လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

ဗုဒ္ဓဘာသာဝင်တို့ သည် ရုပ်တုကိုးကွယ်သူများ မဟုတ်




ဗုဒ္ဓဘာသာဝင်တို့ သည် ရုပ်တု (ပုံတော်)ကိုကိုးကွယ်သူများ မဟုတ်၊ ဂုဏ်တော်ကိုကိုးကွယ် ကြသူများ ဖြစ်သည်။ဗုဒ္ဓဘာသာဝင်များကဗုဒ္ဓရုပ်ပွားတော်များထားရှိကိုးကွယ်သည့်အလေ့ 
အထရှိကြသော်လည်း ဗုဒ္ဓဘာသာဝင်များသည် ရုပ်တုကိုးကွယ်သူများ မဟုတ်ကြပေ။ ရုပ်တုကိုးကွယ်သည်ဆိုသည်မှာ အမျိုးအနွယ်မသိ ဘုရားများ၊ဘုရားမများ ပုံသဏ္ဍာန်အမျိုးမျိုး အရွယ်အစားအမျိုးမျိုးစိုက်ထောင်ပြီး ၎င်းတို့ ကို တိုက်ရိုက်ကိုးကွယ် ဆုတောင်းကြခြင်းဖြစ်သည်။ လမ်းညွှန်ပြသမှု ပေးရန်နှင့် အကာအကွယ်ပေးရန်အတွက် ထို ရုပ်တု များကို တောင်းခံကြသည်။ ကျန်းမာရေး ကောင်းမွန်ရန်၊ချမ်းသာရန်၊ ဥစ္စာပစ္စည်းနှင့်အခြားလိုအပ်ချက် အမျိုးမျိုးကို
ဖြည့်ဆည်းပေးရန်နှင့် ကျူးလွန်မိသော အပြစ်တို့ ကို ခွင့်လွှတ်ရန်တောင်းပန်တတ်ကြသည်။
ဗုဒ္ဓရုပ်ပွားတော်များကို ကိုးကွယ်ကြခြင်းသည် ထို သို့သောကိုးကွယ်ပုံမျိုးမဟုတ်။ ကမ္ဘာပေါ်၌
အမြင့်မြတ်ဆုံး၊ အကြီးကျယ်ဆုံး၊မေတ္တာဂရုဏာ အကြီးမားဆုံး အစင်ကြယ်ဆုံး ပုဂ္ဂိုလ်တစ်ဦးကို
လေးစားသမှုပြုသည့်အနေမျိုးသာဖြစ်သည်။ထိုမြင့်မြတ်သောလူသားတစ်ဦးကမ္ဘာပေါ်တွင်
နေထိုင်သွားသည်၊လူ့ အဖွဲ့ အစည်းအတွက် အနှိုင်းမဲ့ အကျိုးပြု သွားသည်တို့ ကို သမိုင်းအထောက်အထားခိုင်ခိုင်လုံလုံ တွေ့ ရသည်။ဗုဒ္ဓကိုးကွယ်ခြင်းသည် ကျောက်တုံးကိုသော်လည်းကောင်း၊ သံတုံးကိုသော်လည်းကောင်းကိုးကွယ်ခြင်းမဟုတ်ပေ။ဗုဒ္ဓကို သော်လည်းကောင်း၊ အရိုအသေပြုခြင်း လေးစားခြင်း ကြည်ညိုခြင်း ဖြစ်သည်။
ဗုဒ္ဓရုပ်ပွားတော်သည် ပုံတော်မှတစ်ဆင့် ဂုဏ်တော်များကို သတိရပွားများစေရန်၊ ယဉ်ကျေးသော လူ့ အဖွဲ့ အစည်း တစ်လျှောက် ၊ လူသန်းပေါင်းများစွာတို့ ကို သဒ္ဓါတရားနိုးကြားတက်ကြွ စေသော အရည်အသွေးများ စိတ်ထဲပြန်လည် ပေါ်ပေါက်စေရန် အထောက်အကူပြု သည်။
ဗုဒ္ဓဘာသာဝင်များက ဗုဒ္ဓရုပ်ပွားတော်များကို စိတ်ငြိမ်းချမ်းမှုရစေရန်အတွက် အာရုံပြုစူးစိုက်စရာ သမာဓိရစရာ တစ်ခုအနေဖြင့်အသုံးပြုခြင်းဖြစ်သည်။ ဗုဒ္ဓ ရုပ်ပွားတော်ကို မော့၍ ဖူးသည့် အခါ ရန်လိုမှု၊ မုန်းတီးမှုများကိုဘေးဖယ်ထားကာ ငြိမ်းချမ်းမှု ၊ တည်ငြိမ်မှု၊အေးချမ်းမှု၊ငြိမ်သက်မှုတို့ ကိုသာ ဂုဏ်တော်နှင့် ဗုဒ္ဓကိုသတိရစေကာ သူစံနမူနာ ပြုခဲ့သလို လိုက်ပါဆောင်ရွက်ရန်သော်လည်းကောင်း၊ သူဧ။်ညွှန်ကြားချက်များကို လိုက်နာရန်သော်လည်းကောင်း၊သဒ္ဓါတရား တိုးပွားလာစေသည်။၎င်းတို့ ဧ။်စိတ်ထဲ၌ဗုဒ္ဓကို ရိုသေကိုင်းရှိုင်း သော ဗုဒ္ဓ ဘာသာဝင်တစ်ယောက်သည် ဗုဒ္ဓသက်ရှိထင်ရှား ရှိနေသည့်သဖွယ် ကြည်ညိုခံစားကြရသည်။ဤခံစားချက်ကြောင့်ပင် ပူဇော်ပသလိုစိတ်များ ထူးထူးခြားခြား၊ပီပီပြင်ပြင် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။အတွေးမှန်၊အလုပ်မှန်စေရန် သြဇာ လွှမ်းမိုး သဒ္ဓါတရား နိုးကြားလာစေနိုင်သည်။
ဥာဏ်ပညာရှိသော ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ဗုဒ္ဓရုပ်ပွားတော်များထံမှ အခွင့်အရေးများကို မတောင်းခံသကဲ့သို့  သူကျူးလွန်ခဲ့သော ဒုစရိုက်မှုများအတွက် ခွင့်လွှတ်ရန်လည်းမတောင်းပန်ပေ။
ဥာဏ်ပညာရှိသော ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် သူဧ။်စိတ်ကိုထိန်းချုပ်ရန်ကြိုးစားသည်။ဗုဒ္ဓ ဧ။်အဆုံးအမကို လိုက်နာရန်ကြိုးစားသည်။လောကီရေးရာ ဆင်းရဲဒုက္ခများကို ဖယ်ရှား၍ လုံးဝလွတ်မြောက်မှု
ရရန်ကြိုးစားအားထုတ်သည်။
ဗုဒ္ဓဘာသာဝင်များသည် ရုပ်တု ကိုးကွယ်သူများဖြစ်သည်ဟု ဝေဖန်ကြသူများက ဗုဒ္ဓဘာသာဝင်များဧ။် လုပ်ပုံကိုင်ပုံကို အမှန်တကယ် အဓိပ္ပာယ်ကောက် လွဲမှားကြခြင်းဖြစ်သည်။
မိဘများ၊အဘိုးအဘွားများဧ။်ဓာတ်ပုံကို သိမ်းဆည်း၍ အမှတ်တရထားရှိကြလျှင် ဘုရင်များ၊မိဘုရား၊၀န်ကြီးချုပ်များ၊သူရဲကောင်းများ၊ဒဿနိကပညာရှင်များ၊ကဗျာဆရာများတို့ ဧ။် ဓာတ်ပုံကိုသိမ်းဆည်းကြသေးလျှင်
ဗုဒ္ဓဘာသာဝင်များအနေဖြင့် သူတို့ ကြည်ညိုမြတ်နိုးသော ဗုဒ္ဓဧ။် ပုံတော်ကိုသော်လည်းကောင်း၊ရုပ်ပွားတော်ကိုသော်လည်းကောင်း၊ သိမ်းဆည်းကြ၊ဂါရ၀ပြုကြ မလုပ်နိုင်စရာအကြောင်းမရှိပေ။
ဗုဒ္ဓဧ။်ဂုဏ်တော်များကို ရွတ်ပွားပူဇော်ကြခြင်းကြေင့် လည်းအန္တရာယ်မဖြစ်နိုင်ပေ။မိမိတို့  ချစ်ခင်မြတ်နိုးသူများဧ။် အုတ်ဂူများတွင် ပန်းခွေချကာ ကျေးဇူးဂုဏ်ကို သတိရကြောင်း ပြသကြသေးလျှင်
ဗုဒ္ဓဘာသာဝင်များက ပန်းများအမွှေးတိုင်များဖြင့် ဒုက္ခရောက်နေသော လူသားတို့ ကိုကယ်တင်ရန် ၊ တစ်သက်စာလုံးြ့ကိုးပမ်းအားထုတ်သွားခဲ့သည့် ချစ်ခင်မြတ်နိုးသော ဆရာကြီးတစ်ဆူကို ဆက်ကပ် လှူဒါန်းခြင်းကြောင့်
အန္တရာယ် ဖြစ်စရာအကြောင်းမရှိပေ။
ဗုဒ္ဓရုပ်ပွားတော်များသည် မသိစိတ် အတွင်းလည်း အထောက်အကူပြုသည့် ဘာသာစကား တစ်ခု သဖွယ် ဖြစ်သည်။ ဗုဒ္ဓဧ။်ရုပ်ပွားတော်သည် ပါရမီပြည့်စုံခြင်းဧ။် သင်္ကေဖြစ်သည်။
ရုပ်ပွားတော်ဧ။် ပုံသဏ္ဍာန်သည် မသိစိတ်ထဲအထိ ထိုးဖောက်ဝင်ရာက်ပြီး အင်အားကောင်းလာလျှင် အာရုံတို့ ဧ။် ဆွဲဆောင်မှုကို တားဆီးနိုင်သော အကာအရံသဖွယ် ဖြစ်လာစေသည်။ ဗုဒ္ဓကို အာရုံပြု သတိရခြင်းဖြင့်
တဏှာ မငြိမ်သည့် အခြေအနေ၊ သောကတွေ၊ မကျေနပ်မှု တွေများနေသည့် အခြေအနေမှ အေးချမ်း သည့်အခြေအနေသို့  မြှင့်တင်ပေးနိုင်သည်။ ဂုဏ်တော်ပွား၍ ပီတိသောမနဿ တိုးပွားစေနိုင်သည်။
ဗုဒ္ဓကိုပူဇော် ပသခြင်း၊ ရှိခိုးကန်တော့ခြင်း၊ ဆုတောင်းခြင်း သက်သက် မဟုတ်ဘဲ ဘာဝနာ ပွားများခြင်း တစ်ခုဖြစ်သည်။သို့ ဖြစ်၍ ရုပ်တုကို ကိုးကွယ်ခြင်းမဟုတ် စံနမူနာကို ကိုးကွယ်အားထားခြင်းဖြစ်သည်။
သို့ ဖြစ်ရာ ဗုဒ္ဓဘာသာဝင်များသည် သူတို့ ဧ။်ဘ၀တွင် ဘုရားတစ်ဆူတည်ရန် အတွက် ခွန်အားသစ်တွေရကြသည်။ သူတို့ဧ။်နှလုံးသားကို သန့် ရှင်းစင်ကြယ်ရန်ကြိုးစားအားထုတ်ကြသည်။ရုပ်ပွားတော်က ကိုယ်စားပြုသည့်
ကြီးမြတ်သော ပုဂ္ဂိုလ် ကို ဗုဒ္ဓဘာသာဝင် တို့ က လေးစားကြည်ညိုကြသည်။ ဗုဒ္ဓ ဧ။် မြင့်မြတ်သော ကိုယ်ရည်ကိုယ်သွေးကို သဒ္ဓါ တရားတိုးပွားကာ အတုယူရန် ကြိုးစားကြသည်။
ဗုဒ္ဓဘာသာဝင်များက ဗုဒ္ဓရုပ်ပွားတော်ကို အသက်မရှိ သည့် သစ်သားတုံး၊ သတ္တုတုံး၊ ရွှေတုံးအဖြစ် မမြင်ကြပေ။ဥာဏ်ပညာရှိသူများအတွက် ကာယကံ၊ ၀ဇီကံ၊ မနောကံ သန့် ရှင်းစင်ကြယ်စေနိုင်သော စွမ်းအားကို
ရုပ်တု တော်က ကိုယ်စားပြုသည်။
ဗုဒ္ဓ ရုပ်ပွားတော်များသည် ဗုဒ္ဓ ဧ။် ဂုဏ်တော်များကို သင်္ကေတသဘောဖြင့် ကိုယ်စားပြုထားခြင်းဖြစ်သည်။ ဗုဒ္ဓအပေါ်လေးစားကြည်ညိုမှုကို အသိမ်မွေ့ ဆုံး၊အလှပဆုံး ကမ္ဘာပေါ်၌ အမြင့်မားဆုံးသောအနုပညာနှင့်
ပန်းပုပညာတို့ ဖြင့်ဖော်ပြခြင်း သည်သဘာဝကျသည်။ မြင့်မြတ်သော ဘာသာရေးခေါင်းဆောင်ကို ကိုယ်စားပြုသည့် ရုပ်ပွားတော်အပေါ် လေးစားကြည်ညိုမှုကို အချို့ သူတို့ က အထင်သေး၊အမြင်သေး ဖြစ်ခြင်းသည် နားမလည်နိုင်စရာပင်။
ဗုဒ္ဓဧ။် တည်ငြိမ်အေးချမ်းသောရုပ်ပုံလွှာသည် တုနှိုင်းမမီအောင်၊ စံပြုလောက်အောင် ချောမောသည်ကိုတွေ့ ရသည်၊ ဗုဒ္ဓ ရုပ်ပွားတော်သည် အာရှ ယဉ်ကျေးမှုနှင့်ပတ်သက်၍ အဖိုးအတန်ဆုံး ၊အများနှင့်အသက်ဆိုင်ဆုံး
ပိုင်ဆိုင်မှုတစ်ခုဖြစ်သည်။ဗုဒ္ဓဧ။် ရုပ်ပွားတော်မှအပ တည်ငြိမ်မှု၊ စိတ်ပိုင်းဆိုင်ရာ လွတ်မြောက်မှုရှိပြီးဖြစ်သော ရူပကာယကို အခြား မည်သည့်နေရာမျှ တွေ့ ရမည်မဟုတ်ပေ။
ဗုဒ္ဓရုပ်ပွားတော်ကို ဗုဒ္ဓဘာသာဝင်များ ၊အာရှတိုက်သား များကသာ လေးစားကြိည်ညိုကြသည် မဟုတ်ပေ။ အန်နာတိုလီဖရန့်  (Anatole France) က သူဧ။် ကိုယ်ရေး အထ္ထုပ္ပတ္တိ၌ " ၁၈၉၀ ပြည့်နှစ်၊မေလ(၁) ရက်နေ့ တွင်
ပြင်သစ်နိုင်ငံ ၊ပဲရစ်မြို့  ပြတိုက်သို့ သွားရောက်ရန်အခွင့်ကြုံသည်။ အာရှဒေသက နတ်အမျိုးမျိုး ၊ဘုရားအမျိုးမျိုး တည်ငြိမ် ရိုးရှင်းစွာ ရပ်နေသည့်အကြား၌ဒုက္ခ ခံစားနေရသော လူသားတို့ ဧ။် ဥာဏ်ပညာ ရှိရန်နှင့် မေတ္တာတရားပွားများရန်ဆုံးမခဲ့သော
ဗုဒ္ဓရုပ်ပွားတော်ထံသို့ အာရုံရောက်သွားသည်။ဤကမ္ဘာမြေပေါ်သို့ ဘုရားတစ်ဆူကြွလာသည်ဆိုလျှင် ထိုသူမှာ ဗုဒ္ဓဖြစ်သည်ဟုထင်သည်။ ထာဝရ ဘုရားတစ်ဆူရှေ့ မှာကဲ့သို့ ဒူးထောက်၍ ဆုတောင်းလိုစိတ် ပေါက်လာသည်" ဟူ၍ ရေးသားခဲ့သည်။
တစ်ခါကလည်း ဗိုလ်ချုပ်တစ်ဦးက ၀င်စတန်ချာချီ သို့  ဗုဒ္ဓရုပ်ပွားတော်တစ်ဆူလက်ဆောင်ပေးသည်။ဗိုလ်ချုပ်က " စိတ်ရှုပ်ထွေးနေလျှင် ဤ ရုပ်ပွားတော်ကိုကြည့်ပါ၊စိတ်ငြိမ်းချမ်းပါလိမ့် မည်"ဟုညွှန်းခဲ့သည်။
ဥာဏ်ပညာရှိသူများ ဗုဒ္ဓကို မည်သည့်အချက်ကြောင့်စွဲလမ်းကြပါသနည်း။ ဗုဒ္ဓ ရုပ်ပွားတော်ဧ။် တည်ငြိမ်အေးချမ်းမှုကြောင့်ဖြစ်ဖွယ်ရာရှီပါသည်။
ဗုဒ္ဓရုပ်ပွားတော်သည်ပုဂ္ဂိုလ်တစ်ယောက်ဧ။်သင်္ကေတမျှသာမဟုတ်၊ဗောဓိဓာတ်ဧ။်ကိုယ်စားလှယ်ဖြစ်သည်။ဗောဓိဥာဏ်ဧ။် ကိုယ်စားလည်း ဖြစ်သည်။ဗောဓိဥာဏ်ကို လူ့အချို့သာ ရရှကြသော်လည်း အမှန်စင်စစ် လူသားအားလုံး
ရရှိနိုင်ကြသည်ဖြစ်သည်။ ဗောဓိဥာဏ်သည် တစ်ဦးတစ်ယောက် တည်းအတွက်မဟုတ်၊ အများအတွက် ဖြစ်သည်၊ " အတိတ်က ပွင့်ခဲ့သော ဗုဒ္ဓ များ၊ အနာဂတ်တွင် ပွင့်လတ္တံ့ သောဗုဒ္ဓများနှင့်ယခုရှိသော ဗုဒ္ဓတို့ အား နေ့ စဉ်မြတ်နိုးရှိခိုးပါဧ။်" ဟူ၍ပင်
ပူဇော်ကြ ရှိခိုးကြ သည်။
သို့သော်လည်းဗုဒ္ဓဘာသာဝင်တိုင်း၊ဗုဒ္ဓဘာသာကိုလိုက်နာကျင့်သုံးရာတွင်ဗုဒ္ဓရုပ်ပွားတော်တစ်ဆူမရှိမနေရှီကိုရှိရမည်ဟူသော သတ်မှတ်ချက်မျိုးကားမရှိပေ။မိမိတို့ ဧ။် စိတ်နှင့်အာရုံကို ထိန်းချုပ်နိုင်သူများအနေဖြင့်ဗုဒ္ဓ ရုပ်ပွားတော် မရှိဘဲ။
ဆောင်ရွက်နိုင်ပေသည်။အကယ်၍ ဗုဒ္ဓဘာသာဝင်တို့ သည် ဗုဒ္ဓကို အသပ္ပာယ်ဆုံး၊အခန့် ညားဆုံးဖူးတွေ့ လိုပါက သူဧ။်အဆုံးအမများကို လိုက်နာကျင့်သုံးခြင်းဖြင့် သူဧ။်အနီးသို့  ရောက်ရှိလာကာ သူဧ။် မဟာကရုဏာတော်နှင့် ဥာဏ်ပညာတို့ ကို ခံစားသိရှိနိုင်ပေမည်။
အဆုံးအမများကို မနာခံဘဲ ရုပ်ပွားတော်ကို ကြည်ညိုရုံမျှဖြင့် လွတ်မြောက်မှုလမ်းစကို ရှာတွေ့ နိုင်မည်မဟုတ်ပေ။
ကျွန်ုပ်တို့ အနေဖြင့် ဗုဒ္ဓဓာတ်သဘာဝကို နားလည်ရန် ကြိုးစားအားထုတ်ရပေမည်။ ဒုက္ခများမြောင်လှသော ဤ ကမ္ဘာကြီးကိုကယ်တင်နိုင်သည့်နည်းဟူ၍ ထိုနည်းတစ်နည်းသာ၇ှိသည်။သိပ္ပံနှင့်နည်းပညာတို့ တိုးတက်မှုဧ။် အကျိုးကျေးဇူးကို
ခံစားနေကြရသော်လည်းကမ္ဘာပေါ်ရှိ လူအများသည် အကြောက်တရား။သောကများနှင့်စိတ်ပျက်အားငယ်မှုများ ဖုံးလွှမ်းနေကြသည်။ဒုက္ခများဖြင့်ရင်ဆိုင်နေရသော ကမ္ဘာလောကအတွက် အဖြေကို ဗုဒ္ဓဧ။် အဆုံးအမ များ၌ရှာဖွေတွေ့ ရှိနိုင်ပေသည်။


ဆရာ ခင်မောင်ညို(ဘောဂဗေဒ) ရေးသားသော
ဗုဒ္ဓဘာသာဝင်တို့ ဧ။် ယုံကြည်ချက်
စာအုပ်မှ
ကောက်နုတ်ဖော်ပြပါသည်။

No comments: