ချစ်သူ
မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ကဗျာလေးပါ(ကဗျာနာမည်တော့ မသိတော့ဘူး။ သိတဲ့သူများရှိရင်လည်းပြောပြပေးနော်)
မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ကဗျာလေးပါ(ကဗျာနာမည်တော့ မသိတော့ဘူး။ သိတဲ့သူများရှိရင်လည်းပြောပြပေးနော်)
မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကိုသတိရသည့်အခါ
တိမ် များကိုမြင်နေရပါသည်။
အလွန်ဝေးကွာသည့်အရပ်ကိုရောက်နေပါလျက်
ပင်လယ်ပြာကိုစဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကိုကြားယောင်နေတတ်
ပါသည်။
အခန်းကျဉ်းထဲမှာအိပ်နေပါလျက်
ဥယျာဉ်ထဲသို့စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကိုခံစားရရှိနေတတ်ပြန်သည်။
သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့) ချစ်သူသာဖြစ်ပါ၏။ ။
2 comments:
ကဗျာနာမည်လေးက *ချစ်သူ* တဲ့ ဗျာ
ဟုတ်ကဲ့ အခုလိုပြောပေးတဲ့ကျေးဇူးပါနော် ကိုဇေလင်း ကျွန်တော်တခါတည်းခေါင်းစဉ်တက်လိုက်ပါမယ်.
Post a Comment