လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

ဘုရားရှင် လက်ထက်တွင် ထူးခြားသော ယောက်ျား (၁၁)ဦး နှင့် ယောက်ျားမြတ်တို့ သိသင့်သောအချက်များ


ဘုရားရှင် လက်ထက်တွင် ထူးခြားသော ယောက်ျား (၁၁)ဦး

၁။ တဖုဿ - ဘုရားရှင်ကို ရှေးဦးစွာ လှူဒါန်းရသူ။

၂။ ဘလ္လိက - ဘုရားရှင်ကို ရှေးဦးစွာ လှူဒါန်းရသူ။

၃။ အနာထပိဏ်သဌေး - အလှူအများဆုံးလှူသူ။

၎။ ဟတ္ထာဠာဝက - ဝတ္ထုပစ္စည်းဖြင့် ပရိသတ်အား ဆွဲဆောင်နိုင်သူ။

၅။ စိတ္တသူကြွယ် - အလွန်တရားဟောကောင်းသူ။

၆။ မဟာနမ်သာကီဝင်မင်း - အခါမပြတ်ပေးလှူတတ်သူ။

၇။ ဝေသာလီဥဂ္ဂသူကြွယ် - နှစ်သက်ဖွယ်ရာကို ပေးလှူတတ်သူ။

၈။ ဟတ္ထဂါမဥဂ္ဂသူကြွယ် - သံဃာတော်တို့အား လုပ်ကျွေးတတ်သူ။

၉။ စူဠပန် - ဘုရားကို အလွန်ကြည်ညိုသူ။

၁၀။ ဇီဝက - ရဟန်းတော်များအား အထူးကြည်ညိုသူ။

၁၁။ နကုလပိတာသူကြွယ်- ဘုရားနှင့်အလွန် ကျွမ်းဝင်သူ။


ယောက်ျားကောင်းတို့၏ အား(၅)ပါး

၁။ ကာယဗလ - ကိုယ်ခန္ဓာ တောင့်တင်းအင်အားကြီးမားခြင်း။

၂။ ဘောဂဗလ - ပစ္စည်းဥစ္စာ ရတနာရွှေငွေ ကြွယ်ဝခြင်း။

၃။ မိတ္တဗလ - ဆွေမျိုးကောင်း မိတ်ဆွေကောင်း ပေါများခြင်း။

၎။ ပညာဗလ - အမျိုးမျိုးသော အတတ်ကိုတတ်ခြင်း။

၅။ စာရိတ္တဗလ- ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း။


ယောက်ျားကာင်းတို့၏ ရှိအပ်သောဂုဏ်(၆)ပါး

၁။ ခမာဂုဏ် - သည်းခံခြင်း။

၂။ ဇာဂရီနဂုဏ် - နိုးကြားခြင်း။

၃။ ဥဋ္ဌာနဂုဏ် - လုံ့လဝီရိယရှိခြင်း။

၎။ သံဝိဘာဂဂုဏ် - ဝေဖန်ပိုင်းခြားတတ်ခြင်း။

၅။ ဒယာဂုဏ် - သနားကြင်နာတတ်ခြင်း။

၆။ ဣက္ခနဂုဏ် - အရာရာ၌ ဆင်ခြင်တတ်ခြင်း။


ယောက်ျားကောင်းတို့၏ ရှောင်ရှားအပ်သောအမှု(၅)ပါး

၁။ အလုပ်လုပ်ရာတွင် ထိုင်းမှိုင်းတွေဝေပြီး နှေးကွေးစွာလုပ်ခြင်း။

၂။ သတ္တိနည်းပါး၍ ကြောက်ရွံ့စိုးရိမ်တတ်ခြင်း။

၃။ အအိပ် အလွန်ကြူးစုံမက်ခြင်း။

၎။ သည်းခံစိတ်မရှိ၊ အလွန်ဒေါသကြီးခြင်း။

၅။ လုံ့လဝီရိယ အလွန်နည်းပါးခြင်း။

နောင်တစ်ချိန်မှာ ယောက်ျားကာင်း၊ ယောက်ျားမြတ်များ ပေါ်ထွက်ကြပါစေဗျာ။

မေတ္တာဖြင့်

No comments: