ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
သတိရမိလိုက်တဲ့ကဗျာလေး
ချစ်သူ
မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ကဗျာလေးပါ(ကဗျာနာမည်တော့ မသိတော့ဘူး။ သိတဲ့သူများရှိရင်လည်းပြောပြပေးနော်)
မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ကဗျာလေးပါ(ကဗျာနာမည်တော့ မသိတော့ဘူး။ သိတဲ့သူများရှိရင်လည်းပြောပြပေးနော်)
မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကိုသတိရသည့်အခါ
တိမ် များကိုမြင်နေရပါသည်။
အလွန်ဝေးကွာသည့်အရပ်ကိုရောက်နေပါလျက်
ပင်လယ်ပြာကိုစဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကိုကြားယောင်နေတတ်
ပါသည်။
အခန်းကျဉ်းထဲမှာအိပ်နေပါလျက်
ဥယျာဉ်ထဲသို့စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကိုခံစားရရှိနေတတ်ပြန်သည်။
သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့) ချစ်သူသာဖြစ်ပါ၏။ ။
Labels:
ကဗျာ
တို့မေမေ
ကျွန်တော်တို့ မူလတန်းတုန်းက သင်ခဲ့ရတဲ့ကဗျာလေးပါ။ အခုချိန်ထိ နှုတ်ထဲမှာကော၊ ရင်ထဲမှာကောစွဲနေတုန်းပါပဲ။
ကျွေးမွေးသုတ်သင်၊ သက်ဆုံးငင်
ချစ်ခင်ရှာပေ၊ တို့မေမေ။
ငယ်စဉ်ကာလ၊ စည်းကမ်းပြ
ဆုံးမခဲ့ပေ၊ တို့မေမေ။
အရွယ်ရောက်လာ၊ ကျောင်းအပ်ကာ
ပညာပေးပေ၊ တို့မေမေ။
ကျန်းမာဖို့ရေး၊ သင့်ရာကျွေး
လေးစားအပ်ပေ၊ တို့မေမေ။
ဝတ်စားဆင်ယင်၊ မြတ်နိုးကြင်
ချစ်ခင်အပ်ပေ၊ တို့မေမေ။
Labels:
ကဗျာ
အနှိုင်းမဲ့ အမေ
ကိုးလလွယ် ဆယ်လဖွား
အသက်ကိုစတေး မွေးဖွားပေးခဲ့တာ အမေ
ငယ်ရွယ်စဉ် ပြုပြင်စဉ်ဆုံးမ
လမ်းမှန်ရောက်အောင် ပို့ဆောင်ပေးခဲ့တာ အမေ
အန္တရယ်တွေ ဘယ်လိုကြုကြုံ
ရှေ့ဆုံးမှ ဦးဆောင်ပေးခဲ့တာ အမေ
အမေ.....အမေ....တို့အားလုံး
အနှိုင်းမဲ့ အမေ....
သားရာက်ရာနေရာကနေ လက်ဆယ်ဖြာထိပ်မှာမိုးပြီး..
အမေများနေ့ကို ဂုဏ်ပြုသောအားဖြင့်.....
Labels:
ကဗျာ
ငါနင့်ကိုချစ်တယ်....
ဘာကြောင့်လည်းလို့နင်မမေးပါနဲ့...
ငါ့အချစ်ကနင့်အတွက်ဆို...အကြောင်းပြချက်ကင်းပါတယ်။
ငါနင့်ကိုချစ်တယ်...
ဘယ်အချိန်ထိလည်းလို့နင်မမေးပါနဲ့...
ငါ့ချစ်ခြင်းထာဝစဉ်တည်မြဲ..နင့်နှလုံးသားထဲမြှပ်နှံထားတယ်။
ငါနင့်ကိုချစ်တယ်..
ဘယ်လောက်ထိချစ်လည်းနင်မမေးပါနဲ့
အနိုင်းမဲ့အချစ်တွေ...နင့်အတွက်ပြောပြလို့မတတ်အောင်ပါပဲ။
ငါနင့်ကိုချစ်တယ်
ငါ့ဝင်သက်ထွက်သက်တွေတိုင်းမှာ....နင့်ကိုချစ်တဲ့စိတ်တွေနဲ့လေ...
ဘာတွေပဲဖြစ်ဖြစ်...ငါနင့်ကိုအရမ်းချစ်တယ်။
ယုံကြည်ပါချစ်သူလေးရယ်.....ငါသိပ်ချစ်တာနင်တစ်ယောက်တည်းမို့လို့ပါ။
ငါ့အချစ်ကနင့်အတွက်ဆို...အကြောင်းပြချက်ကင်းပါတယ်။
ငါနင့်ကိုချစ်တယ်...
