လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

အချစ်စစ်

တစ်ယောက်တစ်နယ်စီဝေးနေပေမယ့်
ရင်မှာချစ်ခြင်းထပ်တူကျမို့
နီး၍သာနေတော့သည်.......

တစ်ယောက်တစ်ခါစိတ်ဆိုးလာလည်း
ရင်မှာကြည်ဖြူအပစ်မယူ၍
ချော့မော့သာယာ ကြည်နူးလေတော့သည်.....

သစ္စာတရားအထွတ်အမြတ်ထား၍
ကမ္ဘာတည်သ၍ ငါ၏သစ္စာတရားတည်ပါစေသား.....
အသက်ဦးတည် ဆိုဝံ့လေတော့သည်.....

ထိုမျှချစ်သူ.....ဘယ်ချိန်ခါများခွဲနိုင်မည်နည်း......
မာနတ်ဆင်းဖြတ် လက်တွဲမပျက်
အခက်အခဲဟူသမျှ မရှိရအောင် ရင်ဆိုင်ဖြေရှင်း
ချစ်သူရင်း.....ထာဝရလက်တွဲခိုင်မြဲစေသတည်း........

No comments: