လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

မေတ္တာဆိုတာ

The will to extend one’s self for the purpose of nurturing ont’s own or another’s spiritual growth.
မိမိကိုယ်ကို ပိုပြီးတော့ အသိဥာဏ် ကြီးမားလာအောင် တိုးတက်လာအောင်လုပ်တာနဲ့ ၊ သူတစ်ပါးကိုလည်းပဲ ပိုပြီးတော့ အသိဥာဏ်ကြီးမားလာအောင် တိုးတက်လာအောင် ဆောင်ရွက်ပေးတာဟာ မေတ္တာပါ။

We are incapable of loving another unless we love ourselves.
မိမိကိုယ်ကိုမိမိ အချစ်လို့ရှိရင် သူတစ်ပါးကိုချစ်ဖို့ရာ မတတ်နိုင်ပါဘူး။

Genuine love is self-replenishing.
တကယ်စစ်မှန်တဲ့ မေတ္တာဟာ သူ့ဟာသူပြန်ပြီးတော့ ဖြည့်သွားနေတယ်။ မေတ္တာအစစ်အမှန်ဟာ ကုန်သွားတယ်လို့ မရှိဘူး။ မေတ္တာတွေပေးလိုက်ရလို့ မေတ္တာကုန်သွားပြီဆိုတာမရှိဘူး။ ဘယ်လောက်ပေးရပေးရ သူ့မှာမကုန်ဘူး။ ပိုပေးလေလေပိုပြီးတော့ များလေလေပဲနော်။

Love wants the beloved to become strong and independent and even if it means he must withdraw from the other’s life.
မေတ္တာဆိုတာ ကိုယ်ချစ်တဲ့သူကို စိတ်ဓါတ်အင်အားကောင်းလာအောင် လွတ်လပ်တဲ့သူဖြစ်လာအောင် လုပ်ပေးချင်တယ်။ ဒါ့အပြင်လိုအပ်ရင် ကိုယ်ချစ်တဲ့သူရဲ့ဘ၀ထဲကိုနေရာအပြည့်ယူမထားဘဲ နောက်ဆုတ်ပေးတယ်။

Real love is never used to take way from others what they would not otherwise freely give.
စစ်မှန်တဲ့မေတ္တာဟာ သူတစ်ပါးကလိုလိုချင်ချင် မပေးဘဲနဲ့ ဘာမှမယူဘူး။

Love out lives a lack of response…
တကယ်စစ်မှန်တဲ့မေတ္တာဟာ သူ့ဘက်ကတုံ့ပြန်မှုမရှိလည်းပဲ ကိုယ့်မေတ္တာက ဆက်လက်ပြီး တော့ရှိနေဦးမှာပဲ တည်တံနေဦးမှာပဲ။

….and it cannot be taken back.
မေတ္တာကိုပြန်ယူလိုက်လို့မရပါဘူး။ ပြန်ရုပ်သိမ်းလို့မရပါဘူး။ တစ်ယောက်ယောက်ကို တကယ်ချစ်ရိုးမှန်ရင် အမြဲတမ်းချစ်တာပါပဲ။ ဆိုးနေလည်း ချစ်ဦးမှာပါပဲနော်။

….if it can be , it is not love.
တကယ်လို့ပြန်ယူလိုက်လို့ရရင် အဲဒါ မေတ္တာ မဟုတ်ပါဘူးတဲ့။
တကယ်စစ်မှန်တဲ့မေတ္တာမှာ အကြောင်းပြချက်၊ တောင်းဆိုချက်မရှိဘူး။ တကယ့် မေတ္တာဟာ တစ်ယောက်ကို တစ်ယောက် အပြစ်ရှိတဲ့လူတစ်ယောက်ဆိုတဲ့ ခံစားမှုမျိုးဖြစ်အောင် မလုပ်ဘူး…။

No comments: