လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

ချစ်သူ့ အလိုကျ

သဝန်တိုသူ အဖြစ်ပေမို့
ဟိုအရင်လို သူပြန်ချစ်စေဖို့တော့
ငြင်ငြိုတဲ့ သူစိတ် ထွေကို
စိတ်ပြေအောင် ချော့ပါမှ
လျော့ကျတယ်လေ။
သူစိတ်နေမှာ အလိုမကျပါက
အတိတ်တွေသာ ငိုကာပြောလေတော့
သဘောအထွေထွေနှင့် သူစိတ်နေမှာ
သောကတွေဝေ။
အသည်းတွေ ကြွေလုပြီမို့
အမြဲနေ အထွေထွေပြုနေဖို့
ဒီလူ့မှာ တာဝန်တွေထမ်းပါရ
နွမ်းလျပြီပေါ့။
မောပါဘူး ချစ်သက်လယ်ရယ်
မော်ကာဖူး နှစ်သက်မယ်ကွယ်
အသက်ဝယ် သိမ်းကာဆည်းလို့
ကမ္ဗည်းထိုး မှတ်ကျောက်တင်မယ်
ကိုယ်ရင်ဝယ် ထွန်းမယ့်လမင်း
အရောင်တွေ စုံစွာခင်းလို့
လင်းစေအုံး(ဦး)တော့။

No comments: