လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

သောကခြေရာ

တွယ်တာလှပေမယ့် ကွယ်ရာကပဲချစ်တော့မယ်
အစဉ်ခက်လေတော့ မကြင်ရက်တယ် သခင်ဆိုမလား
ငြင်ညိုရင် ကိုယ့်အပြစ်ပါပဲ စိတ်ညစ်တယ်ကွယ်.....
သံယောဇဉ်ခွေကာရစ်ပေမယ့်
ပြန်ပြောရင် ဝေဒနာဖြစ်ရုံမို့
ချစ်တတ်သူအမူလုပ်ပါမို့
အပူရုပ်ကိုဟန်ဆောင်ပြုံးပေမယ့်
ရင်တွင်းမှာမကြေမွေ့လေတော့
ဒီနေ့လည်းစိတ်ညစ်တယ်...
သိပ်ချစ်တယ်လို့မဆိုသာတော့
ပါးစပ်ကပြောမှလား နှုတ်ဖျားမှာမေတ္တာမရှိပါဘူး
အကြည့်တစ်စုံ ဝေဒနာနွေးတွေက
အကြင်နာခြေရာလေးတွေပဲ
ချစ်သဲရယ် ခါသာဖြေလို့ မာယာတွေဟန်ဆောင်ထိန်းကာ သူစိမ်းတွေပေါ့...........
                                      မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ကဗျာလေးပါ

ဥယျာဉ်မှူးရဲ့ သစ်ပင်လေး

အို....ဥယျာဉ်မှူးလေး...
ဒီသစ်ပင်လေးကိုစိုက်ခဲ့တော့လည်း  မင်းပဲ
ပေါင်းသင်ရှင်းလင်းခဲ့တော့လည်း မင်းပဲ
ပိုးမွှားတွေရှင်းလင်းပေးခဲ့တော့လည်းမင်းပဲ
မင်းဘ၀လို့သတ်မှတ်ခဲ့တာကလည်း ဒီအပင်လေးပဲ
မင်းပြုစုပျိုးထောင်ခဲ့တဲ့အပင်က အခုတော့
မင်း ရက်ရက်စက်စက်ဖျက်ဆီးရက်လေပြီ.........
အသိစိတ်မရှိတဲ့သစ်ပင်တွေတောင် သူ့သခင်အတွက်
အချိန်တန်ရင်အကျိုးရှိအောင်လုပ်ပေးနိုင်ခဲ့ပါတယ်....
ငါ့ဥယျာဉ်မှူးက ငါ့ကိုနှုတ်ပြီးလမ်းဘေးလွှတ်ပစ်လိုက်ပြီလေ..
အခုတော့ ငါက လမ်းဘေးအမှိုက်ပုံထဲမှာ ဘယ်သူမှမလိုချင်တဲ့ ပုံစံဖြစ်နေပြီလေ.......ဒါပေမယ့် င့ါဥယျာဉ်မှူးအတွက်မြေသြောဇာတော့ဖြစ်အောင်လုပ်ပေးရမယ်....ဥယျာဉ်မှူးတစ်ယောက်ဟာ ဒီလောက်ရက်စက်လိမ့်မယ်မထင်ထားခဲ့ပါဘူး
ဒါပေမယ့်...ဘယ်သစ်ပင်မှ ဥယျာဉ်မှူးကိုဒုက္ခမပေးပါဘူး....
အသုံးမ၀င်ဘူးဆိုရင်တောင်....ဥယျာဉ်မှူးမောနေတဲ့အချိန်လေးမှာ...နားနိုင်ဖို့အရိပ်အေးအေးလေးတော့ပေးနိုင်ပါသေးတယ်ဗျာ...

လမင်းလေးရဲ့ ဘဝ

နေမင်းကြီးရှိခဲ့လို့ လမင်းလေးဆိုတာဖြစ်ထွန်းလာခဲ့တယ်ဆိုတာသိခဲ့ကြပြီးသားပါ
နေမင်းကြီးမရှိရင်လမင်းဆိုတာလည်းရှိလာမှာမဟုတ်ပါဘူး
နေမင်းကြီးကတော့ နေ့တိုင်းထွန်းလင်းတောက်ပနေမှာပါ...
လမင်းမှာတော့ နေမင်းကြီးရဲ့ အလင်းရောင်မပေးတဲ့ရက်မှာတော့ လမိုက်ညဖြစ်ခဲ့ရပါပြီ...
အဲ့ဒီနေ့ကို လမင်းလေးလိုချင်နေမယ်ထင်ကြသလားဗျာ....
လူတွေသတ်မှတ်လို့ လမိုက်ညလည်းရှိခဲ့ပြီပဲ..
လမင်းလေးဘ၀မှာ..ဘယ်လောက်အားငယ်နေမလဲဗျာ
လမင်းလေးက နေမင်းကြီးကို.....ဘ၀အဖြစ်သတ်မှတ်ခဲ့တာလေ...
နေမင်းကြီးကိုမျှော်လင့်နေတာ.....မှားနိုင်သလားဗျာ...



အချစ်ဆုံးအတွက်

တိတ်တိတ်လေးထွက်ခွါသွားတဲ့

ခြေရာသံလေးနောက်ကွယ်မှာ

ခံစားချက်ပေါ်က မျက်ရည်တွေနဲ့

စွန်းထင်းခဲ့ပြီ အချစ်ဆုံးရေ....

နာရီလက်တံပေါ်က ချွေးစက်တွေနဲ့

နပန်းလုံးရတဲ့ ဘ၀မှာ

အချစ်ဆိုတဲ့ ဆုလာဘ်တစ်ခုဟာ

ငါအတွက်တော့ ဝေးကွာလွန်းပါတယ်

အချစ်ဆုံးရယ်....

ဝင်သက်နဲ့ ထွက်သက်ကြားမှာ

အရှိုက်နက်နက်နဲ့ ကြွေခဲ့ရတဲ့

နှလုံးသား အရိုးခံသက်သက်နဲ့

ဖြည့်ဆည်းပေးလိုက်ပြီ

အချစ်ဆုံးရယ်...

မဆုံနိုင်တဲ့ ဘ၀မို့

နောက်တစ်ကြိမ် ကန့်လန့်ကာကို

ပြန်ဆွဲပြီး ကြည့်ခွင့်မရှိသူမို့

ကြွေဆင်းပေးလိုက်တဲ့ ဒဏ်ရာနဲ့

ချစ်ဦးရေ....ငြိမ်းချမ်းတဲ့ ရင်ခွင်မှာ

မင်းခိုဝင်အိပ်စက်နိုင်ပါစေ....

သေလောက်အောင်လွမ်းတယ်


ပြန်မဆုံဖြစ်ကြရင်


အချစ်


ငါ၏အတ္တများ

ငါ၏ အသိညဏ်ဖြင့် ချစ်သူကို ပျော်ရွှင်စေမည်။

ငါ၏ လုံ့လတို့ဖြင့် ချစ်သူကို လုံခြုံစေမည်။

ငါ၏ ချစ်ခြင်းဖြင့် ချစ်သူကို အေးမြစေမည်။

ငါ၏ သစ္စာတရားတို့ဖြင့် ချစ်သူကို ပြည့်စုံစေမည်။

ဒါပေမဲ့ ....
မင်းရဲ့အချစ်တစ်ခုတည်းက
ကိုယ့်အတွက် အရာရာပြည့်စုံစေ ပါတယ် ချစ်သူ.......

မင်းမှမရှိတာ

မင်းမချစ်ရင်လဲ

အဝေးကကြည့်နေရုံပေါ့

ငါ့ကိုချစ်ပါလို့ ပြောခွင့်မှမရှိတာ

မင်းမုန်းရင်လဲ

အဝေးကချစ်နေရုံပဲပေါ့

ငါ့ကိုမမုန်းပါနဲ့လို့ တားခွင့်မှမရှိတာ

မင်းသတိမရရင်လဲ

အဝေးကတမ်းတနေရုံပဲပေါ့

ငါ့ကိုသတိရပါလို့ ပြောခွင့်မှမရှိတာ

ငါ့ကိုလျစ်လျူရှုထားရင်လဲ

အဝေးကတောင်းတနေရုံပဲပေါ့

ဂရုစိုက်ပါလို့ တောင်းဆိုခွင့်မှမရှိတာ

ချစ်ခြင်းတခုမှာ

ပိုင်ဆိုင်ခြင်းတွေရှိမယ်ဆိုတာ

ငါယုံကြည်တယ်လေ

တရားဝင်ပိုင်ဆိုင်ခွင့်မရှိတောင်

ငါ့ရဲ့စိတ်ကူးတခုမှာ

ငါဟာမင်းရဲ့ချစ်သူဖြစ်ခွင့်ရှိလေရဲ့

အဲ့ဒီမှာအမုန်းမရှိဘူး

လွမ်းခြင်းတော့ရှိမှာပေါ့

မင်းမှမရှိတာ

♥နောက်ဆုံး မျှော်လင့်ခွင့်♥


> ချစ်သူရယ်.....
> မင်းကို ချစ်မိတဲ့ငါ....
> မင်းရှေ့မှာ....ဒူးထောက်
> အရှုံးပေးနေတာတောင်မှ....
> မင်းက ....ရက်စက်တဲ့စွဲချက်တွေနဲ့....
> ငါ့ နှလုံးသားကို နာကျင်အောင် ထိုးနှက်ခဲ့တယ်......။

> ``သတိမရပါနဲ့........´´တဲ့
> ပြောရက်လိုက်တာ....ချစ်သူရယ်....
> သတိရဖို့တောင် ငါ့မှာ အခွင့်မရှိတော့ဘူးလားကွယ်.......။။

> ဘယ်သူမှမသိအောင် နာကျင်ငိုကြွေး......
> ငါ့နှလုံးသားမျက်ရည်တွေနဲ့......
> အိပ်ပျက်ညတွေကို တိုင်တည်ပြီး........
> ဒီကဗျာကို ရေးဖွဲ့ခဲ့တာပါ.....ချစ်သူ.....။။။

> ချစ်သူရေ.......မင်းကျေနပ်မယ်ဆိုရင်....
> အရာရာကို ငါပေးဆပ်ချင်ပါတယ်.....။။။။

> မျှော်လင့်ခွင့် မရှိတော့မှန်း...သိနေပေမယ့်.....
> နားလည်မှုတွေ ပေးမယ့်နေ့ကို......
> နောက်ဆုံး မျှော်လင့်ချက် ငွေ့ငွေ့နဲ့

> ငါ......ရူးမိုက်စွာ စောင့်မျှော်နေဆဲပါ.......ချစ်သူ......။။။။။

  ♥♥♥


အချစ်စစ်

တစ်ယောက်တစ်နယ်စီဝေးနေပေမယ့်
ရင်မှာချစ်ခြင်းထပ်တူကျမို့
နီး၍သာနေတော့သည်.......

တစ်ယောက်တစ်ခါစိတ်ဆိုးလာလည်း
ရင်မှာကြည်ဖြူအပစ်မယူ၍
ချော့မော့သာယာ ကြည်နူးလေတော့သည်.....

သစ္စာတရားအထွတ်အမြတ်ထား၍
ကမ္ဘာတည်သ၍ ငါ၏သစ္စာတရားတည်ပါစေသား.....
အသက်ဦးတည် ဆိုဝံ့လေတော့သည်.....

ထိုမျှချစ်သူ.....ဘယ်ချိန်ခါများခွဲနိုင်မည်နည်း......
မာနတ်ဆင်းဖြတ် လက်တွဲမပျက်
အခက်အခဲဟူသမျှ မရှိရအောင် ရင်ဆိုင်ဖြေရှင်း
ချစ်သူရင်း.....ထာဝရလက်တွဲခိုင်မြဲစေသတည်း........

အိမ်ကလေးတစ်လုံးဆောက်ကြရအောင်

အိမ်ထောင်ရေးဆိုတာ အိမ်တစ်လုံးကိုဆောက်ခြင်းပဲဖြစ်တယ်..
ချစ်ခြင်းမေတ္တာကတော့ ကြမ်းခင်းလေးတွေပေါ့...
သစ္စာတရား၊ အကြင်နာတရားတွေကတော့ အမိုးအကာလေးတွေပေါ့ဗျာ...
ဒါတွေရှိရုံနဲ့ အဲ့ဒီအိမ်ကလေးက ခိုင်ခံ့ပါ့မလာ?
အိမ်တစ်လုံးခိုင်ခံ့ဖို့အတွက် အောက်ခြေကဒေါက်တစ်ခုကအရေးအကြီးဆုံးပါ။
အဲ့ဒီဒေါက်ကတွေ စီးပွားရေးပါပဲ...။အောက်ခြေဒေါက်က မခိုင်ခံ့ ဘူးဆိုရင် ဘယ်လောက်အမိုး၊ အကာ၊ကြမ်းခင်းကောင်းကောင်းသိပ်မကြာခင်မှာပြိုကျမှာပဲ မဟုတ်လား...အဲ့တော့ အောက်ခြေဒေါက်ဆိုတဲ့ စီးပွားရေးလေးခိုင်ခံ့မှာ အိမ်လေးဆောက်ကြတာ မကောင်းဘူးလားဗျာ...