ဟိုးရှေးရှေးတုန်းကဂျပန်ပြည်မှာဓားသိုင်းပညာကိုကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်တဲ့ဓားသိုင်းဆရာကြီးတစ်ဦးရှိခဲ့တယ်။ဓားသိုင်းဆရာကြီးမှာသားသုံးရောက်လည်းရှိတယ်။ဓားသိုင်းဆရာကြီးကသူ့သား၃ယောက်ကိုသူ့လိုပဲသိုင်းပညာကိုကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်အောင်နှစ်ရှည်လများကြာအောင်စနစ်တကျသင်ကြားပေးခဲ့တယ်။ဒီလိုနဲ့သားတွေကို နှစ်ရှည်လများကြာအောင် သင်ကြားပေးပြီးတဲ့နောက် ဖခင်သိုင်းဆရာကြီးက သားသုံးယောက်၏ အရည်အချင်းကို စစ်ဆေးကြည့်လိုသော ဆန္ဒတွေဖြစ်ပေါ်လာတယ်။
ထို့ကြောင့်သိုင်းဆရာကြီးကအဝေးရောက်နေသောသားသုံယောက်ထံသို့“မည်သည့်နေ့၊မည်သည့်အချိန်၊မည်သည့်နေရာတွင်တပည့်များစုံညီစွာတက်ရောက်ရမည့်အစည်းအဝေးရှိကြောင်း၊ထိုအစည်းအဝေးကိုသားသုံးယောက်လုံး မပျက်မကွက်တက်ရောက် ရမည်ဖြစ်ကြောင်း” အကြောင်းကြားလိုက်သည်။
အစည်းအဝေးခန်းမထဲသို့ဝင်လာမည့်သားများကိုစမ်းသပ်ရန်အတွက်ဖခင်သိုင်းဆရာကြီးကအစီအစဉ်တစ်ခုလုပ်ထားသည်။အစည်းအဝေးခန်းမထဲသို့ဝင်မည့်တံခါးကိုမပွင့်တစ်ပွင့်ဟထားပြီးထိုတံခါး၏အထက်ဘောင်ပေါ်၌ရေအပြည့်ဖြည့်ထားသောရေအိုးတစ်လုံးကိုတင်ထားခဲ့တယ်။အကယ်၍တံခါးကိုတွန်းဖွင့်ဝင်လိုက်ရင်ဝင်လာသူအပေါ် ရေအိုးကျလာစေရန်စီစဉ်ထားခြင်းဖြစ်သည်။
သတ်မှတ်ထားသောရက်၌အစီးအဝေးတက်ရန်ပထမဆုံးရောက်လာသူမှာအကြီးဆုံးသားဖြစ်သည်။အစည်းအဝေး၀င်ပေါက်တံခါးမပွင့်တပွင့်တတဖြစ်နေသည်ကိုသူသတိထားမိသည်။”အစည်းအဝေး၀င်ပေါက်တံခါးကိုဖွင့်မည်ဆိုလျှင်လည်းအပြည့်အစုံဖွင့်ဖွင့်ထားရမည်။ပိတ်မည်ဆိုလည်းလုံးဝပိတ်ထားရမည်။အခုပအဘယ်ကြောင့်မပွင့်တပွင့်ဖြစ်နေသနည်း”ဟုသားကြီးကတွေးရင်း သတိဖြင့်စူးစမ်းလေ့လာကြည့်သောအခါ တံခါးကိုအမှတ်တမဲ့ တွန်းဝင်လျှင်ဝင်လာသူအပေါ်ရေအိုးကျလာအောင်တမင်ဖန်တီးထားသည်ကိုတွေ့ရသည်။သားကြီးသည်ရေအိုးကိုမကျအောင်ထိန်းပြီးတံခါးကိုဖွင့်၊အတွင်းကိုဝင်၊ရေအိုးကိုမူလအနေအထားအတိုင်းပြန်ထားပြီးနောက်အစည်းအဝေးခန်းမထဲသို့အေးဆေးလျှောက်သွားသည်။
မကြာမီဒုတိယသားလတ်သည်လည်းအစည်းအဝေးရှိရာခန်းမသို့လျှောက်လာသည်။အစည်းအဝေးခန်းမ၀င်ပေါက်တံခါးဟတတဖြစ်နေသည်ကိုသူမြင်သည်။သို့ရာတွင်တံခါးကိုအမှတ်တမဲ့တွန်းဖွင့်လိုက်သည်။အပေါ်ကရေအိုးသည်ရုတ်ခြည်းကျလာသည်။ထိတ်လန့်သွားသော်လည်းတတ်ကျွမ်းသမျှလျှင်မြန်မှုတို့ကိုအသုံးပြု၍ရေအိုးကိုဆီးဖမ်းနိုင်လိုက်သည်။သားလတ်သည်လည်းရေအိုးနှင့်တံခါးကိုမူလအတိုင်းပြန်ထားခဲ့ပြီးနောက်အစည်းအဝေးခန်းမထဲသို့ဣနြေ္ဒမပျက်လျှောက်သွားသည်။
အစည်းအဝေးခန်းမသို့နောက်ဆုံးရောက်လာသူမှာအငယ်ဆုံးသားဓားသမားဖြစ်သည်။သူသည်ရွှင်ရွှင်ပျပျသွက်သွက်လက်လက်နှင့်လျှောက်လာရင်းအစည်းအဝေးခန်းမ၀င်ပေါက်တံခါးကိုဆောင့်တွန်းဖွင့်လိုက်သည်။အပေါ်ကရေအိုးသည်ကျွမ်းပြန်၍ကျလာသည်။သားအငယ်ဓားသမားသည်ကျလာသောရေအိုးကိုရန်သူအမှတ်ဖြင့်ဓားကိုဆွဲထုတ်ပြီးလျှပ်ပြက်သကဲ့သို့ခုတ်လိုက်ပိုင်းလိုက်သည်။ရေအိုးသည်လည်းကြမွလွင့်ကျဲသွား၍သူ့တစ်ကိုယ်လုံးလည်းရေတွေရွှဲရွှဲစိုသွားသည်။သားငယ်ဓားသမားသည်ရွှဲရွှဲစိုနေသောအ၀တ်ဖြင့်ပင်အစည်းအဝေးကိုတက်ရတော့သည်။
ဖခင်သိုင်းဆရာကြီးကသားအလတ်နှင့်သားအငယ်ကိုအရည်အချင်းမပြည့်ဝသူဖြစ်ကြောင်းပရိသတ်ရှေ့မှာတင်ပြစ်တင်ဟြေဆိုသည်။သားအကြီးကတော့ကျေနပ်ဖွယ်အရည်အချင်းရှိကြောင်းဂုဏ်ပြုဟြေဆိုသည်။ထို့နောက်ဖခင်သိုင်းဆရာကြီးက“အတတ်ပညာထက်အခြေအနေတွေကိုချင့်ချိန်သုံးသပ်နိုင်တဲ့အသိအမြင်ကပိုပြီးအရေးကြီးတာမျိုးတွေရှိတယ်။သားကြီးဓားသမားဟာအခြေအနေတွေကိုသုံးသပ်နိုင်တဲ့အသိအမြင်ရှိလို့သားငယ်လိုတပင်တပန်းနဲ့ရေအိုးကိုရန်သူထင်ပြီးခုတ်ပိုင်းရတာမျိုးတွေ၊သားလတ်လိုအထိတ်တလန့်ဆီးဖမ်၊ပြန်တင်နေရတာမျိုးတွေလုပ်နေစရာမလိုပဲအစည်းအဝေးကိုအေးအေးဆေးဆေးတက်ရောက်လာခဲ့တယ်။ဒါကြောင့်အတတ်ပညာထက်အသိပညာကပိုပြီးနေရာများစွာအေးကြီးတယ်ဆိုတာကိုသတိပြုစေချင်တယ်”ဟုဟြေရင်းအစည်းအဝေးကိုရုပ်သိမ်းလိုက်ပါသည်ဟုဆိုပါသည်။
အထက်ပါပုံပြင်လေးထဲကဓားသိုင်းဆရာကြီးဟြေတဲ့စကားအရဆိုရင်လူုမှုပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာလည်းအခြေအနေတွေကိုသုံးသပ်နိုင်တဲ့အသိအမြင်ရှိရင်လူမှုအနိဋ္ဌာရုံတွေမဖြစ်ပေါ်ဘဲပြေပြေလည်လည်အောင်အောင်မြင်မြင်ဖြစ်နိုင်တယ် ဟုမှတ်ချက်ချလို့ရပါတယ်။
စာဖတ်သူအပေါင်းကိုဤပုံပြင်လေးထဲကအတိုင်းသားကြီးဓားသမားကဲ့သို့အသိပညာ၊အတတ်ပညာနှစ်ခုလုံးပြည့်စုံနိုင်သူဖြစ်ပါစေလို့ဆုမွန်ကောင်းပို့သရင်းနိဂုံးချုပ်ပါတယ်။ရွှင်လန်းချမ်းမြေ့ကြပါစေ………..
No comments:
Post a Comment