လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...


                               
သင်းပျံ့လို့လှိုင်။
                        
ကြယ်နှစ်ပြိုင်၊ သွယ်ဆိုင်ပ၀င်း။
                      
စိတြာငယ်နှင့်၊ ငွေလသော်တာတို့၊
                        
ယုဂန်ချာတောင်တော်စွန်းမှာ
                          
ထွန်းထိန်လို့လင်း။"


နွေသရုပ်ကပီပြင်လာပြီလေ..တောင်အရပ်ဆီကလေပွေတွေထလာကြပြီ..ပူပြင်းခြောက်သွေ့လာပြီဖြစ်တာကြောင့် "တန်ခူးရေကုန် ကဆုန်ရေခန်း" လို့ဆိုရိုးရှိခဲ့တာပေါ့။
တန်ခူးလကိုမြန်မာမှုအရ မိဿရာသီလို့ ခေါ်တယ်။စန်းပြည့်နက္ခကတော့ စိတြာ တက္ခပေါ့ယှဉ်သောတာရာက တံငါးတာရာ
ရာသီရုပ်ကတော့ဆိတ်ရုပ်ဖြစ်တယ်...ရာသီပန်းကိုတော့ တချို့တွေကအနည်းငယ် အမှတ်မှားနေတာလေးရှိပါတယ် တန်ခူးလရဲ့ရာသီပန်းကို ပိတောက်ပန်းလို့ထင်မှတ်မှားနေတာပါ
ရှေးတုံးကပညာရှင်တွေက တန်ခူးလရာသီမှာ မဖောက်ပြန်မဲမှန်ပန်စွာပွင့်သော ကံ့ကော်ပန်းကို တန်ခူးလရာသီပန်းအဖြစ်
သက်မှတ်ခဲ့ကြတယ်။ ပိတောက်ပန်းလေးတွေ့တော့ ကိုယ်ကအရင်စတင်မေတ္တာသက်ဝင်မိတဲ့အရှက်အကြောက်ကြီးတဲ့ကျမတို့မြန်မာမိန်းမသားလေးတွေလိုပါပဲ ချစ်သူရဲ့ နှုတ်ကဖွင့်ဟစကားကိုစောင့်စားနေရသလိုပဲ ကိုယ်ကအရင်စပြီးဖူးပွင့်ခွင့်မရှိဘူးလေ..မိန်းမပျိုလေးက ရင်ထဲက မေတ္တာကိုလှစ်ဟမပြနိုင်ပဲ ဖူးငုံသိမ်းစည်းထားသလို ပိတောက်ပန်းက အသင့်ဖူးငုံထားပြီး.. မိန်းမပျိုလေးကချစ်သူရဲ့ နှုတ်ထွက်ချစ်စကားကိုငံ့လင့်နေသလို ပိတောက်ပန်းလေးကမိုးကိုငံ့လင့်နေတဲ့ပန်းဖြစ်တာကြောင့်မိန်းမသားတယောက်ရဲ့တဖက်သက်အချစ်နဲ့တူလှပါတယ် မိုးလေ၀သအခြေ အနေရ ပွင့်တဲ့ ပန်းလေး ဖြစ်တယ်။တပေါင်းလကုန်မှမိုးရွာရင် တပေါင်းလကုန်မှမိုးရွာရင်တပေါင်းလကုန်မှဖူးပွင့် တယ်။
ရာသီဥတုဖောက်ပြန်ပြီး ကဆုန်မိုးသေးမြက်သားမွေး ဆိုတဲ့ကဆုန်လရောက်မှမိုးရွာပါက ကဆုန်လမှပွင့်ရတယ်လေ။များသောအားဖြင့်ောတ့ ပိတောက်ပန်းက တန်းခူးလမှာပါင့်တာများပါတယ် ။တန်ခူးလသင်္ကြန်လက်ဆေးမိုးလေး ရွာချလိုက်ရင် ရွှေရည်လူးတဲ့ပိတောက်ဝါတွေအိမ်ရှေ့အပင်မှာခဲနေရောပဲလေ။
တန်ခူးလရဲ့ရာသီပွဲတော်ကတော့အားလုံးသိပျော်တဲ့နှစ်သစ်ကူးတဲ့အတာသင်္ကြန်ပွဲတော်ပဲပေါ့။ တန်ခူးလရဲ့ပဒေသရာဇ်ခေတ်သုံး မြန်မာနေ့နာရီက ၃၀-နာရီ ညဥ့်၃၀-နာရီ နေ့တာညတာ တူညီတဲ့လဖြစ်တယ် ။မြန်မာရှေး စံတော်ချိန်သက်မှတ်ချက်အရ နေမွန်းတည့် ဖ၀ါးရှိသောလဖြစ်တယ်။
တန်ခူးလကို ပုဂံခေတ် က "တန်ခူ" ဟုရေးသားထားပြီး အင်ဝခေတ်ရောက်တဲ့အခါမှ"တန်ခူး"ဟုရေးသားကြောင်း
တန်ပုဒ်သည် ပါဠိဘာသာ တာလပုဒ်မှဆင်းသက်လာပြီး န်း အဓိပ္ပါယ် ဖြစ်သည်။ ခူးသည် ပန်းခူး ဟင်းရွက်ခူး၊ဆွတ်ခူး အစရှိတဲ့ဝေါဟာရတွင် ပါဝင်နေရာဆွတ်ခြွေခြင်း အဓိပ္ပါယ် ဖြစ်သည်။တန်ခူး(ထန်းခူး)လဆိုသည်မှာထန်းသီးဆွတ်ခြွေသောလ ဖြစ်သည်
ဟု ဦးဖိုးလတ်၏ မြန်မာလအမည်များကျမ်းတွင် သေချာရှင်းလင်းရေးသားထားပါတယ်။
တန်ခူးလအကြောင်း ပြောမယ်ဆိုရင် သင်္ကြန်ပွဲတော်အကြောင်းကလည်းထားခဲ့လို့ မဖြစ်ဖူးလေ။
သင်္ကြန်ဆိုတဲ့ဝေါဟာရက "သင်္ကြန်တ"ဟူသော သက္ကတပုဒ်မှဆင်းသက်လာတဲ့ဝေါဟာရဖြစ်တယ်။မည်သို့ဆိုစေ သင်္ကြန်ဟူသောဝေါဟာရက ပြောင်းလဲခြင်း၊ပြောင်းရွှေ့ခြင်း၊ကူးပြောင်းခြင်းပဲဖြစ်တယ်။သင်္ကြန်ဆိုတာနှစ်ဟောင်းမှနှစ်သစ်သို့ကူးပြောင်းခြင်းပဲဖြစ်ပါတယ်။
အယူအဆပုံပြင်လေးတခုကိုပြောပြဦးမယ်....
ဟိုးးးးကမ္ဘာဦးတုံးကပေါ့ သိကြားမင်းနဲ့ အာသီ လို့အမည်တွင်တဲ့ ဗြဟ္မာမင်းတို့ကဗေဒင်ဆိုင်ရာပြဿနာတရပ်နှင့်
ပါတ်သက်ပြီးအငြင်းပွါးကြတယ်။ သဲကြီးမဲကြီးငြင်းကြတာ နောက်ဆုံး...အဒိမှာ ဗေဒင်ပညာရှင် ကာဝါလမိုင်းဆရာကြီးထံ အဆုံးအဖြတ် တောင်းခံဖို့သဘောတူလိုက်တယ် ။အလောင်းအစားလေးကပါလိုက်သေးတယ်...အဒါကတော့နိုင်တဲ့သူကရှုံးတဲ့သူရဲ့ခေါင်းကိုဖြတ်
ဖို့ တခါထဲကတိပြုလိုက်တယ်။
ကာဝါလမိုင်းဆ၇ာကြီးက သိကြားမင်းအယူအဆမှန်ကန်တယ်လို့ ဆုံးဖြတ် ပေးလိုက်တယ် အဒိမှာသိကြားမင်းကနိုင်သော်လဲ ဗြဟ္မာမင်းရဲ့ခေါင်းကိုမဖြတ်ခြင်ဘူးပေါ့ဒါပင်မဲ့ကတိပြုခဲ့တဲ့အတိုင်း ဗြဟ္မာမင်းက အဓိဠာန်ဖြင့် သူဦးခေါင်းကိုပြတ်စေလိုက်တယ်။
ပြတ်သွားတဲ့ဗြဟ္မာဦးခေါင်းကို ပင်လယ်ထဲပစ်ချပါက ပင်လယ်ရေတွေ ခန်းခြောက်သွားမယ်။မြေပြင်ပေါ်ပစ်ချပါက မီးဟုန်းဟုန်းတောက်သွားမယ် အဒိတော့ သိကြားမင်းက နတ်သမီး ၇ဖော်အားတလှည့်စီ ပွေ့ကိုင်ထားစေတယ်။
နတ်သမီးတဦးလက်မှနောက်တဦးလက်ကိုပြောင်းတဲ့အချိန်ကလူတို့ကာလအရေအတွက်အားဖြင့်တနှစ်အချိန်နှင့်
ညီမျှတယ်ထိုသို့ ဦးခေါင်းလွှဲပြောင်းပေးတာကိုသကရာဇ်ဦးခေါင်းပြောင်းတယ်ဟုခေါ်ကာအတာသင်္ကြန်ပွဲကျင်းပခြင်းဖြစ်တယ်လို့
ယူဆခြင်းလည်းရှိပါတယ်။
ကမ္ဘာဦးအစတွင်ဗြဟ္မာမှလူမျိုးနွယ်စဖြစ်ပေါ်လာတယ်။ထွန်းကားလာသောလူ့ အဖွဲ့အစည်းနှင့် အတူနေနှင့်လဖြစ်ပေါ်လာတယ် ။နေကအချန်နှင့်ညဥ့်အချိန်ဖြစ်ပေါ်လာတဲ့အခါ သိကြားမင်းသည်
လူ့ပြည်သို့ဆင်းသက်ကာ ခု။နှစ်၊လ၊ရက်များကိုစီစဉ်ပေးတယ်။သိကြားမင်းစီစဉ်ပေးသောကြောင့်သိကြားမင်းရဲ့ အမည် ဖြစ်သော
သက္ကရာဇာကို အမှတ်တရယူက သက္ကရာဇ်ဟုရေးသားသုံးစွဲခြင်းဖြစ်သည် ဟုယူစကြတယ်။
နှစ်သစ်မကူးမီသင်္ကြန်စာထုတ်ဝေခြင်းသည်ယနေကထက်တိုင်ရှိနေသည်။နက္ခ၊ဗေဒင်ကျွမ်းကျင်သူတွေက လာမည့်နှစ် တွင်မိုးလေ၀သအခြေအနေ၊ကောက်ပဲသီးနှံအတိုးအဆုတ် ၊လူမှုရေး၊ကျမ်းမာရေးစတဲ့အခြေအနေတို့ကိုဖော်ပြတဲ့ ဟောစတမ်းသည်
သင်္ကြန်စာဖြစ်သည်။
မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသည် ပူအိုက်သောလရာသီ ဖြစ်သဖြင့် ရေပက်ဖျန်းခြင်းသည် အေးမြစေလိုသောကြောင့် ဖြစ်သည်။
တဖက်သားအရှက်ကွဲ ကာက္ကုနြေ္ဒပျက်စေလိုဖြင်း၊နစ်နာစေလိုခြင်းစသည့်မည်းညစ်သောစိတ်ထားရည်ရွယ်ချက်များအလျှင်းမပါပေ။ဖြူစင်သန့်ရှင်းသောစိတ်ဖြင့်တဖတ်သားချမ်းမြေ့စေရန်ရေပက်ဖျန်းခြင်းပင်ဖြစ်သည်။
မိဘသက်ကြီးရွယ်အိုတွေကို ရေကန်တော့ခြင်း၊ဦးခေါင်းလျော်ပေးခြင်း ခြေသည်းလက်သည်းလှီးဖျတ်ပေးခြင်း။တံတားအိုများပြုပြင်ခြင်း။အိုမင်းသောကျွဲ၊နွားများအားဘေးမဲ့လွှ့တ်ပေးခြင်း၊ရေနည်းငါးများအားရေများရာမြစ်ချောင်းသိုလွှတ်ပေးခြင်းများပြုလပ်ကြသည်။
အတာကူးတဲ့တန်ခူးလမှာအပျော်ကျူးတဲ့တန်ခူးလတော့မဖြစ်စေချင်ပါဘူး..။ခေတ်တွေအလီလီပြောင်းခဲ့ပင်မဲ့ရိုးရာယဉ်ကျေးမှုကို
ထိန်းသိမ်းနိုင်တဲ့ လူငယ်တွေဖြစ်ကြပါစေ...


