လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းရွှင်လန်းချမ်းမြေ့ပါစေ....

ကြည်လင်ချမ်းမြ...အေးချမ်းပြည့်စုံ....လောကီဘုံဝယ်...ဒါနအလှူ....စိတ်ကြည်ဖြူကာ...သုံးပါးရတနာ...ဆည်းကပ်ပါ၍...သီလပြည့်စုံ....ဘာဝနာထုံပြီး ကောင်းမှုဂုဏ် အသီးသီးတို့နှင့်..အစဉ်ပြည့်စုံနိုင်ကြပါစေ...

ပါရမီဆယ်ပါး

မြင့်မြတ်တဲ့ဘ၀ကို တည်ဆောက်လိုသူတိုင်း "ပါရမီ" ကိုမဖြစ်မနေ ဖြည်ကျင့်ရပါတယ်။
 ပါရမီအလုပ်ကိုလုပ်မှ လူတစ်ယောက်ဟာ မြင့်မြတ်သူ ဖြစ်လာနိုင်ပါတယ်။
"ပါရမီ"ဆိုတာ "မြင့်မြတ်သူတွေရဲ့အလုပ်"ဖြစ်နေလို့ပါ။
မြင့်မြတ်သူတွေ ၊မြင့်မြတ်လိုသူတွေလုပ်တဲ့ ပါရမီ အလုပ်ကဆယ်မျိုးရှိပါတယ်။
(၁)ဒါနပါရမီ - စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း။
(၂)သီလပါရမီ - ကိုယ်နှုတ်လွန်ကျူးမှုစောင့်ထိန်းခြင်း။
(၃)နေက္ခမ္မပါရမီ - ကာမဂုဏ်အာရုံ ရှောင်ခွာခြင်း တောထွက်ခြင်း။
(၄)ပညာပါရမီ - အတတ်ပညာမျိုးစုံ၊အသိပညာမျိုးစုံသိခြင်း,သိစေခြင်း။
(၅)၀ီရီယပါရမီ - ကုသိုလ်ကိစ္စ၊အပြစ်မဲ့ကိစ္စတို့ကို ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား ကြိုးပမ်းအားထုတ်ခြင်း။
(၆)ခန္တီပါရမီ - သဘာဝဘေးဒဏ်နှင့် သတ္တ၀ါလုပ်ဘေးဒဏ်တို့ကိုသည်းခံခြင်း၊ခံနိုင်ရည်ရှိခြင်း။
(၇)သစ္စာပါရမီ - မလိမ်မညာ မလှည့်မပတ်ဘဲ ဖြောင့်မတ်မှန်ကန်စွာ ဟြေဆိုလုပ်ကိုင်ခြင်း။
(၈)အဓိဋ္ဌာန်ပါရမီ - ကုသိုလ်အလုပ်၊အပြစ်မဲ့အလုပ်တို့ကို ရည်မှန်းချက်မရောက်မချင်း စွဲစွဲမြဲမြဲ စိတ်ဇွဲသန်သန် အားမာန်ခိုင်ခံ့စွာပြုလုပ်အားထုတ်ခြင်း။
(၉)မေတ္တာပါရမီ - သတ္တ၀ါအများရဲ့ အကျိုးစီးပွားကိုလှိုက်လှဲစွာ လိုလားခြင်း။
(၁၀)ဥပေက္ခာပါရမီ - ကိုယ့်ကို ချစ်သူ၊မုန်းသူတွေအပေါ်ကိုယ်က ချစ်စိတ်၊ မုန်းစိတ်မထားဘဲ တည်တည်တံ့တံ့ ခံ့ခံ့သန့်သန့် နေခြင်း။
အရှင်ဆန္ဒာဓိကရေးသားသော" မြတ်သောဥပေက္ခာ" စာအုပ်မှကောက်နှုတ်ဖော်ပြသည်။

No comments: