လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

အမေ သို. ---ပြန်စာ

ကောင်းကင် ဝေဟင်ထက်ဖျား
လေယာဉ်တက်သွားတာမြင်တိုင်း
လွမ်းဆွတ် ကြေကွဲ၊ ရင်ထဲရှိုက်လည်း
ကြိတ်ခဲမြိုသိပ် ၊တမ်းတစိတ်နဲ့
ရွာဦးထိပ်ဖျား ၊ထုံးစေတီနား က
ပင်ညောင်ညိုတန်း ၊သားပြန်လမ်းကို
မျော်တွေးမှန်းဆ ၊လွမ်းမျက်ရည်စ နဲ့
မညီမညာလက်ရေး ၊ဒီစားလေးကို
အမေရေးကာ..ပေးလိုက်တယ်......လို့.....၊
အမေ့ရဲ့စာလေး သား ဖတ်ကာဆွေးခဲ့ရတယ်..............။

ပျော်ရာမှာ မနေ ၊တော်ရာမှာနေလည်း
နွေးထွေးကမ္ဘာ ၊အမေ့အိမ်ယာ နှင့်
မိုင်ထောင်သောင်း ဝေးကွာခြင်း မှတ်တိုင်တနေရာမှ
အခက်အခဲတွေ ရင်ဆိုင်ကျော်ဖြတ်ရင်း
ခါးသီးနေ့၊ည တို့နှင့် မွန်းကျပ်နေခဲ့တာ
ပင်စင်{pension} ယူသွားတဲ့ ပြက္ခဒိန် တွေ မနည်းတော့ဘူး.....အမေ။
ရာသီ အလီလီပြောင်း ၊မဟောင်းနိုင်တဲ့
အမေ့ ရဲ့ မေတ္တာအကြောင်း ၊တွေးမိလေတိုင်း
မျက်ရည်ဝိုင်းဆဲ၊ သတိရဆဲပါ.........အမေ။
မနက်မနက် ၊အဟာရတက်ဖို့
ကော်ဖီတခွက် ၊ပေါင်မုန့်တချက်ထက်
နနွင်းရောင်စွန်း ၊အေ့.ထမင်းကြော် တဇွန်းနှင့်
ဖန်ခါးရောစွက် ရေနွေချမ်းတခွက် ကိုဘဲ
အောင်းမေ့တမ်းတမိတယ်..........အမေ။
နေ၀င်ဖြိုးဖျ ၊မိုချုပ်စရောက်တိုင်း
မိသားစုဝေး ၊ထမင်းဝိုင်းလေးရဲ့
ရသာစုံလင် ၊အမေ့လက်ရာမွန်ဟင်းအကြာင်း
မြင်ရောင်မှန်ဆ တွေးတိုင်း
မျက်ရည်နှင့် ထမင်း ရောနှောလို့
စားခဲ့ရတဲ့ ရက်တွေ များလှပါပြီ.......အမေ။
ညစဉ်မပျက် ၊ဖျင် သဘက်ပခုံးပေါ်တင်
ကြေးစည်သံလေး ၊အမျှပေးကာ
သတ္တ၀ါ အပေါင်း ၊ကျန်းမာကြောင်းနှင့်
ဆုတောင်းမေတ္တာ ၊ပို့သခါတိုင်း
သားကို တမ်းတ ၊လွမ်းမျက်ရည်စ အဓိပ္ပါယ် ကို
အိမ်သားအားလုံးမသိနိုင်ပေမဲ့
အမေနှင့် ပခုံးထက်က ဖျင်သဘက်သာ အသိဆုံးဖြစ်မှာပါ.......အမေ။
အမေ....................။
လွမ်းမောတမ်းတ ၊နွှမ်းလျှရက်တွေ
ဇရာအိုဟောင်း ၊စိတ်ထောင်းကိုယ်ကျေ
သောက ရတက်ပွေ ၊တွေးမနေနှင့်
ရည်ရွယ်မျော်မှန်း ၊ပန်းတိုင်လှမ်းသော်
အမေ့အိမ် သားအပြန်လမ်း
ထုံးစေတီ ၊ပင်ညောင်ညိုတန်းက
အနှိုင်းမဲ့ ပီတိပန်းနှင့်-
စောင့်ကြိုနှင့်တော့ .............အမေ။

No comments: