လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

လမင်းလေးရဲ့ ဘဝ

နေမင်းကြီးရှိခဲ့လို့ လမင်းလေးဆိုတာဖြစ်ထွန်းလာခဲ့တယ်ဆိုတာသိခဲ့ကြပြီးသားပါ
နေမင်းကြီးမရှိရင်လမင်းဆိုတာလည်းရှိလာမှာမဟုတ်ပါဘူး
နေမင်းကြီးကတော့ နေ့တိုင်းထွန်းလင်းတောက်ပနေမှာပါ...
လမင်းမှာတော့ နေမင်းကြီးရဲ့ အလင်းရောင်မပေးတဲ့ရက်မှာတော့ လမိုက်ညဖြစ်ခဲ့ရပါပြီ...
အဲ့ဒီနေ့ကို လမင်းလေးလိုချင်နေမယ်ထင်ကြသလားဗျာ....
လူတွေသတ်မှတ်လို့ လမိုက်ညလည်းရှိခဲ့ပြီပဲ..
လမင်းလေးဘ၀မှာ..ဘယ်လောက်အားငယ်နေမလဲဗျာ
လမင်းလေးက နေမင်းကြီးကို.....ဘ၀အဖြစ်သတ်မှတ်ခဲ့တာလေ...
နေမင်းကြီးကိုမျှော်လင့်နေတာ.....မှားနိုင်သလားဗျာ...



No comments: