ပရဟိတအလုပ်ဟူသည် သေးသိမ် သော အလုပ်မဟုတ်ပါဟု ရှေးဦးစွာ ဆိုချင်ပါသည်။
ပရဟိတအလုပ်သည် မည်ရွေ့မည်မျှပင် သေးငယ်စေကာမူ မြင့် မြတ်စင်ကြယ်ခြင်း အပြည့်အ၀ရှိသော၊
သူတော်ကောင်းဆန်သော အသွင်ကို ဆောင်တတ်၏။ ပရဟိတအလုပ်သည် လုပ်နိုင်စွမ်းရှိလာလေလေ
လောက အတွက်၊ နောက်မိမိအတွက် အကျိုးများ လေလေပါပဲ။ သို့သော် ပရဟိတကို
အသုံးချခုတုံးလုပ်၍ ကိုယ်ချမ်းသာရေး၊ ကိုယ့်ဂုဏ်တောက်ပြောင်ရေးအတွက်သာ ကြည့်မည်ဆိုလျှင်ဖြင့်
ထိုသို့သော သူမျိုး သည် သာမန်အကုသိုလ်အလုပ်ကို လုပ် ကိုင်မိသူထက်ပို၍
အပြစ်ကြီးလေးပါလိမ့်မည်။
ပရဟိတအလုပ်သည် မည်ရွေ့မည်မျှပင် သေးငယ်စေကာမူ မြင့် မြတ်စင်ကြယ်ခြင်း အပြည့်အ၀ရှိသော၊
သူတော်ကောင်းဆန်သော အသွင်ကို ဆောင်တတ်၏။ ပရဟိတအလုပ်သည် လုပ်နိုင်စွမ်းရှိလာလေလေ
လောက အတွက်၊ နောက်မိမိအတွက် အကျိုးများ လေလေပါပဲ။ သို့သော် ပရဟိတကို
အသုံးချခုတုံးလုပ်၍ ကိုယ်ချမ်းသာရေး၊ ကိုယ့်ဂုဏ်တောက်ပြောင်ရေးအတွက်သာ ကြည့်မည်ဆိုလျှင်ဖြင့်
ထိုသို့သော သူမျိုး သည် သာမန်အကုသိုလ်အလုပ်ကို လုပ် ကိုင်မိသူထက်ပို၍
အပြစ်ကြီးလေးပါလိမ့်မည်။
ထို့အပြင်လည်း အချိန်တန်၍ ကိုယ့်လုပ်ရပ်ကို လူသိသွားခဲ့မည်ဆိုလျှင် ပတ်ဝန်းကျင်၌
ခေါင်းမဖော်ဝံ့စရာ ရှက် ဖွယ်ရာအထိဖြင့် လူတောသူတော မတိုး သည့်ဘ၀ကို နေ့ချင်းညချင်း
ရောက်သွား နိုင်သေး၏။ ဤအချက်ကို ကားပရဟိတ သမားတိုင်း အထူးတလည် သတိထား
သင့်ကြောင်း တင်ပြလိုပါသည်။
အချို့ကလည်း ပရဟိတသည် မည်သို့သော အလုပ်ကို ခေါ်ပါသနည်း ဟု
မေးကောင်းမေးတတ်ကြပါလိမ့်မည်။ ကျွန်တော်ဉာဏ်မှီသမျှ ဆိုပါရစေ။ မိမိ ကိုယ်ကျိုးကို မငဲ့ဘဲ
(တစ်နည်း) မိမိ အတွက် အကျိုးမရှိစေကာမူ အများ အတွက် အကျိုးရှိနိုင်မည်ဆိုပါက လုပ်
ဆောင်တတ်သော သဘောရှိသည့် အလုပ်ကို ပရဟိတ အလုပ်ဟု ယူဆမိပါ သည်။
ပရဟိတအလုပ်ဟူသည်မှာ ယုတ် စွအဆုံး အများပြည်သူသုံးလမ်းမပေါ်မှာ အမှိုက်တစ်စတွေ့၍
အမြင်မတော်ဟု အသိစိတ်ဝင်ကာ ကောက်ယူပြီး အမှိုက် ပုံထဲသို့ ထည့်လိုက်ခြင်းသည်လည်း
အကျိုးဝင်ပါလိမ့်မည်။ မျဉ်းကြားတွင် တုံချိတုံချိဖြင့် လမ်းကူးနေသော အဘွား အိုကို မြင်၍
တစ်ဖက်သို့ရောက်အောင် ဖေးမတွဲကူကာ ပို့ဆောင်ပေးခြင်းသည် လည်း
ပရဟိတမည်ပါလိမ့်မည်။ပရိဟိတ အလုပ်သည် ကိုယ်ကျိုးအတွက်မဟုတ် အများအကျိုးအတွက်
ဖြစ်သည်ကို ထပ် လောင်း၍ ဆိုပါရစေ။
ပရဟိတအလုပ်တွေ ရွေးချယ်စရာ တပုံတခေါင်းကြီးရှိ၏။ နာရေး၊ သာရေး၊ ပညာရေး၊
ငတ်မွတ်ခေါင်းပါးမှု လျော့ နည်းကျဆင်းရေးစသည်ဖြင့် အနည်း နည်းအဖုံဖုံ ရွေးမကုန်နိုင်ဖွယ်ရာ ရှိပေ
သည်။ မိမိစိတ်သန်ရာ၊ မိမိဝါသနာပါရာ ကို ရွေးချယ်လိုက်ရုံပင်။ သို့သော် အချို့ သော သူများအတွက်မူ
ချွင်းချက်အနေ ဖြင့် လိုအပ်ချက်အရ လုပ်ရသည်လည်း ရှိပေလိမ့်မည်ထားတော့။ အဓိကမှာ မည်သို့ပင်
လုပ်ကိုင်ရစေကာမူ စေတနာ ပိုင်းဖြတ်နိုင်ဖို့သာ အရေးကြီးသည်။ပရ ဟိတသည်
လုပ်သင့်လုပ်ထိုက်သော အလုပ်ဟု ခံယူထားတတ်ဖို့လိုသည်။ အရေးကြီးဆုံးသော အချက်မှာ လူသား
အချင်းချင်း၊ သတ္တ၀ါအချင်းချင်း၊လောက သားအချင်းချင်းအပေါ်တွင် မေတ္တာထား နိုင်ဖို့ဖြစ်၏။
ကျွန်တော်တို့ မြန်မာလူမျိုးများ သည် ရှေးပဝေသဏီကတည်းကပင် ပရ ဟိတအရာ၌
စိတ်အားထက်သန်တတ် ကြသူများဖြစ်၏။ ပရဟိတအလုပ်ကို မိရိုး ဖလာဓလေ့ထုံးစံတစ်ခုကဲ့သို့
လုပ်ကိုင်ခဲ့ ကြသော လူမျိုးများဖြစ်၏။ ထိုသို့ချစ် စရာကောင်းသော ဓလေ့ရှိသည့် လူမျိုး များကို
ယနေ့ကမ္ဘာတွင် ရှာကြည့်ပါ။ မည်မျှရှိပါသနည်း။ ကျွန်တော်ထင်သည်။ ကမ္ဘာ၌ မြန်မာ့မြေထက်
နွေးထွေးတတ် သော နိုင်ငံရှိအံ့မထင်။ မြန်မာလူမျိုးတို့ ၏ သွေးထဲ၌ ပရဟိတသည် စီးဝင်လှည့်
ပတ်ပူးဝင်ချည်းကပ်လာခဲ့လောသလော ဟု ထင်မှတ်ဖွယ်ရာ ဖြစ်လောက်အောင်
သာဓကများရှိနေသည်မှာ ငြင်းခုံဖွယ်ရာ မရှိ။
ဆရာကြီးဇော်ဂျီခံစားပြခဲ့သည်။ “နွေ ဦးကျက်သရေ” ရသစာတန်းထဲမှ မြန်မာ့ ဓလေ့တစ်ခုဖြစ်သော
ရေချမ်းစင်အလှူ အလှကို ကြည့်ပါ။ နွေဦးကျက်သရေ စာတန်းထဲတွင် ဆရာကြီးက -““ထိုရေချမ်းစင်၌
လူတို့၏ စိတ်သစ် စိတ်နု စေတနာသစ်၊ စေတနာနုတို့လည်း ပေါက်နေကြလေပြီဟု တွေးမိခြင်းဖြစ်
သည်””ဟူ၍လည်းကောင်း၊““ထိုအမူအရာမျိုးသည် နွေဦးကျက် သရေတစ်ခုဖြစ်လေသည်။
ထိုအမူအရာ မျိုးကို မြန်မာနိုင်ငံသားတို့၏ ရေချမ်းစင် ယဉ်ကျေးမှုဟုခေါ်ထိုက်လေသည်။
တဖန်လူထုအတွက် လူထုကပြုနိုင်သော အမူအရာမျိုးဖြစ်သဖြင့် လူထုယဉ်ကျေးမှု
ဟူ၍လည်းဆိုနိုင်လေသည်””ဟူ၍လည်းကောင်း ဆရာကြီးသည် မြန်မာ့ဓလေ့ တစ်ခုဖြစ်သည့်
ရေချမ်းစင် အလှူဒါနကိုသူမြင်တွေ့ရသည့်အတိုင်း သူခံစားရ သည့်အတိုင်း အများမြင်သာထင်သာရှိ
လာစေရန်ခံစားတန်ဖိုးထားတတ်လာစေ ရန် ဖောကျူးရေးသားနိုင်စွမ်းခဲ့ပါသည်။
မြန်မာ့ဓလေ့ဖြစ်သည့် ရေချမ်းစင် အလှူလေးသည် သူ့နဂိုရ်အတိုင်းအတိုင်း လေးကပင်
ကြည်နူးပီတိဖြစ်စရာ၊ သာဓု ခေါ်ချင်စရာ ကောင်းလှပြီဖြစ်၏။ ထိုမှ ထပ်၍ ဆရာကြီးဇော်ဂျီ၏ သရုပ်ဖော်
ထုတ်နိုင်စွမ်း ထက်မြက်မှုတို့နှစ်ပေါင်း စပ်မိလိုက်သောအခါတွင် ဖတ်ချင်စဖွယ် ဖြစ်ရုံသာမက
ဖတ်ပြီးလျှင်လည်း မြန်မာ့ ဓလေ့အလှကို ရင်ထဲ၌ ထာဝရစွဲလန်း ခြင်း ဖြစ်ခဲ့ရပါ၏။
ကျွန်တော်တို့ လူမျိုးများအတွက် စာနာတတ်ခြင်း၊ ညှာတာတတ်ခြင်း၊ ဂရုဏာပွားတတ်ခြင်း၊
မေတ္တာထားတတ် ခြင်းအရာ၌ သင်ပြနေစရာမလို လမ်း ညွှန်ပေးနေဖို့ မလိုလောက်အောင်ပင်
ကြွယ်ဝလှ၏။ ဤအရာတို့သည် ကျွန် တော်တို့၏ ထုံးစံ၊ ဓလေ့တစ်ခုပမာဖြစ်၍ နေချေပြီ။
သို့သော်လည်း ကျွန်တော်တို့ လမ်းမှားတတ်ကြသည်။ လမ်းလွဲတတ် ကြသည်။ ဤအရာကိုကား
ဂရုစိုက်ဖို့ လိုလေပြီ။ တချို့အမှားသည် ဘ၀ကို မထိခိုက်သော်လည်း တချို့အမှားသည် ဘ၀ကို
ထိခိုက်တတ်၏။ တချို့အမှား သည် လူမျိုးကို မထိခိုက်သော်လည်း တချို့အမှားသည် လူမျိုးကိုပါ
ထိခိုက် တတ်၏။ စာနာ၊ ညှာတာတတ်သော် လည်း အားမနာသင့်သည့်အခါ၌ အား မနာတတ်ဖို့လို၏။
မေတ္တာ၊ ဂရုဏာ ထား တတ်သော်လည်း အလှူဒါနပြုသည့် အခါ၌ ဉာဏ်ယှဉ်တတ်ဖို့လို၏။
ကျွန်တော်တို့သည် ရေများရာကို မိုးရွာချခဲ့ကြဖူးပြီ။ အားများရာကို အားကူ ခဲ့ကြဖူးပြီ။ ကြည့်ပါအဆွေ။
အားနည်းနေ သော ကျုံလှီနေသော သမိုင်းဝင်နေရာ တွေ၊ ချို့တဲ့နေသော အရပ်တွေ၊ခေါင်းပါး နေသော
ဒေသတွေ၊ ပြောင်သလင်းခါ နေသော မြေလွတ်မြေရိုင်းတွေ၊ ထိုအရာ တွေက ကျွန်တော်တို့ကို
ငံ့လင့်နေကြပြီ။ သူတို့ကို တစ်ဖန်ပြန်လည် ဂရုစိုက်သင့် ကြပြီ။ သူတို့သည် ကျွန်တော်တို့ ဂုဏ်ယူ
ဝံ့ကြွားတတ်ကြသော နေရာဌာနများ တွင် မပါဝင်ခဲ့ကြ၊ လစ်ဟာ၍ ကျန်ခဲ့ရ သည်။ ကျွန်တော်တို့
အိပ်မက်တွေထဲ၌ အရာမ၀င်ဖြစ်ခဲ့ကြရသည်။ သူတို့ကို တစ်လှည့်ပြုစုယုယကြပါစို့။
ကျွန်တော်တို့လူမျိုး၊ ကျွန်တော်တို့ ဓလေ့တွင်ချစ်စရာကောင်းသော အချက် တစ်ခုကျန်ရှိနေသေး၏။
ထိုကားအခြား မဟုတ်။ အားနည်းသူကို ဖေးကူတတ် သော အလေ့အကျင့်ပင်ဖြစ်၏။ ဤ
အလေ့အကျင့်သည် ကျွန်တော်တို့ ရင်ထဲ ၌ ပုန်းခိုနေဘိသည်လော။ ငုတ်လျှိုး ကွယ်ပျောက်လုပြီလော။
ထိုသို့ကားမဖြစ် တန်ရာ။ ကျွန်တော်တို့ဖော်လျှင် သူသည် ပေါ်လာရမည်။ ကျွန်တော်နှိုးလျှင် သူနိုး
လာရမည်။ ထလော့ မြန်မာ … အို မြန်မာတို့၊ ပရဟိတသည် ဒို့အတွက် အဆန်းမဟုတ်။ ပရဟိတသည်
ဒို့ဓလေ့ ဖြစ်၏။ ပရဟိတသည် ဒို့လူမျိုး၏ အမူ အကျင့်ဖြစ်၏။ ပရဟိတသည် ဒို့တိုင်း ပြည်၏
ယဉ်ကျေးမှုဖြစ်၏။ ဒို့ဓလေ့ကို ဒို့ချစ်ရမည်။ ဒို့အမူအကျင့်ကို ဒို့မြတ်နိုးရ မည်။ ဒို့ယဉ်ကျေးမှုကို
ဒို့တန်ဖိုးထားရ မည်။ ဒို့မချစ်လျှင်၊ ဒို့မမြတ်နိုးလျှင်၊ ဒို့ တန်ဖိုးမထားလျှင် အဘယ်သူသည်
ချစ်ခင်မြတ်နိုးတန်ဖိုးထားပါတော့အံ့နည်း။
No comments:
Post a Comment