီးတော့ သူ့အဖေကိုပြောတယ်...

သား - “ အဖေ . အခု သားဆီမှာ ဒေါ်လာ 20 ရှိသွားပြီ.. အဲ့ဒီပိုက်ဆံနဲ့ သား အဖေ့ရဲ့ အချိန်တစ်နာရီဝယ်မယ် ... မနက်ဖြန် အိမ်ကို စောစောပြန်ခဲ့ပါ .. အဖေနဲ့အတူတူ သား ညစာစားချင်တယ်...”

အဲ့ဒီလို ပြောလိုက်တဲ့ အချိန်မှာပဲ .. အဖေဟာ မျက်ရည်ကျပြီးတော့ သူ့သားကို ပွေ့ဖက်လိုက်ပါတော့တယ်...။

FORWARD မေးလ်ထဲမှပြန်လည်ဝေမျှလိုက်ပါတယ်

မြန်မာ့သံစဉ်ကိုချစ်မြတ်နိုးသောရင်သွေးငယ်များ ၃

ကျွန်တော့်မွေးဌာနီ

မြန်မာ့သံစဉ်သီချင်းလေးများ

ယောသူတို့ရွာ

မောင်တို့ရွာမှာကွယ် ဘာဘာတွေပေါတယ်..
ပင်ထနောင်းနဲ့ ထန်းပင်တွေရယ်..
မန်းကျည်း ၀ါးပင်ပေါပါတယ်..

ပင်ပင်နီချောရယ်နဲ့ ယောထမီ ယောထမီ
မောင့်ချစ်သူလေးကို လှဆင်ပေးချင်သည်...

လိုက်ခဲ့ပါလားကွယ့် ချစ်သည်းရယ် ပစ်မခွဲလေ...ပင်ပန်းရင်လည်း..သြောမောင့်ရင်မှာအပန်းဖြေ....

ဖတ်ထားမိသမျှဟာသလေးများ-၎

ကြည်ညိုလွန်းလို့ 


ကျနော်တို့ရွာဘေးနားမှာ ရိုးလယ်ကုန်းရွာ ရှိပါတယ်။
အဲဒီရွာမှာ ကိုကံထူးဆိုတဲ့သူ တယောက်လည်းရှိပါတယ်။
ကိုကံထူးဟာ ရပ်ရေးရွာရေးကိစ္စတွေမှာ အင်မတန်တာဝန်သိတတ်သူပါ။

ရွာမှာသာရေးနာရေးကိစ္စရှိပြီဆိုရင် သူမပါလို့ ပွဲမစည်၊ အမြဲလိုလို သူကူညီနေကျ။
မင်္ဂလာဆောင် အလှူတခုခု ရှိပြီဆိုတာနဲ့ ဖိတ်စာကမ်းတဲ့အချိန်ကစပြီး မဏ္ဍပ်ဖျက်တဲ့အချိန်ထိ ဖိဖိစီးစီးကို ကူညီတာ။
နာရေးကိစ္စ ဆိုရင်လည်း အိမ်ရှင်မျက်နှာမညှိုးငယ်ရအောင် ၇ ရက် ၇ လီ တိုင်တိုင် နာရေးကိစ္စ လိုအပ်သမျှ ဒိုင်ခံလုပ်ပေး တတ်တယ်။

ရေနွေးအိုးတည်၊ ရေခပ်၊ တိုလီမိုလီဈေးဝယ်ပေး၊ ဘာကိုပဲခိုင်းခိုင်း မညည်းညူတမ်း ဖင်ပေါ့တဲ့သူ။
ဒါကြောင့် သူ့ကို တရွာလုံးရှိ ကလေးလူကြီးမကျန် အားလုံးက ချစ်ခင်ကြတယ်။ အကူအညီလိုအပ်ရင် သူ့ကို ထိပ်ဆုံးကထား အားကိုးကြတယ်ပေါ့။




သူ့မှာပြောစရာဆိုလို့ အရက်သောက်ခုံမင်တာလေး တခုပါပဲ။
ယောက်ျားတို့သဘာဝ သောက်သောက် စားစား လူ့မင်းသား အနေအထားမျိုးလောက်မက၊ ယစ်ရွှေရည်နှစ်ပါးသွားနဲ့ ဝမ်းလျားထိုးအိမ်ပြန်ရတဲ့အထိ အရက်ကို ကြိုက်တာ။
ဒါပေမဲ့ အရက်မူးပြီး ဆူပူသောင်းကျန်းတာ၊ သူတပါးကိုပုတ်ခတ်စော်ကားတာမျိုး လုံးဝ(လုံးဝ) ကင်းရှင်း သူဗျ။
သူကြိုက်တဲ့အရက်ကို ရေချိန်ကျသောက်ပြီးရင် ပုဆိုးစလွယ်သိုင်း(အောက်မှာ ဘောင်းဘီတို ပါတယ်)၊ သူ့အသံဝါကြီးနဲ့ ကိုလွှမ်းမိုးရဲ့ “ဂုဏ်ဆိုတာငွေကိုခေါ်တယ်” သီချင်းကို တရွာလုံးကြားအောင် အော်ဆိုရင်း အိမ်ပြန်လေ့ရှိတယ်။
မနက်မိုးလင်းတိုင်း မောနင်းပက်နဲ့ မျက်နှာသစ်ရမှ နေသာထိုင်သာရှိသူ။

တနေ့မနက်တော့ သူအိပ်ရာကထပြီး ဘုံဆိုင်ကိုရောက်လို့ အရက်တဂေါ်ဖိုး(ငါးကျပ်ဖိုး) မှာနေချိန်မှာ သတင်းတခု ကြားရတယ်။
ညတုန်းက ရွာလယ်ပိုင်းမှာနေတဲ့ ဒေါ်ညှက်မ ဆုံးပြီတဲ့။

ဒီသတင်း ကြားတော့ ကိုကံထူး ဘာစဉ်းစားနေမလဲ။
မှာပြီးသား အရက်ခွက်ကို ဂွပ်ခနဲမြည်အောင် မော့ချလိုက်ပြီး ဒေါ်ညှက်မတို့အိမ် ရှိရာ ခြေဦးလှည့်လိုက်တယ်။
ဒီကိစ္စမျိုးမှာ အချိန်မှီသူရောက်မသွားဘူးဆိုရင် အိမ်ရှင်တွေ မျက်နှာငယ်၊ အလုပ် ထောင့်မစေ့မှာကို တွေးပြီးပူနေတာ။

အသုဘအိမ်ကို သူရောက်သွားချိန်၊ လူတချို့အလုပ်ရှုပ်နေကြပြီ။ ဒေါ်ညှက်မရဲ့ ရုပ်ကလာပ်ကိုတော့ ဝါးခြမ်းပြားခုံပေါ်မှာ တင်ထားတာတွေ့ရတယ်။
ဘယ်အပိုင်းကစပြီး ကူညီရ မလဲ စဉ်းစားနေတုန်း သူ့ခေါင်းထဲ အကြံတခုပေါ်လာတယ်။
ဒါနဲ့ ဒေါ်ညှက်မရဲ့သားကြီး ကိုအုန်းမောင်အနား ကပ်ပြီး တိုးတိုးလေးမေးလိုက်တယ်။

“ကိုအုန်းမောင်ကြီးရ... သက်ပျောက်တရားနာဖို့ စီစဉ်ပြီးပလား” ပေါ့။ အဲဒီတော့မှ ကိုအုန်းမောင်လည်း ပြာပြာသလဲ ဖြစ်သွားတယ်။

“ဟာ...ကိုကံထူးပြောမှပဲ သတိရတော့တယ်.. သက်ပျောက်တရားနာဖို့ ရွာဦးကျောင်းက ဆရာတော်ကို သွားမလျှောက်ရသေးဘူးဗျ... အဲဒါ ကိုကံထူးပဲ တာဝန်ယူပေးပါနော်..”

“အင်း.. ဒါဆို ကျနော်ခုပဲ ဆရာတော်ကိုသွားလျှောက်လိုက်တော့မယ်”

ကိုကံထူး ချာခနဲလှည့်အထွက် ကိုအုန်းမောင်က ကိုကံထူးရဲ့ အင်္ကျီစကိုအသာဆွဲထားလိုက်ပြီး ကျန်တဲ့လက် တဖက်နဲ့ အိပ်ကပ်ထဲကိုနှိုက်တယ်။ လက်ပြန်အနှုတ်ပါလာတဲ့ ဆယ်တန်နှစ်ရွက်ကို ကိုကံထူးရဲ့လက်ထဲထည့် ပေးလိုက်တယ်။
ရုတ်တရက်ဆိုတော့ ကိုကံထူး နားမလည်..။

“ဒီငွေနှစ်ဆယ်နဲ့ ဘာဝယ်ခဲ့ရမလဲ ကိုအုန်းမောင်”

“အိမ်အတွက် ဝယ်ဖို့မဟုတ်ပါဘူးဗျာ.. ကိုကံထူးဆီဖြည့်ဖို့အတွက် ဆီဖိုးထည့်ပေးတာ.. ဒါပေမဲ့ ဆရာတော်ဆီ အရင်သွားလျှောက်ထားပြီးမှ ဘုံဆိုင်ကိုသွားနော်..” ခေါင်းတချက် ညိတ်ပြပြီး ကိုကံထူး ထွက်လာခဲ့တယ်။


ကိုအုန်းမောင် အတန်တန်မှာကြားလိုက်ပေမဲ့ ညတုန်းကများထားတဲ့ဒဏ်ကို ပြန်ဖြေဖို့ တဂေါ်ဖိုးနဲ့ ဘယ်လိုမှ အရာမရောက်တာက တကြောင်း၊ လက်ထဲမှာ ငွေယားလေးအဆင်သင့်တာက တကြောင်း၊ ပြီးတော့ ဘုန်းကြီးကျောင်းကို သွားတဲ့လမ်းမှာ ယမကာရောင်းတဲ့ အိမ်ကလည်း အရံသင့်ရှိနေတာလေ။
ပါးပါးလေး ဝင်ပုတ်လိုက်အုံးမှ ခြေလှမ်းတွေ သွက်လာမယ်ဆိုပြီး အကြံဖြစ်မိတယ်။ ဆိုင်ရှေ့ရောက်ရင် ခြေထောက်တွေက နောက်ပြန်ဆွဲသလို တန့်တန့်နေတော့တာကိုး။

ဆိုင်ရှင် မအေးဆီမှာ အရက်တဂေါ်ဖိုး မှာလိုက်တယ်။ အဲဒီမှာ ဇာတ်လမ်းက ဆက်တော့တာ။
သူ့အရင် ဆိုင်ထဲကိုရောက်နေနှင့်တဲ့ ဖိုးထောင်နဲ့အောင်ကြီးတို့က အတူထိုင်ဖို့လှမ်းဆွယ်တယ်။
ပထမပိုင်းမှာ သူအကြောက်အကန် ငြင်းသေးတယ်။

ဒါပေမဲ့ ဘာရမလဲ...။
ယမကာသမားတို့ထုံးစံ လေသံနှစ်ချက် အပြောင်းမခံဘူး၊ ဝိုင်းထဲကို သူရောက်လာတယ်။ တခွက်သောက်ပြီးထမယ်လုပ်လိုက် ဟိုက ဖမ်းဆွဲထားလိုက်၊ နောက်တခွက်ပြီး သွားမယ် ကတိပြုလိုက်၊ မထဖြစ်လိုက်နဲ့ ပုလင်းခွံ သုံးလုံးလဲမှ သူတို့လည်း လူစုခွဲဖြစ် တော့တယ်။ သုံးယောက်လုံး အတော်ကွဲနေကြပြီ။

မူးနေပေမဲ့ ကိုကံထူးက သူ့တာဝန်ကို မမေ့ဘူး။ အချိန်မီ ရွာဦးကျောင်းကို အရောက်သွားမှဖြစ်မယ် ဆိုတာ သူသိတယ်။
ဘုန်းကြီးကျောင်းကို သွားမှာဆိုတော့ ပုဆိုးကွင်းသိုင်းလို့မဖြစ်၊ ဖရိုဖရဲမဖြစ်အောင် ပုဆိုးကို ကျစ်ကျစ်ပါအောင် လိမ်ပြီး ဝတ်လိုက်တယ်။
ခြေလှမ်းကို အတတ်နိုင်ဆုံး ထိန်းကာ ကျောင်းဝင်းထဲကို လျှောက်ဝင်လာချိန်မှာ ကပ္ပိယကြီးနှုတ်ဆက်တာကို သူမသိတော့ဘူး။


သူ့စိတ်ဇောက ဆရာတော်ကို ဦးတင်လျှောက်ထားဖို့ကိစ္စမှာပဲ အာရုံရောက်နေတာ။
ကျောင်းအဝင်တံခါးပေါက်နား အုတ်ခုံလှေကားခြေရင်းမှာ ခဏလေးထိုင်၊ နဖူးပေါ်က ချွေးသီးချွေးပေါက်တွေကို ပုဆိုးစနဲ့ အသာအယာသုတ်၊ မျက်နှာကို ရှိုင်းနီးဂွိုင်းနီး လုပ်တယ်။

ပြီးတော့မှ မင်သေသေလေးနဲ့ ကျောင်းပေါ်ကို တက်လာတယ်။
ပြတင်းပေါက်နားမှာ တင်ပလ္လင်ခွေ သီတင်းသုံးတော်မူနေတဲ့ ဆရာတော်ရဲ့ ရှေ့ကိုရောက်တဲ့အခါ လက်အုပ်ချီကာ လာရင်းကိစ္စကို မဆိုင်းမတွ လျှောက်ထားတယ်။



ဆရာတော်မလည်း အရက်မသောက်ဖို့ ဆိုဆုံးမရခက်ခဲပေမဲ့ တခြားကိစ္စတွေမှာ ပြောစရာမလိုအောင် အားကိုး ရတဲ့ တပည့်ကျော် ဒကာမိုက်ဆိုတော့ မသိဟန်ပြုနေရတယ်။
ကိုကံထူးက သက်ပျောက်တရားတော် ချီမြှင့် ပေးဖို့ လျှောက်ထားအပြီး ဆရာတော်ကို ခြေစုံဦးခိုက် ဝတ်ဖြည့်ကန်တော့လိုက်တယ်။ တကြိမ်သာ ဦးချ လိုက်ပြီး ခေါင်းပြန်မထောင်နိုင်တော့...။

ဆရာတော်ခမျာ သင်းပျံ့ပျံ့ ယမကာနံ့ကို မသက်မသာရှူရှိုက်ရင်း ဦးခေါင်းပြန်မတ်လာနိုးနဲ့ ကိုကံထူးရဲ့ဇက်ပိုးကို ငုံ့ကြည့်ရင်း စိတ်ကသိကအောက် ဖြစ်နေရှာတယ်။ နောက်ကို ရွှေ့ထိုင်ဖို့ကလည်း သင်္ကန်းအစက ကိုကံထူးရဲ့ နဖူးအောက်ရောက်နေတာမို့ ဆွဲယူဖို့ အခက်။

ကြာတော့ ဆရာတော် စိတ်မရှည်နိုင်။

“ဟဲ့.. ဒကာကံထူး တကြိမ်ပဲဦးချပြီး ဘာဖြစ်လို့ လေးဘက်ဝပ်နေတာတုန်း..”

ကိုကံထူးက ဦးစိုက်လျက်အနေအထားနဲ့ ပြန်လျှောက်ထားလိုက်တယ်။

“မှန်ပါ့ဘုရား.... တပည့်တော် ကြည်ညိုလွန်းလို့ပါ ဘုရား”


သဒ္ဓါတရားအပြည့်နဲ့ ကြည်ညိုပေမဲ့ ကြည်ညိုမတတ်တော့ ကြည်ညိုသူမျက်နှာပျက်ရသလို အကြည်ညိုခံရသူ လည်း အနေခက်တာပေါ့ဗျာ....။

Computer Eye Strain ကွန်ပြူတာနဲ့ မျက်စိ



ကွန်ပြူတာသုံးပြီး အလုပ်လုပ်ရသူပါ။ မျက်မှန်လည်း တတ်ပါတယ်။ ဒါပေမယ့် မျက်လုံးက ပိုအားနဲနဲ လာတယ် ထင်တယ် ခင်ဗျ။ အဲဒါ ဆေးအများကြီး မသုံးပဲ အစားအသောက်နဲရော ကုလို့ ရနိုင်ပါသလား ခင်ဗျာ။

တီဗွီတွေ၊ ကွန်ပြူတာတွေ မပေါ်ခင်က လူ့မျက်စိဆိုတာ Hunters' eyes မုဆိုး-မျက်စိလို သုံးဘို့သာ လိုခဲ့တယ်။ ကွန်ပြူတာ သုံးသူတွေ မျက်စိမှာ တခုခုလာဖြစ်တာကို (ကွန်ပလိန့်) လုပ်သူ ၅ဝ% ရှိတယ်။ ခေါင်းကိုက်၊ မျက်စိဝါး အပြင် အားအင် ကုန်သလို ခံစားလာရသူတွေလဲ ရှိတယ်။ ခုထိတော့ ရုတ်တရက် ဆိုးဝါးတဲ့ Glaucoma ရေတိမ် နဲ့ ကွန်ပြူတာ သုံးတာ ဆက်စပ်မှု မတွေ့ရသေးပါ။ Computer Vision Syndrome (CVS) ဖြစ်တာတွေ သက်သာဘို့ အလုပ်စခန်း၊ လူအနေအထား၊ မျက်မှန်၊ ကွန်ပြူတာမျက်နှာပြင်မှာ လိုတာတွေ ပြင်ပြီး မျက်စိ လေ့ကျင့်ခန်းတွေနဲ့ လုပ်နိုင်ပါတယ်။

မျက်စိဆရာဝန်နဲ့ မျက်စိစစ်ပါ။ National Institute of Occupational Safety and Health (NIOSH) အဆိုအရ ၁ နှစ် ၁ ခါ စစ်ပါ။ သက်သာစေနည်း ၁ဝ နည်း ပြောပါမယ်။
1. အလုပ်နေရာမှာ အလင်းရောင် မှန်-ကောင်းပါစေ။ လင်းလွန်းတာလဲ မကောင်းပါ။ ရုံးတွေမှာ အများဆုံး ထွန်းထာတဲ့ အလင်းရောင်ထက် ထက်ဝက်သာ လိုတတ်ပါတယ်။ ပြူတင်းပေါက် လိုက်ကာတွေ ချထားပါ။ အလင်းရောင်လာရာက ကိုယ့် (မော်နီတာ) နောက်က-ရှေ့က မဖြစ်စေပါနဲ့။ Overhead fluorescent lights သုံးရင် အဆင်မပြေသူတွေ ရှိတယ်။ (မော်နီတာ) အလင်းက အခန်းထက် ပိုသင့်တယ်။ နောက်ကျောက နံရံမှာ ကပ်မနေသင့်ပါ။ ပိုအရေးကြီးတာက ကိုယ့်ရှေ့မှာ နံရံရှိနေတာ မကောင်းပါ။ ပရိုဂရမ်တခု Install လုပ်နေတုံး Screen ကို စိုက်ကြည့်မနေပါနဲ့။
2. ပြောင်ချောနေတဲ့၊ အလင်းပြန်နိုင်တဲ့ နံရံတွေက မကောင်းဘူး။ နံရံ ဆေးပြင်သုတ်ပါ။ Wall paper ကပ်ပါ။ လိုအပ်ရင် ကိုယ့်ကွန်ပြူတာမှာ Anti-glare screen တပ်ပါ။ မျက်မှန်တပ်ရသူဆိုရင် Anti-reflective (AR) coating ပါတာကို သုံးပါ။
3. Display အဆင့်မြှင့်ပေးပါ။ CRT screens တွေအစား Flat-panel liquid crystal display (LCD) သုံးပါ။ ပိုကြီးတာ ပိုကောင်းတယ်။ Desktop computer ဒေါင့်ဖြတ်မျဉ်း 19 inches ဖြစ်ပါစေ။
4. ကွန်ပြူတာ မျက်နှာပြင်ရဲ့ Brightness and contrast ကို Adjust လုပ်ပါ။ အလုပ်ခွင်နဲ့ တူနေတာ ကောင်းတယ်။ စမ်းသပ်နည်း တခုကတော့ Web page အဖြူခံကို ဖွင့်ထားတဲ့အခါ အလင်းရောင်က အဲဒီက လာနေတာဆိုရင် များတယ်။ Dull and gray ဖြစ်နေရင်လဲ နည်းတယ်။
5. Text size နဲ့ Color တွေလဲ ကိုယ်နဲ့ ကိုက်ပါစေ။ အကောင်းဆုံး Text size ဆိုတာ ကိုယ်စာဖတ်နေကြ စာလုံး အရွယ်ရဲ့ ၃ ဆ ရှိသင့်တယ်။ အဖြူခံပေါ်က အနက်စာလုံး ပိုကောင်းတယ်။
6.မကြာမကြာ မျက်တောင် ပိုခတ်ပေးပါ။ အခန်းမှာ လေကခြောက်သွေ့နေတာ မကောင်းပါ။ မိနစ် ၂ဝ တခါ ၁ဝ ကြိမ် မျက်တောင်ခတ်ပါ။
7.မျက်လုံး လေ့ကျင်ခန်း လုပ်ပါ။ မိနစ် ၂ဝ တခါ၊ ကွန်ပြူတာကနေ အဝေး (ပေ ၂ဝ အဝေး) ကို ၂ဝ စက္ကန့်ကြာ ကြည့်ပေးပါ။ နောက်တနည်းကတော့ ပိုပြီးဝေးတဲ့ဆီကို ၁ဝ-၁၅ စက္ကန့်ကြာ ၁ဝ ခါ ကြည့်ပေးပါ။
8.မကြာမကြာ ကွန်ပြူတာအလုပ်ကနေ နားပေးပါ။
9. ချထားတဲ့ စာရွက်ကြည့်လိုက်၊ မောနီတာကြည့်လိုက် မကောင်းပါ။ Copy stand ကို Monitor မှာဆင်ပါ။ Desk lamp လိုရင် သုံးကြည့်ပါ။ စားပွဲ၊ ကုလားထိုင် အနိမ့်-အမြင့် အဆင်ပြေပါစေ။ Ergonomic furniture ကောင်းပါတယ်။ Computer screen က ကိုယ့်မျက်စိနဲ့ ၂ဝ-၂၄ လက္မ ကွာပါစေ။ Screen အလည်မှတ်ဟာ ကိုယ့်မျက်စိရဲ့ အောက် ၁ဝ-၁၅ ဒီဂရီ နိမ့်နေပါစေ။
10. Computer eyewear သုံးဘို့ စဉ်းစားပါ။ Computer glasses တွေဟာ Bifocals တို့ Progressive lenses မျက်မှန်တို့ သုံးရသူတွေအတွက်လဲ ကောင်းပါတယ်။

Computer Glasses ဆိုတာဘာလဲ။
မျက်မှန်ဟာ ၂၈ လက္မ ဖိုးကပ်စ် လုပ်နိုင်ရင် ကွန်ပြူတာနဲ့ သုံးနိုင်ပါတယ်။ Optical quality ကောင်းဘို့တော့လိုတယ်။ စပါယ်ရှယ် လုပ်ပေးထားတဲ့ မျက်မှန်ကိုမှ Computer glasses ခေါ်ပါတယ်။ Trifocals နဲ့ Weak Bifocals တွေလဲ သုံးလို့တော့ ရတယ်။ မကောင်းလှပါ။ ဒီမျက်မှန်တွေရဲ့ ဆုံချက်က မှန်ရဲ့ အောက်ခြေမှာ ရှိပြီး၊ ကွန်ပြူတာ-မျက်နှာပြင်က မျက်စိနဲ့ တည့်တည့် ဖြစ်နေလို့ပါ။ ခေါင်းကို ပြင်နေရတာက လည်ပင်း ကြွက်သားတွေ နာစေတယ်။ ရိုးရိုး စာကြည့် မျက်မှန်တွေက ပိုတော့ ကောင်းတယ်။ ဒါပေမဲ့ ၁၄ လက္မ ဖိုးကပ်စ် ဖြစ်တာ များလို့ ခေါင်းကို ရှေ့ငုံ့ရတော့မယ်။ လည်ပင်း-ပခုံး နာစေမယ်။ မျက်စိစွေ ကြည့်နေရလိမ့်မယ်။ ခေါင်းကိုက်လာမယ်။ မျက်စိ နားထင်ဘေးမှာ အရစ်တွေထင်စေမယ်။

မုဆိုးနဲ့စတော့ အကောင်နဲ့ အဆုံးသတ်ရမှာပေါ့။ အဲလိုဖြစ်တာကို Crow Foot ခေါ်တယ်။ “ငှက်ခြေ” ပေါ့။ ကွန်ပြူတာနဲ့ လုပ်ရတာ ကြာလို့ ဖြစ်နေပြီးများ ပြင်လို့ရပါတယ်။ Nicole Kidman လဲ အဲလို လုပ်ထားတာပါ။

Dr. တင့်ဆွေ
၂-၁-၂ဝ၁၁

တိလောကဟုဆုံးမစာ

၁။ တိလောကဟု၊ မရနှိုင်းတူ၊ ဘက်မပြူသည့်၊ သုံးဆူရတနာ၊ မာတာပိတ၊ ဆရာစသား၊ အရှင်များကို၊ ပြစ်မှားမဆို၊ ရိုသေကြစေ၊ သာမဏေက၊ သူငယ်စသား၊ တပည့်များတို့၊ မှတ်သားကြပ်ကြပ်၊ မပြတ်သို့ပင်၊ ဆုံးမသင်သည်၊ ဝမ်းတွင်အမြဲသွတ်။

၂။ ကရောက်ကရက်၊ ကျက်ကျက်ပျောက်ပျောက်၊ စားသောက်အိပ်နေ၊ မရှိစေနှင့်၊ သေသေသပ်သပ်၊ စိတ်ယူစွဲမှတ်။

၃။ ဆရာသမား၊ မိဘများကို၊ နိုးကြားမပြတ်၊ မျက်သစ်တံပူ၊ လုံ့လကူသည်၊ ယူ၍မပြတ်၊ နေ့တိုင်းကပ်။

၎။ ဘုရားခြေရင်း၊ ကျောင်းသင်းတွင်၊ မြက်သစ်ပင်ကို၊ မြင်လျှင်မဖွယ်၊ မတင့်တယ်သော်၊ လယ်၍မပြတ်၊ တံမြက်ခတ်။

၅။ သုံးဆောင်ရေနှင့်၊ သောက်ရေအိုးတွင်၊ ရေနည်းမြင်သော်၊ ခေါ်ငင်ညီညွတ်၊ သွား၍ခပ်။

၆။ ရိုင်းစိုင်းနီးကပ်၊ မကိုင်းညွတ်ဘဲ၊ မတ်တတ်ထိုး၍၊ မသွားနှင့်။

၇။ စားဖွယ်စားရာ၊ ကပ်သောခါလည်း၊ ချဉ်းလာနီးစေ၊ ခြေစုံနေ၍၊ ရိုသေကိုင်းညွတ်၊ ချဉ်း၍ကပ်။

၈။ ဘုန်းပေးဆိုတမ်း၊ ရဟန်းတို့အား၊ စားမည်လားဟု၊ စကားသည့်နှယ်၊ မမေးနှင့်။

၉။ မိဦးဘဦး၊ ဆရာဦးကို၊ ခူး၍အလျင်၊ မစားနှင့်။

၁၀။ မိဘဆရာ၊ ထားသည့်ဟာကို၊ မျက်နှာကွယ်လျှင်၊ မယူငင်နှင့်၊ လိုချင်သောအား၊ စားချင်ငြားက၊ ဝပ်တွားခယ၊ တောင်းပန်ကြ။

ရှင်မဟာသီလဝံသ
မြန်မာ (၈၁၅-၈၈၀)

ဖတ်ထားမိသမျှဟာသလေးများ-၃

အရက်မခိုးရ

ပွဲတော်ည မတိုင်ခင်တစ်ညမှာ လူတစ်ယောက်က အရက်အိုးတစ်လုံးကို အိမ်ရှေ့မှာ ချထားခဲ့တယ်။ ဒုတိယမနက်မှာ အိုးထဲကအရက်တွေ ၄ပုံ၁ပုံ လျှော့နေတာကို သူတွေ့တော့ "အရက်မခိုးရ" ဆိုတဲ့ စာတန်းကို အိုးပေါ်မှာ ရေးကပ်ထားလိုက်တယ်။ တတိယမနက်မှာ အရက်တွေ လျှော့နေတာကို သူတွေ့လိုက်ပြန်တယ်။ ဒီတစ်ခေါက်တော့ "အရက်ခိုးသူ အပြစ်ယူမည်" ဆိုပြီး ရေးကပ်လိုက်ပြန်တယ်။ ဒါပေမယ့် အရက်က အခိုးခံရမြဲ အခိုးခံနေရတယ်။

ဒီအဖြစ်အပျက်ကို မိတ်ဆွေတစ်ဦးက သိတော့ "ခင်ဗျား တုံးလိုက်တာဗျာ.. အိုးပေါ်မှာ သေးအိုးဆိုပြီး ရေးကပ်ထားရင် ဘယ်သူမှ ခိုးတော့မှာမဟုတ်ဘူး" လို့ အကြံပေးလိုက်တယ်။ အကြံအတိုင်း အရက်အိုးပေါ်မှာ သေးအိုးလို့ သူ ရေးကပ်ထားလိုက်တယ်။ နောက်တစ်နေ့မနက်မှာ အရက်အိုးကြီး ပြည့်နေတာကို သူတွေ့တော့ ဒေါသတွေ ထွက်ပြီး "အရက်မခိုးရ" လို့ ရေးကပ်လိုက်ပြန်တယ်။ နောက်တစ်ရက်မှာ လူတွေအားလုံး ဒေါသထွက်ကြတော့တယ်။

Coffee and Your Health ကော်ဖီ နဲ့ ကျန်းမာရေး


“ကော်ဖီ” ဟာ အလွန်မတန် တွင်တွင်ကျယ်ကျယ်
သောက်သုံးကြတဲ့ “သောက်စရာ” တခုပါ။ နိုင်ငံပေါင်း ၈၀ မှာ စိုက်ကြတယ်။ ၂၀၀၉
တုံးက မက်ထရစ်တန် ၈ သန်း ထုတ်လုပ်ခဲ့လို့ ရေနံပြီးရင် ကမ္ဘာ့ ကုန်သွယ်ရေးမှာ
ဒုတိယ လိုက်တယ်။ Beverage သောက်သုံးစရာထဲမှာ ပေါ်ပြူလာ အဖြစ်ဆုံးပါ။
စက္ကန့်တိုင်းမှာ အမေရိကန်တွေ သောက်နေတဲ့ ကော်ဖီ ခွက်ပေါင်း သန်း ၄၀၀
ရှိတယ်။ (ကော်ဖီ-ချိန်း) ဆိုတဲ့ တကမ္ဘာလုံး ချိတ်ဆက်ထားတဲ့
ကော်ဖီ-သံကြိုးဆက် အကြီးဆုံးက ၂၀၀၇ မှာထောင်ခဲ့တဲ့ Starbucks ဖြစ်တယ်။
သူတို့ ယဉ်ကျေးမှုအရ “ခေတ်မီသူတိုင်း (စတားဘတ်ခ်) သောက်ကြသည်”။ ဒီ
မဟာလုပ်ငန်းကြီးကို စထောင်ခဲ့တာက ကျောင်းဆရာ ၂ ယောက် နဲ့ စာရေးဆရာ ၁ ယောက်
ဖြစ်တယ်။ စာဖတ်သူများ အထင်တော် မမှားကြပါနဲ့။ ကိုးကားစရာ ကိန်းဂဏန်းဆိုတာ
သူများ တိုင်းပြည်မှာသာ ရတာမို့ပါ။ ကိုယ့်ဆီမှာ ဆန်ပြုတ်သောက်သူ
စာရင်းတောင် ကောက်မဖြစ်ဘူး။ ကျောင်းဆရာတွေ နဲ့ စာရေးဆရာတွေကိုလဲ
ချီးမြှောက်ချင်လို့ပါ။
နာမည်ကြီး စာရေးဆရာ (အိုလီဗာ-ဟုမ်းစ်) ရဲ့ Over the Teacups ထဲမှာ “အိပ်ယာထ
သောက်ရတဲ့ ကော်ဖီတခွက်က ရတဲ့ လန်းဆန်း-တက်ကြွမှုနဲ့ ခွန်အားမျိုးကို
ညနေခင်း လဖက်ရည်ကနေ ပြန်ထပ်လုပ်မပေးနိုင်ဘူး” တဲ့။ အဲဒါဟာ Exhilaration
factor ခေါ်ပါတယ်။ ဖြစ်စေတာက Caffeine ခေါ်တဲ့ 1,3,7-trimethylxanthine ပါ။
Psychotropic alkaloid ဖြစ်ပါတယ်။ လဖက်ရည်ထဲမှာလဲ (ကေဖင်း) ပါတယ်။
(ကိုးကိုး) ထဲမှာလဲ ပါတယ်။ တခြား Soft and energy drinks တွေမှာလဲ ပါတယ်။
ထိပ်ဆုံး ရောက်နေတဲ့ ကော်ဖီရဲ့ မူလအစ သမိုင်းလှန်ရရင် အောက်ဆုံးက
(အီသီယိုးပီးယား) ဖြစ်နေတာ တွေ့ရတယ်။ အထောက်အထား ခိုင်ခိုင်မာမာ
ပြောနိုင်တာကလဲ ပင်လယ်ဓါးပြနဲ့ နာမယ်ရနေတဲ့ (ယီမင်) နိုင်ငံ ဖြစ်နေပြန်တယ်။
ရေးတာက ဆေးပညာစာဆို့။ လာပါမယ်။ ကော်ဖီ သောက်ပါလို့ Prescription
ဆေးညွှန်း စပေးခဲ့တာ ၁၅၈၃ တုံးက ဂျာမန် ဆရာဝန် Leonhard Rauwolf ဖြစ်ပါတယ်။
သောက်တဲ့ သူတွေက ကော်ဖီ ကြည့်ပြီး အကောင်း အညံ့၊ ဆရာဝန်တွေက Caffeine
(ကေဖင်း) ကြည့်ပြီး၊ ကျန်းမာရေး သင့်-မသင့် ပြောပါတယ်။ စနစ်တကျ ဖေါ်စပ်
ပြုပြင်ထားတဲ့ ကော်ဖီက ကောင်းတယ် ဆိုပေမဲ့ တခါတလေ Devil’s brew
အဆိပ်ရည်သဘော ဖြစ်ပါတယ်။
“ဘယ်လောက်ဆိုရင် များတယ် ပြောမလဲ။” American Dietetic Association က
တနေ့မှာ (ကေဖင်း) 200-300 mg ထက် မပိုစေနဲ့တဲ့။ ချိန်ခွင် မလိုတာ ပြောရရင်
အပြင်း-အပျော့ မတူလို့ တနေ့မှာ ကော်ဖီ ၂ ခွက်ကနေ ၅ ခွက်၊ တနည်း ဆိုရင်
အနာ-အကိုက်ပျောက်ဆေး Painkillers ၁၀ ပြား။ လူတယောက်နဲ့ တယောက် မတူတာတွေမှာ
“ကော်ဖီကို ဘယ်လောက် အထိမခံဖြစ်သလဲ” ပါသေးတာ။
Caffeine က Stimulant စိတ်လန်းဆန်းစေတာ လူတိုင်း လက်ခံပါမယ်။ အိပ်ယာထနဲ့
စာကျက်နေတုံး သောက်သုံး ကြတယ်။ (ကေဖင်း) သာမက Cortisone နဲ့ Adrenaline
ဆိုတဲ့ Stimulating hormones ပါသေးတာ သိလာရတယ်။ အသက်ကြီးသူတွေ သောက်ရင်
ပိုကောင်းတယ်။ အိုလို့ ဖြစ်ရတဲ့ Dementia, Parkinson's disease, Depression
ဇရာ-ရောဂါတွေကို နှေးစေသတဲ့။ Blepharospasm ဆိုတဲ့ မျက်စိ ပုတ်ခတ် ပုတ်ခတ်
လုပ်နေတာအတွက် ကောင်းတယ်။ Laxative effect ၀မ်းပြော့တယ်။ Mild diuretic
ဆီးသွား နဲနဲများစေတယ်။ Skin cancer, breast cancer ကင်ဆာတွေ ဖြစ်တာ
နဲစေတယ်။ Gout ဂေါက် လက္ခဏာ သက်သာစေတယ်။ Tap water ထဲမှာပါတဲ့ Lead or
Copper ဆိုတဲ့ Heavy metals ဓါတ်အလေးစားတွေကို ၇၈-၉၀% ပျော်ဝင်နိုင်စေတယ်။
လူငယ်တွေလဲ ပါပါတယ်။ Post-gym muscle pain အားကစား လုပ်ပြီး ကြွက်သားနာတာ
သက်သာစေတယ်။ ကြွက်အမလေးတွေကို (ကေဖင်း) ပေးတော့ ကြွက်ထီးဆီ လာတာ
ပိုများလို့ Mood for sex ကောင်းစေ ပါသတဲ့။
ဘယ်အရာမဆို ဒေါင့်စုံကနေကြည့် အပေါင်းရော၊ အနုတ်ရော၊ ဟုတ်-မဟုတ်ပါ
ပြောနိုင်ကြတာ လွတ်လပ်မှုရဲ့ သရုပ်ပါ။ အမြင်-အတွေး၊ အသိ-ပညာ မတူကြဘူးပါ။
ယူတော့လဲ ကြိုက်တာ ယူကြတာဘဲ။ “တမျိုးထဲပေးလို့ ပေးတာသာ ယူချင်တဲ့
အကျင့်ရှိတာ ကလေးတွေပါ”။ “မကြိုက်ရင်သေး မယူဘဲ၊ ကြိုက်တာ ရအောင်လုပ်တဲ့သူ
လူတော် ဖြစ်တယ်။” ၂၀၁၀ မှာလဲ မှန်ပါတယ်။
ကော်ဖီ အသောက် များရင်တော့ အအိပ် ပျက်စေတယ်။ Coffee jitters ခေါ်တာပေါ့။
အရိုးကို ပါးစေတယ်။ ကော်ဖီကို မစစ်ဘဲ သောက်ရင် LDL (ကိုလက်စထော) များစေတယ်။
အစာအိမ်-အူလမ်းကြောင်း အတွင်းဖုံးလွှာကို ထိခိုက်စေတယ်။ သွားတွေ ညိုမယ်။ BP
သွေးဖိအား တက်စေတယ်။ ကော်ဖီ နဲ့ Paracetamol ရော သောက်တာ မကောင်းပါ၊
အသဲကို ထိခိုက်နိုင်တယ်။ ၂၀၀၃ တုံးက ဒိန်းမတ်မှာ ကော်ဖီစွဲနေသူ
ကိုယ်ဝန်ဆောင် ၁၈၄၇၈ ယောက်ကို စမ်းသပ်တုံးက ကလေး အသေမွေးနှုန်း များတာ
တွေ့ရတယ်။ သံဓါတ်နည်း သွေးအားနည်းရောဂါ၊ နှလုံး-သွေးကြောရောဂါ ဖြစ်တာလဲ
များတယ်။
တန်ဆေး-လွန်ဘေး၊ များရင် ဥပါဒ်ပေးတယ်။ များတာနဲ့အမျှ အိပ်မရ၊ မျက်နှာက
နီလာ၊ ဂနာမငြိမ်-စိတ်လှုတ်ရှား၊ ဆီးသွား၊ အသားတွေတုံ၊ တွေးပုံ-ပြောပုံ
မတည်တော့ပါ။ စိတ်ကတို အလိုမကျ၊ ဒေါသထန်၊ နှလုံးခုံ မမှန် ဖြစ်ပြန်အုံးမယ်။
Coffee can kill you! ကော်ဖီက သေစေနိုင်တယ်။ တခြားဆေးတွေလိုပါဘဲ။ များရင်
အဆိပ်ဖြစ်တယ်။ လူတွေကို ကော်ဖီ ဘယ်လောက် ပေးရင် သေစေသလဲ စမ်းသပ်ထားတာ
မရှိပါ။ (ဟစ်တလာ) ရဲ့ ဆရာဝန်တွေက စမ်းဘို့ မေ့ခဲ့ကြပုံရတယ်။
ကြွက်တွေကိုတော့ Caffeine 192 mg/kg ပေးရင် 50 % သေစေတယ်။
ဒီနှုန်းနဲ့တွက်ရင် လူတွေကို 150 to 200 mg/kg ဒါမှမဟုတ် ကော်ဖီ ၈၀-၁၀၀
ခွက်တိုက်ရင် မြန်မြန်သေနိုင်မယ်။ ဒါပေမဲ့ အစာအိမ်က ၁ လီတာဘဲ ဆန့်ပါတယ်။
ဆရာဝန်က ကိုယ်ချင်း မစာဘူး။ ကော်ဖီအသေအလဲ ကြိုက်တဲ့သူကို
အလျှော့ခိုင်းနေတယ်။ Decaffeinated coffee လို့ ခေါ်တဲ့ Decaf ကို
ပြောင်းသောက်ပေါ့။ Caffeine-free coffee နဲ့တော့ မတူဘူးနော်။ နာမည်ကြီး
ကော်ဖီတွေမှာ (ကေဖင်း) ပါတာ ယှဉ်ကြည့်ရအောင်။
• Percolated coffee (7 oz) = 140 mg
• Drip (7 oz) = 115-175 mg
• Espresso (1.5 to 2 oz) = 100 mg
• Brewed (7 oz) = 80-135 mg
• Instant (7 oz) = 65-100 mg
• Decaf coffee, brewed (6 oz) = 5 mg
• Decaf coffee, instant (6 oz) = 3 mg
လွတ်လပ်ရေး ရပြီးနောက်ပိုင်း (ကဖေး) ဆိုတဲ့ နာမယ်နဲ့ ဆိုင်တွေ
ဖွင့်ခဲ့ဘူးတယ်။ အိန္ဒိယကလာတဲ့ စကားလို့ အထင်မှား နိုင်တယ်။ Coffeehouses or
Cafés တွေပေါ်ခဲ့တာ နှစ် ၅၀၀ ကျော်နေပြီ။ Cafés နဲ့ Cafeteria နဲ့ မတူပါ။
လူငယ်တွေ ပိုသိတာက ၁၉၉၁ ကြမှ ဆန်ဖရန်စစ္စကိုမှာ စဖွင့်ခဲ့တဲ့ Internet café
or Cybercafé မဟုတ်လား။ အစည်းအဝေး၊ (ကွန်ဖရင့်) တိုင်းမှာ ပြောနေကြတဲ့
Coffee break ကို စသုံးခဲ့တာ ၁၉၅၂ ကပါ။ စာဖတ်သူများ “ကော်ဖီ-ဘရိတ်” ပါ။
Dr. တင့်ဆွေ
၂၂-၁၀-၂၀၁၀

သိပြီးသော်လည်း သတိမပြုမိသော အရာများ


၁။နှလုံးကြွက်သားဟာ သွေးကို လေထဲကို ၁၅ မီတာအထိညှစ်ထုတ်နိုင်တယ်တဲ့…..

၂။လူ့ ခန္ဓာကိုယ်မှာအသန်မာဆုံးကြွက်သားက လျှာပါတဲ့ဗျား…..

၃။မခုန်နိုင်တဲ့ တိရိစ္ဆာန် က ဆင်ပါတဲ့ဗျား..

၎။လိပ်ပြာတွေက ၀တ်ရည် ကိုခြေထောက်နဲ့စုပ်တာတဲ့နော်

၅။ခြင်မှာလည်းသွားရှိတယ်ဗျ

၆။ပိုလာဝက်ဝံတွေက ဘယ်သန်တွေနော်..ဟင်းဟင်း

၇။မိချောင်းတွေက လျှာထုတ်လို့မရဘူးဗျ

၈။ပိုးဟပ်ကလည်းအသက်ပြင်းတယ်…ခေါင်းပြတ်သွားတာတောင် နောက်ထပ်(၉) ရက်အသက်ရှင်နိုင်တယ်တဲ့..ခေါင်းပြတ်သွားလို့အစာမစားနိုင်လို့သေရတာတဲ့

၉။လူနဲ့ လင်းပိုင်ပဲ လိင်ကိစ္စကို pleasure အနေနဲ့ ခံစားကြတယ်တဲ့..ဟီးဟီး

၁၀။ ၁၁၁၁၁၁၁၁၁*၁၁၁၁၁၁၁၁၁=၁၂၃၄၅၆၇၈၉၉၈၇၆၅၄၃၂၁

၁၁။မျက်စိမမှိတ်ပဲ နှာချေလို့မရဘူးနော့် (မရယ်နဲ့တကယ်ပြောနေတာ)

၁၂။Star fish တွေမှာဦးနှောက်မပါဘူးဗျ

၁၃။ဘဲတွေရဲ့အသံက echo မပါဘူးနော်..ဘာကြောင့်လဲ

၁၄။Cemetery ဆိုတာ ဂရိဘာသာစကား Koimetirion ကလာတာပါတဲ့ ..ဘာလဲဆိုတော့  အိပ်ခန်းတဲ့..

၁၅။ဖဲချပ်မှာပါတဲ့ King တွေဟာ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဘုရင်တွေကို ကိုယ်စားပြုပါတယ်တဲ့

Spades:King David
Clubs:Alexander The Great
Hearts:Charlemagne
Diamonds:Julius Cesar

၁၆။ပန်းခြံတွေမှာတွေ့ ရတဲ့ မြင်းစီးစစ်သည်ရုပ်တုတွေရဲ့ မြင်းရဲ့ခြေထောက် (၁) ဖက်ဟာလေထဲမှာရှိနေရင် အဲဒီစစ်သည်ဟာ စစ်ပွဲမှာ ရတဲ့ဒဏ်ရာကြောင့် သေတာတဲ့၊ (၂)ဖက် လေထဲမှာ ရှိနေရင်စစ်ပွဲမှာကျတာပါတဲ့၊ (၄) ဖက်လုံး
မြေပေါ်မှာ ရှိနေရင်တော့ ရိုးရိုးသေတာပါတဲ့ (ကဲ…ပန်းခြံတွေရောက်ရင်သေချာကြည့်ဖို့မနေ့ ကြနဲ့နော်) (ရုပ်တုကိုကြည့်ဖို့ပြောတာနော်)

၁၇။ဟိုးရှေးရှေးတုန်းက အင်္ဂလန်မှာ ဘုရင့် ရဲ့အမိန့် မရပဲ ပြည်သူပြည်သားတွေဟာ လိင်ဆက်ဆံလို့မရကြပါဘူးတဲ့… သူတို့ဟာ ကလေးလိုချင်ရင် ဘုရင့်ခွင့်ပြုချက်ရမှ…အဲဒီခွင့်ပြုချက်ကို အိမ်တံခါးဝမှာချိတ်ပြီး လိင်ဆက်ဆံမှုပြုရပါတယ်တဲ့…
ဟီးဟီး..တစ်မျိုးပဲနော် အဲဒီ Plague ကတော့ဒီလိုလေးပါ… “Fornication Under Consent of the King” (fuck)
(ရိုင်းတယ်လို့မထင်စေချင်ပါ… သိစေချင်လို့တင်ပြပေးတာပါခင်ဗျာ…)

၁၈။အင်္ဂလိပ်တွေ သြစတေးလျကို စပြီးခြေချကြတော့ သားပိုက်ကောင်ကို ဘယ်လိုခေါ်သလဲလို့ စမေးကြပါတယ်တဲ့…. ဒေသခံ သြစတေးလျန်းတွေက “Kan Ghu Ru” လို့ဖြေကြပါတယ် ဒါနဲ့ပဲ..ကိုရွှေဥာဏ်ကြီးရှင်တွေက သားပိုက်ကောင်ကို “Kangaroo” လို့ ခေါ်ဝေါ်သမုတ်ခဲ့ပါတယ် သြစတေးလျန်းတွေပြောတဲ့ “Kan Ghu Ru” ဆိုတာက “We don”t understand you ” ပါတဲ့ဗျား..

၁၉။ကိုယ့်တံတောင်ဆစ်ကို ကိုယ့်လျှာနဲ့ကိုယ် လျက်ကြည့်ကြစမ်းပါ..ရလားမသိဘူး

၂၀။ဟိုးအရင်က စစ်ပွဲတွေမှာ တပ်ဖွဲ့ တွေ မပျက်မစီး မဆုံးရှုံးပဲ ကိုယ့်ရပ်ရွာကိုပြန်လာနိုင်ရင် ” 0 killed” လို့ရေးပြီးပြန်လာကြပါတယ်တဲ့….အဲဒီကနေ ယခုကျွန်တော်တို့တွေ ပြောနေတဲ့ “OK “ဆိုတာ ဖြစ်လာတာပါ..

ကဲ..ဒီလောက်ပါပဲ.. နောက်များမှ..အားတဲ့အချိန် တင်ဆက်ပေးပါအုံးမယ်.. သြော်..ပြောစရာကျန်ခဲ့သေးတယ် ဒီစာကိုဖတ်တဲ့ သူ ၈၀% က ကိုယ့်တံတောင်ဆစ်ကို ကိုယ့်လျှာနဲ့ကိုယ် လျက်ကြတယ်ဗျား…. ဟုတ်ရဲ့လား…:P

စကားအင်္ဂါ အချက် (၁၀) ချက်

အောင်မြင်ခြင်းသည် လူအချင်းချင်း ပြေပြစ်စွာ ဆက်သွယ်နိုင်ခြင်းပေါ်တွင် အခြေတည်ပါသည်။ အောင်မြင်လိုသူများသည် စကားအင်္ဂါ အချက် (၁၀) ချက် ကို သေသေချာချာလေ့လာပြီး မိမိကိုယ်ကို လေ့ကျင့်
သင့်ပေသည်. . . .

၁။ အချိန်ကို လေ့လာ၍ ပြောဆိုခြင်း။
၂။ မှန်သောစကားကိုသာ ပြောဆိုခြင်း။
၃။ အကြောင်းနှင့်အကျိုး ခိုင်လုံသောစကား (တရားအားလျော်သော စကား) ကိုပြောဆိုခြင်း။
၎။ အကျိုးရှိမည့် စကားကိုသာ ပြောဆိုခြင်း။
၅။ ချစ်ခင်ဖွယ်ကောင်းအောင် ပြောဆိုခြင်း။
၆။ ပြုံးရွှင်စွာ စကားပြောတတ်ခြင်း။
၇။ စကားပြောဆိုရာတွင် ချင့်ချိန်၍ ပြောဆိုခြင်း။
၈။ စကားပြောဆိုရာတွင် မနှေးလွန်း မမြန်လွန်ဘဲ အေးဆေးစွာပြောဆိုခြင်း။
၉။ စကားအသုံးအနှုန်းကို မှန်ကန်စွာနှင့် ယဉ်ကျေးစွာပြောဆိုခြင်း။
၁၀။စကားပြောဆိုရာတွင် ဗလုံးဗထွေး မပြောဘဲ ရှင်းလင်းပြတ်သားစွာ ပြောဆိုခြင်း။

အထက်ပါ (၁၀) ချက်နှင့် ပြည့်စုံသူဖြစ်ပါက နှစ်လိုဖွယ်ကောင်းအောင် စကားပြောတတ်သူ ဖြစ်လာမှာ အသေအချာပင်ဖြစ်ပါသည်။

ကမ္ဘာကျော်တို့၏ တန်ဖိုးရှိသောစကားများ

 သူငယ်ချင်းတို့ကိုလည်း တူညီသောအကျိုးကို ရရှိကြစေဖို့  သုတေသီ ဘုန်းမြင့်သွေးရဲ့ ကမ္ဘာကျော်တို့ရဲ့ တန်ဖိုးရှိသောစကားများကို မျှဝေပေးလိုက်ပါတယ်နော်

(၁)   သင်တို့သည် တဲများထဲ၌ အိပ်မနေကြနှင့်၊ ကမ္ဘာကြီးသည် ရှေ့သို့သွားနေတယ်၊ ကမ္ဘာကြီးနှင့်အတူ ရှေ့သို့ ချီတက်သွားကြပါ။        (မာဇင်နီ )
 
(၂)   လုံလ၀ီရိယရှိခြင်းက ကံကောင်းခြင်းရဲ့ မိခင်ဖြစ်တယ်။  ( ဆာဗန်တီ )

(၃)   တရားမျှတသောသူသာလျှင် စိတ်ငြိမ်းချမ်းခြင်းကို ရတယ်။ ( ဒီဆိုင်ရပ်အီးရပ်မတ် )

(၄)   ဥာဏ်ပညာရှိသူ၏ ဦးတည်ချက်မှာ ပျော်ရွှင်ကျေနပ်မှုကို ခိုင်မြဲအောင်လုပ်ရန်ထက် ထိခိုက်နစ်နာမှုကို ရှောင်ရှားရန် ဖြစ်တယ်။          ( အရစ်စတိုတယ် )

(၅)   မိမိကိုယ်မိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဦးဆုံးသော သော့ချက်ပဲ။  ( နီကီတာခရုရှက် )

တုံးအတဲ့မိန်းမ နဲ့ ထက်မြက်တဲ့မိန်းမ


တုံးအတဲ့မိန်းမက ယောက်ျားနဲ့အတိုက်အခံပြုတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို အားပေးကူညီတယ်။

တုံးအတဲ့မိန်းမက ယောက်ျားရဲ့ချွတ်ယွင်းချက်ကိုပဲ ထိုးဆွပြီး အမြဲစိတ်တိုတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့အားသာချက်ကိုပဲကြည့်ပြီး အမြဲပျော်ရွှင်တယ်။

တုံးအတဲ့မိန်းမက နေရာ၊ အခြေအနေမခွဲဘဲ ယောက်ျားနဲ့ငြင်းခုန်ရန်ဖြစ်တယ်၊ ယောက်ျားကို လူပုံအလယ်မှာ မျက်နှာသာမဲ့စေတယ်။
ထက်မြက်တဲ့မိန်းမက လူတွေကြားမှာ ယောက်ျားကိုမျက်နှာသာပေးတယ်။ ဆုံးမစရာ၊ ပြောစရာရှိရင် နှစ်ကိုယ်ကြားမှာပဲပြောတယ်။

တုံးအတဲ့မိန်းမက ယောက်ျားကို သိမ်ငယ်အောင်လုပ်တယ်။ ယောက်ျားကိုသိမ်ငယ်စေတာဟာ ကိုယ့်ကိုသိမ်ငယ်စေတယ်ဆိုတာကို သူမေ့နေလို့ဖြစ်တယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို တန်ဖိုးထားလေးစားတယ်။ ယောက်ျားကို လေးစားတာဟာ ကိုယ့်ကိုပိုပေါ်လွင်စေကြောင်း သူနားလည်လို့ဖြစ်တယ်။

တုံးအတဲ့မိန်းမက အတိတ်ဟောင်းကို ခဏခဏထုတ်ပြီး ယောက်ျားကို တဗျစ်တောက်တောက်ပြောတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားနဲ့အတူ လှပတဲ့အနာဂတ်ရောက်ဖို့ ဦးတည်တယ်။

တုံးအတဲ့မိန်းမက ယောက်ျားရဲ့အမှားကို မလွတ်တမ်းဆုပ်ကိုင်ပြီး ယောက်ျားအကြောင်းအကုန်သိသူလို့ ကိုယ့်ကိုယ်ကိုထင်တယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့အမှားကိုခွင့်လွှတ်ပြီး ယောက်ျားဆိုတာ ဘယ်တော့မှ မကြီးပြင်းတတ်တဲ့ကလေးလို့ဆိုတယ်။

တုံးအတဲ့မိန်းမက "နင် ထွက်သွား!" လို့ အော်ဟစ်တယ်။
ထက်မြက်တဲ့မိန်းမက "ငါ့အနားက မခွာနဲ့"လို့ဆိုတယ်။

တုံးအတဲ့မိန်းမက ယောက်ျားကို မြားတစ်စင်းလို တင်းတင်းဆွဲတယ်။ တင်းတင်းဆွဲလေ ဝေးဝေးကိုရောက်လေပါပဲ။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို လေတံခွန်လို လွှတ်တယ်။ လက်ထဲက ကြိုးကို စိတ်အေးလက်အေးကိုင်တယ်။

တုံးအတဲ့မိန်းမက ကိုယ်တော်၊ ကိုယ်တတ်ကြောင်းကို ပိုအရေးစိုက်တယ်။
ထက်မြက်တဲ့မိန်းမက ထောက်ပံ့၊ မှီခိုအားထားဖို့ကို ပိုနားလည်တယ်။
တုံးအတဲ့မိန်းမက ယောက်ျားအနား တဖဝါးမှမခွာ ထိန်းကျောင်းတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားအနား ခွာလိုက်၊ ကပ်လိုက်လုပ်တယ်။

တုံးအတဲ့မိန်းမက ချက်ပြုတ်လျှော်ဖွပ်တာကို သိပေမယ့် ကိုယ့်ကိုယ်ကို မပြုပြင်၊ မဖီးလိမ်းချင်ဘူး။
ထက်မြက်တဲ့မိန်းမက ချက်ပြုတ်လျှော်ဖွပ်တာကို သိသလို ကိုယ့်ကိုယ်ကိုလဲ ဖီးလိမ်းပြုပြင်ဖို့ မမေ့ဘူး။

တုံးအတဲ့မိန်းမက ယောက်ျားကို ဖိအားနဲ့ စိတ်ဖိစီးမှုတွေပေးတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို စိတ်အားထက်သန်မှုနဲ့ လှုပ်ရှားမှုကိုပေးတယ်။

တုံးအတဲ့မိန်းမက သူ့မျက်ရည်ကြားမှာ ယောက်ျားကိုကျရှုံးစေတယ်။
ထက်မြက်တဲ့မိန်းမက သူ့အရယ်အပြုံးကြားမှာ ယောက်ျားကိုအောင်မြင်စေတယ်။
                                                                         
                                                                                နိုင်နိုင်းစနေဘာသာပြန်သည်။
                                                                                                  FORWARD MAIL မှတဆင့်.......

ဘ၀ဟူသောအိမ်


အသက်ကြီးရင့်ပြီ ဖြစ်တဲ့ လက်သမားဆရာကြီးဟာ သူ့အလုပ်ကနေ ရပ်နားဖို့
ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့ အိမ်ဆောက်တဲ့ အလုပ်ကနေ ရပ်နားပြီး
သူ့မိန်းမနဲ့အတူ မိသားစုဘ၀ကို အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်စွာ
ဖြတ်သန်းတော့မယ့်အကြောင်း သူ့ရဲ့ အလုပ်ရှင်ကို အကြောင်းကြားလိုက်တယ်။
အပတ်စဉ် ၀င်ငွေရနေတဲ့ ဒီအလုပ်ကို သူ နှမြောပေမယ့် သူ နားချင်ပြီ။ နားကို
နားတော့မယ်လို့ စိတ် ဒုန်းဒုန်းချလိုက်တယ်။

အလုပ်ရှင်ဟာ လူတော်တစ်ယောက် ဆုံးရှုံးရမှာကို အရမ်းနှမြောနေတယ်။ သူ့ဆီကနေ
အလုပ်ထွက်သွားတာကိုလည်း သူ မလိုလားဘူး။ အရမ်းလည်း ၀မ်းနည်းမိတယ်။ ဒါနဲ့
နောက်ဆုံးအနေနဲ့ အိမ်တစ်လုံးတော့ ဆောက်ပေးပါဦးလို့ တောင်းပန်ပြီး
ဆွဲထားလိုက်တယ်။ အလုပ်ရှင်က တောင်းဆိုနေတော့ သူ ခေါင်းညိတ်လိုက်ရပေမယ့်
သူ့ရဲ့ စိတ်မပါလှတဲ့ လုပ်ရပ်တွေက အတော်လေးကို သိသာနေတယ်။ သူနားချင်တာ
မနားရတော့ အလုပ်ရှင်အပေါ်မှာလည်း ငြိုငြင်မိနေတယ်။ ခါတိုင်း အနုစိတ်ပြီး
တိတိကျကျ လုပ်တတ်သမျှ အခုတော့ အိမ်တစ်လုံး မြန်မြန်ပြီးဖို့ ဆိုတာပဲ
အတွေးက ရှိတယ်။ သူနားချင်ပြီ။ ဒီအလုပ်ပြီးရင် သူ့အလုပ်ရှင်က ပေးနားမယ်။
ဒီတော့ မြန်မြန် ပြီးရမယ်ပေါ့။ သူ့ဘ၀ရဲ့ အသက်မွေးဝမ်းကျောင်းမှုမှာ ဒါ
သူ့ရဲ့ နောက်ဆုံး လက်ရာ ဖြစ်ကျန်နေမယ်ဆိုတာကို သူ လုံးလုံး
သတိမရှိနိုင်တော့ဘူး။

လက်သမားဆရာကြီးဟာ သူရဲ့ နောက်ဆုံးအိမ်လေးကို ဆောက်လို့ ပြီးသွားတော့
အလုပ်ရှင်ဟာ အိမ်ကို လာစစ်ဆေးပါရော။ အသေအချာ စစ်ဆေးပြီး အလုပ်ရှင်ဟာ
အိမ်တံခါးကို ပိတ်လိုက်တယ်။ နောက် တံခါးသော့ကို လက်သမားကြီးရဲ့ လက်ထဲ
ထည့်လိုက်ပြီး တည်ငြိမ်တဲ့ အကြည့်နဲ့ ပြောလိုက်တယ်။
"ဒီနေ့ကနေ စပြီး ဒါ ဆရာကြီးရဲ့ အိမ် ဖြစ်သွားပါပြီ။ ဒါ ကျနော်ရဲ့ လက်ဆောင်ပါ။"

ဒီစကားလည်း ကြားလိုက်ရော လက်သမားဆရာကြီး ထိတ်လန့် တုန်လှုပ်သွားတယ်။

ရှက်စရာ ကောင်းလိုက်တာ။ တကယ်လို့ သူ ဆောက်နေတဲ့ အိမ်ဟာ သူ့
ကိုယ်ပိုင်အိမ် ဆိုတာသိခဲ့ရင် သူ ဒီလို လုပ်ပါ့မလား။ ဒီလောက် ပစ္စလက်ခတ်
ဆောက်ပါ့မလား။

xxxxxxxx xxxxxxxx

ကျနော်တို့ရဲ့ ဘ၀တွေဟာလည်း ဒီလိုပါပဲ။ ကျနော်တို့ရဲ့ ဘ၀တွေကို ကျနော်တို့
ကိုယ်တိုင် တည်ဆောက်နေရတာ မဟုတ်လား။ ဒါပေမယ့် တခါတခါ ကျနော်တို့ စွမ်းအား
ရှိသလောက် ဒီ ဆောက်လုပ်ရေးမှာ ထုတ်မသုံးဖြစ်ဘူးနော်။ နောက်ဆုံး
ကျနော်တို့ ဆောက်ထားတဲ့ အိမ်မှာ နေရတော့မယ်ဆိုတာ သိလိုက်ရတဲ့ အချိန်ကျမှ
ကျနော်တို့ အကြီးအကျယ် ပြာယာခတ်ကုန်တယ်။ နောက်ကြောင်းပြန်ပြီး
ပြန်လည်တည်ဆောက်ခွင့် ရှိရင်တော့ အရင်ကထက် ထူးထူးခြားခြား
လုပ်မိကြမယ်ထင်တယ်။

တကယ်တမ်းကော ကျနော်တို့ နောက်ပြန်သွားလို့ ရပါ့မလား။ ကျနော်တို့ဟာ ဘ၀ကို
ပုံဖော်နေတဲ့ လက်သမားဆရာတွေပါ။ နေ့စဉ်နဲ့အမျှ သံရိုက်ကြတယ်၊ နံရံကို
တည့်မတ်ကြတယ်၊ အမိုးမိုးနေကြတယ်။ ဒီနေ့ လုပ်လိုက်တဲ့ ကျနော်တို့ရဲ့
အပြုအမူ၊ ရွေးချယ်မှုနဲ့ ကိုယ်ကျင့်တရားဟာ မနက်ဖြန် ကျနော်တို့နေဖို့
အိမ်အတွက် ကုန်ကြမ်းတွေပါ။ အထောက်အပံ့တွေပါ။

ဒါကြောင့် ကျနော်တို့ ဉာဏ်ပညာ ရှိရှိနဲ့ ဆောက်လုပ်ကြပါစို့လား

ဖတ်ထားမိသမျှဟာသလေးများ-၂


အထင်နဲ့အမြင်
" ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား "
" ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊ ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး "
" ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ " @hp


ထင်တာကတခြား
" တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှ ပါသမျှလုယက်သွားတယ်ဆိုတာ ဟုတ်သလား "
" ဟုတ်ပါတယ် ၊ တရားသူကြီးမင်း "
" ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ "
" ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ် မထင်ခဲ့မိလို့ပါရှင် " @hp


သိချင်လို့
" ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ "
" မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ "
" ခင်ဗျားခွေးက မကိုက်တတ်ဖူးလားဗျ "
" ကျွန်တော်လည်း အဲဒါကိုသိချင်နေတာ ၊ ဒီကောင်ကအခုမနက်မှ ၀ယ်လာတာလေ " @hp


ပြင်ပအစားအစာ
" ဗျို့ဆရာသမား ၊ ဟိုလူသူ့မိန်းမကို မိကျောင်းကန်ထဲ တွန်းချနေတယ် ။ မြန်မြန်သွားကယ်ကြရအောင် "
" ဟင်း ..... တယ်ခက်တဲ့လူပဲ ၊ မိကျောင်းမွေးမြူရေးစခန်းမှာ ပြင်ပအစားအစာတွေ လုံးဝကျွေးခွင့် မရှိတာကို သူမသိလို့ထင်တယ် " @hp


သမ်းပြတာမဟုတ်ပါ
" ရှင် တော်တော်ရိုင်းပါလား ၊ ကျွန်မရှေ့မှာပါးစပ်ကို လက်ဝါးနဲ့မကာဘဲ သမ်းပြတာနှစ်ကြိမ်ရှိသွားပြီ "
" အထင်မလွဲပါနဲ့ဗျာ ၊ ကျွန်တော် တစ်ခုခုပြောဖို့ကြံတိုင်း ခင်ဗျားကရေပတ်မ၀င်အောင် ပြောနေတာကိုးဗျ " @hp


ယောက်ျားဆိုတာ
" ဟောဟိုထိုင်နေတဲ့လူဟာ ခုနကတစ်ချိန်လုံးလိုလို ကျွန်မကိုစိုက်ကြည့်နေတာ ၊ အခုမမရောက်လာမှပဲ ခပ်တည်တည်နေဖော်ရတော့တယ် "
" ဘယ်သူလဲ ဟိုလူလား ၊ အဲဒါမမအမျိုးသားလေ " @hp


တလွဲမထင်ပါနဲ့
" ခင်ဗျားကြည့်ရတာ မုဆိုးဝါတော်တော်ရင့်နေပြီနဲ့တူတယ် "
" ဘာဖြစ်လို့လဲဗျ "
" ဒီတစ်နေ့လုံး ခြင်္သေ့တွေ ၊ ကျားတွေပဲလိုက်ပစ်နေတာ တွေ့လို့ပါ "
" ဒါကဒီလိုပါ ၊ ဒီမနက်ထွက်လာတုန်းက စာကလေးတွေ ၊ ငှက်တွေဖမ်းဖို့ပါပဲ ၊ ဒါပေမဲ့ မျက်မှန်ကသစ်ကိုင်းနဲ့ငြိပြီး ကျပျောက်သွားလို့ " @hp


ဆရာ့ညွှန်ကြားချက်
" တပည့်ရေ ၊ ဟိုဓါတ်ကြိုးတစ်ချောင်းကို ခဏကိုင်ကြည့်စမ်းကွာ "
" ဟုတ်ကဲ့ဆရာ "
" ဘယ်လိုနေလဲကွ "
" ဘယ်လိုမှ မနေဘူးဆရာ "
" အင်း ..... ဒါဆို ကျန်တဲ့တစ်စကို သွားမကိုင်နဲ့ ဓါတ်လိုက်လိမ့်မယ် " @hp


လိုချင်ရင်ပြောပါ
" ခင်ဗျားတို့ ထမင်းဆိုင်က ကြက်သားဟင်းပန်းကန်ကို ကြည့်ပါဦး ၊ အရိုးနဲ့အရေခွံချည်းပဲ "
" ဘာလဲ ၊ အမွေးနဲ့ လိုချင်လို့လား " @hp

ဖတ်ထားမိသမျှဟာသလေးများ-၁


ဟောဒီခွက်ထဲက ကျောက်ခဲလေးတွေဘယ်ရောက်ကုန်ပြီလဲ
" ဪ ..... အဲဒါကျောက်တုံးလေးတွေလား၊ ကျွန်တော်ကသောက်ရမယ့်ဆေးမှတ်လို့ ခုနကပဲသောက်လိုက်မိပြီ ဆရာမ "
" ဟောတော် ဒုက္ခပါပဲ။ အဲဒါရှင်သတိရလာရင် ပြဖို့ထားတာ။ ရှင့်ဆီးအိမ်ထဲက ခွဲထုတ်ထားတဲ့ဟာတွေရှင့် " @hp


မေးမှသိတယ်
" မင်းတို့လင်မယား ပြန်ပေါင်းထုပ်သွားကြပြီလို့ကြားရတာ ၀မ်းသာတယ်ကွာ၊ နေ့ခင်းတုန်းကတောင် မင်းတို့အိမ်ရှေ့က ဖြတ်လျှောက်တော့ မင်းတို့လင်မယားနှစ်ယောက် ထင်းတွေအတူတူခွဲနေကြတာ တွေ့မိသေးတယ်ကွာ "
" ထင်းမဟုတ်ဘူး သူငယ်ချင်းရဲ့ ၊ အိမ်ထောင်ပရိဘောဂတွေ " @hp


ပြောချင်တာကဒီလိုပါ
" မင်းဟာကားကို တစ်နာရီမိုင်တစ်ရာနှုန်းလောက်နဲ့ မောင်းလာတယ် ။ ပြီးတော့ညအမှောင်ထဲ ကားရှေ့မီးကို ဖွင့်မမောင်းဘူး ။ လမ်းလည်းမှားလာတယ် ။ ယာဉ်မောင်းလိုင်စင်လည်း မပါဘူး ။ ကိုင်း ..... ဒီလောက်တောင်အပြစ်တွေများတာ ဘာပြောချင်သေးလဲ "
" ကျွန်တော်ပြောချင်တာက ကျွန်တော့်မှာအပြစ်တစ်ခုပဲ ရှိပါတယ် ။ အဲဒါကတော့ဒီကားကို ခိုးလာတာပါပဲ " @hp


ဘယ်သူမှမပြောနဲ့နော်
" ဓူဝံကြယ်ဆိုတာ ဘယ်ဟာလဲဟင်ဘိုးဘိုး "
" ဟိုး ..... တောင်ဘက်က ကြယ်နီနီကြီးဟာ ဓူဝံကြယ်ပေါ့ မြေးရဲ့ "
" ဟင် ..... ကျောင်းမှာ ဆရာမကပြောတော့ ဓူဝံကြယ်ဟာ မြောက်အရပ်မှာရှိတယ်ဆို "
" ရှူး ..... ဘယ်သူမှ လျှောက်မပြောလေနဲ့ ၊ ဓူဝံကြယ်တောင်ဘက်ကို ပြောင်းသွားတာတစ်ပတ်လောက်ပဲရှိသေးတယ် မြေးရဲ့ " @hp


စနစ်တကျအသုံးပြုနည်း

" မနက်က၀ယ်သွားတဲ့ ယပ်တောင်က တစ်ခါနှစ်ခါပဲခတ်ရသေးတယ် စုတ်သွားပြီ ၊ "ဘယ်လိုဖြစ်တာရတာလဲ "
" အသုံးပြုပုံမှားလို့ဖြစ်ပါလိမ့်မယ် ၊ ကျွန်တော်တို့ရောင်းတဲ့ ယပ်တောင်ဟာ လက်နဲ့ငြိမ်ငြိမ်လေးကိုင်ထားပြီး ခပ်စေချင်တဲ့အရာဝတ္တုကို ယပ်တောင်ရှေ့မှာ ဟိုဖက်ဒီဖက် ခပ်မြန်မြန်လှည့်ပေးရပါတယ်ခင်ဗျား " @hp


နားလေးသူမို့ပါ
" ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျားမဟုတ်လား "
" ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စဟဲဗီးအဆိုတော်ပါ "
" ဒါဆိုတစ်ဆိတ် ကူညီစမ်းပါ ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့ လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ်အော်ပေးစမ်းပါ ။ သူက နားနည်းနည်းလေးတယ် " @hp


ဟိုတစ်မျိုး ဒီတစ်မျိုး
" မောင်မင်းအနေနဲ့ ဘာပြောချင်သေးလဲ "
" ကျွန်တော်မျိုး ဘာပြောရတော့မှာလဲ တရားသူကြီးမင်းခင်ဗျာ ။ သူ့အခန်းထဲ ၀င်ခိုးတုန်းက တရားလိုဟာ အိပ်မောကျနေတာပါ ။ အခုကျတော့ သူ့အိမ်ထဲဝင်ခိုးတာ သေသေချာချာမြင်ပါတယ်လို့ ထွက်ဆိုနေပါတယ် " @hp


မေမေ့တာဝန်ထားလိုက်
" ဒီလူနဲ့သမီးလက်မထပ်ချင်ဘူးမေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး ။ သူကငရဲရှိတယ်ဆိုတာကို မယုံဘူးလို့အကြောက်အကန်ပြောတယ် မေမေရဲ့ "
" လက်ထပ်မှာသာ ထပ်လိုက်ပါသမီးရယ် ၊ ငရဲတကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့တာဝန်ထားလိုက်စမ်းပါ " @hp


အမွေဆက်ခံမိလို့
" ခင်ဗျား မသေသင့်ဘူးဗျ ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး "
" ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာငိုပြီး ဘာတွေလာပြောနေတာလဲ ။ ဒီဂူထဲမြုပ်ထားတာ ခင်ဗျားရဲ့အခင်ဆုံးမိတ်ဆွေမို့လို့လား "
" ဟင့်အင်း ..... ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ " @hp


မမြောက်ပါနဲ့ဗျာ
" မင်းခိုးတဲ့ပစ်စည်းတွေက အစုံပါပဲလားကွ ၊ တီဗွီရယ် ၊ အောက်စက်ရယ် ၊ ရေခဲသေတ္တာရယ် ၊ ပန်ကာရယ် ၊ မီးခံသေတ္တာရယ် ၊ အိမ်သားတွေတစ်ယောက်မှ မနိုးစေဘဲ အပြင်ကိုဒါတွေအကုန်သယ်ထုတ်နိုင်တာ ချီးကျူးပါတယ်ကွာ "
" ဟာ ..... တရားသူကြီးမင်းကလည်း ကျွန်တော့်ကို အနေခက်အောင်မြှောက်နေပြန်ပြီ " @hp

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က ဆုံးမစာများ

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့…
၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။ လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။
                                                                                                 from:MM Daily Mail

ကံများကောင်းပြီဆိုရင် နှမ်းကိုလှော်ပြီး စိုက်တာတောင် အပင်ပေါက်သတဲ့

*ကံများကောင်းပြီဆိုရင် နှမ်းကိုလှော်ပြီး စိုက်တာတောင် အပင်ပေါက်သတဲ့*

အထက်ပါပုံဝတ္ထုလေးကို အကျွန်ုပ်ငယ်ငယ်က အဖွားပြောပြခဲ့ခြင်းဖြစ်၏
ဖြစ်ပုံလေးကဒီလိုပါ-
တခါက အလွန်အင်မတန် ကံကောင်းလှတဲ့ လယ်သမားကြီးတစ်ဦးရှိပါသတဲ့ ၊ ဘယ်လောက်ထိအောင်ကံကောင်းသလဲဆိုရင် မိုးခေါင်ရေရှားလို့ အခြားတောင်သူတွေ ကောက်ပဲသီးနှံတွေပျက်စီးခဲ့ရင်တောင် သူ့အခင်းကနေ တစ်ပင်တစ်လေမှ အလေအလွင့်မရှိပဲ အထွက်ကောင်းလှသတဲ့ ၊ စပါးရိတ်ခါနီးမှ မိုးကြီးတဲ့အခါတွေမှာဆိုလည်း သူ့လည်ကွက်မြေနေရာတွေကျတော့ မိုးမရွာပဲ ကွက်ကာကျန်နေသတဲ့လေ၊ အဲမိုးခေါင်ရေရှာတဲ့ အခါတွေမှာကျရင် သူ့လယ်တောတစ်ဝိုက်ကျမှ မိုးကကွက်ပြီးရွာချပေးပြန်ပါသတဲ့ ရာသီဥတုသဘာဝဆိုပေမယ့် ၊သဘာဝကလည်း တိုက်တိုက်ဆိုင်လွန်းလို့ပင် ဆိုရပေတော့မည်။ သူ့လယ်တစ်ဝိုက်ဆိုလို့ အခြားအခင်းတွေလည်း သူ့လိုပဲ အထွက်တိုးမှာပါလို့လည်းမထင်လိုက်နဲ့ဦး မိုးလေညီမျှလို့ စပါးမှည့်ချိန်ရောက်ကာမှ အခြားဘေးအခင်းတွေမှာက မအောင်ပဲ အလေအလွင့်ကများနေသတဲ့ ။ ဒီတော့အခြားလယ်သမားတစ်တွေက သူ့ကိုမှတ်ချက်ချရတော့တာပေါ 
“အာဂ ကံထူးရှင်ပဲဟေ့ သူ့လယ်ကွက်ထဲ မျိုးစေ့မကြဲလိုက်နဲ့ မပေါက်တဲ့အပင်ကိုမရှိဘူး။ မင်းနှယ် အဲဒီကောင့်လယ်က နှမ်း လှော်စိုက်ရင်တောင် အပင်ပေါက်လောက်တယ်” 
ဒါနဲ့ လယ်သမားကြီးလည်း သူ့ကံသူပင် အံ့သြလွန်းတာကြောင့် ရူးနှမ်းတယ်ပဲ ဆိုဆို ကံကြမ္မာကိုစမ်းသတ်တဲ့အနေနဲ့ နှမ်းကိုလှောက်စိုက်ကြည့်ဖို့ဆုံးဖြတ်လိုက်သတဲ့ ။
“ဟဲ့သမီး နှမ်းတတင်းလောက်လှော်ပေစမ်း 
“အို နှမ်းတတင်းကြီးများတောင် ဘာလုပ်ဖို့လဲအဖေရယ် ၊နောက်ပြီး အ၀ယ်ဒိုင်ကိုအကုန်သွင်းလိုက်လို့ စိုက်ဖို့မျိုးပဲကျန်တော့တာမလား အဖေရဲ့”
“အဖေက အဲဒီမျိုးချန်ထားတဲ့ နှမ်းတစ်တင်းကိုပဲအလှော်ခိုင်းတာသမီးရဲ့ ၊ အရပ်ထဲကလူတွေက အဖေ့ကိုဖိုးကံကောင်းတဲ့ နှမ်းတောင်လှော်စိုက်ရင် အပင်ပေါက်မယ်လို့ပြောနေကြလို့ အဖေလည်း ဟုတ်မဟုတ်စမ်းကြည့်ချင်လို့ပေါ့ ”
“အဖေရယ် အဟုတ်ကဟုတ်က ၊တော်ကြာမှမျိုးပါဆုံးလို့ သူများတွေလယ်ကထွက်တဲ့နှမ်းကို အငှါးလိုက်ပုတ်ပေးနေရပါဦးမယ်”
“ကဲပါ သမီးရယ် လှော်မှာသာလှော်ထားလိုက်ပါ နှမ်းကြဲချိန်ကျ အရံသင့်ဖြစ်ဖို့လှော်ထား”
သမီးကြီးလည်း ဖခင်ဆန္ဒကိုမလွန်ဆန်နိုင်သောကြောင့်သာ နှမ်းမျိုးတွေလှော်ပေးလိုက်ရသည် စိတ်ထဲမှာတော့ တော်တော်ဘ၀င်မကျလှပေ၊ ဒီအကြောင်းကို လူတွေသိရင် ပျက်ရယ်ပြုမှာစိုးလို့ ဖခင်ကိုလည်း ဒီအကြောင်းဘယ်သူ့မှမပြောဖို့ တောင်းဆိုလိုက်ရသေး၏။ ဟုတ်တယ်လေ တော်တော်ကြာ လူတွေကနှမ်းလှော်စိုက်တဲ့ ခပ်ကြောင်ကြောင်လူမျိုးပါကွာပြောရင် တစ်ရှက်ကနှစ်ရှက်ရဖို့သာရှိတော့၏။
ဒီလိုနဲ့ နှမ်းကြဲချိန်ရောက်တော့ ဘေးချင်းကပ်လယ်ကွက်က လယ်သမားကြီးဇနီးက အိမ်ရောက်လာပါသတဲ့ ၊သူတို့လယ်အတွက်လည်း အထွက်တိုးလှတဲ့ နှမ်းမျိုးကောင်းကိုစမ်းစိုက်ကြည့်ချင်လို့ တစ်ခွဲလောက်မျှဖို့ပြောလာပြန်ရော ၊ ဒီမှ ဖခင်ကနှမ်းလှော်စိုက်မယ်ဆိုပြီး မရမကလှော်ခိုင်းထားလို့ မျိုးတွေအကုန်လှော်ထားတာလေ ၊တကယ်လို့လာဝယ်သူကို အဲဒါရောင်းရင် မျိုးမပေးချင်လို့ လှော်ပြီးသားနှမ်းတွေပေးပါတယ် လုပ်ကြဦးမှာ ။ ဘယ်လိုမှမမျှုနိုင်လို့ပါအန်တီ ဒီမှာလည်း မျိုးတစ်ခွဲသာကျန်တော့တယ်လို့ ပလွှတ်လိုက်ရတယ် ၊ ဒါတောင်မှ မျိုးကောင်းလို့ မရောင်းတာဆိုပြီး အရပ်ထဲမှာ သတင်းလွှင့်ခံရသေးဆိုပဲ ၊ 
ဒီလိုနဲ့ နှမ်းကျဲချမယ့်မနက်လည်းရောက်ရော ကံကောင်းလှတဲ့ လယ်သမားကြီးက နှမ်းလှော်တောင်းကြီးလှည်းပေါ်တင်ပြိး နှမ်းကြဲထွက်လာပါသတဲ့ ၊ဘေးချင်းကပ်လယ်သမားကလည်း သူ့ကိုနှမ်းမျိုးမျှရမလားလို့ အာဃာတနဲ့ အကောက်ကြံဖို့ သူ့လယ်ကိုနှမ်းမချသေးပဲ စောင့်နေသတဲ့လေ ၊ နောက်ဖိုးကံကောင်းလယ်ထဲရောက်လာတော့ သူတို့လယ်ဖက်ကိုခဏလှလည့်လည်ကြည့်ဖို့ပြောပြီး ၊မအားပါဘူး အတန်တန်ငြင်းနေတဲ့ကြားက ရအောင်ခေါ်ထုတ်သွားပြီး သူမရှိတုန်း နှမ်းတောင်းချင်း မသိအောင်လဲထားလိုက်စေပါသတဲ့  
ဒီလိုနဲ့ဖိုးကံကောင်းရဲ့ လှော်ထားတဲ့ မီးသင့်နှမ်းမျိုးတွေက ဘေးကလယ်ကွက်ထဲရောက်သွားပြီး ၊ ဘေးလယ်ကွက်ကနှမ်းမျိုးကောင်းတွေက ဖိုးကံကောင်းလယ်ထည့်ရောက်သွားတာပေါ့ ၊ အချိန်တန်အပင်ပေါက်ချိန်ရောက်တော့ နှမ်းကိုလှော်စိုက်တဲ့ ဖိုးကံကောင်းလယ်က စိမ်းစိမိးစိုစိုနဲ့ အညွှန့်တလူလူတက်လာကြသလောက် ၊ နှမ်းလှော်တောင်းကို ခိုးယူလဲလှယ်စိုက်မိတဲ့ ဘေးလယ်ကွက်ကတောင်သူကြီးခများမှာ သူ့အပြစ်နဲ့သူ ဘယ်လိုကြောင့်အပင်ပေါက်မလာသလဲဆိုတာ အဖြေရှာမရဖြစ်နေတော့တာပေါ့ ။ ဒါ့ကြောင့်မသင်ကာဖြစ်ပြီး “နို့ နေစမ်းပါဦး ဦးကံကောင်းရယ် ကျုပ်လယ်ကွက်ကဖြင့် တစ်ပင်မှမပေါက်လာပဲ ခင်များလယ်ကွက်က ဘာ့ကြောင့်များ နေရာလပ်မရှိအောင် ပေါက်နေရတာလဲဗျာ အံ့သြစရာပဲ ”
ဒီတော့မှ ဖိုးကံကောင်းလည်း မယုံနိုင်တဲ့သူ့ကံကောင်းလိုက်ပုံကို လူပုံအလည်မှာ အဲလိုဖွင့်ချလိုက်ပါသတဲ့လေ “မယုံမရှိနဲ့ ကိုယ့်လူတို့ရေ ကိုယ်ဖြင့်ကိုယ့်ကံကိုယ်မယုံလို့ နှမ်းကိုလှော်ပြီး စိုက်လိုက်တာတောင် တစ်ပင်မလျော့ပေါက်လာတယ် မောင်” ဟာ .. ဟင်.. အိုမဟုတ်တာ ဖိုးကံကောင်းရယ် ခင်များဘယ်လိုကံကောင်းကောင်း နှမ်းကိုလှော်ပြီးစိုက်တာတော့ ဘယ်လိုမှအပင်မပေါက်နိုင်ရာပါဘူးဗျာ ခင်များကလည်း မြှောက်ပေးရင် ကွေးနေအောင်ကသကိုးဗျ …လူတွေထဲက ဖိုးကံကောင်းရဲ့ဝန်ခံချက်ကို ကန့်ကွက်သံတွေပဲ ထွက်လာကြတာပေါ့ ။ ဟုတ်တယ်လေ ဘယ်ကလာ နှမ်းလှော်စိုက်တာ အပင်ပေါက်တယ်ဆိုတာ ကြားမကြားဖူးပါဘူး ။ 
ဒီတော့မှ ဘေးလယ်ကွက်က လယ်သမားပဲ မအောင့်အီး သည်းမခံနိုင်တော့ပဲ ဖြစ်ပုံအလုံးစုံကိုဝန်ခံပြောပြလိုက်ရတော့တာပေါ့ ။ ဟုတ်ပါတယ် ဦးကံကောင်းပြောတဲ့စကားက အမှန်ပဲဗျ သူ့ကံသူစမ်းတဲ့အနေနဲ့ နှမ်းကိုလှော်စိုက်တာတကယ်ပဲဗျို့ တစ်ပင်မကျန်အကုန်ပေါက်လာတယ်ဆိုတာပဲ အမှန်ပဲ ။မပေါက်ပဲနေမလားဗျ ကျုပ်ကသူ့မျိုးကောင်းလှချေရဲ့ဆိုပြိးတော့ မျိုးကျဲခါနီး တောင်းချင်းလဲကြဲလိုက်တာလေ ၊ အခုကြည့်လေ ကျနော့နှမ်းခင်းကဖြင့် တလင်းပြင်လားအောက်မေ့ရတယ် တစ်ပင်တစ်လေမှပေါက်မလာဘူး ၊ သူ့နှမ်းလှော်မျိုးကြီးယူကြဲမိတာကိုး ၊ သူ့လယ်ကွက်ကျ လှမှလှ ကောင်းပေ့ဆိုတဲ့မျိုးကို ကျနော်တို့ကရှာပြီး သူကြဲဖို့တောင်းချင်းလဲပေးလိုက်ရတာ ။ 
ဟားးးးးဟားးးးးးဟားးးးးးးး ဖိုးကံကောင်းတို့ကတော့ တကယ်ပါပဲဟေ့ နှမ်းလှော်ပြီးစိုက်တာတောင်အပင်ပေါက်တယ်ဆိုတာ လောကနိယာမကိုတောင် လွန်သွားတယ် သြော် ဒါ့ကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကြိးကဟောခဲ့တာပေါ့ 
" ဘဒြောပိ ပဿတိ ပါပံ၊
ယာဝ ဘဒြံ နပဿတိ။
ယဒါ စ ပစ္စတိ ဘဒြံ၊
အထ ဘဒြော ဘဒြာနိ ပဿတိ "
- ကုသိုလ်ကံ အကျိုးပေးချိန် မရောက်သေးလျှင် ကောင်းမှု
ပြူသူပင် ဖြစ်သော်လည်း မကောင်းကျိုးကို တွေ့မြင်ရ၊
ခံစားရနိုင်သည်။ ကုသိုလ်ကံ အကျိုးပေးချိန် ရောက်လျှင်
ကား ကောင်းမူပြုသူသည် ကောင်းကျိုကိုသာ တွေ့မြင်ခံစား
ရတော့သည်။…လို့ ကဲ “ကံလျှင်ပေးမှ ဋ္ဌေးကြွယ်ဝ လောဘမမွန်နှင့် “ဆိုတာ အခုတော့မှ ကျနော်တို့ ကိုယ်တွေ့ကြုံရတာပဗျာ ဖိုးကံကောင်းတို့က အတိတ်က လယ်ယာမြေကောင်းမှာ စိုက်ပျိုးခဲ့တော့ ဒီဘ၀ထိလိုက်ကာ အကျိုးပေး အပင်ပေါက်တာပေါ့လို့ပဲ အားလုံးမှတ်ချက်ပြုကြ ချီးမွမ်းထောမနာစကားဆိုကြရပါသတဲ့ ။ 
…… ကျွန်ုပ်ငယ်စဉ်က အဖွားပြောပြခဲ့သော အထက်ပါပုံဝတ္ထုလေးကနေ ကံတွေကို ထူးခြားမွန်မြတ်အောင် စည်းပူးခဲ့တယ်ဆိုရင် သူများထက်လွယ်ကူသက်သာစွာ သံသရာခရီးခဲကို လွယ်လင့်တကူဖြတ်ကျော်နိုင်မှာဖြစ်တယ်လို့ သုံးသပ်ပြချင်ပါတယ် ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်း သူ၏တပည့်သားအရိယာသံဃာတော်များကို အနုတ္တရံ ပုညခေတ္တံ လောကဿ ၊ လောကသားတို့၏ အတုမရှိမြတ်သော ကောင်းမှုတည်းဟူသောမျိုးစေ့တို့၏စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်တယ်၊ လှော်ပြီးစိုက်ပျိုးတဲ့နှမ်းကို ရအောင်အပင်ကိုပေါက်စေခဲ့တာလည်း ယင်းကဲ့သို့ အတုမရှိမြတ်တဲ့ သူတော်စဉ်သူတော်ကောင်းဆိုတဲ့ ကိလေသာပေါင်းပင်တွေကင်းရှင်းနေတဲ့ လယ်ယာမြေမှာ စိုက်ပျိုး စည်းပူး ထောက်ပံ့လှုဒါန်းခဲ့ခြင်းကြောင့်လို့ပဲ ဆိုပါရစေ။
စပါးကိုအခွံချွတ်ပြိး ဖွပ်ပြီး စင်ပြီးမှ စိုက်လျှင် သာမန်လယ်ကွက်မှနေ စပါးနှံထွက်လာဖို့ မဖြစ်နိုင်ပေမယ့် အရိယာနွယ်ဝင် သံဃာတော်အရှင်သူမြတ်တို့အတွက် ဆွမ်းကွမ်းမပင်မပမ်း ပရိယတ်/ပဋိပတ် သာသနာ့တာဝန်များ ထမ်းနိုင်စေဖို့ ရည်ရွယ်ကာ တန်ဖိုးအကြီးဆုံး အကောင်းဆုံး သန့်ပြီး စင်ပြိး အညစ်ကြေးကင်းတဲ့ ပထမတန်းစားဆန်အိပ်များကို လှုဒါန်းခြင်းကတော့ အချိန်တန် အကျိုးပေးတဲ့အခါ စပါးခွံချွတ်ပြိး စင်ပြီး သန့်ပြီးမှ စိုက်ပျိုးလှုဒါန်းခဲ့တဲ့ မျိုးစပါးတွေဟာ အကျိုးတရားစည်ပင်ပေါက်ရောက်လာဦးမှာဖြစ်ပါကြောင်း ကံကံ၏အကျိုးကို တန်ဖိုးထားပြီး တင်ပြပေးလိုက်ရပါတယ် ။ 
                                                                        

                                                                                            (လင်္ကာအရှင်-မုံရွာ)၂၉,၂,၂၀၁