လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

လောကဓံကို အံတုခြင်း

တစ်ခါတစ်လေ
လူ့ ဘဝမှာ
မာယာတွေ
များသမို့ 
ငါ့...ရိုးသားမှုတွေ
အရေပျော် ချင်ချင်....

တစ်ခါတစ်လေ
လူ့ ဘဝမှာ
ပျော်စရာတွေ
များသမို့ 
ငါ့...ကြိုးစားချင်းတွေ
အရေပျော် ချင်ချင်...

တစ်ခါတစ်လေ
လူ့ ဘဝမှာ
နာစရာတွေ
များသမို့ 
ငါ့...သည်းခံခြင်းတွေ
အရေပျော် ချင်ချင်...

တစ်ခါတစ်လေ လည်း
မာယာတွေ ဝေ
ပျော်စရာတွေ ထွေ လို့ 
နာစရာတွေ များပေမယ့်လည်း
လောကဓံကို လှောင်ကာပြုံးလို့ 
ဟားတိုက်လိုက်ချင်ရဲ့ 
သနားလိုက်တာပေါ့ကွယ်.....

No comments: