လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

သဲပန်းချီ



အချစ်နဲ့နားလည်မှု

သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က အချင်းချင်း စိတ်လက်ချမ်းသာစေတဲ့အချစ်ကို သယ်ဆောင်ပေးလာနိုင်သတဲ့။

သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က နောက်ဆုံးမှာ သင့်ကိုဆင်ခြေတွေးတောစရာ တစ်ခုပေးပါသတဲ့။ အဲဒီတွေးတောစရာက "လူ့ဘဝမှာ "နားလည်မှုရှိတာ"ဟာ "ချစ်တာ"ထက် ပိုအရေးပါတယ်" ဆိုတာပဲဖြစ်တယ်။

"သင့်ကိုနားလည်တဲ့သူ ချစ်ပါစေ"ဆိုတဲ့ သီချင်းဟောင်းတစ်ပုဒ်မှာ သီချင်းစာသားတစ်ခုက..... "ချစ်ကြိုက်တယ်ဆိုတာ တစ်ဘက်သားရဲ့ နေထိုင်မှုထဲဝင်ရုံတင်မဟုတ်ဘူး.. အချင်းချင်းရဲ့ဘဝထဲ ပိုဝင်နိုင်ရမယ်"လို့ ဆိုထားပါတယ်။ "အချစ်"ရဲ့ အမြင့်ဆုံးအဆင့်က "နားလည်မှု"ဖြစ်တယ်။

"နားလည်တာလား! ချစ်တာလား!"ဆိုတာကို လူတွေက ရွေးချယ်မှုပုစ္ဆာအဖြင့် သဘောထားပြီး လူအများက "ချစ်တယ်"ဆိုတာကို ရွေးချယ်တတ်ကြတယ်။ နားလည်တာထက် ချစ်ရတာဟာ လူကို ပိုကြည်နူးစေတယ်လို့ သူတို့ထင်ကြလို့ဖြစ်တယ်။

တကယ်တမ်းတော့ ဒီလိုမဟုတ်ခဲ့ပါဘူး...
မကြာခဏမြင်တွေ့နေရတဲ့ မပျော်ရွှင်တဲ့ ချစ်သူရည်းစားတွေ၊ လမ်းခွဲပြတ်စဲသွားကြတဲ့ ချစ်သူရည်းစားတွေဟာ အချင်းချင်း မချစ်ကြလို့မဟုတ်ဘူး။ အချင်းချင်း နားလည်မှုမပေးနိုင်ကြလို့ဖြစ်တယ်။ လူ့လောကထဲမှာ အချင်းချင်းနာကျင်အောင် ညှင်းပန်းနှိပ်စက်နေကြတဲ့ ယောက်ျားမိန်းမ၊ ချစ်သူစုံတွဲတွေဟာ မချစ်ကြလို့မဟုတ်ဘူး။ နားလည်မှု မရှိကြလို့ဖြစ်တယ်။

ချစ်သူဖြစ်ချိန်မှာ မိန်းကလေးတွေက ယောက်ျားလေးတွေကို နားလည်မှုပေးနိုင်တယ်လို့ သူတို့ကိုယ်သူတို့ ထင်ခဲ့ကြတယ်။ အသဲကွဲလမ်းခွဲချိန်ရောက်မှ အရင်ကနားလည်ခဲ့တဲ့ "နားလည်မှုတွေ"ဟာ "နားလည်မှုအလွဲ"တွေဆိုတာကို သူတို့သိကြရတယ်။

မိန်းကလေးတွေက နားလည်မှုမရှိဘူးလို့ ယောက်ျားလေးတွေက ထင်ကြတယ်။
မိန်းကလေးတွေက သူတို့ကိုယ်သူတို့ နားလည်မှုရှိတယ်လို့ ထင်ကြတယ်။

ယောက်ျားလေးတွေရဲ့စိတ်ကို မိန်းကလေးတွေ နားမလည်ကြဘူးလို့ ယောက်ျားလေးတွေက ထင်ကြတယ်။ ဒါဟာ မိန်းကလေးတွေရဲ့စိတ်ဒုက္ခကို ယောက်ျားလေးတွေ နားမလည်လို့လို့ မိန်းကလေးတွေက ထင်ကြတယ်။

ဒါကြောင့် နှစ်ယောက်ကမ္ဘာမှာ နားလည်မှုရှိဖို့က ချစ်ဖို့ထက် ပိုလုပ်နိုင်ဖို့ ခက်ခဲခဲ့တယ်။
သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က သင်လိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။
သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က သူလိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။

သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က တစ်ဝက်လုပ်ပြီး ဆတိုးခံစားတယ်၊ ချစ်ရတာလည်း
သက်တောင့်သက်သာရှိပြီး စိတ်ချမ်းမြေ့စေတယ်၊ သင့်ကိုလည်း ပျော်ရွှင်မှုတွေ ခံစားစေတယ်။

သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က ဆတိုးလုပ်ပြီး တစ်ဝက်ပဲခံစားတယ်။ ချစ်ရတာလည်း စိတ်ပင်ပန်း၊
လူပင်ပန်းစေတယ်၊ သင့်ကိုလည်း ပျော်ရွှင်မှုမပေးနိုင်ဘူး။

သင့်ကိုနားလည်မှုပေးနိုင်တဲ့သူ သင့်ကိုချစ်ပါစေ...
ချစ်တယ်ဆိုတိုင်း နားလည်မှုပေးနိုင်သူ မဟုတ်ပါဘူး။
အချစ်ကို အညံ့ခံ၊ အရှုံးပေးလိုက်ရတဲ့ လူတွေအများကြီးပါ။ ဒါပေမဲ့ အဲဒီလိုအညံ့ခံပြီးနောက် နောက်ဆုံးမှာ သူတို့နားလည်သဘောပေါက်လိုက်တာက "နားလည်မှုမပေးနိုင်သူတစ်ယောက်ရဲ့ အချစ်ဟာ အချစ်နက်လေ နာကျင်ညှင်းပန်းမှုများလေ" ဆိုတာပဲဖြစ်တယ်။ 
နိုင်းနိုင်းစနေ ဘာသာပြန်သည်။


နိုင်းနိုင်းစနေဘလော့မှ တဆင့်ကူးယူဖြန့်ဝေသည်။

လူငယ် နှင့် ကိုးကွယ်မှု

လူငယ်ဆိုတာ ဖျက်လတ်တက်ကြွသော၊ ရဲရင့်သော၊ သန်စွမ်းသော၊ ခိုင်မာသော၊ သတ္တိရှိသော၊ နိုးကြား၍ဇွဲရှိသောသူကို လူငယ်ဟု ခေါ်ပါသည်။ သို့သော်ထိုလူငယ်၏ ဂုဏ်ပုဒ်များသည် ကောင်းမွန်သော၊ အကျိုးရှိသော နေရာများတွင်သာ အသုံးချသင့်ပါသည်။ အမျိုးဘာသာကို ထိခိုက်စေနိုင်သော၊ ယဉ်ကျေးမှုကို ပျက်ပြားစေနိုင်သော အမှုကိစ္စများတွင် အသုံး ချမည်ဆိုပါက မသင့်တော်နိုင်ပေ။ အမျိုးကိုဆက်မည့်၊ ထိန်းသိမ်းမည့် သစ်လွင်ရဲရင့်သော မျိုးဆက်သစ် လူငယ်များသာ ဖြစ်သင့်ပါသည်။ ထို့ကြောင့် တမျိုးသားလုံး၏ ကောင်းမွန်သော ယဉ်ကျေးမှုများ၊ ဓလေ့စရိုက်များ၊ ထုံးတမ်းစဉ်လာများ ကိုအမွေဆက်ခံမည့် "မွေခံထိုက်စေ လူငယ်များ" ဖြစ်ဖို့ရန်မှာ ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာ မြန်မာလူငယ်များ အားလုံးတွင် တာဝန်ရှိပါသည်။ ကောင်းသည့်အမွေများအား ဆက်ခံသင့်သလို မကောင်းသည့်အကျင်၊့ စရိုက်ဆိုး များကိုလည်း ပယ်ရှားပစ်ရမည့် တာဝန်မှာ အမျိုးကပေးသော အမျိုးသားရေးတာဝန်ပင်ဖြစ်ပေတော့သည်။

သွေးကစကားပြောသည်...


ပိဋကတ်သုံးပုံဆိုသည်မှာ

ကျနော်ဖတ်မိသမျှ မှတ်မိသမျှလေးကို မျှဝတဲ့သဘော ပါခင်ဗျာ။ မှားယွင်းမှု့များရှိခဲ့ရင် ဝေဖန်ထောက်ပြပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။

၁။ ဝိနည်းပိဋက
၂။ သုတ္တန်ပိဋက
၃။ အဘိဓမ္မာပိဋက တို့ဖြစ်ကြပါသည်။


၁။ ဝိနည်းပိဋက

ဝိနည်းပိဋကဆိုသည်မှာ သာသနာ့ဝန်ထမ်းရဟန်းတော်များ လိုက်နာကျင့်ကြံရမည့် ကျင့်ဝတ်၊ စည်းကမ်းများကို စုစည်းဖော်ပြထားခြင်းဖြစ်ပါသည်။ သိက္ခာပုဒ်တော်ပေါင်း (၂၂၇)သွယ် ရှိပါသည်။ ဒီဆရာတော်ကြီးဟာ ဖြင့် ဝိနည်းနဲ့အရမ်းညီလိုက်တာတို့၊ ဝိနည်းတော်နှင့်အညီ ချုပ်ထားသော သင်္ကန်းတို့ ဆိုပြီး ကျွန်တော်တို့ ကြားဖူးနေကြ စကားတွေ ရှိတယ်မဟုတ်လား။ အဲဒါဟာ ယခု (၂၂၇)သွယ်သော စည်းကမ်းတွေကို လိုက်နာစောင့်ထိန်းတာကို ပြောတာပါ။ ဘဘဦးသုခရိုက်တဲ့ ရဟန်းစားသောဆွမ်းတနပ်"စတဲ့ ဇာတ်လမ်းတွေဟာ ယခုသိက္ခာပုဒ်တော်တွေ အကြောင်းကို ရိုက်ကူးတင်ပြထားတာပါ။ ကျွန်တော်တို့ ရဟန်းခံရာတွင်လည်း ဤသိက္ခာပုဒ်တော်များကို စောင့်ထိန်းကြရမှာပါ။

၂။ သုတ္တန်ပိဋက

သုတ္တန်ပိဋက ဆိုသည်မှာ မြတ်စွာဘုရားရှင်သည် လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတွေရဲ့ အကျင့်စရိုက်၊ အသိဉာဏ်၊ အလိုဆန္ဒတို့နဲ့ သင့်မြတ်အောင် ဥပမာသာဓကများနှင့် ဟောကြားတော်မူထားတဲ့အတွက် လူများနဲ့ ပိုမိုနီးစပ်ပြီး နားလည် သဘောပေါက်လွယ်ကြပါသည်။ သာမန်ပုဂ္ဂိုလ်တို့အတွက် အသင့်လျော်ဆုံးတရားလည်းဖြစ်ပါသည်။ သုတ်တော်ပေါင်း (၁၇၅၀၅)သုတ် ရှိပါသည်။ သတိပဌာန်တရား၊ အာနာပါနရှုနည်းများ၊ ဈာန်ဝင်စားခြင်း အစရှိသည်တို့မှာ သုတ္တန်ပိဋကတ်တော်တွင် ပါဝင်ပါသည်။ ကျွန်တော်တို့ ရွတ်ဖတ်ကြသော ပရိတ်ကြီး (၁၁)သုတ်သည်လည်းကောင်း၊ မိဘဝတ်၊ သားသမီးဝတ် အစရှိသည်တို့သည်လည်းကောင်း သုတ္တန်ပိဋကတ်တော်မှပင် ဖြစ်ပါသည်။ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာများသည် သုတ္တန်ပိဋကတ်တော်မှ ဆင်းသက်လာခြင်းလည်းဖြစ်ပါသည်။ သုတ္တန်တရားတော်များ အားလုံးကို အတိုအရှည်အလိုက်၊ တရားသဘောအလိုက် နိကာယ် (၅)ရပ် ဟူ၍ ခွဲခြားထားပါသည်။
၁။ ဒီဃနိကာယ်
၂။ မဇ္စျိမနိကာယ်
၃။ သံယုတ္တနိကာယ်
၎။ အဂုင်္တ္တရနိကာယ်
၅။ ခုဒ္ဒကနိကာယ် - တို့ ဖြစ်ကြပါသည်။ ဆရာတော်များ တရားဟောကြားရာတွင် - နိကာယ်၊ - သုတ်တော်မှာ လာသော - ဇာတ်ကြောင်းကို တန်ဆာဆင်ဟောကြားအပ်သော - တရားတော်ဟူ၍ နာကြားဖူးကြပါလိမ့်မည်။ (ဥပမာ- ဆရာတော် အရှင်ဆေကိန္ဒ၏ တရားတော်များ)

၃။ အဘိဓမ္မာပိဋက

အဘိဓမ္မာပိဋက ဆိုသည်မှာ ပုဂ္ဂိုလ်တို့၏ အလိုစရိုက်တို့ကို ဦးစားမပေးဘဲ ဓမ္မသဘာဝတို့ကို အရှိသဘောအတိုင်း ပြည့်စုံကုန်စင်အောင် ပညာသက်သက်ဖြင့် ဟောကြားတော်မူထားခြင်းဖြစ်ပါသည်။ အဘိဓမ္မာတရားတော်ကို မြတ်စွာဘုရားရှင်သည် မယ်တော်မာယာဒေဝီဖြစ်ခဲ့ဖူးသည့် နတ်သားအား မွေးကျေးဇူးဆပ်သည့်အနေဖြင့် နတ်ပြည်၌ ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူခဲ့ပါသည်။ အဘိဓမ္မာပိဋက တွင်
၁။ ဓမ္မသင်္ဂဏီကျမ်း
၂။ ဝိဘင်္ဂကျမ်း
၃။ ဓါတုကထာကျမ်း
၎။ ပုဂ္ဂလပညတ်ကျမ်း
၅။ ကထာဝတ္ထုကျမ်း
၆။ ယမိုက်ကျမ်း
၇။ ပဌာန်းကျမ်း - ဟူ၍ ကျမ်းပေါင်း (၇)ကျမ်း ရှိပါသည်။ ကျွန်တော်တို့ ရွတ်ဖတ်ပူဇော်ကြသော ပဌာန်းတရားတော်မှာ အဘိဓမ္မာပိဋကမှ သတ္တမြောက်ကျမ်းပင်ဖြစ်ပါသည်။

သံဃာတော်များ ပိဋကတ်သုံးပုံစာမေးပွဲ ဖြေဆိုကြသည်မှာ ဤပိဋကတ်သုံးပုံကို ရေးဖြေရော၊ အာဂုံ(အလွတ်ရွတ်ဆိုခြင်း)ပါ ဖြေဆိုကြခြင်းဖြစ်ပါသည်။

အာဖရိက သို့ ဗုဒ္ဒသာသနာ ပြန့်ပွါးပြီ


အာဖရိကတိုက်၊ ယူဂန်ဒါ နိုင်ငံငယ်လေးက ခရစ်ယာန်မိသားစုမှာ Steven ကို၁၉၆၆-ခုနှစ်က ဖွားမြင်ခဲ့တာပါ။ သူဟာ ငယ်ငယ်က ဘာသာတရားဆိုလို့ ခရစ်ယာန်နဲ့အစ္စလာမ် ၂-ခုတည်းသာရှိတယ်လို့ ထင်ခဲ့တာပါ။ ၁၀ ကျော်သက်အရွယ်ရောက်မှ
အိန္ဒိယနိုင်ငံမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းခဲ့ဖူးကြောင်းကိုနာမည်လောက်သာ ကြားဖူးခဲ့သူပါ။ အရွယ်ရောက်လာတဲ့ အခါမှာ သူဟာအိန္ဒိယနိုင်ငံကို နိုင်ငံခြားပညာသင် သွားခဲ့ပါတယ်။ အဲဒီမှာ ထိုင်းလူမျိုးရဟန်းတော် ၂-ပါးနဲ့ ခင်မင်ခဲ့ပြီး ဗုဒ္ဓဝါဒကို အနည်းငယ်
လေ့လာခွင့်ရခဲ့ပါတယ်။

ထိုင်းဘုန်းတော်ကြီး ၂-ပါး မရှိတော့တဲ့နောက်ပိုင်း သူဟာ ဗုဒ္ဓဝါဒကိုဆက်လက်လေ့လာဖို့ သိပ်ပြီး စိတ်ဝင်စားခဲ့တယ်။ အဲဒီမှာ သူက
တိဗတ်ဘုန်းတော်ကြီး ဒလိုင်းလားမားရှိရာကို သွားရောက် အရိုအသေပေးခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံမှာ လေ့လာဖို့ဆုံးဖြတ်ပြီးစားဝတ်နေရေးအတွက် နိုင်ငံခြားသား ခရီးသွားတွေများတဲ့ ဒေသတစ်ခုမှာ
ဒိုင်ဗင်ပစ်၊ ရေကူး နည်းပြလုပ်ခဲ့ပါတယ်။ သူ့ဘဝဟာအတိုင်းအတာတစ်ခုပြည့်ပြည့်စုံစုံ နေခဲ့ရပါတယ်။ သူဟာ
လောကီဥစ္စာပြည့်စုံမှုတွေ မှာ ဘယ်လိုမှ မမွေ့လျော်နိုင်တော့တဲ့ နောက်ပိုင်းလက်ရှိအလုပ်ကို စွန့်လွှတ်ပြီး အမိခင်နိုင်ငံကို ပြန်သွားခဲ့ပါတယ်။

ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး

သမန္တစက္ခုဒီပနီ တတိယတွဲ ပုစ္ဆာအမှတ်-၇၁ ။ စာမျက်နှာ ၂၃၉-၌အကျယ်ရှုပါ ။
ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး။
(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရြှိုခင်း။
(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။
(၃) တော်ထွက်တော်မူစဉ်က ပယ်ဖြတ်မူသောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။
(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။
(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နိုင်ခြင်း။
(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။
(၇) ဝေနေယျသတ္တ၀ါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)
(၈) ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။
(၉) အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။
(၁၀) လူနတ်တို့၏စိတ်ကို အသာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။
(၁၁) အသံတော်ရှစ်ပါးနှင့်တရားဟော်တော်မူရာ အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ဟောသကဲ့သို့ကြားရခြင်း။
(၁၂) ကျွတ်အံ့သော သတ္တ၀ါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း။
(၁၃) လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော အိနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။
(၁၄) အထက်ပါ(၁၃)ပါးနှင့် ဥေယျဓံတရား(၅)ပါးကို သိနိုင်ခြင်း။
(၁၅) အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။
(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးဖြာဋိကာပြနိုင်ခြင်း။
(၁၇) တာဝတိံသာသို့ အဘိဓမ္မာတရားဟော်တော်မူရန် ပကတိ သုံးဖ၀ါးနှစ်လှမ်းတည်းဖြင့် ကြွတော်မူနိုင်ခြင်း။
(၁၈)ဒေသစာရီကြွချီတော်မူလျှင်ခြေရာမတင်သည့်အပြင်မြေအညီအညွတ်ဖြစ်ရခြင်း။ (ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး။

စကားပြော အတတ်ပညာ

စကား၊ စကား၊ ပြောပါများ၊ စကားထဲက ဇာတိပြ လို့ ကြားဖူးကြမယ် ထင်ပါတယ်။ စကားဆိုတာ စလိုက်ရင် ကားသွားတတ်ပါတယ်။ ဒါကြောင့် လူတွေရဲ့ ပါးစပ်ဖျားမှာ စကားနည်း ရန်စဲဆိုတဲ့ စကားလုံးကို တွင်တွင်သုံးနေကြတာ ဖြစ်ပါလိမ့်မယ်။ အဲ စကားဆိုတာကလည်း စကားပြောတိုင်း ကောင်းကျိုးနှင့် ဆိုးကျိုးတို့ကို ဆင်ခြင်ကြရပါမယ်။

ဘုရားရှင်သည် စကားခြောက်ခွန်း၊ လူဝယ်ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတယ် လို့ ရှေ့ပညာရှိများရဲ့ လင်္ကာစကားနှင့်အညီ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သူတစ်ပါး နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ အကျိုးမရှိသော စကားမျိုးကို မပြောမဆိုဘဲ မှန်ကန်၍ အကျိုးရှိသော စကားမျိုးသာ ပြောဆိုတော်မူပါလို့ မိန့်တော်မူခဲ့ပါတယ်။

သုဂတ…
သု = ကောင်းသော စကားကို၊ ဂတ = ဆိုတော်မူသော မြတ်စွာဘုရား။
မမှန်စကား၊ ကျိုးမများ၊ နှစ်ပါးနာလို၊ မနာလို၊
မှန်ကန်သော်ငြား၊ ကျိုးမများ၊ နှစ်ပါးနာလို၊ မနာလို၊
ဟုတ်မှန်စကား၊ အကျိုးများ၊ နှစ်ပါးနာလို၊ မနာလို၊
ရှေ့လေးခွန်းပယ်၊ နောက်နှစ်ဆွယ်၊ မှတ်ဖွယ်များ လူဗိုလ်
ဒါကတော့ မှတ်သားရလွယ်ကူအောင် ရှေးပညာရှိတို့ မှတ်သားထားတဲ့နည်း ဖြစ်လိမ့်မယ်ထင်ပါတယ်။

၁။ မှန်လည်း မမှန်၊ အကျိုးလည်းမရှိ၊ သူတစ်ပါးတို့လည်း မနှစ်သက်သော စကားမျိုးကို မပြောရပါ။
၂။ မှန်လည်းမှန် အကျိုးလည်းမရှိ၊ သူတစ်ပါးတို့လည်း နှစ်သက်သော စကားမျိုးကို မပြောရပါ။
၃။ မှန်ပင်မှန်သော်လည်း အကျိုးမရှိ၍ သူတစ်ပါးတို့ မနှစ်သက်သော စကားမျိုးကို မပြောရပါ။
၎။ မှန်ပင်မှန်သော်လည်း အကျိုးမရှိသော သူတစ်ပါးတို့ နှစ်သက်သော စကားမျိုးကို မပြောရပါ။
၅။ မှန်လည်းမှန် အကျိုးလည်းရှိ သူတစ်ပါးတို့ မနှစ်သက်သော်လည်း အခါအခွင့်ကို ကြည့်ရှုဆင်ခြင်၍ ပြောသင့်မှ ပြောရပါသည်။
၆။ မှန်လည်း မှန် အကျိုးလည်းရှိ သူတစ်ပါးနှစ်သက်သော စကားမျိုးကို အခါအခွင့်ကို ကြည့်ရှုဆင်ခြင်၍ ပြောသင့်မှ ပြောရပါသည်။
မှန်လည်း မှန် အကျိုးလည်းရှိ ဟု ဆိုသော်လည်း အခွင့်အခါ ကြည့်ရှုပြီး ပြောသင့်မှ ပြောရကြောင်း ကျွန်တော်မှတ်သားလိုက်မိပါတော့တယ်။

စာကိုး။ ။ ဗုဒ္ဓဘာသာလက်စွဲ

မိဘနဲ့ပတ်သက်လာလျှင် သားသမီးတွေ အရှုံးဘက်ကပါဘဲ

မိဘနှစ်ပါးဟာ သားသမီးတွေကို ငယ်စဉ်တောင်ကြေး ကလေးဘ၀က ယနေ့အချိန်ထိ
ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ကြရတာပါ။ စာရေးသူ ဒီနေရာမှာ အဖြစ်အပျက် အတွေ့အကြုံလေးတစ်ခု
ပြောပြပါဦးမယ်။ စာရေးသူရဲ့ ပစ္စည်းလေးပါ ဒါယကာ ဒါယိကာမ မိသားစု တစ်စုရှိပါတယ်။ ဒကာကြီးဟာ
အိမ်ထောင်ကျတဲ့နေ့ကစပြီး ရိုးရိုးသားသားကြိုးကြိုးစားစားဖြင့် နာရီပြင်တယ်။ နာရီဆိုင်ဖွင့်ခဲ့ပါတယ်။
ဒီစီးပွားရေးလုပ်ငန်းနဲ့ပဲ နာမည်ပေါက်အောင်မြင်ခဲ့ပါတယ်။ စီးပွားရေးကို ရိုးသားစွာ ရှာဖွေရင်း အချိန်ဖြုန်း ငွေဖြုန်းအပျော်အပါးကိစ္စမှန်သမျှကို ဝေးစွာရှောင်ကြဉ်ခဲ့ပါတယ်။ ဒီလိုနဲ့သားသမီးလေးတွေထွန်းကား မူကြိုအရွယ်၊ မူလတန်းအရွယ်၊ အလယ်တန်းအရွယ်၊ အထက်တန်းအရွယ်၊ ဘွဲရအရွယ်အဆင့်ဆင့်ဖြင့် မိမိသားသမီးတွေကို လူတန်းစေ့နေနိုင်အောင် လူတောထဲမှာ မျက်နှာမငယ်ရအောင် စီးပွားရေးကို ကြိုးကြိုးစားစား ရိုးရိုးသားသား ရှာဖွေရင်း သားသမီးတွေကို ပညာအမွေပေးခဲ့ပါတယ်။

ဒီလိုနဲ့သားသမီးတွေ ကြီးပြင်းလာ အိမ်ထောင်ပြုချိန်၌ မင်္ဂလာအခမ်းအနားကအစ အဆင့်မြင့်ဆုံးတွေဖြစ်အောင် ထိမ်းမြားမင်္ဂလာ လက်ထပ်ပေးခဲ့ပါတယ်။ သားသမီးတွေကို မိမိရဲ့ စီးပွားရေးလုပ်ငန်းမှာ လက်တွဲခေါ်ယူပြီး အသက်မွေးဝမ်းကျောင်းပညာ မိမိနည်းတူ တစ်ထပ်တည်း ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ဖို့အတွက် သားသမီး () ယောက်ကို အသက်မွေးဝမ်းကြောင်းပညာ သင်ပေးခဲ့ပါတယ်။ သားသမီး () ယောက်စလုံး သူ့နံပါတ်စဉ်အလိုက် ဘွဲ့အသီးသီးရရှိသွားကြပြီး အသက်မွေးဝမ်းကြောင်းပညာ အဆင့်ဆင့် သင်ယူကြနဲ့ နောက်ဆုံးအိမ်ထောင်ကျတဲ့အခါမှာ သူ့စီးပွား ကိုယ့်စီးပွား အိမ်ဆိုင် တစ်ယောက်တစ်လုံးနဲ့ သားသမီးတွေ စိတ်ချမ်းသာအောင် စီးပွားရေးလုပ်ငန်းမှာလည်း မျက်နှာမငယ်ရအောင် အသီးသီးထားပေးခဲ့ပါတယ်။

ဒီလိုနဲ့ ဒကာကြီးဟာ မိဘ၀တ္တရားအတိုင်း သားသမီးတွေကို ပညာအမွေ၊ ဥစ္စာအမွေ၊ သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်ဆိုတဲ့အတိုင်း အိမ်ထောင်ရက်သားတွေချပေး၊ သူလိုချင်တဲ့ အနေအထား ရောက်ရှိပြီး သားသမီးတွေ စီးပွားရေးတည်ငြိမ်စွာ လုပ်နိုင်သွားကြပြီဆိုတဲ့ အချိန်ကျမှ စိတ်ပေါ့ပါးလွတ်လပ်သွားပါတော့တယ်။ နှစ် (၃၀) လုံးလုံး လှောင်ချိုင့်မိခံထားရတဲ့ ငှက်တစ်ကောင်ဘ၀မှ ယခုတော့ဖြင့် အနှောင်အဖွဲ့တွေ လွှတ်လိုက်သလို စိတ်ပေါ့ပါးလန်းဆန်း သွားပါတော့တယ်။

အဲ့ဒီလိုနဲ့ ဒကာကြီးဟာ နှစ် (၃၀)လုံးလုံးသင့်မိသားစုတာဝန် သင့်တာဝန်ဆိုတဲ့အတိုင်း စီးပွားရေးလုပ်ငန်းမှာ ရိုးရိုးသားသား ကြိုးကြိုးစားစားရှာဖွေခဲ့ရတဲ့ သူ့နောက်ကြောင်းကို ပြန်စဉ်းစားရင်း ဒီနေ့မှစ ငါလွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာသလို ငါ့စိတ်နဲ့ငါ့ကိုယ်နေတော့မယ်။ မိမိဟာ နှစ် (၃၀)လုံးလုံး သားရေးသမီးရေး၊ စီးပွားရေးတွေမှာပဲ နစ်မြှုပ်ခဲ့ရတဲ့အတွက်ကြောင့် ယခုခေတ်ရဲ့အခြေအနေ ဘယ်လိုတိုးတက်ပြောင်းလဲနေမှန်းတောင် မသိခဲ့ရဘူး။ ယခုမှ အပြင်လောကကို လွတ်လွတ်လပ်လပ် ကြည့်ခွင့်ရတော့တယ်။ သားသမီး၊ ဇနီးမယားအတွက်လည်း နေမှု၊ ထိုင်မှု၊ စီးပွားရေးမပူရတော့ဘူး။ သားသမီးတွေလည်း ကိုယ်စိကိုယ်စီ မိမတို့ရဲ့ စီးပွားရေးကို ထိန်းသိမ်းနိုင်သွားကြပြီဆိုပြီး မော်ဒယ်လ်ဘွိုင်းလုပ်တော့တာပေါ့။ မော်ဒယ်လ်ဘွိုင်းဆိုတော့ သိတယ်မဟုတ်လား။ မော်ဒယ်လ်ဂဲလ်လေးတွေရောက်လာတော့တာပေါ့။ သူဟာ တစ်ခုတော့ရှိတယ် ချီးကျူးစရာကောင်းတာက အပျော်အပါးကိစ္စအတွက် သားသမီး ဇနီးမယားဆီက ငွေကို လုံးဝယူသုံးခြင်းမရှိပါဘူး။ သူရှာလို့ရတဲ့ သူ့ကိုယ်ပိုင်ငွေကိုပဲ သုံးပါတယ်။ ဒါသာ သူရဲ့သံမဏိစည်းကမ်းပါပဲ။ ဒီလိုနဲ့သူဟာ အစွမ်းကုန်လွတ်လပ်မှုတွေ ယလိုက်လေတော့ ဒကာမကြီးနဲ့အရင်ဆုံး ပြဿနာဖြစ်ပါလေရော၊ သိတယ်မဟုတ်လား ဒီလိုမျိုးကျတော့ ဘယ်သူက ခွင့်လွှတ်နိုင်မလဲ။

နောက်တော့ သားသမီးတွေကလည်း အဖေကိုဝိုင်းပြီးတော့ အပြစ်ပြောကြတယ်။ ဘယ်လိုမှပြောလို့မရတဲ့အဆုံး သားသမီးတွေဟာ ဖအေကို အဖေလို့တောင်မခေါ်ချင်ကြတော့ဘူး။ သူတို့ဆိုင်လာလို့ရှိရင်လဲ ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံကြတယ်။ သားသမီးတွေဟာ သူကျွေးခဲ့တဲ့ ထမင်းစားပြီး သူသင်ပေးခဲ့တဲ့ ပညာနဲ့ သူ့အရိပ်မှာနားခို သူ့ကျေးဇူးကိုမထောက် ကျေးဇူးကန်းတဲ့စကားတွေဖြင့် မိဘကိုစော်ကားပြစ်မှားခဲ့ကြပါတော့တယ်။ ဖြစ်သင့်ပါသလား? သူ့ဘက်ကကြည့်ရင်တော့ လွတ်လပ်စွာ မနေရတော့ဘူးလား။ ဒါကြောင့် ပထမပိုင်းကပြောခဲ့တယ်။ မိဘတွေရဲ့ အနေအထိုင် အလုပ်အကိုင် အပြောအဆိုတွေဟာ နေရာတိုင်း အချိန်တိုင်း မှန်ချင်မှ မှန်ပါလိမ့်မယ်။

တကယ်တော့ သားသမီးဆိုတာ မိဘကမွေးလို့ လူဖြစ်လာတာပါ။ မိဘမကောင်းတာ မကြည့်ပါနဲ့။ ကိုယ်မကောင်းဖြစ်မှာကိုပဲ ဂရုစိုက်ပါ။ မိဘက အပြစ်ပြောတာကို မကြည့်ပါနဲ့။ ကိုယ်ကပြန် အပြစ်မပြောမိအောင် သတိထားပါ။ မိဘနှင့်သားသမီး ပြဿနာဖြစ်ကြတယ်ဆို နှစ်ဦးစလုံးကြောင့်ဖြစ်တာတော့ မှန်ပါတယ်။ ဒါပေမယ့် သားသမီးကပဲ မိမိရဲ့စိတ်ကို အရင်စပြင်လိုက်ပါ။ လူဆိုတာကတော့ အမှားမကင်းတတ်ကြပါဘူး။ အမှားကင်းအောင်းလုပ်ဖို့က မလွယ်ပါဘူး။ အမှားနည်းအောင်လုပ်လို့ပဲ ရပါမယ်။ ခဲတံမှာ ခဲဖျက်တပ်ထားတယ်ဆိုတာ လူတိုင်း အမှားမကင်းတတ်ကြလွန်းလို့ပါ။ အမှားမကင်းတတ်ကြလွန်းလို့လဲ ခဲတံမှာ ခဲဖျက်တပ်ထားရခြင်းဖြစ်ပါတယ်။ အမှားဆိုတာက ဘေးကကြည့်တဲ့လူပဲ မြင်နိုင်တာပါ။ သားသမီးများအနေနဲ့ ငါတော့ ကောင်းတာလုပ်တာပဲ ကောင်းအောင်ပြောတာပဲ ကောင်းတာဖြစ်စေချင်တာပဲဆိုပြီး ကိုယ့်ကိုကိုယ် မမှားနိုင်ဘူးလို့တော့ တရားသေပြောလို့ မရနိုင်ပါဘူး။ မိဘနဲ့ပတ်သက်လာရင် ကိုယ်ပဲ ငရဲကြီးတာ ကိုယ်ကအရှုံးဘက်ကချည်းပါပဲ။ ဒါကြောင့် သားသမီးများအနေနဲ့ သတိထားဆင်ခြင်းပါ






မှတ်ချက်

တောင်တွင်းအရှင်ဏ္ဍဒ္ဓိပါလ

အညတရဘိက္ခု၏

သားသမီးနှင့်မိဘငြိမ်းချမ်းရေး (သားသမီးနှင့်မိဘ တကယ့်ဖြစ်ရပ်မှန်များ) စာအုပ်မှ ကူးယူ၍ မဖတ်ရသေးသော သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး စာစီရိုက်ကူးပေးထားခြင်းဖြစ်ပါသည်

မြန်မာရှေးစကားပုံများ


ရှေးလူကြီးများထံမှ ဆိုမိန့်ခဲ့တဲ့ မြန်မာစကားပုံများကို မှတ်သားသိရှိနိုင်ကြရန်အတွက်မျှဝေတင်လိုက်တာပါ
သိမှတ်ထားကြတဲ့ မြန်မာစကားပုံများကိုမျှဝေပေးလိုက်ပါတယ်။

သည်ယုန်မြင်လို့သည်ချုံထွင်
ချုံရှင်းလိုတာမဟုတ်ဘဲ ယုန်ရရန်ရည်ရွယ်ချက်ဖြင့်
ချုံကိုခုတ်ထွင်ရှင်းလင်းဘိသကဲ့သို့ အလားအလာကို
မြော်မြင်လို့ အခြေအနေတစ်ရပ်ကို ဖန်တီးသည်။

သမုဒ္ဒရာရေ တစ်ယောက်တည်းသောက်လို့မကုန်
သမုဒ္ဒရာရေကို တစ်ယောက်တည်းသောက်လို့ မကုန်ခမ်းနိုင်သကဲ့သို့
ပေါများလှစွာသော အခွင့်အလမ်းများကို တစ်ဦးတစ်ယောက်တည်းရ
ယူခံစားလို့ ကုန်နိုင်ဖွယ်မရှိပါ။

သမင်မွေးရင်းကျားစားရင်း
ဘ၀အဆက်ဆက် ရန်ဘက်ဖြစ်လာခဲ့ရာ တစ်ဦးကသမင် တစ်ဦးကကျားဘ၀တွင်
သမင်မွေးလိုက်တိုင်းကျားက စားပစ်သကဲ့သို့ အကျိုးတစ်စုံတစ်ရာ ဖြစ်ပေါ်လာတိုင်း
အဖတ်မတင်ဘဲ ကုန်သွားသည်။

နေတော့ပျဉ်ထောင် စားတော့ချဉ်ပေါင်
လူမြင်သူမြင် နေထိုင်ရာတွင် ပျဉ်ထောင်အိမ်ကြီးနှင့် တခမ်းတနား ရှိသော်လည်း
လူမမြင်သည့် စားသောက်မှူတွင်မူ ချဉ်ပေါင်ဟင်းသာ စားနေရသကဲ့သို့ အများအမြင်
တွင် ကြွယ်ဝဟန်ရှိသော်လည်း အမှန်တကယ်မူ ချို့ချို့ငဲ့ငဲ့ ဖြစ်နေသည်။

ပါးစပ်ဟ အူမ မြင်
ပါးစပ်ဟရုံနှင့် အူမကို မြင်သည်ဆိုသကဲ့သို့ ပြောစကားကို ကြားလိုက်ရုံနှင့် ထိုသူ၏
သဘောထားကိုသိမြင်နိုင်သည်။

နေပူတုန်း စပါးလှန်း
နေပူစဉ် စပါးလှန်းရသကဲ့သို့ အခြေအနေပေးစဉ်
လုံ့လစိုက်ပြီး အခွင့်အရေးကို အသုံးချရသည်။

နွားကြော့ဆိုလေ ချုံတိုးလေ
နွားကိုကြော့ပေ့မော့ပေ့ဟု ချီးမွမ်းလေ နွားကချုံထဲတိုးလေ ဖြစ်သကဲ့သို့
အထင်တကြီးချီးမွမ်းလေ မဖွယ်မရာ ပြုမူလေဖြစ်သည်။

မပြည့်သည့်အိုး ဘောင်ဘင်ခတ်
ရေမပြည့်အိုးသည် သယ်ယူရာ၌ ဘောင်ဘင်ခတ်၍ အသံမြည်သကဲ့သို့
မပြည့်ဝသောသူသည် တည်ကြည်ငြိမ်သက်ခြင်းမရှိပေ။

ဒေါင်းတုလို့ စာသူငယ်လှမ်း

ဒေါင်း၏ခြေလှမ်းကို စာသူငယ်က တုပ၍ လှမ်းသကဲ့သို့
မိမိနှင့်မတန်မရာကို တုပပြုမူသည်။

အသံသာရှိ အဆန်မရှိ

သင်္ကြန်အမြောက်သည် အသံသာမြည်၍ အဆန်မပါ
သကဲ့သို့ အပြောဖြင့် ကြုံးဝါးမြည်ဟိန်းသော်လည်း
တကယ် လက်တွေ့တွင် ဘာမှထိရောက်မှုမရှိပေ။

အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ
အိမ်ရှေ့ခန်း၌ရှိနေသူများ ပူပန်သောကဖြစ်နေကြစဉ်
အိမ်နောက်ခန်း၌ ရှိနေသူများလည်း သာယာချမ်းမြေ့မှူ
မရှိနိုင်သကဲ့သို့ ဦးဆောင်ဦးရွက်ပြုသူများ ပူပင်သောက
ဖြစ်နေကြလျှင် မှီခိုအားထားနေရသူများလည်း သာယာ
ပျော်ရွင်ခြင်းမရှိနိုင်။

ရှေ့ဆောင်နွားလားဖြောင့်ဖြောင့်သွားက နောက်နွားစဉ်စိုက်ဖြောင့်ဖြောင့်လိုက်၏
ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားလျှင် နောင်နွားများလညိး အစဉ်တစိုက် ဖြောင့်ဖြောင့်လိုက်ဘိသကဲ့
ဦးစီးခေါင်းဆောင်ဖြစ်သူက ဖြောင့်ဖြောင့်မတ်မတ် ကြံစည်လုပ်ဆောင်ပါလျှင်နောက်လိုက်ငယ်သားများလည်း
ဖြောင့်ဖြောင့်မတ်မတ်ပင်ကြံစည်လုပ်ဆောင်ကြသည်။

လင်လိုတုန်း နားပဲ့
အိမ်ထောင်ပြုချင်စိတ်နှင့် လှချင်ပချင် ဖြစ်နေစဉ်တွင် အလှအပ
တန်ဆာဆင်ရမည့် နားကပဲ့သည်ဆိုသကဲ့သို့ တစ်စုံတစ်ရာပြုလုပ်
ရန် ထက်သန်တက်ကြွနေစဉ် မိမိ၌ အကြောင်းမညီမညွတ်ဖြစ်လာ
သည်။

နောက်အိပ်က အလျင်ပျော်
နောက်ကျမှအိပ်သူက အလျင်အိပ်ပျော်နှင့်သကဲ့သို့ နောက်ကျသော်လည်း
အခွင့်အလမ်းသာဖြစ်စေ၊ အကြံထူး ဉာဏ်ထူးသုံး၍ဖြစ်စေ အလျင်ဦးစွာအောင်
မြင်ပြီးမြောက်သည်။

လင်းနို့ခွန်တောင်း ကြွက်၊ ကြွက်ခွန်တောင်း လင်းနို့
လင်းနို့သည် လင်းနို့ခွန်တောင်းလျှင် ကြွက်၊ ကြွက်ခွန်တောင်းလျှင် လင်းနို့ဟုဆိုကာ အခွန်ပေးဆောင်ရန်
ရှောင်တိမ်းသကဲ့သို့ မိမိရင်ဆိုင်ရမည့်ကိစ္စ၌အကျုံးမ၀င်သယောင် မလိမ့်တပတ်လုပ်ကာ ရှောင်တိမ်းသည်။

ရွှေသမင်ဘယ်ကထွက် မင်းကြီးတောကထွက်
ရွှေသမင်ကို ကိုယ့်တာ (စည်း) နှင့်ကိုယ်အသီးသီးတာဝန်ယူ၍ ပိတ်ဆို့ဖမ်းဆီးကြရာတွင်
ရွှေသမင်သည် မင်းကြီး၏တာမှ လွတ်မြောက်ထွက်ပြေးသွားသကဲ့သို့ အသီးသီး ကိုယ့်တာဝန်
ပိုင်းနှင့် ဆောင်ရွက်ကြရာတွင် အကြီးအကဲ လုပ်သူ၏ အပိုင်းမှ လစ်ဟင်းပျက်ကွက်သည်။

အနှိုင်းမဲ့အမေ

                                                        

                                                                ကိုးလလွယ်  ဆယ်လဖွား

                                                  အသက်ကိုစတေး  မွေးဖွားပေးခဲ့တာ အမေ
                                                           ငယ်ရွယ်စဉ်  ပြုပြင်စဉ်ဆုံးမ

                                             လမ်းမှန်ရောက်အောင်  ပို့ဆောင်ပေးခဲ့တာ  အမေ

                                                         အန္တရယ်တွေ  ဘယ်လိုကြုကြုံ

                                                     ရှေ့ဆုံးမှ  ဦးဆောင်ပေးခဲ့တာ  အမေ

                                                     အမေ.....အမေ....တို့အားလုံး​အတွက်

                                                                  အနှိုင်းမဲ့ အမေ..........
              သားရောက်ရာနေရာကနေ လက်ဆယ်ဖြာထိပ်မှာမိုးပြီး..​.ကန်တော့လိုက်ပါတယ်  အမေ....