လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

မိုးသက်သေ

ညိုမည်းရီမှောင် တိမ်တောင်တွေချယ်
လျပ်နွယ်ယှက်ပြေး မိုးသံပေးတော့
ဆွေးရော့တမင် ကြုံစေချင်လား
ထင်ယောင်မှားလျက် မိုးတစ်ရက်တွင်
ဟိုယခင်ခါ ကြင်နာလက်တွဲ
သူနဲ့နွှဲကာ မိုးထဲမှာပင်
ပျော်ရွှင်ကြည်နူး ချစ်ရည်လူးခဲ့ .......


အတိတ်ဟောင်းတွေး ရေးရေးမြင်လာ
အပြင်မှာမိုး ရွာသွန်းဖြိုးလျက်
ဆိုးချက်ကနာ ပျော်ရာမကြုံ
ဖော်မစုံကွဲ တစ်ကိုယ်တည်းသာ
မိုးထဲမှာငို မိုးရေစိုယှက်
မျက်ရည်စက်လို့ ဘယ်သူထင်မလဲ .........



ရင်ကွဲပက်လက် မမေ့ရက်ဘူး
ဆူးချက်ကနာ မနှုတ်ပါဘူး
ရှည်ကြာသမျှ အမှတ်ရစေ
မေ့မနေကြောင်း သူသိကောင်းဖို့သက်သေတည် ............

No comments: