လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

ဥယျာဉ်မှူးရဲ့ သစ်ပင်လေး

အို....ဥယျာဉ်မှူးလေး...
ဒီသစ်ပင်လေးကိုစိုက်ခဲ့တော့လည်း  မင်းပဲ
ပေါင်းသင်ရှင်းလင်းခဲ့တော့လည်း မင်းပဲ
ပိုးမွှားတွေရှင်းလင်းပေးခဲ့တော့လည်းမင်းပဲ
မင်းဘ၀လို့သတ်မှတ်ခဲ့တာကလည်း ဒီအပင်လေးပဲ
မင်းပြုစုပျိုးထောင်ခဲ့တဲ့အပင်က အခုတော့
မင်း ရက်ရက်စက်စက်ဖျက်ဆီးရက်လေပြီ.........
အသိစိတ်မရှိတဲ့သစ်ပင်တွေတောင် သူ့သခင်အတွက်
အချိန်တန်ရင်အကျိုးရှိအောင်လုပ်ပေးနိုင်ခဲ့ပါတယ်....
ငါ့ဥယျာဉ်မှူးက ငါ့ကိုနှုတ်ပြီးလမ်းဘေးလွှတ်ပစ်လိုက်ပြီလေ..
အခုတော့ ငါက လမ်းဘေးအမှိုက်ပုံထဲမှာ ဘယ်သူမှမလိုချင်တဲ့ ပုံစံဖြစ်နေပြီလေ.......ဒါပေမယ့် င့ါဥယျာဉ်မှူးအတွက်မြေသြောဇာတော့ဖြစ်အောင်လုပ်ပေးရမယ်....ဥယျာဉ်မှူးတစ်ယောက်ဟာ ဒီလောက်ရက်စက်လိမ့်မယ်မထင်ထားခဲ့ပါဘူး
ဒါပေမယ့်...ဘယ်သစ်ပင်မှ ဥယျာဉ်မှူးကိုဒုက္ခမပေးပါဘူး....
အသုံးမ၀င်ဘူးဆိုရင်တောင်....ဥယျာဉ်မှူးမောနေတဲ့အချိန်လေးမှာ...နားနိုင်ဖို့အရိပ်အေးအေးလေးတော့ပေးနိုင်ပါသေးတယ်ဗျာ...

No comments: