လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

တန်ဖိုး


တစ်ခါတုန်းက နာမည်ကြီး ဟောပြောသူတစ်ယောက်ဟာ
ဒေါ်လာ ၂၀ တန် ငွေစက္ကူလေးကိုကိုင်ပြီးတက်လာပါတယ် ..
ဟောပြောမယ့်အခန်းထဲမှာ လူ ၂၀၀ လောက်ထိုင်နေတယ် ။
သူကမေးလိုက်တယ် “ ဒီ ဒေါ်လာ ၂၀ ကို ဘယ်သူတွေလိုချင်ပါသလဲ ”
လက်တွေ လေထဲကို မြောက်တက်သွားကြတယ် ။ အကုန်လုံးလိုလို လက်ထောင်လိုက်ကြတယ် ။
သူကဆက်ပြောတယ် ။
“ ကျွန်တော်ခင်ဗျားတို့ ထဲကတစ်ယောက်ကို ဒီငွေပေးဖို့ပါပဲ
ဒါပေမယ့်ခဏစောင့်ပါဦး ” အဲဒီလိုပြောပြီး သူဟာ ဒေါ်လာ ၂၀ ကို တွန့်ခြေလိုက်တယ် ။
ပြီးတော့သူ ဆက်မေးတယ် ။ “ ဘယ်သူလိုချင်ပါသေးလဲ ”
လက်တွေ လေထဲကို မြောက်တက်သွားကြတုန်းပါပဲ ။
“ ကောင်းပြီ ” သူက ဆက်ပြောတယ်
“ ကဲ ဒီလိုဆိုရင်ရော ”
သူကပြောပြောဆိုဆို ဒေါ်လာ ၂၀ ကို အောက်ကိုပစ်ချလိုက်တယ် ။
ပြီးတော့ ကြမ်းပြင်မှာ သူ့ခြေထောက်က ဖိနပ်နဲ့ နင်းခြေလိုက်တယ် ။
ဒေါ်လာ ၂၀ တန်စက္ကူဟာ ညစ်ပတ်ပြီး အတော်လေးကို ရုပ်ဆိုးသွားတယ် ။
သူက ပြန်ကောက်လိုက်တယ် ။
“ ကဲ အခု ဘယ်သူလိုချင်ပါသေးလဲ ” စကားသံဆုံးဆုံးချင်းမှာပဲ လက်တွေ အတော်များများ လေထဲမှာ မြောက်သွားကြတယ် ။
“ ကဲ ခင်ဗျားတို့အားလုံး အခုဆိုရင် အရမ်းကို တန်ဖိုးရှိတဲ့ သင်ခန်းစာတစ်ခုကိုရသွားကြပါပြီ ။ ကျွန်တော်ငွေစက္ကူကို ဘယ်လိုပဲလုပ်လုပ် ခင်ဗျားတို့ လိုချင်နေကြတုန်း ။ ဘာကြောင့်လည်းဆိုတော့ ငွေစက္ကူရဲ့တန်ဖိုးမပြောင်းလဲသွားလို့ပါ ဒေါ်လာ ၂၀ တန်နေတုန်းပါပဲ ”
##########################################
ကျွန်တော်တို့ ဘ၀တွေမှာ အကြိမ်များစွာ ကျဆုံးခဲ့ခြင်း ၊ နင်းခြေခံရခြင်း နဲ့ ကျွန်တော်တို့ ကိုယ့်ဘာသာချခဲ့တဲ့ ဆုံးဖြတ်ချက်တွေကြောင့် စိတ်ဓါတ်နဲ့ တန်ဖိုးတွေဟာ မြေကြီးပေါ်မှာလို ညစ်ပတ်နေခဲ့ရတယ် ။
တခါတရံမှာ ကျွန်တော်တို့ဟာ ဘ၀ဟာ တန်ဖိုးမရှိဘူး ငါဟာ ဘာမှအသုံးမကျဘူး စသဖြင့် အမျိုးမျိုးတွေးတတ်ကြတယ် ။
ဘာတွေဘယ်လိုပဲဖြစ်ခဲ့ပါစေ ဘာတွေဘယ်လိုပဲဖြစ်နေပါစေ
--- သင့်ရဲ့တန်ဖိုးကို သင် ဘယ်တော့မှ မဆုံးရှုံးပါစေနဲ့ ။
သင်ဟာ တကယ်တော့ သိပ်အဖိုးတန်တဲ့ လူသားပါ ဒါကို ဘယ်တော့မှ မမေ့ပါနဲ့ ။

No comments: