လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

ငှက်ပျောသီးရဲ့အကျိုးကျေးဇူးနှင့်သင့်ကို အန္တရာယ်ပေးမည့် မုန့်ပဲသရေစာများ


ပျိုမေတို့ လက်ရှိသုံးနေတဲ့ အလှကုန်တွေအများစု ငှက်ပျောသီးနဲ့ ပြုလုပ်ထားတဲ့ အလှကုန်တွေပဲ ဖြစ်ပါတယ်။ ငှက်ပျောသီးဟာ အသားအရေ အတွက် အကျိုးရှိစေတာမို့ ဝက်ခြံပျောက်အလှကုန်တွေမှာ များသော အားဖြင့်သုံးပြုကြပါတယ်။ ဒါ့အပြင်ဆံကေသာ အတွက် လည်း နူးညံ့ခြင်း၊ နှစ်ခွဖြစ်ခြင်းများကို တားဆီးပေးတာမို့ ဆံကေသာ အလှကုန် ပစ္စည်းတွေမှာလည်း ထည့်သွင်းအသုံးပြုကြပါတယ်။ဒါကြောင့်ငှက်ပျောသီးဟာပျိုမေတို့ရဲ့မိတ်ဆွေကောင်းတစ်ယောက်ဆိုရင် မမှားပါဘူး။ ငှက်ပျောသီးရဲ့ အစွမ်းတွေဟာ ကျန်ရှိနေသေးတာမို့ ဖော်ပြလိုက်ပါတယ်။ စိတ်ဖိစီးမှု

ထရိုင်တိုဖန်နဲ့ အမီနိုအက်ဆစ်တွေပါဝင်တဲ့ အတွက် စိတ်ဖိစီးမှုကို သက်သာရာရစေပြီး လူကို လန်းဆန်းစေပါတယ်။ ပိုတက်ဆီ ယမ်ဓာတ် အများအပြားပါဝင်တဲ့အတွက်ကြောင့်လည်း နှလုံးခုန်နှုန်းကို ပုံမှန် ဖြစ်စေပြီးခန္ဓာကိုယ်ရဲ့ ရေဓာတ်ပါဝင်မှု အနေအထားကို ဟန်ချက်ညီအောင် ညှိပေးပါတယ်။ လူတစ်ယောက်ဟာ စိတ်ဖိစီးမှု ဖြစ်လာရင် ပိုတတ်ဆီယမ်ဓာတ်တွေဟာ လျှော့နည်းသွားပါတယ်။ ငှက်ပျောသီးမှာ ပိုတတ်ဆီယမ်ဓာတ်တွေအများအပြားပါဝင်တဲ့အတွက် လိုအပ်နေတဲ့ ဓာတ်ကို ဖြည့်တင်းပေးပါတယ်။ ဒါ့ပြင် ဦးနှောက်ဥာဏ်ရည်ကိုလည်း ထက်မြက်စေပါတယ်။ဒါကြောင့်စာမေးပွဲဖြေခါနီးကျရင်ငှက်ပျောသီးစားပေးတာဟာကျောင်းသားတွေအတွက် ကျက်ထားတဲ့ စာတွေ မမေ့ မလျှော့စေတော့ပါဘူး။

အမြင်အာရုံ


တစ်နေ့ကို သစ်သီးသုံးမျိုး နေ့စဉ်စားသုံးလာတဲ့သူဟာ အသက်အရွယ်ကြီးလာရင် အမြင်အာရုံချို့ယွင်းမှု နည်းပါးတယ်လို့ သုတေသန တစ်ခုက ဆိုထားပါတယ်။ တခြားလူကြီးရောဂါများကိုလည်း ကာကွယ်ပေးပါတယ်။

ပျို့အန်ခြင်း


အစာ(နေ့လည်စာ၊ မနက်စာ၊ ညစာ) စားပြီး သွားရည်စာအဖြစ် ငှက်ပျောသီးကို စားပေးတာဟာ ပျို့အန်ခြင်းကို တားဆီးပေးနိုင် ပါတယ်။

ဆေးလိပ်သောက်ခြင်း


ဆေးလိပ်ဖြတ်မယ်ဆိုရင် ငှက်ပျောသီးစားပေးပါ။ ငှက်ပျောသီးဟာ ဆေးလိပ်ဖြတ်တဲ့နေရာမှာ အထောက်အကူပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗီတာမင် B6၊ B12 တို့ပါဝင်ပြီး ပိုတတ်ဆီယမ်နဲ့မဂ္ဂနီဆီယမ်ဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်တဲ့အတွက် နီကိုတင်းကြောင့် ဆုံးရှုံးသွားတာတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

ခြင်အန္တရာယ်
ယင်ဖိုတောင် မသန်းဖူးတဲ့ ပျိုမေတွေအတွက် ခြင်မ(သွေးစုပ်သော ခြင်သည်အမသာရှိ) ရန်ကြောင့် အဖုအပိတ် ထွက်လာခဲ့ရင် ငှက်ပျောသီး အခွံနဲ့ ပွတ်သပ်ပေးရင် ယားယံတာ၊ အဖုအပိတ်ထွက်တာတွေပျောက်ကင်းနိုင်ပါတယ်။


လေဖြတ်ခြင်း
နယူးအင်္ဂလန်ဆေးပညာဂျာနယ်ကပြုလုပ်တဲ့ သုတေသနတစ်ခုအရ ငှက်ပျောသီး စားသုံးခြင်းဟာ လေဖြတ်ခြင်းကို ကောင်းစွာ ကာကွယ်နိုင်ကြောင်း တွေ့ရှိထားပါတယ်။

အီဂျစ်နဲ့ ရောမလူမျိုးများရဲ့ လျှို့ဝှက်ချက်

အီဂျစ်နဲ့ ရောမလူမျိုးများဟာ သူတို့ရဲ့ အလှအပဆိုင်ရာ နည်းပညာတွေထဲမှာ ငှက်ပျောသီးအသုံးလည်း ပါပါတယ်။ ငှက်ပျောသီးထဲမှာ အမီနို အက်ဆစ်ပါဝင်ကြောင်း အထက်မှာ ဖော်ပြပြီးသွားပါပြီ။ အမီနို အက်ဆစ်ဟာအသားအရေနဲ့ ဆံကေသာအတွက် အရမ်းအကျိုး ရှိစေပါတယ်။ ဆံသားကို ပျော့ပြောင်းစေပြီး ဗီတာမင်အေ၊ ဘီ၊ စီ တို့လည်း ပါဝင်တဲ့အတွက် ဆံပင်နှစ်ခွ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ငှက်ပျောသီး သက်သက်ကို အခွံခွာပြီး ဆံပင်ကို ပွတ်ပေးပါ။ ပြီးရင် ခဏစောင့်ပြီးမှ ရေနဲ့ ပြန်လျှော်ပေးပါ။ Conditioner သုံးစရာမ လိုအောင် ဆံပင်ဟာ တောက်ပြောင်၊ နူးညံ့ ရွှန်းစိုစေပါတယ်။

အရေပြားအတွက်
ငှက်ပျောသီးအခွံ သက်သက်ကို အရေပြားပေါ်တွင် ပွတ်သပ်လိမ်းပေးခြင်းဟာလည်း အရေပြားအတွက် ကောင်းစေပါတယ်။ ဝက်ခြံရှိတယ်ဆိုရင် မျက်နှာကို ငှက်ပျောသီးအခွံနဲ့ပွတ်ပေးပါ။ ခဏတာအတွင်း ဝက်ခြံတွေပျောက်ကင်းသွားပါလိမ့်မယ်။ ငှက်ပျောသီးကို ချေပြီး မျက်နှာကို လိမ်းချေပေးပါ။ ပြီးရင် ၁၀- ၁၅ မိနစ်လောက်စောင့်ပြီး ရေနဲ့ ပြန်သစ်ပေးပါ။ အချိန်မှန်မှန်လုပ်ပေးလာတာနဲ့အမျှအသား အရေကို ဝင်းပလာစေပါတယ်။မျက်နှာပေါ်က အညစ်အကြေးတွေ ကင်းစင်စေပါတယ်။ အမာရွတ်တွေ ပျောက်စေပါတယ်။ကြွက်နို့ကို သတ်တဲ့အခါမှာလည်း သုံးနိုင်ပါသေးတယ်။ ငှက်ပျောသီး အတွင်းသားနဲ့ ကြွက်နို့ကို ဖုံးပေးပြီးသတ်နိုင်ပါတယ်။ထောပတ်သီး တစ်လုံး၊ ငှက်ပျောသီး တစ်လုံး၊ နွားနို့စစ်စစ် ၂ ဇွန်း နဲ့ ဗီတာမင် အီးအဆီ ၂ ဇွန်းတို့ကို ယူပါ။ ထောပတ်သီးနဲ့ ငှက်ပျောသီးကိုချေပြီး သမအောင် နယ်ပေးပါ။ ပြီးမှ နွားနို့ကို ထည့်ပေးပါ။
ပြီးရင် အဲဒီ့အရည်ကို မျက်နှာနဲ့ အသားအရေအတွက် လိမ်းပေးပါ။ ဆယ်မိနစ်လောက် အခြောက် ခံပြီးမှ ပြန်ပြီးရေနဲ့ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ ကောင်းကျိုးတွေကတော့ အရည်ပြားကို နူးညံ့ရွှန်းစိုစေပါတယ်။


ကလေးများအတွက်


ငှက်ပျောသီးဟာ ပျိုမေတို့အတွက်သာမက ကလေးသူငယ်အတွက်ပါ အကျိုးရှိစေတဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။ အစာအလွယ် တကူချေဖျက်စေနိုင်ပြီး အဆီလည်း မပါတဲ့အတွက် ကလေးတွေနဲ့ လိုက်ဖက်တဲ့အစားအစာမျိုး ဖြစ်ပါတယ်။ ငှက်ပျောသီးနဲ့ မတည့်တဲ့ ကလေး ရှားပါတယ်။ နောက်ပြီး ခန္ဓာကိုယ် ကြီးထွားစေဖို့အတွက်လည်း ငှက်ပျောသီးဟာ လိုအပ်တဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။ အဆုံးသတ်ပြောရရင်ပျိုမေတို့အတွက် ငှက်ပျောသီးဟာ အသားအရေအတွက်ရော၊ ဆံပင်အတွက် သာမက ကိုယ်တွင်း ကျန်းမာရေးနဲ့ နောင်ရေးအာရောပျံအတွက်ပါ အကျိုးရှိစေတာမို့ အစာလည်းဆေး၊ ဆေးလည်း အစာအဖြစ် သုံးဆောင်ရင်းလှသထက် လှနိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။





သင့်ကို အန္တရာယ်ပေးမည့် မုန့်ပဲသရေစာများ

အာဟာရတန်ဖိုးမရှိဘဲ အလွယ်တကူပြင်ဆင်ပြီး ရောင်းချတဲ့အစားအစာတွေကို Junk food လို့ခေါ်ပါတယ်။ ဒီနေ့ခေတ်မှာ Junk food-တွေဟာ အလွန်ကိုပေါများပြီး အလွယ်တကူရနိုင်တဲ့အတွက် မကြာခဏဆိုသလိုစားမိတတ်ကြပါတယ်။ Junk food-တွေဟာ အရသာလည်းရှိပြီး အပြင်အဆင်ထုပ်ပိုးပုံတွေနဲ့ ရောင်းချတဲ့ဆိုင်တွေကလည်း လှပခေတ်မီတဲ့အတွက် ဒီနေ့ခေတ်လူငယ်တွေ အကြားမှာ Junk food-တွေ စားသုံးတာ Junk food-ရောင်းတဲ့ဆိုင်တွေမှာ ထိုင်တာမျိုးတွေဟာ ဒီနေ့ခေတ်ရဲ့ စတိုင်လ်တခုလို တောင် ဖြစ်နေပါတယ်။

အချိုရည်၊ ဒိုးနတ်မုန့်၊ ကိတ်မုန့်၊ ဟမ်ဘာဂါ၊ ဟော့ဒေါ့၊ ပီဇာ၊ ဘီစကွတ်၊ အာလူးကြော်၊ ရေခဲမုန့်၊ ရေခဲချောင်း စတဲ့ အမြန်စာတွေဟာ Junk food-တွေ ဖြစ်ပါတယ်။ ဒီမုန့်ပဲသရေစာတွေဟာ အာဟာရတန်ဖိုး မရှိရုံသာမက အမြဲစားနေရင် ရေရှည်မှာ သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ Junk food-တွေမှာ အဆီ၊ ဆားနဲ့ သကြားတွေ အများအပြားပါဝင်တဲ့အတွက်ကြောင့် အရာသာရှိနေတာဖြစ်ပြီး သင့်ကျန်းမာရေး အတွက်တော့အန္တရာယ်ပေးနိုင်တဲ့ အရာတွေပါ။

အိပ်နေကြတော့မှာလား

“မြန်မာတွေ အသိနည်းတယ်။ဘာဝယ်ဝယ် ကိုယ့်လူမျိုး ကိုယ့်ဘာသာ အားပေးသင့်တယ် ဆိုတာ မေ့နေပုံ ရတယ်။ ကြုံသလိုဝယ်ကြတာပဲ”။ “ဘာသာခြားတစ်ယောက်က ကားကိုတားတယ်။ ဈေးတည့်ပြီးမှ သူတို့ ဘာသာဝင်ကားလည်း မြင်ရော ဒီကကားကို ထားခဲ့ပြီး ဟိုကားကို ဈေးမမေးဘဲ လိုက်သွားတယ်။” အိမ်ထောင်ပြုတဲ့ နေရာမှာ ဘာသာနဲ့လူမျိုး ကွဲပြားသူကိုတော့ ရှောင်ကြ။
“ဟိုက ချစ်မြတ်နိုး၍ ယူသည်ဆိုလျှင် ခံသာသေးတယ်။ မိမိကို မျိုးပွားကိရိယာ သဘောမျိုး စီးမံကိန်းနှင့် ယူခဲ့လျှင်ကား မစဉ်းစား ရဲစရာ၊ အနစ်နာကြီး နစ်နာပေတော့မည်။””ဘာသာရေး ကိုယ်ခံကောင်းဖို့ လို၏။ သို့မဟုတ်ပါက သူများဘာသာ၏ ဝါးမျိုမှုကို ခံရပေလိမ့်မည်။ ထိုအခါ ပစ္စုပ္ပန် သံသရာ အနစ်နာကြီး နစ်နာ ရပေလိမ့်မည်။ ဘာသာခြား လူမျိုးခြားနှင့် ပေါက်ဖွားလာသော မိမိ၏ ရင်သွေးများလည်း (ဘုတ်မဟုတ်) (ကျီးမမည်) ဖြစ်ရပေတော့မည်။ ဤအရေးတို့ကို သက်ဆိုင်ရာ မိဘ အုပ်ထိန်းသူများက ကြိုတင် ပညာပေး ထားသင့်သည်။ ပေါ့ပေါ့ဆဆ မနေသင့်သော အရေးတကြီး ကိစ္စအဖြစ် နားလည်သဘောပေါက်ထား သင့်သည်။”
“အားလုံးသိကြတဲ့အတိုင်း ပိဋကတ်သုံးပုံလုံး အောင်မြင်တော်မူခဲ့တဲ့ တိပိဋကဆရာတော် မင်းကွန်းဆရာ တော်ဘုရားကြီးက မိန့်ဖူးပါတယ်။ ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင်က အမြတ် (၁၀)ကျပ် ယူတယ်။ ဘာသာခြားဆိုင်က အမြတ်ငွေ (၂)ကျပ် ယူတယ်ထား။ ကိုယ့်ဘာသာဝင်ကို အားပေးလိုက်ပါ။ ကိုယ့် ဘာသာဝင်ကို ပေးရတဲ့ အမြတ်ငွေ ၁၀ ကျပ်က ကိုယ့်လူမျိုး ကိုယ်ဘာသာအတွက်ဖြစ်ပါလိမ့်မည်။ ဘာသာခြားကို ပေးရတဲ့ အမြတ်ငွေ ၂ကျပ်က သူဘာသာအတွက် အသုံးချလိမ့်မည်။ တဲ့။”
“မြန်မာရောင်းတဲ့ ဆိုင်ပါပဲ။ ဆက်ဆံရေးက ကျဲလိုက်တာ။ ဘယ်မေးလို့ မေးရမှန်းမသိဘူး။ ဝယ်သူကို အရေးမစိုက်ဘူး။ မျက်နှာကြီး တစ်ခွဲသားနဲ့။ ထိုင်စရာက မရှိ။ စကားပြန်ရဖို့စောင့်လိုက်ရတာ။ ဟိုဆိုင် ကဖြင့် အရေးယူလိုက်တာ၊ ကြွပါ ထိုင်ပါ ဘုရားတပည့်တော်နဲ့ ပြောတတ်လိုက်တာ” အဲဒီတော့ ဈေးရောင်း တဲ့ မြန်မာလူမျိုးများလည်း သတိထား ဆင်ခြင်ပါ။
မြန်မာတွေ ဈေးရောင်းတာလိုသေးတယ်။ လူမျိုးခြား ဘာသာခြား ဆိုင်များကို အတုယူသင့်သည်။ လမ်းသွားရင် သူတို့ဆိုင်ဘက် ငဲ့ကြည့်မိသည်နှင့် လာပါ ဝင်ပါ ကြည့်ပါ ဘာယူချင်သလဲ စသည့်ဖြင့် ဖိတ်ခေါ်တတ်ကြတယ်။ မြန်မာဈေးရောင်းသူတို့ အထူး သတိထားစရာဖြစ်ပါတယ်။ မျိုးချစ်စိတ် ဘာသာချစ် စိတ် ကိုယ်ခံအားနည်းလျှင် အခြား လူမျိုး ဘာသာခြားတို့ ဝင်ပူပြီး အမျိုးဘာသာ ပျောက်မှာ စိုးရတယ်။
(ထန်းခြောက်ပင် အရှင်ဇဝန ဓမ္မရံသီ)

အချောင်မလိုချင်ကြပါနဲ့

လူသားအားလုံးဟာ လောကကြီးထဲမှာ ကျင်လည်နေရသမျှကာလပတ်လုံး သူ့နေရာနဲ့သူ ရောက်ရာဘုံဌာန၊ သတ္တ၀ါအမျိုးအစားအလိုက် တာဝန်ကိုယ်စီ အလုပ်လုပ်ကြရဦးမှာပါ။ မိမိတို့ဟာ လူရယ်လို့ဖြစ်လာရင်တော့ အသက်အရွယ်အလိုက် တာဝန်ယူဆောင်ရွက်ရမဲ့ အလုပ်ကိစ္စများ ကိုယ်စီကိုယ်စီ ရှိလာကြပါတယ်။ အဲဒီလို လူဖြစ်လာလို့ လူ့တာဝန်ကို မဆောင်ရွက်ဘဲ အလကားနေ၊ အလကားစား၊ ပေါ့ပေါ့နေပေါ့ပေါ့စား လုပ်နေမယ်ဆိုရင် အဲဒီလူဟာ အလိုအလျောက် အချောင်သမားဘ၀ကို ရောက်သွားပါတယ်။ အဲဒါကြောင့် ရရှိလာတဲ့ လူ့ဘ၀လေးမှာ မိမိမျက်မှောက်တာဝန်များကို ကျေပွန်အောင် သိက္ခာတရားနဲ့အတူ ကိုယ်ကျင့်တရားကောင်းအောင် နေရမှာဖြစ်သလို အနာဂတ်ဘ၀ကောင်းစားရေးအတွက်လည်း ကောင်းမှုတွေနဲ့ ရှင်သန်ပေးနေရမှာပါ။

သင် “ဥယျာဉ်မှူးလား” “၀ယ်သူလား”

မြန်မာပြည်ဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့် နေရာအနှံ့အပြားမှာ ဥယျာဉ် ကိုင်းကျွန်းလယ်ယာများ စိုက်ခင်းပျိုးခင်းများကို တွေ့မြင်နိုင်ကြပါတယ်၊ ဆယ့်နှစ်ရာသီလုံး နေရာအနှံ့အပြားမှာ စိုက်ပျိုးထွန်ယက်ပြီး သီးနှံများဝေဆာစွာ လှပနေတဲ့အတွက်ကြောင့် အမိမြန်မာနိုင်ငံကို ထာဝရစိမ်းလန်းလှပနေတဲ့ နိုင်ငံတော်လို့ ကျွန်ုပ်တင်စားပြောလိုပါသည်။

စိမ်းလန်းခြင်းနှစ်မျိုးရှိပါတယ်။ ပြင်ပ(ဗဟိဒ္ဓ) စိမ်းလန်းခြင်းနှင့် အတွင်း (အဇ္ဈတ္တ) စိမ်းလန်းခြင်းတို့ဖြစ်ကြပါသည်။ မည်သည့်စိမ်းလန်းခြင်းမဆိုး လူတစ်ယောက်ရဲ့စိတ်ကို ပျော်ရွှင်ကြည်နူးစေပါတယ်၊အေးမြစေပါတယ်၊တစ်ခါတစ်ရံ အကျွန်ုပ်တို့ပင်ပန်း နွမ်းနယ်တဲ့အခါမှာ စိမ်းလန်းစိုပြေနေတဲ့နေတဲ့ လယ်ယာကိုင်းကျွန်း တောတောင်များကို ကြည့်လိုက်တဲ့အခါမှာ ပင်ပန်းမှုတွေပျောက်ကုန်ပြီးတော့ ပြန်လည်လန်းဆန်းလာမှုကို ခံစားကြရပါတယ်။ ဒါပြင်ပစိမ်းလန်းခြင်းရဲ့ အရှိန်ရိုက်ခတ်မှုကြောင့် ဖြစ်ပါတယ်။

အတွင်းစိမ်းလန်းမှု ဆိုတာကတော့ ကျွန်ုပ်တို့ကို ပူလောင်စေတဲ့ ညှိုးခြောက်စေတဲ့ ပိုပြီးမောဟိုက်စေတဲ့ လောဘ ၊ ဒေါသ၊ မောဟ အစရှိတဲ့ ကိလေသာအညစ်အကြေးတွေ အတွင်းအဇ္ဈတ္တမှာ လျော့နည်းနေခြင်း၊ လုံးဝမရှိခြင်း၊ ထိန်းချုပ်ထားခြင်း ကိုဆိုလိုပါတယ်။

လူတစ်ယောက်ဟာ မည်မျှပင် စီးပွားဥစ္စာတွေနဲ့ပြည့်စုံပါစေ၊ သူ့ရဲ့အဇ္ဈတ္တမှာ လောဘ၊ ဒေါသ၊ မောဟ အစရှိတဲ့ အပူမီးတွေများနေမယ်ဆိုရင် ချမ်းသာကြွယ်ဝ မှုက သူ့ကိုတကယ်ပျော်ရွှင် ချမ်းမြေ့အောင်လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။

ဒီလိုအတွင်း စိမ်းလန်းမှု သို့မဟုတ် ငြိမ်းချမ်းမှုတွေရအောင် ကျွန်ုပ်တို့ဘာလုပ်သင့်သလဲ ? ဗုဒ္ဓတရားတွေကို လေ့လာလိုက်စားပြီး လက်တွေ့ကျင့်သုံးပါတယ်။ သင် တကယ်ဗုဒ္ဓတရားတွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် အပြင်မှာ အခြေအနေအမျိုးမျိုးကြောင့် မည်သို့ပင်ရှိနေပါစေ ၊ သင့်ရင်ထဲမှာတော့ စိမ်းလန်းစိုပြေနေမှာပါ။

ဘာဖြစ်လို့လည်းဆိုတော့ ဗုဒ္ဓဘာသာဟာ ပူလောင်မှုကို ကိုယ်စာမပြုပါ၊ အေးချမ်းမှုကို ကိုယ်စားပြုပါတယ်၊ နောက်ဆုံးဗုဒ္ဓဘာသာ ပန်းတိုင်ဟာလည်း ၀မ်းနည်းရခြင်း ၊ ပူဆွေးရခြင်း၊ ငိုကြွေးရခြင်း အစရှိတဲ့ ဆင်းရဲအပေါင်းရဲ့ (ပူလောင်ခြောက်သွေ့ခြင်းအပေါင်းရဲ့) ချုပ်ငြိမ်းသွားခြင်း သဘောပါပဲ၊ အပြည့်အ၀ ချုပ်ငြိမ်းမသွားခင်မှာလည်းပဲ တစ်ယောက်နဲ့ တစ်ယောက်နားလည်ခြင်းတွေ ကိုယ်ကျိုးမဆန်ခြင်း မိမိ မိသားစု၊ တာဝန်ကျေပွန်ရေး အစရှိတဲ့ လောကကြီးရဲ့ သာယာလှပရေးကို ဦးတည်တဲ့ အဆုံးအမတွေကို ဗုဒ္ဓဘာသာဝင်တွေကို သင်ကြားပေးပါတယ်။

ဤကဲ့သို့ တန်ဘိုးရှိလှတဲ့ အနှစ်သာရတွေ ပြည့်နေတဲ့ ငြိမ်းချမ်းမှုတွေ အပြည့်အ၀ပေးနိုင်တဲ့ ဗုဒ္ဓသာသနာတော်ကြီးဟာ ယခုအကျွန်ုပ်တို့တွေရဲ့လက်ထဲရောက်နေပါပြီ။ အကျွန်ုပ်တို့မြန်မာပြည်သူတွေဟာ ဗုဒ္ဓသာသနာဥယျာဉ်ကြီးထဲက ဓမ္မအသီးများကို သုံးဆောင်နေနိုင်ကြတာဟာ တကယ်စဉ်းစားကြည့်မယ်ဆိုရင် ဟို ရှေး ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့ရဲ့ လက်ဆင့်ကမ်း ဗုဒ္ဓဘာသာကို သယ်ဆောင်လာခဲ့ကြလို့ဖြစ်ပါတယ်။

အတိတ်လူသားတွေ လုပ်တဲ့လုပ်ရပ်ရဲ့ ကောင်းကျိုး ဆိုးကျိုးကို ကျွန်ုပ်တို့ ပစ္စုပ္ပန်လူသားတွေ ခံစားကြရပါတယ်၊ ပစ္စုပ္ပန်လူသားတွေလုပ်တဲ့ လုပ်ရပ်ရဲ့ ကောင်းကျိုး ဆိုးကျိုးကိုလည်းပဲ မလွဲမသွေ အနာဂတ် မျိုးဆက်သစ်တွေ တွေ့ကြုံခံစားကြရမှာဖြစ်ပါတယ်။

ယခုအကျွန်ုပ်တို့ဟာ ဗုဒ္ဓဘာသာလို့ခေါ်တဲ့ ဥယျာဉ်ကြီးထဲမှာ အရိပ်နားခိုခွင့်တွေ၊ ရင်ကိုအေးမြစေတဲ့ ဘ၀ အမောတွေ၊ အပူတွေကိုလွင့်ပယ်စေတဲ့ ဓမ္မအသီးများကို သုံးဆောင်ခံစားခွင့်တွေ ရနေကြပါလိမ့်မယ်။

ဒါဟာ ဘာကြောင့်လဲဆိုတော့ ရှေးဘိုး၊ ဘေး၊ ဘီ၊ ဘင် တို့က လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့လို့ ကျွန်ုပ်တို့ ပစ္စုပ္ပန်လူသားတွေ အဆင်ပြေနေကြတာပါ။ ဒါဆိုရင် နောက်အနာဂတ် ကျွန်ုပ်တို့မျိုးဆက်သစ်တွေ အတွက်ရော ကျွန်ုပ်တို့ ဒီတန်ဖိုးရှိပြီး ရှားပါးလှတဲ့ သာသနာ့ဥယျာဉ်ကြီးကို အမြဲထာဝရ စိမ်းလန်းပြီး နှစ်တွေရှည်သထက်ရှည်အောင် မလုပ်သင့်ဘူးလား။

ဘာလုပ်သင့်သလဲ ? ဘာတွေလုပ်ဖို့ လိုသလဲဆိုပြီးတော့ သင်ကမေးပါလိမ့်မယ်၊ တကယ်တော့ သင်ဟာ ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်တယ်ဆိုရင် ဒီသာသနာဥယျာဉ်ကြီး အမြဲထာဝရ စိမ်းလန်းစိုပြေရေး၊ ရေရှည်တည်တံ့ရေးအတွက် တစ်ထောင့်တစ်နေရာကနေ စွမ်းအားရှိသလောက် လုပ်ဆောင်နေတာပါလို့ ဖြေပါရစေ။ ဒါပေမယ့် စိတ်လေးနဲနဲ ထားတတ်ဖို့ သို့မဟုတ် ပြုပြင်ပြောင်းလဲဖို့တော့ လိုပါလိမ့်မယ်။

သင်ဟာ တကယ်လို့ မိရိုးဖလာဗုဒ္ဓဘာသာ အဆင့်မဟုတ်တော့ပဲနဲ့ တရား ဓမ္မတွေကို လက်တွေ့ကျကျ လေ့လာလိုက်စားပြီးပြီ ဆိုရင်တော့ ဥယျာဉ်မှူးသာ လုပ်ပါတော့ ၀ယ်သူမလုပ်ပါနဲ့လို့ တောင်းဆိုပါရစေ။ ဥယျာဉ်မှူးနဲ့ဝယ်သူ သိပ်ကွာခြားပါတယ်။

ပန်း သို့မဟုတ် သစ်သီးတွေကို ဥယျာဉ်မှူးထံမှ လာဝယ်တဲ့သူဆိုပါတော့ သူ့မှာ ဈေးဆစ်ပိုင်ခွင့်ရှိပါတယ်။ ဒီဆိုင်မကြိုက်ရင် နောက်တစ်ဆိုင် ပြောင်းခွင့်ရှိပါတယ်။ ဥယျာဉ်မှူးကတော့ ဒီလိုမဟုတ်ရပါဘူး။ မိမိရှင်သန်အောင် စိုက်ပျိုးနေတဲ့ အပင်လေးတွေ ရှင်သန်ကြီးထွားဖို့ပဲ ရည်စူးပါတယ်။ သူစိုက်ပျိုးနေတဲ့ အပင်ငယ်လေးတွေဟာ အားကောင်းမောင်းသန်နဲ့ ကြီးထွားလာကြပြီး အလားအလာကောင်းနေတာလေးတွေကိုတွေ့ရင် သူ့စိတ်ထဲမှာ ပျော်နေမှာ အမှန်ပါပဲ။

အချို့အပင်လေးတွေကြတော့လည်း ဖွံ့ဖြိုးမှုနှေးကွေးပြီး အရွက်အခက်တွေကောင်းကောင်း မထွက်နိုင်ဘူးဆိုရင်တော့ ဥယျာဉ်မှူးက ဥပေက္ခာမပြုပဲနဲ့ ရေပိုလောင်းပြီး လိုအပ်တာလေးတွေ ပိုဖြည့်ဆည်းပေးမှာပါ။

သင်အနေနဲ့ ဥယျာဉ်မှူးလုပ်ဖို့ စိတ်ဝင်စားနေပြီဆိုရင်တော့ ကျွန်ုပ်အကြံပြုပါရစေ ၊ စာသင်သား၊ ကိုရင်၊ ဦးဇင်းလေးတွေကို တက်နိုင်သလောက် လှူဒါန်းထောက်ပံ့ပါ၊ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုတဲ့ စကားလိုပဲ ဒီကိုရင် ဦးဇင်းလေးတွေဟာ ယခုလက်ရှိ သာသနာ့တာဝန်တွေကို ထမ်းဆောင်နေကြတဲ့ သင်တို့ကြည်ညှိုလေးစား ဆည်းကပ်နေကြတဲ့ ကမ္မဋ္ဌာနာစရိယ ဆရာတော်ကြီးတွေ ၊ စာချဆရာတော်ကြီးတွေ ၊ ဓမ္မကထိကဆရာတော်ကြီးတွေ ၊ ကျောင်းထိုင်ဆရာတော်ကြီးတွေရဲ့ နေရာမှာ အစားထိုး ၀င်ရောက်လာမယ့် မျိုးဆက်သစ်တွေဖြစ်ပါတယ်။

ဆရာတော်ကြီးတစ်ပါးနဲ့ ကိုရင် ဦးဇင်းလေးတစ်ပါးနဲ့ အကျင့်သိက္ခာပိုင်းကို သင်စဉ်းစားမယ်ဆိုရင်တော့ စာသင်သားကို လှူရမှာဝန်လေးချင်လေးနေပါလိမ့်မယ်၊ ဒါပေမယ့် သင်ဟာ ဗုဒ္ဓသာသနာတော်ကြီးရဲ့ ဥယျာဉ်မှူးဆိုတဲ့နာမည်ကို ကျေနပ်စွာ ခံယူထားတယ်ဆိုရင်တော့ ထောက်ပံ့ဖို့ဝန်လေးမှာမဟုတ်တော့ပါဘူး။

ဘာဖြစ်လို့လည်းဆိုတော့ အရွယ်ရောက်ဖွံ့ဖြိုးစည်ပင်ပြီး၊ အရိပ်အာဝါသတွေ အသီးအခက်တွေနဲ့ စည်ပင်နေတဲ့ သစ်ပင်ကြီးတစ်ပင်နဲ့ ခုမှဆက်လက်ရှင်သန်ဖို့အားယူခါစ ချွတ်ယွင်းချက်တွေ အနာအဆာတွေနဲ့ ပြည့်နေတဲ့ အညတြသစ်ပင်လေးတစ်ပင်ရဲ့ ကွာခြားချက်ကို သင်နားလည်မှုရှိထားလို့ပါ။

တပည့်တော်တို့အိမ်မှာ ထိုင်ဆွမ်းခံကြွနေတဲ့ စာသင်သားတွေ (၅)ပါးလောက်ရှိပါတယ်။ နေ့တိုင်းလည်း ဆွမ်းလောင်းပါတယ်လို့ ပြောပါလိမ့်မယ်။ ဒါဆိုရင် ကျွန်ုပ် သင့်ကို ဥယျာဉ်မှူးတစ်ယောက်လို့ နာမည်ပေးလိုက်ပါရစေတော့။

ထပ်မံအကြံပြုလိုတာကတော့ အဲ့ဒီစာသင်သားလေးတွေကို စာအုပ်စာတန်းနဲ့ ၀တ္ထုကြေးငွေနဲ့ သင်တတ်နိုင်သလောက်ထောက်ပံ့ပါလို့ အကြံပြုပါရစေ။ ခေတ်ကာလရဲ့ ပြောင်းလဲလာတဲ့ အခြေအနေအရ စာသင်သားတစ်ပါးဟာ ၀တ္ထုကြေးငွေထောက်ပံ့မည့်သူမရှိဘဲနဲ့ စာပေတတ်ကျွမ်းတဲ့ ဆရာတော်တစ်ပါး ဖြစ်လာဖို့တကယ်မလွယ်ပါဘူး။

မည်သည့်ပညာရေးမဆို ၀တ္ထုငွေ အထိုက်အလျောက်မပါဘဲနဲ့တော့ ကျကျနန ပီပီပြင်ပြင် တတ်ကျွမ်းဖို့ အတော်လေးခက်ခဲပါလိမ့်မယ်။ စာသင်သားတွေရဲ့ အနေအထိုင်တွေ အကျင့်သိက္ခာတွေဟာ အားနည်းမှုရှိပါတယ်ဘုရား၊ ဆရာတော်ကြီးတွေ လှူရသလောက်အားမရဘူး လို့ သင်ကပြောချင်ဟြေပါလိမ့်မယ်။ ဟုတ်ပါတယ်။ ဒါပေမယ့် အရွယ်ရောက်သွားပြီး ပြည့်စုံနေတဲ့ သစ်ပင်ကြီးတစ်ပင်နဲ့ ခုမှရှင်သန်ဖို့ အားယူခါစ သစ်ပင်လေးတစ်ပင်ကို ဘယ်လိုမှ မနှိုင်းယှဉ်ထိုက်ဘူးလို့ ကျွန်ုပ်ပြောပါရစေ ၊ သင်ကိုယ်တိုင်လည်း ဥယျာဉ်မှူးဆိုတဲ့ဘ၀ကို ကျေနပ်စွာခံယူထားပြီဆိုရင်တော့ ဒီသစ်ပင်ငယ်လေးတွေကို ဘယ်လိုရှင်သန်အောင် ငါပြုစုပျိုးထောင်ပေးရမလဲ ဒါပဲစဉ်းစားနေမှာပါ။

ခုလက်ရှိကျွန်ုပ်တို့ကို အရိပ်အာဝါသပေးနေတဲ့ သစ်ပင်ကြီးတွေဟာ တစ်ချိန်က အညတြ မဖွံ့ဖြိုးမစည်ပင်သေးတဲ့ သစ်ပင်လေးတွေဆိုတာ သင်လက်ခံမှာပါ။ ရှေးရှေးက ကျွန်ုပ်တို့ရဲ့ ဘိုး၊ ဘေး၊ ဘီ၊ ဘင် တွေဟာဥယျာဉ်မှူးနေရာမှာ နေပြီးတော့ စိုက်ပျိုးပြုစု ပျိုးထောင်ခဲ့လို့ ခုကျွန်ုပ်တို့ သုံးဆောင်ခံစားနိုင်ကြတာပါ။

ပစ္စုပ္ပန်လူသား ဖြစ်နေတဲ့ ကျွန်ုပ်တို့တွေဟာ သာသနာ့ဥယျာဉ်ကြီးထဲက သစ်ပင်ကြီးတွေရဲ့အောက်မှာ အရိပ်ခို၍ ဓမ္မအသီးများကို သုံးဆောင်ယုံသာ သုံးဆောင်ပြီး ဒီသစ်ပင်ကြီးတွေရဲ့ နေရာမှာ အစားထိုးဝင်ရောက်လာမယ့် အရွယ်မရောက်သေးတဲ့ သစ်ပင်ငယ်တွေကို ရေမလောင်းဘူး၊ မပြုစုမပျိုးထောင်ဘူး၊ ဥပေက္ခာပြုထားမယ်ဆိုရင်တော့ နောင်တစ်ချိန် ကျွန်ုပ်တို့ရဲ့ မျိုးဆက်သစ်တွေဟာ ကျွန်ုပ်တို့လို ဓမ္မအပွင့်၊ အသီးအခက်တွေကို သုံးဆောင်ခံစားခွင့် ရမှာမဟုတ်တော့ပါဘူး။

ဒါကြောင့် ကျွန်ုပ်သင့်ကို မေးပါရစေ၊ သင်“ဥယျာဉ်မှူးလား၊၀ယ်သူလား” သင်ကြိုက်တဲ့ အခန်းကဏ္ဍမှာ ပါဝင်လို့ရပါတယ်။

ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး ဆက်လက်ပြီး နှစ်ပေါင်းများစွာ တည့်တံ့ပါစေ။

ကောင်းဆုဝေ နည်းပြ{အပြည်ပြည်ဆိုင်ရာဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်}
ဥယျာဉ်မှူးကောင်းများဖြစ်ကြပါစေ..............

သာသနာ့အံ့ဖွယ်ရှစ်ဖြာ


အစဉ်နက်ဝှမ်း၊ ကမ်းကိုမလွန်
ရွံဖွယ်ဆယ်ပစ်၊ တမည်ဖြစ်ခြင်း
မယွင်းမတိုး၊ ၁၀မျိုးရတနာ
ရသာဆားတူ၊ ကြီးသူနေရာ
ဤ ၈-ဖြာ၊ မှတ်ဖွယ် အံ့ဖွယ် သာသနာ။



အစဉ်နက်ဝှမ်း = သမုဒ္ဒရာကြီးသည် ကမ်းစပ်မှ အလယ်သို့ တဖြည်းဖြည်း နက်သွားသလို သီလ၊ သမာဓိ၊ ပညာ ဟူ၍ အစဉ်အတိုင်း နက်သွားတယ်။
ကမ်းကိုမလွန် = သမုဒ္ဒရာထဲက ရေတွေ ဘယ်လောက်များများ ကမ်းကိုမလွန်လာသကဲ့သို့ ဘယ်ပုဂ္ဂိုလ်မဆို မြတ်စွာဘုရားဟောထားသော ကျင့်စဉ်များထက် ပိုကျင့်လို့ မရဘူး။
ရွံဖွယ်ဆယ်ပစ် = သမုဒ္ဒရာထဲက အညစ်အကြေးတွေက ကမ်းစပ်မှာ အလိုလိုတင်နေသကဲ့သို့ သာသနာမှာ အညစ်အကြေးတွေ ဖြစ်လာရင်လည်း သူ့ဘာသာ ဆယ်ထုတ် သွားပါလိမ့်မယ်။
တမည်ဖြစ်ခြင်း = မြစ်၊ ချောင်း၊ အင်းအိုင်ထဲက ရေတွေ သမုဒ္ဒရာထဲရောက်လျှင် သမုဒ္ဒရာရေလို့ ခေါ်သလို ဘယ်သူမဆို သာသနာ့ ဘောင်ထဲရောက်လျှင် ဘိက္ခုသမဏ လို့ တမည်ပဲခေါ်ပါတယ်။
မယွင်းမတိုး = သမုဒ္ဒရာကြီးသည် လျော့ခြင်း၊ တိုးခြင်းမရှိ ပုံမှန်ရှိနေသလိုဘဲ နိဗ္ဗာန်ဆိုတာလည်း မကျင့်လို့ လျော့သွား၊ ပျောက်သွားတာ မရှိသလို ကျင့်သူရှိလို့ တိုးလာတာလည်း မရှိဘူး။
(၁၀)မျိုးရတနာ = သမုဒ္ဒရာကြမ်းပြင်မှာ ပုလဲတွေ၊ ရတနာတွေ၊ ကျောက်သံတွေ ရှိနေသလို သာသနာမှာလည်း ဗောဓိပက္ခိယ တရားရတနာတွေရှိပါတယ်။(ဗောဓိပက္ခိယရတနာ= ၃၇ပါးသော တရားရတနာ)
ရသာဆားတူ = သမုဒ္ဒရာထဲက ရေတွေသည် ငန်တဲ့အရသာတစ်ခုတည်း ရှိသလို သာသနာ မှာလည်း ဘယ်တရားကိုပဲ လိုက်နာကျင့်သုံးပါစေ ၀ိမုတ္တိရဿ ဆိုတဲ့ ကိလေသာက လွတ်မြောက်တဲ့ အရသာတစ်မျိုးဘဲ ရှိပါတယ်။
ကြီးသူနေရာ = သမုဒ္ဒရာထဲမှာ အလွန်ကြီးတဲ့ သတ္တ၀ါတွေ နေသလိုဘဲ သာသနာမှာလည်း ထေရ်ကြီး ၀ါကြီးတွေ၊ ရဟန္တာ အရှင်မြတ်တွေ၊ သီလ၀ံသ မထေရ်တွေ ပျော်ပါးတဲ့၊ ပျော်မွေ့တဲ့နေရာဖြစ်ပါတယ်။