လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

အချစ်စစ်တို့ခိုင်မြဲခြင်းရဲ့ Foundation


လူငယ်တွေအတွက် ခိုင်မြဲတဲ့ အချစ်မျိုးရနိုင်မလား၊ ဘယ်လိုအချစ်က လက်တွဲမဖြုတ်မဲ့အချစ်မျိုးလည်း၊ ရေရှည်လက်တွဲဖို့ဘာတွေလိုမလဲဆိုတာလေးတွေရေးပေးထားတာပါ။ အချစ်နဲ့ အဆင်ပြေနေကြတဲ့သူငယ်ချင်းတွေကော၊ အချစ်ခါးခါးနဲ့ ကြုံနေရတဲ့သူငယ်ချင်းတွေအတွက်ကော၊ အချစ်ကို ရှာဖွေနေဆဲ အင်ဒီယာနာဂျုန်းလို သူငယ်ချင်းတွေအတွက်ကော ရည်ရွယ်ပြီး ဒီပို့စ်လေးကို ဘာသာပြန်လိုက်ပါတယ်။

ဒါအချစ်တဲ့လား …

ကိုယ်နဲ့စိတ်တူကိုယ်တူ လက်တွဲဖော်ကိုရှာရတာ အရမ်းခက်ပါတယ်။ တစ်ခါတစ်လေမှာ ရတာမလို၊ လိုတာမရ အချစ်ဘဝမျိုးလည်းကြုံရတတ်ပါတယ်။ တော်တော်များများချစ်ဇာတ်လမ်းတွေမှာ အပေါ်ယံ ကြည်နူးမှုတွေကြောင့်ပဲ အချစ်စစ်ဟုတ်မဟုတ်ကို မမြင်နိုင် မသိနိုင်ဖြစ်ရတတ်ပါသတဲ့။

အချစ်နှောင်ကြိုး မြဲဖို့ ဘာတွေလိုမလဲ …

အရေးကြီးဆုံးကတော့ တစ်ယောက်အပေါ်တစ်ယောက် ကောင်းဖို့ပါပဲ။ အဲလို မခံစားရဘူးလား။ ဒါဆိုရင်တော့ ဆန်းစစ်ကြည့်ဖို့လိုလာပါပြီ။ သင်နဲ့ သင့်ချစ်သူကြားမှာ ဒီအချက် ၇ချက်ရှိရဲ့လားလို့စဉ်းစားကြည့်ပါ။

၁။ ချစ်သူအချင်းချင်း လေးစားမှု (Mutual Respect)

ကိုယ်က တစ်ခုခုကို လုပ်ရတာ၊ ဒါမှမဟုတ် အနေကျုံ့တာ စသည်ဖြင့် ပြောပြတဲ့အခါ ကိုယ့်ချစ်သူက နားလည်ပေးပါသလား။ ချစ်သူနှစ်ယောက် တစ်ယောက်ကို တစ်ယောက်လေးစားချစ်ခင်တယ်ဆိုတာက နားလည်မှုအပြည့်နဲ့ တစ်ယောက်ရဲ့ အားနည်းချက်၊ မဖြစ်နိုင်တဲ့ကိစ္စတွေကို အတင်းအကျပ်မလုပ်ယူတဲ့ စိတ်ဓာတ်မျိုးဖြစ်ပါသတဲ့။


၂။ ယုံကြည်မှု (Trust)

ဥပမာ - ကိုယ့်ချစ်သူက ကိုယ်တခြား ကောင်လေး/ကောင်မလေး တွေနဲ့ စကားပြောတဲ့အခါတို့ ဘာတို့မှာ ကိုယ်ကသူ့အပေါ် သစ္စာရှိမှန်းသိရက်နဲ့ သဝန်တို အူတိုတတ်ပါသလား။ တစ်ခါတစ်ရံ သဝန်တိုတတ်တာက ပြဿနာမဟုတ်ပေမယ့် အဲလိုသဝန်တိုတတ်တဲ့ ကိုယ့်ချစ်သူက ဘယ်လိုတုန့်ပြန်သလဲဆိုတာကအရေးကြီးတာပါ။ ခိုင်မြဲတဲ့အချစ်မှာ ယုံကြည်မှုကအရေးကြီးပါတယ်။ ကိုယ့်အပေါ်ကို အမြဲ သဝန်တိုပြီး “ နင့်ကို ယုံလိုက်မယ် တောထဲမှာ ” ဆိုသလို မယုံကြည်တတ်တဲ့ ချစ်သူမျိုးရှိရင် အချစ်ရေးက မဖြောင့်ဖြူးနိုင်ပါဘူး။


၃။ ရိုးသားမှု (Honesty)

ရိုးသားမှုဆိုတာ ယုံကြည်မှုနဲ့ အမြဲဆက်စပ်နေပါတယ်။ ချစ်သူနှစ်ဦးမှာ တစ်ယောက်ယောက်က ရိုးသားမှုကို အလွဲသုံးစားလုပ်နေရင်တော့ ယုံကြည်မှုပျောက်လာတတ်တာ သဘာဝပါပဲ။ ဥပမာ ကိုယ့်ချစ်သူက စာလုပ်စရာရှိလို့ မတွေ့နိုင်ဘူးလို့ ကိုယ့်ကိုပြောပြီး ကိုယ့်နောက်ကွယ်မှာ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်တယ်ဆိုပါစို့။ နောက်တစ်ခါ သူက အဲလိုပြောလာရင် ကိုယ်က သူ့ကို ယုံကြည်နိုင်ပါဦးမလား။ ခိုင်မာတဲ့ အချစ်ဆိုတာ ရိုးသားမှုနဲ့ တည်ဆောက်ထားတာပါ။


၎။ အားပေးမှု (Support)

အားပေးတယ်ဆိုတာကလည်း စိတ်ဓာတ်ကျနေချိန်မှမဟုတ်ပါဘူး။ ကိုယ့်ချစ်သူက ကိုယ့်ဘေးမှာအမြဲတမ်းရပ်တည်ပြီး အေးတူပူအမျှ အားပေးနေမယ်ဆို အချစ်ကလည်း အမြဲခိုင်မာနေမှာအမှန်ပဲ။


၅။ မျှတမှု (Fairness/Equality)

ကိုယ့်ချစ်သူကို ကိုယ်ကပဲအမြဲပေးဆပ်နေရလား။ ဒါမှမဟုတ် ကိုယ်ကပဲ ကိုယ့်ချစ်သူကို အမြဲနိုင်နေသလား။ တကယ်တော့ ချစ်သူတွေ အများအားဖြင့် ရန်ဖြစ်တတ်တာက အတ္တတွေကိုရှေ့တန်းတင်ပြီး ကိုယ်ကပဲ နိုင်အောင် အလျော့မပေးကြလို့ပါ။ ဒီလို ချစ်တဲ့ချစ်ပုံပြင်တွေကကော ဖြောင့်ဖြူးနိုင်ပါ့မလား။ အာဏာလုရင်းကနေပဲ အမြဲစစ်တိုက်နေရမယ့် အချစ်မျိုးပဲ။ ဒါကြောင့် သူ့ဖက်ကိုယ့်ဖက် မျှမျှတတရှိဖို့ကအရေးကြီးပါတယ်။


၆။ ဟန်ဆောင်မှု ကင်းမဲ့ခြင်း (Separate Identities)

ကိုယ့်ချစ်သူနဲ့အတူတူရှိနေတဲ့အခါ သူ မကြိုက်မှာစိုးလို့ ကိုယ့်ရဲ့ အကျင့်တွေကို ဟန်ဆောင် ဖုံးကွယ်ထားရလား။ ကိုယ်နေတတ်သလို မနေရဘဲ သူ့အကြိုက်အမြဲလိုက်နေရတာ ပင်ပန်းပါတယ်။ ကိုယ့်လွတ်လပ်မှုနဲ့ကိုယ်ကြိုက်တာတွေကို မစွန့်လွှတ်ဘဲ နားလည်ပေးတတ်တဲ့ အချစ်စစ်မျိုးက ရေရှည်တည်တံ့ခိုင်မြဲမယ့် အချစ်မျိုးပါ။


၇။ လွယ်လွယ်ကူကူ ပြောဆိုဆက်ဆံနိုင်မှု (Good Communication)


တခါတရံ လူမျိုးကွဲ ဘာသာစကားမတူတဲ့သူတွေ ချစ်ကြိုးသွယ်တဲ့အခါ ပြဿနာမျိုးစုံတတ်တတ်ပါတယ်။ တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် နားလည်အောင် ရှင်းမပြနိုင်ဘဲ အရာရာကို အောင့်အီးမျိုသိပ်ထားတတ်ကြလို့ပါ။ တကယ်လို့သာ ပွင့်ပွင့်လင်းလင်းနဲ့ ရှင်းရှင်းလင်းလင်းသာ ပြောပြထားနိုင်မယ်ဆိုရင် နားလည်မှုလွဲမှာမဟုတ်ပါဘူး။ သူမကြားချင်တဲ့စကားဖြစ်မှာစိုးလို့မပြောဘဲ မျိုသိပ်ထားတာမျိုးက ခိုင်မြဲတဲ့အချစ်ဖြစ်မလာနိုင်စေပါဘူး

ဒီအချက် ၇ချက်က အချစ်စစ်တို့ခိုင်မြဲခြင်းရဲ့ Foundation တွေပါပဲ။ တကယ်တော့ ဘယ်သူမျှ အားလုံးကောင်းတယ် ပြည့်စုံတယ်ဆိုတာတော့မရှိပါဘူး။ ဒါပေမယ့်တတ်နိုင်သလောက် ကိုယ့်ချစ်သူအပေါ် ကောင်းနိုင်သလောက် ကောင်းအောင် စိတ်ထားတတ်ပြီး ချစ်တတ်မယ်ဆိုရင် ချစ်နှောင်ကြိုး ဘယ်အခါဖြတ်ဖြတ် မပြတ်နိုင်ပါ။

အန္တရာယ်ပေးမည့်မုန်ပဲသားရေစာများ


အာဟာရတန်ဖိုးမရှိဘဲ အလွယ်တကူ ပြင်ဆင်ပြီး ရောင်းချတဲ့ အစားအစာတွေကို Junk Food လို့ ခေါ်ပါတယ်။ ဒီနေ့ခေတ်မှာ Junk Food တွေဟာ အလွန်ကိုပေါများပြီး အလွယ်တူရနိုင်တဲ့ အတွက် မကြာခဏ ဆိုသလို စားမိတတ်ကြပါတယ်။ Junk Food တွေဟာ အရသာလည်းရှိပြီး အပြင်အဆင် ထုပ်ပိုးပုံတွေနဲ့ ရောင်းချတဲ့ ဆိုင်တွေ ကလည်း လှပခေတ်မီတဲ့ အတွက် ဒီနေ့ခေတ် လူငယ်တွေအကြားမှာ Junk Food တွေ စားသုံးတာ၊ Junk Food ရောင်းတဲ့ ဆိုင်တွေမှာ ထိုင်တာမျိုးတွေဟာ ဒီနေ့ခေတ်ရဲ့ စတိုင်လ် တစ်ခုလိုတောင် ဖြစ်နေပါတယ်။

အချိုရည်၊ ဒိုးနပ်မုန့်၊ ကိတ်မုန့်၊ ဟမ်ဘာဂါ၊ ဟော့ဒေါ့၊ ပီဇာ၊ ဘီစကွတ်၊ အာလူးကြော်၊ ရေခဲမုန့်၊ ရေခဲချောင်းစတဲ့ အမြန်စာတွေဟာ Junk Food တွေ ဖြစ်ပါတယ်။ ဒီမုန့်ပဲ သရေစာတွေဟာ အာဟာရတန်ဖိုး မရှိရုံသာမက အမြဲစားနေရင် ရေရှည်မှာ သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ Junk Food တွေမှာ အဆီ၊ ဆားနဲ့ သကြားတွေ အများအပြား ပါဝင်တဲ့ အတွက်ကြောင့် အရသာရှိနေတာဖြစ်ပြီး သင့်ကျန်းမာရေး အတွက်တော့ အန္တရာယ်ပေးနိုင်တဲ့ အရာတွေပါ။

အဆီဓာတ်ပါဝင်မှု များလွန်းခြင်း
ဟမ်ဘာဂါ၊ ပီဇာ၊ ကြက်ကြော်၊ အာလူးကြော်နဲ့ ငါးမုန့်ကြော်လိုမျိုး Junk Food တွေမှာ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ ပြည့်ဝဆီတွေ အများအပြား ပါဝင်ပါတယ်။ သင်စားတဲ့ အစားအစာတွေထဲမှာ ပြည့်ဝဆီတွေ ပါဝင်မှုများလွန်းရင် ကျန်းမာရေးထိခိုက်စေပြီး ကိုယ်အလေးချိန်တိုးကာ တဖြည်းဖြည်းဝလာနိုင်ပါတယ်။ အဝလွန်ခြင်းကြောင့် နှလုံးကျန်းမာရေးကို ထိခိုက်စေပြီး တခြားရောဂါ အများအပြားကိုလည်းဖြစ်စေ နိုင်ပါတယ်။ အဝလွန်နေတဲ့သူတွေကို လေ့လာကြည့်တဲ့အခါ Junk Food တွေကို စွဲစွဲလမ်းလမ်း စားသောက်တတ်သူတွေ ဖြစ်နေတာကို တွေ့ရှိရပါတယ်။

ဆားပါဝင်မှု များလွန်းခြင်း
Junk Food တွေမှာ ဆားအများအပြား ပါဝင်တတ်ပါတယ်။ ပေါင်မုန့်၊ ကွေကာ၊ ဘီစကွတ်နဲ့ ကိတ်မုန့်တွေမှာ ဆားအများအပြား ပါဝင်ပြီးသားပါ။ ဒါကြောင့် Junk Food တွေ စားရင် လိုအပ်တာထက်ပိုပြီး ဆားအများအပြား စားမိနေပါတယ်။ ဆားများများစားရင် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

သကြားပါဝင်မှု များလွန်းခြင်း
အချိုရည်၊ ဘီစကွတ်၊ ကိတ်မုန့်၊ ရေခဲချောင်းနဲ့ ရေခဲမုန့်တွေမှာ သကြားအများအပြား ပါဝင်ပါတယ်။ ဒါကြောင့် အရသာ ရှိနေတာပါ။ ဒါပေမယ့် သကြားအများကြီးစားရင် အဝလွန်ခြင်း၊ သွားပိုးစားခြင်းနဲ့ တခြားရောဂါ အများအပြားကို ဖြစ်စေနိုင်ပါတယ်။

ဗီတာမင်နှင့် သတ္ထုဓာတ်များ မပါဝင်ခြင်း
Junk Food တွေမှာ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားတဲ့ အစာတွေနဲ့ အစိမ်းစားရတဲ့ အစာတွေမှာပါတဲ့ ဗီတာမင်နဲ့ သတ္ထုဓာတ်လိုမျိုး အာဟာရဓာတ်တွေ မပါဝင်ပါဘူး။ ခန္ဓာကိုယ်ဟာ ကျန်းမာရေးကောင်းဖို့နဲ့ ရောဂါပိုးတွေကို ခုခံတိုက်ခိုက်တဲ့ ကိုယ်ခံအားစနစ်အတွက် ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို လိုအပ်ပါတယ်။ Junk Food တွေကိုပဲ အမြဲစားနေပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစာတွေကို မစားဖြစ်သူတွေဟာ မကြာခဏ နာမကျန်းဖြစ်တတ်ပါတယ်။

တာရှည်ခံထိန်းဆေးနှင့် ဆိုးဆေးများ ပါဝင်ခြင်း
ပါကင်လှလှနဲ့ ထုပ်ပိုးထားတဲ့ Junk Food တွေမှာ တာရှည်ခံထိန်းဆေးတွေနဲ့ အရောင်ဆိုးဆေးတွေ ပါဝင်ပါတယ်။ ဒါတွေက ရေရှည်မှာ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ အန္တရာယ် ရှိပါတယ်။

အိုမင်းစေခြင်း
Junk Food တွေဟာ အိုမင်းတဲ့ဖြစ်စဉ်ကို မြန်စေနိုင်ပါတယ်။ Junk Food တွေကိုပဲ အမြဲစားနေရင် အာဟာရလုံလောက်အောင် မရရှိတော့ဘဲ ခန္ဓာကိုယ်ကို အိုမင်းပြီးရောဂါတွေ ဖြစ်စေတဲ့ ဓာတ်တိုးပစ္စည်း (Free Radicals) တွေ ပိုထွက်စေတာကြောင့်ပါ။ Junk Food တွေကို အများအားဖြင့် ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေက အများဆုံး စားတတ်ကြပါတယ်။ Junk Food တွေကို တစ်ခါတရံစားတာက ပြဿနာမရှိပေမယ့် အမြဲမစားသင့်တဲ့အကြောင်း အကြံပြုဖော်ပြလိုက် ရပါတယ်။


http://www.myanmarnewszone.comမှမျှဝေပါသည်။

ကျွန်တော်စိတ်မကောင်းပါဘူးဗျာ (I’m sorry)



ခဲတံ ။ ။ “ကျွန်တော်စိတ်မကောင်းပါဘူးဗျာ ….”

ခဲဖျက် ။ ။ “ဘာကိုစိတ်မကောင်းဖြစ်နေတာလဲ။ မင်းဘာမှ မမှားပါဘူးကွ။”

ခဲတံ ။ ။ “ကျွန်တော့်ကြောင့် ခင်ဗျားထိခိုက်ခံစား စေရတဲ့အတွက် စိတ်မကောင်းဖြစ်နေတာပါ။ ကျွန်တော်အမှား တစ်ခုလုပ်လိုက်တိုင်း ခင်ဗျားကလိုက်ပြီးဖျက်ပေးရတယ်လေ။ ကျွန်တော့ရဲ့ အမှားတွေကိုဖျက်ပေးတိုင်းမှာလဲ ခင်ဗျားတဖြည်းဖြည်း လုံးပါးပါးနေရတယ်လေ။”

ခဲဖျက် ။ ။ “အဲဒါကတော့ဟုတ်တာပေါ့။ ဒါပေမယ့် အဲလိုတော့ ငါမထင်မိပါဘူး။ မင်းသိတဲ့အတိုင်းပဲ ငါကအဲဒီလိုလိုက်ပြီး ဖျက်ပေးနေဖို့ပဲ ခဲဖျက်ဖြစ်နေတာကိုးကွ။ ငါ့ကို တစ်နေ့ကျရင် အခြားတစ်ခုနဲ့အစားထိုးမယ်ဆိုတာသိနေလဲပဲ၊ ဒီလိုလိုက်လုပ်ပေးနေရတာကိုပဲ ပျော်နေရတာပါကွာ။ ဒါကြောင့် သိပ်လဲစိတ်မကောင်းမဖြစ်ပါနဲ့။ မင်းဝမ်းနည်းနေတာကို ငါမတွေ့ချင်ပါဘူးကွာ။ :)”

ဒီလို ခဲဖျက်နဲ့ခဲတံ တို့ရဲ့ အပြန်အလှန်စကားပြောသံတွေကို ကျွန်တော်ကြားပြီးတော့ ပြင်းပြတဲ့စိတ်ခံစားမှုတစ်ခုကို ခံစားမိပါတယ်။ မိဘများဟာ ခဲဖျက်နဲ့အလားတူသလို၊ သားသမီးများဟာလဲ ခဲတံများလိုပါပဲ။ မိဘတွေဟာ သားသမီးများအတွက်အမြဲ အသင့်ရှိနေပြီး သူတို့ရဲ့အမှားတွေကို ပြင်ဆင်ပေးကြပါတယ်။ ဒီလိုနဲ့ အကြိမ်ကြိမ်ပြင်ဆင်ပေးရတဲ့အတွက် ထိခိုက်ခံစားရပြီး၊ တဖြည်းဖြည်းလုံးပါးပါး (တဖြည်းဖြည်း အိုမင်းလာပြီး နောက်ဆုံးတော့မှာကွယ်လွန်)သွားရပါတယ်။ တစ်နေ့မှာ သားသမီးများဟာ အခြားသူတစ်ဦး (ဇနီး/ခင်ပွန်း) နဲ့လက်တွဲသွားမှာသိနေပေမယ့်လဲ မိဘများကတော့ ဒီလိုလုပ်ဆောင်ပေးနေရတာကိုပဲဝမ်းမြောက်နေကြရပြီး သူတို့ရဲ့ တန်ဖိုးထားရတဲ့သူတွေ စိတ်ပူပန်ဝမ်းနည်းနေရမှာကိုလဲ ဘယ်တော့မှတွေ့ချင်မှာမဟုတ်ကြပါဘူး။

မိဘများအားလုံးကိုရည်စူးလျက် ………..

စောင့်နေမယ့်သူ.......

စိမ်းကားလွန်းတဲ့နင့်ရဲ့အကြည့်မှာ
ငါအသက်ရှုရပ်ခဲ့တယ်............
သူစိမ်းဆန်လွန်းတဲ့နင့်ရဲ့စကားသံကြောင့်
ငါ့စိတ်ဓာတ်တွေမြေသို့ခခဲ့ရတယ်
ရက်စက်တတ်တဲ့နင့်နှလုံးသားကြောင့်
ငါ့နှလုံးသား.......အသက်မဲ့ခဲ့တယ်..........
ဥပေက္ခာမာနလွန်ကဲလွန်းတဲ့နင့်ကြောင့်
ငါ့သိက္ခာမြောင်းထဲရောက်လို့
ငါ့မာနနင့်ခြေရင်းသက်ဆင်းခဲ့တယ်........
အကြင်နာတရားကင်းမဲ့သူလို့မဆိုရက်ခဲ့ဘူး..
ငိုရတာများလို့မျက်ရည်တောင်ခမ်းတော့မယ်........
မနက်ဖန်ဆိုတာမရေရာတဲ့နင့်အချစ်ကို
ငါတကယ်ပဲသိပ်ကိုမျှော်လင့်ခဲ့တယ်.........
တစ်နေ့နေ့ဆိုတဲ့အချိန်ကိုရောက်ခဲ့ရင်
“အရင်လိုပြန်ချစ်ကြမယ်”လို့နင်ပြောခဲ့တယ်နော်
ငါလေ.... အဲ့ဒီနေ့ကိုသစ္စာမပျက်ပဲစောင့်နေပါ့မယ်........
နင်သာငါ့ကိုမေ့ပစ်မသွားဖို့.ငါမျှော်လင့်ပါတယ်.............

မေတ္တာဆိုတာ

The will to extend one’s self for the purpose of nurturing ont’s own or another’s spiritual growth.
မိမိကိုယ်ကို ပိုပြီးတော့ အသိဥာဏ် ကြီးမားလာအောင် တိုးတက်လာအောင်လုပ်တာနဲ့ ၊ သူတစ်ပါးကိုလည်းပဲ ပိုပြီးတော့ အသိဥာဏ်ကြီးမားလာအောင် တိုးတက်လာအောင် ဆောင်ရွက်ပေးတာဟာ မေတ္တာပါ။

We are incapable of loving another unless we love ourselves.
မိမိကိုယ်ကိုမိမိ အချစ်လို့ရှိရင် သူတစ်ပါးကိုချစ်ဖို့ရာ မတတ်နိုင်ပါဘူး။

Genuine love is self-replenishing.
တကယ်စစ်မှန်တဲ့ မေတ္တာဟာ သူ့ဟာသူပြန်ပြီးတော့ ဖြည့်သွားနေတယ်။ မေတ္တာအစစ်အမှန်ဟာ ကုန်သွားတယ်လို့ မရှိဘူး။ မေတ္တာတွေပေးလိုက်ရလို့ မေတ္တာကုန်သွားပြီဆိုတာမရှိဘူး။ ဘယ်လောက်ပေးရပေးရ သူ့မှာမကုန်ဘူး။ ပိုပေးလေလေပိုပြီးတော့ များလေလေပဲနော်။

Love wants the beloved to become strong and independent and even if it means he must withdraw from the other’s life.
မေတ္တာဆိုတာ ကိုယ်ချစ်တဲ့သူကို စိတ်ဓါတ်အင်အားကောင်းလာအောင် လွတ်လပ်တဲ့သူဖြစ်လာအောင် လုပ်ပေးချင်တယ်။ ဒါ့အပြင်လိုအပ်ရင် ကိုယ်ချစ်တဲ့သူရဲ့ဘ၀ထဲကိုနေရာအပြည့်ယူမထားဘဲ နောက်ဆုတ်ပေးတယ်။

Real love is never used to take way from others what they would not otherwise freely give.
စစ်မှန်တဲ့မေတ္တာဟာ သူတစ်ပါးကလိုလိုချင်ချင် မပေးဘဲနဲ့ ဘာမှမယူဘူး။

Love out lives a lack of response…
တကယ်စစ်မှန်တဲ့မေတ္တာဟာ သူ့ဘက်ကတုံ့ပြန်မှုမရှိလည်းပဲ ကိုယ့်မေတ္တာက ဆက်လက်ပြီး တော့ရှိနေဦးမှာပဲ တည်တံနေဦးမှာပဲ။

….and it cannot be taken back.
မေတ္တာကိုပြန်ယူလိုက်လို့မရပါဘူး။ ပြန်ရုပ်သိမ်းလို့မရပါဘူး။ တစ်ယောက်ယောက်ကို တကယ်ချစ်ရိုးမှန်ရင် အမြဲတမ်းချစ်တာပါပဲ။ ဆိုးနေလည်း ချစ်ဦးမှာပါပဲနော်။

….if it can be , it is not love.
တကယ်လို့ပြန်ယူလိုက်လို့ရရင် အဲဒါ မေတ္တာ မဟုတ်ပါဘူးတဲ့။
တကယ်စစ်မှန်တဲ့မေတ္တာမှာ အကြောင်းပြချက်၊ တောင်းဆိုချက်မရှိဘူး။ တကယ့် မေတ္တာဟာ တစ်ယောက်ကို တစ်ယောက် အပြစ်ရှိတဲ့လူတစ်ယောက်ဆိုတဲ့ ခံစားမှုမျိုးဖြစ်အောင် မလုပ်ဘူး…။