- လောကကြီးမှာ သစ်ပင်လေးတွေကို ပြုစုပျိုးထောင်မျိုးစေ့ချ စိုက်ပျိုးပေးတတ်ကြတဲ့သူတွေရှိတယ်...အဲ့တာကတော့ မိဘတွေပါ....
- လောကကြီးမှာ သစ်ပင်လေးတွေကို အညွန့်တလူလူနဲ့ ကြီးထွားရှင်သန်လာအောင် ရေလောင်းပေးကြတဲ့သူတွေလည်းရှိတယ်....ရေဆိုတာက ပညာပေါ့ လောင်းပေးကြတဲ့သူတွေကတော့ ဆရာသမားတွေပါ....
- လောကကြီးမှာ သစ်ပင်လေးတွေကို ဘေးအန္တရယ်မကျရောက်အောင် ကွာကွယ်ပိုးသတ်ဆေးဖျန်း၊ ပေါင်းရှင်း၊ လိုအပ်တဲ့မြေသြဇာကျွှေးပြီးကြီးမားရှင်သန်လာအောင် တဖက်တလမ်းက ကူညီဖြည့်ဆည်းပေးကြတဲ့သူတွေရှိတယ် အဲ့တာကတော့...ဆွေမျိုးအသိုင်းအ၀ိုင်း ညီအကိုမောင်နှမတွေပါ....
- လောကကြီးမှာ သစ်ပင်လေးတွေ အမြင့်ကိုရောက်ကြီးထွားပြီး အခက်အလက်တွေ၊ အသီးအပွင့်တွေ ဝေဆာပွင့်လန်းနေတဲ့အချိန်မှာတော့ လူနှစ်မျိုးပေါ်လာတယ်.... ပထမလူတွေကတော့....ပီတိဖြာပြီးပျော်ရွှင်နေတဲ့သူတွေ၊ ဒုတိယလူတွေကတော....ကြိုက်နှစ်သက်သဘောကြနေတဲ့သူတွေ
- ကြိုက်နှစ်သက်သဘောကြနေတဲ့သူတွေကတော့ သစ်ပင်လေးတွေကို သူတို့ရှိတဲ့နေရာကို တဖြည်းဖြည်းနဲ့ခေါ်ဆောင်သွားတတ်ကြတယ်..
- ပီတိဖြာနေတဲ့သူတွေကတော့ သစ်ပင်လေးတွေနဲ့ ဝေးရာမှာ ကျန်နေခဲ့ရပြီ..အရိပ်လည်းမခိုရ၊ အသီးအပွင့်လည်းမစားသုံးရဘဲ ရှိနေကြပြီ....
- အနာဂတ်ရဲ့ထမင်းရှင်တွေလို့ သတ်မှတ်ထားကြတဲ့ ကြိုက်နှစ်သက်သဘောကြနေသူတွေလက်ထဲမှာ သစ်ပင်လေးတွေရဲ့ အသီးအပွင့်တွေ မကုန်ဆုံးသွားစေလို ဆန္ဒပြုရင်း........... ကျေးဇူးရှင်တွေထံ အရိပ်၊ အသီးအပွင့်တွေ မျှဝေနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...
နေရာမှန်ကြပါစေ....
Labels:
ဘ၀အတွက်မှတ်စု
No comments:
Post a Comment