လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

ငါအိုသွားသောအခါ


                       
-     ငါအိုသွားသောအခါ ငါဟာ အရင်ကငါ မဟုတ်တော့ဘူး။ ငါ့ကို  နားလည်ပေးပါ။                                              စိတ်ရှည်ရှည်ထား  ဆက်ဆံပေးပါ။ 

-   ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားတဲ့အခါ အင်္ကျီ ၊ လုံချည် ဖိုသီဖတ်သီဖြစ်နေတဲ့အခါ ငါ့ကိုမရွံပါနဲ့ ၊ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သသတိရပေးပါ။

-      အပ်ကြောင်းထပ်မက ဟြေဖူးတဲ့စကားတွေ ပြန်ဟြေမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ငယ်ငယ်တုန်းက အိပ်ယာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ၊ ငါးရာ့ငါးဆယ်နိပါတ်တော်တွေ ၊ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ပုံပြင်တွေကို မရိုးအောင်ဟြေရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။

-      မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကိုမြင်ယောင်ပေးပါ။

-      ခေတ်သစ်နည်းပညာတွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့။ ငယ်ငယ်တုန်းက ”ဘာကြောင့်လဲဆိုတဲ့” မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။

-      စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကို ကူတွဲပေးကြပါ။ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက် လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။

-      တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနှင့် နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုချိန်မှာ ငါ့ဘ၀နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။ ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကျု ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲ့ဒီအပြုံးတွေထဲမှာ မဆုံးတဲ့မေတ္တာတွေ တွေ့ရမှာပါ။
                              

1 comment:

Anonymous said...

ရွေးတတ်လိုက်တာ ပုံလေးက အရမ်းချစ်ဖို့ကောင်းတာပဲ စာသားနဲ့ထပ်တူကျပါ၏ ...:)