လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

အချစ်


မြူတွေ ဝေနေတဲ့ မနက်ခင်းမှာ
တိုက်ခက်လာတဲ့ လေပြေညှင်းရယ်
ငါရင်ကို အေးမြစေတယ်
ဆုံတွေ့မိခြင်း က ငါရဲ့
ဝင်သက်ထွက်သက် ကိုယောင်မှားစေခဲ့တယ်....
လှပတဲ့ မျက်ဝန်းအစုံနဲ့ နူးညံ့ တဲ့ မင်းအပြုံးအောက်မှာ
ငါ့နှလုံးသားလေး အသက်မဲ့ခဲ့ပြီ....
ချစ်မိတယ် ကောင်မလေးရယ်...

အရဲစွန့်လို့ ကျွံထွက်လာခဲ့မိတယ်.
ငါ့ရဲ့ချစ်ခြင်း ကို တုန်ပြန်မှု့လေး တစ်ခုခု
ပြန်ပေးချင်ရာသာ ပေးပါ....
မင်းပေးသမျှ အရာအားလုံးဟာ
ငါ့အတွက်တော့ လှပနေတာပါ....

နားလည်မှု့လို့ထင်ထားတယ်
နင်နဲ့ငါ ချစ်သူတဲ့ အများကသတ်မှတ်သလို
ငါတို့လဲ စိတ်ရင်းနဲ့ချစ်ကြမယ်...
ဖန်ပြာခွက် ထဲက ကျောက်စက်ရေလို
အေးမြတဲ့ နားလည်ချစ်ခြင်းတွေနဲ့ ချစ်ကြမယ်...
တောင်စွယ်နေကွယ်ရင်တောင်
မင်းကိုချစ်တဲ့ ငါ့ချစ်ခြင်း မကွယ်စေရပါဘူး.....

မင်းပြောခဲ့တဲ့စကား မင်းပေးခဲ့တဲ့ကတိတွေက
အမှတ်မထင် မင်းပြောခဲ့ပေမဲ့
ငါ့အတွက်တော့ အမှတ်တရတွေချည်းပါ....
ငါ့ရင်မှာ နင့်အတွက် ငါစိုက်ပျိုး ခဲ့မိတဲ့ ချစ်သစ်ပင်ကို
ငါကိုယ်တိုင် မငြိုးနွမ်းအောင်
စောင့်ကြည့်နေမှာပါ...
နင့်ကို ဂရုစိုက်ခြင်း များစွာက
နင့်အတွက် အပြစ်မြင်ခြင်း
နင့်အတွက်ဖြစ် ခဲ့မယ်ဆိုရင်
ငါဝမ်းနည်းခြင်းများစွာနဲ့
တောင်းပန်ပါတယ်ချစ်သူ....

ခုတော့ ငါသိခဲ့ပြီ
နင့်မချစ်ခဲ့ဖူးတဲ့ ငါမှာတော့
ငါချစ်တဲ့နင် စိတ်ခမ်းသာတာကိုပဲ
လိုလား တန်ဖိုးထားခဲ့သူပါ....
င့ါအတွက် နင့်ဘက်က အရမ်းချစ်တယ်
ဆိုတဲ့ စကား မကြားရချင်နေပါ....
မချစ်နိုင်တော့ဘူး ဆိုတာကို မပြောလိုက်ပါနဲ့နော်.
ငါ့မှာကြားနိုင်တဲ့ အင်အားမရှိခဲ့လို့ပါ....

ခုတော့......
ငါချစ်တဲ့နင် နင်မချစ်တဲ့ငါ့အတွက်
သံယောဇဉ် ဆူးမြားလေး တစ်ချောင်း ကိုတောင်
နင်က ရက်ရက်စက်စက် ဆွဲနုတ် ခဲ့ပြီ
ငါကျေနပ်ပါတယ်....
ငါ့ရင်မှာ နင်ဆွဲနုတ်လို့
ထင်ကျန်ရစ်တဲ့ အမာရွတ်ကို
ကျေနပ်စွာငုံ့ကြည့်ရင်း....
အသက်ဝိဥာဉ် ကုန်ဆုံးပါရစေချစ်သူ......

No comments: