လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

မင်းအပေါ်မူတည်တဲ့ ...ငါ့အချစ်

မိုးစက်တွေနဲ့ လန်းလို့ 
နေ ခ လျှင်နွမ်းရတဲ့ 
ရနံမဲ့ တဲ့ မြေဇာလို
မြေပြင်မှာ ရှင်သန်နေတဲ့ 
တို့  နှလုံးသားလေးပေါ်ကို
မင်းလေး......
နင်းဖြက်သွားမဲ့ 
ခြေလှမ်းလှလှလေးတွေကို
ငါကြည်ဖြူစွာ.....
လက်ခံမှာပါ ချစ်သူ
ထိုထက်ပို၍.....
ငါ့အသဲတွေကိုထုပ်ကာ
မင်းအတွက် ကစားစရာ
အရုပ်တခုလို
စော့ကစားချင်တယ်ဆိုရင်လည်း
အတိုင်းထက်လွန်ပါပဲ
ချစ်သူ.....

No comments: