လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

♥♥♥အချစ်စစ်ဆိုတာ သက်တမ်းရင့်တဲ့ဝိုင်တမျိုးလိုပါပဲ♥♥♥


အချစ်ကအသက်ကြီးလာတဲ့အခါ
ပူလောင်တဲ့အနမ်းတွေမရှိတော့ဘူး
နွေးထွေးတဲ့မေတ္တာနဲ့အနမ်းတွေပဲရှိတော့တယ်

အချစ်က အသက်ကြီးလာတဲ့အခါ သဝန်တိုခြင်းတွေမရှိတော့ဘူး
နွေးထွေးတဲ့ နားလည်မှုတရားတွေပဲရှိတော့တယ်

အချစ်က အသက်ကြီးလာတဲ့အခါ ရန်ဖြစ်ခြင်းတွေမရှိတော့ဘူး
တယောက်နဲ့တယောက် နွေးထွေးတဲ့ဖေးမခြင်းတွေပဲရှိတော့တယ်

အသက်ကြီးလာတဲ့အခါ
မျှော်လင့်ချက်တွေပါးလျကောင်းပါးလျလာနိုင်တယ်
ရင်ခုန်သံခုန်နှုန်းတွေ လျော့ကျကောင်းလျော့ကျလာနိုင်တယ်
ဒါပေမဲ့တကယ့်အချစ်ဆိုတာကတော့ လျော့ကျမသွားနိုင်ပါဘူး

တကယ်လို့အချစ်ဆိုတာ အချိန်နဲ့သာဆုံးဖြတ်တာဆိုရင်
အချိန်ကြာလေတကယ့်အချစ်ဟာ ပိုလေးနက်လာလေပါပဲ

အချစ်စစ်ဆိုတာ ဝိုင်လိုပဲလေ
သက်တမ်းရင့်လေ ပိုသောက်လို့ကောင်းလာလေပါပဲ..

သေဆုံးတော့မဲ့လူတယောက်ရဲ့ဘေးမှာလက်ကိုကိုင်ပြီး အားပေးနေမဲ့တစုံတယောက်ဟာတခြားလူမဟုတ်ပါဘူး
သင့်ကိုအရမ်းချစ်တဲ့ချစ်သူပါပဲ ။ ။

No comments: