လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...


                               
သင်းပျံ့လို့လှိုင်။
                        
ကြယ်နှစ်ပြိုင်၊ သွယ်ဆိုင်ပ၀င်း။
                      
စိတြာငယ်နှင့်၊ ငွေလသော်တာတို့၊
                        
ယုဂန်ချာတောင်တော်စွန်းမှာ
                          
ထွန်းထိန်လို့လင်း။"


နွေသရုပ်ကပီပြင်လာပြီလေ..တောင်အရပ်ဆီကလေပွေတွေထလာကြပြီ..ပူပြင်းခြောက်သွေ့လာပြီဖြစ်တာကြောင့် "တန်ခူးရေကုန် ကဆုန်ရေခန်း" လို့ဆိုရိုးရှိခဲ့တာပေါ့။
တန်ခူးလကိုမြန်မာမှုအရ မိဿရာသီလို့ ခေါ်တယ်။စန်းပြည့်နက္ခကတော့ စိတြာ တက္ခပေါ့ယှဉ်သောတာရာက တံငါးတာရာ
ရာသီရုပ်ကတော့ဆိတ်ရုပ်ဖြစ်တယ်...ရာသီပန်းကိုတော့ တချို့တွေကအနည်းငယ် အမှတ်မှားနေတာလေးရှိပါတယ် တန်ခူးလရဲ့ရာသီပန်းကို ပိတောက်ပန်းလို့ထင်မှတ်မှားနေတာပါ
ရှေးတုံးကပညာရှင်တွေက တန်ခူးလရာသီမှာ မဖောက်ပြန်မဲမှန်ပန်စွာပွင့်သော ကံ့ကော်ပန်းကို တန်ခူးလရာသီပန်းအဖြစ်
သက်မှတ်ခဲ့ကြတယ်။ ပိတောက်ပန်းလေးတွေ့တော့ ကိုယ်ကအရင်စတင်မေတ္တာသက်ဝင်မိတဲ့အရှက်အကြောက်ကြီးတဲ့ကျမတို့မြန်မာမိန်းမသားလေးတွေလိုပါပဲ ချစ်သူရဲ့ နှုတ်ကဖွင့်ဟစကားကိုစောင့်စားနေရသလိုပဲ ကိုယ်ကအရင်စပြီးဖူးပွင့်ခွင့်မရှိဘူးလေ..မိန်းမပျိုလေးက ရင်ထဲက မေတ္တာကိုလှစ်ဟမပြနိုင်ပဲ ဖူးငုံသိမ်းစည်းထားသလို ပိတောက်ပန်းက အသင့်ဖူးငုံထားပြီး.. မိန်းမပျိုလေးကချစ်သူရဲ့ နှုတ်ထွက်ချစ်စကားကိုငံ့လင့်နေသလို ပိတောက်ပန်းလေးကမိုးကိုငံ့လင့်နေတဲ့ပန်းဖြစ်တာကြောင့်မိန်းမသားတယောက်ရဲ့တဖက်သက်အချစ်နဲ့တူလှပါတယ် မိုးလေ၀သအခြေ အနေရ ပွင့်တဲ့ ပန်းလေး ဖြစ်တယ်။တပေါင်းလကုန်မှမိုးရွာရင် တပေါင်းလကုန်မှမိုးရွာရင်တပေါင်းလကုန်မှဖူးပွင့် တယ်။
ရာသီဥတုဖောက်ပြန်ပြီး ကဆုန်မိုးသေးမြက်သားမွေး ဆိုတဲ့ကဆုန်လရောက်မှမိုးရွာပါက ကဆုန်လမှပွင့်ရတယ်လေ။များသောအားဖြင့်ောတ့ ပိတောက်ပန်းက တန်းခူးလမှာပါင့်တာများပါတယ် ။တန်ခူးလသင်္ကြန်လက်ဆေးမိုးလေး ရွာချလိုက်ရင် ရွှေရည်လူးတဲ့ပိတောက်ဝါတွေအိမ်ရှေ့အပင်မှာခဲနေရောပဲလေ။
တန်ခူးလရဲ့ရာသီပွဲတော်ကတော့အားလုံးသိပျော်တဲ့နှစ်သစ်ကူးတဲ့အတာသင်္ကြန်ပွဲတော်ပဲပေါ့။ တန်ခူးလရဲ့ပဒေသရာဇ်ခေတ်သုံး မြန်မာနေ့နာရီက ၃၀-နာရီ ညဥ့်၃၀-နာရီ နေ့တာညတာ တူညီတဲ့လဖြစ်တယ် ။မြန်မာရှေး စံတော်ချိန်သက်မှတ်ချက်အရ နေမွန်းတည့် ဖ၀ါးရှိသောလဖြစ်တယ်။
တန်ခူးလကို ပုဂံခေတ် က "တန်ခူ" ဟုရေးသားထားပြီး အင်ဝခေတ်ရောက်တဲ့အခါမှ"တန်ခူး"ဟုရေးသားကြောင်း
တန်ပုဒ်သည် ပါဠိဘာသာ တာလပုဒ်မှဆင်းသက်လာပြီး န်း အဓိပ္ပါယ် ဖြစ်သည်။ ခူးသည် ပန်းခူး ဟင်းရွက်ခူး၊ဆွတ်ခူး အစရှိတဲ့ဝေါဟာရတွင် ပါဝင်နေရာဆွတ်ခြွေခြင်း အဓိပ္ပါယ် ဖြစ်သည်။တန်ခူး(ထန်းခူး)လဆိုသည်မှာထန်းသီးဆွတ်ခြွေသောလ ဖြစ်သည်
ဟု ဦးဖိုးလတ်၏ မြန်မာလအမည်များကျမ်းတွင် သေချာရှင်းလင်းရေးသားထားပါတယ်။
တန်ခူးလအကြောင်း ပြောမယ်ဆိုရင် သင်္ကြန်ပွဲတော်အကြောင်းကလည်းထားခဲ့လို့ မဖြစ်ဖူးလေ။
သင်္ကြန်ဆိုတဲ့ဝေါဟာရက "သင်္ကြန်တ"ဟူသော သက္ကတပုဒ်မှဆင်းသက်လာတဲ့ဝေါဟာရဖြစ်တယ်။မည်သို့ဆိုစေ သင်္ကြန်ဟူသောဝေါဟာရက ပြောင်းလဲခြင်း၊ပြောင်းရွှေ့ခြင်း၊ကူးပြောင်းခြင်းပဲဖြစ်တယ်။သင်္ကြန်ဆိုတာနှစ်ဟောင်းမှနှစ်သစ်သို့ကူးပြောင်းခြင်းပဲဖြစ်ပါတယ်။
အယူအဆပုံပြင်လေးတခုကိုပြောပြဦးမယ်....
ဟိုးးးးကမ္ဘာဦးတုံးကပေါ့ သိကြားမင်းနဲ့ အာသီ လို့အမည်တွင်တဲ့ ဗြဟ္မာမင်းတို့ကဗေဒင်ဆိုင်ရာပြဿနာတရပ်နှင့်
ပါတ်သက်ပြီးအငြင်းပွါးကြတယ်။ သဲကြီးမဲကြီးငြင်းကြတာ နောက်ဆုံး...အဒိမှာ ဗေဒင်ပညာရှင် ကာဝါလမိုင်းဆရာကြီးထံ အဆုံးအဖြတ် တောင်းခံဖို့သဘောတူလိုက်တယ် ။အလောင်းအစားလေးကပါလိုက်သေးတယ်...အဒါကတော့နိုင်တဲ့သူကရှုံးတဲ့သူရဲ့ခေါင်းကိုဖြတ်
ဖို့ တခါထဲကတိပြုလိုက်တယ်။
ကာဝါလမိုင်းဆ၇ာကြီးက သိကြားမင်းအယူအဆမှန်ကန်တယ်လို့ ဆုံးဖြတ် ပေးလိုက်တယ် အဒိမှာသိကြားမင်းကနိုင်သော်လဲ ဗြဟ္မာမင်းရဲ့ခေါင်းကိုမဖြတ်ခြင်ဘူးပေါ့ဒါပင်မဲ့ကတိပြုခဲ့တဲ့အတိုင်း ဗြဟ္မာမင်းက အဓိဠာန်ဖြင့် သူဦးခေါင်းကိုပြတ်စေလိုက်တယ်။
ပြတ်သွားတဲ့ဗြဟ္မာဦးခေါင်းကို ပင်လယ်ထဲပစ်ချပါက ပင်လယ်ရေတွေ ခန်းခြောက်သွားမယ်။မြေပြင်ပေါ်ပစ်ချပါက မီးဟုန်းဟုန်းတောက်သွားမယ် အဒိတော့ သိကြားမင်းက နတ်သမီး ၇ဖော်အားတလှည့်စီ ပွေ့ကိုင်ထားစေတယ်။
နတ်သမီးတဦးလက်မှနောက်တဦးလက်ကိုပြောင်းတဲ့အချိန်ကလူတို့ကာလအရေအတွက်အားဖြင့်တနှစ်အချိန်နှင့်
ညီမျှတယ်ထိုသို့ ဦးခေါင်းလွှဲပြောင်းပေးတာကိုသကရာဇ်ဦးခေါင်းပြောင်းတယ်ဟုခေါ်ကာအတာသင်္ကြန်ပွဲကျင်းပခြင်းဖြစ်တယ်လို့
ယူဆခြင်းလည်းရှိပါတယ်။
ကမ္ဘာဦးအစတွင်ဗြဟ္မာမှလူမျိုးနွယ်စဖြစ်ပေါ်လာတယ်။ထွန်းကားလာသောလူ့ အဖွဲ့အစည်းနှင့် အတူနေနှင့်လဖြစ်ပေါ်လာတယ် ။နေကအချန်နှင့်ညဥ့်အချိန်ဖြစ်ပေါ်လာတဲ့အခါ သိကြားမင်းသည်
လူ့ပြည်သို့ဆင်းသက်ကာ ခု။နှစ်၊လ၊ရက်များကိုစီစဉ်ပေးတယ်။သိကြားမင်းစီစဉ်ပေးသောကြောင့်သိကြားမင်းရဲ့ အမည် ဖြစ်သော
သက္ကရာဇာကို အမှတ်တရယူက သက္ကရာဇ်ဟုရေးသားသုံးစွဲခြင်းဖြစ်သည် ဟုယူစကြတယ်။
နှစ်သစ်မကူးမီသင်္ကြန်စာထုတ်ဝေခြင်းသည်ယနေကထက်တိုင်ရှိနေသည်။နက္ခ၊ဗေဒင်ကျွမ်းကျင်သူတွေက လာမည့်နှစ် တွင်မိုးလေ၀သအခြေအနေ၊ကောက်ပဲသီးနှံအတိုးအဆုတ် ၊လူမှုရေး၊ကျမ်းမာရေးစတဲ့အခြေအနေတို့ကိုဖော်ပြတဲ့ ဟောစတမ်းသည်
သင်္ကြန်စာဖြစ်သည်။
မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသည် ပူအိုက်သောလရာသီ ဖြစ်သဖြင့် ရေပက်ဖျန်းခြင်းသည် အေးမြစေလိုသောကြောင့် ဖြစ်သည်။
တဖက်သားအရှက်ကွဲ ကာက္ကုနြေ္ဒပျက်စေလိုဖြင်း၊နစ်နာစေလိုခြင်းစသည့်မည်းညစ်သောစိတ်ထားရည်ရွယ်ချက်များအလျှင်းမပါပေ။ဖြူစင်သန့်ရှင်းသောစိတ်ဖြင့်တဖတ်သားချမ်းမြေ့စေရန်ရေပက်ဖျန်းခြင်းပင်ဖြစ်သည်။
မိဘသက်ကြီးရွယ်အိုတွေကို ရေကန်တော့ခြင်း၊ဦးခေါင်းလျော်ပေးခြင်း ခြေသည်းလက်သည်းလှီးဖျတ်ပေးခြင်း။တံတားအိုများပြုပြင်ခြင်း။အိုမင်းသောကျွဲ၊နွားများအားဘေးမဲ့လွှ့တ်ပေးခြင်း၊ရေနည်းငါးများအားရေများရာမြစ်ချောင်းသိုလွှတ်ပေးခြင်းများပြုလပ်ကြသည်။
အတာကူးတဲ့တန်ခူးလမှာအပျော်ကျူးတဲ့တန်ခူးလတော့မဖြစ်စေချင်ပါဘူး..။ခေတ်တွေအလီလီပြောင်းခဲ့ပင်မဲ့ရိုးရာယဉ်ကျေးမှုကို
ထိန်းသိမ်းနိုင်တဲ့ လူငယ်တွေဖြစ်ကြပါစေ...

No comments: