လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

သြကာသ ကန်တော့ချိုးမှ သိမှတ်ဖွယ်ရာရာ

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် လူငယ်တော်တော်များများက သြကာသ ကန်တော့ချိုးဖြင့်သာ ပုံမှန်ကန်တော့နေကြတာ ကန်တော့်ချိုးထဲမှာပါတဲ့ ပါဠိအဓိပ္ပါယ်တွေကို မသိကြဘူးဖြစ်နေကြတယ်။
ပါဠိအနက်အဓိပ္ပါယ်တွေကို သိရှိနားလည်ပြီးတော့ကန်တော့ရင် ပိုပြီးထိရောက်မှုရှိမှာပေါ့ဗျာ....
အဲ့ဒီရည်ရွယ်ချက်လေးနဲ့ ဒီပို့စ်လေးကို ရှာဖွေဖတ်မိရာရာထဲမှ ကူးယူဖော်ပြလိုက်ပါတယ်ခင်ဗျာ...
သကာသ ကန်တော့ချိုးမှ သိမှတ်ဖွယ်ရာရာ
"သြကာသ" ဟူသည်မှာ "ရှိခိုးပါရစေ၊ ခွင့်ပြုတော်မူပါ" ဟုဆိုသောစကား။ ပိုမိုလေးနက်စေရန် သုံးကြိမ်ရွတ်ဆိုသည်။
ကံသုံးပါးဟူသည်မှာ ကိုယ်ဖြင့် ပြုအပ်သော အမှု "ကာယကံ"၊ နှုတ်ဖြင့် ပြုအပ်သော အမှု "မနောကံ" နှင့် စိတ်ဖြင့်ပြုအပ်သော အမှု "၀စီကံ" ဟူသတည်း။
အပါယ်ဟူသည်မှာ "အပါယ" ဟူသော ပါဠိမှ ဆင်းသက်သည်။ အပါယ်လေးပါးဟူသည်ကား ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူသတတ်။

IPHONE ,IPAD,IPOD တွေမှာ မြန်မာလိုပေါ်အောင်.....ပြုပြင်နည်း




လိုအပ်ချက်များ

> Jailbroken iPhone ဖြစ်ရပါမယ်။
> Microsoft Word
>
iPhone Explorer (သို့ ) iFun Box

ဤနည်းလမ်းကို တင်ပြရာတွင် screen shot အနေန
င့် "iPhone Explorer" ကို အသုံးၿပဳသြားမာဖြစ်ပါတယ်။ "iFun Box" သုံးသူများ အတွက် File လမ်းကြောင်း အတူတူပင် ဖြစ်လို့ စိုးရိမ်စရာမရိပါ။

အဆင့် (၁)

ပထမဦးစွာ iPhone ကို USB အသုံးပြု၍ PC နှ
င့် ချိတ်ဆက်ပါ။

အဆင့် (၂)

iPhone Explorer (သို့ ) iFun Box ကို Run ပါ။

အဆင့် (၃)

iPhone Explorer ၏ ဘယ်ဘက် ကကော်လံရှိ
  "Root Directory" ကို ရွေးပြီး ညာဘက် ကော်လံရှိ "System"folder ကို ဖွင့်ပါ။

အဆင့် (၄)

"System" folder ထဲတွင် "Library"folder ကို တွေ့ ပါမယ်။ "Library" folder ကို ဖွင့်ပါ။

အဆင့် (၅)


"Library" folder တွင်းရ
ှိ CoreServices" folder ကို ထပ်ဖွင့်ပါ။

အဆင့် (၆)

"CoreServices" folder တွင်းမှ
 "SpringBoard.app" folder ကို ဖွင့်ပါ။

အဆင့် (၇)

"SpringBoard.app" folder ထဲမ
ှ  "English.lproj" folder ကို ထပ်မံဖွင်ပါ။

အဆင့် (၈)

"English.lproj" folder ထဲရ
ှိ  "SpringBoard.strings" file ကို Copy ကူးပြီး Desktop တွင် Paste လုပ်ပါ။
Desktop တွင် Paste လုပ်ထားသော ယင်း File ကိုပင် မပြင် အသေးခင် သီးသန့်  Folder တစ်ခုဆောက်ပြီး Backup အနေနဲ့  ထပ် Save ထားပါ။


အဆင့် (၉)

Desktop တွင်ရ
ှိ သော "SpringBoard.strings" file ကို Right click, Open with Microsoft Office Word ရွေးပြီး ဖွင့်ပါ။ Unicode ပြောင်းခိုင်းပါက "Ok" သာနှိပ်ပါ။

အဆင့် (၁၀)

 - ပထမဦးစွား Text များအားလုံးကို Select All (Ctrl+A) နဲ့ ရွေးပြီး Font ကို "Zawgyi-One" ပြောင်းလိုက်ပါ။


အဆင့် (၁၁)

စာသားများကို မြန်မာလို စိတ်ကြိုက်ပြောင်းရာတွင် = ၏ ညာဘက် " xxx " အတွင်းမ
ှာ စာသားများကိုသာ ပြင်ရပါမည်။
ဥပမာ။ ။ "AWAY_LOCK_LABEL" = "slide to unlock"; အတှကျ "AWAY_LOCK_LABEL" = "မိုးသိကြား"; ဟုသာ ပြောင်းလဲပါ။


အဆင့် (၁၂)

အားလုံး စိတ်ကြိုက် ပြောင်းပြီးပါက "Save" လုပ်ပါ pop up message တက်လာပါက "Yes" ကိုသာနှိပ်
ပါ။

အဆင့် (၁၃)

Desktop တွင်ရ
ှိ သော ပြင်ပြီးသား "SpringBoard.strings" file ကို iPhone Explorer တွင် ကူးယူခဲ့သော File လမ်းကြောင်း အတွင်းသို့  "Drag and Drop" ချပြီး copy လုပ်လိုက်ပါ။
File လမ်းကြောင်း အစ/အဆုံးမှာ
 " /System/Library/CoreServices/SpringBoard.app/English.lproj/ " ပဲဖြစ်ပါတယ်။

အဆင့် (၁၄)

iPhone ကို Reboot လုပ်ပါ။
ဖုန်းပြန်တက်လာပါက သင့်စိတ်ကြိုက် ပြုပြင်ထားသော မြန်မာစာသားလေးများနှင့်
 တွေ့ ရပါလိမ့်မယ်။

Icon အမည်လေးတွေကို့ မြန်မာလို ပြောင်းရန်...

Cydia -> Search တွင် Icon Renamer ဟုရိုက်ပြီး
 Install လုပ်ပါ။ Reboot လုပ်ပါ။

icon အမည်လေးတွေ ပြောင်းရန်အတွက် မိမိပြောင်းလိုသောApp icon ကို long press ဖိထားပါ။
icon လေးတွေ လ
ုပ်တုပ်လုပ်တုပ် ဖြစ်လာပါက နောက်တစ်ချက် ထပ်နှိပ်ပါလိုကျပါ ဒါဆိုရင် အမည်ပြောင်းဖို့  Box တက်လာပါလိမ့်မယ်။


အုန်းသီးနှင့်တူသော မိန်းမပျိုလေးများ



"မိန်းမ" ဆိုတာ တစ်ကယ်တော့ "အုန်းသီး" တစ်လုံးလိုပါပဲ… အထဲ ထဲက အသားကို စားရဖို့ အတွက် အဆင့်ဆင့် ဖြတ်တောက် ခုတ်ပိုင်းရပါတယ်။ ပထမဦးဆုံး အုန်းသီးစားချင်ပြီးဆို ရင်တော့ ဓားကောင်းကောင်း တစ်လက်တော့ လိုပြီပေါ့ဗျာ၊ ဘာလို့ လဲဆိုတော့ အပေါ်ခွံ ကနဲနဲမာတယ်လေ… ငှက်ပျောသီးကို အခွံနွှာ စားသလိုမျိုး မလွယ်ဘူးဗျ….ထားပါတော့ အရင်ဆုံးဓားသုံးပေါ့ ဗျာ… ပထမအဆင့် အခွံနွှာပြီးတော့ ဒုတိယ အဆင့် မှာတော့ လက် နဲနဲဝင်တယ် ခင်မျ… အုန်းသီးအမျှင်တွေလေ.. လက်အားများမသန်လို့ ကတော့ တော်တော်နဲ့  ပြီးမှာမဟုတ်ဘူး…ဆွဲဆွဲဖြဲရတာ…ပြီးပြီဆိုတာနဲ့  အချောသတ်ပေါ့ဗျာ.. အုန်းသီး ကို အချောသတ် အဆင့်ပေါ့.. ဒါကတော့နဲနဲလွယ်တယ်ခင်မျ.. ဓားနဲ့ ဟိုခြစ်ဒီခြစ်.. ပန်းပုထုသလိုပါပဲ… အချောသတ် ပြီးပြီဆိုတာနဲ့ သူ့ ညီမ မိညိုကို ထပ်သတ်ကျတာပေါ့ဗျာ……… အဲ.. မှားလို့ .. အဲလို အချောသတ်ပြီးပြီဆိုတာနဲ့  နောက်ဆုံအဆင့်ကတော့ ခွဲဖို့  ပေါ့ဗျာ.....။



ဒီအဆင့်မှာတော့ နဲနဲပညာသား ပါတယ်ခင်မျ…မခွဲတတ်လို့ကတော့လေ… အုန်းသီးက ထပ်ခြမ်းတော့ မကွဲဘူး… အစိတ်စိတ် အမွှာမွှာဖြစ်သွားမယ်… ခွဲတတ်ဖို့ တော့လိုတာပေါ့ ဗျာ..မခွဲတတ်ဘူးဆိုရင်လဲ ခွဲတတ်တဲ့ သူဆီသင်ပေါ့ဗျာ..ကျွန်တော့်ဆရာရှိတယ်..သူ့ ဆီ မှာသင်..ခွဲချင်တာနဲ့ စွပ်ဆပ်မခွဲနဲ့ အုန်း..အုန်းရေတွေ အလကား ဖြစ်ကုန်မယ်.. ခံဖို့ ခွပ် အရင်ရှာအုန်း…ခွပ်ရတော့မှ ခွဲ..အဲဒါမှအုန်းရေသောက်ရမှာ..မဟုတ်ရင် အလကားဖြစ် ကုန်မယ်…ပင်ပန်းရကျိုးမနပ်ဖြစ်သွားမယ်… ပြီးမှအုန်းသီးဖတ်လေးတွေကို နွှာစားကြပေါ့ ဗျာ..ရေငတ်လာရင် အုန်းရေလေးသောက်… ဘယ်လောက်အရသာရှိသလဲ.. ကောင်းမှ ကောင်းပဲ..
သတိ.. စားကောင်းတိုင်း စွပ်မစားနဲ့ အပူကန်မယ်၊ ချောင်းဆိုးမယ်၊ လည် ချောင်းနာမယ်…အုန်းသီး ခွဲဘူးပြီး… အုန်းသီးစားဘူးတဲ့  သူတိုင်းသိမှာပါ။
ထွေထွေထူးထူး ပြောစရာမရှိပါဘူး..အဲလိုပဲ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကိုရဖို့ ဆိုတာလဲမလွယ် ဘူးခင်မျ… အုန်းသီးခွာရသလို နဲနဲတော့ပင်ပန်းတယ် လက်ပေါက်ကပ်တယ်ပေါ့ဗျာ.. ဒါကလဲ ကိုယ်က ခွာနေကျ မဟုတ်တာလဲပါမှာပေါ့လေ.. အဲ. . ခွာနေကျဖြစ်တဲ့ အုန်းသီး ဆိုင်က ကောင်မျိုးတွေကျတော့လဲ မပြောတတ်ဘူး… ဟုတ်တယ်.. သူတို့ ကအုန်းသီးကို ငှက်ပျောသီးခွာသလို ခွာတာ.. အရမ်းမြန်တာ.. ဟော..တစ်လုံး..ဟော..တစ်လုံးပဲ… အင်းပေါ့လေ ဘယ်တတ်နိုင်မလဲ ကိုယ်ကအုန်းသီးစားချင်တာကို နဲနဲတော့ ပင်ပန်းမှာ ပေါ့.. ဒါပေမယ့်သတိတော့ထားရမယ်….နောက်ဆက်တွဲ အပူကန်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း တွေကိုလဲ ခံနိုင်ရည်ရှိရမယ်..ဒါမှ...အုန်းသီးတစ်လုံးရဲ့  အရသာကို သိမှာပေါ့…..။
အုန်းသီးရဲ့  အရသာနဲ့ ဆိုးကျိုးတွေပဲပြောနေတာ.. တစ်ကယ်တော့ဆိုးကျိုး ထက် ကောင်းကျိုးတွေက ပိုများပါတယ်…ဥပမာ မြန်မာရိုးရာ မုန့်တွေမှာအုန်းသီးမပါတဲ့  မုန့် မရှိသလောက်ပါပဲ..ရှိရင် Comment လေးပေးပါအုန်းဗျာ.. ပြောရရင်တော့ ပါလေရာ ငပိချက်ပေါ့ဗျာ..ဆိုလိုတာက သူမရှိလို့ မဖြစ်ဘူး အသုံးဝင်တယ် အသုံးတဲ့ တယ်ဆိုတဲ့ သဘောပါ။ပြီးတော့ အုန်းနို့ ခေါက်ဆွဲ၊ အုန်းဆီ၊အုန်းထမင်းပြီးတော့ အုန်းနို့ နဲ့ဓညင်းသီး အစရှိသဖြင့်ပေါ့… နောက်အများကြီးရှိပါသေးတယ်.. ရေးရင်လဲပြီးတော့မှာမဟုတ်တော့ဘူး… ကျွန်တော် ကတော့ အုန်းသီးဆိုရင် ရင့်ရင်မကြိုက်ဘူးခင်မျ.. ဇွန်းခြစ်ပဲကြိုက်တယ်… ဟီဟီ… အရည် ကလဲချိုတယ်.. အဖတ်ကလဲနုတယ်လေ.. အရမ်းအရသာရှိတာ… ခင်များတို့လဲစားဘူးပါတယ်ဗျာ…အရသာရှိတယ်… ဟုတ်တယ်ဟုတ်… ပြီးတော့ အခွံလည်းနွှာစရာ မလိုဘူး..ဓားနဲ့ တစ်ချက်တဲ တိလိုက်ရုံပဲ…ဟီဟီ.. တစ်အားအဆင်ပြေတယ်… ပြောမယ့်သာပြောရတာပါ.. လူတစ်ကိုယ် အကြိုက်တစ်မျိုးပဲဟာကို ကိုယ်ကြိုက်တာကို စားကျပေါ့.. အုန်းသီးအကြောင်းပြောနေတာနဲ့ လိုရင်းကိုမရောက်တော့ဘူး.....။
ပြောချင်တာက ဒီလိုဗျ… မိန်းကလေးတွေရဲ့ အချစ်ကိုရဖို့ ဆိုတာ မလွယ်ဘူးဆိုတဲ့ သဘောပါ.. သူတို့ ရဲ့ အပြင်ပန်းက ဘယ်လောက်ပဲမာကျောနေပါစေ.သူတို့ ရဲ့ နှလုံးသား ကတော့ အုန်းသီး ဆံလေးတွေလိုဖြူစင်ပြီး၊ အုန်းရေလို့ အေးမြပါတယ်ဗျာ.. ယောက်ကျား လေးများနဲ့ အနေနဲ့ အုန်းသီးစားပြီး အုန်းရေ သောက်ချင်ရင် နဲနဲတော့ ပင်ပန်းခံရမှာပေါ့ဗျာ ကိုယ်ကဖြူစင်တဲ့ နှလုံးသားနဲ့ အေးမြတဲ့ မေတ္တာရေ ကြည် ကို လိုချင်တယ်ဆိုရင်ပေါ့နော်။

ကျွန်တော်လိုလွယ်လွယ်ကူကူစားလို့ ရတဲ့ ဇွန်းခြစ်ကိုတော့ရှောင်ပေါ့ဗျာ.. ဒါပေမယ့်.. ဟီဟီ…စားလို့ တော့ ကောင်းတယ်နော်… အလကား အတည်ပါ.. နောက်တာပါ… ဒါတောင်အုန်းသီးစားချင်လို့ ဓားနဲ့ စပြီးခွဲတဲ့ အဆင့်ပဲ ရှိသေးတယ်.. အုန်းပင်ပေါ်မတက်ခိုင်းသေးဘူး.. တက်များ တက်ခိုင်းလို့ ကတော့…ဟီဟီ…ပြောတတ်တော့ဘူးဗျာ… တက်ချင်တဲ့ သူကတော့ တက်မှာပေါ့..ကျွန်တော်ကတော့ မတက်တော့ပါဘူး… ရသေ့စိတ်ဖြေနဲ့ ပဲနေတော့မယ်… ကုသိုလ်ကံ ကောင်းရင်တော့ အုန်းပင်လဲတက်စရာ မလိုပါဘူး..အုန်းသီးလဲခွဲစရာ မလိုပါဘူး.. အဆင်သင့်လာကျွေးမယ့်သူ ရှိမှာပါဗျာ… ဒါပေမယ့်လဲ အဲဒါတော်တော်လေးကို ကံထူးတဲ့ သူပဲဖြစ်မှာပါ… ကျွန်တော်လဲ အဲဒီ အထဲပါမယ်ထင်တာပဲ..အခုထိတော့ ဘယ်သူမှ လာမကျွေးကျသေးဘူး.. ဟီဟီ.. ရေးတာလဲ တော်တော်ရှည်သွားပြီ..ဆက်ရေးရင်လဲ ဖတ်တဲ့ သူငယ်ချင်းတွေက ရှည် တယ်ဆိုပြီး မေတ္တာပို့ မှာလဲစိုးရသေးတယ်…တော်ပြီနော်..လောက်ပဲ…သူငယ်ချင်းများ အားလုံး အုန်းသီးနဲ့  အုန်းရေ စားနိုင်သောက်နိုင်ကြပါစေ… လို့ ဆုတောင်းရင်း…..


ခရမ်းချဉ်သီးစားသုံးခြင်းရဲ့အကျိုးကျေးဇူးများ



ကျွန်တော်သူငယ်ချင်းတို့ကို ခရမ်းချဉ်သီးစားသုံးခြင်းရဲ့အကျိုးကျေးဇူးများကိုပြန်လည်မျှဝေပေးချင်ပါတယ်

ကျန်းမာရေးရာ

ခရမ်းချဉ်သီးကို ဆေးလိပ်သောက်တဲ့သူတွေ အမြဲစားသုံးပေးသင့်ပါတယ်။ ခရမ်းချဉ်သီးဟာ ဆေးလိပ်ကြောင့် ဖြစ်ရတဲ့ ကိုယ်တွင်းဆုံးရှုံးမှုများ၊ ဘေးဘယာများကို နည်းပါးပျောက်ကင်းအောင် စွမ်းဆောင်ပေးပါတယ်။ ခရမ်းချဉ်သီးထဲက ခလိုရိုဂျင်နင် (Chrologenic) နဲ့ ကူမာအစ် (Coumaric) အက်ဆစ်ဟာ အဆုတ်ကို ထိခိုက်ပျက်စီးမယ့် ဘေးကနေ ကာကွယ်ပေးပါတယ်။

ဒါ့အပြင် ခရမ်းချဉ်သီးမှာ ခရိုမီယမ် သတ္တုဓာတ်တွေ အများအပြား ပါဝင်တာမို့ ဆီးချို မဖြစ်အောင် ထိန်းညှိပေးပါတယ်။ ခရမ်းချဉ်သီးထဲက ဗီတာမင်အေဓာတ်ကြောင့် မျက်လုံးအမြင်အာရုံကိုလည်း တိုးတက် ကောင်းမွန်စေပါတယ်။ မျက်လုံးအရောင် မကြည်တာကအစ ညဘက်အမြင် အာရုံအားနည်းတာတွေကိုပါ ပိုပြီး တိုးတက် ကောင်းမွန်လာစေပါတယ်။

ခရမ်းချဉ်သီးထဲက ဗီတာမင်ဘီနဲ့ ပိုတက်စီယမ်ဓာတ်ဟာ သွေးပေါင်ချိန်နဲ့ ကိုလက်စထရော အနေအထားကို ထိန်းညှိပေးပါတယ်။ ဒါကြောင့် နှလုံးရုတ်တရက်လေရိုက်ခြင်း၊ လေဖြတ်ခြင်းများ ကိုလည်း ကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီးဟာ ကင်ဆာရောဂါ အတော်များများကို နှိမ်နှင်းနိုင်စွမ်း ရှိပါတယ်။

လေ့လာတွေ့ရှိချက် ၇၂ ခုအရ ခရမ်းချဉ်သီးကို အစိမ်းလိုက်၊ ချက်ပြုတ်ပြီးစားတဲ့သူရော၊ ခရမ်းချဉ်သီးနဲ့ ပြုလုပ်ထားတဲ့စားသောက်ကုန်များကို စားသုံးတဲ့သူတွေဟာ ကင်ဆာ ရောဂါတွေနဲ့ ပတ်သက်ပြီး အတော်လေးကို နှိမ်နှင်းကာကွယ်နိုင်စွမ်းရှိကြတာကို တွေ့ရှိရပါတယ်။ အဲဒီ့ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ အစွမ်းဟာ ခရမ်းချဉ်သီးထဲက Lycopene ဓာတ်ပေါ်မူတည်နေပါတယ်။ အဲဒီ့ဓာတ်ဟာ ခရမ်းချဉ်သီးကို နီရဲအောင် လုပ်ပေးတဲ့ဓာတ်ပဲဖြစ်ပါတယ်။

အစာအိမ်ကင်ဆာဆဲလ်တွေကို သတ်ပစ်နိုင်ပါတယ်။ အထူးသဖြင့် ခရမ်းချဉ်သီးကို အစိမ်းထက်ချက်ပြုတ်ပြီး စားသုံးတာဟာ Lycopene ဓာတ်တွေ ပိုပြီး ထုတ်လုပ်ပေးတာကို တွေ့ရှိရပါတယ်။ လိုင်ကိုပိန်းဟာ ကင်ဆာရောဂါတွေကို သာမက အရည်ပြားအတွက် အန္တရာယ်ရှိစေတဲ့ရောင်ခြည်တွေကိုလည်း ကာကွယ်ပေးထားပါတယ်။ နောက်ပြီး ယောက်ျားလေးမျိုးဆက် ပြန့်ပွားခြင်းကို အထောက်အပံ့ ပေးပါတယ်။ သိသိသာသာ အစွမ်းပြတဲ့အချက်ကတော့ အဆုတ်နဲ့ အစာအိမ်ဘေးကင်းကျန်းမာစေဖို့ ကောင်းကောင်း အထောက်အကူ ပြုပေးပါတယ်။



အလှအပရေးရာ

ပါးနုသွေး၊ နီမြန်းစေချင်ရင်
တချို့ပျိုလေးတွေရဲ့ ပါးလေးတွေဟာ နီးမြန်းပြီး နှင်းဆီရောင် သမ်းနေတတ်ပါတယ်။ ဒီလိုမျိုး ဖြစ်ချင်ရင် ခရမ်းချဉ်သီးကို များများစားပေးပါ။ ပါးပြင်ကို ပန်းနုရောင် သမ်းရုံမျှမက အသားရည်ကို ရွှန်းစိုဝင်းလဲ့စေပါတယ်။ ခရမ်းချဉ်သီးကို ဒီအတိုင်း စားပေးရင် ပါးပြင် ပန်းနုရောင်သန်းရုံမျှမက မျက်လုံး၊ သွား၊ အရည်ပြားတွေပါ ကောင်းမွန်စေပါတယ်။



မျက်နှာသန့်စင်စေချင်ရင်
အိပ်ရာမဝင်ခင်နဲ့ အိပ်ရာထပြီး ဆယ်ငါးမိနစ်၊ စုစုပေါင်း တစ်နေ့ကို မိနစ် ၃၀ လောက် အချိန်ပေးရင် ရပါပြီ။ အိပ်ရာမဝင်ခင်မှာ မျက်နှာကို ခရမ်းချဉ်သီးတစ်ဝက်နဲ့ (တစ်လုံးကို လှီးပြီး) မျက်နှာကို ပွတ်သပ်ပေးပါ။ လည်ပင်းတစ်ဝိုက်နေရာတွေကိုပါ ပွတ်ပေးပါ။ ပြီးရင်တော့ ဆယ်ငါးမိနစ်ခန့်ထားပြီး ရေနဲ့ ပြန်ဆေးပေးပါ။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လုပ်ပေးပါ။ မျက်နှာကို သန့်စင်ဝင်းပစေပါတယ်။



အဆီပြန်သော အသားအရေအတွက်
ပျားရည်နဲ့ ခရမ်းချဉ်သီးဟာ အဆီပြန်တဲ့ အသားအရည်အတွက် အရမ်းကို ဆေးဖက်ဝင်တဲ့ ပစ္စည်းများပဲ ဖြစ်ပါတယ်။ ပျားရည်တစ်ဇွန်း(လက်ဖက်ရည်ဇွန်း) နဲ့ ခရမ်းချဉ်သီး အလတ်စား အရွယ်တစ်လုံးကို ယူပြီးရောစပ်ချေနှယ်ပေးပါ။ ပြီးရင် အဲဒီ့ ပျားရည်ရော ခရမ်းချဉ်သီးရည်ကို မျက်လုံးကလွဲပြီး မျက်နှာအပြင် အနှံ့လိမ်းပေးပါ။ လိမ်းပြီး အသားထဲ စိမ့်ဝင်သွားအောင် ၁၅ မိနစ်ခန့် စောင့်ဆိုင်းပေးပါ။ ၁၅ မိနစ်ပြည့်မှ ရေနဲ့ ပြန်ဆေးပေးပါ။ နှစ်ပတ်လောက် လုပ်ကြည့်တာနဲ့ သိသာလာပါလိမ့်မယ်။ ဒါပေမယ့် ခရမ်းချဉ်သီးနဲ့ ဓာတ်မတည့်တဲ့ သူများအနေနဲ့တော့ မသုံးပါနဲ့။



ရေနွေးပူလောင်ခြင်းနှင့် ဝက်ခြံ
ရေနွေးပူလောင်လို့ ဘေးနားမှာတစ်ခုခုနဲ့ သက်သာအောင် လုပ်စရာပစ္စည်း၊ ဆေးဝါးမရှိရင် ခရမ်းချဉ်သီးနဲ့ အုပ်ထားပေးပါ။ အပူသက်သာစေပါတယ်။ အမြန်ဆုံး သက်သာ ပျောက်ကင်း စေပါတယ်။ ဝက်ခြံကိုလည်း ပြေလျော့စေပါတယ်။



ဆံပင်အနံ့ဆိုးခြင်း
တစ်ခါတစ်လေ ကိုယ့်ခေါင်းက ဆံပင်ရဲ့ အနံ့ဟာ ဆိုးရွားနေတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ခရမ်းချဉ်သီးအရည်နဲ့ ခေါင်းကို လိမ်းပြီး မိနစ်ငါးဆယ်လောက်ထားပြီး ရေနဲ့ ပြန်လျှော်လိုက်ရင် အနံ့အသက်လည်း ကင်းပြီး ဒက်တွေပါ ပျောက်ကင်းသွားစေပါတယ်။ နောက်ပြီး ဗီတာမင်အေ ပါဝင်တာမို့ ဆံသားကို တောက်ပြောက်သန်မာစေပါတယ်။





ကိုယ်အလေးချိန်လျော့ကျစေဖို့ အတွက် စားသင့်တဲ့ အစားအသောက်တွေကို သုတေသီတွေက လေ့လာ ဖော်ထုတ်ခဲ့ကြပေမယ့်. . တကယ်တမ်းမှာတော့ ထိထိရောက်ရောက် အသုံးဝင်တဲ့ အစားအသောက်ဆိုတာ ရှားပါတယ်. . . ဒါပေမယ့် . . . အဲဒီအစားအစာတွေထဲမှာ ခရမ်းချဉ်သီး စားပေးတာက ကိုယ်ခန္ဓာသွယ်လျဖို့ အတွက် တကယ်ကို ထိရောက် အသုံးဝင်ပါတယ်. .

* ခရမ်းချဉ်သီးဟာ ဗိုက်ပြည့်စေပြီး သရေစာ စားချင်စိတ်ကို ချိုးနှိမ်ပေးပါတယ်..

* ခရမ်းချဉ်သီးမှာ အစာ စားချင်စိတ် ဖြစ်စေတဲ့ ဟော်မုန်းကို ပြောင်းလဲစေတဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်.

* အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား အမျိုးသမီးတွေကို လေ့လာမှုအရ ခရမ်းချဉ်သီး ညှပ်ထားတဲ့ ပေါင်မုန့်စားသူတွေဟာ. . . ခရမ်းချဉ်သီး မပါတဲ့ ပေါင်မုန့်စားသူတွေထက် စိတ်ကျေနပ်မှု ပိုရကာ နောက်ထပ် အစာစားချင်စိတ်လျော့နည်းသွားကြောင်း လေ့လာ တွေ့ရှိရပါတယ်.

* တခြား လေ့လာ မှုတစ်ခုအရ ခရမ်းချဉ်သီးမျာ အစာ စားချင်စိတ်ကို ထိန်းချုပ်ထားတဲ့ ဟော်မုန်း Ghrelin ပမာဏာကို ပြောင်းလဲစေတဲ့ အာနိသင်ပါဝင်ကြောင်း သိရပါတယ်. . .

* ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ လိုင်ကိုပင်းဓာတ်ကလည်း ကင်ဆာလျော့ကျစေခြင်း ၊ မျိုးပွား နိုင်စွမ်းအားကောင်းခြင်း စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေရရှိစေပါတယ်.

* ခရမ်းချဉ်သီးမှာ ဗီတာမင်စီ ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် အနာကျက်နှုန်း မြန်စေခြင်းနှင့် ခန္ဓာကိုယ်မှာ သံဓာတ်စုပ်ယူအားကောင်း ခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိစေပါတယ်. .

ဒါကြောင့် ခရမ်းချဉ်သီးကို ကိုယ်ခန္ဓာ သွယ်လျလှပစေဖို့အတွက် စားပေးပါက တခြား ကျန်းမာရေး အကျိုးရလာဒ်ကောင်းတွေကိုပါ. . ရရှိနိုင်မှာ ဖြစ်ပါတယ်. .



တစ်ပတ် အတွင်း ခရမ်းချဉ်သီး ခုနစ်ကြိမ် စားသုံးသူ သည် ဆီးကျိတ် ကင်ဆာ ဖြစ်နှုန်းကို ၅၀ ရာခိုင်နှုန်း အထိ လျော့ချ စေနိုင်ပြီး ဆယ်ကြိမ်အထက်စား သူများဖြစ်ပါက ဆီးကျိတ်ကင်ဆာမှ လွတ် ကင်းနိုင်သည်ဟု သုတေသီတချို့က ဆိုသည်။ ခရမ်းချဉ်သီးတွင် ပေါပေါများများ ပါဝင်သည့် လိုင်ကော်ပင်းဓာတ် (Lycopene) သည် ကင်ဆာရောဂါများကို ကာကွယ်တိုက်ဖျက်ရာတွင် အားပြင်း သော ဓာတ်တိုးဆန့်ကျင်ပစ္စည်း Antioxidant ဖြစ်သောကြောင့် ခန္ဓာကိုယ်ရှိ ဆဲလ်များကို ကင်ဆာမကူးစက်အောင်နှင့် မပြောင်းလဲ မပျံ့နှံ့အောင်ကာကွယ်ပေး သည်ဟုဆိုသည်။ Antioxidant သည် အထူးသဖြင့် ဆီးကျိတ်ကင်ဆာ၊ ဆီးအိမ် ကင်ဆာ၊ သားအိမ်ကင်ဆာနှင့် ကင်ဆာ ဖြစ်မည့် အမြုတေများကို တားဆီးပယ် ဖျက်ပေးနိုင်သည်။
Lycopene ဓာတ်သည် Heart Attack နှလုံးရပ်ဆိုင်းခြင်းကို ကာကွယ် တားဆီးပေးနိုင်ပြီး အူမကြီးကင်ဆာနှင့် လေဖြတ်ခြင်းကိုလည်း တားဆီးနိုင်သည် ဟုဆိုကြသည်။Lutein နှင့် Zeaxanthin ဓာတ်များပါဝင်ခြင်းကြောင့် မျက်စိ အမြင်ကို ကောင်းမွန်ကြည်လင်စေနိုင် ကြောင်း သုတေသီများက ပြောသည်။ ခရမ်းချဉ်သီးတွင် ဗီတာမင်ဘီဓာတ်၊ ဗီတာမင်စီ၊ မကောင်းသော LDL အဆီ ဓာတ်များကို ဖယ်ရှားပေးနိုင်သော HDL ကောင်းသောကိုလက်စထရောဓာတ်၊ ကျန်းမာရေးနှင့် ခန္ဓာကိုယ်တည်ဆောက် ရေးတွင် အရေးပါသော ဆိုဒီယမ်နှင့် ပိုတက်ဆီယမ်ဓာတ်၊ သွေးနီဥထုတ်ပေးရာ တွင် မရှိမဖြစ်လိုအပ်သော ဖိုလစ်အက် ဆစ်ဓာတ်က ကလေးငယ်များ ကြီးထွား ဖွံ့ဖြိုးစေရန် မီးယပ်သွေးဆုံးပြီး အမျိုးသမီး များ အရိုးပါးခြင်း၊ အရိုးဆက်ခြင်းမှ ကာ ကွယ်ပေးနိုင်သည့် ကယ်လ်ဆီယမ်ဓာတ်၊ အမျိုးသမီးများ အထူးလိုအပ်သည့် သံ ဓာတ်၊ သက်ကြီးရွယ်အိုနှင့် နှလုံးခုန်မမှန် သူများအတွက် လိုအပ်သည့် မဂ္ဂနီစီယမ် ဓာတ်များလည်း ပါဝင်ကြောင်း သိရသည်။ ထို့ကြောင့် ခရမ်းချဉ်သီးကို အစိမ်း စားခြင်း၊ ချက်ပြုတ်စားခြင်း၊ ခရမ်းချဉ်သီး ဆော့စ်ပြုလုပ်စားခြင်းဖြင့် အာဟာရမျိုးစုံ ရရှိနိုင်မည်ဖြစ်သည်။

မှတ်သားစရာလေးတွေ























ငှက်ပျောသီးရဲ့အကျိုးကျေးဇူးနှင့်သင့်ကို အန္တရာယ်ပေးမည့် မုန့်ပဲသရေစာများ


ပျိုမေတို့ လက်ရှိသုံးနေတဲ့ အလှကုန်တွေအများစု ငှက်ပျောသီးနဲ့ ပြုလုပ်ထားတဲ့ အလှကုန်တွေပဲ ဖြစ်ပါတယ်။ ငှက်ပျောသီးဟာ အသားအရေ အတွက် အကျိုးရှိစေတာမို့ ဝက်ခြံပျောက်အလှကုန်တွေမှာ များသော အားဖြင့်သုံးပြုကြပါတယ်။ ဒါ့အပြင်ဆံကေသာ အတွက် လည်း နူးညံ့ခြင်း၊ နှစ်ခွဖြစ်ခြင်းများကို တားဆီးပေးတာမို့ ဆံကေသာ အလှကုန် ပစ္စည်းတွေမှာလည်း ထည့်သွင်းအသုံးပြုကြပါတယ်။ဒါကြောင့်ငှက်ပျောသီးဟာပျိုမေတို့ရဲ့မိတ်ဆွေကောင်းတစ်ယောက်ဆိုရင် မမှားပါဘူး။ ငှက်ပျောသီးရဲ့ အစွမ်းတွေဟာ ကျန်ရှိနေသေးတာမို့ ဖော်ပြလိုက်ပါတယ်။ စိတ်ဖိစီးမှု

ထရိုင်တိုဖန်နဲ့ အမီနိုအက်ဆစ်တွေပါဝင်တဲ့ အတွက် စိတ်ဖိစီးမှုကို သက်သာရာရစေပြီး လူကို လန်းဆန်းစေပါတယ်။ ပိုတက်ဆီ ယမ်ဓာတ် အများအပြားပါဝင်တဲ့အတွက်ကြောင့်လည်း နှလုံးခုန်နှုန်းကို ပုံမှန် ဖြစ်စေပြီးခန္ဓာကိုယ်ရဲ့ ရေဓာတ်ပါဝင်မှု အနေအထားကို ဟန်ချက်ညီအောင် ညှိပေးပါတယ်။ လူတစ်ယောက်ဟာ စိတ်ဖိစီးမှု ဖြစ်လာရင် ပိုတတ်ဆီယမ်ဓာတ်တွေဟာ လျှော့နည်းသွားပါတယ်။ ငှက်ပျောသီးမှာ ပိုတတ်ဆီယမ်ဓာတ်တွေအများအပြားပါဝင်တဲ့အတွက် လိုအပ်နေတဲ့ ဓာတ်ကို ဖြည့်တင်းပေးပါတယ်။ ဒါ့ပြင် ဦးနှောက်ဥာဏ်ရည်ကိုလည်း ထက်မြက်စေပါတယ်။ဒါကြောင့်စာမေးပွဲဖြေခါနီးကျရင်ငှက်ပျောသီးစားပေးတာဟာကျောင်းသားတွေအတွက် ကျက်ထားတဲ့ စာတွေ မမေ့ မလျှော့စေတော့ပါဘူး။

အမြင်အာရုံ


တစ်နေ့ကို သစ်သီးသုံးမျိုး နေ့စဉ်စားသုံးလာတဲ့သူဟာ အသက်အရွယ်ကြီးလာရင် အမြင်အာရုံချို့ယွင်းမှု နည်းပါးတယ်လို့ သုတေသန တစ်ခုက ဆိုထားပါတယ်။ တခြားလူကြီးရောဂါများကိုလည်း ကာကွယ်ပေးပါတယ်။

ပျို့အန်ခြင်း


အစာ(နေ့လည်စာ၊ မနက်စာ၊ ညစာ) စားပြီး သွားရည်စာအဖြစ် ငှက်ပျောသီးကို စားပေးတာဟာ ပျို့အန်ခြင်းကို တားဆီးပေးနိုင် ပါတယ်။

ဆေးလိပ်သောက်ခြင်း


ဆေးလိပ်ဖြတ်မယ်ဆိုရင် ငှက်ပျောသီးစားပေးပါ။ ငှက်ပျောသီးဟာ ဆေးလိပ်ဖြတ်တဲ့နေရာမှာ အထောက်အကူပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗီတာမင် B6၊ B12 တို့ပါဝင်ပြီး ပိုတတ်ဆီယမ်နဲ့မဂ္ဂနီဆီယမ်ဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်တဲ့အတွက် နီကိုတင်းကြောင့် ဆုံးရှုံးသွားတာတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

ခြင်အန္တရာယ်
ယင်ဖိုတောင် မသန်းဖူးတဲ့ ပျိုမေတွေအတွက် ခြင်မ(သွေးစုပ်သော ခြင်သည်အမသာရှိ) ရန်ကြောင့် အဖုအပိတ် ထွက်လာခဲ့ရင် ငှက်ပျောသီး အခွံနဲ့ ပွတ်သပ်ပေးရင် ယားယံတာ၊ အဖုအပိတ်ထွက်တာတွေပျောက်ကင်းနိုင်ပါတယ်။


လေဖြတ်ခြင်း
နယူးအင်္ဂလန်ဆေးပညာဂျာနယ်ကပြုလုပ်တဲ့ သုတေသနတစ်ခုအရ ငှက်ပျောသီး စားသုံးခြင်းဟာ လေဖြတ်ခြင်းကို ကောင်းစွာ ကာကွယ်နိုင်ကြောင်း တွေ့ရှိထားပါတယ်။

အီဂျစ်နဲ့ ရောမလူမျိုးများရဲ့ လျှို့ဝှက်ချက်

အီဂျစ်နဲ့ ရောမလူမျိုးများဟာ သူတို့ရဲ့ အလှအပဆိုင်ရာ နည်းပညာတွေထဲမှာ ငှက်ပျောသီးအသုံးလည်း ပါပါတယ်။ ငှက်ပျောသီးထဲမှာ အမီနို အက်ဆစ်ပါဝင်ကြောင်း အထက်မှာ ဖော်ပြပြီးသွားပါပြီ။ အမီနို အက်ဆစ်ဟာအသားအရေနဲ့ ဆံကေသာအတွက် အရမ်းအကျိုး ရှိစေပါတယ်။ ဆံသားကို ပျော့ပြောင်းစေပြီး ဗီတာမင်အေ၊ ဘီ၊ စီ တို့လည်း ပါဝင်တဲ့အတွက် ဆံပင်နှစ်ခွ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ငှက်ပျောသီး သက်သက်ကို အခွံခွာပြီး ဆံပင်ကို ပွတ်ပေးပါ။ ပြီးရင် ခဏစောင့်ပြီးမှ ရေနဲ့ ပြန်လျှော်ပေးပါ။ Conditioner သုံးစရာမ လိုအောင် ဆံပင်ဟာ တောက်ပြောင်၊ နူးညံ့ ရွှန်းစိုစေပါတယ်။

အရေပြားအတွက်
ငှက်ပျောသီးအခွံ သက်သက်ကို အရေပြားပေါ်တွင် ပွတ်သပ်လိမ်းပေးခြင်းဟာလည်း အရေပြားအတွက် ကောင်းစေပါတယ်။ ဝက်ခြံရှိတယ်ဆိုရင် မျက်နှာကို ငှက်ပျောသီးအခွံနဲ့ပွတ်ပေးပါ။ ခဏတာအတွင်း ဝက်ခြံတွေပျောက်ကင်းသွားပါလိမ့်မယ်။ ငှက်ပျောသီးကို ချေပြီး မျက်နှာကို လိမ်းချေပေးပါ။ ပြီးရင် ၁၀- ၁၅ မိနစ်လောက်စောင့်ပြီး ရေနဲ့ ပြန်သစ်ပေးပါ။ အချိန်မှန်မှန်လုပ်ပေးလာတာနဲ့အမျှအသား အရေကို ဝင်းပလာစေပါတယ်။မျက်နှာပေါ်က အညစ်အကြေးတွေ ကင်းစင်စေပါတယ်။ အမာရွတ်တွေ ပျောက်စေပါတယ်။ကြွက်နို့ကို သတ်တဲ့အခါမှာလည်း သုံးနိုင်ပါသေးတယ်။ ငှက်ပျောသီး အတွင်းသားနဲ့ ကြွက်နို့ကို ဖုံးပေးပြီးသတ်နိုင်ပါတယ်။ထောပတ်သီး တစ်လုံး၊ ငှက်ပျောသီး တစ်လုံး၊ နွားနို့စစ်စစ် ၂ ဇွန်း နဲ့ ဗီတာမင် အီးအဆီ ၂ ဇွန်းတို့ကို ယူပါ။ ထောပတ်သီးနဲ့ ငှက်ပျောသီးကိုချေပြီး သမအောင် နယ်ပေးပါ။ ပြီးမှ နွားနို့ကို ထည့်ပေးပါ။
ပြီးရင် အဲဒီ့အရည်ကို မျက်နှာနဲ့ အသားအရေအတွက် လိမ်းပေးပါ။ ဆယ်မိနစ်လောက် အခြောက် ခံပြီးမှ ပြန်ပြီးရေနဲ့ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ ကောင်းကျိုးတွေကတော့ အရည်ပြားကို နူးညံ့ရွှန်းစိုစေပါတယ်။


ကလေးများအတွက်


ငှက်ပျောသီးဟာ ပျိုမေတို့အတွက်သာမက ကလေးသူငယ်အတွက်ပါ အကျိုးရှိစေတဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။ အစာအလွယ် တကူချေဖျက်စေနိုင်ပြီး အဆီလည်း မပါတဲ့အတွက် ကလေးတွေနဲ့ လိုက်ဖက်တဲ့အစားအစာမျိုး ဖြစ်ပါတယ်။ ငှက်ပျောသီးနဲ့ မတည့်တဲ့ ကလေး ရှားပါတယ်။ နောက်ပြီး ခန္ဓာကိုယ် ကြီးထွားစေဖို့အတွက်လည်း ငှက်ပျောသီးဟာ လိုအပ်တဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။ အဆုံးသတ်ပြောရရင်ပျိုမေတို့အတွက် ငှက်ပျောသီးဟာ အသားအရေအတွက်ရော၊ ဆံပင်အတွက် သာမက ကိုယ်တွင်း ကျန်းမာရေးနဲ့ နောင်ရေးအာရောပျံအတွက်ပါ အကျိုးရှိစေတာမို့ အစာလည်းဆေး၊ ဆေးလည်း အစာအဖြစ် သုံးဆောင်ရင်းလှသထက် လှနိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။





သင့်ကို အန္တရာယ်ပေးမည့် မုန့်ပဲသရေစာများ

အာဟာရတန်ဖိုးမရှိဘဲ အလွယ်တကူပြင်ဆင်ပြီး ရောင်းချတဲ့အစားအစာတွေကို Junk food လို့ခေါ်ပါတယ်။ ဒီနေ့ခေတ်မှာ Junk food-တွေဟာ အလွန်ကိုပေါများပြီး အလွယ်တကူရနိုင်တဲ့အတွက် မကြာခဏဆိုသလိုစားမိတတ်ကြပါတယ်။ Junk food-တွေဟာ အရသာလည်းရှိပြီး အပြင်အဆင်ထုပ်ပိုးပုံတွေနဲ့ ရောင်းချတဲ့ဆိုင်တွေကလည်း လှပခေတ်မီတဲ့အတွက် ဒီနေ့ခေတ်လူငယ်တွေ အကြားမှာ Junk food-တွေ စားသုံးတာ Junk food-ရောင်းတဲ့ဆိုင်တွေမှာ ထိုင်တာမျိုးတွေဟာ ဒီနေ့ခေတ်ရဲ့ စတိုင်လ်တခုလို တောင် ဖြစ်နေပါတယ်။

အချိုရည်၊ ဒိုးနတ်မုန့်၊ ကိတ်မုန့်၊ ဟမ်ဘာဂါ၊ ဟော့ဒေါ့၊ ပီဇာ၊ ဘီစကွတ်၊ အာလူးကြော်၊ ရေခဲမုန့်၊ ရေခဲချောင်း စတဲ့ အမြန်စာတွေဟာ Junk food-တွေ ဖြစ်ပါတယ်။ ဒီမုန့်ပဲသရေစာတွေဟာ အာဟာရတန်ဖိုး မရှိရုံသာမက အမြဲစားနေရင် ရေရှည်မှာ သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ Junk food-တွေမှာ အဆီ၊ ဆားနဲ့ သကြားတွေ အများအပြားပါဝင်တဲ့အတွက်ကြောင့် အရာသာရှိနေတာဖြစ်ပြီး သင့်ကျန်းမာရေး အတွက်တော့အန္တရာယ်ပေးနိုင်တဲ့ အရာတွေပါ။

အိပ်နေကြတော့မှာလား

“မြန်မာတွေ အသိနည်းတယ်။ဘာဝယ်ဝယ် ကိုယ့်လူမျိုး ကိုယ့်ဘာသာ အားပေးသင့်တယ် ဆိုတာ မေ့နေပုံ ရတယ်။ ကြုံသလိုဝယ်ကြတာပဲ”။ “ဘာသာခြားတစ်ယောက်က ကားကိုတားတယ်။ ဈေးတည့်ပြီးမှ သူတို့ ဘာသာဝင်ကားလည်း မြင်ရော ဒီကကားကို ထားခဲ့ပြီး ဟိုကားကို ဈေးမမေးဘဲ လိုက်သွားတယ်။” အိမ်ထောင်ပြုတဲ့ နေရာမှာ ဘာသာနဲ့လူမျိုး ကွဲပြားသူကိုတော့ ရှောင်ကြ။
“ဟိုက ချစ်မြတ်နိုး၍ ယူသည်ဆိုလျှင် ခံသာသေးတယ်။ မိမိကို မျိုးပွားကိရိယာ သဘောမျိုး စီးမံကိန်းနှင့် ယူခဲ့လျှင်ကား မစဉ်းစား ရဲစရာ၊ အနစ်နာကြီး နစ်နာပေတော့မည်။””ဘာသာရေး ကိုယ်ခံကောင်းဖို့ လို၏။ သို့မဟုတ်ပါက သူများဘာသာ၏ ဝါးမျိုမှုကို ခံရပေလိမ့်မည်။ ထိုအခါ ပစ္စုပ္ပန် သံသရာ အနစ်နာကြီး နစ်နာ ရပေလိမ့်မည်။ ဘာသာခြား လူမျိုးခြားနှင့် ပေါက်ဖွားလာသော မိမိ၏ ရင်သွေးများလည်း (ဘုတ်မဟုတ်) (ကျီးမမည်) ဖြစ်ရပေတော့မည်။ ဤအရေးတို့ကို သက်ဆိုင်ရာ မိဘ အုပ်ထိန်းသူများက ကြိုတင် ပညာပေး ထားသင့်သည်။ ပေါ့ပေါ့ဆဆ မနေသင့်သော အရေးတကြီး ကိစ္စအဖြစ် နားလည်သဘောပေါက်ထား သင့်သည်။”
“အားလုံးသိကြတဲ့အတိုင်း ပိဋကတ်သုံးပုံလုံး အောင်မြင်တော်မူခဲ့တဲ့ တိပိဋကဆရာတော် မင်းကွန်းဆရာ တော်ဘုရားကြီးက မိန့်ဖူးပါတယ်။ ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင်က အမြတ် (၁၀)ကျပ် ယူတယ်။ ဘာသာခြားဆိုင်က အမြတ်ငွေ (၂)ကျပ် ယူတယ်ထား။ ကိုယ့်ဘာသာဝင်ကို အားပေးလိုက်ပါ။ ကိုယ့် ဘာသာဝင်ကို ပေးရတဲ့ အမြတ်ငွေ ၁၀ ကျပ်က ကိုယ့်လူမျိုး ကိုယ်ဘာသာအတွက်ဖြစ်ပါလိမ့်မည်။ ဘာသာခြားကို ပေးရတဲ့ အမြတ်ငွေ ၂ကျပ်က သူဘာသာအတွက် အသုံးချလိမ့်မည်။ တဲ့။”
“မြန်မာရောင်းတဲ့ ဆိုင်ပါပဲ။ ဆက်ဆံရေးက ကျဲလိုက်တာ။ ဘယ်မေးလို့ မေးရမှန်းမသိဘူး။ ဝယ်သူကို အရေးမစိုက်ဘူး။ မျက်နှာကြီး တစ်ခွဲသားနဲ့။ ထိုင်စရာက မရှိ။ စကားပြန်ရဖို့စောင့်လိုက်ရတာ။ ဟိုဆိုင် ကဖြင့် အရေးယူလိုက်တာ၊ ကြွပါ ထိုင်ပါ ဘုရားတပည့်တော်နဲ့ ပြောတတ်လိုက်တာ” အဲဒီတော့ ဈေးရောင်း တဲ့ မြန်မာလူမျိုးများလည်း သတိထား ဆင်ခြင်ပါ။
မြန်မာတွေ ဈေးရောင်းတာလိုသေးတယ်။ လူမျိုးခြား ဘာသာခြား ဆိုင်များကို အတုယူသင့်သည်။ လမ်းသွားရင် သူတို့ဆိုင်ဘက် ငဲ့ကြည့်မိသည်နှင့် လာပါ ဝင်ပါ ကြည့်ပါ ဘာယူချင်သလဲ စသည့်ဖြင့် ဖိတ်ခေါ်တတ်ကြတယ်။ မြန်မာဈေးရောင်းသူတို့ အထူး သတိထားစရာဖြစ်ပါတယ်။ မျိုးချစ်စိတ် ဘာသာချစ် စိတ် ကိုယ်ခံအားနည်းလျှင် အခြား လူမျိုး ဘာသာခြားတို့ ဝင်ပူပြီး အမျိုးဘာသာ ပျောက်မှာ စိုးရတယ်။
(ထန်းခြောက်ပင် အရှင်ဇဝန ဓမ္မရံသီ)

အချောင်မလိုချင်ကြပါနဲ့

လူသားအားလုံးဟာ လောကကြီးထဲမှာ ကျင်လည်နေရသမျှကာလပတ်လုံး သူ့နေရာနဲ့သူ ရောက်ရာဘုံဌာန၊ သတ္တ၀ါအမျိုးအစားအလိုက် တာဝန်ကိုယ်စီ အလုပ်လုပ်ကြရဦးမှာပါ။ မိမိတို့ဟာ လူရယ်လို့ဖြစ်လာရင်တော့ အသက်အရွယ်အလိုက် တာဝန်ယူဆောင်ရွက်ရမဲ့ အလုပ်ကိစ္စများ ကိုယ်စီကိုယ်စီ ရှိလာကြပါတယ်။ အဲဒီလို လူဖြစ်လာလို့ လူ့တာဝန်ကို မဆောင်ရွက်ဘဲ အလကားနေ၊ အလကားစား၊ ပေါ့ပေါ့နေပေါ့ပေါ့စား လုပ်နေမယ်ဆိုရင် အဲဒီလူဟာ အလိုအလျောက် အချောင်သမားဘ၀ကို ရောက်သွားပါတယ်။ အဲဒါကြောင့် ရရှိလာတဲ့ လူ့ဘ၀လေးမှာ မိမိမျက်မှောက်တာဝန်များကို ကျေပွန်အောင် သိက္ခာတရားနဲ့အတူ ကိုယ်ကျင့်တရားကောင်းအောင် နေရမှာဖြစ်သလို အနာဂတ်ဘ၀ကောင်းစားရေးအတွက်လည်း ကောင်းမှုတွေနဲ့ ရှင်သန်ပေးနေရမှာပါ။

သင် “ဥယျာဉ်မှူးလား” “၀ယ်သူလား”

မြန်မာပြည်ဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့် နေရာအနှံ့အပြားမှာ ဥယျာဉ် ကိုင်းကျွန်းလယ်ယာများ စိုက်ခင်းပျိုးခင်းများကို တွေ့မြင်နိုင်ကြပါတယ်၊ ဆယ့်နှစ်ရာသီလုံး နေရာအနှံ့အပြားမှာ စိုက်ပျိုးထွန်ယက်ပြီး သီးနှံများဝေဆာစွာ လှပနေတဲ့အတွက်ကြောင့် အမိမြန်မာနိုင်ငံကို ထာဝရစိမ်းလန်းလှပနေတဲ့ နိုင်ငံတော်လို့ ကျွန်ုပ်တင်စားပြောလိုပါသည်။

စိမ်းလန်းခြင်းနှစ်မျိုးရှိပါတယ်။ ပြင်ပ(ဗဟိဒ္ဓ) စိမ်းလန်းခြင်းနှင့် အတွင်း (အဇ္ဈတ္တ) စိမ်းလန်းခြင်းတို့ဖြစ်ကြပါသည်။ မည်သည့်စိမ်းလန်းခြင်းမဆိုး လူတစ်ယောက်ရဲ့စိတ်ကို ပျော်ရွှင်ကြည်နူးစေပါတယ်၊အေးမြစေပါတယ်၊တစ်ခါတစ်ရံ အကျွန်ုပ်တို့ပင်ပန်း နွမ်းနယ်တဲ့အခါမှာ စိမ်းလန်းစိုပြေနေတဲ့နေတဲ့ လယ်ယာကိုင်းကျွန်း တောတောင်များကို ကြည့်လိုက်တဲ့အခါမှာ ပင်ပန်းမှုတွေပျောက်ကုန်ပြီးတော့ ပြန်လည်လန်းဆန်းလာမှုကို ခံစားကြရပါတယ်။ ဒါပြင်ပစိမ်းလန်းခြင်းရဲ့ အရှိန်ရိုက်ခတ်မှုကြောင့် ဖြစ်ပါတယ်။

အတွင်းစိမ်းလန်းမှု ဆိုတာကတော့ ကျွန်ုပ်တို့ကို ပူလောင်စေတဲ့ ညှိုးခြောက်စေတဲ့ ပိုပြီးမောဟိုက်စေတဲ့ လောဘ ၊ ဒေါသ၊ မောဟ အစရှိတဲ့ ကိလေသာအညစ်အကြေးတွေ အတွင်းအဇ္ဈတ္တမှာ လျော့နည်းနေခြင်း၊ လုံးဝမရှိခြင်း၊ ထိန်းချုပ်ထားခြင်း ကိုဆိုလိုပါတယ်။

လူတစ်ယောက်ဟာ မည်မျှပင် စီးပွားဥစ္စာတွေနဲ့ပြည့်စုံပါစေ၊ သူ့ရဲ့အဇ္ဈတ္တမှာ လောဘ၊ ဒေါသ၊ မောဟ အစရှိတဲ့ အပူမီးတွေများနေမယ်ဆိုရင် ချမ်းသာကြွယ်ဝ မှုက သူ့ကိုတကယ်ပျော်ရွှင် ချမ်းမြေ့အောင်လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။

ဒီလိုအတွင်း စိမ်းလန်းမှု သို့မဟုတ် ငြိမ်းချမ်းမှုတွေရအောင် ကျွန်ုပ်တို့ဘာလုပ်သင့်သလဲ ? ဗုဒ္ဓတရားတွေကို လေ့လာလိုက်စားပြီး လက်တွေ့ကျင့်သုံးပါတယ်။ သင် တကယ်ဗုဒ္ဓတရားတွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် အပြင်မှာ အခြေအနေအမျိုးမျိုးကြောင့် မည်သို့ပင်ရှိနေပါစေ ၊ သင့်ရင်ထဲမှာတော့ စိမ်းလန်းစိုပြေနေမှာပါ။

ဘာဖြစ်လို့လည်းဆိုတော့ ဗုဒ္ဓဘာသာဟာ ပူလောင်မှုကို ကိုယ်စာမပြုပါ၊ အေးချမ်းမှုကို ကိုယ်စားပြုပါတယ်၊ နောက်ဆုံးဗုဒ္ဓဘာသာ ပန်းတိုင်ဟာလည်း ၀မ်းနည်းရခြင်း ၊ ပူဆွေးရခြင်း၊ ငိုကြွေးရခြင်း အစရှိတဲ့ ဆင်းရဲအပေါင်းရဲ့ (ပူလောင်ခြောက်သွေ့ခြင်းအပေါင်းရဲ့) ချုပ်ငြိမ်းသွားခြင်း သဘောပါပဲ၊ အပြည့်အ၀ ချုပ်ငြိမ်းမသွားခင်မှာလည်းပဲ တစ်ယောက်နဲ့ တစ်ယောက်နားလည်ခြင်းတွေ ကိုယ်ကျိုးမဆန်ခြင်း မိမိ မိသားစု၊ တာဝန်ကျေပွန်ရေး အစရှိတဲ့ လောကကြီးရဲ့ သာယာလှပရေးကို ဦးတည်တဲ့ အဆုံးအမတွေကို ဗုဒ္ဓဘာသာဝင်တွေကို သင်ကြားပေးပါတယ်။

ဤကဲ့သို့ တန်ဘိုးရှိလှတဲ့ အနှစ်သာရတွေ ပြည့်နေတဲ့ ငြိမ်းချမ်းမှုတွေ အပြည့်အ၀ပေးနိုင်တဲ့ ဗုဒ္ဓသာသနာတော်ကြီးဟာ ယခုအကျွန်ုပ်တို့တွေရဲ့လက်ထဲရောက်နေပါပြီ။ အကျွန်ုပ်တို့မြန်မာပြည်သူတွေဟာ ဗုဒ္ဓသာသနာဥယျာဉ်ကြီးထဲက ဓမ္မအသီးများကို သုံးဆောင်နေနိုင်ကြတာဟာ တကယ်စဉ်းစားကြည့်မယ်ဆိုရင် ဟို ရှေး ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့ရဲ့ လက်ဆင့်ကမ်း ဗုဒ္ဓဘာသာကို သယ်ဆောင်လာခဲ့ကြလို့ဖြစ်ပါတယ်။

အတိတ်လူသားတွေ လုပ်တဲ့လုပ်ရပ်ရဲ့ ကောင်းကျိုး ဆိုးကျိုးကို ကျွန်ုပ်တို့ ပစ္စုပ္ပန်လူသားတွေ ခံစားကြရပါတယ်၊ ပစ္စုပ္ပန်လူသားတွေလုပ်တဲ့ လုပ်ရပ်ရဲ့ ကောင်းကျိုး ဆိုးကျိုးကိုလည်းပဲ မလွဲမသွေ အနာဂတ် မျိုးဆက်သစ်တွေ တွေ့ကြုံခံစားကြရမှာဖြစ်ပါတယ်။

ယခုအကျွန်ုပ်တို့ဟာ ဗုဒ္ဓဘာသာလို့ခေါ်တဲ့ ဥယျာဉ်ကြီးထဲမှာ အရိပ်နားခိုခွင့်တွေ၊ ရင်ကိုအေးမြစေတဲ့ ဘ၀ အမောတွေ၊ အပူတွေကိုလွင့်ပယ်စေတဲ့ ဓမ္မအသီးများကို သုံးဆောင်ခံစားခွင့်တွေ ရနေကြပါလိမ့်မယ်။

ဒါဟာ ဘာကြောင့်လဲဆိုတော့ ရှေးဘိုး၊ ဘေး၊ ဘီ၊ ဘင် တို့က လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့လို့ ကျွန်ုပ်တို့ ပစ္စုပ္ပန်လူသားတွေ အဆင်ပြေနေကြတာပါ။ ဒါဆိုရင် နောက်အနာဂတ် ကျွန်ုပ်တို့မျိုးဆက်သစ်တွေ အတွက်ရော ကျွန်ုပ်တို့ ဒီတန်ဖိုးရှိပြီး ရှားပါးလှတဲ့ သာသနာ့ဥယျာဉ်ကြီးကို အမြဲထာဝရ စိမ်းလန်းပြီး နှစ်တွေရှည်သထက်ရှည်အောင် မလုပ်သင့်ဘူးလား။

ဘာလုပ်သင့်သလဲ ? ဘာတွေလုပ်ဖို့ လိုသလဲဆိုပြီးတော့ သင်ကမေးပါလိမ့်မယ်၊ တကယ်တော့ သင်ဟာ ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်တယ်ဆိုရင် ဒီသာသနာဥယျာဉ်ကြီး အမြဲထာဝရ စိမ်းလန်းစိုပြေရေး၊ ရေရှည်တည်တံ့ရေးအတွက် တစ်ထောင့်တစ်နေရာကနေ စွမ်းအားရှိသလောက် လုပ်ဆောင်နေတာပါလို့ ဖြေပါရစေ။ ဒါပေမယ့် စိတ်လေးနဲနဲ ထားတတ်ဖို့ သို့မဟုတ် ပြုပြင်ပြောင်းလဲဖို့တော့ လိုပါလိမ့်မယ်။

သင်ဟာ တကယ်လို့ မိရိုးဖလာဗုဒ္ဓဘာသာ အဆင့်မဟုတ်တော့ပဲနဲ့ တရား ဓမ္မတွေကို လက်တွေ့ကျကျ လေ့လာလိုက်စားပြီးပြီ ဆိုရင်တော့ ဥယျာဉ်မှူးသာ လုပ်ပါတော့ ၀ယ်သူမလုပ်ပါနဲ့လို့ တောင်းဆိုပါရစေ။ ဥယျာဉ်မှူးနဲ့ဝယ်သူ သိပ်ကွာခြားပါတယ်။

ပန်း သို့မဟုတ် သစ်သီးတွေကို ဥယျာဉ်မှူးထံမှ လာဝယ်တဲ့သူဆိုပါတော့ သူ့မှာ ဈေးဆစ်ပိုင်ခွင့်ရှိပါတယ်။ ဒီဆိုင်မကြိုက်ရင် နောက်တစ်ဆိုင် ပြောင်းခွင့်ရှိပါတယ်။ ဥယျာဉ်မှူးကတော့ ဒီလိုမဟုတ်ရပါဘူး။ မိမိရှင်သန်အောင် စိုက်ပျိုးနေတဲ့ အပင်လေးတွေ ရှင်သန်ကြီးထွားဖို့ပဲ ရည်စူးပါတယ်။ သူစိုက်ပျိုးနေတဲ့ အပင်ငယ်လေးတွေဟာ အားကောင်းမောင်းသန်နဲ့ ကြီးထွားလာကြပြီး အလားအလာကောင်းနေတာလေးတွေကိုတွေ့ရင် သူ့စိတ်ထဲမှာ ပျော်နေမှာ အမှန်ပါပဲ။

အချို့အပင်လေးတွေကြတော့လည်း ဖွံ့ဖြိုးမှုနှေးကွေးပြီး အရွက်အခက်တွေကောင်းကောင်း မထွက်နိုင်ဘူးဆိုရင်တော့ ဥယျာဉ်မှူးက ဥပေက္ခာမပြုပဲနဲ့ ရေပိုလောင်းပြီး လိုအပ်တာလေးတွေ ပိုဖြည့်ဆည်းပေးမှာပါ။

သင်အနေနဲ့ ဥယျာဉ်မှူးလုပ်ဖို့ စိတ်ဝင်စားနေပြီဆိုရင်တော့ ကျွန်ုပ်အကြံပြုပါရစေ ၊ စာသင်သား၊ ကိုရင်၊ ဦးဇင်းလေးတွေကို တက်နိုင်သလောက် လှူဒါန်းထောက်ပံ့ပါ၊ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုတဲ့ စကားလိုပဲ ဒီကိုရင် ဦးဇင်းလေးတွေဟာ ယခုလက်ရှိ သာသနာ့တာဝန်တွေကို ထမ်းဆောင်နေကြတဲ့ သင်တို့ကြည်ညှိုလေးစား ဆည်းကပ်နေကြတဲ့ ကမ္မဋ္ဌာနာစရိယ ဆရာတော်ကြီးတွေ ၊ စာချဆရာတော်ကြီးတွေ ၊ ဓမ္မကထိကဆရာတော်ကြီးတွေ ၊ ကျောင်းထိုင်ဆရာတော်ကြီးတွေရဲ့ နေရာမှာ အစားထိုး ၀င်ရောက်လာမယ့် မျိုးဆက်သစ်တွေဖြစ်ပါတယ်။

ဆရာတော်ကြီးတစ်ပါးနဲ့ ကိုရင် ဦးဇင်းလေးတစ်ပါးနဲ့ အကျင့်သိက္ခာပိုင်းကို သင်စဉ်းစားမယ်ဆိုရင်တော့ စာသင်သားကို လှူရမှာဝန်လေးချင်လေးနေပါလိမ့်မယ်၊ ဒါပေမယ့် သင်ဟာ ဗုဒ္ဓသာသနာတော်ကြီးရဲ့ ဥယျာဉ်မှူးဆိုတဲ့နာမည်ကို ကျေနပ်စွာ ခံယူထားတယ်ဆိုရင်တော့ ထောက်ပံ့ဖို့ဝန်လေးမှာမဟုတ်တော့ပါဘူး။

ဘာဖြစ်လို့လည်းဆိုတော့ အရွယ်ရောက်ဖွံ့ဖြိုးစည်ပင်ပြီး၊ အရိပ်အာဝါသတွေ အသီးအခက်တွေနဲ့ စည်ပင်နေတဲ့ သစ်ပင်ကြီးတစ်ပင်နဲ့ ခုမှဆက်လက်ရှင်သန်ဖို့အားယူခါစ ချွတ်ယွင်းချက်တွေ အနာအဆာတွေနဲ့ ပြည့်နေတဲ့ အညတြသစ်ပင်လေးတစ်ပင်ရဲ့ ကွာခြားချက်ကို သင်နားလည်မှုရှိထားလို့ပါ။

တပည့်တော်တို့အိမ်မှာ ထိုင်ဆွမ်းခံကြွနေတဲ့ စာသင်သားတွေ (၅)ပါးလောက်ရှိပါတယ်။ နေ့တိုင်းလည်း ဆွမ်းလောင်းပါတယ်လို့ ပြောပါလိမ့်မယ်။ ဒါဆိုရင် ကျွန်ုပ် သင့်ကို ဥယျာဉ်မှူးတစ်ယောက်လို့ နာမည်ပေးလိုက်ပါရစေတော့။

ထပ်မံအကြံပြုလိုတာကတော့ အဲ့ဒီစာသင်သားလေးတွေကို စာအုပ်စာတန်းနဲ့ ၀တ္ထုကြေးငွေနဲ့ သင်တတ်နိုင်သလောက်ထောက်ပံ့ပါလို့ အကြံပြုပါရစေ။ ခေတ်ကာလရဲ့ ပြောင်းလဲလာတဲ့ အခြေအနေအရ စာသင်သားတစ်ပါးဟာ ၀တ္ထုကြေးငွေထောက်ပံ့မည့်သူမရှိဘဲနဲ့ စာပေတတ်ကျွမ်းတဲ့ ဆရာတော်တစ်ပါး ဖြစ်လာဖို့တကယ်မလွယ်ပါဘူး။

မည်သည့်ပညာရေးမဆို ၀တ္ထုငွေ အထိုက်အလျောက်မပါဘဲနဲ့တော့ ကျကျနန ပီပီပြင်ပြင် တတ်ကျွမ်းဖို့ အတော်လေးခက်ခဲပါလိမ့်မယ်။ စာသင်သားတွေရဲ့ အနေအထိုင်တွေ အကျင့်သိက္ခာတွေဟာ အားနည်းမှုရှိပါတယ်ဘုရား၊ ဆရာတော်ကြီးတွေ လှူရသလောက်အားမရဘူး လို့ သင်ကပြောချင်ဟြေပါလိမ့်မယ်။ ဟုတ်ပါတယ်။ ဒါပေမယ့် အရွယ်ရောက်သွားပြီး ပြည့်စုံနေတဲ့ သစ်ပင်ကြီးတစ်ပင်နဲ့ ခုမှရှင်သန်ဖို့ အားယူခါစ သစ်ပင်လေးတစ်ပင်ကို ဘယ်လိုမှ မနှိုင်းယှဉ်ထိုက်ဘူးလို့ ကျွန်ုပ်ပြောပါရစေ ၊ သင်ကိုယ်တိုင်လည်း ဥယျာဉ်မှူးဆိုတဲ့ဘ၀ကို ကျေနပ်စွာခံယူထားပြီဆိုရင်တော့ ဒီသစ်ပင်ငယ်လေးတွေကို ဘယ်လိုရှင်သန်အောင် ငါပြုစုပျိုးထောင်ပေးရမလဲ ဒါပဲစဉ်းစားနေမှာပါ။

ခုလက်ရှိကျွန်ုပ်တို့ကို အရိပ်အာဝါသပေးနေတဲ့ သစ်ပင်ကြီးတွေဟာ တစ်ချိန်က အညတြ မဖွံ့ဖြိုးမစည်ပင်သေးတဲ့ သစ်ပင်လေးတွေဆိုတာ သင်လက်ခံမှာပါ။ ရှေးရှေးက ကျွန်ုပ်တို့ရဲ့ ဘိုး၊ ဘေး၊ ဘီ၊ ဘင် တွေဟာဥယျာဉ်မှူးနေရာမှာ နေပြီးတော့ စိုက်ပျိုးပြုစု ပျိုးထောင်ခဲ့လို့ ခုကျွန်ုပ်တို့ သုံးဆောင်ခံစားနိုင်ကြတာပါ။

ပစ္စုပ္ပန်လူသား ဖြစ်နေတဲ့ ကျွန်ုပ်တို့တွေဟာ သာသနာ့ဥယျာဉ်ကြီးထဲက သစ်ပင်ကြီးတွေရဲ့အောက်မှာ အရိပ်ခို၍ ဓမ္မအသီးများကို သုံးဆောင်ယုံသာ သုံးဆောင်ပြီး ဒီသစ်ပင်ကြီးတွေရဲ့ နေရာမှာ အစားထိုးဝင်ရောက်လာမယ့် အရွယ်မရောက်သေးတဲ့ သစ်ပင်ငယ်တွေကို ရေမလောင်းဘူး၊ မပြုစုမပျိုးထောင်ဘူး၊ ဥပေက္ခာပြုထားမယ်ဆိုရင်တော့ နောင်တစ်ချိန် ကျွန်ုပ်တို့ရဲ့ မျိုးဆက်သစ်တွေဟာ ကျွန်ုပ်တို့လို ဓမ္မအပွင့်၊ အသီးအခက်တွေကို သုံးဆောင်ခံစားခွင့် ရမှာမဟုတ်တော့ပါဘူး။

ဒါကြောင့် ကျွန်ုပ်သင့်ကို မေးပါရစေ၊ သင်“ဥယျာဉ်မှူးလား၊၀ယ်သူလား” သင်ကြိုက်တဲ့ အခန်းကဏ္ဍမှာ ပါဝင်လို့ရပါတယ်။

ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး ဆက်လက်ပြီး နှစ်ပေါင်းများစွာ တည့်တံ့ပါစေ။

ကောင်းဆုဝေ နည်းပြ{အပြည်ပြည်ဆိုင်ရာဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်}
ဥယျာဉ်မှူးကောင်းများဖြစ်ကြပါစေ..............

သာသနာ့အံ့ဖွယ်ရှစ်ဖြာ


အစဉ်နက်ဝှမ်း၊ ကမ်းကိုမလွန်
ရွံဖွယ်ဆယ်ပစ်၊ တမည်ဖြစ်ခြင်း
မယွင်းမတိုး၊ ၁၀မျိုးရတနာ
ရသာဆားတူ၊ ကြီးသူနေရာ
ဤ ၈-ဖြာ၊ မှတ်ဖွယ် အံ့ဖွယ် သာသနာ။



အစဉ်နက်ဝှမ်း = သမုဒ္ဒရာကြီးသည် ကမ်းစပ်မှ အလယ်သို့ တဖြည်းဖြည်း နက်သွားသလို သီလ၊ သမာဓိ၊ ပညာ ဟူ၍ အစဉ်အတိုင်း နက်သွားတယ်။
ကမ်းကိုမလွန် = သမုဒ္ဒရာထဲက ရေတွေ ဘယ်လောက်များများ ကမ်းကိုမလွန်လာသကဲ့သို့ ဘယ်ပုဂ္ဂိုလ်မဆို မြတ်စွာဘုရားဟောထားသော ကျင့်စဉ်များထက် ပိုကျင့်လို့ မရဘူး။
ရွံဖွယ်ဆယ်ပစ် = သမုဒ္ဒရာထဲက အညစ်အကြေးတွေက ကမ်းစပ်မှာ အလိုလိုတင်နေသကဲ့သို့ သာသနာမှာ အညစ်အကြေးတွေ ဖြစ်လာရင်လည်း သူ့ဘာသာ ဆယ်ထုတ် သွားပါလိမ့်မယ်။
တမည်ဖြစ်ခြင်း = မြစ်၊ ချောင်း၊ အင်းအိုင်ထဲက ရေတွေ သမုဒ္ဒရာထဲရောက်လျှင် သမုဒ္ဒရာရေလို့ ခေါ်သလို ဘယ်သူမဆို သာသနာ့ ဘောင်ထဲရောက်လျှင် ဘိက္ခုသမဏ လို့ တမည်ပဲခေါ်ပါတယ်။
မယွင်းမတိုး = သမုဒ္ဒရာကြီးသည် လျော့ခြင်း၊ တိုးခြင်းမရှိ ပုံမှန်ရှိနေသလိုဘဲ နိဗ္ဗာန်ဆိုတာလည်း မကျင့်လို့ လျော့သွား၊ ပျောက်သွားတာ မရှိသလို ကျင့်သူရှိလို့ တိုးလာတာလည်း မရှိဘူး။
(၁၀)မျိုးရတနာ = သမုဒ္ဒရာကြမ်းပြင်မှာ ပုလဲတွေ၊ ရတနာတွေ၊ ကျောက်သံတွေ ရှိနေသလို သာသနာမှာလည်း ဗောဓိပက္ခိယ တရားရတနာတွေရှိပါတယ်။(ဗောဓိပက္ခိယရတနာ= ၃၇ပါးသော တရားရတနာ)
ရသာဆားတူ = သမုဒ္ဒရာထဲက ရေတွေသည် ငန်တဲ့အရသာတစ်ခုတည်း ရှိသလို သာသနာ မှာလည်း ဘယ်တရားကိုပဲ လိုက်နာကျင့်သုံးပါစေ ၀ိမုတ္တိရဿ ဆိုတဲ့ ကိလေသာက လွတ်မြောက်တဲ့ အရသာတစ်မျိုးဘဲ ရှိပါတယ်။
ကြီးသူနေရာ = သမုဒ္ဒရာထဲမှာ အလွန်ကြီးတဲ့ သတ္တ၀ါတွေ နေသလိုဘဲ သာသနာမှာလည်း ထေရ်ကြီး ၀ါကြီးတွေ၊ ရဟန္တာ အရှင်မြတ်တွေ၊ သီလ၀ံသ မထေရ်တွေ ပျော်ပါးတဲ့၊ ပျော်မွေ့တဲ့နေရာဖြစ်ပါတယ်။





ငြိမ်းအေးသောဘ၀ပိုင်ရှင်






ငြိမ်းအေးသောဘ၀ပိုင်ရှင် ဖြစ်ဖို့အတွက် နောက်အရည်အသွေးတစ်ခုကတော့ စကားကို ဉာဏ်နဲ့ချင့်ချိန်ဆင်ခြင်ပြီးမှပြောဆိုခြင်း ၊ သို့မဟုတ် နှုတ်စောင့်စည်းခြင်းဆိုတဲ့ အရည်အသွေးပါပဲ။
စကားကို ဉာဏ်နဲ့မဆင်ခြင်ဘဲ ပြောတတ်တဲ့သူ ၊ နှုတ်မစောင့်စည်းတဲ့သူဟာ
စိတ်ရဲ့ငြိမ်းအေးမှုကို ဘယ်တော့မှ မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့
နှုတ်မစောင့်စည်းဘဲအဆင်ခြင်မဲ့ ပြောလိုက်တဲ့စကားတွေရဲ့
နောက်ကွယ်မှာ စိတ်ဆင်းရဲစရာ ပြသနာတွေရှုပ်ထွေးစွာပါလာတတ်လို့ပါပဲ။

သဒ္ဓါတရားဆိုရာဝယ်

ဘာသာဝါဒတိုင်းတွင် ယုံကြည်မှု(မျက်စိမှိတ်ယုံကြည်မှု)ပေါ်တွင် အခြေခံကြပါသည်။ အခြားဘာသာဝင်တို့ နားလည်ကြသော သက်ဝင်မှု၊ ယုံကြည်မှု စသည်တို့သည် ဗုဒ္ဓ၀ါဒနှင့် ပတ်သက် ခြင်းကား မရှိပေ။ သို့သော် ဗုဒ္ဓ၀ါဒစာပေများတွင်တွေ့ရှိသော သဒ္ဓါဟူသော စကားလုံးကို အများအား ဖြင့် သက်ဝင်မှု၊ ယုံကြည်မှု ဟု ဘာသာပြန်လေ့ရှိသည်။ သို့ရာတွင် သဒ္ဓါ ဆိုသည်မှာ ယုံကြည်မှု မည်ကာမတ္တမဟုတ်၊ ကိုယ်တိုင် ကျေကျေနပ်နပ် ရှင်းရှင်းလင်းလင်း သိရှိနားလည်၍ ဖြစ်ပေါ်လာသော စိတ်ချယုံကြည်မှုမျိုးဖြစ်လေသည်။ ယုံကြည်မှုဆိုရာတွင် သိမြင်မှု(အပြည့်အစုံသိရှိနားလည်မှု) မရှိမှ ဖြစ်ပေါ်နိုင်သည်။ ရတနာသုံးပါးအပေါ်တွင် စိတ်ချယုံကြည်မှုမှ အမှန်တကယ်သိမြင်နားလည်မှုသို့ ကူးပြောင်း၍ သံသရာဝဲဂယက်မှ ရုန်းထွက်နိုင်ရမည်ဖြစ်သည်။ လက်ထဲတွင် ကျောက်မျက်ရွဲတစ်လုံးကို ဆုပ်ဝှက်ထားပါသည်ဟုဆိုလျှင် ကိုယ်တိုင်မမြင်ရ၍ ယုံကြည်ရသော ကိစ္စမျိုးဖြစ်သည်။ လက်ဝါးကို ဖြန့်၍ ကျောက်မျက်ရွဲကို ထုတ်ပြပါလျှင် မျက်စိဖြင့်ကိုယ်တိုင်မြင်ရပြီဖြစ်၍ အမှန်တကယ် သိမြင် နားလည်မှုဖြစ်ပေသည်။ ထို့ကြောင့်ပင် သဒ္ဓါယ တရတိ သြဃံ (အခက်အခဲမှန်သမျှကို ယုံကြည်ချက် ဖြင့် လွန်မြောက်၏) ဟူ၍ ဗုဒ္ဓမြတ်စွာ မိန့်ဆိုခဲ့ခြင်းဖြစ်ပါသည်။ သြဃဆိုရာ၌ အခက်အခဲမျှပင် မကဘဲ သြဃတည်းဟူသော ပကတိရေအယဉ်သည် သတ္တ၀ါများကို လွှမ်းမိုးနှစ်မြှုပ်နှိပ်စက် သတ် ဖြတ်တတ်သကဲ့သို့ လောဘ၊ ဒိဋ္ဌိနှင့် မောဟတရားတို့သည်လည်း သတ္တ၀ါများကို လွှမ်းမိုးနှစ်မြှုပ် နှိပ်စက်သတ်ဖြတ်တတ်သည်။ ၀ဋ်ဒုက္ခအပါယ်လေးပါးအထိ နစ်မြုပ်အောင် လွှမ်းမိုးသတ်ဖြတ် တတ်သည်။ ၄င်းသြဃလေးပါးကို ဖော်ပြပေးလိုက်ပါသည်။

ပရိတ်ကြီး ဆယ့်တစ်သုတ် ရွတ်ဆိုရခြင်းရဲ့ အကျိုးများ


ပရိတ်ဆိုတာ ပရိတ္တ = အရံအတားလို့ ဆိုပါတယ်။ မြတ်စွာဘုရားရှင် လက်ထက်တော် အခါ ကတည်းက မြတ်စွာဘုရားက တောထဲ တောင်ထဲ အဆင်ပြေရာ သီတင်းသုံးနေထိုင် ကြရတဲ့ တောရ ဆောက်တည် ကြတဲ့ တပည့်သား သံဃာတော် အရှင်မြတ်များ ဘေးရန်များက လွတ်အောင် ရွတ်ဆို ပွားများစေတဲ့ အရံ အတား ဂါထာ မန္တာန်တော်များ ဖြစ်ပါတယ်။
. . .
မြန်မာများ ရင်းနှီးနေကျ ပရိတ်ကြီး ဆယ့်တစ်သုတ်မှာ သူ့ သုတ်နဲ့ သူ၊ ဘယ်သုတ်ဟာ ဘယ်လို ဘေးမျိုးအတွက် အရံ အတားဖြစ်တယ် ဆိုတာ အဓိပ္ပာယ် ကိုယ်စီ ရှိပါတယ်။ ပရိတ်ရွတ်ရာမှာ ရွတ်သူ စည်းကမ်းနဲ့ ကြားနာသူ စည်းကမ်း ၂မျိုး ရှိပါတယ်။ စည်းကမ်းကို လိုက်နာပြီး ရွတ်မှ ထက်မြက်စွာ အကျိုး ပေးတယ်လို့ ဆိုပါတယ်။
ရွတ်သူ စည်းကမ်းများကတော့
(၁) ပုဒ်ဖြတ် ပုဒ်နေ ပါဠိ သဒ္ဒါ အသံမှန်အောင် ရွတ်ရပါမယ်။
(၂) ကိုယ်ရွတ်တဲ့ ပါဠိကို အဓိပ္ပာယ်ကို အတိအကျ အစအဆုံး မသိတောင် အကြမ်းဖျင်းတော့ သိရပါမယ်။ (၃) လာဘ်လာဘ အတွက် ငွေအတွက် မရွတ်ရပါဘူး။ ကြည်လင် သန့်စင်တဲ့ စေတနာ သဒ္ဓါတရားနဲ့သာ ရွတ်ရပါမယ်။

ကံ မြောက်ခြင်း မမြောက်ခြင်းနှင့် ကံ ပြတ်ခြင်း


ကံ၊ ကံ၏အကျိုးနှင့် ပတ်သက်၍ ဆွေးနွေးကြ သုံးသပ်ကြပြီးသည့်နောက် ကံမြောက်၏ မမြောက်၏ဆိုသည်ကို သိဖို့ရန် လိုအပ် လာပြန်သည်။ ကုသိုလ်ပဲဖြစ်စေ အကုသိုလ်ပဲဖြစ်စေ လုပ်တိုင်း လုပ်တိုင်း အောက်ပါအချက် ၃ ချက် နဲ့ တိုင်းတာ ကြည့်သင့်သည်-
၁) စေ့ဆော်မှု စေတနာပါ မပါ။ တနည်းဆိုလျှင် အထမြောက်စေလိုသော ရည်ရွယ်ချက် ရှိခြင်း မရှိခြင်း။
စေတနာ ထက်သန်ခြင်း၊ မထက်သန်ခြင်း။

၂) ကံကံ၏အကျိုးကို ယုံကြည်တဲ့ ဉာဏ် ယှဉ် မယှဉ်။
၃) သီလသမာဓိပညာ ဘုန်းကံကြီးတဲ့သူကို ရည်စူးမိခြင်း ရှိ မရှိ။

ဤ ၃ ချက် အားကောင်းမှု မကောင်းမှုအပေါ်မူတည်၍ ကံ အကျိုးပေး အနည်းအများ ကွာပါသည်။ တစ်ခုတည်းကို ရွှေးထုတ်ပြရလျှင် စေတနာသည်သာ အခရာကျနေပါသည်။ သိလျက်ပြုခြင်း မသိ၍ပြုခြင်းအပိုင်းတွင် ဒိဌိနဲ့ ယှဉ်လျက် အကောင်းအဆိုးမသိခြင်းနှင့် ဒိဌိကင်းသော်လည်း မရည်ရွယ်ပဲ မသိ၍လုပ်မိခြင်းတို့ရှိသည်။ ဒိဌိမကွာသေးသူမှာ အမှားကို အမှန်ထင်ပြီးလုပ်သောကြောင့် လုပ်မိသမျှ စိတ်အားထက်ထက်သန်သန် လုပ်မိသောကြောင့် အပြစ်ပို ဖြစ်နေတတ်သည်။ ဒိဌိကင်းသောသူများမှာ မလုပ်ခင်မှာပင် အမှားအမှန်ဆန်းစစ်လေ့ရှိသဖြင့် အမှားမှန်းသိသိဖြင့် ရည်ရွယ်ချက်ရှိရှိ ဘယ်သောအခါမျှ မလုပ်ကြပါ။

သင်သေသွားသော်...


သူတို့အဆုတ် ၊ ထားခဲ့မြုပ်သည့်
ဗုံးငုပ်တိုက်မှား ၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ ၊မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း။
• အမောင်ပြောက်ကျား ၊ ချစ်သူအားကို
ဘာများမှာခဲ့ လိုသနည်း ။
• ငယ်ကကြင်မြတ် ၊မိသတ်မှတ်ကို
ခွင့်လွတ်ခဲ့ကြောင်း ပြောပါလေ။
• မောင်ပြောက်ကျား ၊မိဘအားကို
ဘာများမှာခဲ့လိုသနည်း ။
• မွေးသည့်မိခင် ၊မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ။
• အမောင်ပြောက်ကျား ၊တိုင်းပြည်အားကို
ဘာများမှာခဲ့ လိုသနည်း။
• ခရီးမတ်တတ် ၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ ၊ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ။
• ယမ်းငွေ့အူအူ ၊ တလူလူနှင့်
မေးမြူကြတုန်း အနောက်ကုန်းတွင်
နေလုံး ကွယ်လေပြီတကား။ ။

မင်းသုဝဏ်(၈-၂-၁၉၆၃)

သင်အောင်မြင်လိုသော်


လူတိုင်းလူတိုင်းဟာ အောင်မြင်ခြင်းကို အလိုရှိကြပါတယ်၊ အောင်မြင်ဖို့ ကြိုးစားနေကြတယ်၊ အောင်မြင်ဖို့ အလုပ်လုပ်နေကြတယ်ဆိုရင် မမှားပါဘူး၊ စာအုပ်ကိုင်ကျောင်းတတ်နေတဲ့ ကျောင်းသူ/ သားတွေကလည်း စာမေးပွဲအောင်မြင်ဖို့ တိုက်ပွဲဝင်နေတဲ့ စစ်သားတွေကလည်း တိုက်ပွဲကိုအောင်မြင် ဖို့၊ ဘောလုံးကွင်းထဲမှာ အားကြိုးမာန်တက် ယှဉ်ပြိုင်ကစားနေကြတဲ့ ဘောလုံးသမားတွေကလည်း မိမိရဲ့အသင်းအောင်မြင်ဖို့၊ ပိုက်ဆံထုပ်ပိုက်ပြီး စီးပွားရေးလုပ်နေကြတဲ့ လုပ်ငန်းရှင်တွေကလည်း စီးပွားရေးမှာ အောင်မြင်ဖို့၊ စကားကုန်ပြောရမယ်ဆိုရင် တရားရိပ်သာမှာ သို့မဟုတ် တောထဲမှာ တရားအားထုတ်နေတဲ့ ယောဂီသူတော်စဉ်တွေလည်း မသိခြင်း တွေဝေခြင်းနဲ့ တပ်မက်ခြင်းတွေကို တဒင်္ဂအောင်မြင်မှုဆီကနေ ထာဝရအောင်မြင်ဖို့ ရည်ရွယ်ပြီးတော့ လူတိုင်းဟာ မိမိတို့နေရာဒေသ နယ်ပယ်တွေမှာ ကြိုးစားနေကြရပါတယ်။
          မိမိဘ၀မှာ လိုချင်နေတဲ့ အရာတစ်ခု ရောက်ချင်နေတဲ့ အဆင့်အတန်းတစ်ခုပြီးမြောက်လိုတဲ့ အရာတစ်ခုကို ရရှိပြီးမြောက်သွားကြတာကိုပဲ အောင်မြင်ခြင်းလို့ခေါ်ရမယ်ထင်ပါတယ်။ ဒါကြောင့် သတ္တ၀ါအားလုံးဟာ နေ့တဓူဝ အောင်ပွဲတွေ အောင်မြင်မှုတွေ တစ်ခုပြီးတစ်ခုရဖို့ ရုန်းကန်ကြိုးစားနေ ကြတယ်လို့ဆိုရင် မမှားနိုင်ပါဘူး၊ ကြိုးစားနေကြသလို အောင်ပွဲတွေ အောင်မြင်မှုတွေ တစ်ခုပြီးတစ်ခု ရရှိနေကြပါတယ်၊ သို့သော် အဆုံးသတ်ထာဝရ အောင်မြင်မှုတော့ မဟုတ်ပါ။

လုပ်ငန်းခွင်ထူးချွန်ထက်မြက်သူတို့၏ အလေ့အထ (၇) ရပ်

ကိုယ်လုပ်နေတဲ့ လုပ်ငန်းခွင်မှာ ကျွမ်းကျင် အောင်မြင်နေပြီး ထူးချွန် ထက်မြက်သူတွေလို့ အများက သတ်မှတ်ခံထားရသူတွေရဲ့ အလေ့အထတွေ ဖြစ်ပါတယ်။

အလေ့အထ (၁) လိုချင်တာတွေကို ဖန်တီးရယူတတ်ခြင်း

ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပြီး ဆုံးဖြတ်ထားတဲ့အတိုင်း ဖန်တီးကြိုးစားတတ်ပါတယ်။ ကိုယ်ရဲ့ ရွေးချယ်မှုအတွက် အပြည့်အဝ တာဝန်ယူတတ်ပြီး ဖြစ်လာသမျှ အကောင်း၊ အဆိုးတွေကို ရင်ဆိုင် ဖြေရှင်းနိုင်စွမ်း ရှိပါတယ်။


အလေ့အထ (၂) စိတ်ကို လေ့လာခြင်း
ကိုယ့်မှာရှိတဲ့ အကျင့်စရိုက်၊ အားသာချက်တွေနဲ့ ဘဝ ရည်မှန်းချက်တွေကို နက်နက်နဲနဲ နားလည်အောင် ကြိုးစားပြီး ကိုယ့်ကိုယ်ကိုယ် ဆန်းစစ် ရှာဖွေပါတယ်။ သင်ရဲ့ ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ၊ နေထိုင်မှုဆိုင်ရာ အခန်းကဏ္ဍ အမျိုးမျိုးက စစ်မှန်တဲ့ အကျင့်တွေကို မညှာတမ်း အကဲဖြတ်ပါတယ်။

အလေ့အထ (၃) အရေးကြီးဆုံး အလုပ်ကို အရင်ဆုံး လုပ်ဆောင်တတ်ခြင်း
သီတင်းပတ် တစ်ပတ်ချင်းစီအလိုက် အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေကို အစီအစဉ်ချပြီး အရေးကြီးဆုံး အရာတွေကို ထိပ်ဆုံးမှာထားကာ ဦးစားပေး ဆောင်ရွက်ပါတယ်။ ကြိုးစား အားထုတ်မှုတိုင်းဟာ ကိုယ်လိုချင်တဲ့ ဘဝနေထိုင်မှုဆိုင်ရာ တန်ဖိုးရအောင် ပံ့ပိုးပေးနိုင်ဖို့ ထည့်သွင်း စဉ်းစားပါတယ်။

အလေ့အထ (၄) Win-Win ဆိုသော အခြေအနေကို စဉ်းစားတတ်ခြင်း
ပေါင်းသင်း ဆက်ဆံရေးမှာ အကျိုးရှိတဲ့ သဘောတူညီချက်ရဖို့ ကိုယ်လည်း အနိုင်ရစေ၊ သူလည်း အနိုင်ရစေဆိုတဲ့ Win- Win Situation ကို နားလည် တန်ဖိုးထားပြီး အလေးထား လုပ်ဆောင်ပါတယ်။ အခြေအနေ တစ်ရပ်မှာ လူတစ်ဦးတည်းပဲ အောင်မြင်နေတာထက် ပါဝင်သူအားလုံး အောင်မြင်အောင် စဉ်းစား နားလည်ပေးတာက လူတွေကို တန်ဖိုးထား လေးစားတတ်တဲ့ အရည်အချင်းတစ်ရပ် ဖြစ်ပါတယ်။

အလေ့အထ (၅) အရင်ဆုံး သူတစ်ပါးကို နားလည်ရန် ကြိုးစားပြီး နောက်မှ ကိုယ့်ကို နားလည်မှု ရရှိစေရန် ကြိုးစားတတ်ခြင်း
လူတစ်ဦးရဲ့ စစ်မှန်တဲ့ ရင်းနှီးမှုကို ရရှိဖို့အတွက် စာနာ နားလည်တတ်တဲ့ စိတ်နဲ့ နားထောင်လေ့ ရှိပါတယ်။ သူတို့ ရင်ဖွင့်သမျှကို နားထောင်ပြီး အပြုသဘောနဲ့ တုံ့ပြန်ပေးတာကြောင့် သူတစ်ပါးကို လွှမ်းမိုးမှု ရှိသွားပါတယ်။ ဒီအလေ့အထကြောင့် ဂရုစိုက်မှု၊ လေးစားမှုနဲ့ ပြဿနာကို အပြုသဘောနဲ့ ဖြေရှင်းတတ်မှုဆိုတဲ့ ရင်းနှီးခင်မင်တဲ့ သရုပ်သဏ္ဍာန်ကို ရရှိစေပါတယ်။

အလေ့အထ (၆) စုပေါင်း ညှိနှိုင်း ဆောင်ရွက်တတ်ခြင်း
အပြုသဘောဆောင်တဲ့ အသင်းလိုက် ဆောင်ရွက်မှုကြောင့် ပါဝင်သူတွေရဲ့ ခွန်အားနဲ့ အရည်အချင်းတွေ ပေါင်းစည်းသွားပြီး လူတစ်ယောက် လုပ်လို့ရတဲ့ အောင်မြင်မှုထက် ပိုသာတဲ့ အောင်မြင်မှု ပန်းတိုင်ကို ရရှိစေပါတယ်။ အဓိပ္ပာယ်ရှိတဲ့ ပူးပေါင်းကြိုးစားမှု၊ ခေါင်းဆောင်ပီသမှုနဲ့ အားပေးမှုတွေကြောင့် အဖွဲ့လိုက် လုပ်ဆောင်မှုဟာ အကောင်းဆုံး စွမ်းဆောင်မှုကို ရရှိစေပါတယ်။


အလေ့အထ (၇) ထက်မြက်အောင် ကြိုးစားနေခြင်း
ကိုယ်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ စွမ်းအင်နဲ့ ကျန်းမာရေးတွေကို ဟန်ချက်ညီအောင်နဲ့ ကောင်းမွန်နေအောင် ကြိုးစားတာဟာ ကြာရှည် ထူးချွန်ထက်မြက်တဲ့ ဘဝနေထိုင်မှုပုံစံကို ရရှိစေပါတယ်။

ကိုယ်ကျင့်သီလဆိုတာ အသက်ထက် တန်ဖိုးကြီးသည်


ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ နေ့စဉ် ထိန်းသိမ်းစောင့်ရှောက်နေတဲ့သီလငါးပါးရှိပါတယ်။ဥပုသ်နေ့များမှာဆိုရင်တော့သုံးပါးထပ်ထည့်ပြီးရှစ်ပါးသီလထိုမှ နောက်ထပ်တစ်ပါးတိုးပြီးကိုးပါးသီလ စောင့်ထိန်းနေကြပါတယ်။
မည်သို့ပင်ဖြစ်စေမိမိစောင့်ထိန်းနေသောသီလအကြောင်းကို ကောင်းကောင်းသိထားဖို့အကျယ်တဝင့်သိထားဖို့တော့လိုပါတယ်။
အကျဉ်းမျှကိုတော့အားလုံးသိထားပြီးပြီလို့ထင်ပါတယ်။သီလစောင့်ထိန်းခြင်းကြောင့်ရနိုင်မယ့်အကျိုးတရား၊သီလချွတ်ယွင်းခြင်းကြောင့်ခံစားရမယ့်အပြစ်တရားများကိုတော့အားလုံးသိထားသင့်ပါတယ်။သိပြီးသားသူများကိုမဆိုလို၊မသိသေးသောသူများကိုရည်ညွှန်းပါတယ်။

ကိုယ်အပြုအမူ၊နှုတ်အပြောအဆို အပြစ်ကင်းအောင် ကိုယ်နှင့်နှုတ်(ကာယကံနှင့်ဝစီကံ)ကို စောင့်စည်း ထိန်းသိမ်းခြင်းကိုသီလလို့ခေါ်တာပါ။သီလသည်ကုသိုလ်တရားအားလုံးရဲ့တည်ရာမှီရာဖြစ်ပါတယ်။သီလတရားသည်
လောဘနှင့်ဒေါသတရားကိုပယ်ပါတယ်။ဒါနပြုတဲ့အခါမှာသီလစင်ကြယ်ရပါတယ်။ဒါမှသာအကျိုးပေးကောင်းတာပါ။သမထ၊ဝိပဿနာ အားထုတ်ရင်လည်း သီလကိုပယ်လို့မရပါဘူး၊သီလစင်ကြယ်ရပါတယ်။သီလ၊သမာဓိ၊ပညာဆိုပြီး အစဉ်တိုင်းသွားပါတယ်။သီလစင်ကြယ်မှ သမာဓိဖြစ်ပါတယ်။သီလမစင်ကြယ်ရင် သမာဓိ မဖြစ်နိုင်ပါဘူး၊သမာဓိမဖြစ်ရင် ဝိပဿာနာကြိုက်သလောက်အားထုတ် မဂ်ဥာဏ်၊ဖိုလ်ဥာဏ်တွေမရနိုင်ပါဘူး၊မဂ်ဥာဏ် ဖိုဥာဏ်မှမရရင် ဗုဒ္ဓဘာသာတို့ရဲ့ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကိုမျက်မှောက် မပြုနိုင်ပါဘူး၊နိဗ္ဗာန်မျက်မှောက်မပြုနိုင်သရွေ့ ပဋိသန္ဓေနေရခြင်း၊အိုခြင်း၊နာခြင်း၊သေခြင်း၊ငိုကြွေးခြင်း၊စိုးရိမ်ပူပန်ရခြင်းစတဲ့ ဒုက္ခတွေ နဲ့ လုံးလည်လိုက်နေဦးမှာပါ။

အတောင်ကျိုးလိပ်ပြာ





အခန်းငယ်ထဲမှာ
လွမ်းတယ်လို့မပြောသာပေမယ့်
မျှော်နေတဲ့သူတစ်ယောက်
ရူးမလောက်ဖြစ်နေတာ
သိစေချင်လိုက်တာအချစ်ရယ် ….
မလာမှန်းသိလျက်
တမ်းတတဲ့နေ့ရက်တွေ
ရှေ့ဆက်လွယ်ကူပါ့မလား
စဉ်းစားမရဲတော့ဘူး ….

အပြစ်မပြောပါဘူး
လတ်တလောမှာမထူးဇတ်ခင်းရင်း
ခြေရာချင်းထပ်နေတဲ့ အိမ်မက်ထဲမှာ
မင်း …. ရှိနေသေးတာပဲလေ ….

မမြင်ရတဲ့ပုံရိပ်နောက်ကို
တကောက်ကောက်လိုက်နေတဲ့
ငါ့ရဲ့ဝိဥာဉ်လိပ်ပြာ
မင်းဆီမှာ နားခိုနေပါတယ် …


မိခင်ရုပ်တု




ဒီပုံလေးနဲ့စာသားကို အင်တာနက်မှာတွေ့ပြီးတာနဲ့ ဆရာကြီး ဒဂုန်တာရာရဲ့
မိခင်ရုပ်တု ကဗျာလေးကို တိုက်တိုက်ဆိုင်ဆိုင် ဖတ်မိသွားပါတယ်။ ဆရာကြီး ဒဂုန်တာရာရဲ့ ကဗျာလေးကို အစအဆုံးဖော်ပြပေးလိုက်ပါတယ်။



ကမ္ဘာ့လူသား
ပေါ်စကပင်၊ ဖိုနှင့်မ ဟု
သဘာဝများ၊ ခြားနားတည်ရှိ
ပကတိသဏ္ဌာန်၊ ကွဲပြားဟန်ကြောင့်
ဖန်တီးမှုချင်း မတူကြ။

မိန်းမတို့က
သားအိမ်ပိုင်သ၊ ထူးခြားပေစွ
ယင်းသဘာဝကြောင့်၊ မိခင်ကဏ္ဍ
သတ္တဗီဇ၊ ဇီဝကမ္မ
ဘ၀ပန်းများ၊ ပွင့်စေသူ။

ချစ်ကြရာမှ၊ မေတ္တာဝတ်မှုန်
မွှေးထုံလေကြော၊ မျောပါလွင့်ပျံ
ဝန်ဆံမျိုးစေ့မှ၊ ဖိုဓာတ် မဓာတ်
ရောစပ်တွေ့ဆုံ၊ စုံမြိုင်ဂန္ဓမာ
နွေချိန်ခါဝယ်၊ သွေးအိမ်သွေးစု
နုရာမှရင့်၊ အဆင့်ဆင့်ထပ်
ကလာပ်စည်းများ၊ တိုးပွားဖြိုးဝေ
ကုဋေကုဋာ၊ ပြည့်တင်းလာသော်
မေတ္တာပန်းပွင့်ရတနာများ။

မိခင်သည်ကား
လူသားပုံတု၊ ဖန်တီးပြုသော
ပန်းပုဆရာ၊ မည်ထိုက်စွာတည့်။

မိခင်သည်ကား
ဆေးသားကောက်ကြောင်း၊ ပုံရာလောင်းသည်
ပန်းချီဆရာ၊ မည်ထိုက်စွာတည့်။

မိခင်သည်ကား
စိတ်ထားမြင့်မြတ်၊ သွန်သင်လတ်သော
စိတ်ဓာတ်အင်ဂျင်နီယာ၊ မည်ထိုက်စွာတည့်။

မိခင်သည်ကား
အင်အားသန်စွမ်း၊ ကျန်းမာနို့ကျွေး
သမားဆေးဆရာ၊ မည်ထိုက်စွာတည့်။

ဤမျှကြီးမား၊ တာဝန်များကို
မအားမလပ်၊ ထမ်းဆောင်အပ်သော
ကြီးမြတ်ဝိသေသ၊ စိုးရအရှင်
ဤမိခင်အား၊ ငါလျှင်ကော်ရော်ပါ၏။

ဒဂုန်တာရာ

ဘာလဲတဲ့ Blog Blogger Blogging






Blog ဆိုတဲ့​​ စကား​​လုံး​​​ပေါ်လာတာ လွန်ခဲ့​​တဲ့​​ ၁၁နှစ်ကပါ။ Blog ဆိုတာ Web Log ရဲ.အတို​​ကောက်ပါ။ Web က B နဲ့​​ Log မှ log ကို​​ပေါင်း​​စည်း​​ပြီး​​ Blog လို့​​ ​​ယေဘုယျ​​ခေါ်ဆိုတာပါ။
Blog ဟာ အင်တာနက် စာမျက်နှာ​​တွေထဲကတခုဖြစ်​​ပေမယ့်​​ သူ့​​မှာအစီအစဉ်တကျစီစဉ်ထား​​တဲ့​​ ​​နေ့​​ရက်၊ အချိန်၊ အက္ခရာစဉ်က စပြီး​​​တော့​​ သက်ဆိုင်ရာ ​​ခေါင်း​​စဉ်များ​​အလိုက်၊ အမျိုး​​အစား​​ များ​​အလိုက်၊ ပုံစံတူများ​​အလိုက်၊ စသည်ဖြင့်​​စနစ်တကျပါရှိပါတယ်။
Blog  ဆိုတာ
Blog တစ်ခုကိုဖန်တီး​​ဖို့​​ Html၊ java script စတဲ့​​ ဝဘ်ဆိုက်​​ရေး​​နည်း​​များ​​ကို အထူး​​သင်ကြား​​​နေစရာမလိုဘဲ Blog host များ​​က ​​ပေး​​ထား​​တဲ့​​စာမျက်နှာများ​​မှာ လွယ်ကူစွာအဆင်သင့်​​ ဝင်​​ရေး​​လိုက်နိုင်ပါတယ်။ ​​နောက်ပြီး​​ ​​တော့​​ လာ​​ရောက်လည်ပတ်ကြသူ​​တွေကိုလည်း​​ ပွင့်​​လင်း​​စွာ၊ အရှိကို အရှိအတိုင်း​​ အမြင်ကို အမြင်အတိုင်း​​ ​​ရေး​​သား​​နိုင်​​အောင် စီစဉ်ထား​​​ပေး​​ ထား​​တာဟာ တခြား​​​သော အင်တာနက်စာမျက်နှာ​​တွေနဲ့​​ ကွာခြား​​​စေတဲ့​​ အချက်တစ်ချက် ဖြစ်ပါတယ်။ Webster အဘိဓာန်မှာ​​တော့​​ Blog ကို "ဒိုင်ယာရီ၊ အင်တာနက် စာမျက်နှာ​​ပေါ်တင်ထား​​တဲ့​​ ကိုယ်​​ရေး​​ကိုယ်တာ​​တွေလို့​​ ဖွင့်​​ဆိုထား​​ပါတယ်။ ဒါ​​ကြောင့်​​ တချို့​​​သောသူများ​​က Blog ကို အင်တာနက်​​ပေါ်မှ ကိုယ်​​ရေး​​ခံစား​​ချက် စာမျက်နှာများ​​ သို့​​မဟုတ် ကိုယ်​​ရေး​​မှတ်တမ်း​​များ​​လို့​​ မြန်မာလို အတတ်နိုင်ဆုံး​​တူ​​အောင်၊ ဆီ​​လျော်​​အောင် အဓိပ္ပာယ်ဖွင့်​​ဆိုကြပါတယ်။ BLog မှာ မိမိ ​​ရေး​​သား​​ထား​​တာ​​တွေကိုမိမိတစ်ဦး​​တည်း​​သာဖတ်ရှုနိုင်​​စေရန်၊ မိမိရဲ့​​ Blog ကို တပါး​​သူများ​​ မဖတ်ရှုနိုင်​​စေရန်၊ ဒါမှမဟုတ် ဖိတ်ကြား​​ထား​​သူများ​​သာ ဝင်​​ရောက်ဖတ်ရှုနိုင်ရန် တား​​ဆီး​​ထား​​ နိုင်သလို၊ လူအများ​​ ဝင်​​ရောက်ကြည့်​​ရှုနိုင်​​အောင်လည်း​​ ဖွင့်​​ထား​​​ပေး​​နိုင်တဲ့​​အတွက် အဆင်​​ပြေလှပါတယ်။ ဒါဆိုရင် Blog ​​တွေမှာ ဘယ်သူ​​တွေဝင်​​ရေး​​​နေပါသလဲ၊ တိုး​​တက်​​သောနိုင်ငံ​​တွေရဲ့​​​လေ့​​လာ ချက်အရ အလုပ်သမား​​​တွေ၊ ​​ကျောင်း​​သား​​​တွေ၊ ရဟန်း​​သံဃာ​​တွေကစပြီး​​ နိုင်ငံရဲ့​​တာဝန်​​တွေကိုအမြင့်​​ဆုံး​​ယူထား​​ကြတဲ့​​ ဝန်ကြီး​​က​​နေ သမ္မတအထိ Blog စာမျက်နှာ​​တွေ ကိုယ်စီရှိကြပါတယ်။ အာရှမှာဆိုရင် ဂျပန်၊ ကိုရီး​​ယား​​ ကစပြီး​​​တော့​​ အိမ်နီး​​ချင်း​​ ထိုင်း​​ စင်ကာပူ နဲ့​​​​လေး​​ရှား​​တို့​​မှ ဝန်ကြီး​​​တွေကပါကိုယ်ပိုင် Blog ​​တွေကို ​​ရေး​​သား​​လာကြပါတယ်။ မကြာခင်မှာမြန်မာဘ​​လော့​​ဂ် ​​တွေလည်း​​ အင်တာနက်​​ပေါ်မှာ ကျယ်ကျယ်ပြန့်​​ပြန့်​​​နေရာယူလာကြ ​​တော့​​မှာ ဖြစ်ပါတယ်။
Blogger ဆိုတာ
Blogger ဆိုတာက​​တော့​​ Blog တခုမှာပါဝင်​​ရေး​​သား​​​နေသူလို့​​ ​​ယေဘုယျမှတ်ယူနိုင်ပါတယ်။ Blogger တ​​ယောက်ဖြစ်ဖို့​​ လွယ်​​ပေမယ့်​​ ​​အောင်မြင်တဲ့​​ Blogger တ​​ယောက်ဖြစ်ဖို့​​ အလွန်ခက်ခဲပါတယ်။ ၂၀၀၆ ခုနှစ်မှာ Blog စာမျက်နှာ​​တွေရဲ့​​ စစ်တမ်း​​ကို Technorati( http://www.technorati.com ) ကုမ္မဏီက ​​ကောက်ယူခဲ့​​ရာမှာ တစ်ကမ္ဘာလုံး​​မှာ Blog အ​​ရေအတွက် စုစု​​ပေါင်း​​ ၅ရသန်း​​​ကျော် ရှိ​​နေပြီ ဆိုတာ ​​တွေ့​​ရပါတယ်။ နာရီနဲ့​​အမျှ Blog ​​တွေ များ​​လာ​​နေသလို၊ Blogger ​​တွေလည်း​​​​နေ့​​ထက်တ​​နေ့​​ပိုများ​​လာပါတယ်။ သူတို့​​ကို အင်တာနက် ဂျာနယ်လစ်လို့​​ ​​တောင်တင်စား​​ ကြပါ​​သေး​​တယ်။ မြန်မာ Blogger ​​တွေမှာ လည်း​​ရွက်ပုံး​​သီး​​ စာ​​ပေသမား​​​တွေ အများ​​အပြား​​ ရှိ​​နေတာဟာလည်း​​ မြန်မာစာ​​ပေ ​​လောကအတွက် အား​​ရစရာပါ။ ​​ခေတ်လူငယ် Blog စာ​​ရေး​​ဆရာ​​တွေရဲ့​​ လက်ရာ​​တွေဟာလည်း​​ အာဝဇ္ဇန်း​​ ရွှင်ရွှင်၊ ပညာသား​​ပါပါနဲ့​​ အနုပညာ ရသ​​မြောက်လွန်း​​လို့​​ အံ့​​မခန်း​​​လေး​​စား​​ထိုက်သလို၊ သူ့​​ထက်ငါတ​​နေ့​​ထက်တ​​နေ့​​လက်စွမ်း​​ပြ​​နေကြတာကိုက တရုပ်သိုင်း​​ကား​​ကြည့်​​​နေရသလိုလို၊ ကိုရီး​​ယား​​ကား​​ အခန်း​​ဆက်ဇာတ် ကား​​ ကြည့်​​​နေရလိုဖြစ်​​အောင် စွဲ​​ဆောင်နိုင်ကြပါ​​လေရဲ့​​ .......
Blogging ဆိုတာ
Blogging ဆိုတာက​​တော့​​ အခုလို အွန်လိုင်း​​​ပေါ်က Blog မှာ စာ​​ရေး​​သား​​ကြတာမျိုး​​ကို ​​ခေါ်တာပါ။ ​​နောက်ပိုင်း​​မှာ​​တော့​​ Blogger ​​တွေစုပြီး​​​​ကြောင်း​​အရာ တစ်ခုခုကို ဦး​​တည်ချက်ထား​​ပြီး​​​ဆွေး​​​နွေး​​ကြတာမျိုး​​ကိုလည်း​​ Blogging လို့​​ သုံး​​လာကြပါတယ်။ ဒါဆိုရင် Blog မှာ ဘာ​​တွေကို ​​ရေး​​သား​​ကြ၊ဘယ်လိုအမြင် ​​တွေကို ဖလှယ်ကြပါသလဲ။ Blog မှာ လူတန်း​​စား​​မျိုး​​စုံ၊​​ခြေအ​​နေမျိုး​​စုံ၊ ဘဝမျိုး​​စုံက လူ​​တွေက မိမိတ​​နေ့​​တာ ဖြတ်သန်း​​သွား​​လာမှု၊ ခံစား​​မှု၊ ရှုမြင်မှု၊ သုံး​​သပ်ချက်​​တွေ၊ နည်း​​ပညာဆိုင်ရာ သင်ကြား​​မှု​​တွေ၊ ဖန်တီး​​မှု​​တွေ၊ ​​အောင်မြင်မှု​​တွေ၊ ဖျော်​​ဖြေ​​ရေး​​ အစီအစဉ်ကစလို့​​ နိုင်ငံ​​ရေး​​ဆိုင်ရာ သ​​ဘောထား​​​တွေ အထိ Blog မှာလာ​​ရောက်​​ရေး​​သား​​ ရင်ဖွင့်​​ကြ၊ မှတ်တမ်း​​တင်ကြ၊ ​​ဝေမျှကြနဲ့​​​​ကြောင်း​​အရာကဏ္ဍစုံလင်လှပါတယ်။ Blog မှာဓါတ်ပုံများ​​နဲ့​​ မှတ်တမ်း​​တင်ထား​​တဲ့​​ photoblog ကစပြီး​​ ဗီဒီယို မှတ်တမ်း​​များ​​ တင်ထား​​တဲ့​​ vlog၊ စသည်ဖြင့်​​ မိမိကြုံ​​တွေ့​​ ခဲ့​​ရ၊ မြင်ခဲ့​​ရ၊ ပါဝင်ခဲ့​​​​သော အဖြစ်အပျက်များ​​ ပြဿနာများ​​ ​​အောင်မြင်မှုများ​​ ခရီး​​သွား​​မှတ်တမ်း​​များ​​ နည်း​​ပညာဆိုင်ရာ အ​​ခြေအ​​နေများ​​စသည်တို့​​ကို လျင်လျင်မြန်မြန်နဲ့​​ ထိထိ​​ရောက်​​ရောက်​​ရေး​​သား​​လွှင့်​​တင်နိုင်ကြတဲ့​​ အတွက် Blog ​​လောကဟာ တ​​နေ့​​ထက်တ​​နေ့​​ ပိုမိုကျယ်ပြန့်​​လာသလို၊ Blog ​​တွေရဲ့​​ ရိုက်ခတ် မှု​​ကြောင့်​​ ဖြစ်​​ပေါ်လာတဲ့​​​​ခြေအ​​နေကိုထိန်း​​သိမ်း​​ဖို့​​ တချို့​​​သောနိုင်ငံ​​တွေမှာ ကန့်​​သတ်မှု​​တွေနဲ့​​ စတင်ပြုလုပ် ​​နေရပြီဖြစ်ပါတယ်။
ဒါဆိုရင် Blogger ​​တွေမှာ​​ရော ​​စောင့်​​စည်း​​အပ်​​သော ကျင့်​​ဝတ်​​တွေ၊ ထိန်း​​သိမ်း​​အပ်​​သော ဝတ္တရား​​​တွေ မရှိလိုလား​​လို့​​ ​​မေး​​စရာ ရှိလာပါတယ်။ Blog နဲ့​​ Blogger ​​တွေမှာ ​​စောင့်​​ထိန်း​​ရမဲ့​​ ကျင့်​​ဝတ်​​တွေ သိက္ခာ​​တွေအသီး​​သီး​​ ရှိကြပါတယ်။ စခါစက​​တော့​​ သာမန်လို့​​သာ ​​ပြောနိုင်​​လောက်ပါတယ်။ ကိုယ့်​​ရင်ထဲရှိတာ၊ ကိုယ့်​​စိတ်ထဲရှိတာချ​​ရေး​​လိုက်တဲ့​​​​ဘောမို့​​ ဒိုင်ယာရီ​​ရေး​​တာနဲ့​​ တူပါတယ်။ ​​ရေး​​ကြ ​​ပြောကြတဲ့​​​​ကြောင်း​​အရာ အများ​​စုကလည်း​​ ပုဂ္ဂိုလ်​​ရေး​​သက်သက်ကများ​​ပါတယ်။ "မာမီက ​​ပြောတယ်၊ ဒီ​​နေ့​​ မိုး​​ရွာမယ်တဲ့​​" စတာမျိုး​​​​နောက်​​တော့​​ အများ​​နဲ့​​ သက်ဆိုင်တဲ့​​ ကိစ္စ၊ (​​ပြောရရင်) လူထု အဖွဲ့​​အစည်း​​တစ်ခုလုံး​​နဲ့​​ဆက်စပ်​​နေတဲ့​​ ကိစ္စ​​တွေကိုပါ အချင်း​​ချင်း​​ အပြန်အလှန်​​ဆွေး​​​နွေး​​ကြတာ၊ ​​ဝေဖန်ကြတာ​​တွေ ရှိလာပါတယ်။ ဒီလိုနဲ့​​ပဲ Blog ​​တွေ hot ဖြစ်လာကြတာပါ။ Blog ရဲ့​​ထူး​​ခြား​​ချက်က ဘာ အကန့်​​အသတ်အထိန်း​​အချုပ်မှ မရှိတာပါပဲ။ ဥပ​​ဒေနဲ့​​ ကန့်​​သတ်တာ ထိန်း​​သိမ်း​​တာမ​​ပြောနဲ့​​ အယ်ဒီတာ​​တောင် မရှိပါဘူး​​။ ကိုယ်​​ရေး​​ချင်၊ ​​ပြောချင်တာကို လွတ်လွတ်လပ်လပ် ချ​​ရေး​​ကြတယ်။ များ​​​သောအား​​ဖြင့်​​ နာမည်ဝှက်နဲ့​​ ​​ရေး​​ကြတာများ​​လို့​​​​ကျေနပ်တဲ့​​ လူ​​တွေဘက်ကလည်း​​​​ရေး​​ယူဖို့​​ မလွယ်ပါဘူး​​။ အခုလို အထိန်း​​အချုပ်မရှိလို့​​ ဗရမ်း​​ဗတာဖြစ်တာမျိုး​​ ရှိသင့်​​​​လောက် ရှိ​​ပေမယ့်​​ လွတ်လပ်ပွင့်​​လင်း​​တဲ့​​ သတင်း​​စီး​​ဆင်း​​မှုကို အား​​​ပေး​​တာ​​တော့​​အမှန်ပါပဲ။
နိုင်ငံသား ​​ အခွင့်​​​​ရေး​​ (citizen right) ကို အပြည့်​​အဝအသုံး​​ချကြတာမို့​​ နိုင်ငံသား​​ ဂျာနယ်လစ် (Citizen Journalist) လို့​​ ​​ခေါ်ကြတာ​​တွေလည်း​​ ရှိပါတယ်။ မီဒီယာ​​လောက အ​​နေနဲ့​​ Blogger ​​တွေကို အ​​လေး​​ထား​​ လာရတဲ့​​ ကိစ္စက​​တော့​​ သူတို့​​ရဲ့​​ "ခရာမှုတ်သူ"(whistle blower) အခန်း​​ကဏ္ဍ​​ကြောင့်​​လို့​​ ဆိုပါတယ်။ C.B.S လို အ​​ကျော်​​ဒေး​​ယျ မီဒီယာကြီး​​ကို​​တောင် Blogger ​​တွေကဖွင့်​​ချခဲ့​​ဖူး​​လို့​​မီဒီယာ​​တော်​​တော် များ​​များ​​က ဖြုံကြပါတယ်။ တပြိုင်နက်တည်း​​မှာပဲ ​​မြေ​​ပေါ်မီဒီယာ​​တွေ ဘယ်လိုမှ ရဖို့​​မလွယ်​​လောက်တဲ့​​သတင်း​​ဦး​​ သတင်း​​ထူး​​​တွေ​​ပေး​​နိုင်တာမို့​​ ဂျာနယ်လစ်​​တွေရဲ့​​ အား​​ကိုး​​ရာလည်း​​ ဖြစ်​​သေး​​တယ်။ 'တံခါး​​ဖွင့်​​ စူး​​စမ်း​​​လေ့​​လာကြတဲ့​​ သတင်း​​ခန်း​​မ' (open-source newsrooms) ​​တွေ အွန်လိုင်း​​​ပေါ်မှာအပြိုင်း​​အရိုင်း​​ ​​ပေါ်လာတာဟာလည်း​​ Blogger တွေရဲ့​​​ကျေး​​ဇူး​​​ကြောင့်​​လို့​​ ​​ပြောစရာရှိပါတယ်။ အီရတ်စစ်ပွဲ အကြိုကာလ​​လောက်ကစပြီး​​ မီဒီယာ​​လောကသာမက​​တော့​​ဘူး​​ နိုင်ငံ​​ရေး​​​လောက ကပါ Blogger ​​တွေကို အ​​လေး​​ထား​​ ​​စောင့်​​ကြည့်​​လာရ​​တော့​​တယ်။ အထူး​​သဖြင့်​​ ဘုရှ်အစိုး​​ရရဲ့​​ အီရတ်စစ်ပွဲ ​​ပေါ်လစီကို ​​ဝေဖန်​​ထောက်ပြတဲ့​​ အမည်မသိဘ​​လော့​​ဂါ​​တွေရဲ့​​​​ဘောထား​​ အမြင်​​တွေဆိုရင်စစ်မဟာဗျူဟာ ပညာရှင်ဆိုသူ​​တွေ​​တောင် လက်ဖျား​​ခါရတယ်လို့​​ ဆိုပါတယ်။ ပညာရှင် တချို့​​ကဆိုရင် ဘ​​လော့​​ဂါ​​တွေကို ဆိုက်ဘာဒီမိုက​​ရေစီကို လက်​​တွေ့​​ကျင့်​​သုံး​​​နေကြတဲ့​​ ပထမဆုံး​​ 'ခရု ဆိတ်တာ' ​​တွေလို့​​​တောင် အမွှန်း​​တင်ကြတယ်။ ဘာပဲဖြစ်ဖြစ် Blog စတာ ဘာမှ မကြာလှ​​သေး​​​ပေမဲ့​​ အံ့​​​​လောက်​​အောင် ကျယ်ပြန့်​​လာတာ​​တော့​​​သေချာပါတယ်။ အခု ​​လော​​လောဆယ် ဝက်ဘ်ဆိုက်​​ပေါ်မှာ ဘ​​လော့​​​ပေါင်း​​ ၅ရသန်း​​​ကျော် ​​နေပြီလို့​​ သိရပါတယ်။ အ​​မေရိကန် ပြည်​​ထောင်စု တခုတည်း​​မှာကိုပဲ ဘ​​လော့​​ဂါ ပရိတ်သတ် (၃၂) သန်း​​ထိ ရှိလာပြီလို့​​ ဆိုပါတယ်။ နယူး​​​ယော့​​တိုင်း​​မ် ဂျာနယ်လစ် '​​တောမတ် ဖရီး​​မင်း​​' က​​တော့​​ Blogလှုပ်ရှား​​​နေမှုကို 'တံခါး​​မရှိ၊ ဓား​​မရှိ စူး​​စမ်း​​​လေ့​​လာ​​ရေး​​' (open-source) လို့​​အကဲဖြတ် သလို၊ ကမ္ဘာကြီး​​ကို အဖျား​​ခတ်လိုက်တဲ့​​ နည်း​​ပညာလှိုင်း​​ရဲ့​​ရိုက်ချက် တစ်ခုလို့​​လည်း​​ ဆို​​နေပါ​​ကြောင်း​​ပါ​​ခင်ဗျာ။

ကိုမင်းကျော်