လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

နွားနို့သောက်သုံးခြင်းဖြင့် အရိုးပွခြင်းနှင့် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်

နွားနို့၊ နို့မှုန့်ကို သောက်သုံးခြင်းအားဖြင့် အရိုးပွခြင်းနှင့် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ကြောင်း အာဟာရဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ပြောသည်။ ပိုးသတ်ဆေးအသုံးပြုထားသော ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများစားသုံးခြင်းကြောင့် ဖြစ်ပွားသည့် အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာနှင့် မော်တော်ကားများမှ ထွက်ရှိသော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ ရှူရှိုက်မိခြင်း ကြောင့် ဖြစ်ပေါ်လာသည့် အဆုတ်ကင်ဆာများကိုသာမက ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် ဖြစ်လာသည့် လည်ချောင်းကင်ဆာနှင့် အဆုတ်ကင်ဆာများအား နွားနို့နှင့် နို့မှုန့်ကို သောက်သုံးခြင်းဖြင့် ယင်းရောဂါများကို ကာကွယ်ပေးနိုင်ကြောင်း သိရသည်။
"နေ့စဉ် နို့တစ်ခွက် ပုံမှန်သောက်သုံးခြင်းအားဖြင့် တစ်နေ့တာအတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ပမာဏရဲ့ သုံးပုံတစ်ပုံကို ဖြည့်ဆည်းပေးနိုင်ပါတယ်" ဟု အာဟာရဆိုင်ရာ ဆရာဝန်ကြီးဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က အကြံပြု ပြောကြားသည်။ သို့ရာတွင် နွားနို့နှင့် နို့မှုန့်တွင် ပါဝင်သော Lactose ဓာတ်ကြောင့် လူအချို့တွင် ဝမ်းပျက်၊ ဝမ်းလျှောခြင်း ဖြစ်ပွားနိုင်ပြီး ပရိုတင်းဓာတ်ကြောင့်လည်း လူအချို့တွင် ဝမ်းချုပ်ခြင်းတို့လည်း ဖြစ်ပွားနိုင်ကြောင်း သိရသည်။
"နွားနို့ဖြစ်ဖြစ်၊ နို့မှုန့်ဖြစ်ဖြစ် မတည့်ရင် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်နိုင်တယ်။ နွားနို့ Allergy ဖြစ်တဲ့သူတွေကို Lactose Intolarance လို့ခေါ်တယ်။ Lactose နဲ့ လူတွေရဲ့ ခန္ဓာကိုယ်မတည့်ရင် ဝမ်း ဝမ်းပျက်၊ ဝမ်းလျှောဖြစ်နိုင်တယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေသုံးပုံတစ်ပုံဟာ Lactose Intolarance ရှိတတ်တယ်။ ဒါကြောင့် နို့နဲ့ မတည့်တဲ့ သူတွေကို ပဲနို့အစားထိုးပြီး သုံးနိုင်တယ်" ဟု အာဟာရဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က ဆိုသည်။ ထို့ပြင် မွေးစမှ ခြောက်လအရွယ်ထိ ကလေးများကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးသင့်ကြောင်း၊ မိခင်နို့သည် အပူအအေးမျှတပြီး အစာချေစနစ်ကို ကောင်းစွာဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးနိုင်ကြောင်း၊ အာဟာရဓာတ်လည်း မျှတစွာပါရှိပြီး ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ကြောင်း သိရသည်။
"ကျွန်မသားငယ်ငယ်တုန်းက နို့မှုန့်တိုက်တာ ဝမ်းချုပ်ဖူးတယ်။ ဝမ်းမချုပ်အောင် သကြားနည်းနည်းရော တိုက်ခဲ့ရတယ်။ လူနို့မှာ သကြားဓာတ်များများပါပြီး နွားနို့ကျတော့ ပရိုတင်းဓာတ်များများပါတယ်။ ပရိုတင်းဓာတ်များတဲ့အခါကျတော့ ဝမ်းချုပ်တယ်။ အသားအများကြီးစားတဲ့သူတွေလဲ ဝမ်းချုပ်နိုင်တာပဲ" ဟု ဒေါက်တာအေးအေးသော် ဒုတိယညွှန်ကြားရေးမှူး အာဟာရစီမံချက်မန်နေဂျာ အာဟာရဌာန၊ စိတ်ကျန်းမာရေးဦးစီးဌာနက ဆိုသည်။
"နို့ကို ဖျော်တဲ့နေရာမှာ ဖျော်တဲ့ရေသန့်ရှင်းဖို့နဲ့ ဖျော်တဲ့လက်တို့၊ ခွက်တို့ သန့်ရှင်းဖို့ အင်မတန်မှ အရေးကြီးပါတယ်။ မသန့်ရှင်းရင်တော့ အီကိုလိုင်ပိုး ပေါက်ပွားပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်တယ်။ မြန်မာနိုင်ငံမှာရှိတဲ့ နို့ဆီ၊ နို့မှုန့်ထုတ်လုပ်တဲ့ လုပ်ငန်းတွေနဲ့ ပြည်ပကနေ နို့မှုန့်တင်သွင်းပြီး ပြန်လည် ထုပ်ပိုးရောင်းချတဲ့ လုပ်ငန်းတွေဆိုရင် FDA မှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ထောက်ခံချက်ယူရပါတယ်" ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာ ကျော်လင်းက ဆိုသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA က ပြည်တွင်း နို့ဆီနှင့် နို့မှုန့်လုပ်ငန်းရှင်များအား ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ်များဖြစ်သည့် Good Manufacturing Practice၊ Good Hygine Practice တို့နှင့်အညီ ထုတ်လုပ်ရန် ညွှန်ကြားထားကြောင်း သိရသည်။
"ကလေးတစ်နှစ်ကျော်ပြီဆိုရင် ကျွန်တော်တို့ဆီက နို့မှုန့်ကို ကောင်းကောင်းတိုက်လို့ရပါပြီ။ နို့မှုန့်ကို ကောင်းကောင်းတိုက်လို့ရပါပြီ။ နို့မှုန့်မှာ အမျှင်ဓာတ် Non-protein ပါတဲ့အတွက် ဝမ်းမှန်မှန် သွားနိုင်ပါတယ်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ညွှန်ကြားထားတဲ့အတိုင်း ကျန်းမာရေးနဲ့အညီ ထုတ်လုပ်ထားပါတယ်" ဟု Red Horse Industrial Group မှ ပိုင်ရှင် ဦးထွန်းထွန်းက ဆိုသည်။

                           
Ref : The Flower News

ချစ်သူ ဇနီးမောင်နှံများအတွက် မင်္ဂလာလက်စွပ်လေးများ-၁























အကောင်းမြင်ခြင်း သည် လေဖြတ်ခြင်းကို ကာကွယ်နိုင်


လေဖြတ်ခြင်း မဖြစ်လိုသူများ အတွက် သတင်းကောင်း ပါ။ မစ်ချီဂန် တက္ကသိုလ် ၏ လေ့လာမှု အသစ် တစ်ရပ်အရ အကောင်းမြင်သူ များသည် လေဖြတ်ခြင်းဖြစ်နိုင် သော အန္တရာယ် လျော့ကျမှုရှိ ကြောင်းလေ့လာသိရှိရသည်။ အကောင်းမြင်ခြင်း၏လေဖြတ် ခြင်းအား ကာကွယ်နိုင်စွမ်းမှာ အ ကောင်းမြင်တတ်သူများသည် ကျန်းမာရေးနှင့် ညီ ညွှတ်သော ဘဝနေထိုင် စားသောက်မှုပုံစံကို ရွေးချယ် လေ့ရှိသောကြောင့်ဖြစ် ကြောင်း လေ့လာသူများက ကောက်ချက်ချခဲ့ကြသည်။
လေ့ကျင့်ခန်း လုပ်ခြင်း၊ အဟာရပြည့်ဝသော အစားအသောက်များ စားသောက် ခြင်းစသည့် ကောင်းမွန်သော နေ ထိုင်မှုပုံစံအတိုင်း နေထိုင်သော ကြောင့်လေဖြတ်ခြင်းကိုကာကွယ် နိုင်ခြင်းဖြစ်သည်။ ဘဝမှာ အကောင်းဆုံး အရာတွေကိုပဲ မျှော်လင့်တဲ့သူတွေ က ကျန်းမာရေး ကောင်းမွန်စေ မယ့် လမ်းကြောင်းကိုပဲ တက် တက်ကြွကွလုပ်ဆောင်ကြပါ တယ်။
အကောင်းမြင်တဲ့ သူတွေက ကျန်းမာရေးနဲ့ ဆက်စပ်နေတဲ့ အပြုအမူတွေနဲ့ပတ်သက်ပြီး ဗဟုသုတ ရှိတာရယ်၊ ရောဂါလက္ခဏာတွေနဲ့ ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့ အခါမှာလည်း လျစ်လျူ မထားတတ် တာရယ် ကြောင့် ကျန်းမာနေကြတာပါဟု သုတေ သနပြုလုပ်သူ အဲရစ်ကင်မ်ကဆို ပါတယ်။ အကောင်းမြင် တတ်သူများသည် နှလုံးကျန်းမာရေးအကြောင်း ဗဟုသုတများရှိပြီး နှလုံးကျန်းမာ ရေးနှင့်ညီ ညွှတ်သည့် အပြုအမူ များ၊ လုပ်ဆောင်မှုများကို လိုက် နာခဲ့ကြသည့်အတွက် လေဖြတ် ခြင်းကို ကာကွယ်နိုင်ခြင်းဖြစ်လိမ့် မည်ဟု သူကထပ်မံဖြည့်စွက် ရှင်း ပြခဲ့သည်။
အကောင်း မြင်သူများသည် နှလုံးရောဂါ ဖြစ်နှုန်းလျော့ ကျပြီး ကျန်းမာရေးနှင့် ညီညွှတ်သော ကိုယ်ခံအား စနစ် ရှိနေတတ်သည်။ အဆိုပါ လေ့လာမှုကို အမေ ရိကန် နှလုံး ကျန်းမာရေး အဖွဲ့အစည်း ဂျာနယ်တွင် ဖော်ပြခဲ့ပြီး လေ့လာမှုတွင် အသက် ၅၀ နှင့် အထက် လူဦးရေ ၆၀၄၄ ဦးပါဝင် ကြောင်းနှင့် လေ့လာမှုကို အချိန် တစ်နှစ်ကြာပြုလုပ်ခဲ့ကြောင်း သိ ရသည်။

အိမ်ထောင်သက်တမ်း ကြာမြင့်နေသော ဇနီးမောင်နှံတို့အတွက် အကြံပြုချက်များ




ပျော်ရွှင်တဲ့ မိသားစုအဖြစ် တည်ဆောက်နိုင်တဲ့ ဇနီးမောင်နှံတွေမှာတောင် အသက် ၄၀၊၅၀၊၆၀ ကျော်လာတဲ့ အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းဆုံပြီး မကြည့်ဖြစ်ကြတော့ဘူးလို့ လေ့လာမှုတွေအရ သိရပါတယ်။
နှစ်ပေါင်းများစွာကြာတဲ့အထိ ခိုင်ခိုင်မြဲမြဲလက်တွဲမဖြုတ်ဘဲ ပေါင်းဖော်လာခဲ့တဲ့ ဇနီးမောင်နှံတွေအနေနဲ့ လူမှုရေး၊ စီးပွားရေး၊ သားရေး၊ သမီးရေး. . စတာတွေနဲ့ အလုပ်များနေတဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် ကြင်နာယုယဖို့ မေ့လျော့နေတတ်ကြပါတယ်။ တကယ်တော့ အိမ်ထောင်ရေးမှာ စိတ်ချမ်းမြေ့စွာ ပျော်ရွှင်နေဖို့ဆိုရင် ဇနီးမောင်နှံတွေ အနေနဲ့ နှစ်ကိုယ်တူဘဝဆိုတာ သီးသန့်ရှိနေဖို့ လိုအပ်ပါတယ်။
၁။ စိတ်ထဲရှိတာ ဖွင့်ဟပါ
အသက်အရွယ်အရ တတိယအရွယ်ရောက်လာတာကြောင့် အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ခံစားချက် ကလည်း မှေးမိန်နေပြီဆိုတာ မဖြစ်သင့်ပါ။ စိတ်ခံစားချက်နဲ့ ပတ်သက်ပြီး ရိုးသားတဲ့၊ ပွင့်လင်းတဲ့ ဇနီးမောင်နှံတွေက တစ်ဦးနဲ့တစ်ဦး ပိုမိုရင်းနှီးတတ် ကြပါတယ်။ အငြိမ်းစားယူပြီးတဲ့ ဇနီးမောင်နှံတွေမှာ အတွေးတွေ၊ ခံစားချက်တွေကို မျှဝေတတ်တဲ့ စုံတွဲတွေက ပိုပြီးပျော်ရွှင်ကျန်းမာတတ်ကြောင်း လေ့လာမှုတစ်ခုက ဆိုပါတယ်။
၂။ တစ်ဦးပေါ်တစ်ဦး တန်ဖိုးထားပါ
အိမ်ထောင်သက်တမ်းကြာတဲ့အခါ အချစ်တွေ မှေးမိန်လာပြီး တစ်ဦးပေါ်တစ်ဦး အပြစ်မြင်လာလေ့ရှိတတ်ပါတယ်။ အဲဒီအခါ အခြားသူတွေကို အိမ်ထောင်ဖက်ရဲ့ မကောင်းကြောင်း ပြောလေ့ရှိတတ်ကြပါတယ်။ သက်တမ်းရင့် ဇနီးမောင်နှံတွေကို လေ့လာမှုအရ အိမ်ထောင်ဖက်တစ်ဦးနဲ့တစ်ဦး အပြန်အလှန် တန်ဖိုးထားလေးစားကြတဲ့ ဇနီးမောင်နှံတွေက အပျော်ရွှင်ဆုံး ဖြစ်တတ်ကြောင်း သိရပါတယ်။ ဒါကြောင့် ဇနီးမောင်နှံတွေအနေနဲ့ တစ်ဦးပေါ်တစ်ဦး တန်ဖိုးထားလေးစားပြီး သူတစ်ပါးကို သင့်အိမ်ထောင်ဖက်ရဲ့ မကောင်းကြောင့် မဖွင့်ဟသင့်ပါဘူး။
၃။ ပြန်လည်ဆက်သွယ်ပါ
သင်တို့ဟာ တစ်အိမ်တည်းမှာ နာရီပေါင်းများစွာ ကြာတဲ့အထိ အတူနေနေပေမယ့် ဒါဟာ နှလုံးသားချင်းဆက်သွယ်နေတာမျိုး မဟုတ်ပါဘူး။ တစ်ဦးနဲ့ တစ်ဦး ကြင်နာတာ၊ ဂရုစိုက်တာ၊ လက်ချင်းထိတွေ့တာစတဲ့ ယုယဖေးမမှုကို ၁၀ မိနစ်လောက်ပဲ လုပ်ဆောင်ပေးရင်တောင် တစ်နေ့တာလုံး အတူရှိ နေတာထက် ပိုပြီးရင်းနှီးစေပါတယ်။
၎။ ရယ်မောပါ
ရယ်မောတာဟာ စိတ်ဖိစီးမှု လျော့ကျတဲ့အပြင် ဇနီးမောင်နှံနှစ်ဦးကို ဘဝမှာ ဆက်လက်အသက်ရှင်နိုင်ဖို့ ခွန်အားပေးပါတယ်။ ဇနီးမောင်နှံတွေမှာ ဟာသ ဉာဏ်ရှိပြီး ရယ်စရာပြောတတ်တဲ့ အိမ်ထောင်ဖက်ရှိတာက သာမန်ဇနီးမောင်နှံတွေထက် ပိုမိုခိုင်မြဲသာယာကြောင်း လေ့လာမှုတစ်ခုအရ သိရပါတယ်။
၅။ ဘာသာရေး ကိုင်းရှိုင်းပါ
လောကဓံတရားကို ခံနိုင်ရည်ရှိဖို့ဆိုရင် ဘာသာရေးလိုက်စားဖို့တော့ လိုအပ်ပါတယ်။ တတိယအရွယ်ရောက်လာချိန်မှာ ငယ်စဉ်ကလို ဘဝရဲ့ အကောင်း၊ အဆိုးဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ သိပ်မလွယ်တော့ပါ။ ဒါကြောင့် ဇနီးမောင်နှံနှစ်ဦးဟာ ဘုရားသွား၊ ကျောင်းတက်ပြီး ဘာသာရေးကို ကိုးကွယ်ကိုင်းရှိုင်းဖို့ လိုအပ်ပါတယ်။
Ref : Good Health

သားချော့တေး-၂