လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ အဓိပ္ပါယ်



၁။ နိုင်ငံတော်အလံတွင် အ၀ါရောင်၊ အစိမ်းရောင်နှင့် အနီရောင်အောက်ခံပါရှိခြင်းမှာ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုကာလက ထည်ဝါစွာ အသုံးပြုခဲ့သော သုံးရောင်ခြယ်အလံကို အလေးအမြတ်ပြုဖော်ညွှန်းခြင်းဖြစ်သည်။

၂။ အလံတော်၏အရောင်များနှင့် ကြယ်၏အဖြူရောင်တို့၏အဓိပ္ပာယ်မှာ အောက်ပါအတိုင်းဖြစ်သည်။

 (က) အ၀ါရောင်သည် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ဉာဏ်ပညာကြီးမားခြင်း၊ ပျော်ရွှင်ခြင်းနှင့် တိုင်းရင်းသားအားလုံး ချစ်ခင်ရင်းနှီးစွာ စည်းလုံးညီညွတ်မှုရှိခြင်း ဟူသော အဓိပ္ပာယ် ကို ဖော်ညွှန်းသည်။

(ခ) အစိမ်းရောင်သည် မြေဆီသြဇာကြွယ်ဝခြင်း၊ ညီညွတ်မျှတခြင်းနှင့် အေးချမ်းသာယာ၍ စိမ်းလန်းစိုပြည်သည့်နိုင်ငံဖြစ်ခြင်းဟူသော အဓိပ္ပာယ် ကို ဖော်ညွှန်းသည်။

(ဂ) အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်းဟူသော အဓိပ္ပာယ် ကို ဖော်ညွှန်းသည်။

(ဃ) ကြယ်၏အရောင်ဖြစ်သော အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ ကရုဏာတရားပြည့်ဝခြင်းနှင့် စွမ်းအင်နှင့်ပြည့်စုံခြင်း ဟူသော အဓိပ္ပာယ် ကို ဖော်ညွှန်းသည်။



No comments: