လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

ပြန်ဆုံမယ့်တစ်နေ့

ချစ်သူရေ.....
ကိုယ့်ရင်ခွင်ရဲ့ အဝေးမှာ
မင်းတစ်ယောက် နွေးထွေးပါ့မလားဆိုတဲ့
စိတ္တဇနဲ့ ညညအိပ်လို့မရခဲ့တာ
ရောင်နီသန်းလို့ တစ်မိုးသောက်ခဲ့ပြန်ပြီနော်......

အပြီးမသတ်သေးတဲ့
ရည်မှန်းချက်တစ်ခုအတွက်
မင်းနဲ့ခွဲခွာနေရပေမယ့်
အသည်းတစ်နေရာမှာတော့ စူးနစ်စွာနဲ့
မင်းရဲ့ပုံရိပ်က အရိပ်ထင်နေတုန်းပါ....


တို့ နှစ်ယောက်........
ထုဆစ်ခဲ့ကြဖူးတဲ့ အနာဂတ်တွေ
ရည်မှန်းခဲ့ကြဖူးတဲ့ အိမ်မက်တွေ
တစ်ကယ်ဖြစ်လာစေဖို့ 
ကိုယ်စွန့်စားခဲ့ရတာ...
မင်းကိုပစ်ထားခဲ့တာ မဟုတ်ပါဘူး......

မင်းခိုဝင်မယ့် ကိုယ့်ရင်ခွင်မှာ
သောကဝေဒနာ မြူတစ်မူန်စာတောင်
မရှိစေချင်တာ ကိုယ့်ရင်ထဲကစေတနာပါ......
အိမ်မက်ဆိုးတွေနဲ့ ခေါက်ရိုးကျိုးနေတဲ့
ကိုယ့်ရဲ့ဘဝထဲ မင်းကိုမခေါ်ရက်လို့ 
အသည်းခိုက်လုမတတ်
မြိုသိပ်ထားတဲ့ အလွမ်းတွေနဲ့
မင်းနဲ့ဝေးရာမှာ ကိုယ်ကြိုးစားနေတာ
မင်းနားလည်ပေးနော်......

တစ်ခါတစ်ရံ.... အတိတ်ရဲ့အရိပ်ထဲ
စိတ်ရဲ့ခြေရာ ရောက်သွားတဲ့ခဏ
ပျော်ခဲ့ကြဖူးတဲ့ နေ့ရက်
ဖလှယ်ခဲ့ကြဖူးတဲ့ အနမ်း
လျှောက်ခဲ့ဖူးတဲ့ လမ်းတွေကိုပြန်တွေးမိတိုင်း
အဝေးတစ်နေရာက မင်းဆီကိုပြေးလာချင်ပေမယ့်
လောကနိယာမမှာ တစ်ထောင့်တစ်နေရာက
နေရာယူထားတဲ့ ဂုဏ်ဓနကြောင့်
တို့် နှစ်ယောက်မဆုံဖြစ်ကြတာ
ပြန်တမ်းတတိုင်း နာကျင်မိတယ်....

ချစ်သူရယ်....
ကိုယ်ပုံဖော်ခဲ့တဲ့ အနာဂတ်ကို
ကိုယ့်လက်နဲ့ ရွှေချ
ရည်မှန်းခဲ့ကြတဲ့ တို့ နှစ်ယောက်အိမ်မက်
အပြီးသတ်လို့  မင်းဆီကိုယ်ပြန်လာတဲ့တစ်နေ့
“သစ္စာ”ပန်းကိုမင်းပန်ဆင်လို့ 
မာယာမသုံးပဲ ကိုယ့်ရင်ထဲကို
အလှဆုံးပြုံးပြနော်....

No comments: