လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

စိတ်အာဟာရလေးတွေပါ...


- ကိုယ့်ရဲ့ကျော်ကြားမှုဟာ သူများလက်ထဲမှာရှိနေတယ်။ ကိုယ့်ရဲ့ဂုဏ်သိကာနဲ့ ကိုယ်ကျင့်တရားကတော့ ကိုယ့်လက်ထဲမှာပဲရှိတယ်။
- ကိုယ့်ကိုသူတစ်ပါးက မလေးစားတာ တော်တော်ဆိုးပါတယ်။ ဒါပေမယ့်ကိုယ့်ကိုယ်ကို မလေးစားနိုင်တော့တာက ပိုဆိုးပါတယ်။
- ငါ့ကိုယ်ငါ လေးစားမှုရှိနေသေးသရွေ့သူများဘယ်လိုထင်တယ်ဆိုတာကို ကြောင့်ကျဂရုစိုက် နေဖို့မလိုပါဘူး။
- ကိုယ့်ကိုယ်ကို အထင်မသေးတဲ့သူဟာ သူများကိုယ့်ကိုအထင်သေးတာကိုဂရုမစိုက်ဘူး။ ကိုယ့်ကိုယ်ကို ကျေနပ်တဲ့သူဟာ သူများဘာပြောပြောခံနိုင်တယ်။
- သူများချီးမွမ်းတိုင်းကဲ့ရဲ့တိုင်း ကိုယ့်စိတ်မှာ ခံစားမှုတွေဖြစ်နေတယ်ဆိုရင် ကိုယ့်စိတ်ဟာ သူများပိုင်နက်ဖြစ်နေပြီပေါ့။
- နေရာတစ်ခုကိုမရမက မယူချင်တဲ့သူအဖို့ နေရာပျောက်တယ်ဆိုတာ မရှိနိုင်တော့ဘူး။
- သူများအမှတ်ပေးလို့ရတဲ့ အ၇ာတွေအားလုံးဟာ သူများနယ်မြေပဲ။ ဘယ်သူ့မှအမှတ်ပေးလို့ မရတာမှ ကိုယ့်နယ်မြေ။ ကိုယ့်နယ်မြေအစစ်ထဲမှာ ကိုယ်နေရင် ဘယ်သူမှဖယ်ခိုင်းလို့မရဘူး။
- သူများပါးစပ်လှုပ်တိုင်း ကိုယ့်စိတ်ကလှုပ်ရှားရမယ်ဆိုရင် ကိုယ့်ဘ၀ဟာ သူများပါးစပ်မှာ လမ်းဆုံးသွားမယ်။
- ကိုယ့်ကိုတကယ်နှိပ်စက်နိုင်တာ ကိုယ့်အတွေးတွေပဲ။ တခြားသူတွေက ကိုယ့်စိတ်ထဲဝင်လာပြီး နှိပ်စက်လို့မရဘူး။
- ကိုယ့်ကိုယ်ကိုချောင်ပိတ်တဲ့အတွေးမျိုးတွေကို မတွေးပါနဲ့။
- လူတွေကိုတော့လေးစားပါ ဒါပေမယ့်သူတို့ဝေဖန်တာကိုတော့ သိပ်ဂရုမစိုက်ပါနဲ့။
- လူမသိတဲ့အရာ လူမသိနိုင်တဲ့အရာ ။ သူများတိုင်းတာလို့ မရနိုင်တဲ့အရာဟာ ကိုယ့်အတွက် တန်ဖိုးအရှိဆုံး၊ တန်ဖိုးမဖြတ်နိုင်တဲ့ အရာဖြစ်တယ်။ သူများသိနိုင်တဲ့အရာ၊ သူများတိုင်းတာလို့ ရတဲ့အရာဟာ ကိုယ့်အတွက် တန်ဖိုးအရှိဆုံးအရာ မဖြစ်နိုင်ဘူး။
- ကိုယ့်အတွက်အားကိုးစရာအကောင်းဆုံးဟာ ကိုယ့်ရင်ထဲမှာရှိမှ ဖြစ်မယ်။ အပြင်မှာရှိနေလို့မဖြစ်ဘူး။ အပြင်မှာရှိနေတာ ဘယ်အရာမှ အားကိုးစရာအစစ်မဖြစ်ဘူး။
- တကယ်တော့ဘယ်ဟာမှ အရေးမကြီးဘူးဆိုတာကို နားလည်ပါ။ ဘာအတွက်မှ စိတ်ဆင်းရဲ မခံပါနဲ့။
- သူများက ကိုယ့်အပေါ် မတရားတာရှိစေတော့ ကိုယ့်ကိုယ်ကိုတော့တရားမှာဖြစ်မယ်။
- အခြေအနေက ဘယ်လိုပဲဖြစ်နေနေ စိတ်ဆင်းရဲနေတာဟာ ဘာမှအကျိုးမရှိပါဘူး။


ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ

မဟာယာနဘာသာကို လူတော်တော်များများ စိတ်ဝင်တစားရှိသော်လည်း အကြောင်းကြောင်း
ကြောင့်မလေ့လာဖြစ်ပဲ အလှမ်းဝေးနေကြတာကို သတိထားမိပါတယ်၊ အထူးသဖြင့် ကိုယ်နဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ဖာသိဖာသာနေတာလဲ ပါမှာပါ၊ သို့သော်လည်း တိုင်းတပါးကို ရောက်လာ
တဲ့အခါမှာတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ နောက်ဆုံး ဘာသာမဲ့ ၀ါဒသမားကအစ တွေ့မြင်နေကြရတာကြောင့် မသိမဖြစ်အနေနဲ့ လိုအပ်လာတယ်၊ စာရေးသူတို့ ဘုရားသားတော် ရဟန်းတွေမှာတောင် မြန်မာပြည်မှာတုံးက မလိုအပ်ဖူးလို့ ထင်ခဲ့မိတယ်၊

အခုတော့ ကိုယ့်ဝန်းကျင်မှာ မဟာယာနဘုန်းကြီးတွေ၊ သီလရှင်တွေ ၊ တရုတ် ကိုးရီးယား ဂျပန်လူမျိုးတွေကို တွေ့လာ၇တဲ့ အခါမှာတော့ သူတို့ဘာသာအကြောင်းကို မသိလို့ မရတော့ဘူး၊ သူ့တို့ဘာသာကို အစအဆုံး ဘုရား တရားက အစ လိုက်မေးနေရတယ် ဆိုရင် ကိုယ့်မြန်မာလူမျိုး သိက္ခာတော်တော်ကျနေပြီ၊ သီတဂူဆရာတော်ကြီး ပြောတဲ့ စကားတခွန်းကို မှတ်သားမိဘူးတယ်၊ ဘယ်ဘာသာကို မဆို လေ့လာထားပါ၊ သူတို့နဲ့ စကားပြောလို့ အနိုင်လိုချင်၇င် သူ့တို့ ဘာသာရဲ့ အားနည်းချက်ကို သိနေတော့ ပြောဆိုရတာ ( နောက်ဆုံး ငြင်းခုံရင်တောင် ကိုယ်က အနိုင်ရမယ် ) သိပ်လွယ်တယ် တဲ့။ အထူးသဖြင့် စာရေးသူတို့ မြန်မာနိုင်ငံမှာ မဟာယာန ဗုဒ္ဓဘာသာ ဆိုတာ တရုတ်ဘုန်းကြီးကျောင်းတွေမှာသာ ရှိတာမို့ ရဟန်းသံဃာတွေရော ဒကာ ဒကာမတွေပါ အလှမ်းဝေးနေခဲ့ကြတယ်။ ဒါကြောင့် လက်လှမ်းမှီသလောက်ကို တင်ပြလိုက်ပါတယ်၊

ပြည်ထောင်စု သီချင်း




.တော်ဝင်တဲ့သဇင်..



အလှပေါ်အယဉ်ဆင့်ပါလို့ ..
ပန်းတော်ဝင်သဇင်ပွင့်တွေက...
....ပင်မြင့်မှာစံ.......၊

..တောဂနိုင်နံနက်ခင်းမှာလ...
ပန်းရောင်စုံကတ္တီပါခင်းတွေနဲ့ 
....အလှချင်းလည်းပြိုင်.....၊

.....ဘယ်မနိုင်ပြိုင်စံရှားပါပေ့ ...
မော်ကြွားကာလှဂုဏ်မောက်မာတယ်
.....ကွယ်.....တစ်နေ့ တော့......
ကြွေလွင့်မှာဓမ္မတာ...သူမသိပေသမို့ 
....ဝေပွင့်ပါပင်ယံထက်ဆီမှာ..
. ..စွမ်းကုန်ပွင့်အာဖို့ .......
. ပန်းတို့ သဘော..။ 


နွမ်းမပြေတဲ့ ပန်းခရေ


အညိုမှာ အဖြူသက်
***တလှပ်လှပ်နဲ့***
ပွင့်ဖတ်လေးတွေစီ
**ပင်ယံထက်ဝင့်**
***အမြင့်မှာစံ***
သဏ္ဍန်ကသေးသေး
မွှေးပျံ့ပျံ့ရနံ့သင်း
အဆင်းလှမခန့်ညား
မြေခလို့ကြွေသွားတာတောင်
ဘုရားပန်းကပ်
လှကညာဆံနွယ်ထက်မှာ
သူငါလုယက်ပန်ဆင်
***ဘဝင်ငယ်မရှိ***
ဘယ်သူသိနိုင်ပါ့မလဲ
****သြော်..***
နေဝင်ချိန်ရောက်
ငြှိုးငယ်ခြောက်တော့
**စွန့်ပစ်ခြွေချ**
အနေမလှတော့လည်း
ခရေပန်းကတော့
သင်းပျံ့နေဆဲပါကွယ်...