ဘယ်အချိန်ထိလည်းလို့နင်မမေးပါနဲ့...
ငါ့ချစ်ခြင်းထာဝစဉ်တည်မြဲ..နင့်နှလုံးသားထဲမြှပ်နှံထားတယ်။
ငါနင့်ကိုချစ်တယ်..
ဘယ်လောက်ထိချစ်လည်းနင်မမေးပါနဲ့
အနိုင်းမဲ့အချစ်တွေ...နင့်အတွက်ပြောပြလို့မတတ်အောင်ပါပဲ။
ငါနင့်ကိုချစ်တယ်
ငါ့ဝင်သက်ထွက်သက်တွေတိုင်းမှာ....နင့်ကိုချစ်တဲ့စိတ်တွေနဲ့လေ...
ဘာတွေပဲဖြစ်ဖြစ်...ငါနင့်ကိုအရမ်းချစ်တယ်။
ယုံကြည်ပါချစ်သူလေးရယ်.....ငါသိပ်ချစ်တာနင်တစ်ယောက်တည်းမို့လို့ပါ။
Labels:
ကဗျာ
မင်းအပေါ်မူတည်တဲ့ ...ငါ့အချစ်
မိုးစက်တွေနဲ့ လန်းလို့ 
နေ ခ လျှင်နွမ်းရတဲ့ 
ရနံမဲ့ တဲ့ မြေဇာလို
မြေပြင်မှာ ရှင်သန်နေတဲ့ 
တို့  နှလုံးသားလေးပေါ်ကို
မင်းလေး......
နင်းဖြက်သွားမဲ့ 
ခြေလှမ်းလှလှလေးတွေကို
ငါကြည်ဖြူစွာ.....
လက်ခံမှာပါ ချစ်သူ
ထိုထက်ပို၍.....
ငါ့အသဲတွေကိုထုပ်ကာ
မင်းအတွက် ကစားစရာ
အရုပ်တခုလို
စော့ကစားချင်တယ်ဆိုရင်လည်း
အတိုင်းထက်လွန်ပါပဲ
ချစ်သူ.....
Labels:
ကဗျာ
သင်သေသွားသော်...
သူတို့အဆုတ် ၊ ထားခဲ့မြုပ်သည့်
ဗုံးငုပ်တိုက်မှား ၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ ၊မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း။
• အမောင်ပြောက်ကျား ၊ ချစ်သူအားကို
ဘာများမှာခဲ့ လိုသနည်း ။
• ငယ်ကကြင်မြတ် ၊မိသတ်မှတ်ကို
ခွင့်လွတ်ခဲ့ကြောင်း ပြောပါလေ။
• မောင်ပြောက်ကျား ၊မိဘအားကို
ဘာများမှာခဲ့လိုသနည်း ။
• မွေးသည့်မိခင် ၊မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ။
• အမောင်ပြောက်ကျား ၊တိုင်းပြည်အားကို
ဘာများမှာခဲ့ လိုသနည်း။
• ခရီးမတ်တတ် ၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ ၊ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ။
• ယမ်းငွေ့အူအူ ၊ တလူလူနှင့်
မေးမြူကြတုန်း အနောက်ကုန်းတွင်
နေလုံး ကွယ်လေပြီတကား။ ။
မင်းသုဝဏ်(၈-၂-၁၉၆၃)
Labels:
ကဗျာ
အတောင်ကျိုးလိပ်ပြာ
အခန်းငယ်ထဲမှာ
လွမ်းတယ်လို့မပြောသာပေမယ့်
မျှော်နေတဲ့သူတစ်ယောက်
ရူးမလောက်ဖြစ်နေတာ
သိစေချင်လိုက်တာအချစ်ရယ် ….
မလာမှန်းသိလျက်
တမ်းတတဲ့နေ့ရက်တွေ
ရှေ့ဆက်လွယ်ကူပါ့မလား
စဉ်းစားမရဲတော့ဘူး ….
အပြစ်မပြောပါဘူး
လတ်တလောမှာမထူးဇတ်ခင်းရင်း
ခြေရာချင်းထပ်နေတဲ့ အိမ်မက်ထဲမှာ
မင်း …. ရှိနေသေးတာပဲလေ ….
မမြင်ရတဲ့ပုံရိပ်နောက်ကို
တကောက်ကောက်လိုက်နေတဲ့
ငါ့ရဲ့ဝိဥာဉ်လိပ်ပြာ
မင်းဆီမှာ နားခိုနေပါတယ် …
Labels:
ကဗျာ
မိခင်ရုပ်တု
ဒီပုံလေးနဲ့စာသားကို အင်တာနက်မှာတွေ့ပြီးတာနဲ့ ဆရာကြီး ဒဂုန်တာရာရဲ့
မိခင်ရုပ်တု ကဗျာလေးကို တိုက်တိုက်ဆိုင်ဆိုင် ဖတ်မိသွားပါတယ်။ ဆရာကြီး ဒဂုန်တာရာရဲ့ ကဗျာလေးကို အစအဆုံးဖော်ပြပေးလိုက်ပါတယ်။
ကမ္ဘာ့လူသား
ပေါ်စကပင်၊ ဖိုနှင့်မ ဟု
သဘာဝများ၊ ခြားနားတည်ရှိ
ပကတိသဏ္ဌာန်၊ ကွဲပြားဟန်ကြောင့်
ဖန်တီးမှုချင်း မတူကြ။
မိန်းမတို့က
သားအိမ်ပိုင်သ၊ ထူးခြားပေစွ
ယင်းသဘာဝကြောင့်၊ မိခင်ကဏ္ဍ
သတ္တဗီဇ၊ ဇီဝကမ္မ
ဘ၀ပန်းများ၊ ပွင့်စေသူ။
ချစ်ကြရာမှ၊ မေတ္တာဝတ်မှုန်
မွှေးထုံလေကြော၊ မျောပါလွင့်ပျံ
ဝန်ဆံမျိုးစေ့မှ၊ ဖိုဓာတ် မဓာတ်
ရောစပ်တွေ့ဆုံ၊ စုံမြိုင်ဂန္ဓမာ
နွေချိန်ခါဝယ်၊ သွေးအိမ်သွေးစု
နုရာမှရင့်၊ အဆင့်ဆင့်ထပ်
ကလာပ်စည်းများ၊ တိုးပွားဖြိုးဝေ
ကုဋေကုဋာ၊ ပြည့်တင်းလာသော်
မေတ္တာပန်းပွင့်ရတနာများ။
မိခင်သည်ကား
လူသားပုံတု၊ ဖန်တီးပြုသော
ပန်းပုဆရာ၊ မည်ထိုက်စွာတည့်။
မိခင်သည်ကား
ဆေးသားကောက်ကြောင်း၊ ပုံရာလောင်းသည်
ပန်းချီဆရာ၊ မည်ထိုက်စွာတည့်။
မိခင်သည်ကား
စိတ်ထားမြင့်မြတ်၊ သွန်သင်လတ်သော
စိတ်ဓာတ်အင်ဂျင်နီယာ၊ မည်ထိုက်စွာတည့်။
မိခင်သည်ကား
အင်အားသန်စွမ်း၊ ကျန်းမာနို့ကျွေး
သမားဆေးဆရာ၊ မည်ထိုက်စွာတည့်။
ဤမျှကြီးမား၊ တာဝန်များကို
မအားမလပ်၊ ထမ်းဆောင်အပ်သော
ကြီးမြတ်ဝိသေသ၊ စိုးရအရှင်
ဤမိခင်အား၊ ငါလျှင်ကော်ရော်ပါ၏။
ဒဂုန်တာရာ
Labels:
ကဗျာ
.တော်ဝင်တဲ့သဇင်..
အလှပေါ်အယဉ်ဆင့်ပါလို့ ..
ပန်းတော်ဝင်သဇင်ပွင့်တွေက...
....ပင်မြင့်မှာစံ.......၊
..တောဂနိုင်နံနက်ခင်းမှာလ...
ပန်းရောင်စုံကတ္တီပါခင်းတွေနဲ့ 
....အလှချင်းလည်းပြိုင်.....၊
.....ဘယ်မနိုင်ပြိုင်စံရှားပါပေ့ ...
မော်ကြွားကာလှဂုဏ်မောက်မာတယ်
.....ကွယ်.....တစ်နေ့ တော့......
ကြွေလွင့်မှာဓမ္မတာ...သူမသိပေသမို့ 
....ဝေပွင့်ပါပင်ယံထက်ဆီမှာ..
. ..စွမ်းကုန်ပွင့်အာဖို့ .......
. ပန်းတို့ သဘော..။
Labels:
ကဗျာ
နွမ်းမပြေတဲ့ ပန်းခရေ
အညိုမှာ အဖြူသက်
***တလှပ်လှပ်နဲ့***
ပွင့်ဖတ်လေးတွေစီ
**ပင်ယံထက်ဝင့်**
***အမြင့်မှာစံ***
သဏ္ဍန်ကသေးသေး
မွှေးပျံ့ပျံ့ရနံ့သင်း
အဆင်းလှမခန့်ညား
မြေခလို့ကြွေသွားတာတောင်
ဘုရားပန်းကပ်
လှကညာဆံနွယ်ထက်မှာ
သူငါလုယက်ပန်ဆင်
***ဘဝင်ငယ်မရှိ***
ဘယ်သူသိနိုင်ပါ့မလဲ
****သြော်..***
နေဝင်ချိန်ရောက်
ငြှိုးငယ်ခြောက်တော့
**စွန့်ပစ်ခြွေချ**
အနေမလှတော့လည်း
ခရေပန်းကတော့
သင်းပျံ့နေဆဲပါကွယ်...
***တလှပ်လှပ်နဲ့***
ပွင့်ဖတ်လေးတွေစီ
**ပင်ယံထက်ဝင့်**
***အမြင့်မှာစံ***
သဏ္ဍန်ကသေးသေး
မွှေးပျံ့ပျံ့ရနံ့သင်း
အဆင်းလှမခန့်ညား
မြေခလို့ကြွေသွားတာတောင်
ဘုရားပန်းကပ်
လှကညာဆံနွယ်ထက်မှာ
သူငါလုယက်ပန်ဆင်
***ဘဝင်ငယ်မရှိ***
ဘယ်သူသိနိုင်ပါ့မလဲ
****သြော်..***
နေဝင်ချိန်ရောက်
ငြှိုးငယ်ခြောက်တော့
**စွန့်ပစ်ခြွေချ**
အနေမလှတော့လည်း
ခရေပန်းကတော့
သင်းပျံ့နေဆဲပါကွယ်...
Labels:
ကဗျာ
ထာဝရချစ်ခွင့်
ပြန်မပြောချင်ဘူး
သံယောဇဉ်ကို စိတ်နာလို့ ..........
ဒါပေမယ့်ဗျာ
အတိတ်ဆိုတာ
အရိပ်လိုရှိနေတော့လည်း
မတွေးပဲ မနေနိုင်
အဆွေးထဲ ခွေယိုင်လဲကျတဲ့
ရက်တွေ တွက်ရေကာချိုး
လက်တွေသာ ကျိုးသွားတယ်
လက်တွေသာ ကျိုးသွားတယ်
လွမ်းရက်ရှည်ဆဲ
ကျွမ်းလျက်နေမြဲပါ ...........
ညည်းတွားတဲ့ တေးသံတွေ
စည်းခြားတဲ့ ဘ၀ကို နှစ်သိမ့်လို့
ဒီဘ၀မှာ ဆုံခွင့်မရှိရင်နေပါ
ထာဝရချစ်နေခွင့်တော့ပြုပါ ........
Labels:
ကဗျာ
လောကဓံကို အံတုခြင်း
တစ်ခါတစ်လေ
လူ့ ဘဝမှာ
မာယာတွေ
များသမို့ 
ငါ့...ရိုးသားမှုတွေ
အရေပျော် ချင်ချင်....
တစ်ခါတစ်လေ
လူ့ ဘဝမှာ
ပျော်စရာတွေ
များသမို့ 
ငါ့...ကြိုးစားချင်းတွေ
အရေပျော် ချင်ချင်...
တစ်ခါတစ်လေ
လူ့ ဘဝမှာ
နာစရာတွေ
များသမို့ 
ငါ့...သည်းခံခြင်းတွေ
အရေပျော် ချင်ချင်...
တစ်ခါတစ်လေ လည်း
မာယာတွေ ဝေ
ပျော်စရာတွေ ထွေ လို့ 
နာစရာတွေ များပေမယ့်လည်း
လောကဓံကို လှောင်ကာပြုံးလို့ 
ဟားတိုက်လိုက်ချင်ရဲ့ 
သနားလိုက်တာပေါ့ကွယ်.....
လူ့ ဘဝမှာ
မာယာတွေ
များသမို့ 
ငါ့...ရိုးသားမှုတွေ
အရေပျော် ချင်ချင်....
တစ်ခါတစ်လေ
လူ့ ဘဝမှာ
ပျော်စရာတွေ
များသမို့ 
ငါ့...ကြိုးစားချင်းတွေ
အရေပျော် ချင်ချင်...
တစ်ခါတစ်လေ
လူ့ ဘဝမှာ
နာစရာတွေ
များသမို့ 
ငါ့...သည်းခံခြင်းတွေ
အရေပျော် ချင်ချင်...
တစ်ခါတစ်လေ လည်း
မာယာတွေ ဝေ
ပျော်စရာတွေ ထွေ လို့ 
နာစရာတွေ များပေမယ့်လည်း
လောကဓံကို လှောင်ကာပြုံးလို့ 
ဟားတိုက်လိုက်ချင်ရဲ့ 
သနားလိုက်တာပေါ့ကွယ်.....
Labels:
ကဗျာ
ချစ်သူ သို့တမ်းချင်း
ရင်ခုန်သံမပါပဲနဲ့တော. ငါမလွမ်းဘူး
လောင်းရဲတယ် ငါ့ဘ၀ကင်းဘတ်ပေါ်မှာ
စုတ်ချက်တွေ ကြမ်းတမ်းပေမယ့်
ငါဆွဲခဲ့သမျှ မင်းပုံတွေ ချည်းပဲ။
ငါ့ဦးနှောက်ကို သွန်ချကြည့်လိုက်ပါ
ဂီတ ကဗျာ အကြွေတစ်ချို့ကလွဲလို့
ကျန်တာ မင်းအကြောင်းစာမျက်နှာတွေပဲ
ငါနွမ်းပါးပေမယ့် အချစ်တစ်ခုတော. ခမ်းနားတယ်။
တယောတစ်လက်က ဘိုးတံကိုမျှော်နေသလိုမျိုး
အလွမ်းသံစဉ်တွေပဲ
ထွက်ပေါ်လာမှာ သိရက်နဲ့
ငါမင်းကိုမျှော်နေမိတယ်။
လွမ်းတယ် ချစ်သူရယ်
လွမ်းလို့လွမ်းတယ်ပြောဖို့လောက်တော.
ကိုယ်သတ္တိရှိပါတယ်။
မနေ့ကလည်းအလွမ်း
ဒီနေ့လည်း အလွမ်း
ဖန်တရာထေနေတဲ့ အလွမ်းတွေနဲ့
အိမ်မပြန်ချင်သေးဘူး။
အသည်းခွဲတဲ့လူနဲ့ အသည်းကွဲတဲ့လူ
အသည်းကွဲတဲ့ကိုယ်က မင်းကို
အသည်းခွဲတဲ့လူလို့ ခေါင်းစဉ်မတက်ရက်မှတော.
ချစ်သူရေ.....
အလွမ်းတွေသာခွေထား
ကိုယ်ကြိုးစင်တက်မယ်......
လောင်းရဲတယ် ငါ့ဘ၀ကင်းဘတ်ပေါ်မှာ
စုတ်ချက်တွေ ကြမ်းတမ်းပေမယ့်
ငါဆွဲခဲ့သမျှ မင်းပုံတွေ ချည်းပဲ။
ငါ့ဦးနှောက်ကို သွန်ချကြည့်လိုက်ပါ
ဂီတ ကဗျာ အကြွေတစ်ချို့ကလွဲလို့
ကျန်တာ မင်းအကြောင်းစာမျက်နှာတွေပဲ
ငါနွမ်းပါးပေမယ့် အချစ်တစ်ခုတော. ခမ်းနားတယ်။
တယောတစ်လက်က ဘိုးတံကိုမျှော်နေသလိုမျိုး
အလွမ်းသံစဉ်တွေပဲ
ထွက်ပေါ်လာမှာ သိရက်နဲ့
ငါမင်းကိုမျှော်နေမိတယ်။
လွမ်းတယ် ချစ်သူရယ်
လွမ်းလို့လွမ်းတယ်ပြောဖို့လောက်တော.
ကိုယ်သတ္တိရှိပါတယ်။
မနေ့ကလည်းအလွမ်း
ဒီနေ့လည်း အလွမ်း
ဖန်တရာထေနေတဲ့ အလွမ်းတွေနဲ့
အိမ်မပြန်ချင်သေးဘူး။
အသည်းခွဲတဲ့လူနဲ့ အသည်းကွဲတဲ့လူ
အသည်းကွဲတဲ့ကိုယ်က မင်းကို
အသည်းခွဲတဲ့လူလို့ ခေါင်းစဉ်မတက်ရက်မှတော.
ချစ်သူရေ.....
အလွမ်းတွေသာခွေထား
ကိုယ်ကြိုးစင်တက်မယ်......
Labels:
ကဗျာ

