                        
တခုသောသင်္ကြန်အခါ

နှစ်သစ်ကူးတဲ့ ၊တန်ခူးအခါမှာ၊ဒါနကတဝေေ၀၊
ရေတွေကတရွှဲရွှဲ၊ ပျော်ပွဲကတ၀င့်ဝင့် ၊ကဲလို့သာဆင့်ရော၊ အရွယ်သင့်အရွယ်ငယ်မြန်မာတွေတည်လိုက်ကြ။

ဘယ်မြေဟာစေတီပေါမယ်လဲ့၊ဘယ်ပြေဟာအပျော်ကျောမယ်တဲ့၊စိတ်ဇောမြန်ဗမာမှာဖြင့်၊
သံသရာဂရုထားသူမို့၊ ကလိုက်ကြ ပျော်ပျော်သာ၊ အခါကနှစ်ဆန်း။

ထိန်လိုက်တဲ့အိုးစည် ၊နှဲကလဲပီသနဲ့ တီးသူကတီးကြ၊ ကသူက ကလာ၊ နွားကြီးလဲပါသဟေ့၊
ကျောပေါ်မှာကော်ဇော။အမွှေးေ၇ာသနပ်ခါး ချိုဖျားမှာပိောတက်ပန်းတွေ က
တလျှမ်းလျှမ်းရွှေအဆင်းနွားစိတ်ထဲအသာဝင်ခဲလိုက်ရ
ရွှင်လိုက်မည့်ဖြစ်ခြင်း......

                          
ဆရာဇော်ဂျီ


တန်ခူးလဖွဲ့ "ဆယ့်နှစ်လီ ဒွါဒရမှာ၊ခါမိဿရာသီ၊ ရင်းအစဦးချီသည်၊လတွင်မည်တန်ခူး၊
စိတြကြယ်ပြောင်ငယ်၊ညဥ့်သန်းခေါင်ကျခါမှမြူး၊နေ့နှင့်ညနာရီမှာသုံးဆယ်စီမကြူး၊
နှစ်လုံးညီတပါဒ်ကူးလို့နှစ်သစ်ဦးတခါ၊ပန်းကံ့ကော်၊ရွှေရင်ခတ်ကယ်တို့ ဖူးပွင့်ချပ်စီလို့သာဖြာ
တည့်သုံးဖ၀ါးရိပ်သာဆာရာမှာ တူမကွာမောင်မယ်နွှဲလို့၊
မြတ်သည့်ပွဲသင်္ကြန်တော်တီး၊ခြိမ့် ခြိမ့်ကျော်၊ထီးကမ္ဗုရိပ်ပျော်ငယ်၊ခေါင်းလော်တော်
မူမြဲထင့်လေး။"
                                         "
စာဆိုတော် ဦးပုည"


နွေအလွမ်း

ဆောင်းဦးမှ နှောင်းရက်တွေ

ကုန်ဆုံးခဲ့ရာ အသစ်တဖန်
နွေဦး သစ်ဆီသို့ လှမ်းခဲ့ကြပြန်

 နှစ်ဟောင်းကိုကုန် နှစ်သစ်ကြိုရာ

ကြွေစရာရွက်ဝါ ၀ါးဝင်းရော်ရွက်

ရွက်အိုတွေလည်း  မြေမှာခရှာ

ရွက်သစ်လှတို့  စို့ ထွက်ပြန်ရာ

ဥကြ ငှက်က တေးသံသာသာ

တန်းခူးချိန်ခါ ကြိုလင့်နေခဲ့.....။


ပန်းပိတောက် ငုံတွေ

ထိုးထိုးထောင်လျက်

နွေးဦးမိုးသို့ စောင့်လို့ မျော်နေ

မိုးသံ ထစ်ချုံး ဟစ်ကာသံပေး

ပက်ဖြန်း ရွာသွန်းစေရာ

စိမ်းဖန့်  ဖူးငုံ အားသစ်ဆီသို့ 

ဝင်းဝါပွင့်ချိန် ရောက်ပြန်လေတော့....။


တူပို့ တူပို့  စည်ချက်နဲ့ အတူ

ယိမ်းနွဲ့  ဟန်ချီ တူစုံ ယှဉ်လျက်

ပိတောက်ရနံ့ သင်းပြပြနှင့်

နွေတစ်နေ့ ရဲ့  အမောများလည်

ဘ၀င်အေးစရာ ဖြတ်ကျော်ရင်နဲ့ 

တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးခဲ့ရာ

အော....နွေသစ်ရဲ့ ရက်တွေကို

အလွမ်းတွေနဲ့ လွမ်းရင်

        ပိုလွမ်းမိတယ်ဗျာ........။

ကောသလမင်း၏ အိပ်မက် (၁၆)ချက်

သိပြီးသားသူများလည်းထပ်မံလေ့လာနိုင်အောင်မသိသေးသောသူများလည်းသိရှိလာအောင် ကူးယူတင်ပြလိုက်ခြင်းဖြစ်ပါသည်။
(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။

အချစ် ဆိုသောအရာ

သင်ဟာ အသည်းတွေခဏခဏ ကွဲနေတဲ့လူလား ? ပျော်ရွှင်နေတဲ့အချစ်ရေးကို
ဒီထက်ပိုပြီးပျော်အောင် ဖန်တီးချင်လား?
အချစ်မှာကံကောင်းစေဖို့  မသိလိုက်တဲ့လျို့ ဝှက်တဲ့ အဆောင်လေးတွေ ရှိပါတယ် ။
ကဲလေ့လာကြည့်ကြမယ်နော် ။

နားလည်မှုအချစ်

လူတွေဟာ အချစ်နဲ့ တွေ့ ရင် အရည်ပျော်သွားတတ်ကြသလို ၊
စိုးရိမ်ပူပန်မှုတွေလည်းရှိလာတတ်ကြတယ် ။
အဲ့ဒါက အပြစ်တော့မဟုတ်ပါဘူး ။သဘာဝထဲက သဘာဝတစ်ခုပဲလေ ။
အဲ့ဒီတော့ အထူးသတိထားရမယ့် အချက်က လက်ရှိအချစ်မှာလိုက်လျောညီထွေဖြစ်အောင် နေဖို့ ပါပဲ။
caseတစ်ခုဖြစ်လာပြီဆိုရင် နှစ်ဦးနှစ်ဘက် မျှတွေးပေးပါ။
သင့်ရဲ့ စိုးရိမ်ပူပန်မှု ၊ သ၀န်တိုမှုတွေကြောင့် တစ်ဖက်သားအတွက် ကြောက်လန်
့စိုးရွံစရာတွေ မဖြစ်စေဖို့ ဂရုပြုသင့်ပါတယ်။
ပြီးတော့ နောက်တစ်ခုက သင်ကသူ့ ကိုချစ်ပါလျက်နဲ့ အေးစက်စက် အပြုအမူတွေ ၊
အပြောအဆိုတွေကြောင့်သိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦး လမ်းခွဲလိုက်ကြတယ်ဆိုတဲ့ အဖြစ်မျိုးတွေ
မကြုံရအောင် လူတစ်ယောက်ကို ချစ်မိပြီဆိုတာနဲ့ 
နားလည်မှု ဆိုတဲ့ အရာလေးပါ တစ်ပါတည်း မွေးဖွားပေးလိုက်မယ်ဆိုရင်တော့
ပိုပြီးပျော်ရွှင်နိုင်လိမ့်မယ်ထင်ပါတယ်နော်။



မျက်မြင်ကိုယ်တွေ့ မှယုံပါ

ချစ်သူနှစ်ဦးကြားမှာ ပြသနာတစ်ခုဖြစ်ပြီဆိုရင်
ကြားစကားတွေကိုဘယ်တော့မှမယုံမိပါစေနဲ့ ။
ကြားစကားတွေနဲ့ လည်း ချစ်သူကို စကားနာမထိုးမိပါစေနဲ့ နော် ။
သင်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မဟုတ်ဘဲနဲ့ ၁၀၀%မယုံမိပါစေနဲ့ ။
တစ်ကယ်လို့ အဲ့ဒီအဖြစ်တွေဟာ အမှန်တွေဖြစ်ခဲ့မယ်ဆိုရင် သင်ထံမကြာမီရောက်လာမှာပါ။
သင့်ဘက်ကသာ အစစ်အမှန်တွေပေးခဲ့မယ်ဆိုရင် စစ်မှန်တဲ့ အကြောင်းအရာတွေကို
ကံတရားက သင့်အတွက်ချန်ထားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဖြစ်မလာသေးတဲ့ ပြသနာတွေကို
တွေးပြီင်္းစိတ်ပူမနေပါနဲ့ ။ သင်ဟာနဂိုကတည်းက သံသယ များတတ်တယ်ဆိုရင်တော့ အစကတည်းက
သင်သိချင်တဲ့ အကြောင်းအရာတွေကို အားမနာစတမ်းမေးထားပါ ။ သူဘယ်အချိန် ဘယ်နေရာမှာ
ရှိနေမယ်ဆိုတာကို ဇယားချထားပါ ။ နှစ်ဦးနှစ်ဘက်မညာစတမ်း
ပွင့်ပွင့်လင်းလင်းစကားပြောထားပါ ။
ဒါကြောင့် အရေးမကြီး တဲ့စွပ်စွဲချက်တွေကို ရှောင်ရှားဖို့  အစကတည်းက
နှစ်ဦးကြားမှာ ပွင့်လင်းမှုတွေနဲ့ 
ပိတ်ပင်ထားပါ။



တိုက်ဆိုင်မှု တွေနဲ့ အချစ်အဓွန့် ရှည်ပါစေ

အချစ်ကို တွေ့ ရှိပြီးနောက် ကိုယ့်ဆီကထွက်မသွားစေဖို့ 
ချစ်သက်တမ်းတစ်လျှောက် အံ့သြမှုလေးတွေ ၊
တိုက်ဆိုင်မှုလေးတွေ နဲ့ ချစ်သက်တမ်းလေးဆွဲဆန့် ကြည့်ပါ ။သင့်အတွက် နေ
့စဉ်အလုပ်တွေ လုပ်နေရင်းနဲ့ တောင်
တိုက်ဆိုင်မှုလေးတွေ ရှိအောင် ဖန်တီးနိုင်ပါတယ်။ ဒီနေ့ သူဝတ်ထားတဲ့ အင်္ကျ
ီအရောင်နဲ့  သူဝတ်ထားတဲ့အင်္ကျီအရောင်လေးတွေကအစ
စားသောက်မှုလေးတွေ ၊အကြိုက်လေးတွေ အဆုံးနေ့ စဉ်စကားပြောတိုင်း
တိုက်ဆိုင်ကြည့်ပါ ။ သင်ဟာသူ့ ကို
တကယ်ချစ်ရင် အနေဝေးနေပေမဲ့  အနီးမှာရှိနေသလို ခံစားရပါလိမ့်မယ် ။ ဒါပြင်
သင်သိပ်ကြိုက်တဲ့ မင်းသား ၊ မင်းသမီး ၊
အစားအစာ ၊ ရုပ်ရှင် ၊ အရောင် စသည်ဖြင့် သူ့ ကိုပြောပြထားပါ ။ သူရဲ
့အကြိုက်လေးတွေကိုလည်း မေးပြီးမှတ်သားထားပါ ။
အံ့သြစေမယ့်အကြောင်းအရာလေးတွေကိုလည်းမှတ်သားထားပါ ။ တစ်ခါတစ်ရံ
တစ်ဘက်သား မမျော်လင့်တဲ့  နေရာမျိုးတွေဆီကနေ
အံ့သြစရာ အဖြစ်အပျက်တွေ နဲ့ စကားအဆန်လေးတွေကို ကြိုးစားပြီးဖန်တီးပြပါ ။
အချစ်ဆိုတဲ့ အရာက မြေပြင်လို ငြိမ်သက်နေတာထက် လှိုင်းကြပ်ခွပ်လေးတွေလို
လှုပ်ရှားမှုလေးတွေ ရှိနေမှ ပျော်ရွှင်စရာ
ကောင်းမှာပေါ့ ။ ဟုတ်ဘူးလား။



အလေ့အကျင့်လေးတွေနဲ့ ရှေ့ ဆက်ပါ

သင်တို့ နှစ်ယောက်ရဲ့ အချစ်တွေကို ဘယ်သူမှ့ အသိအမှတ် မပြုပေးရင်တောင်
သင်တို့ နှစ်ယောက်ကြားက အချစ်တွေ
ဘယ်တော့မှမပြယ်ပါစေနဲ့ ။ မဖြစ်နိုင်ဘူးဆိုရင်တောင် ယခုထိဆက်ချစ်နေသေးတဲ
့သင်တို့ နှစ်ယောက်ရဲ့ ရဲရင့်မှုတွေကို
ဂုဏ်ယူပေးပါ ။ဒီအလေ့အကျင့်လေးတွေကို သင်တစ်ယောက်တည်းမဟုတ်ဘဲ
နှစ်ယောက်စုံစုံညီညီနဲ့  အချစ်မှတ်တိုင်
နေ့ ရက်ကလေးတွေမှာ ကျင်းပပေးပါ ။ ဒီလိုအလေ့အကျင့်လေးတွေကို ဖန်တီးတဲ့အခါ
ပျော်ပျော်ရွင်ရွင် နက်နက်နဲနဲ
ဖန်တီးပြပါ ။ချစ်သက်သေတွေပြပြီးတဲ့ အခါ သင့်ရဲ့ လုပ်ဆောင်မှုအတွက်
အပြုံးတစ်ပွင့်နဲ့  ဂုဏ်ပြုတဲ့ အကျင့်ကို အမြဲ
ရယူပါ ။ ချစ်သူရဲ့ အပြုံးတစ်ပွင့်ဟာ ရှေ့ ဆက်ရမယ့် ချစ်သက်တမ်းအတွက်
အားအင်အသစ်တွေ နဲ့ နွေးထွေးမှုတွေကို
အပြည့်အ၀ပေးနိုင်တဲ့ စိတ်ခွန်အားပေး တဲ့ ဖန်တီးမှုလေးတစ်ခုပါ ။



လက်တွဲဖော်မှန်ပါစေ

သင်ရွေးချယ်တဲ့သူဟာ အချိန်တိုင်းသင့်ကို လိုအပ်နေတယ် ။ သင်အတွက်
ဘယ်အရာမဆို ပြောင်းလဲပစ်ဖို့ အဆင်သင့်ရှိသူလား ။
အချစ်ကံကောင်စေဖို့  ၊ အချစ်မှာပျော်ရွှင်ဖို့ အတွက်
အခြားလိုအပ်မှုပေါင်းများစွာကို ထည့်စဉ်းစားဖို့ တော့လိုအပ်ပါတယ် ။
လောကကြီးထဲမှာရှိတဲ့ လူသားတွေရဲ့ ဘ၀မှာ အရာတိုင်းကပြည့်စုံနေတယ်
ဆိုတာတော့မရှိပါဘူး ။
လိုအပ်ချက်တွေလည်း ရှိကောင်းရှိနိုင်ပါတယ် ။ဒါပေမဲ
့အချစ်စစ်သမားအတွက်တော့ အရာရာဖြည့်ယူမယ် ၊ နားလည်မှုတွေပေးမယ် ၊
ညှိနှိုင်းကြမယ် ဆိုတဲ့ ပန်းတိုင်ကိုမျှော်လင့်နိုင်ပါတယ် ။ဆင်ခြေတွေကို
အမြဲမပေးပါနဲ့  ။လက်ရှိအခြေအနေတွေကို ရိုးသားပါ ။
ကိုယ်ကလည်းအစစ်အမှန်ကို ရချင်တယ်ဆိုရင် သင်ကိုယ်တိုင်ကလည်း အစစ်အမှန်တွေ
ပေးမှဖြစ်မှာပေါ့ ။ဟုတ်ဘူးလား ။
သင့်စိတ်ထဲမှာ သူမှတစ်ပါး အခြားသူကို ပေးဆပ်ဖို့  ဘယ်တော့မှမစဉ်းစားပါနဲ့ ။ဒါကိုလည်း သူသိအောင်လုပ်ပါ ။
သင်တို့ နှစ်ဦင်္းကြားက စစ်မှန်မှုတွေကို ထုတ်ဖော်လေလေ ယုံကြည်မှုတွေ
ခိုင်မြဲလေလေ ဖြစ်လာပါလိမ့်မယ်



တောင်းပန်ချက် ။ ။
သူများရေးထားတာလေးတွေပါ ။
ချစ်သူတွေ မှတ်ထားသင့်တယ်ထင်လို့ တင်ပေး လိုက်တာပါ ။
ရေးထားသူကိုယ်တိုင် ဒီဘလော့ကိုဖတ်မိတယ်ဆိုရင်လည်း ခွင့်လွတ်ပေးဖို့
တောင်းပန်ပါတယ် ။
အများသိစေချင်တဲ့စေတနာနဲ့ ပါ ။