လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

ဗုဒ္ဓဘာသာဝင်တွေ ရှိခိုးဦးချရာ စေတီသာရဲ့ အင်္ဂါရပ်


အုပ်ခဲပုံကြီးကို ဦးချနေခြင်းမဟုတ်
တစ်ခုချင်းစီ၏ အဓိပ္ပါယ် အကျဉ်းများမှာ -

(၁)တံခွန်တိုင်=မာန(ရတနာ ၃ ပါးအား ဖူးမျှော်မာန်လျော့ ကန်တော့ရန်)

(၂)ပန်းတင်ခုံ=ပတ္ထနာ - နိဗာန်ရောက်ကြောင်း ဆုတောင်းရန်

(၃)ရှစ်မြှောင့်=မွေးခြင်း(၄)မျိုး+သေခြင်း(၄)မျိုးကို နှလုံးသွင်းဆင်ခြင်ကြရန်

(၄)ကြီဝင်း-၅ခု=ဂတိ-၅ပါးမှလွတ်အောင် ကြိုးစားကြရန်

(၅)ခါးစည်း=သီလ/သမာဓိ/ပညာ ဟူသော သိက္ခာ-၃ပါးဖြင့် ခါးကိုစည်းနိုင်ကြရန်

(၆)ခေါင်းလောင်း=မိမိတို.၏ ကုသိုလ်ကောင်းမှုများကို ကုသိုလ်ငတ်မွတ်နေသောသတ္တ၀ါများသို. မျှဝေ(share)ပေးရန်

(၇)ဖောင်းရစ်-၇ရစ်=၀ိသုဒ္ဓိ ၇ပါး(စင်ကြယ်ခြင်း ၇မျိုး)ပြည့်စုံအောင်ကြိုးစားကြရန်

(၈)သပိတ်မှောက်=တဏှာ/မာန/ဒိဌိ(အယူမှား)ဟူသော သံသရာနယ်ချဲ.တတ်သည့်ပပဉ္စတရား(၃)ပါးတို.ကို သပိတ်မှောက် ဆန်.ကျင်ကြရန်

(၉)ဘီလူးပန်းဆွဲ-၁၆ခု=ဥာဏ်စဉ်-၁၆ပါး ရအောင်ကြိုးစားကြရန်

(၁၀)ကြာမှောက်/ကြာလှန်=ကြာပန်းသည် ဗုဒ္ဓဘုရား၏သင်္ကေတ

(၁၁)ထီးတော်ဘုံ ၇ဆင့်=အေးငြိမ်းသည့် အရိယာသူတော်စင်တို. ရရှိခံစားရသည့်မဂ်(၃)တန်+ဖိုလ်(၄)တန်(သောတာပတ္တိမဂ်မပါဝင်)
(၁၂)ငှက်မြတ်နား=ရဟန္တာအရှင်မြတ်တို. ခန္ဒာဝန်မချမီ တရားဟော/သာသနာပြုအလုပ်များဖြင့် ခေတ္တနားခိုရာ

(၁၃)စိန်ဖူးတော်=စိန်တွင် ကာဗွန်ပါဝင်မှု ကင်းစင်သွားလို. ကမ္ဘာပေါ်တွင် အမာဆုံးပစ္စည်းဖြစ်သလို၊စိတ်အညစ်အကြေး(ကိလေသာ)အားလုံး
ကင်းစင်သည့် နိဗ္မာန်တရားမြတ်

ပဋ္ဌာန်းမရွတ်မီ အဓိဋ္ဌာန်ပုံ သစ္စာပြုပုံ နှင့် ပဋ္ဌာန်း(၂၄)ပစ္စည်းမြန်မာပြန်

ပဋ္ဌာန်းမရွတ်ဆိုမီ လုပ်ဆောင်ရမယ့်လုပ်ငန်းတွေအကြောင်းကိုသိထားမှ ရွတ်ဆိုတဲ့အခါ နေရာကျမှာဖြစ်ပါတယ်။မသိထားရင်တော့ နေရာကျစရာအကြောင်းမရှိပါ။နေရာကျကျ အစီစဉ်ကျကျရွတ်ဆိုပါမှ အကျိုးထူး အကျိုးမြတ်များကိုခံစားရမည်ဖြစ်ပါတယ်။ဒါကြောင့် ပဋ္ဌာန်းမရွတ်ဆိုမီ အဓိဋ္ဌာန်ပုံနှင့်သစ္စာဆိုရပုံလေးကို ရှေးဦးစွာရေးသားလိုက်ခြင်းဖြစ်ပါတယ်။

၁။ယနေ့မှစ၍ နေ့စဉ်မပြတ် တစ်လတိတိ ပဋ္ဌာန်းဒေသနာတော်များ ရွတ်ဆိုပြီး မြတ်စွာဘုရားကို ပူဇော်ပါမည်ဟုအဓိဋ္ဌာန်ပြုရမှာဖြစ်ပါတယ်။

၂။တစ်လအဓိဋ္ဌာန် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရာတွင် ယနေ့အဓိဋ္ဌာန်အဖြစ် ယခုအချိန်မှစ၍ ပဋ္ဌာန်းဒေသနာတော်များကို ရွတ်ဖတ်ကာ မြတ်စွာဘုရားအား ပူဇော်ပါတော့မည်ဟု အဓိဋ္ဌာန်ပြုရမည်ဖြစ်ပါတယ်။

၃။ယနေ့အဓိဋ္ဌာန် ပဋ္ဌာန်းဒေသနာတော်များကို ရွတ်ဖတ်ပူဇော်မည်ဖြစ်၍ တပည့်တော်၏ ကိုယ်စောင့်နတ်၊နေရာစောင့်နတ်၊အိမ်စောင့်နတ်၊ခြံစောင့်နတ်၊လမ်းစောင့်နတ်၊ရပ်ကွက်စောင့်နတ်၊မြို့စောင့်နတ် သာသနာတော်စောင့်နတ် စတဲ့ ဌာနအသီးသီးမှာ စောင့်ရှောက်ကြကုန်သော နတ်မြတ် နတ်ကောင်း နတ်အပေါင်းတို့အားလည်းကောင်း၊ဤနေရာ ဤဌာနမှာ ရှိကြကုန်သော ဥစ္စာစောင့် သိုက်နန်းရှင် စတဲ့မြင်အပ် မမြင်အပ်သော ပုဂ္ဂိုလ်၊မကျွတ်မလွတ်ကြကုန်သော ပုဂ္ဂိုလ်တို့အားလည်းကောင်း၊ လောကကြီးကိုစောင့်ရှောက်ကြကုန်သော ဓတရဋ္ဌ၊ဝိရူဠက၊ဝိရူပက္ခ၊ကုဝေရဟူသော နတ်မင်းကြီးလေးပါးစသည့်ဖြင့် (ပင့်ဖိတ်သင့် ပင့်ဖိတ်ထိုက်သော)ပုဂ္ဂိုလ်များကို နာမည်တပ်၍ ပဋ္ဌာန်းတရားနာကြားဖို့လာရောက်နာကြားကြပါကုန်လော့ဟု ပင့်ဖိတ်ရမှာဖြစ်ပါတယ်။နေ့တိုင်း ရွတ်ဆိုမည်ဆိုပါက နေ့တိုင်းပင့်ဖိတ်အပ်ပါတယ်။တစ်လရွတ်ဆိုမည်ဆိုလျှင်တော့ နေ့တိုင်းပင့်ဖိတ်စရာမလိုပါ။တစ်လပြည့်တဲ့ထိ မပင့်ဖိတ်ပဲနေနိုင်ပြီး တစ်လပြည့်မြောက်ရင်တော့ ပင့်ဖိတ်ထားသူများကို မိမိတို့နေရာ ဌာနသို့ အသီးသီးပြန်ကြွရန်မေတ္တာရပ်ခံရမည်ဖြစ်ပါတယ်။ (နေ့တိုင်းရွတ်ဆိုရင် နေ့တိုင်းပင့်ဖိတ်ရမှာဖြစ်သလို နေ့တိုင်းပြန်ပို့ရမှာဖြစ်ပါတယ်။)

၎။ပဋ္ဌာန်းဒေသနာတော်များ ပစ္စယုဒ္ဒေသ၊ပစ္စယနိဒ္ဒေသ ပါဠိတော်နှင့် မြန်မာပြန်များကို ကောင်းမြတ်သော အချိန်ခါ ဖြစ်သည့်အတွက်(ဟေတုပစ္စယောမှစ၍ ရွတ်ဆိုပူဇော်ရမှာဖြစ်ပါတယ်။)ရွတ်ဆိုပူဇော်ပြီးသည်နှင့် အမျှပေးဝေရမှာဖြစ်ပါတယ်။

၅။(သစ္စာဆိုပုံ) ။ ။ ယခုအခါ တစ်လအဓိဋ္ဌာန် ရွတ်ဆိုပူဇော်ရာတွင် ယနေ့အဓိဋ္ဌာန်အဖြစ် ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဖတ်ပူဇော်၍(နေ့တိုင်းပူဇော်မည်ဆိုပါကလည်း)နေ့တိုင်း ပဋ္ဌာန်းဒေသနာတော်ကိုရွတ်ဖတ်၍ မြတ်စွာဘုရားရှင်အား ပူဇော်ပြီးပါပြီ။ ဤသစ္စာစကားကြောင့်လည်းကောင်း၊ဤပဋ္ဌာန်းဒေသနာတော်၏ တန်ခိုး ရှိန်စော် အာနုဘော်တို့ကြောင့်လည်းကောင်း၊ဤပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုရသော ကောင်းမှု၊နာကြားရသော ကောင်းမှုကုသိုလ်တို့၏ တန်ခိုးတော်ဇော်အာနုဘော်တို့ကြောင့်လည်းကောင်း၊ ပဋ္ဌာန်းဒေသနာတော်ကိုရွတ်ဆိုပြီးတိုင်း တပည့်တော်နှင့်ထပ်ထူထပ်မျှ ရစေဖို့ အမျှပေးဝေရတဲ့ကောင်းမှုကုသိုလ်၊ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုရတဲ့ကောင်းမှုကုသိုလ်တို့၏ တန်ခိုးတေဇော်အာနုဘော်တို့ကြောင့်လည်းကောင်း တပည့်တော်သည်(..................)ဖြစ်ရပါလို့၏ဟူ၍ လိုရာဆု တစ်ခုတည်းကိုတောင်းပါ။လိုရာဆုတစ်ခု မပြည့်မချင်း ဤတစ်မျိုးကိုသာ ဆက်၍ဆုတောင်းပါ။

ဓမ္မစကြာ မြန်မာပြန်

“နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”
ဓမ္မစကြာအမွမ်း
ဘိက္ခူနံ ပဉ္စ၀ဂ္ဂီနံ၊ ဣသိပတန နာမကေ။
မိဂဒါယေ ဓမ္မ၀ရံ၊ ယံ တံ နိဗ္ဗာနပါပကံ။
သဟမ္ပတိ နာမကေန၊ မဟာဗြဟ္မေန ယာစိတံ။
စတုသစ္စံပကာသေန္တော၊ လောကနာထော အဒေသယိ။
နန္ဒိတံ သဗ္ဗဒေဝေဟိ၊ သဗ္ဗသမ္ပတ္တိသာဓကံ။
သဗ္ဗလောကဟိ တတ္ထာယ၊ ဓမ္မစက္ကံ ဘဏာမဟေ။

ဓမ္မစကြာနိဒါန်း

ဧ၀ံ မေ သုတံ – ဧကံ သမယံ ဘဂ၀ါ ဗာရာဏသိယံ ၀ိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂ၀ါ ပဉ္စ၀ဂ္ဂိယေ ဘိက္ခူ အာမန္တေသိ -

ကျွန်ုပ် ဤသို့ ကြားနာခဲ့ရပါသည်။ အခါတစ်ပါးတွင် မြတ်စွာဘုရားသည် ဗာရာဏသီပြည် ‘ဣသိပတန’ အမည်ရသော မိဂဒါဝုန်တော၌ သီတင်းသုံးနေတော်မူသည်။ ထိုအခါတွင် မြတ်စွာဘုရားသည် ပဉ္စ၀ဂ္ဂီရဟန်းတို့အား မိန့်တော်မူသည်။
(၁) အစွန်းတရားနှစ်ပါး၏ အလယ်အလတ်ဖြစ်သော မဇ္ဈိမပဋိပဒါအကျင့်

ဒွေ မေ, ဘိက္ခဝေ, အန္တာ ပဗ္ဗဇိတေန န သေ၀ိတဗ္ဗာ။ ကတမေ ဒွေ
(၁) ယော စာယံ ကာမေသု ကာမသုခလ္လိကာနုယောဂေါ ဟီနော ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္ထသံဟိတော၊
(၂) ယော စာယံ အတ္တကိလမထာနုယောဂေါ ဒုက္ခော အနရိယော အနတ္ထသံဟိတော။

ဟန်းတို့… အိမ်ယာစွန့်ခွာ ရဟန်းပြုလာသူတို့ မမှီဝဲအပ်သော အစွန်းတရား နှစ်ပါးရှိ၏။ အဘယ် နှစ်ပါးတို့နည်း။
(၁) ယုတ်ညံ့၍ အိမ်ယာထူထောင်သူ လူများစုတို့၏ အလေ့အကျင့်သာဖြစ်သော,မြတ်သောအကျင့်မဟုတ်သော, အကျိုးမရှိသော ‘ကာမချမ်းသာကိုလိုက်စားခြင်း’ (ကာမသုခလ္လိကာနုယောဂ)
 (၂) ကိုယ်စိတ်ဆင်းရဲခြင်းကိုဖြစ်စေတတ်သော, မြတ်သောအကျင့်မဟုတ်သော, အကျိုးမရှိသော ‘မိမိကိုမိမိ ပင်ပန်းဆင်းရဲအောင်အားထုတ်ခြင်း’ (အတ္တကိလမထာနုယောဂ) နှစ်ပါးတို့တည်း။

ဧတေ ခေါ, ဘိက္ခဝေ, ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ, စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။
ကတမာ စ သာ, ဘိက္ခဝေ, မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ, စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ? အယမေ၀ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ -
သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။
အယံ ခေါ သာ, ဘိက္ခဝေ, မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ, စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။

ရဟန်းတို့ …တထာဂတ (မြတ်စွာဘုရား)သည် ဤအစွန်းတရားနှစ်ပါးအား မကပ်ရောက်ပဲ အလယ်အလတ်အကျင့် (မဇ္ဈိမ ပဋိပဒါ) ကို ထိုးထွင်း၍ သိတော်မူအပ်ပြီ။ ထို မဇ္ဈိမပဋိပဒါ အကျင့်သည် ပညာမျက်စိကိုဖြစ်စေ၏။ အသိဉာဏ်ကိုဖြစ်စေ၏။ ကိလေသာကို ငြိမ်းစေ၏။ (သစ္စာလေးပါးကို) ထူးသောဉာဏ်ဖြင့် ထိုးထွင်းသိစေ၏။ နိဗ္ဗာန်ကို မျက်မှောက်ပြုစေ၏။
ထို  မဇ္ဈိမပဋိပဒါ အကျင့်ကား အဘယ်နည်း။
(၁) သမ္မာဒိဋ္ဌိ (မှန်သောအမြင်)
(၂) သမ္မာသင်္ကပ္ပ( မှန်သောအကြံ)
(၃) သမ္မာဝါစာ (မှန်သောစကား)
(၄) သမ္မာကမ္မန္တ (မှန်သောအပြုအမူ)
(၅) သမ္မာအာဇီဝ (မှန်သောအသက်မွေးခြင်း)
(၆) သမ္မာဝါယာမ (မှန်သောအားထုတ်ခြင်း)
(၇) သမ္မာသတိ (မှန်သောအောက်မေ့ခြင်း)
(၈) သမ္မာသမာဓိ (မှန်သောတည်ကြည်ခြင်း) ဟူသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အကျင့်လမ်း(မဂ္ဂ) ဖြစ်သည်။
တထာဂတသည် ဤ  မဇ္ဈိမပဋိပဒါအကျင့်အား ထိုးထွင်း၍ သိတော်မူအပ်ပြီ။

တစ်ကြိမ်မှာတစ်ခု



ကျွန်တော်တို့ မိတ်ဆွေတစ်ယောက်က လူသူရှင်းသော မက္ကဆီကို ကမ်းခြေတစ်နေရာမှာ သူတွေ့ကြုံ ခဲ့ရသည့် အဖြစ်အပျက်တစ်ခုကို ပြောပြသည်။

နေ၀င်ဆည်းဆာအချိန် ကမ်းခြေမှာ သူတစ်ယောက်တည်း လျှောက်ရင်းက ဟိုအဝေးဆီမှာ လူတစ်ယောက် လှမ်းမြင်ရသည်။ နည်းနည်း နီးလာတော့ ဒေသခံတစ်ယောက်ဖြစ်ကြောင်း သတိပြုမိသည်။ သည်လူက ကမ်းခြေသောင်စပ်မှာ ကုန်းကုန်း ကုန်းကုန်းနှင့် သွားနေရာက တစ်စုံတစ်ရာကို ငုံ့ကောက်ကာ ပင်လယ်ရေထဲ လွှင့်ပစ်သည်။ သည့်နောက် အဲသည်လိုပဲ နည်းနည်းလျှောက်သွားလိုက် တစ်ခုခုတွေ့လျှင် ကောက်ယူလိုက် လွှင့်ပစ်လိုက် လုပ်နေသည်။ သေသေချာချာကြည့်တော့ လှိုင်းနှင့်ပါလာပြီး သဲသောင်ပြင်ပေါ် တင်ကျန်နေသည့် ကြယ်ငါးတွေကို ရေထဲ ပြန်ပစ်ထည့်ပေးနေခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။

သည်လူ ဘာရည်ရွယ်ချက်နှင့် လုပ်နေသလဲ ကျွန်တော်တို့မိတ်ဆွေ စဉ်းစားမရ ဖြစ်သွားသည်။ သို့နှင့် သူ့ကိုနှုတ်ဆက်ပြီး တည့်တည့်ပင် မေးကြည့်သည်။ “မသိလို့ မေးပါရစေဗျာ၊ မိတ်ဆွေ ဘာလုပ်နေတာပါလိမ့်”

“ကြယ်ငါးတွေ သမုဒ္ဒရာထဲ ပြန်ပို့ပေးနေတာလေ၊ ခင်ဗျားမြင်တဲ့အတိုင်းပဲ၊ အခု ဒီရေကျချိန် သောင်ပြင်ပေါ်မှာ တင်ကျန်ခဲ့တဲ့ကောင်တွေဟာ ရေတက်တဲ့အချိန်ရောက်အောင် ဒီမှာ အကြာကြီး စောင့်နေရမှာ ၊ ဒါပေမဲ့ အဲဒီလောက်ကြာရင် အောက်ဆီဂျင်ပြတ်ပြီး သေမှာပဲ”

“ဟုတ်ကဲ့၊ အဲဒါတော့ ကျွန်တော်လည်း သဘောပေါက်ပါတယ်” ကျွန်တော်တို့ မိတ်ဆွေက ဆိုသည်။ “ဒါပေမဲ့ ဒီကမ်းခြေတစ်လျှောက်မှာ ကြယ်ငါးတွေ ထောင်ချီပြီး ရှိနေမှာပေါ့ဗျာ၊ အဲဒီကောင်တွေအားလုံး ခင်ဗျား ဘယ်လို လိုက်ကောက်မလဲ၊ တစ်ယောက်တည်း မနိုင်နိုင်ဘူးလေဗျာ၊ ပြီးတော့ စဉ်းစားကြည့်၊ ဒီကမ်းရိုးတန်း တစ်လျှောက်လုံးဆိုရင် ခုလို သဲသောင်ပြင်ပေါင်း ရာချီရှိမှာပေါ့၊ ဒီသောင်စပ်တိုင်းမှာ ရှိနေမယ့် ကြယ်ငါးတွေ ဘယ်လိုလုပ်မလဲ၊ သူ့သဘာဝနဲ့သူ ဖြစ်နေတာ၊ ခင်ဗျားတစ်ယောက်ကြောင့် ဘာတွေ ထူးခြားပြောင်းလဲ သွားနိုင်မလဲ”

ဒေသခံပုဂ္ဂိုလ်က ပြုံးသည်။ နောက်ထပ် ကြယ်ငါးတစ်ကောင် ကောက်သည်။ ထို့နောက် “တခြားကောင်တွေအတွက် မထူးခြားပေမယ့် ဟောဒီ ကြယ်ငါးတစ်ကောင်အတွက်တော့ ထူးခြားသွား တာပေါ့ဗျာ” ဟု ဆိုကာ ပင်လယ်ရေထဲ လှမ်းပစ်ထည့်လိုက်လေသည်။

ဖေမြင့် (နှလုံးသားအာဟာရ)

သတိထားဖွယ် ရှောင်ကြဉ်ရမည့် အလှူများ



ပေးကမ်းလှူဒါန်းမှုပြုသော်လည်း ဒါနဟု မခေါ်ရ။ အဒါနဟုသာ ခေါ်ရသည့် ပေးကမ်းမှု(၁၀)မျိုးကို မိလိန္ဒပဥှာပါဠိတော် (ဝေဿန္တရပဥှာ) ၌ ဟောကြားတော်မူသည့်အတိုင်း ဖော်ပြပါမည်။ ထိုမပေးလှူကောင်းသော အလှူ(၁၀)မျိုးမှာ
၁။ မူးယစ်စေတတ်သော သေရည်သေရက် စသောအရာများကို ပေးလှူခြင်း= မဇ္ဇဒါန။
၂။ ပွဲလမ်းသဘင် စသည်တို့ကို ပေးလှူခြင်း= သမဇ္ဇဒါန။
၃။ မေထုန်မှီဝဲမှုပြုရန် အမ-သတ္တဝါများကိုပေးလှူခြင်း= ဣတ္ထိဒါန
၎။ မေထုန်မှီဝဲစေရန် နွားလားဥသဘ စသည်ကို ပေးလှူခြင်း= ဥသဘဒါန။
၅။ ကာမဂုဏ်စိတ်ကို ထကြွပွားများစေတတ်သော ပန်းချီကား အရုပ်စသည်ကို ပေးလှူခြင်း= စိတ္တကမ္မဒါန။
၆။ တုတ် ဓား သေနတ်စသော လက်နက်များကို ပေးလှူခြင်း= သတ္တဒါန။
၇။ အဆိပ်ကို ပေးလှူခြင်း= ဝိသဒါန။
၈။ လက်ထိပ်၊ သံခြေကျဉ်း စသည်ကို ပေးလှူခြင်း= သင်္ခလိကဒါန။
၉။ သတ်ဖြတ်စားသောက်ရန် ကြက် ဝက် စသသည်ကို ပေးလှူခြင်း= ကုက္ကုဋသူကရဒါန။
၁၀။ မမှန်ကန်သော ချိန်ခွင်-အလေး တင်းတောင်းကြိုး စသည်ကိုပေးလှူခြင်း= တုလာကူဋဒါနတို့ ဖြစ်ပါသည်။

ထိုအလှူ(၁၀)မျိုးတို့တွင် တစ်မျိုးမျိုးကို ပေးလှူလျှင် ဒါနကုသိုလ် မဖြစ်သည့်အပြင် အကုသိုလ်တရားဖြစ်ပွား၍ အပါယ်သို့ပင် ကျရောက်နိုင်ကြောင်း မိလိန္ဒပဥှာပါဠိတော်၌ ဟောကြားတော်မူထား၏။ ဝိနည်းငါးကျမ်းတွင် တစ်ကျမ်းအဖြစ်ပါဝင်သော ပရိဝါပါဠိတော်၌လည်း “လူ့လောကတွင် မကောင်းမှုအကုသိုလ်သာ ဖြစ်ပါလျက် လူမိုက်များက ကုသိုလ်ဟု ခေါ်ဝေါ်နေကြသည့် အလှူတို့မှာ ငါးမျိုးရှိ၏။ ထိုငါးမျိုးမှာ (၁)။ သေရည် သေရက် အလှူဟူသော မဇ္ဇဒါန၊ (၂)။ သဘင်အလှူဟူသော သမဇ္ဇဒါန၊ (၃)၊ မိန်းမအလှူဟူသော ဣတ္ထိဒါန၊ (၄)။ နွားလားဥသဘအလှူဟူသော ဥသဘဒါန၊ (၅)။ ကိလေသာပွားကြောင်း ပန်းချီဆေးရေးရုပ် အလှူဟူသော စိတ္တကမ္မဒါနတို့ ဖြစ်၏” ဟု ဟော်ကြားထား၏။

“သူတစ်ပါးတို့ သောက်စားရန် လှူသော ယစ်မျိုးအလှူ၊ သူတစ်ပါးတို့ ကြည့်ရှုပျော်ပါးစေရန်လှူသော ပွဲသဘင်အလှူ၊ အမျိုးသားများ မေထုန်မှီဝဲရန် လှူသော မိန်းမအလှူ၊ နွားမကို သန္ဓေရအောင် လှူသော နွားလားဥသဘအလှူ၊ ကိလေသာပွားရန် ရေးဆွဲထုလုပ်ထားသော ပန်းချီဆေးရေးရုပ်ဟူသော အလှူငါးမျိုးတို့မှာ တဏှာရာဂ ပွားကြောင်း အစစ်ဧကန်ဖြစ်သောကြောင့် ကုသိုလ်မဖြစ်၊ အကုသိုလ်ဖြစ်သော အလှူတို့သာဖြစ်၏။” ဟု ပရိဝါအဋ္ဌကထာ၌ မိန့်ဆိုထား၏။
သို့ရာတွင် ဝိနည်းမဟာဝါပါဠိတော်၌ ရဟန်းတော်တို့အား အရက်ကို လိမ်းကျံရသော နယ်ဆီအဖြစ် အသုံးပြုခွင့်ပေးထားသောကြောင့် အရက်သောက်သုံးရန် မဟုတ်ဘဲ လိမ်းဆေးအဖြစ် အသုံးပြုရန် လှူကောင်း၏။ လှူလျှင်ကုသိုလ်ဖြစ်၏။ အမျိုးသမီးတို့အား အရာမ်စောင့်အဖြစ် အလှူခံခွင့်ပြုထားသော ကြောင့် အမျိုးသမီးများကို အရာမ်စောင့်အတွက် လှူကောင်း၏။ လှူလျှင် ကုသိုလ်ဖြစ်၏။ နွားလား ဥဿဘကို သေနာသနအလို့ငှာ ကျောင်းအား လှူဒါန်းကောင်း၏။ လှူလျှင်ကုသိုလ်ဖြစ်၏။ ပရိဝါအဌကထာ၌ “ဇရပ် တန်ဆောင်း၊ ဂူ၊ ကျောင်း၊ ပြဿဒ်၊ မဏ္ဍပ် စသည်တို့၌ ငရဲခန်း၊ ဘုံခန်း၊ တောထွက်ခန်း၊ ပန်းချီ၊ ပန်းပု၊ ရေးထုခြင်းကို ပြုခြင်းငှာအပ်၏” ဟု မိန့်ဆိုထားသောကြောင့် ကိလေသာစိတ်များ မဖြစ်ပွားစေတတ်သည့် ပန်းချီကား၊ ပန်းပုရုပ်တို့ကို ပေးလှူကောင်း၏။ လှူလျှင်ကုသိုလ်ဖြစ်၏။

သမဇ္ဇဒါနအရာ၌ ယခုကာလကဲ့သို့ ပွဲသဘင်များ ငှား၍ ပူဇော်ခြင်းမျိုးကို မည်သည့်နည်းနှင့်မျှ မပြုကောင်း၊ ပထမရွှေကျင်ဆရာတော်ဘုရားကြီးက “အလှူပေးရာ၊ ပွဲထည့်ပါ၊ တိုက်တွန်းလာ၊ သူမိုက်တစ်ယောက် လူမိုက်စကား၊ နားယောင်မှား၊ ပွဲငှားအလှူရှင် သူမိုက်တစ်ယောက်၊” စသည့် ပွဲသဘင်အလှူနှင့်စပ်၍ လူမိုက်ဟူသော အသုံးအနှုန်းဖြင့် မိန့်ဆိုထား၏။ သို့ရာတွင် “အပျက်အချော်၊ အသရော်၊ အလော်မာ၊ ဒုစရိုက်မပါဘဲ၊ ပလလဲတော၌ ပျားလှူသော မျောက်ကဲ့သို့ဖြစ်စေ၊ ဝရုဏနတ်မင်းကဲ့သို့ဖြစ်စေ မိမိ၏ အလှူတွင် ဝမ်းမြောက်ကြည်ရုံ သဒ္ဓါဟုန်ဖြင့် ကိုယ်တိုင်ကခုန်၍ ရတနာသုံးပါးအား ပူဇော်ကောင်း၏။ ပူဇော်လျှင် ကုသိုလ်ဖြစ်၏” ဟု ဆုံးဖြတ်ထားပေသည်။

ထို့ပြင် အဆင်းလှပသော မိန်းမယောက်ျားတို့သည် ရူပဒါနဖြစ်စေရန် အကြည့်ရှုခံ၍ အဆင်းကိုလှူအံ့၊ သဒ္ဒဒါနဖြစ်စေရန် သီချင်းသီဆို၍ အသံကို လှူအံ့၊ ဂန္ဓဒါနဖြစ်စေရန် အနမ်းအရှုခံ၍ အနံ့ကို လှူအံ့။ ဖောဋ္ဌဗ္ဗဒါနဖြစ်စေရန် အမွေ့အပိုက်ကိုခံ၍ အတွေ့ကိုလှူအံ့။ ဤအလုံးစုံသည် ကုသိုလ်မဖြစ်၊ အကုသိုလ်သာဖြစ်သည်။ ကုသိုလ်ဇောမစော၊ အမိုက်ဇော၊ အမှားဇောတွေသာ စောသည်။ အမိုက်ဇော ဆိုသည်မှာ မောဟဇော၊ အမှားဇောဆိုသည်မှာ ဒိဋ္ဌိဇောကို ဆိုသည်။ “ဖလေပါဋိကင်္ခိတွာ” ဟု ဒက္ခိဏဝိဘင်္ဂသုတ် အဋ္ဌကထာဆိုသောကြောင့် ကုသိုလ်လို၍ ပေးမှ ဒါနဆိုရသည်။ “ချစ်ပေး၊ ကြိုက်ပေး၊ ကြောက်ပေး(လာဘ်မျှော်ပေး) စသည်တို့ကို ဒါနမဆိုရ၊”ဟု တတိယရွှေကျင်သာသနာပိုင် ဒီပဲယင်းဆရာတော်ဘုရားကြီးက ပရမတ္ထစက္ခု ကျမ်း၌ မိန့်ဆိုထား၏။

တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီးကလည်း “ကြည်လင်စင်ကြယ်သော သဒ္ဓါတရားဖြင့်ပေးခြင်း မဟုတ်ဘဲ ချစ်ကြိုက်၍ ပေးခြင်း၊ စိတ်ဆိုး၍ပေးခြင်း၊ ကြောက်ရွံ့၍ပေးခြင်း၊၊ မိုက်မဲတွေဝေ၍ပေးခြင်းမှ စ၍ပေးခြင်း ဟူသမျှကို လောက၌ ပြုကျင့်ကြမြဲ ဝတ္ထရားအတိုင်း ပေးခြင်းမျိုးဖြစ်၍ ဒါနပါရမီနှင့် မသက်ဆိုင်” ဟု ဒါနမမည်သော ပေးခြင်းမျိုးကို မိန့်ဆိုထားပေသည်။ သို့ဖြစ်၍ အထက်ပါ ဒါနမမည်သော အလှူဒါနများအား မပြုလုပ်မိ၊ မလှူမိစေရန် သတိထားသင့်ပါကြောင်း အသိပေးလိုက်ပါသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
(သတိထားဖွယ် ရှောင်ကြဉ်ရမည့် အလှူများ) by Ashin Vimala (အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်))
http://www.dhammaweb.net/ မှကူးယူဖော်ပြပါသည် ၊

သက္ကရာဇ်တွေ

သက္ကရာဇ် တွေနဲ့ ပါတ်သတ်ပြီးတော့ .....

(၁) မဟာသက္ကရာဇ်
(၂) သာသနာသက္ကရာဇ်
(၃) ကောဇာသက္ကရာဇ်
(၄) ခရဇ်သက္ကရာဇ်
(၅) ဘီစီ
(၆) အေဒီ ဟူ၍ရှိပါသည်၊

(၁) မဟာသက္ကရာဇ်
ဘုရားအလောင်းတော် သိဒ္ဓတ္တမင်းသား၏ ဘိုးတော် အဉ္စနမင်းကြီးနှင့် ကာလဒေ၀ီလ ရသေ့တို့  ထားခဲ့သောနှစ်ကို မဟာသက္ကရာဇ် ဟုခေါ်ပါသည်။ အလောင်းတော်ကို မဟာသက္ကရာဇ် (၆၈) ခုနှစ်တွင်မီးရှူးသန့် စင်ဖွားမြင်တော်မူခဲ့ပါသည်၊

(၂) သာသနာသက္ကရာဇ်
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး ပထမ သံဂါယတနာတင်သောနှစ်၊ အရှင်မဟာကဿပမထေရ် နှင့် အဇာတသတ်မင်းကြီးတို့  ထားခဲ့သောနှစ်ကို သာသနာသက္ကရာဇ်ဟုခေါ်ပါသည်၊

(၃) ကောဇာသက္ကရာဇ်
မြန်မာသက္ကရာဇ်ဟုခေါ်သော=ကောဇာသက္ကရာဇ်ကိုလည်း မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး ပထမသံဂါရတနာတင်သောနှစ်မှစ၍ ရေတွက်လာခဲ့ရာ သက္ကရာဇ် (၆၂၂)ခုနှစ်အရောက် သရေ ခေတ္တရာခေတ် သုမုန္ဒရီ မင်းလက်ထက်မှာ ဖြိုခဲ့ပါသည်၊ ထိုမှတဖန် စတင်ရေတွက်လာရာ သက္ကရာဇ် (၅၆၀)ခုနှစ်အရောက် ပုဂံခေတ် ပုပ္ပါးစောရဟန်းမင်း လက်ထက်မှာ တစ်ခါဖြိုခဲ့ပြန်ပါသည်၊ မြန်မာသက္ကရာဇ် ခေါ်သော ကောဇာသက္ကရာဇ်ကို နှစ်ခါဖြိုခံရပါသည်၊ ထို့ ကြောင့် (၆၂၂) နှင့် (၅၆၀) နှစ်ရပ်ပေါင်းတော့ (၁၁၈၂) ဖြစ်ပါသည်၊ ထိုနှစ်ခါအဖြိုခံရသော သက္ကရာဇ်ကို မြန်မာသက္ကရာဇ်=ကောဇာသက္ကရာဇ် ဟုခေါ်ပါသည်။

မှတ်ချက်။ ။ ယခုရောက်ဆဲ မြန်မာသက္ကရာဇ်တွင် နှစ်ခါဖြိုခံရသော သက္ကရာဇ်(၁၁၈၂) ထဲ့၍ပေါင်းလိုက်လျှင် သာသနာသက္ကရာဇ် ရပါသည်။

(၄) ခရဇ်သက္ကရာဇ်
သာသနာသက္ကရာဇ် (၅၄၄) ခုနှစ် အရောက်တွင် ခရာဇ်တော်မွေးဖွားခဲ့ပါသည်၊ ထိုအချိန်မှစ၍ ရေတွက်သောနှစ်ကို ခရာဇ်သက္ကရာဇ် ဟုခေါ်ပါသည်။

မှတ်ချက်။ ။ ယခုရောက်ဆဲ ခရာဇ်သက္ကရာဇ် ကို (၅၄၄) ပေါင်းလျှင် သာသနာသက္ကရာဇ် ရပါသည်

(၅) ဘီစီ (BC)
ဘီစီ (Before Christ)ဆိုသည်မှာ ခရာဇ်တော်မပေါ်ခင်ရေတွက်အပ်သော နှစ်ဟု အဓိပ္ပါယ်ရပါသည်၊ အလောင်းတော်ကို ဘီစီ(၆၂၃)ခုနှစ်တွင် မီးရှုးသန့် စင်ဖွားမြင် တော်မူခဲ့ပါသည်၊

(၆) အေဒီ (AD)
အေဒီ (Anno Domini) ဆိုသည်မှာ ခရာဇ်တော်မွေးဖွားပြီးနောက် ရေတွက်အပ်သောနှစ်ဟုအဓိပ္ပါယ်ရပါသည်၊ (Anno Domini) ဆိုသည်မှာ ငါတို့ ဘုရားသခင်နှစ်ဟုအဓိပ္ပါယ်ရပါသည်။

ဗဟုသုတ ရစေရန် အလို့ငှာ မြန်မာမိသားစု ဖိုရမ်မှ ပြန်လည်ကူးယူ ဖော်ပြပါသည်။
credit by - Myanaung Thar

အရည်အချင်း



တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့ သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။ လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား......
“ ခင္ဗ်ား သခ်ာၤေဗဒတတ္သလား”
“ ကျွန်တော် မတတ်ပါဘူး”
“ရူပဗေဒ တတ်သလား”
“ဒါလဲ မတတ်ပါဘူး”
“ဒါဆိုရင် ခင်ဗျား ကွန်ပြူတာသုံးတတ်သလား”
“စိတ်မကောင်းပါဘူး...ဒါလဲ ကျွန်တော်မတတ်ပါဘူး”
ဆရာမှာ ခေါင်းခါပြီး “သချာင်္မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၂ပုံကို ခင်ဗျားဆုံးရှုံးမယ်”
“ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်”
“ကွန်ပြူတာ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်..ခင်ဗျားရဲ့ ဘ၀ ၆ပုံ၎ပုံဟာ ဆုံးရှုံးသွားပြီပဲ”

ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင် တိမ်ညိုများ တက်လာသည်။ မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။ ထိုအခါ လှေသမားက ဆရာအား “ ခင်ဗျား ရေကူးတတ်သလား” ဟုမေးလိုက်သည်။ ဆရာက ခဏမျှ ဆွံအပြီး “ကျွန်တော် မကူးတတ်ဘူး။ တစ်ခါမှ မသင်ဖူးဘူး” ဟုပြန်ဖြေလေသည်။
လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး..“ ဒါဆိုရင် ခင်ဗျားရဲ့ဘ၀ ၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်” ဟု ပြန်ဖြေခဲ့သည်။

လူတယောက်ဟာ ကိုယ့်ရဲ့ အဆင့်အတန်း ကိုယ့်ရဲ့ စံချိန်နဲ့ အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ ပုံပြင်ထဲက ဆရာဟာ ပညာရှင်တစ်ဦးပါ။ သူ့ဘ၀မှာသချာင်္၊ ရူပ၊ ကွန်ပြူတာ ပညာတွေသာ အရေးကြီးတယ်လို့ ထင်နေသူပါ။ ဒီပညာတွေသာ မတတ်ရင် လူ့ဘ၀ဟာ အဓိပ္ပါယ်မဲ့ပြီလို့ ထင်နေသူပါ။ ဒါဟာ ပညာရှင်တွေရဲ့ အယူအဆပါ။ လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာ မတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာက သူ့အတွက် “ရှင်သန်” ဖို့ အားအင်တွေ ရှိနေဖို့ပဲ။ ဒါပေမဲ့ အရေးကြုံလာတဲ့ အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှ အသုံးမ၀င်ခဲ့ဘူး။ လှေမှောက်သွားရင် ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။

တပါးသူကို အထင်မသေးပါနဲ့။
ငါဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။
ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး ဒါပေမဲ့ သူဟာ ရိုးသားတယ် မကောင်းတာကို မကြံစည်တတ်ဘူး။ ဒီလူဟာအပြောအဆို မတတ်ဘူး။ ဒါပေမဲ့ သူဟာ အလုပ်ကို ကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။ ငါရဲ့အရည်အချင်း” သူ့မှာ မရှိသလို သူ့ရဲ့ အရည်အချင်းလဲ ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။

နေရာမှန်ကြပါစေ....


  • လောကကြီးမှာ သစ်ပင်လေးတွေကို ပြုစုပျိုးထောင်မျိုးစေ့ချ စိုက်ပျိုးပေးတတ်ကြတဲ့သူတွေရှိတယ်...အဲ့တာကတော့ မိဘတွေပါ....
  • လောကကြီးမှာ သစ်ပင်လေးတွေကို အညွန့်တလူလူနဲ့ ကြီးထွားရှင်သန်လာအောင် ရေလောင်းပေးကြတဲ့သူတွေလည်းရှိတယ်....ရေဆိုတာက ပညာပေါ့ လောင်းပေးကြတဲ့သူတွေကတော့ ဆရာသမားတွေပါ....
  • လောကကြီးမှာ သစ်ပင်လေးတွေကို ဘေးအန္တရယ်မကျရောက်အောင် ကွာကွယ်ပိုးသတ်ဆေးဖျန်း၊ ပေါင်းရှင်း၊ လိုအပ်တဲ့မြေသြဇာကျွှေးပြီးကြီးမားရှင်သန်လာအောင် တဖက်တလမ်းက ကူညီဖြည့်ဆည်းပေးကြတဲ့သူတွေရှိတယ် အဲ့တာကတော့...ဆွေမျိုးအသိုင်းအ၀ိုင်း ညီအကိုမောင်နှမတွေပါ....
  • လောကကြီးမှာ သစ်ပင်လေးတွေ အမြင့်ကိုရောက်ကြီးထွားပြီး အခက်အလက်တွေ၊ အသီးအပွင့်တွေ ဝေဆာပွင့်လန်းနေတဲ့အချိန်မှာတော့ လူနှစ်မျိုးပေါ်လာတယ်.... ပထမလူတွေကတော့....ပီတိဖြာပြီးပျော်ရွှင်နေတဲ့သူတွေ၊ ဒုတိယလူတွေကတော....ကြိုက်နှစ်သက်သဘောကြနေတဲ့သူတွေ
  • ကြိုက်နှစ်သက်သဘောကြနေတဲ့သူတွေကတော့ သစ်ပင်လေးတွေကို သူတို့ရှိတဲ့နေရာကို တဖြည်းဖြည်းနဲ့ခေါ်ဆောင်သွားတတ်ကြတယ်..
  • ပီတိဖြာနေတဲ့သူတွေကတော့ သစ်ပင်လေးတွေနဲ့ ဝေးရာမှာ ကျန်နေခဲ့ရပြီ..အရိပ်လည်းမခိုရ၊ အသီးအပွင့်လည်းမစားသုံးရဘဲ ရှိနေကြပြီ....
  • အနာဂတ်ရဲ့ထမင်းရှင်တွေလို့ သတ်မှတ်ထားကြတဲ့ ကြိုက်နှစ်သက်သဘောကြနေသူတွေလက်ထဲမှာ သစ်ပင်လေးတွေရဲ့ အသီးအပွင့်တွေ မကုန်ဆုံးသွားစေလို                                                    ဆန္ဒပြုရင်း...........                                                                                         ကျေးဇူးရှင်တွေထံ အရိပ်၊ အသီးအပွင့်တွေ မျှဝေနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

သင်္ကြန် သမိုင်းကြောင်း




အီးမေးလ်က ရတဲ့သင်္ကြန်သမိုင်းလေး တင်ပေးလိုက်ပါတယ် သင်္ကြန် သမိုင်း …. ယခုလို နှစ်သစ်ကူးတဲ့ အချိန်သမယမှာ မြန်မာတွေအနေနဲ့ မြန်မာ ရိုးရာသင်္ကြန်ပွဲတော်ရဲ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း အစကို သိထားဖို့လိုပါတယ်။ သင်္ကြန် မူလက သင်္ကြန်ပွဲတော်ဟာ ဗုဒ္ဓဘာသာဝင်တွေ ကျင်းပခဲ့ ခြင်းမရှိပါဘူး။ ဒါဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော် တစ်ခုပဲဖြစ်ပါတယ်။

သိကြားမင်း -ဗြဟ္မာမင်း

တစ်ခါက (ဗရာမာလို့ခေါ်တဲ့) ဗြဟ္မာမင်း အာစိ ဟာ ဒေ၀နတ်အပေါင်းတို့ရဲ့ ဘုရင် သကြားမင်းကို စစ်ရှုံးခဲ့ပါတယ်။ အဲဒီအချိန်မှာ သိကြားမင်းဟာ စစ်ရှုံး ခဲ့တဲ့ ဗြဟ္မာမင်း အာစိရဲ့ ဦးခေါင်းကို ဖြတ်ပြီး ဆင်တစ်ကောင်ရဲ့ဦးခေါင်းကို ဗြဟ္မာမင်းရဲ့ ခန္ဓကိုယ်မှာ ပြန်တပ်ပေးဖို့ သိကြားမင်းရဲ့ ညှိနှိုင်း မှုကို စစ်ရှုံးတဲ့ ဗြဟ္မာမင်းက သဘောတူခဲ့ရပါတယ်။ ဒါနဲ့ပဲ ဆင်ဦးခေါင်းနဲ့ ဗြဟ္မာမင်းခန္ဓာကိုယ်ပေါင်း စပ်တဲ့ ဟိန္ဒူဘုရား ဂနေဆာ ဖြစ်လာပါတယ်။

ဂနေဆာ

ဒါပေမဲ့ ဗြဟ္မာမင်းဟာ အလွန်အင်မတန် တန်ခိုးကြီးလွန်းတဲ့အတွက် ပြတ်သွားတဲ့သူခေါင်းကို ပင်လယ်ထဲ မျှောမိရင် ပင်လယ်ရေတွေခန်းခြောက် သွားနိုင်ပါတယ်။ ပထ၀ီ မြေကြီးပေါ်တင်မယ်ဆိုယင်လည်း မြေကြီးဟာ အပိုင်းပိုင်းကွဲအက်ကြေမွသွားနိုင်ပါတယ်။ အကယ်လို့များ မိုးကောင်းကင်ထဲ ကို ပစ်လိုက်မယ်ဆိုယင်လဲ မိုးကောင်းကင်တစ်ခုလုံး မီးတောက်လောင်ကြွမ်းသွားနိုင်ပါတယ်။ ဒါကိုသိတဲ့ သိကြားမင်း က အဲဒီဗြဟ္မာကြီးရဲ့ခေါင်းကို အဲဒီလို မဖြစ်စေဖို့အတွက် နတ်သမီး တစ်ပါးစီကို တစ်နှစ်တစ်ခါ အလှည့်ကျစီိကိုင်ထားရမယ် ဆိုပြီး မိန့်တော်မူပါတယ်။ တစ်နှစ်ကုန်လို့ နောက်တစ် နှစ်ကို ကူးတဲ့အခါကျယင် အလှည့်ပြောင်းတဲ့ အချိန်ကို သင်္ကြန်ပွဲတော်ဆင်နွဲခဲ့ကြပါတယ်။

သင်္ကြန်ပွဲတော်ကို တစ်ချိန်က ဟိန္ဒူယဉ်ကျေးမှု လွှမ်းမိုးခံခဲ့ရတဲ့ အရှေ့တောင်အာရှနိုင်ငံ အတော်များများမှာ နှစ်သစ်ကူး ပွဲတော်အဖြစ်ကျင်းပ ခဲ့ပါတယ်။ ယခုအချိန်မှာ မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံ၊လောနိုင်ငံ နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ဆက်လက်ကျင်းပဆဲဖြစ်တာကိုတွေရပါတယ်။

ပုဂံခေတ်မြန်မာသင်္ကြန်

အကြိုနေ့
သင်္ကြန်အကြိုနေ့နဲ့ပတ်သက်ပြီး ပထမဆုံးတွေ့ရှိချက်က ဥပေါသဓ မင်းကြီး ရဲ့ ခေါင်းဆေးမင်္ဂလာပြုရာက စတယ်လို့ဆိုပါတယ်။ အဲဒီအချိန်က ဘုရင်များဟာ တစ်နှစ်မှာ တစ်ခါ ဦးခေါင်းတော်ဆေးတဲ့ မင်္ဂလာကို ကျင်းပလေ့ရှိပါတယ်။ မြန်မာမင်းများစွာ ကလည်း အဲဒီအချိန်ရောက်ရင် ယခုမော်လမြိုင်မှာ ရှိတဲ့ မုတ္တမကွေ့က ခေါင်းဆေးကျွန်းမှာ ခေါင်းဆေးမင်္ဂလာပြုကြပါတယ်။

အကျနေ့
ဒီနေ့မှာတော့ သိကြားမင်းဟာ နတ်ပြည်ကနေ လူ့ပြည်ကို ဆင်းသက် လာပါတယ်။ ဒီလိုဆင်းလာတဲ့အချိန်ကို သိစေဖို့ သင်္ကြန်အမြောက်ကို ဖေါက်ပါတယ် ။ အဲဒီအခါ လူတွေဟာ အတာအိုးထဲရေထည့်ကာ သပြေခက်နဲ့ မြေကြီးကို ရေဖြန်းလို့ ရှိခိုးပူဇော်ကြပါတယ်။ ဒီအခါမှာ ဘုရင့် ဆရာများဖြစ်တဲ့ အိန္ဒိယကဇာတ်မြင့်မျိုးနွယ် ဗရာမန်ဇာတ်ဝင် ပုဏ္ဏားက နောင်လာမဲ့နှစ်အတွက် ဟောကိန်းဖြစ်တဲ့ သင်္ကြန်စာကို ရွတ်ဖတ် ကြေငြာပါတော့တယ်။ ဒီဟောကိန်းကိုတော့ သိကြားမင်း ဘာ တိရစ္ဆာန်ကို စီးပြီး ဘာကိုင်လာသလဲဆိုတာကို အခြေခံပြီး ဟောတာဖြစ်ပါတယ်။ ခလေးတွေကို ဒီအချိန်မှာ လူကြီးတွေပြောလေ့ရှိတာက ကောင်းတာလုပ်တဲ့သူတွေရဲ့ အမည်စာရင်းကို သိကြားမင်းက ရွေပုရပိုက်မှာ ရေးမှတ်ပြီး ဆိုးသွမ်းသူတွေရဲ့ နံမယ်ကို ခွေးသားရေ ပုရပိုက်မှာ ရေးမှတ်တယ်လို့ ပြောလေ့ရှိပါတယ်။

တကယ်တော့ သင်္ကြန်ဟာ ဟိန္ဒူ ၀ါဒ ယုံကြည်မှု ထုံးတမ်းစဉ်လာတစ်ရပ်က ဆင်းသက်လာခဲ့တာပါ။ ဒါပေမဲ့ ရှေး ပညာရှင်က၀ိများက ဒါကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ရဲ့ အဆုံးအမများနဲ့ ပြုပြင်ယူခဲ့ကြပြီး နှစ်သစ်ကူးကစလို့ ရှင်ပြုခြင်းဓလေ့၊ ဘုရားကျောင်းကန်များမှာ ဥပုသ်သီလစောင့်ခြင်း ဓလေ့၊ လူကြီးသူမတွေကို ခေါင်းလျှော်ပေးခြင်း ခြေသည်း လက်သည်းညှပ်ပေးခြင်း၊ သတ္တ၀ါတွေကို ဘေးမဲ့လွှတ် ပေးခြင်းဓလေ့ တွေနဲ့ပေါင်းစပ်ပေးခဲ့ပါတယ်။

မြန်မာ့သင်္ကြန်ဟာ ယဉ်ကျေးမှုများ ပေါင်းစုံခြင်းရဲ့ အမှတ်သညာတစ်ခုပါ။ နိုင်ငံတကာရဲ့ အာရုံကို စွဲဆောင်နိုင်တဲ့ ပွဲတော်ဆိုလဲမမှားပါဘူး။ ဒီလိုထူးခြားမှုတွေ အနှစ်သာရတွေနဲ့ ထုံမွှမ်းနေတဲ့ အချိန်အခါမှာ မြန်မာတွေ မေတ္တာတရား များပွားနိုင်ကြပြီး လူလူခြင်း နိုင်ထက်စီးနင်းပြုခြင်း ဘေးအန္တရာယ်မှ နောင်နှစ်များမှာ ကင်းဝေးနိုင်ကြပါစေ သတ္တ၀ါအပေါင်း ကျန်းမာကြပါစေ ချမ်းသာကြပါစေ ဘေးကင်းရန်ကွာကြပါစေ ရန်သူ မျိုးငါးပါးရန်မှ ကင်းဝေးကြပါစေ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ နှစ်သစ်မှာ ဆန္ဒပြုလိုက်ပါတယ်။

***********
ကျွန်တော်တို့ မြန်မာ တွေ ဟာ သင်္ကြန်လို့ ကြားလိုက်ကြတာ နဲ့ လူငယ်တွေ နဲ့ တချို့ လူကြီးတွေ ရဲ့ စိတ်တွေထဲမှာဆိုရင် အလိုလိုကို မြူးကြွ လာခဲ့ကြပါတယ်။ တစ်ချို့ကြ တော့လည်း ဒီရက်တွေမှာ ဦးပဇင်း ၀တ်ဖို့ တို့ ၊ ရိပ်သာ ၀င်ဖို့ တို့သီတင်းသီလ ဆောက်တည်ဖို့ အတွက် သင်္ကြန်ရက် မတိုင်ခင် ကတည်းက ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေကြပါတယ်။ တချို့ လူငယ်တွေကတော့ တစ်နှစ်တစ်ခါ နှစ်သစ်ကူး တဲ့ သင်္ကြန် ရက်ကို မရောက်ခင်ကတည်းက သင်္ကြန် သီချင်းတွေ ကြားနေရချိန်မှာပဲ စိတ်ဓာတ်တွေက မြူးကြွလို့၊ တက်ကြွလို့ ။ ဒီနှစ်သင်္ကြန်မှာ ငါတို့ ဘယ်လိုကဲလိုက်မယ်ဟေ့ ၊ ဘယ်လိုလည်လိုက်မယ် ဟေ့ ဆိုပြီး တွေးတော ကြံစည်နေကြတဲ့ လူငယ်ပေါင်းကလည်း မနည်းပါဘူး။ ဒါပေမယ့် ဒီလို သင်္ကြန်ကို ဘာကြောင့် ဖြစ်ပေါ်လာတယ် ဆိုတာကိုတော့ သိတဲ့သူ နည်းလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သေချာ မသိခဲ့ပါဘူး။ ဒါကြောင့် မသိသေးတဲ့ လူငယ်လူကြီးများနှင့် သူငယ်ချင်း တို့ အတွက် ဒီသင်္ကြန်သမိုင်းကြောင်း လေးကို ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်။

ဗုဒ္ဓသာသနာ အနှစ်ချုပ်


ရှစ်ပါးသီလပေး

ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့ခင်ဗျာ... ယနေ့သည် ၁၃၇၄ခုနှစ်၊ တပေါင်းလပြည့်နေ့ ဖြစ်သည့်အတွက် မြန်မာပြည်နှင့်ရပ်ဝေးရောက်နေကြသောသူတော်စဉ်အပေါင်းတို့ ဥပုဒ်သီလစောင့်တည်နိုင်ရန်အတွက် ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ရှစ်ပါးသီလပေးကို တင်ဆက်လိုက်ပါသည်။
ရှစ်ပါးသီလပေးကို ဤနေရာတွင်
ကလစ်ပေးပြီးနာယူနိုင်ပါသည်။

ရတနာမြေ


အရမ်းတော်တဲ့ ကလေးငယ်လေးတွေ ဂုဏ်ယူလျှက်ပါ...(နှိုင်းထက်မာန်၊ ပြုံးထက်သာ၊ နှင်းဝတ်ရည်ထူး၊ ခင်ဘုန်းပွင့်စံ၊ပြည့်မှူးသဒ္ဒါ၊ လွှမ်းရတီဇော်)


ဘုရင့်နောင်မင်းတရားကြီး

ဖတ်ထားမိသမျှဟာသလေးများ-၃ (ခိုင်းချင်ဦးဟဲ့)


တစ်ခါက မြွေ၊ ပုရွက်ဆိတ်၊ ပင့်ကူနဲ့ ကင်းခြေများတို့ဟာ ဖဲအတူရိုက်ကြသတဲ့။ ဖဲရိုက်ရင်း တအောင့်ကြာတော့ ဆေးလိပ်ကုန်သွားလို့ သွားဝယ်ဖို့ တိုင်ပင်ကြတယ်။ မြွေ...... ငါ့မှာ ခြေမရှိဘူး။ ပုရွတ်ဆိတ်ကို သွားဝယ်ခိုင်းလိုက် ပုရွတ်ဆိတ်...... ပင့်ကူမှာ ခြေ၈ချောင်းရှိတယ်။ ငါ့ထက်များတယ်.. သူ့ကိုသွားခိုင်းလိုက်... ပင့်ကူ..... ငါ့မှာ ခြေများတယ်ဆိုပေမယ့် အကိုကြီးကင်းလောက်တော့ မများဘူး။ သူ့ကိုသွားခိုင်းလိုက်.. တစ်ယောက်တစ်ပေါက် ပြောဆိုကြတော့ ကင်းခြေ က စိတ်မသက်မသာနဲ့.... "မတတ်နိုင်ဘူး။ ငါက ခြေထောက်ပိုများတော့ ငါပဲသွားပါ့မယ်ကွာ... " ဆိုပြီး ဆေးလိပ်ဝယ်ဖို့ ထွက်သွားခဲ့တယ်။ ကျန်တဲ့အကောင်တွေက စောင့်ရင်း တစ်နာရီကြာတဲ့အထိ ကင်းခြေက ပြန်မလာသေးဘူး။ ဆက်စောင့်ကြရင်း နှစ်နာရီကြာတဲ့အထိ ပြန်မလာတော့ ကျန်အကောင်တွေက စိတ်ပူပြီး ပင့်ကူကို လိုက်ကြည့်ခိုင်းလိုက်တယ်။ လိုက်ကြည့်ဖို့ ပင့်ကူတံခါးဖွင့်လိုက်တော့ တံခါးဝမှာ ထိုင်နေတဲ့ ကင်းခြေကို တွေ့လိုက်တယ်။ ပင့်ကူက ဒေါသတကြီး "မင်း ကြာလှချည်လား? အားလုံး မင်းကို စောင့်နေတာ မင်းက ဒီမှာဘာထိုင်လုပ်နေတာလဲ" လို့ အော်တော့ ကင်းခြေ ပြန်ဖြေလိုက်တာက "ဆေးလိပ်သွားဝယ်ဖို့ ငါဖိနပ်စီးနေတာ မပြီးသေးဘူးကွ" ဟုပြောလိုက်လေသည်။

ကမ္ဘောဇသာဒီနန်းတော်



 ဘုရင့်နောင် မင်းတရားကြီး ဇင်းမယ်သို့ချီစဉ် ဟံသာဝတီနေပြည်တော်တွင် ကျန်ရစ်နေခဲ့သည့် ရှမ်းတို့သည် ဇင်းမယ်သားတစ်ဦးကို အကြီးအမှုးတင်ကာ "ဗညားကျန်းထော"ဘွဲ့ပေးပြီး သူပုန်ထကြသည်။အင်အား ၃၀၀၀၀ ကျော်သည်ဟုဆိုသည်။သို့သော် အင်းဝမှ ဖမ်းဆီးခေါ်ဆောင်လာသည့် နန်းကျဘုရင် နရပတိစည်သူက သစ္စာခံသည့်အနေဖြင့် လက်ကျန်အမှုးအမတ်များတို့ကို ဦးဆောင်ပြီးတိုက်သည့်အတွက် ရှမ်းတို့ပျက်လေသည်။ ဘုရင့်နောင်မင်းတရားကြီး ထိုကိစ္စကိုသိလျှင်သိချင်း ဟံသာဝတီသို့ပြန်လာပြီးလျှင် ပုန်ကန်သူတို့ကို အလျှင်အမြန်နှိမ်နှင်းသည်။ရှိရှိသမျှသော် ပုန်ကန်သူတို့ကို မီးတိုက်သတ်ရန်မိန့်သော်လည်း ဆရာတော်၊သံဃာတော်များ အသနားခံသည့်အတွက် အကြီးအမှုးဖြစ်သူ ၇၀၀ ကျော်ကိုသာသတ်စေသည်။ထိုအရေးအခင်းပြီးလျှင် မင်းတရားကြီးသည် လက်ရှိစိုးစံနေသည့် မွန်မင်းများအစဉ်အဆက်စိုးစံလာသည့် ဟံသာဝတီနန်းထက် ဧကရာဇ်တစ်ပါးနှင့် အညီ ကြီးကျယ်ခြင်း၊ခမ်းနားခြင်း၊လုံခြုံခြင်း ဂုဏ်တို့နှင့် ပြည့်စုံစေရန်အတွက် နန်းသစ်တည်ရန် အစီအစဉ် ချလေသည်။

နန်းသစ်တည်အစီအစဉ်များ

သက္ကရာဇ် ၉၂၈၊တန်ဆောင်မုန်း လဆန်း ၁၀ ရက်နေ့တွင် နန်းသစ်တည်ရန် စတင်မြေတူးစေသည်။တပေါင်းလဆန်း ၅ ရက်တွင် ကျုံးကိုစတင်တူးဖော်သည်။ နန်းသစ်၏ ဧရိယာမှာ စတုရန်းအတာ ၃၄၀၀ ရှိသည်။ သက္ကရာဇ် ၉၂၉၊တပေါင်းလပြည့်ကျော် ၃ ရက်၊သောကြာနေ့ တွင် ရွှေနန်းတော် ၆ ဆောင်အပါအ၀င် ကျန်အဆောင်အခန်းတို့ကို တည်စေသည်။ထိုသို့ဆောက်လုပ်ရာတွင် မြန်မာ၊မွန်၊ရှမ်း၊ယိုးဒယား အစရှိသည်တို့မှ ဗိသုကာ၊လက်သမား၊ပန်းရံ အတတ်တတ်သူများကို ခေါ်ဆောင်ကာ ဆောက်လုပ်စေသည်။

ရှင်မဟာရဋ္ဌသာရ ဆုံးမစာ


၁။ ဟုတ်သောအကြံ၊ မှန်သောအကျင့်
သင့်သောအယူ၊ ဖြူသောနှလုံး
သူတော်ထုံးကို
စွဲသုံးသောထွေ၊ မှန်လှစေ။

၂။ ကျိုးကြောင်းစကား၊ ပြောဆိုငြားသော်
လျင်လျားဆွေးနွေး၊ ဆိုရေးလိမ္မာ
ပညာရှိအား၊ ကိုယ်တိုင်သွား၍
စကားလိုက်လျော၊ စစပြော၍
နှီးနှောလေ။

၃။ ငါ၏စိတ်တွင်
ထင်၏မလွဲ၊ လိပ်ခဲတည်းလည်း
ဟုတ်တည်းဧကန်၊ အားမသန်နှင့်
မှန်သည်တစေ၊ မရှိချေ။

၎။ မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို
ရှာ၍မပြတ်၊ အိမ်တွင်ဖတ်။

၅။ ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက
သားမယားပင်
သိမြင်ကင်းကွာ၊ မလိမ္မာလည်း
စာပေစကား၊ နေ့တိုင်းကြားက
ထူးခြားလိမ္မာ၊ ရှိသည်သာတည့်။

၆။ ရင်ဝယ်ဖြစ်ငြား၊ မွေးသည့်သားကို
မယ်ဘွားမိခင်၊ ဆုံးမသင်သို့
အကြင်ဆရာ၊ တို့သူငါကို
လိမ္မာစေကြောင်း၊ ကောင်းပါစေလို
ဆိုပါသမျှ၊ သြဝါဒကို
နားမျှမထောင်၊ မကြားယောင်သို့
မောင်တို့ပြုက၊ ယခုပစ္စုပ္ပန်
နောင်သံသရာ၊ ဆက်များစွာ၌
ချမ်းသာမည်ရေး၊ အလွန်ဝေးသည်
သေဘေးမလွဲ၊ ဝဋ်ဆင်းရဲမှ
ရွှေခဲဘယ့်နှယ်၊ အသွယ်သွယ်ကို
လွှဲဖယ်ကြံစည်၊ လွတ်ပါမည်။

                                     ရှင်မဟာရဋ္ဌသာရ


ခက်ဆစ်အဖွင့်---
၁။ ထုံး=လိုက်နာ စံပြုစရာနည်းလမ်း၊ အစဉ်အလာ။
၂။ လျင်လျား=အလျင်အမြန်။
၃။ နှီးနှော=ဆွေးနွေးသည်။ တိုင်ပင်သည်။
၎။ လိပ်ခဲတည်းလည်း=စွဲမိစွဲရာကို မလွှတ်ပဲ တွယ်တာသောအားဖြင့်။
၅။ ဟုတ်တည်း=ဟုတ်သည်၊ မှန်သည်။
၆။ ဧကန်=အမှန်။
၇။ တစေ=အမြဲ။
၈။ သြဝါဒ=ဆုံးမစကား။
၉။ ပစ္စုပ္ပန်=ယခု၊ မျက်မှောက်။
၁၀။ သံသရာ=အဖန်တလဲလဲ မပြတ် ကျင်လည်ရာ ဘဝအစဉ်။
၁၁။ ဝဋ်=ပြုမိခဲ့သော မကောင်းမှု အကျိုးကို ခံစားရခြင်း။
၁၂။ ရွှေခဲ=ရွှေတုံး ရွှေခဲကဲ့သို့ မြတ်နိုးဖွယ်သောသား။


"သံသရာခရီးသည် ဓမ္မစာပေ "
 မှကူးယူဖော်ပြသည်။

"မမှားစေလို သတ်ပုံကို ရွတ်ဆိုမှတ်သားလိုက်နာမည်"

ယခုခေတ် လူငယ်တွေ ရေးသားတဲ့ မြန်မာစာတွေမှာ သတ်ပုံတွေ အရမ်းမှားလာကြတယ်။ အမှန်ကို မသိကြတဲ့လူတွေလည်း များလာကြတယ်။ ကိုယ့်ဘာသာ ကိုယ့်စကား ကိုတော့ သတ်ပုံမှန်မှန် ၀ါကျ ဆီလျော်အောင် ရေးတတ်သင့်ပါတယ်။ ကိုယ့်ဘာသာစကား ကိုချစ်မြတ်နိုးကြပါ။တန်ဖိုးထားကြပါ။ မသိလို့ မှားနေကြတယ်ဆိုရင်လည်း  ၀ိုင်းဝန်းပြင်ဆင်ပေးကြပါ......

ပြန်လည်ဆုံတွေ့ချိန်



အချိန်ကြာမြင့်စွာ ခွဲခွာနေရပြီး တစ်ဦးနဲ့တစ်ဦး ပြန်လည်ဆုံတွေ့ချိန်လေးမှာ အံ့အားသင့်စွာ ၀မ်းသာပီတိဖြစ်ပုံလေးတွေ..တကယ်ရင်ထဲကို ခံစားလို့ရပါတယ်ဗျာ..... ကိုယ်တိုင်ထပ်တူခံစားကြည့်ကြပါ.။

လူမှုဆိုင်ရာကျင့်ဝတ်များ

ကျွန်တော် အရင်တစ်ခေါက်ကတင်ထားပေးဖူးပါတယ်။ ရိုးရိုးစာပဲရေးပြီးတင်ခဲ့ပေးဖူးတာပါ. အခုလို့ ဓာတ်ပုံလုပ်ထားပေးလိုက်တော့ အလွယ်တကူ သိမ်းယူထားလို့ရပါတယ်...

 













IMEI နံပတ်


IMEI နံပတ်ဆိုတာ International Mobile Equipment Identity ကသတ်မှတ်ပေးထားတဲ့ သီးသန့်နံပတ်တွေဖြစ်ပါတယ်... ဒီနံပတ်တွေကို GSM, WCDMA နဲ့ iDEN ဖုန်းတွေ ဂြိုလ်တုဖုန်းတွေကို ခွဲခြားစိစစ်ဖို့အသုံးပြုပါတယ်... ဒီနံပတ်တွေကို ဘက်ထရီတပ်တဲ့နေရာထဲမှာ ကပ်ထားတာလည်း တွေ့ရလေ့ရှိပါတယ်....

သင့်ဖုန်းရဲ့ IMEI နံပတ်ကို သိချင်ရင်တော့ *#06# ကိုနှိပ်ပါ... IMEI နံပတ်ကို ဖော်ပြပေးပါလိမ့်မယ်...

IMEI နံပတ်တွေကို GSM ကွန်ရက်တွေမှာ သက်ဆိုင်ရာကိရိယာဟုတ်မဟုတ် ခွဲခြားစိစစ်ဖို့အသုံးပြုပါတယ်... အဲ့ဒီတိုင်းပြည်မှာရှိတဲ့ ကွန်ရက်ထဲမှာ ဖုန်းခိုးယူမှုကို ထိန်းချုပ်ဖို့လည်းအသုံးပြုပါတယ်... ဥပမာအားဖြင့် ဖုန်းတစ်လုံးအခိုးခံရပြီဆိုပါစို့.... ပိုင်ရှင်က သူ့ရဲ့ network provider ဆီကို ဆက်ပြီး သူ့ဖုန်းရဲ့ IMEI နံပတ်ကိုပြောပြမယ်... ပြီးတော့ အဲ့ဒီဖုန်းကို အသုံးမပြုနိုင်အောင်လုပ်လို့ရပါတယ်... ဒါဆိုရင် ဒီဖုန်းကို SIM ကဒ်ပြောင်းပြီးသုံးပေမဲ့လည်း သူ့ကွန်ရက်ထဲမှာ သုံးလို့မရတော့ပါဘူး... တစ်ခါတစ်လေမှာ တခြားကွန်ရက်တွေမှာလည်း အသုံးမပြုနိုင်ဘူးလို့ သိရပါတယ်....

ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော အလှူဒါန ခုနှစ်မျိုး



အခါတစ်ပါး၌ လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍
“အကျွန်ုပ်သည် မည်သည့် အရာကိုပဲ လုပ်လုပ် မအောင်မမြင် ဖြစ်နေပါသည်။ အဘယ့်ကြောင့် မအောင်မမြင် ဖြစ်ပါသနည်း” ဟု မေးလျှောက်သည်။
“အသင်သည် အလှူဒါနမပြုတတ်၍ ဖြစ်သည်” ဟု မြတ်စွာဘုရားက ဖြေကြားတော်မူသည်။
ငွေကြေးတစ်ပြား တစ်ချပ်မှ မရှိသော ဆင်းရဲသား အကျွန်ုပ်ဖို့ မည်ကဲ့သို့ အလှူဒါနပြုနိုင်ပါမည်နည်း။
 အသင်ဤသည်ကို မှတ်သားလော့။ တစ်ဦးတစ်ယောက်သောသူသည်ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော အလှူဒါန ခုနှစ်မျိုးရှိသည်။
ထိုခုနှစ်မျိုးမှာ ...
၁။ မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း - အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံခြင်း၊
၂။ နှတ်ဖြင့် အလှူဒါနပြုခြင်း - အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊
နွေးထွေးသောစကားများ၊ ပြောဆိုခြင်း။
၃။ စိတ်ဖြင့်အလှူဒါနပြုခြင်း - စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်း၊
၎။ အမြင်ဖြင့် အလှူဒါနပြုခြင်း - ကောင်းသောစေတနာ အမြင်ဖြင့် သူတပါးကိုကြည့်မြင်တတ်ခြင်း၊
၅။ ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း - ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကို ကူညီခြင်း။
၆။ နေရာထိုင်ခင်း အလှူဒါနပြုခြင်း - လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူ၊နှင့် ကလေးငယ်တို့အား မိမိ၏ထိုင်ခုံနေရာကို ထိုင်စေခြင်း။
၇။ နေအိမ်အလှူဒါနပြုခြင်း - မိမိ၏ အိမ်နေရာကိုသူတပါးတို့ အနားယူရန် ပေးကမ်းခြင်း။

မည်သူမဆို ဤအလှူဒါန
ခုနှစ်မျိုးသောကောင်းမှုကုသိုလ်ကို ပေးကမ်းလေ့ရှိသည့်အကျင့် ကောင်းရှိလျှင် အောင်မြင်ခြင်းသည် ထက်ကြပ်မကွာ လိုက်ပါလာမည်သာဖြစ်ပါသည်။

အရပ်နဲ့ ကိုယ်အလေးချိန် ရှိသင့်သည့်အတိုင်းအတာ

ကိုယ့်ရဲ့ အရပ်နဲ့ ကိုယ်အလေးချိန်ဘယ်လောက်ရှိနေပြီလဲ..over ဖြစ်နေပြီလား.. ကြည့်လိုက်ပါအုံး...

မိန်းကလေးများ သိထားသင့်သော အချက် (၁၀) ချက်



♥ရုပ်လှနေဖို့ မလိုပါဘူး
နှလုံးသားလှနေဖို့ပဲ လိုပါတယ်...။

♥ငွေကြေးချမ်းသာဖို့ မလိုပါဘူး
အကျင့်သိက္ခာ မဆင်းရဲဖို့ပဲလိုပါတယ်...။

♥ပညာတတ်ကြီး ဖြစ်ဖို့ မလိုပါဘူး
ပညာ မမဲ့ဖို့ပဲလိုပါတယ်...။


♥ချွေတာတတ်ဖို့ မလိုပါဘူး
သုံးစွဲတတ်ဖို့ပဲ လိုပါတယ်...။

♥လူတိုင်းကို ချစ်တတ်ဖို့မလိုပါဘူး
လူတိုင်းကို ကြင်နာတတ်ဖို့ပဲလိုပါတယ်...။

♥စကားပြော ကောင်းဖို့မလိုပါဘူး
စကားပြော တတ်ဖို့ပဲလိုပါတယ်...။

♥ခေတ်ဆန်လွန်း စရာမလိုပါဘူး..
ခေတ်နဲ့လိုက်လျော ညီထွေတတ်ဖို့ပဲ လိုပါတယ်...။

♥အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်ဖို့မလိုပါဘူး
ဘ၀ဖော်ကောင်း တစ်ယောက် ဖြစ်ဖို့လိုပါတယ်...။

♥အချစ်ကြီး ချစ်ဖို့မလိုပါဘူး
သဘောထားကြီးပြီး နားလည်မှု့ရှိဖို့ပဲလိုပါတယ်...။


♥နေရာတကာ အလျော့ပေးဖို့ မလိုပါဘူး
ကြည်ဖြူစွာ ခွင့်လွှတ်တတ်တဲ့ စိတ်ထားလေး ရှိဖို့ပဲ လိုပါတယ်.....။


Mg LwanWai 
Myawady News

မိမွေဖမွေထိန်းသိမ်းစို့လေ

အို သာကီဝင် မြန်ပြည်ခွင်၌

မွတ်ဆလင်ကုလား ချမ်းသာငြား၍

ငွေအားနဲ့ပေါက် လူမျိုးဖောက်ပြီး

မျိုးပျောက်သောခါ ရွာဦးမှာဝယ်

စေတီငယ်များ အုတ်ပုံလားသို့

ဝပ်တွားခယ ဘယ်သူကလျှင်

ဦးခိုက်ရှိခိုး တော့မည်နည်း။

အို ကွဲ့ နှမ ဆင်းရဲလှ၍

ဓနငွေကြေး ပုံ၍ပေးဟု

နောင်ရေးမမျှော် ကုလားခေါ်ရာ

သင်လိုက်ပါသော် ဖွားလာသည့်သား

သမီးများတို့ ဘုရားကိုမျှ

ဦးမချသာ သင်္က၀ါဖြင့်

ဘယ်မှာရှင်ပြု ခွင့်မပြု၍

မပြုရမှန် ဗြောစည်သံတို့

ဖန်ဖန်ကြားတိုင်း မျက်ရည်ဝိုင်းလိမ့်။။

အို ကွဲ့ မိခင် ခမဲ့သင်သည့်

ကျူရှင်ဖွင့်ထား ဘာသာခြားသို့

အိမ်များ၌လျှင် ပညာသင်တို့

ကိုယ့်ရင်မှာဖွား သ္မီးသားကို

ကျောင်းထားခဲ့ပါ များမကြာခင်

သင်ဦးတည်သည့် ချစ်ရှင်မြတ်စွာ

သာသနာကို စွန့်ခွါဖယ်ရှား ဆန့်ကျင်ငြားလိမ့်။။

အို ချစ်မိတ်ဆွေ ရှေ့ပဝေက

စိန္တေမြတ်စွာ သာသနာသည်

ဆရာအစဉ် ဒကာစဉ်ဆက်

လက်တွဲလျှက်ဖြင့် ထမ်းရွက်ခဲ့ငြား

ကျေးဇူးများကြောင့် တို့များလက်ထက်

ယခုထက်တိုင် တည်ရှိနိုင်ပါ့

မှန်လှစွာမို့ ဆရာမိဘ

အမွေရသည့် ဗုဒွမြတ်စွာ

သာသနာကို မကွာစဉ်ဆက်

သားမြေးဆက်၍ မပျက်ရှည်ကြာ

ပြည်မြန်မာမှ ကမ္ဘာတစ်ဝှမ်း ပြန့်ကာလွှမ်းအောင်

ကြိုးပမ်းအားထုတ် ကြပါစို့။

ပြည်ထောင်စုအင်္ဂါစဉ်


၁။    နိုင်ငံတော်သမ္မတ
၂။    ဒုတိယသမ္မတ (၁)
၃။    ဒုတိယသမ္မတ (၂)
၎။    ပြည်သူ့လွှတ်တော်ဥက္ကဌ
၅။    အမျိုးသားလွှတ်တော်ဥက္ကဌ
၆။    ပြည်ထောင်စုတရားသူကြီးချုပ်
၇။    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
၈။    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဌ
၉။    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ
၁၀။  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
၁၁။  ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌ
၁၂။  အမျိုးသားလွှတ်တော်ဒုတိယဥက္ကဌ
၁၃။  ပြည်ထောင်စုဝန်ကြီးများ
၁၄။  ပြည်ထောင်စုရှေ့နေချုပ်
၁၅။  ပြည်ထောင်စုစာရင်းစစ်ချုပ်
၁၆။  ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဌ
၁၇။  ၀န်ကြီးချုပ်များ
၁၈။  ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)
၁၉။  တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးများ
၂၀။  ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ


LIFE


လူ့ဘ၀ဆိုတာ အဆင့်(၆)ပဲရှိပါလား.... တိုတောင်းလွန်းပါတယ်။ဘယ်အဆင့်မှာမဆို ကြွေလွင့်သွားနိုင်ပါတယ်...
နောက်ဆုံးအဆင့်မှာ သင်ဘာမှမလုပ်နိုင်တော့ဘူးဆိုတာ မမေ့ပါနဲ့..... လုပ်နိုင်တဲ့အချိန်မှာ. ယူသွားနိုင်တာလေးတွေစုထားဖို့သတိထားကြပါ...(ရေဗူးနဲ့ဖိနပ် မပါရင်နွေခါမှသိမယ်..ဒါနနဲ့သီလမပါရင်သေခါမှသိမယ်.)။

ချစ်သူနှစ်ဦးလမ်းခွဲရခြင်း (၁၀)မျိုး



ချစ်သူတွေဖြစ်ခဲ့တာ မမှားပါဘူး
နားလည်မှု့မရှိတာက မှားတာပါ..

သ၀န်တိုခဲ့တာတွေ မမှားဘူး
သံသယ တွေ ၀င်ခဲ့တာ မှားတာပါ..

ကျီစယ်ခဲ့တာတွေ မမှားဘူး
ပျက်ရယ်ပြုခဲ့တာတွေ မှားတာပါ..

စိတ်ကောက်ခဲ့တာတွေ မမှားပါဘူး
ပြန်မချော့နိုင်တဲ့ မာနတွေက မှားတာပါ..။

ပိတ်ပင်တားမြစ်တာက မမှားပါဘူး
ချုပ်ခြယ်ချည်နှောင်ထားတာက မှားတာပါ...။

အနေမနီးခြင်းက မမှားပါဘူး
နွေးထွေးမှု့ မရှိခြင်းက မှားတာပါ..။

အရမ်းချစ်ပြခဲ့တာက မမှားပါဘူး
တယောက်ထဲ အတွေးချော်တာက မှားတာပါ...

တစိမ်းတွေ ၀င်စွက်ဖက်တာ မမှားပါဘူး..
တစိမ်းစကားတွေ နားယောင်တာက မှားတာပါ...။

အတိတ်ကို ဂရုမစိုက်တာ မမှားပါဘူး
အနာဂတ်အတွက် ရည်ရွယ်ချက်မဲ့တာ မှားတာပါ..။

တခါတခါ ချစ်သူကိုဦးစားမပေးနိုင်တာ မမှားပါဘူး
ချစ်သူကို အလေးမထားသလိုနေတာက မှားခဲ့တာပါ...။

ကိုယ့်ကိုယ်ကို အနိုင်ယူနည်း


၁။ မိမိရဲ့လောဘများကို ဒါနတရားဖြင့်အနိုင်ယူပါ။
၂။ မိမိတို့ရဲ့ ဒေါသများကို သီလတရားဖြင့်အနိုင်ယူပါ။
၃။ မိမိတို့ရဲ့ မောဟများကို ဝိပဿနာတရားဖြင့်အနိုင်ယူပါ။
၎။ မိမိတို့ရဲ့ သူတစ်ပါးအပေါ် ယှဉ်ပြိုင်လိုမှုများကို မေတ္တာတရားဖြင့်အနိုင်ယူပါ။
၅။ မိမိတို့ရဲ့ သူတစ်ပါးအပေါ် အနိုင်ယူလိုမှုများကို ကရုဏာတရားဖြင့်အနိုင်ယူပါ။
၆။ မိမိတို့ရဲ့ သူတစ်ပါးအပေါ် မနာလိုမှုများကို မုဒိတာတရားဖြင့် အနိုင်ယူပါ။
၇။ မိမိတို့ရဲ့ သူတစ်ပါးအပေါ် ရန်လိုမှုများကို ဥပေက္ခာတရားဖြင့်အနိုင်ယူပါ။
၈။ မိမိတို့ရဲ့ သူတစ်ပါးအပေါ် အပြစ်ပြောလိုမှုများကို ကိုယ်ချင်းစာတရားဖြင့် အနိုင်ယူပါ။
၉။ မိမိတို့ရဲ့ မနောကံအကုသိုလ်များကို ဝစီကံကုသိုလ်များဖြင့်အနိုင်ယူပါ။
၁၀။ မိမိတို့ရဲ့ နိမ့်ကျနေတဲ့စိတ်များကို မိမိကိုယ်တိုင် မြှင့်တင်ခြင်းဖြင့် အနိုင်ယူပါ။
( ချမ်းအေးဆရာတော် )
..........................
အရှင်ဝိစိတ္တသာရ ပြုစုထားသော “ တရားလက်ဆောင် ” စာအုပ်မှ ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

ကွက်လပ်ဖြည့် မေတ္တာ





(၁) ကိုယ့်အစာအိမ်က မလိုအပ်ပဲ ၀ယ်စားလိုက် နေကြာစေ့ တစ်ထုပ်ရဲ့ တန်ဘိုးဟာ ဆာလောင်နေတဲ့ ကလေးတစ်ယောက် အတွက်ဆိုရင် အသက်ကယ်တဲ့ နေ့လည်စာ တစ်နပ်လည်း ဖြစ်နိုင်ကောင်းပါရဲ့....

(၂) ကိုယ့်ဖိနပ်စင်မှာ နေရာမလပ်ရှိနေပါလျှက် ထပ်မံ ဖြည့်တင်းလိုက်တဲ့
ဒေါက်ဖိနပ်တစ်ရံရဲ့ တန်ဘိုးဟာ ဆူးစူးနေတဲ့ ခြေထောက်လေးပေါင်းများစွာ အတွက်တော့ အကာအကွယ် တခု ပေးနိုင်ကောင်းပါရဲ့...

(၃) ပြည့်နှက်နေတဲ့ ကိုယ့်အ၀တ်ဗီဒိုထဲကို ပိုပြီး ကျပ်သိပ်သွားအောင်
ဖြည့်ဆည်းလိုက်တဲ့ နိုင်ငံခြားဖြစ် အ၀တ်တစ်ထည်ရဲ့ တန်ဘိုးဟာ
ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ ကလေးတစ်ယောက် အတွက်တော့
နွေးထွေးမှုလေးတစ်ခု ပေးစွမ်းနိုင်ကောင်းပါရဲ့...

(၄) ကိုယ့်မိသားစု အတွက် ဘယ်လိုမှ ကောင်းကျိုး မပေးနိုင်ပဲ ဖြုန်းတီးပစ်လိုက်တဲ့ ဘီယာဗူးပေါင်းများစွာရဲ့ တန်ဖိုးဟာ မွတ်သိပ်နေတဲ့ ဘ၀ပေါင်းများစွာ အတွက်တော့ သန့်စင်တဲ့ ရေတစ်ကန် အဖြစ် ကျေးဇူးပြုနိုင်ကောင်းပါရဲ့...

(၅) ကိုယ့်အတွက် လူမြင်ကွင်းမှာ ကြွားဝါဖို့လောက်သာ အသုံးကျတဲ့ iPhone တစ်လုံးရဲ့ တန်ဖိုးဟာ အနာဂါတ်မဲ့ ကလေးတစ်ယောက် အတွက်တော့ ဘ၀အာမခံချက်ကို ပေးနိုင်တဲ့ ပညာရေး တစ်ခု အဖြစ်ဖြည့်ဆည်း
ပေးနိုင်ကောင်းပါရဲ့....

ကိုယ့်အတွက် မလိုအပ်တာလေးတွေကို လောကလိုအပ်ချက်လေးတွေ အဖြစ်
ပြောင်းလဲနိုင်ပါစေ...

မေတ္တာဖြင့်....
( အရှင်တေဇာနန္ဒ )
ရွှေဘုန်း (စေတနာပန်းခင်း) 3.11.2012 at ဇလွန်