ပရိတ်ဆိုတာ ပရိတ္တ =
အရံအတားလို့ ဆိုပါတယ်။ မြတ်စွာဘုရားရှင် လက်ထက်တော် အခါ ကတည်းက မြတ်စွာဘုရားက
တောထဲ တောင်ထဲ အဆင်ပြေရာ သီတင်းသုံးနေထိုင် ကြရတဲ့ တောရ ဆောက်တည် ကြတဲ့ တပည့်သား
သံဃာတော် အရှင်မြတ်များ ဘေးရန်များက လွတ်အောင် ရွတ်ဆို ပွားများစေတဲ့ အရံ အတား
ဂါထာ မန္တာန်တော်များ ဖြစ်ပါတယ်။
. .
.
မြန်မာများ
ရင်းနှီးနေကျ ပရိတ်ကြီး ဆယ့်တစ်သုတ်မှာ သူ့ သုတ်နဲ့ သူ၊ ဘယ်သုတ်ဟာ ဘယ်လို
ဘေးမျိုးအတွက် အရံ အတားဖြစ်တယ် ဆိုတာ အဓိပ္ပာယ် ကိုယ်စီ ရှိပါတယ်။ ပရိတ်ရွတ်ရာမှာ
ရွတ်သူ စည်းကမ်းနဲ့ ကြားနာသူ စည်းကမ်း ၂မျိုး ရှိပါတယ်။ စည်းကမ်းကို လိုက်နာပြီး
ရွတ်မှ ထက်မြက်စွာ အကျိုး ပေးတယ်လို့ ဆိုပါတယ်။
ရွတ်သူ
စည်းကမ်းများကတော့
(၁) ပုဒ်ဖြတ် ပုဒ်နေ ပါဠိ သဒ္ဒါ အသံမှန်အောင် ရွတ်ရပါမယ်။
(၂) ကိုယ်ရွတ်တဲ့ ပါဠိကို အဓိပ္ပာယ်ကို အတိအကျ အစအဆုံး မသိတောင် အကြမ်းဖျင်းတော့ သိရပါမယ်။ (၃) လာဘ်လာဘ အတွက် ငွေအတွက် မရွတ်ရပါဘူး။ ကြည်လင် သန့်စင်တဲ့ စေတနာ သဒ္ဓါတရားနဲ့သာ ရွတ်ရပါမယ်။
(၁) ပုဒ်ဖြတ် ပုဒ်နေ ပါဠိ သဒ္ဒါ အသံမှန်အောင် ရွတ်ရပါမယ်။
(၂) ကိုယ်ရွတ်တဲ့ ပါဠိကို အဓိပ္ပာယ်ကို အတိအကျ အစအဆုံး မသိတောင် အကြမ်းဖျင်းတော့ သိရပါမယ်။ (၃) လာဘ်လာဘ အတွက် ငွေအတွက် မရွတ်ရပါဘူး။ ကြည်လင် သန့်စင်တဲ့ စေတနာ သဒ္ဓါတရားနဲ့သာ ရွတ်ရပါမယ်။
ကြားနာသူ
စည်းကမ်းများကတော့
(၁) ပဉ္စာနန္တရိယ ကံလို့ ခေါ်ဆိုတဲ့ ဂုဏ်ကျေးဇူး အားဖြင့် အတိုင်းအဆမရှိ အနန္တ ကြီးမြတ်သူ ငါးဦးကို ပြစ်မှား ဖူးတဲ့ ကံ မရှိရပါဘူး။ အဲဒီကံငါးပါးကတော့ မိသတ်၊ ဖသတ်၊ ဘုရားကို သွေးစိမ်းတည်အောင်လုပ်၊ သံဃာကို သင်းခွဲ၊ မိစ္ဆာအယူကို ယူခြင်း တို့ ဖြစ်ပါတယ်။ ဒါတွေကို ပြစ်မှား ကျူးလွန်ထားရင် ပရိတ်နာလဲ အကျိုးခံစားရခြင်း မရှိတော့ပါဘူး။ အဲဒါတွေလုပ်လို့ဖြစ်တဲ့ အကုသိုလ်ကံရဲ့ အကျိုးပေးကို ဘယ်အရာ ကမှ တားမြစ် နိုင်ခြင်း မရှိလို့ပါ။
(၂) နိယတ မိစ္ဆာဒိဌိ မဖြစ်ရပါဘူး။ ဘုရားကို ဘုရားမဟုတ်၊ တရားကို တရားမဟုတ်၊ သံဃာကို သံဃာ မဟုတ်လို့ ထင်မြင် ယူဆ စွပ်စွဲ ပြောဆို လက်ခံ ကျင့်သုံးသူကို ပရိတ်က အကာအကွယ် မပေးပါဘူး။
(၃) ပရိတ်တော်ရဲ့ တန်ခိုးနဲ့ သူ့ရဲ့ အကျိုးအာနိသင်ကို ယုံကြည်မှု သဒ္ဓါတရားနဲ့ ပြည့်စုံ ရပါမယ်။
(၁) ပဉ္စာနန္တရိယ ကံလို့ ခေါ်ဆိုတဲ့ ဂုဏ်ကျေးဇူး အားဖြင့် အတိုင်းအဆမရှိ အနန္တ ကြီးမြတ်သူ ငါးဦးကို ပြစ်မှား ဖူးတဲ့ ကံ မရှိရပါဘူး။ အဲဒီကံငါးပါးကတော့ မိသတ်၊ ဖသတ်၊ ဘုရားကို သွေးစိမ်းတည်အောင်လုပ်၊ သံဃာကို သင်းခွဲ၊ မိစ္ဆာအယူကို ယူခြင်း တို့ ဖြစ်ပါတယ်။ ဒါတွေကို ပြစ်မှား ကျူးလွန်ထားရင် ပရိတ်နာလဲ အကျိုးခံစားရခြင်း မရှိတော့ပါဘူး။ အဲဒါတွေလုပ်လို့ဖြစ်တဲ့ အကုသိုလ်ကံရဲ့ အကျိုးပေးကို ဘယ်အရာ ကမှ တားမြစ် နိုင်ခြင်း မရှိလို့ပါ။
(၂) နိယတ မိစ္ဆာဒိဌိ မဖြစ်ရပါဘူး။ ဘုရားကို ဘုရားမဟုတ်၊ တရားကို တရားမဟုတ်၊ သံဃာကို သံဃာ မဟုတ်လို့ ထင်မြင် ယူဆ စွပ်စွဲ ပြောဆို လက်ခံ ကျင့်သုံးသူကို ပရိတ်က အကာအကွယ် မပေးပါဘူး။
(၃) ပရိတ်တော်ရဲ့ တန်ခိုးနဲ့ သူ့ရဲ့ အကျိုးအာနိသင်ကို ယုံကြည်မှု သဒ္ဓါတရားနဲ့ ပြည့်စုံ ရပါမယ်။
ပရိတ်ကြီး
ဆယ့်တစ်သုတ်မှာ ရွတ်ရုံ ရွတ်ရတဲ့ ပရိတ်နဲ့ ရွတ်လဲ ရွတ်၊ ကျင့်လဲ ကျင့်ရတဲ့ ပရိတ်
ဆိုပြီး ၂မျိုး ပြန်ကွဲပါတယ်။ ရွတ်လဲရွတ်၊ ကျင့်လဲ ကျင့်ရတဲ့ ပရိတ်
သုတ်တော်များကတော့ မင်္ဂလသုတ်၊ အင်္ဂုလိ မာလ သုတ်၊ ဗောဇ္ဈင်သုတ်၊ မေတ္တာသုတ်၊ ခန္ဓသုတ်နဲ့
ဓဇဂ္ဂသုတ်တို့ ဖြစ်ပြီး ရွတ်ရုံ ရွတ်ရတဲ့ သုတ်တော် များကတော့ ရတနသုတ်၊ မောရသုတ်၊
ဝဋ္ဋသုတ်၊ အာဋာနာဋိယသုတ်၊ ပှုဗ္ဗဏှ သုတ်တို့ ဖြစ်ပါတယ်။
မင်္ဂလ
သုတ်= လောကီ၊ လောကုတ္တရာ တို့တွင် သတ္တ၀ါများအတွက် ကောင်းကျိုးချမ်းသာကို ကြီးပွား
စေသော၊ ဆိုးကျိုးများကို ကာကွယ်သော အရံအတား။ (ဆယ့်နှစ်နှစ်တိုင် လူအများ ကြံစည်
တွေးတော နေမှုကို မထင်မရှား နတ်သားတစ်ပါး လာမေးလျှောက်လို့ ဘုရားဟောသည်)
ရတနသုတ်=
ကပ်ကြီး သုံးပါးမှ ကင်းဝေး ပြေပျောက် စေသော သုတ်တော်။ ( ဝေသာလီပြည်တွင် ကပ်ကြီး
သုံးပါး (ဘီလူးဘေး၊ အနာရောဂါဘေး၊ အငတ်ဘေး) ဆိုက်ရောက်ပြီး လူများသေကြေ ပျက်စီး
သောကြောင့် ဘီလူး သရဲများ မြို့တွင်းဝင်ပြီး လူသေ သာမက လူရှင်များကိုပါ သတ်ဖြတ်
စားသောက် လာသောကြောင့် ဘုရင်ရဲ့ ပင့်ဖိတ်ချက်အရ ကြွလာပြီး ရှင် အာနန္ဒာကို
သုတ်တော်ကို သင်ပေးပြီး မြို့တံတိုင်း သုံးထပ် အကြား လှည့်လည် ရွတ်စေပြီး
ကပ်ဘေးများ ကင်းပျောက်စေခဲ့သည်။ )
မေတ္တာသုတ်
= လူ၊ နတ်၊ ဗြဟာ သတ္တ၀ါတို့ ချစ်ခင် မြတ်နိုးစေသော သုတ်တော် ( တောရ ဆောက်တည် သော
သံဃာတော်များရဲ့ သီလ အစွမ်းကြောင့် တောထဲတွင် မနေနိုင်သော နတ်၊ မှင်စာ၊ တစ္ဆေ၊
သရဲတို့ ခြောက်လှန့်သောကြောင့် တရား အားမထုတ်နိုင်ဖြစ်ရသောကြောင့် ထို
အနှောင့်အယှက် ကင်းဝေး စေ ရန် ရွတ်ဆိုစေခဲ့သည်။)
ခန္ဓသုတ်
= မြွေမျိုး၊ ကင်းမျိုး တို့ရဲ့ ဘေးရန်မှ လွတ်မြောက်စေသော သုတ်တော် ( မြွေ
ဆိုသည်မှာ စတုမဟာရာဇ် နတ်မင်းကြီး တစ်ပါးဧ။် အုပ်ချုပ်မှု လက်အောက်ခံ
နဂါးမျိုးစိတ်ထဲမှ နိမ့်သော အမျိုး ဖြစ်သောကြောင့် နတ်မင်းကြီးများကို
တိုင်တည်ပြီး သူ့ရဲ့ တပည့် သားမြေးများ ကိုယ့်ကို မနှောင့်ယှက် စေရန်
တောင်းဆိုစေသော သဘောဖြစ်လေသည်။)
မောရသုတ်
= အဖမ်းအဆီး အချုပ် အနှောင်မှ ကင်းလွတ်စေသော သုတ်တော် (ဘုရားအလောင်း ဥဒေါင်းမင်း
ဘ၀က ပုံမှန် ရွတ်ဆိုခဲ့သောကြောင့် ငှက်ခတ် မုဆိုး သားစဉ်မြေးဆက်
ခုနှစ်ဆက်တိုင်တိုင် က ဥဒေါင်းမင်းကို အနှစ် ခုနှစ်ရာပတ်လုံး ဖမ်းသော်လည်း
မမိခဲ့ပေ။ လက်တွေ့ ဘ၀တွင်လည်း မောရသုတ်ကို ပုံမှန် ရွတ်ဆိုပြီး ကိုယ်စောင့်နတ်ကို
အမျှပေးသူသည် အဖမ်းအဆီး ရှိခဲ့သော် ထိုနေရာမှ အချိန်မီ ခွာရန် အိပ်မက်ရခြင်း၊
သတိပေး ခံရခြင်းများ ဖြစ်လေ့ ရှိသည်ဟု ကြားနာ မှတ်သားဖူးပါသည်။)
ဗောဇ္ဈင်သုတ်=
မကျန်းမာသူများ ပြန်လည် ကျန်းမာ လာစေသော သုတ်တော် (ရှင် မဟာ ကသပ ကိုယ်တော်၊ ရှင်
မောဂ္ဂလာန်ကိုယ်တော်တို့ နာမကျန်းဖြစ်စဉ်က မြတ်စွာဘုရားမှ ရွတ်ဖတ်ရန် သင်ကြား
ပေးပြီး မြတ်စွာဘုရားကိုယ်တော်တိုင် နာမကျန်း ဖြစ်သောအခါ စုန္ဒ မထေရ်ကို ရွတ်စေပြီး
မြတ်စွာဘုရား ကိုယ်တော်တိုင် နာကြားရင်း ပြန်လည် ကျန်းမာ လာခဲ့စေသော သုတ်တော်
ဖြစ်ပါသည်။ သတိ သမ္ဗောဇ္ဈာင်၊ သမာဓိသမ္ဗော ဇ္ဈာင် တို့ကို ကျင့်ရမှာ ဖြစ်ပါတယ်။
နိုင်ငံတော် ပဋိကတ်တိုက် စာကြည့် တိုက်မှူး ယဉ်ကျေးမှု သင်တန်း ဆရာတော် ဘဒ္ဒန္တ
ပညာသာမိ (မာဂဓီ-သာစည်) ဆရာတော် လေဖြတ်ပြီး ဦးနှောက်သွေးကြောပေါက်ကာ ဦးခေါင်းတော်ထဲ
သွေးပြန်ခဲစဉ် တပည့်များမှ ဆရာတော်အတွက် ဗောဇ္ဈင် သုတ်တော်ကို ထိုစဉ်က ဆရာတော်
ရဲ့ သက်စေ့ ၅၇ကြိမ် ရွတ်ဆိုပေးခဲ့ရာ အံ့မခန်းဖွယ် ပြန်လည် ကျန်းမာ လာသည်မှာ
ကိုယ်တွေ့ ဖြစ်ပါသည်။)
အင်္ဂုလိမာလ
သုတ်= မြန်မာ အများစုမှ ကိုယ်ဝန်ဆောင်များ မီးဖွားချိန် ရွတ်လျှင် ကလေးမွေးရ လွယ်
တယ်ဟု မှတ်ယူကာ တွင်ကျယ်စွာ ရွတ်ကြသော်လည်း မည်သည့် ဝေဒနာ ခံစားရသည် ဖြစ်ပါစေ
ရွတ်နိုင် ပါသည်။ (အင်္ဂုလိမာလ မထေရ် ရဟန္တာ ဖြစ်သော်လည်း သူလက်ဖြတ်ခဲ့ဖူးသူများရဲ့
ဆွေမျိုး သားချင်း လူ အများက ဆွမ်းမလောင်းသည့်အပြင် ခဲဖြင့် ပစ်ပေါက်ခြင်း
အစရှိသဖြင့် ဆက်ဆံ ခံရသောကြောင့် ပြေ ပျောက် စေရန် မြတ်စွာဘုရားက သင်ပေးသော
မန္တန်ဖြစ်လေသည်။ အဓိပ္ပာယ်မှာ ငါသည် ရဟန်း ဖြစ် သည့် နေ့မှစပြီး သူတပါးကို
မသတ်ဖူးပါ။ သည်မှန်သော သစ္စာ စကားကြောင့် သင်ခံစား နေရသော ဝေဒနာ ပျောက်ကင်းပါစေဟု
အဓိပ္ပာယ်ရလေသည်။ ထို့ကြောင့် ဒီဂါထာကို ရွတ်ဆို မည့်သူသည် သူတပါး အသက် ကို ခြင်၊
ပရွက်ဆိတ်မှ အစ မသတ်ရပေ။ ထိုမှသာ စွမ်းပါသည်။ မဟုတ်က သစ္စာ ပျက်ပါသည်။)
ဓဇဂ္ဂ
သုတ်= အကြောက်တရားကို ကာကွယ်သော သုတ်တော်။ ( ကြောက်ရွံ့ တုန်လှုပ်သူများ အတွက်
ဟောသည်။ သိကြားမင်း အသုရာကို တိုက်စဉ် နတ်စစ်သည်များက ကြောက်ရွံသောအခါ
နတ်စစ်သူကြီး များရဲ့ အောင်လံဖျားကို ကြည့်ပြီး ရဲဆေးတင်ရန် သိကြားမင်းက ပြောရာ
မြတ်စွာဘုရားက အကြောက် တရား ကိုယ်တိုင် မကင်းသော သိကြားမင်းရဲ့ အောင်လံကို
ကြည့်ရုံနဲ့ နတ်စစ်သည်တို့ တကယ် အ ကြောက် တရား မကင်းနိုင်ကြောင်း၊ အကြောက်တရားမှ တကယ်
ကင်းဝေးသော ငါဘုရားရဲ့ ဂုဏ်တော် များကို ရွတ်ဖတ် ပွားများက အမှန်တကယ် အကြောက်တရား
ကင်းနိုင်ကြောင်း၊ ငါဘုရားရဲ့ ဂုဏ်တော်ကို အာရုံမှာ ထင်အောင် မပွားနိုင်ပါက
တရားဂုဏ်တော် ခြောက်ပါးကို ပွားနိုင်ကြောင်း၊ ဒါတောင်မှ အာရုံမှာ ဂုဏ်တော်
ထင်အောင် မပွားနိုင်ပါက သံဃာ ဂုဏ်တော် ကိုးပါး တို့ကို အထပ်ထပ် ရွတ်ဆို ပွားများ
ခြင်း ဖြင့် ဂုဏ်တော်တို့ ရွတ်ဖတ်သူရဲ့ အာရုံကို ထင်ဟပ် လာသည့်အခါ အကြောက်တရား
ကင်းကြ လိမ့်မည် ဟု ဟောသည်ကို ဥပမာပေးသည်။ သာမန် အဆောက်အဦ၊ တောင်၊ လှေကား၊ သစ်ပင်
စသည်တို့မှ ပြုတ်ကျခြင်းသာ မက ရာထူးပြုတ်မှာ ကြောက်သူများလဲ ရွတ်ကြလေသည်။)
အာဋာနာဋိယ
သုတ်= မြတ်စွာဘုရား လက်ထက်တော် ခေတ်အခါက သာသနာတော်ကို မသက်ဝင်သော၊
သီလစောင့်သူများရဲ့ ဘုန်းကံကို မခံနိုင်သော ဘီလူး မိစ္ဆာများက သာသနာ့ အနွယ်ဝင်
ပရိတ်သတ် လေး ပါး ဖြစ်သော ရဟန်း၊ ရဟန်းမ၊ သာသနာ့ ဒါယကာ၊ သာသနာ့ ဒါယိကာမ တို့ကို
ဖမ်းဆီး နှောင့်ယှက် ကြသောကြောင့် ထို မိစ္ဆာ ဘီလူးများ ယဉ်ကျေးလာပြီး
သာသနာတော်တွင် သက်ဝင် ယုံကြည်လာအောင် ရွတ်ဆိုစေသည်။
ဝဋ္ဋသုတ်
= မီးကွင်းစေသော၊ လောင်နေသော မီးကို ရပ်တန့်စေသော အစွမ်းရှိသည့် သုတ်တော် ဖြစ်သည်။
ဘုရားအလောင်း ငုံးမင်း ဘ၀က တောမီးလောင်ရာ မပျံနိုင်အောင် ငယ်သေးသောကြောင့်
သစ္စာပြုရာ တောမီး ငြိမ်းခဲ့သည်။ သို့သော် စဉ်းစားရန်မှာ ငုံးမင်းရဲ့ သစ္စာပြုပုံမှာ
လူများနဲ့ မတူတဲ့ အချက် ဖြစ်လေသည်။ ငါသည် ငယ်လွန်းသည်။ အတောင်ရှိလျက် မပျံနိုင်
ခြေရှိလျက် မသွားနိုင် ငါ့မိဘ တို့သည် ငါ့ကို ထားခဲ့ပြီ။ ဒီစကားမှန်လျှင် တောမီး
ငြိမ်းပါစေ ဟု အဓိပ္ပာယ် ရလေသည်။ လူများ ရွတ်က တော်မတော် စဉ်းစားစေချင်ပါသည်။
ရွတ်လိုပါကလည်း ငုံးမင်းကို အတုခိုးပြီး မိမိတို့ရဲ့ မှန်ရာ အဖြစ် နဲ့သာ
သစ္စာဆိုခြင်း သို့မဟုတ် ငုံးမင်းက ဒီလို ရွတ်ဆိုမီးကွင်း ဖူးသည်မှာ မှန်ကန်ကြောင်း
သစ္စာဆို ခြင်းသာ ပြုသင့်လေသည်။
ပုဗ္ဗဏှ
သုတ်= နကတ် ဂြိုလ်စီးဂြိုလ်နင်းမကောင်းသောကြောင့် ကံဆိုးများ ကျရောက်သော အခါ
ကံကောင်းရန် ရွတ်သည်။
(မှတ်ချက်)http://www.dhammaweb.net/ မှမျှဝေတင်ပြလိုက်ပါသည်
No comments:
Post a Comment